People's Spring
63.2K subscribers
65.8K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ချောင်းကူးတံတားတည်ဆောက်နေစဥ်။ ဓါတ်ပုံ-ဒေသခံ)
👍485🔥1🥰1
မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်​ပြီးစစ်မှုထမ်းဖို့ခေါ်​ဆောင်

မေလ-၁၃၊၂၀၂၆။ဟာနာဆန်/People's Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေမေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်
ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။

အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့သားဖြစ်သူရဲ့မိခင်က လာရောက်လျှောက်ထားကာအကူညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါတွေ့ရပါတယ်။

ပေါ်တာဆွဲခံရတဲ့သူရဲ့မိခင်က ပြောပြရာမှာ ပြီးခဲ့
တဲ့ မေလ ၈ ရက် ည ၉ နာရီခွဲခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနော်ရထာလမ်း၊ ၅၀ ရပ်ကွက်က ၎င်းတို့ နေအိမ်ကို ၎င်းရပ်ကွက်က အုပ်ချုပ်ရေးမှူးဦးလှစိန်အပါအဝင် သိန်းထိုက်၊ နေဝင်းမောင်၊ အောင်ကိုလတ်တို့ ရောက်ရှိလာကြောင်း၊ ထို့
နောက် ထမင်းစားနေတဲ့ သားဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကျော်အောင်ဆိုသူကို လက်
ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတာဖြစ်ကြောင်း ဖမ်းဆီးခံရသူရဲ့ မိခင်က ပြောပါတယ်။

"လာဦးဆင်းလာဦးဆိုပြီး အောက်လည်းကျရော နေဝင်းမောင်က လက်ထိပ်ခတ်ပါတယ်။... နှစ်ဖက်စလုံး လက်ထိပ်ခတ်ခေါ်တယ်"လို့ မိခင်က ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အိမ်ထောင်ရှိပြီး ကလေး ၃ ယောက်ဖခင်ဖြစ်ကြောင်း သိရပါတယ်။

"စစ်မှုထမ်းထဲကိုထည့်မလိုခေါ်တာ။ နင်တို့မေးစရာအကြောင်းမရှိဘူးတဲ့။...လိုက်တောင်းပန်တော့ ရိုက်မယ်နှက်မယ်လုပ်တာ"လို့ မိခင်ဖြစ်သူက ဆရာတော်ကို လျှောက်ထားခဲ့ပါတယ်။

အဆိုပါလူငယ်ကို မြောက်ဒဂုံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခဲ့ပြီး နောက်တနေ့မနက် မိသားစုဝင်တွေ တွေ့ခွင့်ရတဲ့အခါ အုပ်ချုပ်ရေးမှူးက ရောင်းစားလိုက်တာလို့ ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

"ကောင်လေးကို မင်းတပ်ထဲကိုဝင်ရမယ်လို့ပြောတယ်တဲ့။ ကောင်လေးက ကျွန်တော့်မှာအဘွားကြီးလုပ်ကျွေးနေရတာ ကလေးကလည်း ၃ ယောက်နဲ့ ဘယ်လိုမှမဝင်နိုင်ဘူးလို့ ပြောတယ်တဲ့။ မဝင်နိုင်လည်းပဲ ဟိုမှာငါကရောင်းစားပြီးသွားပြီလို့ ပြောတယ်ဥက္ကဌက။"လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိခင်ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသမီးက "သိန်း ၈၀နဲ့"လို့ ဝင်ရောက်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဆရာတော်ကတော့ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေး​မြန်းတာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရန်ကုန်က ဆင်
ခြေဖုံးရပ်ကွက်တွေမှာအလုပ်သမားတချို့ ပျောက်ဆုံးခဲ့ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပါသေးတယ်။ စစ်ကောင်စီဟာ ဧပြီလထဲမှာပဲ စစ်မှုထမ်း အပတ်စဥ် (၂၄)ကို စတင်ခဲ့ပြီဖြစ်ပါတယ်။
🤬4110😡6🖕3👎1
အဖမ်းခံရတဲ့ လူငယ်မိသားစုက ဆရာ​တော်ထံ​လျှောက်ထားစဥ်
🤬32🔥8👍7🖕21😢1😡1
ဒီပဲယင်းအနောက်ခြမ်းကို စစ်တပ် ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ

မေ-၁၃၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက်ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ သုံးစီးအနက် ၂စီးက ညနေ ၃နာရီ ၄၈မိနစ်နဲ့ ၃နာရီ၅၀ မိနစ်မှာ ဗုံးကြဲသွားတာလို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။

" သုံးစီးတက်လာပြီး နှစ်စီးက ချသွားတာ။ ‌တစ်စီးက အနောက်ဖက်ကိုဆက်ပြီးတက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြေပြင်ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်တပ်က ယခုရက်ပိုင်းအတွင်းမှာ ရန်ကုန်နဲ့နေပြည်တော်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ဒီပဲယင်းမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေက ၂၀၂၄ ဩဂုတ်မှာ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ဩဂုတ် ၁၈ရက်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်လာလို့ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

စစ်တပ်က ဒီပဲယင်းမြို့မရဲစခန်း၊ အထကကျောင်းနဲ့ မြို့ပေါ်နေရာတစ်ချို့မှာတပ်စွဲထားပြီး ကျေးရွာတွေကို လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေရှိနေပါတယ်။

ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ယင်းမာပင်ခရိုင်ထဲမှာလည်း စစ်တပ် စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာနေသလို နေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

အရပ်သားပစ်မှတ်တွေကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ကိုအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကိုတောင်းဆိုတိုက်တွန်းမှုတွေ ရှိနေပါတယ်။
🤬334👍3👎2🔥1
(ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ သြဂုတ် ၁၈ ရက်မှာ ဗုံးကြဲစဥ်။ဓါတ်ပုံ - CJ)
🤬37👎21🔥1
ဘားအံမြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ၅ဦး ဒဏ်ရာရ

မေ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၁၂ရက် ညသန်းခေါင်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၁လုံး လာကြဲတာဖြစ်ပြီး မိန်းကလေးငယ် တစ်ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ စစ်တပ်က ပြည်သူနေထိုင်ရာကျေးရွာကို ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူ မိန်းကလေးငယ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ကနေ တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ကို လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ဦးထဲမှာ အသက် (၄)နှစ်နဲ့ (၆)နှစ်အရွယ် ကလေးငယ် ၂ဦးလည်း ပါဝင်ပါတယ်။

စစ်တပ်ဟာ တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ဘားအံမြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

အထူးသဖြင့် ဘီးလင်းမြို့နယ် လေးကေတပ်စခန်း သိမ်းပိုက်ခံရပြီး ဝင်းတာပန်စခန်း တိုက်ခိုက်ခံရတဲ့ အခြေအနေမျာ စစ်တပ်ဘက်က ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာ၊ မြစ်ကျိုးရွာ ၊ လေးကေရွာ တွေအပါအဝင် ဒေသတွင်းမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ ကျူးလွန်လျက်ရှိပါတယ်။

မေလ ၉ရက်ကလည်း ဘီးလင်းမြို့နယ် လေးကေဒေသမျာ စစ်ရှောင်တွေရဲ့ မော်တော်ယာဉ်တစီးကို ရပ်ခိုင်းပြီး စစ်ကောင်စီက ပစ်ခတ်ရာ ကလေးငယ် အပါအဝင် သားအမိနှစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရပြီး ၄ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီဟာ စစ်ရှောင်တွေမှန်း သိလျက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
🤬314😢4👎1🔥1
(စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ ဒဏ်ရာရသူ ၂ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
🤬32😢14👎1🔥1
■​ဆောင်းပါး

အင်းစိန်​ထောင်ပိုင်​တွေရဲ့ လိင်အမြတ်ထုတ်မှု​များ

​​​ဒီပ/People's Spring

အင်းစိန်​ထောင်ထောင်ပိုင် နဲ့ ဒုတိယ​ထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ​ဆန္ဒပြတဲ့ပုံ​တွေ​ကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ​ဖော်ပြခံရတဲ့အတွက် ဒုက္ခ​မ​ရောက်​အောင် ကူညီ​ပေးတယ် လို့အ​ကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထု​နွေဦးကို ​ပြောကြားပါတယ် ။

အထူးသဖြင့် အင်းစိန် ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အ​ဝေး​ရောက်​နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကို
အခြားသူ​တွေနဲ့ အတင်းဖိအား​ပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်​တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်​ပေါ်က + 18 အခ​ပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်​တွေ ဆက်မ​တင်​စေချင်ရင် ​​ငွေ​ပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်​ဆွေ တစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ စသဖြင့် အ​ကောင့်တု​တွေသုံးပြီး ဆက်
တိုက်ခြိမ်း​ခြောက်​နေတယ်လို့ ကျူးလွန်ခံရသူက ​ပြောပါတယ် ။

ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်​(DSA)ကျောင်းဆင်းပြီး စစ်ဘက်က​နေ အရပ်ဘက်​ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင် (ခ) ပြည့်ဖြိုးထွန်း က
အသက် ၁၈ နှစ်အရွယ်ရှိ မိန်းက​လေးကိုစချဥ်းကပ်ခဲ့တာပါ ။

"စသိတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးလဲဆို​တော့ ညီမကစာအုပ်ဖတ်တာ ဝါသနာပါ​​တော့ ညီမတစ်​ယောက် အကိုတစ်​ယောက်အ​နေနဲ့ပဲစသိတာ ။သူက က​လေးမဆိုပြီး အနား​ရောက်လာတယ် ။အစက လက်ထပ်ထားတဲ့ ပုံတွေ တင်ထားလို့(​ဖေစ်ဘွခ်မှာ) လက်မခံခဲ့ပါဘူး။၂၀၂၃ နှစ်ဝက်လောက်မှာ မိန်းမကနိုင်ငံခြားမှာကွဲပြီဖြစ်ကြောင်းညီမကိုသဘောကျကြောင်းပြောလို့" လိင်အမြတ်ထုတ်ခံခဲ့ရသူကဖြစ်စဥ်ရဲ့အစကို​ပြောပါတယ် ။

မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းက ဒီလိုပုံစံနဲ့ ချဥ်းကပ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သမီးရည်စားအဖြစ်တွဲခဲ့ကြပါတယ် ။သမီးရည်စားဘဝ အ​စောပိုင်းမှာ အမျိုးသမီးငယ်က ဟင်းချက်​ကောင်းလို့ဆိုပြီး ထမင်းဟင်း​တွေ ချက်ခိုင်းပြီး အင်းစိန်​ထောင်ကိုမကြာခဏပို့ခိုင်းလို့ ပို့​ပေးရတက်သလို ၊ဒု​ထောင်
ပိုင်ဖြစ်တာမို့ ​​တစ်လ မှာ တစ်ကြိမ် နှစ်ကြိမ် ​လောက်ပဲချိန်း​တွေ့ကြတယ်လို့ ဆိုပါတယ်။

ချစ်သူရည်စားဘဝ လနည်းနည်းကြာလာတဲ့အခါ
ပြသာနာက​ပေါ်လာပါတယ် ။အဲတာက​တော့မင်း
ဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကတခြားသူ​တွေ ကာမဆက်ဆံတာကိုကြည့်ပြီးမှ ရည်စား နဲ့ အိပ်တာချင်သူဖြစ်​နေတယ်လို့ ဆိုပါတယ် ။ ၂၀၂၄ စက်တင်ဘာလမှာ​တော့ မင်းဝင်းခိုင် (​ခေါ်)ပြည့်
ဖြိုးထွန်းရဲ့ရည်စားဟာ ​နွေဦး​တော်လှန်​ရေးကိုအား​ပေးသူ ၊ဆန္ဒပြခဲ့သူဆိုပြီး ဟန်ငြိမ်းဦးတယ်လီဂရန်မှာ ​ရေးပြီးအတင်ခံရပါ​တော့တယ် ။

ဟန်ငြိမ်းဦးတယ်လီဂရန်မှာ အတင်ခံရတာ​ကြောင့် အမျိုးသမီးငယ် ဒုက္ခမ​ရောက်​အောင် အင်းစိန်​ထောင်ပိုင် လုပ်ခဲ့တဲ့ ​ဇော်လင်း​အောင် နဲ့ မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုးထွန်းတို့က ကူညီကာကွယ်​ပေးခဲ့တယ်ဆိုပြီး ဇာတ်လမ်းလုပ်ပါတယ် ။​ အဲဒီ​နောက် အမျိုးသမီးကို ​ဇော်လင်း​အောင်နဲ့ အတူအိပ်ခိုင်းပါတယ် ။ ကိုယ့်ရဲ့ ရည်စားကို တခြားသူနဲ့ အိပ်ခိုင်းတာ​တောင်မှ ရိုးရိုး မဟုတ်ပဲ သူရဲ့​ရှေ့မှာပါ သုံး​ယောက်အတူ ဖိအား​ပေးပြီးအိပ်ခိုင်းခဲ့တယ်လို့
သိရပါတယ် ။

"ငြင်းတဲ့အခါ ဟန်ငြိမ်းဦးဟာပါတာကို ဒုက္ခမ​ရောက်​အောင်လုပ်​ပေးခဲ့တဲ့​ကျေးဇူးကို​တောင်
မ​ထောက်ဘူ။ ​ကျေးဇူးမသိတက်ဘူး ။ဒီ​ခေတ်လူ​တွေရိုင်းတယ်ဆိုပြီး ဖိအား​ပေးတာ" လို့ ကျူးလွန်းခံရသူကရင်ဖွင့်ပါတယ် ။

ဇော်လင်း​အောင်​ရော ၊မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းတို့ ၂ဦးစလုံးက DSA ​ကျောင်းဆင်း​တွေဖြစ်ပြီး စစ်ဘက်မှအရပ်ဘက်​ပြောင်းခဲ့သူ​တွေဖြစ်ပါတယ်။တကယ်​တော့ ​ဇော်လင်း​အောင်ဟာ မိသားစုရှိပြီး သမီးငယ်တစ်ဦးလည်းရှိပါတယ် ။ အင်းစိန်​​ထောင်ပိုင်က​နေ အခုနှစ်ပိုင်းရာထူးတိုးပြီး မန္တ​လေး အကျဥ်းဦးစီးကို​ပြောင်း​ရွေ့သွားပြီလို့သိရပါတယ်။ ဒါအပြင် သူဟာ ​မော်ဒယ်လ် သံသာမိုးသိမ့်ကို စပွန်ဆာ​ပေးထားသူလို့ အခြားသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

"ညီမက လက်မခံဘူး ။မလုပ်နဲ့ တောက်လျှောက် အော်ဟစ်ငြင်းနေခဲ့တာ။ ဒါလေးလိုက်လျောပေးလို့မရနိုင်ဘူးလား။ငြင်းရင် ကိုကို ဒုက္ခရောက်သွားမှာပေါ့တဲ့"

အဲဒီလို​ထောင်ပိုင် နဲ့ အိပ်​ပေးရတဲ့အချိန်မှာ ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းကပါ ​ဘေးက​နေ ရည်စားဖြစ်သူကိုလိုက်​လျော​ပေးဖို့ သူပါအတူ ၃ ​ယောက်အိပ်​ခိုင်ခဲ့တာလို့ ကျူးလွန်ခံရသူကဆက်​ပြောပါတယ် ။

အဲဒီလိုပုံစံနဲ့ ​ကျေးဇူးရှိတယ် အ​ကြောင်းပြပြီး ၃ ​ယောက်အတူ နှစ်ကြိမ်တိုင်လိင်အမြတ်ထုတ်ခံခဲ့ရတယ်လို့သူမကဆက်​ပြောပါတယ် ။နေရာ​တွေက​တော့ Hotel Sydney နဲ့ Hotel 9 Mile လို့သိရပါတယ် ။
😡2315👎1
ဒါ​ကြောင့်ဟန်ငြိမ်းဦးမှာ သူမကို ​တော်လှန်​ရေးနဲ့ဆက်စပ်တယ်ဆိုပြီး အတင်ခံရတာဟာလည်း ပြန်သုံးသပ်ကြည့်တဲ့ အင်းစိန်​​ထောင်ပိုင်နှစ်ဦးကသတင်း​ပေးပြီး ခဲ့တာဖြစ်ဖို့ပိုများ​နေတယ်လို့ အမျိုးသမီးအ​ရေးတက်ကြွလှုပ်ရှားသူတဦးက​ပြောပါတယ် ။ဟန်ငြိမ်းဦး တယ်လီဂရန်မှာပါလို့ အဖမ်းမခံရ​အောင် အကာအကွယ်​ပေးတယ်ဆိုပြီး လိင်အမြတ်ထုတ်တာကိုစိတ်တိုင်းကျ ကျူးလွန်ရ​အောင်လုပ်ခဲ့တဲ့​ထောင်​ချောက်ဖြစ်ဖို့များ​တယ်လို့အထက်ပါတက်ကြွလှုပ်ရှားသူကပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဒီလိုဖြစ်ရပ်မျိုး​တွေ ဘယ်​လောက်​တောင်များ​နေပြီလဲမသိဘူးလို့ အမျိုးသမီးအ​ရေးတက်ကြွလှုပ်ရှားသူ​ကဆက်​ပြောပါတယ် ။

ဟန်ငြိမ်းဦးမှာပါ​အောင်လုပ်တာဟာ ​ထောင်ပိုင်၂ ဦးပဲဖြစ်နိုင်တယ်လို့လည်း ကျူးလွန်ခံရတဲ့အမျိုးကလည်း​ပြောပါတယ် ။အတင်ခံရတဲ့ဓါတ်ပုံ​တွေဟာ သူတို့ဆီကပဲရတာဖြစ်ဖို့များတယ်လို့သူမကဆက်​ပြောပါတယ်။

ပိုပြီးထူးဆန်းတဲ့ဖြစ်ရပ်က​တော့တစ်ရက်မှာ ဇော်လင်း​အောင် နဲ့ စစ်​ကောင်စီလက်​အောက်ခံ အ​ကောက်ခွန်ဌာနက အရာရှိအမျိုးသမီးတဦး ဟိုတယ်မှာချိန်း​တွေ့ပြီး​ဇော်လင်း​အောင်ကပြန်သွားပါတယ်။ အဲဒီ​နောက်အ​ကောက်ခွန်ကအမျိုးသမီးဟာမင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းတို့အတွဲ ချိန်း​တွေ့တဲ့ အခန်းထဲထိလိုက်လာပြီး အမျိုး
သမီးချင်းပါ ဖိအား​ပေးအိပ်ခိုင်းပါတယ်။မ​မျှော်လင့်ထားတဲ့အတွက် အဆင်မ​ပြေဘူးလို့ ​ပြောပြီးအိမ်သာထဲဝင်ပုန်း​ပေမယ့် မင်းဝင်းခိုင်က ဖိအား​ပေးထွက်ခိုင်းသလို ၊မ​နေချင်တာ​ကြောင့်ဟိုတယ်က ပြန်ဖို့စိတ်ကူး​ပေမယ့် စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားချိန်ထဲ​ရောက်သွားပြီမို့ လက်​လျှော့ခဲ့ရတယ်လို့သူမကဆိုပါတယ် ။ ဒါ​ကြေင့် အမျိုးသမီး နှစ်​ယောက် နဲ့ မင်းဝင်ခိုင် တို့ ၃ ​ယောက်အတူအိပ်ခဲ့ရတယ်လို့ လိင်အမြတ်ထုတ်ခံခဲ့ရသူက​ပြောပါတယ် ။

"သူတို့ကမိန်းမချင်းလှယ်အိပ်တာတွေ ၊ထိုးကျွေးတာတွေ၊ group sex တွေက ပုံမှန်လိုဖြစ်နေတာ သူများတွေကဆေးသုံးလို့နော် ၊သူတို့ဆေးလုံးဝမသုံးဘူး အရက်ဘဲသောက်တာ။ ညီမလည်းသူဆေးမသုံးတော့ လူကောင်းဆိုပြီးယုံခဲ့မိတာ"လို့ သူမကဆက်​ပြောပါတယ် ။

သူ့ကိုတကယ်ချစ်လို့မဟုတ်ပဲ လိင်အမြတ်ထုတ်ချင်တဲ့စိတ်တစ်ခုတည်း​ကြောင့် သိလာတာနဲ့ တွဲတာ တစ်နှစ်​​ဝန်းကျင်မှာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာအမျိုးသမီးငယ်ဟာထိုင်းကိုအလုပ်လုပပ်ဖို့ထွက်သွားပါတယ် ။ထိုင်းကို ​ရောက်ပြီး ပုံမှန်အလုပ်တစ်ခုရပြီး ရည်စားအသစ်လည်းရပြီဖြစ်သလို တစ်နှစ်​ကျော်ကြာလာပြီမို့ အဖြစ်ဆိုး​တွေကျန်ခဲ့ပြီ ဘဝ
သစ်စနိုင်ပြီလို့ ထင်​ချိန်မှာ ပိုကြီးတဲ့ ပြသာနာ​တွေသူမဆီ​ရောက်လာပါ​တော့တယ် ​။

အဲတာက​တော့ ဒု​ထောင်ပိုင်မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းနဲ့သမီးရည်စားအဖြစ်တွဲခဲ့တဲ့အချိန်တုန်းက အတူအိပ်ခဲ့တာ​တွေကို မင်းဝင်းခိုင်က
ဗီဒီယို​တွေရိုက်ထားပါတယ်။ရိုက်ထားပြီး မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းက ဖိုင်​တွေဖျက်တယ်ဆို​ပေ
မယ့် ​ဖေစ်ဘွခ်အ​ကောင့်သစ်တစ်ခုက ၂၀၂၆ ​ဖေ​ဖော်ဝါရီလမှာလာအပ်ပြီးကျပ်သိန်း ၈၀ မ​ပေးရင် ဗီဒီယို​တွေကိုတင်မယ်လို့ခြိမ်း​ခြောက်ပါတယ်။​ငွေမ​​ပေးတဲ့​နောက် ၂၀၂၆ ​မေလဆန်းမှာဗီဒီယို
ဖိုင် ၁ ဖိုင်ကို 18+ အခ​ပေးတယ်လီဂရန် ချန်နယ်အချို့မှာတင်လိုက်ပါ​တော့တယ် ။ အဲဒီဗီဒီယိုဖိုင်မှာ မိန်းက​လေးကိုပဲ မျက်နှာနဲ့ ခန္ဒာကိုပါအောင်ရိုက်ပြထားပြီး အင်းစိန်ဒု​ထောင်ပိုင်ရဲ့မျက်နှာ ၊ကိုယ်လုံး​တွေကို​တော့ရိုက်ပြမထားပါဘူး ။

အဲဒီလို ဗီဒီိုဖိုင်​တွေကျန်​နေ​သေးပြီးတယ်လီဂရန်မှာဆက်မတင်​စေချင်ရင် ကျပ်သိန်း ၈၀ ​ပေးဖို့ ဆက်ခြိမ်း​ခြောက်အကျပ်ကိုင်ပါတယ် ။ ​ငွေမ​ပေးချင်ရင်အမျိုးသမီးကထိုင်းမှာ​ရောက်​နေတာမို့ ထိုင်းက အမျိုးသားတစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ ထပ်ခြိမ်း​ခြောက်သလို ၊မြန်မာနိုင်ငံကိုပြန်လာပြီး သူကြိုက်
တဲ့ပုံစံနဲ့ ၅ ကြိမ်အိပ်​ပေးဖို့ ခြိမ်း​ခြောက်​နေတာကို
ပို့ထားတဲ့စာ​တွေမှာ​တွေ့ရပါတယ် ။ မြန်မာနိုင်ငံကို ပြန်လာပြီး အိပ်​​ပေးဖို့​ပြောတဲ့ လိင်ကိစ္စအသုံး
အနှုန်း​တွေဟာ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ​ပြော​လေ့ရှိတဲ့အသုံးအနှုန်း​တွေလို့သိရပါတယ်။

အမျိုးသမီးငယ်ဟာထိုင်းမှာအလုပ်လုပ်ရင်းရည်စားရ​နေပြီဖြစ်တာမှာ ၊အ​ကောင့်သစ်နဲ့ လာ​ပြောသူက ရည်စားကိုပါ ​ဖေစ်ဘွခ်ကတဆင့်လာ​ပြောခြိမ်း​ခြောက်တာ​တွေလုပ်တယ်လို့လည်း သူမက​ပြောပါတယ်။အ​ကောင့်သစ်ကို ဘ​လော့လိုက်တဲ့အခါအဲဒီပရိုဖိုင်းပုံမျိူးနဲ့ပဲ အ​ကောင့်တု​တွေဖွင့် လာAdd ပြီးဆက်တိုက်ခြိမ်း​ခြောက်ခဲ့ပါတယ်။လာ​ပြောသူဟာ မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းဖြစ်တယ်ဆိုတာ ​သေ
ချာတယ်လို့ သူမကသုံးသပ်ပါတယ်။ဘာ​ကြောင့်လဲဆိုရင် သူတို့ တွဲခဲ့တဲ့ကာလမှာ သူတို့ ၂​ယောက်ပဲသိတဲ့အ​ကြောင်းအရာ​တွေကို​ပြောတာ ၊ လိင်ကိစ္စ​တွေမှာ​ပြောတဲ့ ​ဝေါဟာရ​တွေဟာအတူတူဖြစ်တာ ၊ စကား​ပြောဟန် ဆိုဟန်တူညီတာ ၊အပြန်
အလှန်​ပြောစကား​တွေမှာ မင်းဝင်းခိုင်ဖြစ်တယ်ဆိုတာမကြာခဏဝန်ခံတာ ၊ အင်းစိန်​ထောင်မှာ မနက်အ​စောထ တန်းစီရတာ​ကြောင့် အ​စောထတက်တဲ့ အ​လေ့အထရှိတဲ့ဒု​ထောင်ပိုင်ဟာ လူငယ်အများစုအိပ်​​လေ့ရှိတဲ့မနက်အ​စောပိုင်း​တွေမှာ အမျိုးသမီးငယ်ဆီ အ​ကောင့်သစ်က​နေစာ​တွေပို့ပြီး ခြိမ်း​ခြောက်တာ​တွေ​ကြောင့် အ​ကောင့်သစ်သုံး​ပေမယ့်သူဟာ မင်းဝင်းခိုင်ပဲလို့သူမက​ပြောပါတယ်
🤬238


ဒါအပြင် ရည်စားဘဝက ဗီဒီယို ဖိုင်တချို့ဟာ သူတို့ ၂ ​ယောက်ဆီမှာပဲရှိပြီး သူမဆိုရင် ဖိုင်​တွေပျံ့မှာစိုးတာ​ကြောင့် ဖုန်း​​တွေကို တစ်ကြိမ်မှမပြင်ခဲ့သလို ဖုန်းအားလုံးကိုသိမ်းထားတယ်လို့သူမက ဆိုပါတယ် ​။

အခုဖြစ်ရပ်​တွေအတွက် အင်းစိန် ဒု​ထောင်ပိုင် မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကို People's Spring က ​​​မေလ ၁၂ ရက်မှာ ဆက်သွယ်​မေးမြန်းတဲ့အခါ အဆိုပါ အမျိုးသမီးနဲ့ သူသမီးရည်စားမဟုတ်ပဲအဲလိုဖြစ်စဥ်​တွေမရှိ​​ကြောင်း ၊အမျိုးသမီးငယ်ကသာသူ့ကို သိန်း ၈၀​ ပေးဖို့ခြိမ်း​ခြောက်​ခဲ့ကြောင်း ၊အ​ကောင့်တုကလည်းသူမဟုတ်ပဲ ကျားဖြန့်သမား​တွေက အမျိုးသမီးဆီဖုန်းဆက်ပြီး လိမ်တာဖြစ်နိုင်တယ်လို့ ​ပြောပါတယ် ။

ဒါ​ပေမယ့်အမျိုးသမီနဲ့ ရည်စားမဟု​တ်​ကြောင်းငြင်းဆို​​ပေမယ့် သူတို့အတူတွဲခဲ့တဲ့မှတ်တမ်းဓါတ်ပုံ​တွေကို People's Spring ကရရှိထားပါတယ်။

ဆက်ပြီး​တော့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းက သူဖုန်း​တွေကိုဆိုရင် ကျားဖြန့်​ကြောက်လို့ ဆိုင်​တွေမှာမပြင်ဘူးလို့လည်းဆိုပါတယ် ။ဒါ​ကြောင့် သူ့ရည်စား​ဟောင်းနဲ့အတူ​အိပ်ခဲ့တဲ့ဗီဒီယိုဖိုင်​တွေဟာ ဖုန်း​တွေကိုအပြင်ဆိုင်ပို့​လေ့မရှိဘူးဆိုတာ​ကြောင့် သူဖုန်းထဲမှာပဲရှိ​နေတယ်လို့သုံးသပ်ရပါတယ်။

ဒါအပြင် အင်းစိန်ဒု​ထောင်ပိုင်က ရည်စား​ဟောင်းအမျိုးသမီးငယ်ဆီကို ကြားလူတဦးကဆက်သွယ်ပြီး သူ့ကိုစွပ်စွဲရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာ
ပိုးလ်က​နေ တဆင့်ထိုင်းမှာဖမ်းခိုင်းမယ်လို့ ခြိမ်း​​ခြောက်​နေပြန်ပါတယ် ။ ဆက်လက်ပြီး​တော့လည်း အမျိုးသမီးရဲ့ မိခင်နဲ့မိသားစုကို ဒု​ထောင်
ပိုင်ကသိတာ​ကြောင့် အ​ကောင့်တုနဲ့ ​ခြိမ်း​ခြောက်တာ​တွေဟာသူမဟုတ်​ကြောင်း ၊အမျိုးသမီးတင်ထားတဲ့ပိုစ်​တွေကိုဖျက်​ပေးဖို့ ဖိအား​ပေး​နေတယ်လို့စုံစမ်းသိရပါတယ် ။

People's Spring ရဲ့အခြားသတင်းရင်းမြစ်​တွေဆီက စုံစမ်းသိရှိတဲ့အချက်အလက်​တွေအရ အင်းစိန်ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုထွန်းဟာ
လိင်ကိစ္စလိုက်စားသူဖြစ်ပါတယ်။ လက်ရှိမှာ
အကျဥ်းဦးစီးယဥ်​ကျေးမှုဌာနက အမျိုးသမီးငယ်တဦးကို စပွန်ဆာ​ပေး​နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းအချို့က​ပြောပါတယ်။ဒါအပြင် အင်းစိန်​ထောင် ဘင်ခရာတပ်ဖွဲ့က အမျိုးသမီးတဦးနဲ့
လည်းအ​တော်ကြာတွဲခဲ့​​သေးကြောင်းသိရပါတယ်။ အင်းစိန်​ထောင်မှာ အမျိုးသမီးအနူပညာရှင်​တွေရှိစဥ်ကလည်းအထူးပစား​ပေးခဲ့သလိုချဥ်းကပ်ဖို့ ကြိုးစားခဲ့တာ​တွေ့ရတယ်လို့လည်း ဝန်ထမ်းအချို့က​ပြောပါတယ်။ဒါ​ပေမယ့် အခုအခါမှာ အ​ဝေး​ရောက်​နေတဲ့သူ့ဇနီး ပြန်​ရောက်​နေတယ်လို့လည်းစုံစမ်းသိရပါတယ်။

အင်းစိန်​ဒု​ထောင်ပိုင်ဖြစ်တာ​ကြောင့် အကျဥ်းသား​တွေအ​ပေါ် ​မောက်မာလှပြီး ​​​ထောင်အတွင်းအဂတိမှုများလှသလို သူ့တပည့်ချစ်စမ်း​မောင်းကတဆင့် နိုင်ငံ​ရေးအကျဥ်းသား​တွေအ​ပေါ် ရိုင်းစိုင်းပြီး ညှင်းပန်းနှိပ်စက်မှု​တွေမကြာခဏလုပ်တယ်လို့အင်းစိန်​ထောင်က မကြာခင်ကလွတ်လာသူအချို့က​ပြောပါတယ် ။

အခုလို လိင်အမြတ်ထုတ်ခံခဲ့ရသလို ၊ ရည်စားဘဝအတူ​နေခဲ့တဲ့ ဗီဒီယိုဖိုင်​တွေကိုပါ တယ်လီဂရန်ချန်နယ်မှာတင်ခံရတာ​တွေ​ကြောင့် များစွာထိခိုက်ခဲ့တဲ့အမျိုးသမီးကို ယခုဖြစ်ရပ်​တွေက​နေ ဘာလိုချင်လဲလို့​မေးတဲ့အခါကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရ​စေချင်ပြီး တရားမျှတမှုလိုချင်တယ်လို့သူမကပြောပါတယ်။

"ညီမလိုလိင်အမြတ်ထုတ်ခံရတဲ့ကောင်မလေးမျိုးထပ်မရှိစေချင်ပါဘူး။မဟုတ်ရင်တောင် ဒီဆူးမှမနှုတ်မရရင် ရုတ်တရက်သေသွားရင်တောင် အသေမဖြောင့်နိုင်ပါဘူး"လို့ လိင်အမြတ်ထုတ်ခံခဲ့ရတဲ့သူမက​ရင်ဖွင့်ပါတယ် ။ ။
13🔥11👍6
အင်းစိန်​ ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ၊ ​ထောင်ပိုင်​ဟောင်း ​ဇော်လင်း​အောင် ၊
အမျိုးသမီးကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်မှာတင်ခဲ့တဲ့ပိုစ် ၊ အတူအိပ်ခဲ့တဲ့ ဗီ​ဒီယိုဖိုင်ကို 18 + တယ်လီဂရန်ချိန်နယ်လ်မှာတင်ထားစဥ် ၊ အ​
ကောင့်သစ်နဲ့ ခြိမ်း​ခြောက်ထားတာ​တွေကို​တွေ့ရစဥ်
🤬39🤮42👎1
UFC ချန်ပီယံဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့ မလေးရှားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ်

မေ-၁၃၊၂၀၂၆။ သုည/People's Spring

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

ယင်းအခမ်းအနားကို မေလ ၂၇ ရက် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့က Jalan Loke Yew မှာ ရှိတဲ့ SJK(C) Chung Kwo ကျောင်းခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်ကြောင်း CRC က ဖော်ပြထားပါတယ်။

" အခမ်းအနားကို မနက် ၉ ကနေ ည ၁၁ အထိ လုပ်မှာပါ။ မေလ ၂၇ ရက်က Holiday ဖြစ်တဲ့အတွက် မလေးရှားရောက် မြန်မာတွေ၊ ချင်းလူမျိုးတွေ အားလုံး လာဖို့အတွက်လည်း CRC က မိတ်ဆွေတွေက ဖိတ်ခေါ်ထားပါတယ်။ CRC ရဲ့ ငွေရတုအခမ်းအနားဖြစ်ပြီး လက်မှတ်လည်းမရောင်းဘူးလို့ သိရတယ်။ ဖြူဖြူကျော်သိန်းနဲ့ ဂျိုရှုအာဗန်လည်း လာမှာဖြစ်လို့ တော်တော်များများ လာမယ်လို့လည်း မျှော်လင့်နေကြတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ မလေးရှားခရီးစဉ်အပြင် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာဖြစ်ကြောင်း MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
20👍5🤮1