(စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
🤬35👍4👎4❤2🔥1
အကြမ်းဖက်မှုတွေ ဆက်ရှိနေရင် စစ်တပ်ရွေးကောက်ပွဲကို အာဆီယံအသိအမှတ်ပြုဖို့ ခဲယဥ်းနေမယ်လို့ ဆို
မေ-၁၃၊ ၂၀၂၆။ People’s Spring
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၁ရက်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဆီကို စာရေးသားပေးပို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုရဲ့ အကြောင်းပြန်စာထဲမှာတော့ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး အကြမ်းဖက်မှုလျော့ကျရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ ကြားဝင်ဖျန်ဖြေရေးတို့ဆီ ဦးတည်တဲ့ တိုးတက်မှုတွေ ဖြစ်လာမှာလည်းဖြစ်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ဆိုပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေးအတွက် သံတမန်လမ်းကြောင်းတွေကတဆင့်လည်း တစိုက်မတ်မတ်တောင်းဆိုနေတယ်လို့ ရန်ကုန်လွှတ်တော်က ထုတ်ပြန်တဲ့ အထူးကိုယ်စားလှယ်ရဲ့ စာမှာ ပါရှိပါတယ်။
တဖက်မှာလည်း အာဆီယံဟာ ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့လည်း ထိတွေ့ဆက်ဆံမှု ဆက်ရှိနေမယ့်အကြောင်း အထူးကိုယ်စားလှယ်က အသိပေးပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်က ဘုံသဘောတူညီချက် ၅ရပ်ကို ပြည့်ဝထိရောက်စွာ အကောင်အထည်ဖော်ဖို့ ရှင်းလင်းပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးဆိုရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံက ရှုမြင်ကြောင်း အထူးကိုယ်စားလှယ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမှာ အာဆီယံက စစ်တပ်ရွေးကောက်ပွဲတွေနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အသိအမှတ်ပြုဖို့ ဘုံသဘောတူညီချက် မရရှိခဲ့ဘူးလို့ အထူးကိုယ်စားလှယ်က အသိပေးပါတယ်။
အာဆီယံအနေနဲ့ လူထုခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အရွေ့တခု အဖြစ် ရှုမြင်ကြောင်းနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲများအပေါ် အာဆီယံအဖွဲ့အစည်း အတွင်း သဘောတူညီမှုမရှိကြောင်း ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ကို အသိပေးပြန်ကြားလာခြင်းက ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ သံတမန်ရေးရာ ထိတွေ့ဆက်ဆံခြင်း အောင်မြင်မှုနဲ့ နိုင်ငံ တကာ မျက်နှာစာမှာ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ မြင့်မားလာမှုကို ပြသနေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

👍36❤6👏5🥰1🤣1
(မကြာသေးမီက အာဆီယံအစည်းအဝေးတစ်ခုမှာ တွေ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ဆီ ပေးပို့စာ။ ဓာတ်ပုံ - ASEAN၊ Yangon Hluttaw)
👍42❤9
အင်းတော်မှာ စစ်တပ် ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ အရပ်သား ထိခိုက်သေဆုံး
မေ-၁၃၊ ၂၀၂၆။ မိထက်/People's Spring
အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကြီးရွာမှာ တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသားသုံးဦး မိုင်းနင်းမိတာလို့ သိရပါတယ်။
"စစ်တပ်က မြို့ထဲမှာ အခိုင်အမာတပ်စွဲထားပြီး ရွာတွေဘက်မှာ မိုင်းတွေ လိုက်ထောင်ထားတယ်။ ကန့်ကွက်မရဲဘူး။ ကန့်ကွက်ရင် ဖမ်းမှာ။ ဟိုတနေ့က မိုင်းကွဲတော့လည်း လာကြည့်ပြီး ပြန်သွားတာပဲ။ မိုင်းတွေက ကျန်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ဒီနေ့ မေလ ၁၃ရက် မနက်ပိုင်းမှာ ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ သေဆုံးသူတစ်ဦးကို ရွာမှာပဲ သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရသူနှစ်ဦးကို မြစ်ကြီးနားဆေးရုံဆီ ပို့ဆောင်ကာ ကုသနေတယ်လို့ သိရပါတယ်။
အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာကနေ ပြီးခဲ့တဲ့ ဧပြီမှာတော့ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့တာပါ။ အင်းတော်မြို့အနီး တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် စစ်တပ်က Non CDM ဝန်ထမ်းတွေကို ပို့ဆောင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးပမ်းနေပါတယ်။

🤬32❤5👎3😡1
ရွှေဘိုမှာ JICA အစီအစဉ်ပျက်သွားတဲ့ တံတားကို ဒေသခံတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်တည်ဆောက်
မေ ၁၃၊ ၂၀၂၆။ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ကနေ ဆောက်လုပ်ပေးဖို့ စီစဥ်ခဲ့ပြီး အစီအစဥ်ပျက်သွားတဲ့ တံတားကို ဒေသခံပြည်သူတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော် တည်ဆောက်နေပါတယ်။
အဆိုပါတံတားဟာ ရွှေဘိုအနောက်ခြမ်းရှိ မူးမြစ်ဆီဆင်းတဲ့ ချောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ဒေသခံတွေအတွက် အဓိက ကျတဲ့လမ်းပိုင်းဖြစ်ကြောင်း၊တံတားတည်ဆောက်ရေးကို ကျေးရွာနှစ်ရွာက တစ်ရွာ ကျပ်သိန်း ၄၀၀ အဓိကမတည်ခဲ့တာဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် သိန်း ၂,၀၀၀ ကျော် ခန့်မှန်းထားကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
"အရင်ကတော့ JACA က ဆောက်ပေးဖို့ရှိတာ အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်မယ့်အစီအစဥ်ပျက်သွားတာပါ။ အခုက ကျေးရွာနှစ်ရွာမတည်ပြီးဆောက်တာပါ"လို့ ၎င်းကော်မတီဝင်က ပြောပါတယ်။
အဆိုပါတံတားဟာ ဒေသခံကျေးရွာတွေရဲ့ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အဓိကကျတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပြီး လက်ရှိဒေသတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် ခရီးသွားလာသူအားလုံး အစစအရာရာ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး တည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ငွေကြေးအခက်အခဲကြောင့် လက်ရှိမှာ ကျပ် သိန်း ၃၅၀ ခန့် အကြွေးတင်နေပြီး တံတားလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ဖို့အတွက် အလှူငွေများကို ဆက်လက်ကောက်ခံနေကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
တံတားကို လုပ်ငန်းစတင်တာ ၄ လခန့် ရှိပြီဖြစ်ပြီး တံတားအမျိုးအစားမှာ အသားတံတား ဖြစ်ကာ အလျား ၁၈၃ ပေ၊ အနံ ၁၅ ပေ ရှိကြောင်း၊အသားမာ တန်ချိန် ၂၀ ကျော် အသုံးပြုထားကြောင်း သိရပါတယ်။

👍40❤9🥰1😁1
မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်ပြီးစစ်မှုထမ်းဖို့ခေါ်ဆောင်
မေလ-၁၃၊၂၀၂၆။ဟာနာဆန်/People's Spring
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေမေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်
ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။
အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့သားဖြစ်သူရဲ့မိခင်က လာရောက်လျှောက်ထားကာအကူညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါတွေ့ရပါတယ်။
ပေါ်တာဆွဲခံရတဲ့သူရဲ့မိခင်က ပြောပြရာမှာ ပြီးခဲ့
တဲ့ မေလ ၈ ရက် ည ၉ နာရီခွဲခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနော်ရထာလမ်း၊ ၅၀ ရပ်ကွက်က ၎င်းတို့ နေအိမ်ကို ၎င်းရပ်ကွက်က အုပ်ချုပ်ရေးမှူးဦးလှစိန်အပါအဝင် သိန်းထိုက်၊ နေဝင်းမောင်၊ အောင်ကိုလတ်တို့ ရောက်ရှိလာကြောင်း၊ ထို့
နောက် ထမင်းစားနေတဲ့ သားဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကျော်အောင်ဆိုသူကို လက်
ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတာဖြစ်ကြောင်း ဖမ်းဆီးခံရသူရဲ့ မိခင်က ပြောပါတယ်။
"လာဦးဆင်းလာဦးဆိုပြီး အောက်လည်းကျရော နေဝင်းမောင်က လက်ထိပ်ခတ်ပါတယ်။... နှစ်ဖက်စလုံး လက်ထိပ်ခတ်ခေါ်တယ်"လို့ မိခင်က ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အိမ်ထောင်ရှိပြီး ကလေး ၃ ယောက်ဖခင်ဖြစ်ကြောင်း သိရပါတယ်။
"စစ်မှုထမ်းထဲကိုထည့်မလိုခေါ်တာ။ နင်တို့မေးစရာအကြောင်းမရှိဘူးတဲ့။...လိုက်တောင်းပန်တော့ ရိုက်မယ်နှက်မယ်လုပ်တာ"လို့ မိခင်ဖြစ်သူက ဆရာတော်ကို လျှောက်ထားခဲ့ပါတယ်။
အဆိုပါလူငယ်ကို မြောက်ဒဂုံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခဲ့ပြီး နောက်တနေ့မနက် မိသားစုဝင်တွေ တွေ့ခွင့်ရတဲ့အခါ အုပ်ချုပ်ရေးမှူးက ရောင်းစားလိုက်တာလို့ ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
"ကောင်လေးကို မင်းတပ်ထဲကိုဝင်ရမယ်လို့ပြောတယ်တဲ့။ ကောင်လေးက ကျွန်တော့်မှာအဘွားကြီးလုပ်ကျွေးနေရတာ ကလေးကလည်း ၃ ယောက်နဲ့ ဘယ်လိုမှမဝင်နိုင်ဘူးလို့ ပြောတယ်တဲ့။ မဝင်နိုင်လည်းပဲ ဟိုမှာငါကရောင်းစားပြီးသွားပြီလို့ ပြောတယ်ဥက္ကဌက။"လို့ မိခင်ဖြစ်သူက ပြောပါတယ်။
မိခင်ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသမီးက "သိန်း ၈၀နဲ့"လို့ ဝင်ရောက်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဆရာတော်ကတော့ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းတာ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရန်ကုန်က ဆင်
ခြေဖုံးရပ်ကွက်တွေမှာအလုပ်သမားတချို့ ပျောက်ဆုံးခဲ့ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပါသေးတယ်။ စစ်ကောင်စီဟာ ဧပြီလထဲမှာပဲ စစ်မှုထမ်း အပတ်စဥ် (၂၄)ကို စတင်ခဲ့ပြီဖြစ်ပါတယ်။

🤬41❤10😡6🖕3👎1
ဒီပဲယင်းအနောက်ခြမ်းကို စစ်တပ် ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ
မေ-၁၃၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက်ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။
တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ သုံးစီးအနက် ၂စီးက ညနေ ၃နာရီ ၄၈မိနစ်နဲ့ ၃နာရီ၅၀ မိနစ်မှာ ဗုံးကြဲသွားတာလို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။
" သုံးစီးတက်လာပြီး နှစ်စီးက ချသွားတာ။ တစ်စီးက အနောက်ဖက်ကိုဆက်ပြီးတက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြေပြင်ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်တပ်က ယခုရက်ပိုင်းအတွင်းမှာ ရန်ကုန်နဲ့နေပြည်တော်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။
ဒီပဲယင်းမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ၂၀၂၄ ဩဂုတ်မှာ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ဩဂုတ် ၁၈ရက်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်လာလို့ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
စစ်တပ်က ဒီပဲယင်းမြို့မရဲစခန်း၊ အထကကျောင်းနဲ့ မြို့ပေါ်နေရာတစ်ချို့မှာတပ်စွဲထားပြီး ကျေးရွာတွေကို လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေရှိနေပါတယ်။
ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ယင်းမာပင်ခရိုင်ထဲမှာလည်း စစ်တပ် စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာနေသလို နေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
အရပ်သားပစ်မှတ်တွေကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ကိုအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကိုတောင်းဆိုတိုက်တွန်းမှုတွေ ရှိနေပါတယ်။

🤬33❤3👍3👎2🔥1
ဘားအံမြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ၅ဦး ဒဏ်ရာရ
မေ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၁၂ရက် ညသန်းခေါင်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၁လုံး လာကြဲတာဖြစ်ပြီး မိန်းကလေးငယ် တစ်ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမရှိဘဲ စစ်တပ်က ပြည်သူနေထိုင်ရာကျေးရွာကို ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူ မိန်းကလေးငယ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ကနေ တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ကို လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ဦးထဲမှာ အသက် (၄)နှစ်နဲ့ (၆)နှစ်အရွယ် ကလေးငယ် ၂ဦးလည်း ပါဝင်ပါတယ်။
စစ်တပ်ဟာ တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ဘားအံမြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
အထူးသဖြင့် ဘီးလင်းမြို့နယ် လေးကေတပ်စခန်း သိမ်းပိုက်ခံရပြီး ဝင်းတာပန်စခန်း တိုက်ခိုက်ခံရတဲ့ အခြေအနေမျာ စစ်တပ်ဘက်က ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာ၊ မြစ်ကျိုးရွာ ၊ လေးကေရွာ တွေအပါအဝင် ဒေသတွင်းမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ ကျူးလွန်လျက်ရှိပါတယ်။
မေလ ၉ရက်ကလည်း ဘီးလင်းမြို့နယ် လေးကေဒေသမျာ စစ်ရှောင်တွေရဲ့ မော်တော်ယာဉ်တစီးကို ရပ်ခိုင်းပြီး စစ်ကောင်စီက ပစ်ခတ်ရာ ကလေးငယ် အပါအဝင် သားအမိနှစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရပြီး ၄ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီဟာ စစ်ရှောင်တွေမှန်း သိလျက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

🤬31❤4😢4👎1🔥1
■ဆောင်းပါး
အင်းစိန်ထောင်ပိုင်တွေရဲ့ လိင်အမြတ်ထုတ်မှုများ
ဒီပ/People's Spring
အင်းစိန်ထောင်ထောင်ပိုင် နဲ့ ဒုတိယထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ဆန္ဒပြတဲ့ပုံတွေကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ဖော်ပြခံရတဲ့အတွက် ဒုက္ခမရောက်အောင် ကူညီပေးတယ် လို့အကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထုနွေဦးကို ပြောကြားပါတယ် ။
အထူးသဖြင့် အင်းစိန် ဒုထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အဝေးရောက်နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကို
အခြားသူတွေနဲ့ အတင်းဖိအားပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်ပေါ်က + 18 အခပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်တွေ ဆက်မတင်စေချင်ရင် ငွေပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်ဆွေ တစ်ယောက်နဲ့သွားအိပ်ပေးဖို့ စသဖြင့် အကောင့်တုတွေသုံးပြီး ဆက်
တိုက်ခြိမ်းခြောက်နေတယ်လို့ ကျူးလွန်ခံရသူက ပြောပါတယ် ။
ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်(DSA)ကျောင်းဆင်းပြီး စစ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင် (ခ) ပြည့်ဖြိုးထွန်း က
အသက် ၁၈ နှစ်အရွယ်ရှိ မိန်းကလေးကိုစချဥ်းကပ်ခဲ့တာပါ ။
"စသိတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးလဲဆိုတော့ ညီမကစာအုပ်ဖတ်တာ ဝါသနာပါတော့ ညီမတစ်ယောက် အကိုတစ်ယောက်အနေနဲ့ပဲစသိတာ ။သူက ကလေးမဆိုပြီး အနားရောက်လာတယ် ။အစက လက်ထပ်ထားတဲ့ ပုံတွေ တင်ထားလို့(ဖေစ်ဘွခ်မှာ) လက်မခံခဲ့ပါဘူး။၂၀၂၃ နှစ်ဝက်လောက်မှာ မိန်းမကနိုင်ငံခြားမှာကွဲပြီဖြစ်ကြောင်းညီမကိုသဘောကျကြောင်းပြောလို့" လိင်အမြတ်ထုတ်ခံခဲ့ရသူကဖြစ်စဥ်ရဲ့အစကိုပြောပါတယ် ။
မင်းဝင်းခိုင် (ခေါ်)ပြည့်ဖြိုးထွန်းက ဒီလိုပုံစံနဲ့ ချဥ်းကပ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သမီးရည်စားအဖြစ်တွဲခဲ့ကြပါတယ် ။သမီးရည်စားဘဝ အစောပိုင်းမှာ အမျိုးသမီးငယ်က ဟင်းချက်ကောင်းလို့ဆိုပြီး ထမင်းဟင်းတွေ ချက်ခိုင်းပြီး အင်းစိန်ထောင်ကိုမကြာခဏပို့ခိုင်းလို့ ပို့ပေးရတက်သလို ၊ဒုထောင်
ပိုင်ဖြစ်တာမို့ တစ်လ မှာ တစ်ကြိမ် နှစ်ကြိမ် လောက်ပဲချိန်းတွေ့ကြတယ်လို့ ဆိုပါတယ်။
ချစ်သူရည်စားဘဝ လနည်းနည်းကြာလာတဲ့အခါ
ပြသာနာကပေါ်လာပါတယ် ။အဲတာကတော့မင်း
ဝင်းခိုင် (ခေါ်)ပြည့်ဖြိုးထွန်းကတခြားသူတွေ ကာမဆက်ဆံတာကိုကြည့်ပြီးမှ ရည်စား နဲ့ အိပ်တာချင်သူဖြစ်နေတယ်လို့ ဆိုပါတယ် ။ ၂၀၂၄ စက်တင်ဘာလမှာတော့ မင်းဝင်းခိုင် (ခေါ်)ပြည့်
ဖြိုးထွန်းရဲ့ရည်စားဟာ နွေဦးတော်လှန်ရေးကိုအားပေးသူ ၊ဆန္ဒပြခဲ့သူဆိုပြီး ဟန်ငြိမ်းဦးတယ်လီဂရန်မှာ ရေးပြီးအတင်ခံရပါတော့တယ် ။
ဟန်ငြိမ်းဦးတယ်လီဂရန်မှာ အတင်ခံရတာကြောင့် အမျိုးသမီးငယ် ဒုက္ခမရောက်အောင် အင်းစိန်ထောင်ပိုင် လုပ်ခဲ့တဲ့ ဇော်လင်းအောင် နဲ့ မင်းဝင်းခိုင်(ခေါ်) ပြည့်ဖြိုးထွန်းတို့က ကူညီကာကွယ်ပေးခဲ့တယ်ဆိုပြီး ဇာတ်လမ်းလုပ်ပါတယ် ။ အဲဒီနောက် အမျိုးသမီးကို ဇော်လင်းအောင်နဲ့ အတူအိပ်ခိုင်းပါတယ် ။ ကိုယ့်ရဲ့ ရည်စားကို တခြားသူနဲ့ အိပ်ခိုင်းတာတောင်မှ ရိုးရိုး မဟုတ်ပဲ သူရဲ့ရှေ့မှာပါ သုံးယောက်အတူ ဖိအားပေးပြီးအိပ်ခိုင်းခဲ့တယ်လို့
သိရပါတယ် ။
"ငြင်းတဲ့အခါ ဟန်ငြိမ်းဦးဟာပါတာကို ဒုက္ခမရောက်အောင်လုပ်ပေးခဲ့တဲ့ကျေးဇူးကိုတောင်
မထောက်ဘူ။ ကျေးဇူးမသိတက်ဘူး ။ဒီခေတ်လူတွေရိုင်းတယ်ဆိုပြီး ဖိအားပေးတာ" လို့ ကျူးလွန်းခံရသူကရင်ဖွင့်ပါတယ် ။
ဇော်လင်းအောင်ရော ၊မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းတို့ ၂ဦးစလုံးက DSA ကျောင်းဆင်းတွေဖြစ်ပြီး စစ်ဘက်မှအရပ်ဘက်ပြောင်းခဲ့သူတွေဖြစ်ပါတယ်။တကယ်တော့ ဇော်လင်းအောင်ဟာ မိသားစုရှိပြီး သမီးငယ်တစ်ဦးလည်းရှိပါတယ် ။ အင်းစိန်ထောင်ပိုင်ကနေ အခုနှစ်ပိုင်းရာထူးတိုးပြီး မန္တလေး အကျဥ်းဦးစီးကိုပြောင်းရွေ့သွားပြီလို့သိရပါတယ်။ ဒါအပြင် သူဟာ မော်ဒယ်လ် သံသာမိုးသိမ့်ကို စပွန်ဆာပေးထားသူလို့ အခြားသတင်းရင်းမြစ်အချို့ကပြောပါတယ် ။
"ညီမက လက်မခံဘူး ။မလုပ်နဲ့ တောက်လျှောက် အော်ဟစ်ငြင်းနေခဲ့တာ။ ဒါလေးလိုက်လျောပေးလို့မရနိုင်ဘူးလား။ငြင်းရင် ကိုကို ဒုက္ခရောက်သွားမှာပေါ့တဲ့"
အဲဒီလိုထောင်ပိုင် နဲ့ အိပ်ပေးရတဲ့အချိန်မှာ ဒုထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းကပါ ဘေးကနေ ရည်စားဖြစ်သူကိုလိုက်လျောပေးဖို့ သူပါအတူ ၃ ယောက်အိပ်ခိုင်ခဲ့တာလို့ ကျူးလွန်ခံရသူကဆက်ပြောပါတယ် ။
အဲဒီလိုပုံစံနဲ့ ကျေးဇူးရှိတယ် အကြောင်းပြပြီး ၃ ယောက်အတူ နှစ်ကြိမ်တိုင်လိင်အမြတ်ထုတ်ခံခဲ့ရတယ်လို့သူမကဆက်ပြောပါတယ် ။နေရာတွေကတော့ Hotel Sydney နဲ့ Hotel 9 Mile လို့သိရပါတယ် ။

😡23❤15👎1
ဒါကြောင့်ဟန်ငြိမ်းဦးမှာ သူမကို တော်လှန်ရေးနဲ့ဆက်စပ်တယ်ဆိုပြီး အတင်ခံရတာဟာလည်း ပြန်သုံးသပ်ကြည့်တဲ့ အင်းစိန်ထောင်ပိုင်နှစ်ဦးကသတင်းပေးပြီး ခဲ့တာဖြစ်ဖို့ပိုများနေတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတဦးကပြောပါတယ် ။ဟန်ငြိမ်းဦး တယ်လီဂရန်မှာပါလို့ အဖမ်းမခံရအောင် အကာအကွယ်ပေးတယ်ဆိုပြီး လိင်အမြတ်ထုတ်တာကိုစိတ်တိုင်းကျ ကျူးလွန်ရအောင်လုပ်ခဲ့တဲ့ထောင်ချောက်ဖြစ်ဖို့များတယ်လို့အထက်ပါတက်ကြွလှုပ်ရှားသူကပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဒီလိုဖြစ်ရပ်မျိုးတွေ ဘယ်လောက်တောင်များနေပြီလဲမသိဘူးလို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူကဆက်ပြောပါတယ် ။
ဟန်ငြိမ်းဦးမှာပါအောင်လုပ်တာဟာ ထောင်ပိုင်၂ ဦးပဲဖြစ်နိုင်တယ်လို့လည်း ကျူးလွန်ခံရတဲ့အမျိုးကလည်းပြောပါတယ် ။အတင်ခံရတဲ့ဓါတ်ပုံတွေဟာ သူတို့ဆီကပဲရတာဖြစ်ဖို့များတယ်လို့သူမကဆက်ပြောပါတယ်။
ပိုပြီးထူးဆန်းတဲ့ဖြစ်ရပ်ကတော့တစ်ရက်မှာ ဇော်လင်းအောင် နဲ့ စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဌာနက အရာရှိအမျိုးသမီးတဦး ဟိုတယ်မှာချိန်းတွေ့ပြီးဇော်လင်းအောင်ကပြန်သွားပါတယ်။ အဲဒီနောက်အကောက်ခွန်ကအမျိုးသမီးဟာမင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းတို့အတွဲ ချိန်းတွေ့တဲ့ အခန်းထဲထိလိုက်လာပြီး အမျိုး
သမီးချင်းပါ ဖိအားပေးအိပ်ခိုင်းပါတယ်။မမျှော်လင့်ထားတဲ့အတွက် အဆင်မပြေဘူးလို့ ပြောပြီးအိမ်သာထဲဝင်ပုန်းပေမယ့် မင်းဝင်းခိုင်က ဖိအားပေးထွက်ခိုင်းသလို ၊မနေချင်တာကြောင့်ဟိုတယ်က ပြန်ဖို့စိတ်ကူးပေမယ့် စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားချိန်ထဲရောက်သွားပြီမို့ လက်လျှော့ခဲ့ရတယ်လို့သူမကဆိုပါတယ် ။ ဒါကြေင့် အမျိုးသမီး နှစ်ယောက် နဲ့ မင်းဝင်ခိုင် တို့ ၃ ယောက်အတူအိပ်ခဲ့ရတယ်လို့ လိင်အမြတ်ထုတ်ခံခဲ့ရသူကပြောပါတယ် ။
"သူတို့ကမိန်းမချင်းလှယ်အိပ်တာတွေ ၊ထိုးကျွေးတာတွေ၊ group sex တွေက ပုံမှန်လိုဖြစ်နေတာ သူများတွေကဆေးသုံးလို့နော် ၊သူတို့ဆေးလုံးဝမသုံးဘူး အရက်ဘဲသောက်တာ။ ညီမလည်းသူဆေးမသုံးတော့ လူကောင်းဆိုပြီးယုံခဲ့မိတာ"လို့ သူမကဆက်ပြောပါတယ် ။
သူ့ကိုတကယ်ချစ်လို့မဟုတ်ပဲ လိင်အမြတ်ထုတ်ချင်တဲ့စိတ်တစ်ခုတည်းကြောင့် သိလာတာနဲ့ တွဲတာ တစ်နှစ်ဝန်းကျင်မှာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာအမျိုးသမီးငယ်ဟာထိုင်းကိုအလုပ်လုပပ်ဖို့ထွက်သွားပါတယ် ။ထိုင်းကို ရောက်ပြီး ပုံမှန်အလုပ်တစ်ခုရပြီး ရည်စားအသစ်လည်းရပြီဖြစ်သလို တစ်နှစ်ကျော်ကြာလာပြီမို့ အဖြစ်ဆိုးတွေကျန်ခဲ့ပြီ ဘဝ
သစ်စနိုင်ပြီလို့ ထင်ချိန်မှာ ပိုကြီးတဲ့ ပြသာနာတွေသူမဆီရောက်လာပါတော့တယ် ။
အဲတာကတော့ ဒုထောင်ပိုင်မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းနဲ့သမီးရည်စားအဖြစ်တွဲခဲ့တဲ့အချိန်တုန်းက အတူအိပ်ခဲ့တာတွေကို မင်းဝင်းခိုင်က
ဗီဒီယိုတွေရိုက်ထားပါတယ်။ရိုက်ထားပြီး မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းက ဖိုင်တွေဖျက်တယ်ဆိုပေ
မယ့် ဖေစ်ဘွခ်အကောင့်သစ်တစ်ခုက ၂၀၂၆ ဖေဖော်ဝါရီလမှာလာအပ်ပြီးကျပ်သိန်း ၈၀ မပေးရင် ဗီဒီယိုတွေကိုတင်မယ်လို့ခြိမ်းခြောက်ပါတယ်။ငွေမပေးတဲ့နောက် ၂၀၂၆ မေလဆန်းမှာဗီဒီယို
ဖိုင် ၁ ဖိုင်ကို 18+ အခပေးတယ်လီဂရန် ချန်နယ်အချို့မှာတင်လိုက်ပါတော့တယ် ။ အဲဒီဗီဒီယိုဖိုင်မှာ မိန်းကလေးကိုပဲ မျက်နှာနဲ့ ခန္ဒာကိုပါအောင်ရိုက်ပြထားပြီး အင်းစိန်ဒုထောင်ပိုင်ရဲ့မျက်နှာ ၊ကိုယ်လုံးတွေကိုတော့ရိုက်ပြမထားပါဘူး ။
အဲဒီလို ဗီဒီိုဖိုင်တွေကျန်နေသေးပြီးတယ်လီဂရန်မှာဆက်မတင်စေချင်ရင် ကျပ်သိန်း ၈၀ ပေးဖို့ ဆက်ခြိမ်းခြောက်အကျပ်ကိုင်ပါတယ် ။ ငွေမပေးချင်ရင်အမျိုးသမီးကထိုင်းမှာရောက်နေတာမို့ ထိုင်းက အမျိုးသားတစ်ယောက်နဲ့သွားအိပ်ပေးဖို့ ထပ်ခြိမ်းခြောက်သလို ၊မြန်မာနိုင်ငံကိုပြန်လာပြီး သူကြိုက်
တဲ့ပုံစံနဲ့ ၅ ကြိမ်အိပ်ပေးဖို့ ခြိမ်းခြောက်နေတာကို
ပို့ထားတဲ့စာတွေမှာတွေ့ရပါတယ် ။ မြန်မာနိုင်ငံကို ပြန်လာပြီး အိပ်ပေးဖို့ပြောတဲ့ လိင်ကိစ္စအသုံး
အနှုန်းတွေဟာ မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်း ပြောလေ့ရှိတဲ့အသုံးအနှုန်းတွေလို့သိရပါတယ်။
အမျိုးသမီးငယ်ဟာထိုင်းမှာအလုပ်လုပ်ရင်းရည်စားရနေပြီဖြစ်တာမှာ ၊အကောင့်သစ်နဲ့ လာပြောသူက ရည်စားကိုပါ ဖေစ်ဘွခ်ကတဆင့်လာပြောခြိမ်းခြောက်တာတွေလုပ်တယ်လို့လည်း သူမကပြောပါတယ်။အကောင့်သစ်ကို ဘလော့လိုက်တဲ့အခါအဲဒီပရိုဖိုင်းပုံမျိူးနဲ့ပဲ အကောင့်တုတွေဖွင့် လာAdd ပြီးဆက်တိုက်ခြိမ်းခြောက်ခဲ့ပါတယ်။လာပြောသူဟာ မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းဖြစ်တယ်ဆိုတာ သေ
ချာတယ်လို့ သူမကသုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုရင် သူတို့ တွဲခဲ့တဲ့ကာလမှာ သူတို့ ၂ယောက်ပဲသိတဲ့အကြောင်းအရာတွေကိုပြောတာ ၊ လိင်ကိစ္စတွေမှာပြောတဲ့ ဝေါဟာရတွေဟာအတူတူဖြစ်တာ ၊ စကားပြောဟန် ဆိုဟန်တူညီတာ ၊အပြန်
အလှန်ပြောစကားတွေမှာ မင်းဝင်းခိုင်ဖြစ်တယ်ဆိုတာမကြာခဏဝန်ခံတာ ၊ အင်းစိန်ထောင်မှာ မနက်အစောထ တန်းစီရတာကြောင့် အစောထတက်တဲ့ အလေ့အထရှိတဲ့ဒုထောင်ပိုင်ဟာ လူငယ်အများစုအိပ်လေ့ရှိတဲ့မနက်အစောပိုင်းတွေမှာ အမျိုးသမီးငယ်ဆီ အကောင့်သစ်ကနေစာတွေပို့ပြီး ခြိမ်းခြောက်တာတွေကြောင့် အကောင့်သစ်သုံးပေမယ့်သူဟာ မင်းဝင်းခိုင်ပဲလို့သူမကပြောပါတယ်

🤬23❤8
။
ဒါအပြင် ရည်စားဘဝက ဗီဒီယို ဖိုင်တချို့ဟာ သူတို့ ၂ ယောက်ဆီမှာပဲရှိပြီး သူမဆိုရင် ဖိုင်တွေပျံ့မှာစိုးတာကြောင့် ဖုန်းတွေကို တစ်ကြိမ်မှမပြင်ခဲ့သလို ဖုန်းအားလုံးကိုသိမ်းထားတယ်လို့သူမက ဆိုပါတယ် ။
အခုဖြစ်ရပ်တွေအတွက် အင်းစိန် ဒုထောင်ပိုင် မင်းဝင်းခိုင် (ခေါ်)ပြည့်ဖြိုးထွန်းကို People's Spring က မေလ ၁၂ ရက်မှာ ဆက်သွယ်မေးမြန်းတဲ့အခါ အဆိုပါ အမျိုးသမီးနဲ့ သူသမီးရည်စားမဟုတ်ပဲအဲလိုဖြစ်စဥ်တွေမရှိကြောင်း ၊အမျိုးသမီးငယ်ကသာသူ့ကို သိန်း ၈၀ ပေးဖို့ခြိမ်းခြောက်ခဲ့ကြောင်း ၊အကောင့်တုကလည်းသူမဟုတ်ပဲ ကျားဖြန့်သမားတွေက အမျိုးသမီးဆီဖုန်းဆက်ပြီး လိမ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ် ။
ဒါပေမယ့်အမျိုးသမီနဲ့ ရည်စားမဟုတ်ကြောင်းငြင်းဆိုပေမယ့် သူတို့အတူတွဲခဲ့တဲ့မှတ်တမ်းဓါတ်ပုံတွေကို People's Spring ကရရှိထားပါတယ်။
ဆက်ပြီးတော့ မင်းဝင်းခိုင် (ခေါ်) ပြည့်ဖြိုးထွန်းက သူဖုန်းတွေကိုဆိုရင် ကျားဖြန့်ကြောက်လို့ ဆိုင်တွေမှာမပြင်ဘူးလို့လည်းဆိုပါတယ် ။ဒါကြောင့် သူ့ရည်စားဟောင်းနဲ့အတူအိပ်ခဲ့တဲ့ဗီဒီယိုဖိုင်တွေဟာ ဖုန်းတွေကိုအပြင်ဆိုင်ပို့လေ့မရှိဘူးဆိုတာကြောင့် သူဖုန်းထဲမှာပဲရှိနေတယ်လို့သုံးသပ်ရပါတယ်။
ဒါအပြင် အင်းစိန်ဒုထောင်ပိုင်က ရည်စားဟောင်းအမျိုးသမီးငယ်ဆီကို ကြားလူတဦးကဆက်သွယ်ပြီး သူ့ကိုစွပ်စွဲရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာ
ပိုးလ်ကနေ တဆင့်ထိုင်းမှာဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်နေပြန်ပါတယ် ။ ဆက်လက်ပြီးတော့လည်း အမျိုးသမီးရဲ့ မိခင်နဲ့မိသားစုကို ဒုထောင်
ပိုင်ကသိတာကြောင့် အကောင့်တုနဲ့ ခြိမ်းခြောက်တာတွေဟာသူမဟုတ်ကြောင်း ၊အမျိုးသမီးတင်ထားတဲ့ပိုစ်တွေကိုဖျက်ပေးဖို့ ဖိအားပေးနေတယ်လို့စုံစမ်းသိရပါတယ် ။
People's Spring ရဲ့အခြားသတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိတဲ့အချက်အလက်တွေအရ အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်) ပြည့်ဖြိုထွန်းဟာ
လိင်ကိစ္စလိုက်စားသူဖြစ်ပါတယ်။ လက်ရှိမှာ
အကျဥ်းဦးစီးယဥ်ကျေးမှုဌာနက အမျိုးသမီးငယ်တဦးကို စပွန်ဆာပေးနေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းအချို့ကပြောပါတယ်။ဒါအပြင် အင်းစိန်ထောင် ဘင်ခရာတပ်ဖွဲ့က အမျိုးသမီးတဦးနဲ့
လည်းအတော်ကြာတွဲခဲ့သေးကြောင်းသိရပါတယ်။ အင်းစိန်ထောင်မှာ အမျိုးသမီးအနူပညာရှင်တွေရှိစဥ်ကလည်းအထူးပစားပေးခဲ့သလိုချဥ်းကပ်ဖို့ ကြိုးစားခဲ့တာတွေ့ရတယ်လို့လည်း ဝန်ထမ်းအချို့ကပြောပါတယ်။ဒါပေမယ့် အခုအခါမှာ အဝေးရောက်နေတဲ့သူ့ဇနီး ပြန်ရောက်နေတယ်လို့လည်းစုံစမ်းသိရပါတယ်။
အင်းစိန်ဒုထောင်ပိုင်ဖြစ်တာကြောင့် အကျဥ်းသားတွေအပေါ် မောက်မာလှပြီး ထောင်အတွင်းအဂတိမှုများလှသလို သူ့တပည့်ချစ်စမ်းမောင်းကတဆင့် နိုင်ငံရေးအကျဥ်းသားတွေအပေါ် ရိုင်းစိုင်းပြီး ညှင်းပန်းနှိပ်စက်မှုတွေမကြာခဏလုပ်တယ်လို့အင်းစိန်ထောင်က မကြာခင်ကလွတ်လာသူအချို့ကပြောပါတယ် ။
အခုလို လိင်အမြတ်ထုတ်ခံခဲ့ရသလို ၊ ရည်စားဘဝအတူနေခဲ့တဲ့ ဗီဒီယိုဖိုင်တွေကိုပါ တယ်လီဂရန်ချန်နယ်မှာတင်ခံရတာတွေကြောင့် များစွာထိခိုက်ခဲ့တဲ့အမျိုးသမီးကို ယခုဖြစ်ရပ်တွေကနေ ဘာလိုချင်လဲလို့မေးတဲ့အခါကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရစေချင်ပြီး တရားမျှတမှုလိုချင်တယ်လို့သူမကပြောပါတယ်။
"ညီမလိုလိင်အမြတ်ထုတ်ခံရတဲ့ကောင်မလေးမျိုးထပ်မရှိစေချင်ပါဘူး။မဟုတ်ရင်တောင် ဒီဆူးမှမနှုတ်မရရင် ရုတ်တရက်သေသွားရင်တောင် အသေမဖြောင့်နိုင်ပါဘူး"လို့ လိင်အမြတ်ထုတ်ခံခဲ့ရတဲ့သူမကရင်ဖွင့်ပါတယ် ။ ။

❤13🔥10👍6
အင်းစိန် ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်း ၊ ထောင်ပိုင်ဟောင်း ဇော်လင်းအောင် ၊
အမျိုးသမီးကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်မှာတင်ခဲ့တဲ့ပိုစ် ၊ အတူအိပ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို 18 + တယ်လီဂရန်ချိန်နယ်လ်မှာတင်ထားစဥ် ၊ အ
ကောင့်သစ်နဲ့ ခြိမ်းခြောက်ထားတာတွေကိုတွေ့ရစဥ်

🤬38🤮4❤2👎1