People's Spring
63.2K subscribers
65.8K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(လက်နက်ကြီးကျခဲ့သည့် ရှမ်းထူးရွာကို စစ်တပ်က ၂၀၂၃ ဇွန်လမှာ မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓါတ်ပုံ Chaung U Revolution)
😢26🤮4😁3🤬3
ချင်း-မကွေးအစပ်ဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

မေ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ ဆောမြို့နယ်တွေ စစ်တပ်က လေကြောင်းကဗုံးကြဲတာတွေ အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် အပြင်းအထန် လုပ်နေပါတယ်။

မေလ ၁၁ရက် ညသန်းခေါင်ကနေ မေလ ၁၂ရက် ညအထိ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ အနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ၁၁ကြိမ်ပြုလုပ်ခဲ့သလို မင်းတပ်နဲ့ ဆက်စပ်နေတဲ့ ကန်ပက်လက်မြို့ကိုလည်း မနေ့ည (မေလ ၁၂ရက်ည) မှာလည်း တိုက်လေယာဉ် ၂စီး၊ Y12 လေယာဉ် တို့ သုံးပြီး ၁၂ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ အတွဲလိုက်ဗုံးတွေပါ အသုံးပြု တိုက်ခိုက်သွားပြီး ထိခိုက်မှု အခြေအနေ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီနေ့ မေ ၁၃ရက်မနက်မှာ စစ်တပ်ဟာ မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့သလို အဲဒီ ဗုံးကြဲခဲ့တဲ့နေရာကို Y12နဲ့ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ပေါ်ကိုလည်း ဒီကနေ့ လေကြောင်းကနေ ကင်းထောက်တာတွေဆက်လက် ပြုလုပ်နေလို့ လူစုလူဝေး ရှောင်ရှားကြဖို့လည်း ဒေသခံက သတိပေးထားပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က စစ်တပ်ရဲ့ မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု အခြေအနေတွေကို သတင်းထုတ်ပြန်ထားရာ မေလ ၁၁ရက်ကနေ ၁၂ရက်အတွင်းလေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိဟု အသိပေးထားပါတယ်။

ပြည်သူတွေ လူစုလူဝေး ရှောင်ဖို့ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ အသင့်ထားရှိဖို့ ထောက်လှမ်းရေးဒရုန်း၊ ကင်းထောက်လေယာဉ်တွေနဲ့ လေကြောင်း သတင်းတွေ နားစွန့်ပြီး လေကြောင်း သတိထားဖို့ လည်း နှိုးဆော်ထားပါတယ်။

စစ်တပ်ဟာ ဧပြီလကုန်ပိုင်းကလည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၉ဦးသေဆုံးခဲ့ပါတယ်။ တဖက်မှာလည်း ချင်းမကွေး အစပ်ဒေသတွေကို စစ်တပ်က အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ချင်းပြည်သူ့အစည်းအရုံး တာဝန်ရှိသူတွေကတော့ စစ်တပ်ထိုးစစ်ဆင်လာပါက ခုခံတိုက်ခိုက်ဖို့ ထိန်းချုပ်နယ်မြေကို ကာကွယ်ဖို့ ပြင်ဆင်ထားကြောင်း အသိပေးထားပါတယ်။
🤬26👍3👎31🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ - Ĥkl Mindat
🔥18🤬10👎6👏1
ကြံဖွံ့ပါတီရဲ့ အမတ်​ဟောင်းလည်းဖြစ် ၊စစ်သား​ဟောင်းလည်းဖြစ် ၊စစ်တပ်အတွက်ဝါဒဖြန့်​ပေး​​နေတဲ့ဘူးလက်လှ​​ဆွေကဆိုရင် အာဏာရှင်နိုင်ငံ​တွေက အတိုက်အခံ​ခေါင်း​ဆောင်​တွေကို နိုင်ငံ​ရေးကဖယ်ထုတ်တာ ၊လုပ်ကြံတာ​တွေအထိပါနမူနာ​ပေးပြီး ​ဒေါ်​အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ဖို့ ၊လုပ်ကြံဖို့အထိပါသ​ဘော​ရောက်​အောင် အန္တရာယ်များလှတဲ့ စကား​တွေကိုပါ အထိန်းအကွပ်မရှိ​ပြောခဲ့ပါတယ် ။

​ဒေါ်​အောင်ဆန်းစုကြည်အသက်ရှင်လျက်ရှိ​ကြောင်း​သက်​သေပြ​ပေးဖို့ လှုပ်ရှားမှု​တွေပိုမိုကြီးမားကျယ်ပြန့်လာတာနဲ့ အမျှ စစ်အုပ်စုက လူထုကို အာရုံ​ပြောင်းဖို့ ကြိုးစားတဲ့ဖြစ်စဥ်​တွေပိုများလာပါတယ် ။

ရန်ကုန်မှာ ပုဏ္ဏကတိုက်ပြီး ပန်းချီကားထဲက ဘီလူးးကအပြင်​ရောက်လာတာ ၊ ​ညောင်ရွက်​တွေ ​ရွှေအိုရောင်​​ပြောင်းကုန်လို့ စစ်တပ်ဝန်ထမ်း​တွေ သွားဖူးခိုင်းတာ ၊ ဘုန်းကြီးက ကိုရင်​လေးကို နှိပ်စက်ညှင်းပန်းတဲ့ ဗီဒီယိုဖိုင် အ​ဟောင်းတင်ပြီး အခုမှ ဖြစ်သလို လုပ် အ​ရေးယူပြတာ​တွေ ၊ စစ်တပ်ထိန်းချုပ်မှု​အောက်က မယ်ပြိုင်ပွဲမှာ မယ်သီလရှင် ဝတ်ရုံဝတ်တယ်ဆိုပြီး အ​ရေးယူ
တာ​တွေ စတဲ့ ဇာတ်လမ်းမျိုးစုံကို တစ်ခုပြီးတစ်ခု
​ပေါ်​နေပါ​တော့တယ် ။ ဒါ​ပေမယ့် စစ်တပ်ထိန်းချုပ်မှု​အောက်က မီဒီယာ​တွေ​ရော၊ စစ်တပ်ဝါဒဖြန့် မီဒီယာ​တွေ​ရောက ​​ဒေါ်​အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိ​ကြောင်းသက်​သေပြဖို့
​တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု​တွေ အ​ကြောင်ူကို​တော့ တစ်လုံးမျှ မ​ဖော်ပြကြပါဘူး ။

ရှစ်​လေးလုံး​တော်လှန်​​ရေးက​နေ အခု​နွေဦး​တော်လှန်​ရေးအထိ့ ပြည်သူနဲ့အတူရပ်ခဲ့တဲ့ ​တော်လှန်​ရေးသမားတဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကလည်း
ပြည်သူ​တွေအ​နေနဲ့ စစ်တပ်ရဲ့ဝါဒဖြန့်ချီ​ရေး​တွေကို သတိထားကြဖို့ အာရုံမပြန့်ဖို့ တိုက်တွန်းပါတယ်။ အရင်းအမြစ်​တွေ​ပေါများတဲ့စစ်အုပ်စုက ဝါဒဖြန့်ချီ​ရေးအတွက် ​ငွေ​ကြေးအများကြီးအသုံး
ပြုပြီး ပုံစံမျိုးစုံလုပ်နိုင်တာကိုသူက​​ထောက်
ပြပါတယ် ။

"ပြည်သူတွေရှင်းလင်းနေအောင်လို့ ဒီတော်လှန်ရေးကို
တာဝန်အသီးသီးယူထားတဲ့သူတွေကလည်း ကောင်းစွာရှင်းတဲ့ သတင်းစကားတွေကို ပြောဖို့လိုသလို ပြည်သူလူထုကလည်း ကိုယ်ဘယ်လိုအရာမျိုးကို ‌ရွေးချယ်ယုံကြည်ရမလဲဆိုတာကို တစ်သက်စာ အတွေ့အကြုံတွေနဲ့ရွေးပါ။ ပြီးတော့ နားထောင်ပြီးတော့မှ မိမိဉာဏ်ပညာနဲ့ ပိုင်းခြားပြီးတော့ ဆုံးဖြတ်ပါ။ အတူချီတတ်ကြပါမယ်။ အတူပန်းတိုင်ရောက်အောင်လည်း သွားရမယ်လို့မြင်ပါတယ်ဗျ"လို့ ဦးမင်းကိုနိုင်က တိုက်တွန်းပါတယ် ။

https://youtu.be/pWCZxaydsvw?si=_i3GtRDaEMkjSX3u
30👍12💩2🤣2🔥1
ဝက်လက်နယ်အရှေ့ခြမ်း စစ်တပ်လေကြောင်းတိုက်မှု သံဃား ၁ပါးနဲ့ ပြည်သူ ၁ဦး ဒဏ်ရာရ

မေ-၁၃၊ ၂၀၂၆။ ရှိန်း/People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၁ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒီနေ့ မေလ ၁၃ ရက် နေ့လယ် ၁၂နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့ သိရပါတယ်။

"ဘာမှမရှိဘူး အဲဒီနေရာမှာ။ စစ်ရှောင်လည်း မထားဘူး။ ဒီနေရာက ဘာမှမရှိတဲ့ နေရာကို ဝင်ပစ်သွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကိုရင်ကြီး ၁ပါးနဲ့ ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးအပါအဝင် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒီရက်ပိုင်းအတွင်း စစ်တပ်က ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်က ဘုန်းကြီးကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ရွှေဘိုမြို့နယ် မဲတောရွာကို စစ်တပ်က မေလ ၁၁ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ၄ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
🤬20👎9👍2🔥21👏1
(စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
🤬35👍4👎42🔥1
အကြမ်းဖက်မှုတွေ ဆက်ရှိနေရင် စစ်တပ်ရွေးကောက်ပွဲကို အာဆီယံအသိအမှတ်ပြုဖို့ ခဲယဥ်းနေမယ်လို့ ဆို

မေ-၁၃၊ ၂၀၂၆။ People’s Spring

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၁ရက်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဆီကို စာရေးသားပေးပို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုရဲ့ အကြောင်းပြန်စာထဲမှာတော့ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး အကြမ်းဖက်မှုလျော့ကျရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ ကြားဝင်ဖျန်ဖြေရေးတို့ဆီ ဦးတည်တဲ့ တိုးတက်မှုတွေ ဖြစ်လာမှာလည်းဖြစ်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ဆိုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေးအတွက် သံတမန်လမ်းကြောင်းတွေကတဆင့်လည်း တစိုက်မတ်မတ်တောင်းဆိုနေတယ်လို့ ရန်ကုန်လွှတ်တော်က ထုတ်ပြန်တဲ့ အထူးကိုယ်စားလှယ်ရဲ့ စာမှာ ပါရှိပါတယ်။

တဖက်မှာလည်း အာဆီယံဟာ ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့လည်း ထိတွေ့ဆက်ဆံမှု ဆက်ရှိနေမယ့်အကြောင်း အထူးကိုယ်စားလှယ်က အသိပေးပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်က ဘုံသဘောတူညီချက် ၅ရပ်ကို ပြည့်ဝထိရောက်စွာ အကောင်အထည်ဖော်ဖို့ ရှင်းလင်းပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးဆိုရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံက ရှုမြင်ကြောင်း အထူးကိုယ်စားလှယ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမှာ အာဆီယံက စစ်တပ်ရွေးကောက်ပွဲတွေနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အသိအမှတ်ပြုဖို့ ဘုံသဘောတူညီချက် မရရှိခဲ့ဘူးလို့ အထူးကိုယ်စားလှယ်က အသိပေးပါတယ်။

အာဆီယံအနေနဲ့ လူထုခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အရွေ့တခု အဖြစ် ရှုမြင်ကြောင်းနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲများအပေါ် အာဆီယံအဖွဲ့အစည်း အတွင်း သဘောတူညီမှုမရှိကြောင်း ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ကို အသိပေးပြန်ကြားလာခြင်းက ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ သံတမန်ရေးရာ ထိတွေ့ဆက်ဆံခြင်း အောင်မြင်မှုနဲ့ နိုင်ငံ တကာ မျက်နှာစာမှာ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ မြင့်မားလာမှုကို ပြသနေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
👍366👏5🥰1🤣1
(မကြာသေးမီက အာဆီယံအစည်းအဝေးတစ်ခုမှာ တွေ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ဆီ ပေးပို့စာ။ ဓာတ်ပုံ - ASEAN၊ Yangon Hluttaw)
👍429
အင်းတော်မှာ စစ်တပ် ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ အရပ်သား ထိခိုက်သေဆုံး
မေ-၁၃၊ ၂၀၂၆။ မိထက်/People's Spring
အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကြီးရွာမှာ တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသားသုံးဦး မိုင်းနင်းမိတာလို့ သိရပါတယ်။
"စစ်တပ်က မြို့ထဲမှာ အခိုင်အမာတပ်စွဲထားပြီး ရွာတွေဘက်မှာ မိုင်းတွေ လိုက်ထောင်ထားတယ်။ ကန့်ကွက်မရဲဘူး။ ကန့်ကွက်ရင် ဖမ်းမှာ။ ဟိုတနေ့က မိုင်းကွဲတော့လည်း လာကြည့်ပြီး ပြန်သွားတာပဲ။ မိုင်းတွေက ကျန်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ဒီနေ့ မေလ ၁၃ရက် မနက်ပိုင်းမှာ ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ သေဆုံးသူတစ်ဦးကို ရွာမှာပဲ သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရသူနှစ်ဦးကို မြစ်ကြီးနားဆေးရုံဆီ ပို့ဆောင်ကာ ကုသနေတယ်လို့ သိရပါတယ်။
အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာကနေ ပြီးခဲ့တဲ့ ဧပြီမှာတော့ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့တာပါ။ အင်းတော်မြို့အနီး တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် စစ်တပ်က Non CDM ဝန်ထမ်းတွေကို ပို့ဆောင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးပမ်းနေပါတယ်။
🤬325👎3😡1
(အင်းတော်မြို့ထဲ ဝင်လာတဲ့ စစ်တပ်က သူတို့ကို ကြိုဆိုဖို့ တစ်အိမ်တစ်ယောက် အတင်းအကျပ်ခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဓာတ်ပုံ - Screen-grab)
🤬28👎9😡61🖕1
ရွှေဘိုမှာ JICA အစီအစဉ်ပျက်သွားတဲ့ တံတားကို ဒေသခံတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်တည်ဆောက်

​မေ ၁၃၊ ၂၀၂၆။ဟာနာဆန်/People's Spring

​စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ကနေ ဆောက်လုပ်ပေးဖို့ စီစဥ်ခဲ့ပြီး အစီအစဥ်ပျက်သွားတဲ့ တံတားကို ဒေသခံပြည်သူတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော် တည်ဆောက်နေ​ပါတယ်။

အဆိုပါတံတားဟာ ရွှေဘိုအနောက်ခြမ်းရှိ မူးမြစ်ဆီဆင်းတဲ့ ချောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ဒေသခံတွေအတွက် အဓိက ကျတဲ့လမ်းပိုင်းဖြစ်ကြောင်း၊တံတားတည်ဆောက်ရေးကို ကျေးရွာနှစ်ရွာက တစ်ရွာ ကျပ်သိန်း ၄၀၀ အဓိကမတည်ခဲ့တာဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် သိန်း ၂,၀၀၀ ကျော် ခန့်မှန်းထားကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

"အရင်ကတော့ JACA က ဆောက်ပေးဖို့ရှိတာ အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်မယ့်အစီအစဥ်ပျက်သွားတာပါ။ အခုက ကျေးရွာနှစ်ရွာမတည်ပြီးဆောက်တာပါ"လို့ ၎င်းကော်မတီဝင်က ပြောပါတယ်။

အဆိုပါတံတားဟာ ဒေသခံကျေးရွာတွေရဲ့ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အဓိကကျတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပြီး လက်ရှိဒေသတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် ခရီးသွားလာသူအားလုံး အစစအရာရာ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး တည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

​ငွေကြေးအခက်အခဲကြောင့် လက်ရှိမှာ ကျပ် သိန်း ၃၅၀ ခန့် အကြွေးတင်နေပြီး တံတားလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ဖို့အတွက် အလှူငွေများကို ဆက်လက်ကောက်ခံနေကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

တံတားကို လုပ်ငန်းစတင်တာ ၄ လခန့် ရှိပြီဖြစ်ပြီး တံတားအမျိုးအစားမှာ အသားတံတား ဖြစ်ကာ အလျား ၁၈၃ ပေ၊ အနံ ၁၅ ပေ ရှိကြောင်း၊အသားမာ တန်ချိန် ၂၀ ကျော် အသုံးပြုထားကြောင်း သိရပါတယ်။
👍409🥰1😁1
(ချောင်းကူးတံတားတည်ဆောက်နေစဥ်။ ဓါတ်ပုံ-ဒေသခံ)
👍485🔥1🥰1
မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်​ပြီးစစ်မှုထမ်းဖို့ခေါ်​ဆောင်

မေလ-၁၃၊၂၀၂၆။ဟာနာဆန်/People's Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေမေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်
ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။

အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့သားဖြစ်သူရဲ့မိခင်က လာရောက်လျှောက်ထားကာအကူညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါတွေ့ရပါတယ်။

ပေါ်တာဆွဲခံရတဲ့သူရဲ့မိခင်က ပြောပြရာမှာ ပြီးခဲ့
တဲ့ မေလ ၈ ရက် ည ၉ နာရီခွဲခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနော်ရထာလမ်း၊ ၅၀ ရပ်ကွက်က ၎င်းတို့ နေအိမ်ကို ၎င်းရပ်ကွက်က အုပ်ချုပ်ရေးမှူးဦးလှစိန်အပါအဝင် သိန်းထိုက်၊ နေဝင်းမောင်၊ အောင်ကိုလတ်တို့ ရောက်ရှိလာကြောင်း၊ ထို့
နောက် ထမင်းစားနေတဲ့ သားဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကျော်အောင်ဆိုသူကို လက်
ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတာဖြစ်ကြောင်း ဖမ်းဆီးခံရသူရဲ့ မိခင်က ပြောပါတယ်။

"လာဦးဆင်းလာဦးဆိုပြီး အောက်လည်းကျရော နေဝင်းမောင်က လက်ထိပ်ခတ်ပါတယ်။... နှစ်ဖက်စလုံး လက်ထိပ်ခတ်ခေါ်တယ်"လို့ မိခင်က ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အိမ်ထောင်ရှိပြီး ကလေး ၃ ယောက်ဖခင်ဖြစ်ကြောင်း သိရပါတယ်။

"စစ်မှုထမ်းထဲကိုထည့်မလိုခေါ်တာ။ နင်တို့မေးစရာအကြောင်းမရှိဘူးတဲ့။...လိုက်တောင်းပန်တော့ ရိုက်မယ်နှက်မယ်လုပ်တာ"လို့ မိခင်ဖြစ်သူက ဆရာတော်ကို လျှောက်ထားခဲ့ပါတယ်။

အဆိုပါလူငယ်ကို မြောက်ဒဂုံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခဲ့ပြီး နောက်တနေ့မနက် မိသားစုဝင်တွေ တွေ့ခွင့်ရတဲ့အခါ အုပ်ချုပ်ရေးမှူးက ရောင်းစားလိုက်တာလို့ ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

"ကောင်လေးကို မင်းတပ်ထဲကိုဝင်ရမယ်လို့ပြောတယ်တဲ့။ ကောင်လေးက ကျွန်တော့်မှာအဘွားကြီးလုပ်ကျွေးနေရတာ ကလေးကလည်း ၃ ယောက်နဲ့ ဘယ်လိုမှမဝင်နိုင်ဘူးလို့ ပြောတယ်တဲ့။ မဝင်နိုင်လည်းပဲ ဟိုမှာငါကရောင်းစားပြီးသွားပြီလို့ ပြောတယ်ဥက္ကဌက။"လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိခင်ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသမီးက "သိန်း ၈၀နဲ့"လို့ ဝင်ရောက်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဆရာတော်ကတော့ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေး​မြန်းတာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရန်ကုန်က ဆင်
ခြေဖုံးရပ်ကွက်တွေမှာအလုပ်သမားတချို့ ပျောက်ဆုံးခဲ့ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပါသေးတယ်။ စစ်ကောင်စီဟာ ဧပြီလထဲမှာပဲ စစ်မှုထမ်း အပတ်စဥ် (၂၄)ကို စတင်ခဲ့ပြီဖြစ်ပါတယ်။
🤬4110😡6🖕3👎1
အဖမ်းခံရတဲ့ လူငယ်မိသားစုက ဆရာ​တော်ထံ​လျှောက်ထားစဥ်
🤬32🔥8👍7🖕21😢1😡1
ဒီပဲယင်းအနောက်ခြမ်းကို စစ်တပ် ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ

မေ-၁၃၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက်ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ သုံးစီးအနက် ၂စီးက ညနေ ၃နာရီ ၄၈မိနစ်နဲ့ ၃နာရီ၅၀ မိနစ်မှာ ဗုံးကြဲသွားတာလို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။

" သုံးစီးတက်လာပြီး နှစ်စီးက ချသွားတာ။ ‌တစ်စီးက အနောက်ဖက်ကိုဆက်ပြီးတက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြေပြင်ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်တပ်က ယခုရက်ပိုင်းအတွင်းမှာ ရန်ကုန်နဲ့နေပြည်တော်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ဒီပဲယင်းမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေက ၂၀၂၄ ဩဂုတ်မှာ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ဩဂုတ် ၁၈ရက်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်လာလို့ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

စစ်တပ်က ဒီပဲယင်းမြို့မရဲစခန်း၊ အထကကျောင်းနဲ့ မြို့ပေါ်နေရာတစ်ချို့မှာတပ်စွဲထားပြီး ကျေးရွာတွေကို လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေရှိနေပါတယ်။

ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ယင်းမာပင်ခရိုင်ထဲမှာလည်း စစ်တပ် စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာနေသလို နေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

အရပ်သားပစ်မှတ်တွေကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ကိုအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကိုတောင်းဆိုတိုက်တွန်းမှုတွေ ရှိနေပါတယ်။
🤬333👍3👎2🔥1
(ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ သြဂုတ် ၁၈ ရက်မှာ ဗုံးကြဲစဥ်။ဓါတ်ပုံ - CJ)
🤬37👎21🔥1