“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အာဆီယံကို NUG တိုက်တွန်း
အာဆီယံက အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မေလ ၁၂ရက်မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုတို့နဲ့ပတ်သက်လို့ NUG နိုင်ငံခြားရေးက သဘောထားထုတ်ပြန်လိုက်တာပါ။ ခွဲခြားမှုမရှိအကြမ်းဖက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်သွားကြဖို့ ထိပ်သီးအစည်းအဝေးက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းချက်အပေါ် NUG က ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရှုတ်ချပြစ်တင်ပြောဆိုမှုတွေဟာ တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ တွဲဖက်ပါဝင်ရမှာဖြစ်တယ်လို့ တိုက်တွန်းပါတယ်။ အရပ်သားပြည်သူများနဲ့ အရပ်ဘက်အခြေခံအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနဲ့ အခြားသော ခွဲခြားမှုမရှိ အကြမ်းဖက်နေမှုများ ရပ်တန့်စေဖို့အတွက် အာဆီယံအနေနဲ့ ရှင်းလင်းပြတ်သားတဲ့ အချိန်ကာလ သတ်မှတ်ချက် တိကျစွာပါဝင်တဲ့ စံသတ်မှတ်ချက်များကို ချမှတ်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။ အာဆီယံအနေနဲ့ အဲဒီလိုယန္တရားများမချမှတ်ပါက အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မယ်လို့ NUG နိုင်ငံခြားရေးက ဖော်ပြပါတယ်။
◾️မြန်မာလုပ်သားကို အကြမ်းဖက်နှိပ်စက်တဲ့ တရုတ်အလုပ်ရှင် ၅ ဦးကို ထိုင်းရဲ ဖမ်းဆီး
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးကို အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်မှုမှာ ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နှစ်ဦးကို တရားရုံးမှာ စွဲချက်တင်ထားပြီလို့ စုံစမ်းသိရပါတယ်။ ထိုင်းနိုင်ငံ ရယောင်းပြည်နယ်က ဟော့ပေါ့ဆိုင်တစ်ဆိုင်မှာ တရုတ်လုပ်ငန်းရှင်ငါးဦးအပါအဝင် ခြောက်ဦးဟာ မြန်မာလုပ်သား ကိုသားသားဆိုသူကို အုပ်စုလိုက် အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုသားသားဟာ နှိပ်စက်ခံရမှုကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခုလို ပြန်လည်တရားစွဲဆိုဖို့ ဖြစ်လာတာလို့ အဲဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ ကိုနေလင်းသူက ပြောပါတယ်။ ဖမ်းမိထားတဲ့ ငါးဦးထဲက နှစ်ဦးကို တရားရုံးမှာ စွဲချက်တင်ထားနိုင်ပြီး သုံးဦးကို စစ်ဆေးနေတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။ တစ်ဦး လွတ်မြောက်နေဆဲဖြစ်ပေမယ့် ထိုင်းရဲတွေက သူ့ရဲ့အချက်အလက်တွေကို ရရှိထားပြီလို့ သူက ဆက်ပြောပါတယ်။ အုပ်စုဖွဲ့ကျူးလွန်သူ တရုတ်နိုင်ငံသားတွေကို အပြစ်ပေးနိုင်ဖို့ ပုဒ်မတွေ အများအပြားနဲ့ တင်ပြထားပေမယ့် ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ကိုနေလင်းသူက ပြောပါတယ်။
◾️ယင်းမာပင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်နေပြီး စစ်သားငါးဦး လက်နက်ခဲယမ်းတချို့ ယူဆောင်ကာ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဒီနေ့ ထုတ်ပြန်ပါတယ်။ တပ်မ(၃၃)နဲ့ ဘန့်ဘွေးကျေးရွာက ပျူစောထီးတွေပါတဲ့ အင်အင်း ၃၀၀ကျော်စစ်ကြောင်းကို တရော်ကျင်းရွာ နဲ့ ချောင်းမကျေးရွာ လမ်းပိုင်းတနေရာမှာ မေလ ၁၀ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်းက ၁၀ ဦးခန့် ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေထံက စစ်တပ်ခိုးယူလာတဲ့ ထွေလာဂျီတစ်စီးအပါအဝင် တခြားပစ္စည်းတွေကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပြည်သူတွေဆီ ပြန်ပေးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းက စစ်သား ၅ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတချို့ယူ အလင်းဝင်လာတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်က အင်အားအများအပြားနဲ့ ပြည်သူတွေကို ဒုက္ခပေးနေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရနိုင်တဲ့ နည်းလမ်းတွေသုံးကာ တိုင်ပွဲဝင်နေတယ်လို့လည်း ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဆိုပါတယ်။
◾️ထီးချိုင့်-ကသာလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းတိုက်ခံရ

👍12❤4🔥2
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်-ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။ ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်ထွက်လာတဲ့ စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို မေလ ၁၀ရက် ည ၈နာရီကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က စစ်ကား၂စီး ပျက်စီးပြီး မိနစ် ၄၀လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီနောက် တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ မြစ်ရိုးနား တလျှောက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ရင်ကွဲတောင်ဘက်ကနေ ကသာကို တက်ဖို့လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး
မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မေလ ၁၁ ရက် မနေ့က ညနေ ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်တပ် ဒုတပ်ရင်းမှူးဟာ ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေချိန် မစ်ရှင်အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ရေးဘီးလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ခလရ(၁၀၆)ဒုတပ်ရင်းမှူးနဲ့အတူ သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၄၊၅ ဦးပါပေမယ့် လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်ချိန် သူတစ်ယောက်တည်း ကားပေါ်ကျန်ခဲ့ချိန် ဝင်ပစ်ခဲ့ပြီး သေနတ်ဒဏ်ရာ ငါးချက်နဲ့ သေဆုံးတယ််လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ရှင်းပြပါတယ်။ ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။
◾️စစ်တပ်က KNUတပ်မဟာ ၃နယ်မြေကို အင်အားဖြည့် စစ်ကြောင်းထိုး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့ စစ်တပ်က တစ်ဖက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို စစ်အင်အား ရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မေလ ၁၁ရက်ကစပြီး ပဲခူးတိုင်း၊ ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပိုင်းအတိုင်း စစ်တပ်က အင်အားရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ မေလ ၁၁ရက်က စစ်ကား သုံးဆယ်ကျော်တယ်တက်သွားပြီး လမ်းဘေးက ရွာတွေကို ဝင်တာလည်းရှိသလို အဓိကကတော့ ကျောက်ကြီး ကားလမ်းပိုင်းကို နယ်မြေရှင်းပြီး အင်အားဖြည့်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ KNU တပ်မဟာ ၃နယ်မြေအတွင်းက ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်းဟာ စစ်တပ်အတွက် စစ်ဆင်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် စစ်ရေးအရ အရေးပါတဲ့ လမ်းတစ်ခုလည်းဖြစ်ပါတယ်။
◾️ရွှေကူနဲ့ မဘိမ်းမြို့ကြားမှာ တိုက်ပွဲဖြစ်နေ
ရွှေကူနဲ့ မဘိမ်းမြို့နယ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေ ပြောပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သလို ဒရုန်းနဲ့ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားတဲ့ ငါးအိုးကျေးရွာကနေ စစ်တပ်စစ်ကြောင်းဝင်လာလို့ KIA၊ PDFနဲ့ ကျောင်းသားတပ်မတော် ABSDFနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိစစ်ရေးအခြေအနေဟာ မြေပြင်တိုက်ပွဲထက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ မေလ ၁၂ရက် ညနေမှာ ပြောပါတယ်။ ငါးအိုးကျေးရွာအနီး ၅လမ်းဆုံမှာ ပြီးခဲ့တဲ့ ဧပြီလကုန်၊ မေလဆန်းမှာ ခလရ(၁၂၁)တပ်ရင်းက ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
◾️စစ်တပ်စစ်ကြောင်းကြောင့် ကျောက်ထု ဒေသခံ ၅,၀၀၀နီးပါး ဘေးလွတ်ရာ တိမ်းရှောင်
မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅,၀၀၀နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)ကတဆင့် ပေါက်-ကျောက်ထုလမ်းပိုင်းပေါ်က ကျေးရွာတွေကို မေလ ၁၁ရက် မနေ့က ဝင်ရောက်လာတာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ကျောက်မဲတောင်ရွာ၊ ကျောက်တံခါးရွာ၊ ပုံတောင်ခြေမှာ အင်အား ၃၀၀ ခန့် တပ်ဖြန့်ထားတယ်လို့ ပေါက်မြို့နယ် လူသားစာနာထောက်ထားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၁ရွာက ဒေသခံ ၅,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာစစ်ဘေးရှောင် စခန်းတွေကနေ ထပ်ဆင့်ဘေးလွတ်ရာဆီ တိမ်းရှောင်နေရတယ်လို့လည်း အသိပေးပါတယ်။
◾️စစ်ကိုင်းမှာ တစ်ရက်တည်း လူ ၁၅၀နီးပါး ပေါ်တာဆွဲခံရ

👍13❤4🔥3
စစ်ကိုင်းမြို့မှာ မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ မေလ ၁၁ ရက်က စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က လိုက်လံ ပေါ်တာဆွဲခဲ့ရာ တစ်ရက်တည်း လူတစ်ရာကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တပ်ဟာ စစ်ကိုင်းမြို့ပေါ်နေရာတွေဖြစ်တဲ့ မြို့မဈေးထောင့်၊ မြောက်ဘော်ဂါကျောက်ဝိုင်း၊ နန္ဒဝန်ရပ်၊ ပန်းဘဲတန်းရပ်၊ မင်းလမ်းရပ်၊ တကောင်းရပ်၊ စိန်ကုန်းရပ်၊ မြစ်ဆိပ်နဲ့ ကိုးပေတံတားစတဲ့နေရာတွေမှာ ပေါ်တာပတ်ဆွဲခဲ့တာဖြစ်ပြီး လူပေါင်း ၁၅၀ နီးပါး အဆွဲခံရတယ်လို့ စစ်ကိုင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပေါ်တာဆွဲခံလိုက်ရတဲ့ သူတွေထဲက စစ်ကိုင်းတိုင်းဒေသခံကလွဲလို့ အခြားဒေသခံတွေဆိုရင် ကျပ်သိန်း ၂၀၀နဲ့ ပြန်ရွေးခိုင်းတယ်လို့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
◾️ရွှေဘိုနယ် အနောက်ခြမ်း စစ်တပ် လေကြောင်းတိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၁ ရက် မနေ့က ညပိုင်း ၉နာရီခွဲခန့်မှာ မန္တလေးတံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မဲတောရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ လူလတ်ပိုင်း အမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံး ၃လုံး ကြဲချခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တချို့လည်း ဗုံးစထိမှန်ပျက်စီခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
◾️ကျောက်မဲမှာ ၁၀၂၇ စစ်ဆင်ရေးကာလ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံတစ်ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီနေ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ကျောက်မဲမြို့နယ်၊ ပန်ဟိုက်ကျေးရွာအတွင်းမှာ RPG ကျည်တစ်လုံးပေါက်ကွဲမှုကြောင့် အသက် (၃၃)နှစ်အရွယ် စိုင်းထွန်းဟန်ဆိုသူ သေဆုံးသွားတာဖြစ်ပါတယ်။ ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)ကသိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။

👍19🔥3
ရေကြည် အမြောက်တပ်(၃၄၄)တပ်ရင်းကို AAနဲ့မဟာမိတ်တွေ တိုက်ခိုက်
မေ-၁၃၊၂၀၂၆။ ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမှတ်(၃၄၄) အမြောက်တပ်(အမတ-၃၄၄)အနီးကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက တကျော့ပြန် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ဆက်စပ်နေပြီး ဂွ - ငသိုင်းချောင်းလမ်းပိုင်းဘေးက မြောက်စမ်းကျေးရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄) တပ်ရင်းကို မေလ ၉ရက်ကစပြီး AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
" မေလ ၉ရက်ကစပြီး တိုက်ပွဲပြင်းတာပဲ။ လေယာဉ်နှစ်ရက်ဆက်လာတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲပြင်းနေတယ်။ အဓိကက ၃၄၄ ရဲ့ကာကင်းတွေကို ချနေတာ။ တော်လှန်ရေးတပ်တွေကတော့ ဒေသခံတွေကို သတိပေးထားတယ်"လို့ ရေကြည်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
အမတ(၃၄၄)တပ်ရင်းကို ၂၀၂၅နှစ်စပိုင်းမှာ AAနဲ့မဟာမိတ်တွေက တိုက်ခိုက်ခဲ့ဖူးပြီး ကာကင်းစခန်းတွေကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။
စစ်တပ်က အမတ (၃၄၄)က အမြောက်တွေကို ကျုံပျော်မြို့က ခလရ(၃၇)တပ်ရင်းကို သွားပို့ထားတဲ့အထိ အထိနာခဲ့ပါတယ်။ ၂၀၂၅ နှစ် လယ်ပိုင်းမှာ အမတ(၃၄၄)တပ်ရင်းအနီးမှာ တိုက်ပွဲတွေရပ်တန့်သွားပါတယ်။
ဒါပေမယ့် ဧရာဝတီတိုင်းက လေးမျက်နှာ၊ သာပေါင်းဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ အမတ(၃၄၄)တပ်ရင်းအနီးမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာတာပါ။
ယခင်တိုက်ပွဲကာလက ဒေသခံတွေ စစ်ဘေးမရှောင်းးဖို့ စစ်တပ်က ဖိအားပေးခဲ့သလို အခုလည်း ကျေးရွာတွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
AAနဲ့မဟာမိတ်တွေဟာ လက်ရှိမှာ မကွေတိုင်းက ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာ၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)ကိုလည်း စစ်ရေးဖော်ဆောင်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။

👍52❤12🥰6👏3🔥1😁1
မင်းတပ်မြို့ကို စစ်တပ်က တစ်ရက်တည်း လေကြောင်းကနေ ၁၁ကြိမ်ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံး
မေ ၁၃၊ ၂၀၂၀၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ မင်းတပ်မြို့ကို မေလ ၁၁ရက်ည သန်းခေါင်ယံမှ မေလ ၁၂ရက် ည ၆နာရီခွဲအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁ကြိမ် ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
မေလ ၁၁ရက် ည ၁၁နာရီ ၄၅မှာ မင်းတပ်မြို့ပေါ် တနေရာကို တိုက်လေယာဉ်နဲ့ ၂ကြိမ်၊ မေလ ၈ရက် မနက်မှာ မင်းတပ်မြို့အနီး ၂ကြိမ်၊ မနက် ၁၁နာရီ မှာ မင်းတပ်မြို့ပေါ်ကို ၂ကြိမ်၊ ည ၆နာရီခွဲမှာ မင်းတပ်မြို့ပေါ်ကို ၅ကြိမ် လေကြော်ငး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ် ပြုလုပ်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးကာ အရပ်သား နေအိမ် ၁၅လုံး၊ အစိုးရရုံးဌာန အဆောက်အဦ (၁၀)ခု၊ မော်တော်ယာဉ် (၄) စီး ပျက်စီးမှုရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ပြည်သူများအနေဖြင့် လက်ရှိအချိန်အတောတွင်း လူစုလူတွေးများရှောင်ရှားပြီး မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ ထောက်လှမ်းရေးဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို နားစွင့်၍ လေကြောင်းသတိထားနေထိုင်ကြပါရန် ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါသည်” လို့လည်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့ကို အခု မေလအတွင်းမျာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်ရာမှာ လေကြောင်းတိုက်ခိုက်ခံရမှု ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်းလည်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အသိပေးထားပါတယ်။
မေလ ၈ရက်မှာလည်း စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ဒရုန်းနဲ့ စောင့်ကြည့်ကာ နေ့လည်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်သူတွေကို မီးလောင်ဗုံးတွေသုံး တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဆလိုင်းယောမာန်က အခုလို သတိပေးချက်ကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
" ၂၀၂၁ – ၂၀၂၃ စစ်ကောင်စီ ဗုံးကြဲပြီးသွားတာနဲ့… ဒေသခံတွေ ကယ်ဆယ်ရေးလုပ်ကြ၊ ဒဏ်ရာရသူတွေဆွဲထုတ်ကြ၊ ကူညီကြတယ်။ လေကြောင်း ထပ်ဆင့်မလာတော့ဘူး။၂၀၂၄-၂၀၂၅ … စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးကြဲပြီး ၁၅ မိနစ်၊ နာရီဝက်အကြာ… ဒေသခံတွေ မီးငြိမ်းနေတုန်း၊ ဒဏ်ရာရသူတွေ ဆွဲထုတ်နေတုန်း၊ ကူညီကယ်ဆယ်ရေးလုပ်နေတုန်း.. အချိန်ကိုက် နောက်တစ်ကြိမ် ဗုံးလာကြဲတယ်။၂၀၂၆ – စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးကြဲပြီး… နာရီ ၃ ချက်လောက် ဒေသခံတွေ စောင့်ကြည့်တယ်။ ဘာမှ လှုပ်ရှားမှု မရှိဘူး။ ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေ ဆွဲထုတ်နေတာလုပ်တယ်။ စကမ က အဲဒီလို လူစုလူဝေး ရှိ မရှိကို ဒရုန်းနဲ့စောင့်ကြည့်တယ်။ ပြီးမှ… လူစုလူဝေးရှိရာနေရာကို စောင့်ကြည့်ပြီး ထပ်ဗုံးကြဲတယ်” လို့ ဆလိုင်းယောမာန်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု အတွေ့အကြုံတွေကို ပြောထားပါတယ်။
စစ်တပ်ရဲ့ ဒရုန်းရန်ကို သတိထားဖို့ ၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အမြန်လုပ်ဆောင်ပြီး အမြန်လူစုခွဲဖို့ သတိပေးပါတယ်။
“ကယ်ဆယ်ရေးလုပ်နေတုန်းမှာလည်း.. သတိရှိပါ။ လူထုအနေနဲ့…. လူစုလူဝေး တတ်နိုင်သမျှ ရှောင်ပါ။ ဆိုင်ကယ်တွေ အစုလိုက်အပုံလိုက်ရပ်တာ၊ ကားတွေ အစုလိုက်ရပ်တာမျိုး ရှောင်ပါ။ လေကြောင်းသတင်း အမြဲနားစွင့်ပြီး… ကိုယ်ရောက်တဲ့နေရာတိုင်း အနီးအနားမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်း၊ ရေမြောင်း၊ ရေပြွန်၊ ဗုံးဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ရှိ မရှိ လေ့လာမှတ်သားပါ။ သတိ/အသိနဲ့ တော်လှန်ကြပါစို့” လို့ ဆလိုင်းယောမာန်က သတိပေးထားပါတယ်။

🤬31❤6👍3👎3🔥2👏1😁1
(မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)
👎25😡16❤2🔥2👏2😁1🤬1