People's Spring
63.2K subscribers
65.8K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(၄၈ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံကို ဖိလစ်ပိုင် စီဘူးမှာ ကျင်းပခဲ့စဥ်။ ဓာတ်ပုံ - ASEAN)
👍25🔥4😱2
ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းတိုက်ခံရပြီး စစ်သား၆ဦး သေ၊ လက်နက်နဲ့ ပစ္စည်းတွေ သိမ်းရ

မေ-၁၂၊၂၀၂၆၊ရှိန်း/People's Spring

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။

ထီးချိုင့်မြို့ကနေ ကသာမြို့ထွက်လာတဲ့ စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို မေလ၁၀ရက် ည၈နာရီကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က စစ်ကား၂စီး ပျက်စီးပြီး မိနစ် ၄၀ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့‌‌တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တဉီးက ပြောပါတယ်။

"မြစ်ရိုးနား တလျှောက်မှာ တိုက်ပွဲဖြစ်တာပါ။စစ်တပ်ကရင်ကွဲတောင်ဘက်ကနေ ကသာကိုတက်ဖို့လုပ်တာ။ကသာနဲ့ထီးချိုင့် အသွားအလာလုပ် နေတဲ့ယာဉ်တန်း ပေါ့"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မေလ ၁၁ရက်မှာလည်း အဲဒီလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းက ကားတွေပြုပြင် နေတဲ့အချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေကပြန်လည် ဝင်ရောက်တိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်သား ၆ဦး သေဆုံးပြီး စတားလင့်စက်တွေတခြားပစ္စည်း‌တွေအပါအဝင် လက်နက်၆လက် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က မေလ၉ရက်မှာ မန္တလေးမြို့က Non-CDM ဝန်ထမ်းတွေအပါအဝင် စစ်သား၊လက်နက်ခဲယမ်းပါတဲ့ ကားတွေဟာ ပြည်သူပိုင်ကား တွေကိုပါ ချောဆွဲပြီး စစ်ကားအစီးရေ ၄၀၀ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းနဲ့ မော်လူး၊အင်းတော်မြို့တို့မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ကြိုးစားနေပြီး ဒီကနေ့မှာ ယာဉ်တန်းတချို့အင်းတော်မြို့ကို ရောက်တယ်လို့ သိရပါတယ်။
👏37👍103🥰3🤣2🖕1
(စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကားတစ်စီးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်အပြီး မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Maung Saungkha/FB)
👏55👍7🥰3🤣2
စစ်ကိုင်းမှာ တစ်ရက်တည်း လူ ၁၅၀နီးပါး ပေါ်တာဆွဲခံရ

မေ ၁၂၊ ၂၀၂၆။ဟာနာဆန်/People's Spring

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက်က စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က လိုက်လံ ပေါ်တာဆွဲခဲ့ရာ တစ်ရက်တည်း လူတစ်ရာကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

"အကုန်ပတ်ဆွဲနေတာ။ မြို့ထဲတွေ။ တစ်ပတ်လောက်တောင် ရှိနေပြီ"လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ စစ်ကိုင်းမြို့ပေါ်နေရာတွေဖြစ်တဲ့ မြို့မဈေးထောင့်၊ မြောက်ဘော်ဂါကျောက်ဝိုင်း၊ နန္ဒဝန်ရပ်၊ ပန်းဘဲတန်းရပ်၊ မင်းလမ်းရပ်၊ တကောင်းရပ်၊ စိန်ကုန်းရပ်၊ မြစ်ဆိပ်နဲ့ ကိုးပေတံတားစတဲ့နေရာတွေမှာ ပေါ်တာပတ်ဆွဲခဲ့တာဖြစ်ပြီး လူပေါင်း ၁၅၀ နီးပါး အဆွဲခံရတယ်လို့ စစ်ကိုင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပေါ်တာဆွဲခံလိုက်ရတဲ့ သူတွေထဲက စစ်ကိုင်းတိုင်းဒေသခံကလွဲလို့ အခြားဒေသခံတွေဆိုရင် ကျပ်သိန်း ၂၀၀နဲ့ ပြန်ရွေးခိုင်းတယ်လို့ တဲ့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"၅/ တွေဆို ငွေနဲ့ ရွေးလို့မရပေမဲ့ ကျန်တဲ့မျဥ်းစောင်းတွေနဲ့ ခရီးသွားတွေဆို ကျပ်သိန်း ၂၀၀ နဲ့ ရွေးပြီးမှ ပြန်လွှတ်ပေးတာလို့ စစ်တပ်နဲ့ နီးစပ်သူ တစ်ဦးထံမှ သိရပါတယ်။"လို့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းမြို့ရဲ့တဘက်ကမ်း မန္တလေးမြို့ဘက်ခြမ်းတွေမှာလည်း စစ်တပ်က ပေါ်တာဆွဲနေပြီး လူမှုကူညီရေးအသင်းဝင်တွေကအစ ပေါ်တာဆွဲခံနေရတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်မှုထမ်းအပတ်စဥ် (၂၄)ကို စတင်နေပြီဖြစ်ပါတယ်။
🤬516👎3🤔2👏1
(စစ်ကိုင်းမြို့အဝင်တွင် စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-စကစ)
😡43🖕9👎4🤬31
ကျောက်မဲမှာ ၁၀၂၇ စစ်ဆင်ရေးကာလ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံတစ်ဦး သေဆုံး

မေ-၁၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒီနေ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ကျောက်မဲမြို့နယ်၊ပန်ဟိုက်ကျေးရွာအတွင်းမှာ RPG ကျည်တစ်လုံးပေါက်ကွဲမှုကြောင့် အသက် (၃၃)နှစ်အရွယ် စိုင်းထွန်းဟန်ဆိုသူ သေဆုံးသွားတာဖြစ်ပါတယ်။

"တောစပ်ကနေ ကောက်ရလာတာ။ RPG အဆံက တော်တော်သစ်သေးတယ်။ သတိပေးတဲ့ကြားထဲကနေ သူကယူသွားတာ။သူ့လက်ထဲမှာတင်ပေါက်ကွဲတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)ကသိမ်းယူခဲ့ပြီး ‌၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။

လက်တလောကျောက်မဲမြို့မှာ စစ်တပ်အုပ်ချုပ်ရေး ယန္တရားအအပြည့်အစုံလည်ပတ်နိုင်ခြင်းမရှိသေးသလို စစ်ကျန်လက်နက်တွေဖျက်သိမ်းရေးကိုလည်း လုပ်ဆောင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ TNLA)ကသိမ်းယူခဲ့ပြီး စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းသီပေါမြို့မှာလည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သာထိခိုက်သေဆုံးမှုမကြာခဏဖြစ်ပွားနေပါတယ်။
😢26🤬62👍2🔥1
(၂၀၂၄ ဇူလိုင် ၃ရက်က ကျောက်မဲမြို့အနီးမှာ လက်နက်ကြီးပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ ဓာတ်ပုံ-AFP)
😢25🔥3👍2💩1
ရွှေကူနဲ့ မဘိမ်းမြို့ကြားမှာ တိုက်ပွဲဖြစ်နေ

မေ-၁၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ရွှေကူနဲ့ မဘိမ်းမြို့နယ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေ ပြောပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားတဲ့ ငါးအိုးကျေးရွာကနေ စစ်တပ်စစ်ကြောင်းဝင်လာလို့ KIA၊PDFနဲ့ ကျောင်းသားတပ်မတော် ABSDFနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

" စစ်ကြောင်းမှာက အင်အားများပြီး အဲ့ဒါကို ဖြတ်တိုက်နေတာပါ။ တိုက်ပွဲက မနေ့က ဖြစ်ပြီး ဒီနေ့လည်း တော်တော်လေး သတိနဲ့နေနေကြရတယ်။ စစ်တပ်စစ်ကြောင်းဝင်လာမှာကို စိုးရိမ်နေရတယ်။ အရပ်သားတွေကကြောက်နေတာ"လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေဟာ မြေပြင်တိုက်ပွဲထက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ မေလ ၁၂ရက် ညနေမှာ ပြောပါတယ်။

ငါးအိုးကျေးရွာအနီး ၅လမ်းဆုံမှာ ပြီးခဲ့တဲ့ ဧပြီလကုန်၊ မေလဆန်းမှာ ခလရ(၁၂၁)တပ်ရင်းကထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

" အဲ့ဒီစစ်ကြောင်းကတော့ ပြန်ဆုတ်သွားတယ်။ မနေ့ကတော့ လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်။ ဒေသခံတွေအနေနဲ့ကတော့ စစ်ရေးကို သတိရှိနေဖို့ လိုပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မဘိမ်းမြို့ဟာ ရှမ်းပြည်နယ်က မိုးမိတ်၊ ကချင်ပြည်နယ်ထဲက ရွှေကူ၊ စစ်ကိုင်းတိုင်းက ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။

မဘိမ်းမြို့ကို KIA၊PDFနဲ့ ABSDFနဲ့ ပူးပေါင်းတပ်တွေက ၂၀ ၂၄ ဇန်နဝါရီက သိမ်းယူခဲ့ပြီး အခုအခါ စစ်တပ်က စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာပါ။

" မဘိမ်းမြို့နယ်က ငါးအိုးဘက်ခြမ်းမှာ ဖြစ်နေတာ။စစ်တပ်က မဘိမ်းဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းလွှင့်ခဲ့တာသင်္ကြန်ကတည်းကပဲ။ မနေ့ကတော့ လက်နက်ကြီး အပြန်အလှန်ပစ် နေတဲ့ အသံတွေ ကြားရပါတယ်"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မဘိိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ ရှောင်တိမ်းကြဖို့ KIA မေလဆန်းမှာ သတိပေးထားပါတယ်။

စစ်တပ်က ဧပြီ ၂၃ရက် ညမှာ အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ မြို့နယ်တွေအနက်ကချင်ပြည်နယ်မှာ KIAထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ဘချီဖွေမြို့နယ်တို့နဲ့အတူ ရွှေကူမြို့နယ်လည်းပါဝင်နေပါတယ်။ ဒါကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တာကို သတိပြုဖို့လိုတယ်လို့ KIAက သတိပေးထားပါတယ်။
31👍16🔥2🤣2👎1
(ရွှေကူမြို့နယ်မှာ KIA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ KPDF ရဲဘော်တွေ။ ဓာတ်ပုံ - မြို့လှ-KPDF )
46👍6🥰2🔥1🫡1
ယင်းမာပင်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

မေ -၁၂၊၂၀၂၆။မိုမို/People's Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်နေပြီး စစ်သားငါးဦး လက်နက်ခဲယမ်းတချို့ယူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဒီကနေ့မေလ ၁၂ရက်မှာ ညပိုင်းထုတ်ပြန်ပါတယ်

တပ်မ(၃၃)နဲ့ ဘန့်ဘွေးကျေးရွာက ပျူစောထီးတွေပါတဲ့ အင်အင်း ၃၀၀ကျော်စစ်ကြောင်းကို တရော်ကျင်းရွာ နဲ့ ချောင်းမကျေးရွာ လမ်းပိုင်းတနေရာမှာ မေလ ၁၀ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်းက ၁၀ ဦးခန့် ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေထံက ခိုးယူလာတဲ့ ထွေလာဂျီတစ်စီးအပါအဝင် တခြားပစ္စည်းတွေကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပြည်သူတွေဆီ ပြန်ပေးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းက စစ်သား ၅ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတချို့ယူ အလင်းဝင်လာတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်က အင်အားအများအပြားနဲ့ ပြည်သူတွေကို ဒုက္ခပေးနေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရနိုင်တဲ့ နည်းလမ်းတွေသုံးကာ တိုင်ပွဲဝင်နေတယ်လို့လည်း ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဆိုပါတယ်။

"စစ်ကြောင်းထိုးနေတဲ့ စကစ တပ်ရင်းတွေက တပ်သား အင်အားအများအပြား ထွက်ပြေးလာနေကြပြီး တော်လှန်ရေးအဖွဲ့တွေ ပြည်သူတွေ အနေနဲ့ ဘေးကင်းရာကို ကယ်ထုတ်ပေးနေပါတယ်"လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အခု၂၀၂၆ ဖေဖော်ဝါရီ တတိယပတ်ကစပြီး စစ်တပ်က အင်အား ၄၀၀ ဝန်းကျင်သုံးပြီး ပုလဲမြို့နယ်ကို ကနဦးထိုးစစ်ဆင်ခဲ့ပြီးနောက် နယ်မြေချင်းထိစပ်နေတဲ့ ယင်းမာပင်မြို့နယ်ကို စစ်ကြောင်း ထပ်ထိုးလာတာလို့ သိရပါတယ်။

စစ်တပ်က တပ်မ(၃၃)နဲ့ တပ်မ(၉၉)တပ်တွေ ပါဝင်နေပြီး ပုလဲမြို့နယ်ဘက် စစ်ကြောင်းတစ်ကြောင်း၊ယင်းမာပင်ဘက်က စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၅၀၀ ကျော်နဲ့ ကနီ - ယင်းမာပင်မြို့နယ်အစပ်ကနေ အင်အား ၃၀၀ကျော်နဲ့ ယာကြီး - ကလေးဝလမ်းပိုင်းကို စိုးမိုးဖို့ ပြင်ဆင်နေတာလို့ ယင်းမာပင်ခရိုင် ပကဖက အသိပေးပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် မုံရွာ- ယာကြီး -ကလေးဝလမ်း ၊ ညောင်ပင်ကြီး ယင်းမာပင်လမ်း နဲ့ ဖိုလ်ဝင်တောင် -ယင်းမာပင်လမ်းပိုင်းတွေကို ကာကွယ်ရေးတပ်တွေက မေလ ၉ ရက်ကစပြီး ပိတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ရက်မှာ ပုလဲမြို့အခြေစိုက် BNRA တပ်ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ထံ အညံ့ခံခဲ့ပြီးနောက်ပိုင်း စစ်တပ်က ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာပြုလုပ်လာတာ ဖြစ်ပါတယ်။
👍4213🤣2🔥1🥰1
(ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှုမြင်ကွင်းများ။ဓာတ်ပုံ - ဗျူဟာ ၄၇,ယင်းမာပင်)
👍469🥰1👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အာဆီယံကို NUG တိုက်တွန်း

အာဆီယံက အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မေလ ၁၂ရက်မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုတို့နဲ့ပတ်သက်လို့ NUG နိုင်ငံခြားရေးက သဘောထားထုတ်ပြန်လိုက်တာပါ။ ခွဲခြားမှုမရှိအကြမ်းဖက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်သွားကြဖို့ ထိပ်သီးအစည်းအဝေးက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းချက်အပေါ် NUG က ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရှုတ်ချပြစ်တင်ပြောဆိုမှုတွေဟာ တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ တွဲဖက်ပါဝင်ရမှာဖြစ်တယ်လို့ တိုက်တွန်းပါတယ်။ အရပ်သားပြည်သူများနဲ့ အရပ်ဘက်အခြေခံအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနဲ့ အခြားသော ခွဲခြားမှုမရှိ အကြမ်းဖက်နေမှုများ ရပ်တန့်စေဖို့အတွက် အာဆီယံအနေနဲ့ ရှင်းလင်းပြတ်သားတဲ့ အချိန်ကာလ သတ်မှတ်ချက် တိကျစွာပါဝင်တဲ့ စံသတ်မှတ်ချက်များကို ချမှတ်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။ အာဆီယံအနေနဲ့ အဲဒီလိုယန္တရားများမချမှတ်ပါက အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မယ်လို့ NUG နိုင်ငံခြားရေးက ဖော်ပြပါတယ်။

◾️မြန်မာလုပ်သားကို အကြမ်းဖက်နှိပ်စက်တဲ့ တရုတ်အလုပ်ရှင် ၅ ဦးကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးကို အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်မှုမှာ ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နှစ်ဦးကို တရားရုံးမှာ စွဲချက်တင်ထားပြီလို့ စုံစမ်းသိရပါတယ်။ ထိုင်းနိုင်ငံ ရယောင်းပြည်နယ်က ဟော့ပေါ့ဆိုင်တစ်ဆိုင်မှာ တရုတ်လုပ်ငန်းရှင်ငါးဦးအပါအဝင် ခြောက်ဦးဟာ မြန်မာလုပ်သား ကိုသားသားဆိုသူကို အုပ်စုလိုက် အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုသားသားဟာ နှိပ်စက်ခံရမှုကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခုလို ပြန်လည်တရားစွဲဆိုဖို့ ဖြစ်လာတာလို့ အဲဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ ကိုနေလင်းသူက ပြောပါတယ်။ ဖမ်းမိထားတဲ့ ငါးဦးထဲက နှစ်ဦးကို တရားရုံးမှာ စွဲချက်တင်ထားနိုင်ပြီး သုံးဦးကို စစ်ဆေးနေတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။ တစ်ဦး လွတ်မြောက်နေဆဲဖြစ်ပေမယ့် ထိုင်းရဲတွေက သူ့ရဲ့အချက်အလက်တွေကို ရရှိထားပြီလို့ သူက ဆက်ပြောပါတယ်။ အုပ်စုဖွဲ့ကျူးလွန်သူ တရုတ်နိုင်ငံသားတွေကို အပြစ်ပေးနိုင်ဖို့ ပုဒ်မတွေ အများအပြားနဲ့ တင်ပြထားပေမယ့် ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ကိုနေလင်းသူက ပြောပါတယ်။

◾️ယင်းမာပင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်နေပြီး စစ်သားငါးဦး လက်နက်ခဲယမ်းတချို့ ယူဆောင်ကာ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဒီနေ့ ထုတ်ပြန်ပါတယ်။ တပ်မ(၃၃)နဲ့ ဘန့်ဘွေးကျေးရွာက ပျူစောထီးတွေပါတဲ့ အင်အင်း ၃၀၀ကျော်စစ်ကြောင်းကို တရော်ကျင်းရွာ နဲ့ ချောင်းမကျေးရွာ လမ်းပိုင်းတနေရာမှာ မေလ ၁၀ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်းက ၁၀ ဦးခန့် ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေထံက စစ်တပ်ခိုးယူလာတဲ့ ထွေလာဂျီတစ်စီးအပါအဝင် တခြားပစ္စည်းတွေကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပြည်သူတွေဆီ ပြန်ပေးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းက စစ်သား ၅ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတချို့ယူ အလင်းဝင်လာတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်က အင်အားအများအပြားနဲ့ ပြည်သူတွေကို ဒုက္ခပေးနေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရနိုင်တဲ့ နည်းလမ်းတွေသုံးကာ တိုင်ပွဲဝင်နေတယ်လို့လည်း ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဆိုပါတယ်။

◾️ထီးချိုင့်-ကသာလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းတိုက်ခံရ
👍124🔥2
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်-ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။ ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်ထွက်လာတဲ့ စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို မေလ ၁၀ရက် ည ၈နာရီကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က စစ်ကား၂စီး ပျက်စီးပြီး မိနစ် ၄၀လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီနောက် တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့‌တယ်လို့ သူက ဆိုပါတယ်။ မြစ်ရိုးနား တလျှောက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ရင်ကွဲတောင်ဘက်ကနေ ကသာကို တက်ဖို့လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

◾️လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မေလ ၁၁ ရက် မနေ့က ညနေ ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်တပ် ဒုတပ်ရင်းမှူးဟာ ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေချိန် မစ်ရှင်အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ရေးဘီးလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ခလရ(၁၀၆)ဒုတပ်ရင်းမှူးနဲ့အတူ သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၄၊၅ ဦးပါပေမယ့် လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်ချိန် သူတစ်ယောက်တည်း ကားပေါ်ကျန်ခဲ့ချိန် ဝင်ပစ်ခဲ့ပြီး သေနတ်ဒဏ်ရာ ငါးချက်နဲ့ သေဆုံးတယ််လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ရှင်းပြပါတယ်။ ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။

◾️စစ်တပ်က KNUတပ်မဟာ ၃နယ်မြေကို အင်အားဖြည့် စစ်ကြောင်းထိုး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့ စစ်တပ်က တစ်ဖက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို စစ်အင်အား ရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မေလ ၁၁ရက်ကစပြီး ပဲခူးတိုင်း၊ ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပိုင်းအတိုင်း စစ်တပ်က အင်အားရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ မေလ ၁၁ရက်က စစ်ကား သုံးဆယ်ကျော်တယ်တက်သွားပြီး လမ်းဘေးက ရွာတွေကို ဝင်တာလည်းရှိသလို အဓိကကတော့ ကျောက်ကြီး ကားလမ်းပိုင်းကို နယ်မြေရှင်းပြီး အင်အားဖြည့်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ KNU တပ်မဟာ ၃နယ်မြေအတွင်းက ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်းဟာ စစ်တပ်အတွက် စစ်ဆင်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် စစ်ရေးအရ အရေးပါတဲ့ လမ်းတစ်ခုလည်းဖြစ်ပါတယ်။

◾️ရွှေကူနဲ့ မဘိမ်းမြို့ကြားမှာ တိုက်ပွဲဖြစ်နေ

ရွှေကူနဲ့ မဘိမ်းမြို့နယ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေ ပြောပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သလို ဒရုန်းနဲ့ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားတဲ့ ငါးအိုးကျေးရွာကနေ စစ်တပ်စစ်ကြောင်းဝင်လာလို့ KIA၊ PDFနဲ့ ကျောင်းသားတပ်မတော် ABSDFနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိစစ်ရေးအခြေအနေဟာ မြေပြင်တိုက်ပွဲထက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ မေလ ၁၂ရက် ညနေမှာ ပြောပါတယ်။ ငါးအိုးကျေးရွာအနီး ၅လမ်းဆုံမှာ ပြီးခဲ့တဲ့ ဧပြီလကုန်၊ မေလဆန်းမှာ ခလရ(၁၂၁)တပ်ရင်းက ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

◾️စစ်တပ်စစ်ကြောင်းကြောင့် ကျောက်ထု ဒေသခံ ၅,၀၀၀နီးပါး ဘေးလွတ်ရာ တိမ်းရှောင်

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅,၀၀၀နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)ကတဆင့် ပေါက်-ကျောက်ထုလမ်းပိုင်းပေါ်က ကျေးရွာတွေကို မေလ ၁၁ရက် မနေ့က ဝင်ရောက်လာတာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ကျောက်မဲတောင်ရွာ၊ ကျောက်တံခါးရွာ၊ ပုံတောင်ခြေမှာ အင်အား ၃၀၀ ခန့် တပ်ဖြန့်ထားတယ်လို့ ပေါက်မြို့နယ် လူသားစာနာထောက်ထားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၁ရွာက ဒေသခံ ၅,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာစစ်ဘေးရှောင် စခန်းတွေကနေ ထပ်ဆင့်ဘေးလွတ်ရာဆီ တိမ်းရှောင်နေရတယ်လို့လည်း အသိပေးပါတယ်။

◾️စစ်ကိုင်းမှာ တစ်ရက်တည်း လူ ၁၅၀နီးပါး ပေါ်တာဆွဲခံရ
👍134🔥3
စစ်ကိုင်းမြို့မှာ မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ မေလ ၁၁ ရက်က စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က လိုက်လံ ပေါ်တာဆွဲခဲ့ရာ တစ်ရက်တည်း လူတစ်ရာကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တပ်ဟာ စစ်ကိုင်းမြို့ပေါ်နေရာတွေဖြစ်တဲ့ မြို့မဈေးထောင့်၊ မြောက်ဘော်ဂါကျောက်ဝိုင်း၊ နန္ဒဝန်ရပ်၊ ပန်းဘဲတန်းရပ်၊ မင်းလမ်းရပ်၊ တကောင်းရပ်၊ စိန်ကုန်းရပ်၊ မြစ်ဆိပ်နဲ့ ကိုးပေတံတားစတဲ့နေရာတွေမှာ ပေါ်တာပတ်ဆွဲခဲ့တာဖြစ်ပြီး လူပေါင်း ၁၅၀ နီးပါး အဆွဲခံရတယ်လို့ စစ်ကိုင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပေါ်တာဆွဲခံလိုက်ရတဲ့ သူတွေထဲက စစ်ကိုင်းတိုင်းဒေသခံကလွဲလို့ အခြားဒေသခံတွေဆိုရင် ကျပ်သိန်း ၂၀၀နဲ့ ပြန်ရွေးခိုင်းတယ်လို့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

◾️ရွှေဘိုနယ် အနောက်ခြမ်း စစ်တပ် လေ‌ကြောင်းတိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၁ ရက် မနေ့က ညပိုင်း ၉နာရီခွဲခန့်မှာ မန္တလေးတံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မဲတောရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ လူလတ်ပိုင်း အမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံး ၃လုံး ကြဲချခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တချို့လည်း ဗုံးစထိမှန်ပျက်စီခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

◾️ကျောက်မဲမှာ ၁၀၂၇ စစ်ဆင်ရေးကာလ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီနေ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ကျောက်မဲမြို့နယ်၊ ပန်ဟိုက်ကျေးရွာအတွင်းမှာ RPG ကျည်တစ်လုံးပေါက်ကွဲမှုကြောင့် အသက် (၃၃)နှစ်အရွယ် စိုင်းထွန်းဟန်ဆိုသူ သေဆုံးသွားတာဖြစ်ပါတယ်။ ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)ကသိမ်းယူခဲ့ပြီး ‌၂၀၂၅ အောက်တိုဘာမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။
👍19🔥3
😢6🔥5