မြင်းခြံကပျူစောထီးတွေ ရွာကိုမီးရှိူ့ပြီး
ဗီဒီယိုရိုက်ကာအောင်ပွဲခံ
မေ-၁၁၊၂၀၂၆။ရှိန်း/People's Spring
မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်အောက်ခံပျူစောထီး တဦးကTikTokမှာ မျှဝေအောင်ပွဲခံခဲ့ပါတယ်။
အဲဒီပျူဟာ မြင်းခြံနယ်မှာ နာမည်ဆိုးနဲ့ လူသိများတဲ့ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ရဲ့ အဖွဲ့က သီတာယုမွန်တပည့်တဦးဖြစ်ပါတယ်။
ဒီရုပ်သံဖိုင်ကို မြင်းခြံပြည်သူ့စစ်ကောင် လေးဆိုတဲ့ အကောင့်ကတင်ထားတာဖြစ်ပြီး "ဂန်းလာယူဆိုလို့ဂန်းလာယူတယ် လေ။အခုဂန်းမတွေ့ တော့ မီးရှို့ခဲ့ပြီ မင်းတို့ရွာကို သိလား။မီးခိုးတွေကို လုံးတက် နေတာသိလား။လှတယ်ကွာရွာလေးကိုနော်၊တရွာလုံးပြာကျွတ်သွားပြီ"လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။
မျှဝေထားသူ ပျူစောထီးအမျိုးသားရဲ့ အကောင့်မှာသီတာယုမွန်ရဲ့ ပြည်သူ့စစ်အဖွဲ့ယူနီ ဖောင်းနဲ့ပုံ အများအပြားတွေ့ရပြီး သင်္ကြန်မှာ သီတာယုမွန်ရဲ့ အကအဖွဲ့ ရုပ်သံဖိုင်တွေပါတင်ထားတာကိုလည်း တွေ့ရပါတယ်။
မြင်းခြံမြို့နယ်မှာ ဧပြီလတစ်လအတွင်းမှာပဲ ကျေးရွာ၂၀ နီးပါးမီးရှို့ခံရကာ အမျိုးသမီးငယ်တွေ ပါအဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ဒေသခံ တွေနဲ့ တော်လှန်ရေး တပ် တွေဆီကသိရပါတယ်။
"အခုနောက်ဆုံး ဝင်နေတဲ့ မြစ်ကမ်းဘက်ကမရိုးကုန်းရွာက ဒေသခံအမျိုးသမီး၄ဦး အဓမ္မပြုကျင့်ခံရတယ်လို့ကြားတယ်။အဲဘက်က အခုထိဖုန်းလိုင်းတွေ ပျက် နေလို့ သတင်းတိတိကျကျတော့ မရ သေးဘူး။ရွာ တွေကိုတော့ စစ် ကြောင်းက ဆက်တိုက် မွှေနေတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
မတ်လနောက်ဆုံးပတ်မှာမြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကိုတိုက်ခိုက်ခဲ့တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကနေ ဖက်ပင်အိုင်ရွာကပြည်သူ၈ဦးကို သတ်ကာ ကျေး
ရွာကိုမီးရှို့ခဲ့ပြီးတဲ့ နောက် မြင်းခြံမြို့ထဲကပျူ စောထီး တွေကို စစ်သားတွေ ဦးစီးတဲ့ စစ်ကြောင်း တွေထွက်လာကာ ရွာ တွေက ပြည်သူပိုင်ပစ္စည်း တွေကိုကားနဲ့ ခိုးယူသယ်ထုတ်ပြီး ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာပါ။
မြင်းခြံမြို့နယ်မှာဧပြီလ တလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ကျီးပင်ကန်၊ဆိတ်ကုန်း၊ထိန်ပန်း၊ရွာသစ်၊ရဲတိုင်၊မြို့ကြီးကုန်း၊မြောက်ရွာလေး၊ပျိုးကန်၊ပျားရွာ စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ပေါင်း၂၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ မေလဆန်းမှာလည်း ဧရာဝတီမြစ်ကမ်းတလျှောက်ကရွာတွေကို စစ်သားတွေနဲ့ ပျူစောထီးတွေပါဝင်တဲ့စစ်ကြောင်းတွေကဆက်လက် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ် ။
စစ်အုပ်စုကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမီးရှို့ ဖျက်ဆီးတာတွေကို မှတ်တမ်းတင်ပြုစုဖော်ပြပေးနေတဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ဖေဖော်ဝါရီ လကုန်အထိ စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့တဲ့နေအိမ်ပေါင်း ၁၂၅၃၂၈ အိမ်ရှိတယ်လို့ဖော်ပြထားပါတယ်။

😡52❤7👎2🥰2🤬2👏1
လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး
မေ-၁၂၊၂၀၂၆။မိုမို/People's Spring
မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"မစ်ရှင်အနေနဲ့ဝင်ဆော်တာ။လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်"လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။
ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။
မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
"သေတဲ့ရာထူးက ကြီးတယ်လို့တော့ကြားတယ်။သူနဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့လည်းပါသွားတယ်"လို့ သူက ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။
စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

👍43❤7👏4🥰2😁1🖕1
မုံရွာမှာ စစ်တပ်က လျှပ်စစ်မီးကြိုးတွေလိုက်ဖြုတ်လို့ ကျေးရွာတချို့ မီးပြတ်
မေ ၁၂၊ ၂၀၂၆။ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ် စစ်ကြောင်းက လျှပ်စစ်မီးကြိုးတွေဖြုတ်သွားလို့ ကျေးရွာအချို့ မီးပြတ်တောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မေလ ၁၁ရက်မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်းတလျှောက်နဲ့ အမြောက်တပ်အနီးမှာ စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြားနဲ့ ကင်းချ နေရာယူပြီး အမြောက်တပ်အတွင်း ရိက္ခာပို့တာနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ကြောင်း၊ အဲဒီစစ်ကြောင်းဟာ မင်္ဂလာကုန်းရွာ ကျောက်စစ်ပုံတောင်ရွာနဲ့ ကြက်မွေးမြူရေးဇုန်နေရာတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ဖြုတ်ချဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
"ဓါတ်တိုင်တွေပေါ် အကုန်တက်ပြီး မီးကြိုးတွေ အကုန်ဆွဲဖြုတ်သွားတာ။"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စက်သုံးဆီအခက်အခဲတွေရှိနေချိန်မှာ လျှပ်စစ်မီးပါ ဖြတ်တောက်ခံရလို့ အဲဒီကျေးရွာတွေက တောင်သူတွေနဲ့ ဒေသခံပြည်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လ်ို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မေလ ၉ ရက်မှာလည်း အမြောက်တပ်ရင်းကနေ
လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်လို့ မုံရွာမြို့နယ်၊ ဘူးတောင့်ကန်ရွာနေ (၅)နှစ်အရွယ်ကလေးနဲ့အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ ၇ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

🤬37❤5👎2👍1🔥1👏1
စိတ်ကျန်းမာရေးဆိုင်ရာအထူးကုဆရာဝန်တစ်ဦးကလည်း စိတ်ကျန်းမာရေးအတွက် မိမိကိုယ်ကိုစောင့်ရှောက်နိုင်ရန် အဓိကအခြေခံအကျဆုံးအချက်မှာ Thinking Healthyလို့ခေါ်တဲ့ ကောင်း
မွန်စွာတွေးခေါ်စဥ်းစားပေးမှုပဲဖြစ်တယ်လို့ပြောပါတယ်။
တိုင်းပြည်ရဲ့လက်ရှိအခြေအနေအရ လူတိုင်းကိုယ်စီမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုအခြေအနေမှာ ကြုံတွေ့နေရတဲ့ပြသနာတွေကိုအခက်အခဲလို့သာ မြင်ယောင်မိပြီး မကျော်လွားနိုင်တော့ဘူးလို့ခံစားရကာ ကိုယ့်ကိုယ်ကို အားမရတာ၊ မကျေနပ်တာ၊ သိမ်ငယ်တာတွေဖြစ်လာရင် နောက်ဆက်တွဲစိတ်ခံစားမှုတွေ မကောင်းမွန်တော့ဘူးလို့ အထက်ပါ စိတ်ကျန်းမာရေးအထူးကုကရှင်းပြပါတယ်။
“အနီးစပ်ဆုံးဆိုရင်ကိုယ့်မိသားစုအပေါ်ဆက်ဆံတာအရင်လိုမဟုတ်တော့ဘူး၊စိတ်မရှည်တော့ဘူး။ကလေးတွေအပေါ်လည်းစိတ်မရှည်ဘူး၊အော်ငေါက်မိတယ်၊ကိုယ်နောက်ထပ်အလုပ်တွေလုပ်ဖို့လည်းခွန်အားမရှိတော့ဘူး”လို့စိတ်ဖိစီးမှုကြောင့်ပြောင်းလဲလာတဲ့အပြုအမှုတချို့ကိုသူကဆက်ရှင်းပြပါတယ်။
ဒီလိုအခြေအနေတွေကို ဖြတ်ကျော်ရမယ့်နည်းလမ်းကိုလည်း “ ဒါကိုကျွန်တော်တို့က ကောင်းမွန်တဲ့ တွေးခေါ်တဲ့ပုံစံနဲ့စဥ်းစားရမှာပေါ့”လို့စိတ်ကျန်းရေးအထူးကုကအကြံပြုပါတယ်။
သာဓကအနေနဲ့လည်း
အလုပ်အကိုင်၊စီးပွားရေးမပြေလည်ရင်လည်း လက်ရှိကာလ နိုင်ငံရေး အခြေအနေတွေအရ လူတိုင်း ကိုယ်စီအခက်အခဲတွေ ရင်ဆိုင်နေကြရတယ်၊ ကိုယ်တစ်ဦးမဟုတ်လို့ တွေးတောပေးတာ။
အရင်ကကိုယ်လုပ်ကိုင်အောင်မြင်မှုတွေကို ပြန်စဥ်းစားပေးတာ၊ နောက်ထပ် အခွင့်အလမ်းတွေ ထပ်ရှာဖွေနိုင်သေးတာ။
အလုပ်အကိုင်၊စီးပွားရေးမပြေလည်သေးချိန်မှာလည်း ကလေးထိန်းတာ၊အိမ်မှု ကိစ္စ ကူညီပေးတာနဲ့ မိသားစုကိုအချိန်ပေးတာ စတာတွေဆောင်ရွက်ပေးခြင်းနဲ့ စိတ်ခွန်အား(motivation)ရရှိနိုင်တယ်လို့ အထက်ပါစိတ်ကျန်းမာရေးအထူးကုက လမ်းညွန်အကြံပေးပါတယ်။
https://www.ludunwayoo.com/feature-mm/2026/05/06/156246/

LuduNwayOo
စိတ်ကျန်းမာရေးသတိပြုပါ | LuduNwayOo
“မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်”
👍32❤5🔥1🥰1
ပိုပြီးရှင်းလင်းအောင် PR သမားတဦးဖြစ်တဲ့ M ရဲ့သုံးသပ်ချက်ကို မျှဝေလိုပါတယ်။
“ PR professional တစ်ယောက်အနေနဲ့ ဒီလိုပွဲတွေကို အားကစားပွဲတစ်ခုတည်းအဖြစ် မမြင်ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကြားမှာ ဒေသအများအပြားက အရပ်သားပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် တကယ်ပဲ အသက်လွတ်ဖို့ ပြေးလွှားနေရတဲ့အချိန်မှာ “run/ပြေးခြင်း”ဆိုတဲ့စကားလုံးကို ထပ်ကာထပ်ကာ ပျော်ရွှင်စရာ အခမ်းအနားသဘောနဲ့ သင်္ကေတပြုအသုံးပြုတာကိုက နိုင်ငံရေးအဓိပ္ပာယ်ဆောင်လာတယ်လို့မြင်ပါတယ်။ စစ်မီးတောက်နေတဲ့ ပကတိအခြေအနေတွေကို ဖုံးကွယ်ပြီးဒီလိုပွဲမျိုးတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကနေ ပြချင်တဲ့ရှုထောင့်၊ လိုချင်တဲ့ emotion
တွေရအောင် ရိုက်ထားတဲ့ပုံတွေနဲ့အကြီးအကျယ် ချဲ့ကားဖော်ပြနေတာဟာ လူထုကျန်းမာရေးအတွက် ရည်ရွယ်တာထက် ‘အခြေအနေတွေ ပုံမှန်ရှိတေတယ်၊ ငြိမ်းချမ်းနေတယ်၊ ထိန်းချုပ်နိုင်စွမ်းရှိနေပါတယ်’ လို့ နိုင်ငံတကာကို လှည့်စားတဲ့ ဝါဒဖြန့်မှု Perception Management သာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ် ။
ဆက်လက်ပြီးတော့ M က “ PR ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ အခြေအနေတွေ ပုံမှန်ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဗျူဟာမြောက် ဖန်တီးတဲ့ ‘Strategic Normalcy Messaging’ လို့ပဲ ဆိုရပါမယ်။ Crisis Communications တွေမှာ ပကတိ အခြေအနေတွေက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ အများပြည်သူမြင်ကွင်းမှာ positive ဖြစ်တဲ့၊ အဆင်ပြေအေးချမ်းနေတဲ့ပုံရိပ်တွေကို ဖော်ပြခြင်းအားဖြင့် တည်ငြိမ်မှုရှိနေတယ်ဆိုတဲ့ အမြင်မျိုးရအောင် ပုံဖော်လေ့ရှိပါတယ်။ဒါက propaganda communications မှာသိပြီးသားဖြစ်တဲ့ pattern တစ်ခုပါပဲ” လို့ပြောပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/05/11/156779/

ခပ်ဆိမ့်ဆိမ့်တို့ရဲ့ကမ္ဘာ | LuduNwayOo
မနေ့ညက ရန်ကုန်မြို့မှာ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်လို့ လမ်းတွေပိတ်၊ ယာဥ်ကြောတွေပိတ်ပြီး အလုပ်ပြန်တွေ ဒုက္ခရောက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် ဒုက္ခပေးလို့ တိုင်းရင်းသားဒေသတွေ၊ အညာနဲ့ မြေလတ်ဒေသတွေမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၃ သန်းကျော် ရှိနေချိန်…
👍25❤6🔥4😁1
စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်
မေ -၁၂၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)ကတဆင့် ပေါက်-ကျောက်ထုလမ်းပိုင်းပေါ်က ကျေးရွာတွေကို မေလ၁၁ရက်မှာ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
"ကျောက်မဲတောင်ရွာ ကျောက်တံခါးရွာ ပုံတောင်ခြေ(ကျောက်ထု နဲ့ ပေါက်မြို့ကြား)မှာ အင်အား ၃၀၀ ခန့် တပ်ဖြန့်ထားတယ်"လို့ ပေါက်မြို့နယ် လူသားစာနာထောက်ထားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၁ရွာက ဒေသခံ ၅၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာစစ်ဘေးရှောင် စခန်းတွေကနေ ထပ်ဆင့်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း အသိပေးပါတယ်။
"ကျောက်ထုကို သွားနိုင်ဖို့ ခြေကုပ်ယူတယ် ယူဆရတယ်ခန့်မှန် ၁၅ မိုင် နဲ့ ၂၀ မိုင်ပဲ ဝေးမယ်"လို့ ပေါက်မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။
ကပစ(၂၄)စစ်ကြောင်းဟာ ဧပြီလနောက်ဆုံးပတ်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ကတဆင့် မကွေး တိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ကနဦးဝင်ရောက်ပြီးနောက် ကပစ(၂၄)ကို မေလ ၈ရက်က ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဘ ကျောက်ပန်းတောင်းမြို့ကနေ နောက်ထပ် အင်အား ၃၀၀ကျော်ပါတဲ့စစ်ယာဥ်တန်းတွေက ဆိပ်ဖြူ ကပစ (၂၂)ကို မနေ့က (မေလ ၁၁ ရက်)က ထပ်ပြီးရောက်လာတယ်လို့ သိရပါတယ်။
ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်(အမတ-၃၆၈)ကလည်း ကျောက်ထုနဲ့ မင်းတပ်မြို့ ဆက်သွယ်ရေးလမ်းပိုင်းပေါ်က ကံကြီးရွာမှာ အခြေပြုပြီး အခိုင်အမာစခန်းချနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
လူဦးရေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကံကြီးရွာဟာ မကွေး - ချင်း - ရခိုင် ကုန်လမ်းကြောင်းပေါ်မှာရှိပြီး ကျောက်ထုမြို့နဲ့ (၇)မိုင်ဝန်းကျင် မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်နီးပါးပဲ ကွာဝေးပါတယ်။
"ချင်းတောင်ကို ဦးတည်မယ့်စစ်ရေး စုဖွဲ့ပြင်ဆင်မှု မြင်တယ်။စစ်ကြောင်းကို စောင့်ကြည့်ရမယ်"လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်စစ်ကြောင်းစုဖွဲ့မှုတွေအပြင် စစ်တပ်က ထီးလင်းမြို့နယ်တောင်ပိုင်းက ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်မြို့နယ်ကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

😡30🤬4👎3❤2🔥2👏1
(စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နယ်က ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ - လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဌာနပေါက်မြို့နယ်)
👎16😢13😡5❤2🔥2🤬2🥰1👏1
ရွှေဘိုနယ် အနောက်ခြမ်း စစ်တပ် လေကြောင်းတိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ
မေ-၁၂၊ ၂၀၂၆။ ရှိန်း/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၁ ရက် မနေ့က ညပိုင်း ၉နာရီခွဲခန့်မှာ မန္တလေးတံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မဲတောရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
"စစ်ရေး ပစ်မှတ်မဟုတ်ဘဲ စစ်ရှောင်တွေရှိမယ်ထင်တဲ့ ဘုန်းကြီးကျောင်းကို ကြဲတာ။ ဘုန်းကြီးကျောင်းဘေးက နေအိမ်တွေက ပြည်သူတွေထိတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ လူလတ်ပိုင်း အမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံး ၃လုံး ကြဲချခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တချို့လည်း ဗုံးစထိမှန်ပျက်စီခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်က ရွှေဘိုမြို့နယ်အနောက်ခြမ်းကို ဧပြီလကစတင်ကာ လေကြောင်းတိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ဦးဇင်း၂ပါးနဲ့ ကိုယ်ဝန်သည်မိခင်အပါအဝင် ပြည်သူ ၅ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

🤬28👎2❤1🔥1👏1
ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်တဲ့ ရက် ၁၀၀ ကာလအတွင်း စစ်တပ်က KNUတပ်မဟာ ၃နယ်မြေကို အင်အားဖြည့်စစ်ကြောင်းထိုး
မေ -၁၂၊၂၀၂၆။နော်/People's Spring
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့ စစ်တပ်က တစ်ဖက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို စစ်အင်အား ရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မေလ ၁၁ရက်ကစပြီး ပဲခူးတိုင်း၊ ပဲနွယ်ကုန်း - နတ်သံကွင်း - ကျောက်ကြီး ကားလမ်းပိုင်းအတိုင်း စစ်တပ်က အင်အားရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
" မနေ့က စစ်ကား သုံးဆယ်ကျော်တယ်တက်သွားတာ။ လမ်းဘေးက ရွာတွေကို ဝင်တာလည်းရှိတယ်။ အဓိကကတော့ ကျောက်ကြီး ကားလမ်းပိုင်းကို နယ်မြေရှင်းပြီး အင်အားဖြည့်တာပေါ့ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
KNU တပ်မဟာ ၃နယ်မြေအတွင်းက ပဲနွယ်ကုန်း - နတ်သံကွင်း - ကျောက်ကြီးလမ်းပိုင်းဟာ စစ်တပ်အတွက် စစ်ဆင်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် စစ်ရေးအရ အရေးပါတဲ့ လမ်းတစ်ခုလည်းဖြစ်ပါတယ်။
ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးဟာ မိုင်(၂၀) လောက်သာဝေးကွာပြီး အဲ့ဒီမြို့နှစ်မြို့ရဲ့ အလယ် မှာ နတ်သံကွင်းမြို့ ရှိပါတယ်။
နတ်သံကွင်းမြို့ဟာ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းကို ပေါင်းကူးပေးတဲ့ စစ်တောင်းမြစ်ကူးတံတား (သို့မဟုတ်) နတ်သံကွင်းတံတားရှိပြီး စစ်ရေးအရ ဗျူဟာကျတဲ့ မြို့လည်းဖြစ်ပါတယ်။
အဲ့ဒီ စစ်တောင်းတံတားထိပ်မှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားပြီး စစ်တောင်းမြစ်အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
စစ်တပ်က နတ်သံကွင်း နဲ့ ကျောက်ကြီးမြို့မှာကျန်ရှိနေတဲ့ တပ်စခန်းတွေအပါအဝင် ရှေ့တန်းတပ်စခန်းတွေဆီကို လက်နက်၊ ရိက္ခာနဲ့ လူအင်အားဖြည့်တင်းဖို့ ပဲနွယ်ကုန်း - နတ်သံကွင်း - ကျောက်ကြီးလမ်းပိုင်းကို အဓိကထား အသုံးပြုနေတာလည်းဖြစ်ပါတယ်။
" ပဲနွယ်ကုန်း အထွက်ကျော်တာနဲ့ အဲ့ဒီလမ်းကနေ မသွားခိုင်းတော့ဘူး ။ သူတို့ ( စစ်တပ် )ကပဲ သုံးတာ ပြည်သူတွေကို ပေးမသုံးဘူး "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်းမှာ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ရက်မှာလည်း ညောင်လေးပင် မြို့နယ်အတွင်းက ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာတွေကို စစ်တပ်ရဲ့တပ်မ(၇၇)ဦးဆောင်တဲ့ အင်အား (၁၀၀) ပါ စစ်ကြောင်းလေးကြောင်းကဝင်ရောက်လာပြီး ပြည်သူ ၃၀၀ ကျော်ကိုဖမ်းဆီးပြီးတော့ ၄၀ ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။

🤬30🔥7❤2👎2😁2👏1
စစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အာဆီယံကို NUG တိုက်တွန်း
မေ-၁၂၊ ၂၀၂၆။ People’s Spring
အာဆီယံက အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်တိုက်တွန်းပါတယ်။
ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုတို့နဲ့ပတ်သက်လို့ NUG နိုင်ငံခြားရေးက သဘောထားထုတ်ပြန်ခဲ့ရာမှာ ဖော်ပြထားတာပါ။
ခွဲခြားမှုမရှိအကြမ်းဖက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်သွားကြဖို့ ထိပ်သီးအစည်းအဝေးက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းချက်အပေါ် NUG က ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရှုတ်ချပြစ်တင်ပြောဆိုမှုတွေဟာ တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ တွဲဖက်ပါဝင်ရမှာဖြစ်တယ်လို့ တိုက်တွန်းပါတယ်။
အရပ်သားပြည်သူများနဲ့ အရပ်ဘက်အခြေခံအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနဲ့ အခြားသော ခွဲခြားမှုမရှိ အကြမ်းဖက်နေမှုများ ရပ်တန့်စေဖို့အတွက် အာဆီယံအနေနဲ့ ရှင်းလင်းပြတ်သားတဲ့၊ အချိန်ကာလ သတ်မှတ်ချက် တိကျစွာပါဝင်တဲ့ စံသတ်မှတ်ချက်များကို ချမှတ်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။
အာဆီယံအနေနဲ့ အဲဒီလိုယန္တရားများမချမှတ်ပါက အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မယ်လို့ NUG နိုင်ငံခြားရေးက ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဆက်လက် အရှိန်မြင့်တက်လာမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် ထိပ်သီးအစည်းအဝေးရဲ့ စိုးရိမ်ပူပန်ကြောင်းဖော်ပြချက်နဲ့ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချချက်များကို NUGက ကြိုဆိုပါတယ်။
နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံဘုံသဘော တူညီချက် ၅ ရပ်က အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိလျက်ရှိကြောင်း ထိပ်သီးအစည်းအဝေးရဲ့ ထပ်လောင်း အတည်ပြုချက်ကို ထောက်ခံပြီး အဲဒီမူဘောင်ကို စစ်မှန်ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် NUG က ဆက်လက် ကတိကဝတ်ပြုကြောင်းလည်း ထပ်လောင်း အတည်ပြုပါတယ်။
NUGဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်လာဇာရိုရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးအသိအမှတ်ပြုပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သည့်အစုအဖွဲ့များနဲ့ ကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံနေမှုကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ရေရှည်တာဝန်ပေးအပ်ရေးအတွက် လုပ်ငန်း တာဝန်သတ်မှတ်ချက်များနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းနေမှုများကိုလည်း ထောက်ခံကြောင်း ဖော်ပြပါတယ်။
အဲဒီလို လုပ်ပိုင်ခွင့်သတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို တရားဝင်သက်ဆိုင်သူ အစုအဖွဲ့များအဖြစ် အသိအမှတ်ပြုကာ တရားဝင် စနစ်တကျ ထိတွေ့ဆက်ဆံရေးကိုလည်း အတိအလင်း ထည့်သွင်းဖို့ အလေးအနက်တိုက်တွန်းပါတယ်။
နောက်ပြီး နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးမှုအပေါ် အာဆီယံရဲ့ မှတ်သားချက်ကို အသိအမှတ်ပြုပေမယ့် အဲဒီ ဆောင်ရွက်ချက်တွေဟာ လုံးဝ လုံလောက်မှု မရှိသေးကြောင်းနဲ့ လက်ရှိအချိန်မှာ နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာတို့မှာ မတရားသဖြင့် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။
ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မဖြစ်မနေ လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

❤29👏13👍7🔥1🥰1😱1🖕1
ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းတိုက်ခံရပြီး စစ်သား၆ဦး သေ၊ လက်နက်နဲ့ ပစ္စည်းတွေ သိမ်းရ
မေ-၁၂၊၂၀၂၆၊ရှိန်း/People's Spring
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။
ထီးချိုင့်မြို့ကနေ ကသာမြို့ထွက်လာတဲ့ စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို မေလ၁၀ရက် ည၈နာရီကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က စစ်ကား၂စီး ပျက်စီးပြီး မိနစ် ၄၀ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တဉီးက ပြောပါတယ်။
"မြစ်ရိုးနား တလျှောက်မှာ တိုက်ပွဲဖြစ်တာပါ။စစ်တပ်ကရင်ကွဲတောင်ဘက်ကနေ ကသာကိုတက်ဖို့လုပ်တာ။ကသာနဲ့ထီးချိုင့် အသွားအလာလုပ် နေတဲ့ယာဉ်တန်း ပေါ့"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မေလ ၁၁ရက်မှာလည်း အဲဒီလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းက ကားတွေပြုပြင် နေတဲ့အချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေကပြန်လည် ဝင်ရောက်တိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်သား ၆ဦး သေဆုံးပြီး စတားလင့်စက်တွေတခြားပစ္စည်းတွေအပါအဝင် လက်နက်၆လက် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က မေလ၉ရက်မှာ မန္တလေးမြို့က Non-CDM ဝန်ထမ်းတွေအပါအဝင် စစ်သား၊လက်နက်ခဲယမ်းပါတဲ့ ကားတွေဟာ ပြည်သူပိုင်ကား တွေကိုပါ ချောဆွဲပြီး စစ်ကားအစီးရေ ၄၀၀ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းနဲ့ မော်လူး၊အင်းတော်မြို့တို့မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ကြိုးစားနေပြီး ဒီကနေ့မှာ ယာဉ်တန်းတချို့အင်းတော်မြို့ကို ရောက်တယ်လို့ သိရပါတယ်။

👏37👍10❤3🥰3🤣2🖕1