People's Spring
63.3K subscribers
65.8K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်အာဏာမသိမ်းခင်ကရန်ကုန်မြို့အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-Yangon Skyline
🤬28👍7😡5👎1🔥1
ပဲခူးတိုင်း အနောက်ခြမ်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

■အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီး
မနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

မေ-၁၁၊၂၀၂၆။ထားမြတ်၊ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ် မြို့အဝင်က စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်း အပါအဝင် အုတ်ဖိုနဲ့ လက်ပံတန်းမြို့နယ်က နေရာသုံးခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်
(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

"လက်ပံတန်းကတော့မြို့ဝင်ဂိတ်ရန်ကုန်-ပြည် ကားလမ်းဘေးက ဂိတ်ကို ဝင်တိုက်ကြတာ။ အုတ်ဖိုကတော့အေးမြသာယာမြို့သစ်ပျူစောထီးစခန်းကို ဝင်တိုက်ကြတာပါ။ ဒီဂိတ်တွေက ပေါ်တာဆွဲတာ၊ပိုက်ဆံတောင်းတာတွေအပြင်ပြည်သူတွေကို ရိုက်နှိပ်စစ်ဆေးတာတွေကအစ လုပ်
ဆောင်ပါတယ် မထင်မထင်သလို ဖမ်းတာတွေ လုပ်ပါတယ် "လို့ ဗျူဟာ (၂၂) ရဲ့ ဗျူဟာမှူး ရဲဘော် စောဂျိမ်းက ပြောပါတယ်။

အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို မေလ ၁၀ရက် မနက်မှာ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ကွပ်ကဲမှုအောက် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ မေလ ၉ရက်မှာလည်း လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းကို ဗျူဟာ (၂၂)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် မေလ ၅ရက်မှာလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာတွင် စစ်တပ် ကင်းပုန်းတပ်ဖွဲ့တွေနဲ့ဗျူဟာ (၂၂)တပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

“လက်ရှိမှာတော့ ရန်သူစကမ ဘက်က မြေပြင် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လက် ရန်သူ တပ်စခန်းများဝန်းကျင်၊ ရန်သူ စစ်ကြောင်း ဝန်းကျင်တွေနဲ့ နယ်မြေ စစ်ကြောင်းထိုးတဲ့အခါ မှာ လွတ်
ကင်းရာနေရာများကိုတိမ်ရှောင်ကြဖို့လေး မှာ ချင်ပါတယ်ဗျ။စစ်ကြောင်းတွေကဗျူဟာ(၂၂) စစ်
ဆင်ရေးနယ်မြေတွေအတော်များမှာစစ်ကြောင်း
ထိုးနေသလို ကျနော်တို့ဘက်ကလည်း ရန်သူစခန်းတွေကို ခြိမ်းခြောက်မှုတွေ ပေးနိုင်အောင် ပြင်ဆင်ဆောက်ရွက်နေပါတယ်၊ ခုဆို မြို့နားက ဂိတ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေပါတယ်” လို့ရဲဘော် စောဂျိမ်းစ်က ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ဒေသတွင်းမှာ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း အသိပေးပါတယ်။

“ရန်သူ တပ်စခန်း ဝန်းကျင်တွေ မနေဖို့နဲ့ ရန်သူ နဲ့ မဆက်ဆံ မပတ်သတ်ဖို့ပါဘဲ”လို့ ရဲဘော်စောဂျိမ်းစ်က ဆက်လက်ပြောကြားပါတယ်။

ဗျူဟာ (၂၂)တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်း တိုက်ပွဲမှာပျူစောထီး ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ဟု ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာ ထိတွေ့တိုက်ပွဲမှာလည်း စစ်တပ်က ၄ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိစစ်တပ် အ
ထိုင်ဂိတ်စခန်း တိုက်ခိုက်မှုကိုတော့ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တွေနဲ့ သာယာဝတီခရိုင်၊ ပကဖတပ်ဖွဲ့ (၁ ၊ ၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။အဲဒီတိုက်ခိုက်ရာမှာ စစ်
တပ်ဘက်သေဆုံးမှုမရှိဘဲထိခိုက်ဒဏ်ရာရသူတ
ချို့ပဲရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
👍4211👏5🖕2🔥1🥰1😁1
ပဲခူးတိုင်းစစ်ဌာနဗျူဟာ (၂၂)ကွပ်ကဲမှုအောက်က ရဲဘော်တွေ။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန
👍3911👏5🥰2🔥1🖕1
စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံအပါအဝင် နိုင်ငံတကာကို NUG တိုက်တွန်း

မေ-၁၁၊ ၂၀၂၆။ People’s Spring

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအပေါ် စစ်အုပ်စုရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ NUG က ဒီနေ့ မေလ ၁၁ရက်မှာ သဘောထားထုတ်ပြန်လိုက်တာပါ။

ရွေးကောက်ပွဲရလဒ်များကို "လျစ်လျူရှုထားသည်" လို့ စွပ်စွဲကာ ၎င်းတို့အား ဒေသတွင်း ထိတွေ့ဆက်ဆံမှုများမှ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်များကို NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ ပြောကြားချက်တွေဟာ များစွာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ လုပ်ရပ်များသာ ဖြစ်ကြောင်း ဆက်လက်ဖော်ပြပါတယ်။

ရွေးကောက်ပွဲရလဒ်များကို လေးစားဖို့ လက်ရှိ တောင်းဆိုနေတဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရွေးကောက်ခံခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ နိုင်ငံရေးပါတီများကို ဖိနှိပ်ခြင်း၊ သတင်းမီဒီယာများကို နှုတ်ပိတ်ခြင်းနဲ့ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး စစ်အုပ်စုအနေနဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေပါသည်လို့ ပြောဆိုချက်များမှာ လုံးဝယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း NUG က ဆိုပါတယ်။

စစ်အုပ်စုအပေါ် ထားရှိတဲ့ အာဆီယံရဲ့ လက်ရှိရပ်တည်ချက်ဟာ အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ လုံးဝ ပျက်ကွက်နေခြင်း၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ဖို့ ငြင်းဆန်နေခြင်းနဲ့ မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ရိုက်အကျိုးဆက်ဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာများ သို့မဟုတ် အတင်းအကျပ် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲတွေကတဆင့် ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာအပေါ် အခြေခံတဲ့ အားလုံးပါဝင်နိုင်သော နိုင်ငံရေးအကူးအပြောင်းမှတဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူလူထုရဲ့ မျှော်မှန်းချက်များကို ဆက်လက်အခိုင်အမာ ထောက်ခံပေးကြဖို့လည်း NUG က တောင်းဆိုပါတယ်။

ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနဲ့ မြန်မာပြည် သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒသဘောထားများကို ဖယ်ကြဉ်ထားတဲ့ မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မျိုးမဆို စစ်မှန်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဝင်မှုတို့ကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ကြောင်း NUG က ထပ်လောင်းအတည်ပြုပါတယ်။
42👍18🥰2👏2🤮2
👍414🥰3🤮3
ဘီးလင်းမှာ စစ်တပ်က စစ်ဘေးရှောင်တွေရဲ့ ကားရပ်ခိုင်းပြီး ပစ်ခတ်လို့ ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံး၊ အချို့ဖမ်းဆီးခံရ

မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းက ဝင်းတာပန်တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိရာ စစ်တပ်က စစ်ကူတပ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အခု အရပ်သားစစ်ရှောင်တွေရဲ့ ကားကို တားဆီးရပ်တန့်ခိုင်းပြီး ပစ်ခတ်တာဟာ စစ်တပ်ရဲ့စစ်ကူ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

“အရပ်သားကားမှန်းသိလျက်နဲ့ ပစ်တာ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဖြစ်စဉ်မှာ မေလ ၉ရက် နေ့လည် ၂နာရီလောက်မှာ စစ်ရှောင်တွေရဲ့ ကားကို လေးကေတောင်ဂ၀ ဘုရားလေးလမ်းမှာ စစ်တပ်က ရပ်တန့်ခိုင်းလို့ ယာဉ်မောင်းက ရပ်ပေးချိန် လက်နက်ငယ်တွေနဲ့ ပစ်ခံရတာလို့ ဆိုပါတယ်။

ဒီလို ပစ်ခတ်လို့ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ သေဆုံးကာ ကလေးငယ်ရဲ့ အမဖြစ်သူ အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့အထဲမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ဦး ဖမ်းဆီးခံရတယ်လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ထဲက ယာဉ်မောင်းအပါအဝင် ၂ဦးကိုတော့ မနေ့က မေလ ၁၀ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ ဝင်းတာပန်ဒေသမှာလည်း တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာ၊ စက်တပ်လေထီးသုံး ဗုံးကြဲတာတွေ လုပ်ဆောင်နေလို့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ပြောပါတယ်။
🤬40😡84👎2👏1💔1
(စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်လာသူကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
😢42🤬9👎2🔥2👍1👏1
သန်လျင်မှာ ရေဆင်းကူးတဲ့ လူငယ်နှစ်ဦး ရေနစ်သေဆုံး

မေ-၁၁၊၂၀၂၆။‌ရောင်နီ/People's Spring

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

"သန်လျင် ဂေါက်ရိုက်ကွင်း ကန်နီရေနစ်သေဆုံး ယောကျ်ားလေး ၂ဦး အား သန်လျင်ခရိုင်မီးသတ် မြို့နယ်မီးသတ် နယ်မြေခံ ရေငုပ် ရှာဖွေရာ ၂ဦးစလုံးအားနေ့ချင်းရှာဖွေတွေ့ရှိ" လို့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းကအသိပေးထားပါတယ်။

ဒီနေ့(မေ ၁၁) နေ့လည် ၂ နာရီလောက်က ကန်နီရေကန်အတွင်း လူငယ်ခြောက်ဦး ရေဆင်းကူးခဲ့တာဖြစ်ပြီး နှစ်ဦးရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သန်လျင်ခရိုင်မီးသတ်က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေကို ညနေ ၃နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ စကာဝါး သာရေးနာရေး အသင်းတို့က သန်လျင်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။

"သန်လျင်စက်ကန်မှာရေမကူးကြဖို့ မေတ္တာ ရပ်ခံအပ်ပါသည် ကလေးမိဘများ ခင်ဗျာ။ကျွန်တော့သားကိုတော့ ကူညီသယ်ဖို့ခေါ်သွားရင်း မျက်ဝါးထင်ထင် ဆုံးမသွန်သင်ခဲ့တယ် ဘာကြောင့် မသွားဖို့မလုပ်ဖို့ကိုပေါ့ ဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူးလေ" လို့ လူမှူကူညီရေးအသင်းတာဝန်ရှိသူက အကြံပေးထားပါတယ်။
17👍10😢8🤔6🔥2
(ကန်နီရေကန်မှာ ရေနစ်တဲ့လူငယ်တွေကို ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - သန်လျင်မီးသတ်)
😢35🤔6👎1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံအပါအဝင် နိုင်ငံတကာကို NUG တိုက်တွန်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအပေါ် စစ်အုပ်စုရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ NUG က ဒီနေ့ မေလ ၁၁ရက်မှာ သဘောထားထုတ်ပြန်လိုက်တာပါ။ ရွေးကောက်ပွဲရလဒ်များကို "လျစ်လျူရှုထားသည်" လို့ စွပ်စွဲကာ ၎င်းတို့အား ဒေသတွင်း ထိတွေ့ဆက်ဆံမှုများမှ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်များကို NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။ စစ်အုပ်စုရဲ့ ပြောကြားချက်တွေဟာ များစွာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ လုပ်ရပ်များသာ ဖြစ်ကြောင်း ဆက်လက်ဖော်ပြပါတယ်။ ရွေးကောက်ပွဲရလဒ်များကို လေးစားဖို့ လက်ရှိ တောင်းဆိုနေတဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရွေးကောက်ခံခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ နိုင်ငံရေးပါတီများကို ဖိနှိပ်ခြင်း၊ သတင်းမီဒီယာများကို နှုတ်ပိတ်ခြင်းနဲ့ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး စစ်အုပ်စုအနေနဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေပါသည်လို့ ပြောဆိုချက်များမှာ လုံးဝယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း NUG က ဆိုပါတယ်။

◾️ဘီးလင်းမှာ စစ်တပ် ပစ်ခတ်လို့ စစ်ဘေးရှောင် မိခင်ဖြစ်သူနဲ့ ကလေးငယ် သေဆုံး၊

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းက ဝင်းတာပန်တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိရာ စစ်တပ်က စစ်ကူတပ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အခု အရပ်သားစစ်ရှောင်တွေရဲ့ ကားကို တားဆီးရပ်တန့်ခိုင်းပြီး ပစ်ခတ်တာဟာ စစ်တပ်ရဲ့စစ်ကူ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အရပ်သားကားမှန်းသိလျက်နဲ့ ပစ်တာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၉ ရက်က စစ်တပ်ရဲ့ အဲဒီပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ သေဆုံးကာ ကလေးငယ်ရဲ့ အမဖြစ်သူ အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့အထဲမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ဦး ဖမ်းဆီးခံရတယ်လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ထဲက ယာဉ်မောင်းအပါအဝင် ၂ဦးကိုတော့ မနေ့က မေလ ၁၀ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

◾️ပဲခူးတိုင်း အနောက်ခြမ်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ် မြို့အဝင်က စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်း အပါအဝင် အုတ်ဖိုနဲ့ လက်ပံတန်းမြို့နယ်က နေရာသုံးခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။ လက်ပံတန်းမြို့ဝင်ဂိတ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးက ဂိတ်နဲ့ အုတ်ဖိုမြို့ အေးမြသာယာမြို့သစ်ပျူစောထီးစခန်းတို့ကို ဝင်တိုက်ခဲ့တာလို့ ဗျူဟာ (၂၂) ရဲ့ ဗျူဟာမှူး ရဲဘော် စောဂျိမ်းက ပြောပါတယ်။ အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို မေလ ၁၀ရက် မနက်မှာ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ကွပ်ကဲမှုအောက် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ မေလ ၉ရက်မှာလည်း လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းကို ဗျူဟာ (၂၂)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် မေလ ၅ရက်မှာလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာတွင် စစ်တပ် ကင်းပုန်းတပ်ဖွဲ့တွေနဲ့ဗျူဟာ (၂၂)တပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာ စစ်တပ်က ဒေသတွင်းမှာ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း အသိပေးပါတယ်။

◾️ရန်ကုန်ဟိုတယ်တစ်ခုမှာ ဧည့်ကြိုလုပ်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီရောင်းစားခံရတယ်လို့ မိခင်​ပြော
👍193🔥2
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် အိမ်အမည်ပိုင်ပိုင်လို့​​ခေါ်တဲ့ လူငယ်ဟာ ဧည့်ကြိုရာထူးနဲ့ ဧပြီလက စပြီး ဟိုတယ်မှာလုပ်ကိုင်ခဲ့တာဖြစ်ပြီး တစ်လမပြည့်ခင်မှာ ရောင်းစားခံရတာဖြစ်တယ်လို့ မိခင်ဖြစ်သူက​ ပြောပါတယ်။ ရှမ်းပြည်ဘက်ကို ရောင်းစားခံရကြောင်း သိရပြီး ဘယ်လိုက်လို့ လိုက်ရမှန်းမသိတော့ကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။ အဲဒီလူငယ်ကို သိန်း ၁၅၀ နဲ့ရောင်းစားလိုက်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီဟိုတယ်ကို အခု​နောက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ အများဆုံးလာရောက်တည်းခိုနေပြီး မကြာခဏလူပျောက်ဆုံးတာတွေရှိ​နေတယ်လို့ စုံစမ်းသိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တရားဥပ​ဒေစိုးမိုးမှုမရှိ​တော့ဘဲ အကျင့်ပျက် ခြစားမှုတွေများ​နေတဲ့ ရန်ကုန်မြို့မှာ ကျားဖြန်လုပ်ကိုင်ဖို့ ဟိုတယ်တွေကို လိုက်လံငှားရမ်းမှုတွေများလာတယ်လို့ အိမ်ခြံမြေစျေးကွက်လုပ်ကိုင်သူအချို့က​ ပြောပါတယ်။ နယ်စပ်ဒေသတွေကနေ ပြန့်နှံ့လာတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ရန်ကုန်မြို့တွင်းမှာပါ အခြေစိုက်ဖို့ နေထိုင်စရာငှားရမ်းမှုတွေရှိနေတာကြောင့် အငှားစျေးကွက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

◾️မန္တလေးက ထွက်သွားတဲ့ ကားအစီးရေ ၄၀၀ပါ စစ်တပ်ယာဉ်တန်းထဲက ကားတချို့ ကသာမြို့တွင်း ဝင်ရောက်

အာဏာသိမ်းစစ်တပ်ရဲ့ Non-CDMဝန်ထမ်းတွေ လိုက်ပါလာတဲ့ စစ်ကားအစီး ၄၀၀ ကျော် ယာဉ်တန်းထဲက ကားတချို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ကသာမြို့ထဲကို ဝင်ရောက်လာတယ်လို့ ဒေသခံ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။ မေလ ၉ရက်က မန္တလေးမြို့ကနေ စစ်တပ်ရဲ့ Non-CDM ဝန်ထမ်းတွေ အပါအဝင် စစ်သား၊ လက်နက်ခဲယမ်းပါကားတွေဟာ ပြည်သူပိုင်ကားတွေကိုပါ ချောဆွဲပြီး စစ်ကားအစီးရေ ၄၀၀ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းနဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်းလမ်းအတိုင်း ထွက်ခွာခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် မနေ့က အဲဒီယာဉ်တန်း ထီးချိုင့်မြို့ကို ရောက်လာပြီး ဒီနေ့ အဲဒီအထဲက ကားတချို့ ကသာမြို့ကို ဆက်ထွက်ခဲ့တာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကားယာဉ်တန်းဟာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး ကျေးရွာကိုလည်း စစ်အင်အား ၁၀၀ ခန့်ချသွားတယ်လို့ သိရပါတယ်။

◾️ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာတစ်ဦးပိုင် ဘတ်သန်း ၅၀ တန် မှောင်ခိုဂိုဒေါင်ကို စစ်ဆေး

မြန်မာတစ်ဦးပိုင်ဆိုင်ပြီး တရားမဝင်တင်သွင်းထားတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အများအပြားသိုလှောင်ထားရာ ကုန်လှောင်ရုံတစ်ခုကို ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီယာကူ ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ဖူးခက်ခရီးစဉ်ကနေ မူလသတ်မှတ်ထားတာထက် အချိန်စောပြန်လာခဲ့ပြီး ဘတ်သန်း ၅၀ ဖိုးလောက် တရားမဝင်မှောင်ခိုတင်သွင်းထားတဲ့ ပစ္စည်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံကို မေလ ၁၀ ရက် မနေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟာ များပြားလှတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ၊ စက်ရုံနဲ့ ဟိုတယ်သုံးမီးစက်ကြီးတွေ၊ အဲကွန်းတွေနဲ့ တခြားပစ္စည်းတွေကို တွေ့မြင်ရချိန်မှာ အတော်လေး စိတ်မချမ်းမသာနဲ့ တုန်လှုပ်သွားခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး Facebook စာမျက်နှာမှာ ထုတ်ပြန်ပါတယ်။ ကုန်လှောင်ရုံထဲမှာ သိုလှောင်ထားတဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံသားတစ်ဦး ပိုင်ဆိုင်တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ်မှာတော့ အဲဒီ ကုန်ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ တပ်ထိန်းရဲတွေက သိမ်းယူထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

◾️ကပစ(၁၄)အနီးမှာ ကာကင်းစခန်းတွေ စစ်တပ် ထပ်ဆောက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းစခန်းတွေ ထပ်မံဆောက်လုပ်နေပါတယ်။ ချင်းကာကွယ်ရေးတပ်-အရှို( CDF - Asho )နဲ့ လူ့ဘောင်သစ်တပ်မတော်(NSA)တို့ ပူးပေါင်းပြီး ဧပြီ ၂၀ ရက်မှာ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာပါ။ ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံနေရာတွေကို ဦးတည်ပစ်ခတ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့ အခြားအဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ CDF အရှိုက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို တိုက်ခိုက်ခံပြီးနောက်ပိုင်းမှာတော့ စစ်တပ်ဟာ ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းတွေ ထပ်ဆောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ တဖက်မှာလည်း ပဲခူးတိုင်း ပန်းတောင်းက ကပစ(၁၆)ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖိအားပေးပြီး တိုက်ခိုက်နေချိန်မှာ ပကစ(၁၄)ကို စစ်တပ်က တော်တော်လေးသတိထားနေတယ်လို့ ငဖဲမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။ ကာကင်းတွေ ထပ်ဆောက်နေသလို အဲဒီကာကင်းတွေမှာ မွန်နဲ့ ကရင်ပြည်နယ်က ပေါ်တာဆွဲလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ ထားရှိတယ်လို့လည်း သူက ဆိုပါတယ်။
👍21🔥21
◾️ဖားကန့်ဒေသ အရပ်သားတွေရဲ့လုံခြုံရေး KIAသတိပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေ ထပ်မံဝင်ရောက်လာပြီး စစ်ရေး ဆက်လက်တင်းမာနေသလို တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို ပိုပြီးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။ ဖားကန့်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်ဆိုတာ ဒေသခံပြည်သူတွေ ပိုပြီးသိရှိထားဖို့လိုကြောင်းနဲ့ စစ်ကြောင်းတွေဝင်လာရင် ထွက်ပြီးမကြည့်ကြဖို့၊ ဘေးကင်းတဲ့နေရာကို သွားနေဖို့ အရေးကြီးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လုံးခင်းကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ဖားကန့်မြို့ဘက်ကို ပိုတိုးလာပြီး လုံးခင်းနဲ့ ဖားကန့်ကြားမှာရှိတဲ့ နမ္မဖြစ်‌ရွာက ဘုရားကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ကို မေလ ၁၀ရက် မနေ့က စစ်တပ်မြေပြင်စစ်ကြောင်းတွေဝင်လာစဉ် ဒရုန်းနဲ့ ဗုံးကြဲပြီး လမ်းရှင်းတဲ့အတွက် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

◾️ဖာပွန်ဗျူဟာဆီ စစ်ကြောင််းထိုးဖို့ စစ်တပ်စစ်ကြောင်း ကမမောင်း-ဖာပွန်လမ်းအတိုင်း ဦးတည်နေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း မေလ ၇ ရက်မှာ အင်အား ၅၀၀ထက်မနည်းပါတဲ့ စစ်တပ်စစ်ကြောင်း ရောက်ရှိလာပြီး ဖာပွန်ဗျုဟာဆီ ဦးတည်ကာ စစ်ကြောင်းထိုးဖို့ ရှိနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာလှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသကတဆင့် သံလွင်မြစ်ကို ဖောင်၊ စက်လှေတွေနဲ့ ဖြတ်ကူးကာ ဖာပွန်မြို့နယ်၊ကမမောင်းမြို့၊ အုန်းတောရွာကို ရောက်လာတာပါ။ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ကမမောင်းမြို့အနီးက အုန်းတောရွာဟာ ကရင့်နယ်ခြားစောင့်တပ် (BGF)အမှတ်( ၁၀၁၄)တပ်ရင်းထိန်းချုပ်ထားတဲ့ရွာဖြစ်ပါတယ်။ အခုတော့ စစ်တပ်စစ်ကြောင်းဟာ အုန်းတောရွာကတဆင့် ကမမောင်း-ဖာပွန်လမ်းပိုင်းမှာရှိတဲ့ ဝါးဒူးရွာဆီ ဆက်လက်ဦးတည်သွားတယ်လို့သိရပါတယ်။ ဝါးဒူးရွာမှာတော့ အရင်ကတည်းက တပ်စွဲထားတဲ့စစ်တပ်လည်းရှိနေပါတယ်။

◾️ဖရူဆိုမှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ အရေးပေါ်စစ်ရှောင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။ ဖရူဆိုမြို့နယ်အခြေစိုက်စစ်တပ်က မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို မေလ ၇ ရက်ကစပြီး စစ်ဆင်ရေးလုပ်ဆောင်လာတာကြောင့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ကျော်ဟာ အရေးပေါ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ မြေပြင်သတင်းပေးပို့ချက်များအရ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုကြောင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင်ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရသေးဘူးလို့ CTERက အသိပေးပါတယ်။ ထိခိုက်ခံရတဲ့ နယ်မြေတွေကိုသွားနိုင်ဖို့ ကြိုးပမ်းနေပေမယ့် တချို့နေရာတွေကပိတ်မိနေဆဲဖြစ်ပြီး ဒေသခံတွေလည်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာတွေအတွင်း ပိတ်မိနေကာထွက်ပြေးတိမ်းရှောင်နိုင်တာ မရှိသေးဘူးလို့ ဖော်ပြပါတယ်။

◾️မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့် ထိုင်းဘက်က တင်းကြပ်

မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့်ကို ထိုင်းနိုင်ငံဘက်က တင်းကြပ်လိုက်တယ်လို့ မြဝတီဒေသခံတွေနဲ့ အဲဒီတံတားကူးနေသူတွေက ပြောပါတယ်။ မြဝတီဘက်ခြမ်းကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက် ကူးသန်းမယ့်သူတွေပေးရမယ့် အာမခံကြေး တိုးမြှင့်လိုက်သလို ​မြန်မာကားတွေ ဖြတ်သန်းခွင့် အခေါက်ရေကိုလည်း လျှော့ချလိုက်တယ်လို့ သိရပါတယ်။ အာမခံကြေးဟာ အရင်က ဘတ် ၅၀၀ကနေ ၁,၀၀၀ ဝန်းကျင်ကနေ အခု ဘတ် ၂,၀၀၀ ထက်မနည်း ရှိလာတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီအာမခံကြေးဟာ ထိုင်းဘက်က ကောက်ခံတာမဟုတ်ပေမယ့် ထိုင်းဘက်ဝင်မယ်ဆိုရင် အာမခံပေးမယ့်သူ မဖြစ်မနေ ပြရတာကြောင့် အာမခံပေးမယ့်သူ ရှားလာသလို အာမခံကြေးလည်း စျေးတက်လာတယ်လို့ အဲဒီမြို့ခံက ရှင်းပြပါတယ်။ မဲဆောက်ဘက်ဝင်ပြီး ပြန်မထွက်တဲ့သူတွေလည်း ရှိနေတာကြောင့် အခုလိုဖြစ်ပေါ်လာတာလို့ မြဝတီမြို့ခံက သုံးသပ်ပါတယ်။ ဒါ့အပြင် တံတားဖြတ်သန်းခွင့်သက်မှတ်ရက်ပြည့်ပြီး ပြန်မလာပါက အာမခံသူကို ယာဉ်ပြေးဆွဲခွင့်ရပ်နားခြင်းနဲ့ ယာဉ်မောင်းလိုင်စင်ကို ထိုင်းအာဏာပိုင်တွေက သိမ်းယူတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။ မဲဆောက်ပို့လိုက်ပြီး ပြန်ထွက်မလာတော့လို့ လူရော ၊ ကားရော သုံးလ ထိုင်းဘက်ဝင်ခွင့်ပိတ်ခံလိုက်ရတဲ့အပြင် နောက်ထပ်အာမခံခွင့်ပါ ဆုံးရှုံးသွားတယ်လို့ သူက ပြောပါတယ်။

◾️စလင်းမှာ လူနာ ၂၀၀ကျော်ကို ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး
👍183🔥2
မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။ စလင်းမြို့နယ်က စိုးမိုးနယ်မြေတလျှောက်မှာ ၄ ရက်ကြာ ခရီးထွက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာမှာ ယားနာရောဂါရှင် ၇၈ ဦး၊ ကိုယ်ဝန်ဆောင် ၁၁ ဦးအပါအဝင် စုစုပေါင်း လူနာ ၂၃၆ ဦးကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မေလ ၁၁ ရက်မှာ အသိပေးပါတယ်။ စိုးမိုးနယ်မြေတွေမှာ မြေပြင်ဆေးခန်းတွေလည်း ဖွင့်လှစ်ထားပြီး ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
👍22🔥2
👍17🔥3
ဇနီးသတ်တဲ့တရားခံတွေ ဖမ်းမပေးလို့​ပြောသူကို စစ်တပ်နဲ့ရဲဝေဖန်ဟုဆိုကာဖမ်းဆီး

မေ-၁၁၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

အိမ်ခြံ​မြေပွဲစားအလုပ်လုပ်ကိုင်တဲ့ ဇနီးဖြစ်သူကို မေလ ၂ ရက်မှာ စစ်တပ်အရာရှိရဲ့သားသမီးတစ်စုက ရန်ကုန်မြို့​ပေါ်ခေါ်ဆောင်ပြီး လည်လှီးသတ်
ဖြတ်ခဲ့တာလို့ ဒေါက်တာကောင်းစံက လူမှုကွန်ယက်မှာပြောခဲ့ပါတယ်။ ဇနီးဖြစ်သူကို ခေါ်ဆောင်သွားတဲ့ တရားခံတွေရဲ့နာမည်တွေကို သူမ မသေဆုံးမီမှာပြောပြသွားတာကြောင့်ခေါ်ဆောင်
သွားသူတွေဟာ စစ်တပ်အရာရှိရဲ့ သားသမီးတွေလို့ ဆိုပါတယ်။

ဒါ့ကြောင့် ခင်ပွန်းဖြစ်သူ ဒေါက်တာကောင်းစံဟာ ရဲစခန်း သွားရောက်တိုင်တန်းခဲ့ပေမယ့် ဖမ်းဆီးအရေးယူတာမရှိတာကြောင့် လူမှုကွန်ရက်မှာ Live လွှင့်ပြီး စစ်တပ်နဲ့ရဲကို ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ရန်ကုန်မြို့လယ်ခေါင်မှာ လည်လှီးခံရတယ်လို့ ဆိုရမလား။ လူသတ်ခံရမှုလို့ ဆိုရမလားပေါ့။ အဲဒီဖြစ်စဉ် ၂ ရက်နေ့ ဒီလ နွေလယ်​ခေါင်မှာဖြစ်ပွားခဲ့ပါတယ်။ ယခုအချိန် ၅ရက်နေ့ နေ့လယ် ၇၂နာရီကျော်သည်အထိ တရားခံ မိသားစုဘက်မှသော်
လည်းကောင်း၊ စခန်းမှူး ဘက်မှသော်လည်း
ကောင်း၊ တာဝန်ခံအရာရှိမှသော်လည်းကောင်း တစ်စုံတစ်ရာ ဆွေးနွေးတိုင်ပင်ခြင်း ယခုအချိန်အထိ မရှိပါဘူး။ ဆွေးနွေးတိုင်ပင်ဖို့ ဆောင်ရွက်ပေးကြပါ။ သည်းခံမှုအတိုင်းအတာကုန်ဆုံးသွားခဲ့ပါပြီ"လို့ ဒေါက်တာကောင်စံက လူမှုကွန်ရက်မှာပြောဆိုထားပါတယ်။

ဒါ့အပြင်တစ်စုံတစ်ရာ ဆက်သွယ်လာခြင်း မပြုခဲ့ဘူးဆိုပါကခံရသူ၊ နှစ်နာသူဘက်က ပွင့်ပွင့်လင်းလင်း ချပြသွားမယ်လို့လည်း တစ်​တော့က​နေ
တဆင့် Live လွှင့်​​ပြောခဲ့ပါတယ်။

ဒါ့ကြောင့် စစ်တပ်နဲ့ ရဲကို ဝေဖန်ပြောဆိုတယ်ဆိုပြီး အာဏာသိမ်းစစ်​ကောင်စီက မေလ ၇ရက် ညပိုင်းမှာ ဒေါက်တာကောင်းစံကို ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် နေအိမ်မှာ လာရောက်ဖမ်း
ဆီးသွားခဲ့တာလို့ ​​ဒေသခံအချို့က​ပြောပါတယ်။

"ဘာကြောင့်သတ်တယ်ဆိုတာကိုတော့ မသိရဘူး။ သူတို့လင်မယားကနာမည်ပျက်မရှိဘူး။သူတို့အ
လုပ်ကိုသူတို့ အေးဆေးလုပ်နေတာ။ ဘာကြောင့် ဒီလိုအဖြစ်ဆိုးကိုကြုံရတာလည်းဆိုတာနားမလည်နိုင်ဘူး။ ကောင်မလေးကအသက်ထွက်ခါနီးကို တရားခံတွေရဲ့နာမည်ပြောသွားတာလို့ကြားတယ်။ အဲဒါကြောင့်သူ့ယောက်ကျားက သွားတိုင်တာ။ ဒီဘက်နယ်မြေတွေက တော်တော်ဆိုးတယ်။ သူတို့(စစ်တပ်၊စစ်တပ်မိသားစုဝင်နဲ့ စစ်တပ်မိသားစုဝင်​တွေ) နဲ့ထိပ်တိုက်မတွေ့တာကောင်းတယ်"လို့ ဒလမြို့မှ​ဒေသခံတဦးကပြောပါတယ်။

ဒေါက်တာကောင်စံဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ ရဲကို ဝေဖန်ပြောဆိုထားတဲ့ သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပို့စ်မအားလုံးအပါ
အဝင် အကောင့်ကိုပါ စစ်တပ်က ဖျက်သွားခဲ့တယ်လို့ ဒလမြို့ ဒေသခံတွေက ပြောပါတယ်။
20😡17👎2🤮2🔥1🤬1
ဒေါက်တာကောင်းစံ တို့ ဇနီး​မောင်နှံ နဲ့ ဇနီးအ
သတ်ခံရပြီး စစ်အုပ်စုကအ​ရေးယူ​ပေးခြင်းမရှိတဲ့အ​ပေါ် လူမှုကွန်ယက်မှာ ​ပြောကြား​နေတဲ့ ​ဒေါက်တာ​ကောင်စံ
😢31👎6🤮43👍3🤬1
မြင်းခြံကပျူစောထီးတွေ ရွာကိုမီးရှိူ့ပြီး
ဗီဒီယိုရိုက်ကာအောင်ပွဲခံ

မေ-၁၁၊၂၀၂၆။ရှိန်း/People's Spring

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။

အဲဒီပျူဟာ မြင်းခြံနယ်မှာ နာမည်ဆိုးနဲ့ လူသိများတဲ့ ပျူ​စောထီး​ခေါင်း​ဆောင်သီတာယုမွန်ရဲ့ အဖွဲ့က သီတာယုမွန်တပည့်တဦးဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ကို မြင်းခြံပြည်သူ့စစ်ကောင် လေးဆိုတဲ့ အကောင့်ကတင်ထားတာဖြစ်ပြီး "ဂန်းလာယူဆိုလို့ဂန်းလာယူတယ် လေ။အခုဂန်းမတွေ့ တော့ မီးရှို့ခဲ့ပြီ မင်းတို့ရွာကို သိလား။မီးခိုးတွေကို လုံးတက် နေတာသိလား။လှတယ်ကွာရွာလေးကိုနော်၊တရွာလုံးပြာကျွတ်သွားပြီ"လို့ ပြောဆို​ထားတာကို တွေ့ရပါတယ်။

မျှဝေထားသူ ပျူစောထီးအမျိုးသားရဲ့ အကောင့်မှာသီတာယုမွန်ရဲ့ ပြည်သူ့စစ်အဖွဲ့ယူနီ ဖောင်းနဲ့ပုံ အများအပြားတွေ့ရပြီး သင်္ကြန်မှာ သီတာယုမွန်ရဲ့ အကအဖွဲ့ ရုပ်သံဖိုင်တွေပါတင်ထားတာကိုလည်း တွေ့ရပါတယ်။

မြင်းခြံမြို့နယ်မှာ ဧပြီလတစ်လအတွင်းမှာပဲ ကျေးရွာ၂၀ နီးပါးမီးရှို့ခံရကာ အမျိုးသမီးငယ်တွေ ပါအဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ဒေသခံ တွေနဲ့ တော်လှန်ရေး တပ်‌ တွေဆီကသိရပါတယ်။

"အခုနောက်ဆုံး ဝင်နေတဲ့ မြစ်ကမ်းဘက်ကမရိုးကုန်းရွာက ဒေသခံအမျိုးသမီး၄ဦး အဓမ္မပြုကျင့်ခံရတယ်လို့ကြားတယ်။အဲဘက်က အခုထိဖုန်းလိုင်းတွေ ပျက်‌ နေလို့ သတင်းတိတိကျကျတော့ မရ သေးဘူး။ရွာ တွေကိုတော့ စစ် ကြောင်းက ဆက်တိုက် မွှေနေတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

မတ်လနောက်ဆုံးပတ်မှာမြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကိုတိုက်ခိုက်ခဲ့တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကနေ ဖက်ပင်အိုင်ရွာကပြည်သူ၈ဦးကို သတ်ကာ ကျေး
ရွာကိုမီးရှို့ခဲ့ပြီးတဲ့ နောက် မြင်းခြံမြို့ထဲကပျူ စောထီး တွေကို စစ်သားတွေ ဦးစီးတဲ့ စစ်ကြောင်း တွေထွက်လာကာ ရွာ တွေက ပြည်သူပိုင်ပစ္စည်း တွေကိုကားနဲ့ ခိုးယူသယ်ထုတ်ပြီး ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာပါ။

မြင်းခြံမြို့နယ်မှာဧပြီလ တလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ကျီးပင်ကန်၊ဆိတ်ကုန်း၊ထိန်ပန်း၊ရွာသစ်၊ရဲတိုင်၊မြို့ကြီးကုန်း၊မြောက်ရွာလေး၊ပျိုးကန်၊ပျားရွာ စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ပေါင်း၂၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ ​မေလဆန်းမှာလည်း ဧရာဝတီမြစ်ကမ်းတ​လျှောက်ကရွာ​တွေကို စစ်သား​တွေနဲ့ ပျူ​စောထီး​တွေပါဝင်တဲ့စစ်​ကြောင်း​တွေကဆက်လက် စစ်​ကြောင်းထိုးမီးရှို့ဖျက်ဆီး​နေတာဖြစ်ပါတယ် ။

စစ်အုပ်စုကအာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတစ်ဝန်းမီးရှို့ ဖျက်ဆီးတာ​တွေကို မှတ်တမ်းတင်ပြုစု​​ဖော်ပြ​ပေး​နေတဲ့ Data for Myanmar ရဲ့ အချက်အလက်​တွေအရ ၂၀၂၆ ​ဖေ​ဖော်ဝါရီ လကုန်အထိ စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့တဲ့​နေအိမ်​​ပေါင်း ၁၂၅၃၂၈ အိမ်ရှိတယ်လို့​ဖော်ပြထားပါတယ်။
😡527👎2🥰2🤬2👏1
ရုပ်သံ-ပျူ​စောထီးတစ်​တော့
😡301🤬1
Media is too big
VIEW IN TELEGRAM
🤬65🖕5😡5🤮4👏21👎1💩1
လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

မေ-၁၂၊၂၀၂၆။မိုမို/People's Spring

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မစ်ရှင်အနေနဲ့ဝင်ဆော်တာ။လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်"လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။

ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။

မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

"သေတဲ့ရာထူးက ကြီးတယ်လို့တော့ကြားတယ်။သူနဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့လည်းပါသွားတယ်"လို့ သူက ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။

စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
👍437👏4🥰2😁1🖕1