(လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဥ်။ ဓါတ်ပုံ-စလင်းပအဖ)
❤41👍10🥰5🔥1
မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့် ထိုင်းဘက်က တင်းကြပ်
မေ -၁၁၊၂၀၂၆။ဇော်ဝင်း/People's Spring
မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့်ကို ထိုင်းနိုင်ငံဘက်က တင်းကြပ်လိုက်တယ်လို့ မြဝတီဒေသခံတွေနဲ့ အဆိုပါတံတားကူးနေသူတွေက ပြောပါတယ်။
မြဝတီဘက်ခြမ်းကတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကူးသန်းမယ့်သူတွေပေးရမယ့် အာမခံကြေး တိုးသွားတာနဲ့ မြန်မာကားတွေ ဖြတ်သန်းခွင့် အခေါက်ရေ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။
မဲဆောက်မြို့ကို ပထမဆုံးအကြိမ် တံတားကူးမယ့်သူတွေအတွက် ထိုင်း-မြန်မာ မော်တော်ယာဉ်မောင်း ဒါမှမဟုတ် ထိုင်းနိုင်ငံသား တစ်ဦးဦးကို အသုံးပြုပြီး တံတားကူးအာမခံလုပ်ဖို့ ထိုင်းလူဝင်မှုကြီး ကြပ်ရေးဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ခဲ့တာပါ။
"အာမခံကြေးကတော့ ထိုင်းဘက်က ကောက်တာမဟုတ်ပေမယ့် သူတို့ဘက်က ထိုင်းကိုဝင်မယ်ဆို အာမခံပေးမယ့်သူမဖြစ်မနေ ပြဖို့တောင်းတယ်။ဘာလို့ အာမခံပေးရတာလဲဆိုတော့ မဲဆောက်ဝင်ပြီး ပြန်မထွက်တော့တာတွေရှိလာတယ်။အဲဒါကြောင့် အာမခံ ပေးမယ့်သူတွေလည်းရှားလာတယ်။ အာ မခံကြေးက စျေးတက်လာတယ်"လို့ မြဝတီ ဒေသခံတစ်ဦးက ပြောပါတယ်။
အာမခံကြေးဟာ အရင်က ဘတ် ၅၀၀ကနေ ၁,၀၀၀ ဝန်းကျင်ကနေ အခု ဘတ် ၂,၀၀၀ ထက်မနည်း ရှိလာတယ်လို့ သူက ပြောပါတယ်။
တံတားဖြတ်သန်းခွင့်သက်မှတ်ရက်ပြည့်ပြီး ပြန်မလာပါက အာမခံသူကို ယာဉ်ပြေးဆွဲခွင့်ရပ်နားခြင်းနဲ့ ယာဉ်မောင်းလိုင်စင်ကို ထိုင်းအာဏာပိုင်တွေက သိမ်းယူတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူက ဆိုပါတယ်။
"မဲဆောက်ပို့လိုက်ပြီး ပြန်ထွက်မလာတော့ လို့ လူရော ၊ ကားရော သုံးလ ထိုင်းဘက်ဝင်ခွင့်ပိတ်ခံလိုက်ရတဲ့အပြင် နောက်ထပ်အာမခံခွင့်ပါ ဆုံးရှုံးသွားတယ်"လို့ သူက ပြောပါတယ်။
တရားဝင် သတ်မှတ်ချက်တွေအရ ခုနစ်ရက်သက်တမ်း လက်မှတ်အတွက်တံတားကူးခအနေနဲ့ မြန်မာဘက်ခြမ်းမှာ ကျပ်နှစ်ထောင်ပေးရပြီး ထိုင်းဘက်ခြမ်းကို ဘတ် ၄၀ ပေးရပါတယ်။
"မြန်မာဘက်ခြမ်းကစကူးမယ်ဆိုရင် ဖြတ်ဖူးတဲ့သူဆိုရင် မြန်မာမှတ်ပုံတင်Smart Card ထိုင်းတံတားဘက်ခြမ်းက Smart Card စစ်တယ်။ မဖြတ်ဖူးတဲ့သူဆိုရင် မှတ်ပုံတင် မြန်မာsmart card ရှိရမယ် ကလေးလူကြီးပိုင်းဆိုရင်မရစ်မစစ်ပေမယ့် လူငယ်လူလတ်ပိုင်းဆို စစ်မယ်ရစ်တယ်"လို့ မကြာသေခင်ရက်ပိုင်းက မြဝတီ-မဲဆောက် အမှတ်(၁၀တံတားကူးခဲ့သူ တစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ အိမ်နီးခြင်းထိုင်းနိုင်ငံကို နယ်စပ်ပေါက်ကနေ သွားရောက်နေကြတာ ဖြစ်ပါတယ်။
အခုရက်ပိုင်းထဲမှာပဲ ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။

🤬23❤4👎3🔥3😁1
စစ်သည်တော်ကျင့်ဝတ်နဲ့ လူသားစားနာဆိုင်ရာ သင်တန်းတွေတိုးချဲ့ပြုလုပ်နေဟု NUGလူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်
မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ဆိုင်ရာ သင်တန်းတွေကို ဆက်လက်ချဲ့ထွင်ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၆ မတ်လအတွင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း ၄၅ဦး တက်ရောက်ခဲ့တဲ့ သင်တန်းအကြောင်း သတင်းထုတ်ပြန်ရာမှာ အခုလို အသိပေးခဲ့တာပါ။
သင်တန်းမှာ လူ့အခွင့်အရေးစံနှုန်းတွေ၊ စစ်ပွဲဆိုင်ရာ စည်းကမ်းတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ကျင့်ဝတ်တွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အသေးစိတ် ဆွေးနွေးခဲ့ကြ တယ်လို့ အသိပေးပါတယ်။
တော်လှန်ရေး အစကတည်းက အခုလို သင်တန်းတွေပေးခဲ့ရင် ချိုးဖောက်မှုတွေ နည်းမယ်လို့ သင်တန်းတက်ရောက်ခဲ့တဲ့ စစ်ကြောင်းမှူးတဦးက ပြောကြားပြီး ဒေသတွင်းမှာ အသိပညာပေးတာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်စေချင်ကြောင်း အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သင်တန်းသားတဦးကလည်း "အရင်ကတော့ အထက်ကပေးတဲ့ အမိန့် (Command) ကိုပဲ သိခဲ့တာပါ၊ သင်တန်းတက်ပြီးမှ လူတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားရမယ်ဆိုတာ သိလာရသလို၊ စံနှုန်းတွေနဲ့ ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ရမယ်ဆိုတာ ပိုပြီး နားလည်သွားပါတယ်" လို့ ရင်ဖွင့်ခဲ့ပါတယ်။ သင်တန်းကို တောတွင်းတနေရာမှာ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရပေမယ့် မြေပြင်မှာ တာဝန်ယူထားသူတွေအနေနဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမရှိစေဘဲ ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းသွားနိုင်ဖို့ ထိထိရောက်ရောက် ပို့ချပေးနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC) နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ဆိုင်ရာ နည်းပြသင်တန်းအား လူ့အခွင့်အရေးရာတာဝန်ခံတွေကိုလေ့ကျင့်ပေးခဲ့ပြီးနောက် လူထုအတွင်း ဆင့်ပွား အသိပညာပေးမှုတွေ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခုလို သင်တန်းတွေကို ၂၀၂၄ ခုနှစ်ကတည်း ကစတင်ခဲ့တာဖြစ်ပြီး ပြည်သူလူထုကို အသိပညာပေးမှုတွေဆက်လက်ချဲ့ထွင် ပြုလုပ်လျက်ရှိဟု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီး အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေ အနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေအနေ့ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာဖို့ ဆော်ဩတာတွေ အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူ့ရင်သွေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာနဲ့အညီ ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းရန်မှာ အသက်တမျှ အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖ ဖွဲ့စည်းမှု ၅နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ (၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့သည့် အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားမည် မဟုတ်ပါ။ ဤအချက်များအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိပါသည်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေဖို့ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာဖို့ တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိတဲ့ တပ်မတော်ဖြစ်လာစေဖို့ ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးရည်မွန်က ကတိပြုထားပါတယ်။

❤38👍16🤣2👏1
မန္တလေးက ထွက်သွားတဲ့ ကားအစီးရေ ၄၀၀ပါ စစ်တပ်ယာဉ်တန်းထဲက ကားတချို့ ကသာမြို့တွင်း ဝင်ရောက်
မေ-၁၁၊ ၂၀၂၆။ ရှိန်း/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့ Non-CDMဝန်ထမ်းတွေ လိုက်ပါလာတဲ့ စစ်ကားအစီး ၄၀၀ ကျော် ယာဉ်တန်းထဲက ကားတချို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ကသာမြို့ထဲကို ဝင်ရောက်လာတယ်လို့ ဒေသခံ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
မေလ ၉ရက်က မန္တလေးမြို့ကနေ စစ်တပ်ရဲ့ Non-CDM ဝန်ထမ်းတွေ အပါအဝင် စစ်သား၊ လက်နက်ခဲယမ်းပါကားတွေဟာ ပြည်သူပိုင်ကားတွေကိုပါ ချောဆွဲပြီး စစ်ကားအစီးရေ ၄၀၀ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းနဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်းလမ်းအတိုင်း ထွက်ခွာခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် မနေ့က အဲဒီယာဉ်တန်း ထီးချိုင့်မြို့ကို ရောက်လာပြီး ဒီနေ့ အဲဒီအထဲက ကားတချို့ ကသာမြို့ကို ဆက်ထွက်ခဲ့တာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"သေချာတယ်။ အကုန်တော့မဟုက်သေးဘူး။ တချို့တဝက် ကသာမြို့ထဲရောက်လာတယ်။ ဒီနေ့ နေ့လယ်ခင်း ခန့်မှန်း၂နာ ရီလောက်ကဖြစ်မယ်"လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်ကားယာဉ်တန်းဟာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး ကျေးရွာကိုလည်း စစ်အင်အား ၁၀၀ ခန့်ချသွားတယ်လို့ သိရပါတယ်။
စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တဲ့ ထီးချိုင့်၊ ကသာ၊ အင်းတော်မြို့တို့ကို အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်ဖို့ ကြိုးစားနေပြီး ဒီယာဉ်တန်းမှာလည်း ဘဏ်၊ စစ်တပ်အစိုးရအဖွဲ့ရုံးဝန်ထမ်းတွေနဲ့ ပညာရေး ဝန်ထမ်းတွေပါတယ်လို့ သိရပါတယ်။

👎34❤3💩3👍2👏1🤬1
ရန်ကုန်ဟိုတယ်တစ်ခုမှာဧည်ကြိုလုပ်နေတဲ့လူငယ်တဦး ကျားဖြန့်ဆီရောင်းစားခံရဟုမိခင်ပြော
မေ-၁၁၊၂၀၂၆။တာရာ၊ရဲခေါင်/People's Spring
မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။
အသက် ၂၅ နှစ်အရွယ်အိမ်အမည်ပိုင်ပိုင်လို့ခေါ်တဲ့ လူငယ်ဟာ ဧည့်ကြိုရာထူးနဲ့ ဧပြီလက စပြီးဟိုတယ်မှာလုပ်ကိုင်ခဲ့တာဖြစ်ပြီး တစ်လမပြည့်ခင်မှာ ရောင်းစားခံရတာဖြစ်တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။
"သားလေးက အာဏာသိမ်းတော့ ကျောင်းဆက်မတတ်တော့ဘူး။ ကြုံရာကျပန်းဝင်လုပ်နေတာ။ မိဘအပေါ်လည်း တော်တော်သိတတ်တယ်။ ဟို
တယ်မှာအလုပ်လေးရလို့ ဝမ်းသာနေတာ။ အဲဒါကို ရောင်းစာခံရတာ။ ကလေးကဖုန်းဆက်တော့ လိုင်းကမမိတမိဖြစ်နေတာ။ ပြန်ဆက်တော့ ဖုန်းကလုံးဝမရတော့ဘူး။ ရှမ်းပြည်ဘက်လို့ပဲပြောတယ်။ ရင်တွေလည်းပူနေပါပြီ။ ဘယ်လိုက်ရမှန်းတောင်မသိတော့ဘူး"လို့ မိခင်ဖြစ်သူကပြောပါတယ်။
အဆိုပါလူငယ်ကို သိန်း ၁၅၀ နဲ့ရောင်းစားလိုက်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
အဆိုပါဟိုတယ်ကို အခုနောက်ပိုင်းမှာတရုတ်နိုင်ငံသားတွေအများဆုံးလာရောက်တည်းခိုနေပြီး မကြာခဏလူပျောက်ဆုံးတာတွေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
အဆိုပါဟိုတယ်ကို လူထုနွေဦးက ဖုန်းနဲ့ဆက်သွယ်ပြီးမေးမြန်းတဲ့ အခါအဆိုပါဖြစ်စဥ်မရှိဘူးလို့ ပြောပါတယ် ။
"ကျွန်မဆီက ဝန်ထမ်းရေးရာကတော့ သိမနေဘူးရှင်။အဲဒီ့နာမည် ကို ပိုင်ပိုင်ကိုလေ။ကျွန်မတို့ဆီမှာ ကျားဖြန့်ဆီမှာ ရောင်းစားခံရတာမျိုး ကျွန်မတို့ဆီမှာ မရှိပါဘူး"လို့ဟိုတယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် မိခင်ဖြစ်သူကတော့ ဟိုတယ်ကိုသူလိုက်သွားပြီး မေးမြန်းတဲ့အခါ အလုပ်ကိစ္စနဲ့ နယ်ကိုသွားတယ်လို့ပြောတယ်လို့ ဆိုပါတယ်။သားဖြစ်သူ ပြန်ရောက်မလာပဲ ပျောက်ဆုံးနေပြီး ရောင်း
စားခံရကာ ရှမ်းပြည်နယ်ဘက်ကိုရောက်နေတယ်လို့ မိခင်ကကြားရလို့ ဟိုတယ်ကိုလိုက်သွားပြီးငိုယိုပြီးပြောပေမယ့် ဟိုတယ်က တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ ဖြစ်စဥ်ကိုသိသူတဦးကပြောပါတယ်။
ပိုင်ပိုင်ဟာ ဟိုတယ်မှာ ဧည်ကြိုအလုပ်ဝင်ပြီးနောက်ပိုင်း အလုပ်သွားဆင်းရင် တစ်ပါတ်မှာတစ်ရက်ပဲ အိမ်ပြန်လာတက်ပေမယ့် ဖုန်းပုံမှန်ဆက်တယ်လို့ မိသားစုထံကသိရပါတယ်။
အဆိုပါဟိုတယ်ကို People's Spring က ထပ်မံမေးမြန်းတဲ့အခါ"ကျွန်မတို့ဘက်ကဖြေပေးလို့မရပါဘူး။ မန်နေဂျာကအလုပ်မအားသေးလို့ ပြော
ထားပေးပါမယ်။ ပြန်ဆက်သွယ်ပေးပါမယ်"လို့
ဖုန်းကိုင်ဖြေဆိုသူတဦးကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတော့ပဲ အကျင့်ပျက် ခြစားမှုတွေများနေတဲ့ ရန်ကုန်မြို့မှာ ကျားဖြန်လုပ်ကိုင်ဖို့ ဟိုတယ်တွေကို လိုက်လံငှားရမ်းမှုတွေများလာတယ်လို့ အိမ်ခြံမြေစျေးကွက်လုပ်ကိုင်သူအချို့ကပြောပါတယ်။
နယ်စပ်ဒေသတွေကနေတဆင့် ပြန့်နှံ့လာတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ရန်ကုန်မြို့တွင်းမှာပါ အခြေ
စိုက်ဖို့ နေထိုင်စရာငှားရမ်းမှုတွေရှိနေတာကြောင့် အငှားစျေးကွက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်တွေကနေတဆင့် သိရတာပါ။
ရွှေလိပ်ပြာဟိုတယ်မှာလည်း ကျားဖြန်လုပ်ငန်းလုပ်ကိုင်တာတွေရှိနေပြီး လူအချင်းချင်းသတိထားဖို့ ကျားဖြန့်လုပ်ငန်းမှာလုပ်ကိုင်ခဲ့ပြီးအလုပ်ထွက်ခဲ့သူအချို့ကပြောပါတယ် ။ရွှေလိပ်ပြာဟိုတယ်ကတော့ ဟိုတယ်မှာကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တာမရှိဘူး သတင်းတွေထွက်လို့စစ်ကောင်စီကဝင်စစ်တာခံရပြီး မမှန်သတင်းပြောသူတွေကို ဥပဒေအရတုံ့ပြန်မယ်လို့စာထုတ်ထားပါတယ် ။
အာဏာသိမ်းစစ်တပ်အနေနဲ့လည်း ကျားဖြန်လုပ်ငန်းတွေကိုလိုင်းကြေးတွေယူပြီး မသိချင်ယောင်ပြုပေးကာ လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ကျားဖြန့်လုပ်ငန်းမှာကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ခဲ့သူအချို့ကပြောပါတယ်။ စစ်တပ်နဲ့ တရုတ်တို့ကရှမ်းပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာကျားဖြန့်လုပ်ငန်းတွေတိုက်ဖျက်ရေးလုပ်ကိုင်ခဲ့တယ်ဆိုပေမယ့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမြို့အများစုမှာ ကျားဖြန့်လုပ်ငန်းတွေပျံ့နှံ့နေပြီလို့ ဒေသခံပြည်သူတွေကပြောပါတယ်။
ဒါ့အပြင် စစ်တပ်အနေနဲ့ ကျားဖြန်လုပ်ငန်းတွေကို နှိမ်နှင်းနေသယောင် လုပ်နေပေမယ့် မြန်မာ-ထိုင်းနယ်စပ် ဒေသ တွေမှာ ကျားဖြန့်အလုပ်အကိုင်နေရာတွေပိုပေါလာတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဆိုပါတယ်။
"ကျွန်မဆို ကျားဖြန့်လုပ်သားဟောင်းပဲ။အခု ပြန်ခေါ်နေတာ။ရွှေကုက္ကိုလ်သွားမလား။ဘုရားသုံးဆူ သွားမလား အကုန်သွားလို့ရတယ်။နေရာတွေမှ ပေါလို့။သူတို့ ပိတ်နေတာဆိုတာဟန်ပြတွေ။ကျွန်မကတော့ မလုပ်ချင်တော့ဘူး"လို့ မြဝတီကျားဖြန့်နေရာတစ်ခုမှာ သုံးနှစ်ကြာအလုပ်လုပ်ခဲ့သူက ပြောပါတယ်။

🤬30❤4😡3🔥2😱2👎1
ပဲခူးတိုင်း အနောက်ခြမ်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်
■အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီး
မနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး
မေ-၁၁၊၂၀၂၆။ထားမြတ်၊ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ် မြို့အဝင်က စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်း အပါအဝင် အုတ်ဖိုနဲ့ လက်ပံတန်းမြို့နယ်က နေရာသုံးခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်
(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
"လက်ပံတန်းကတော့မြို့ဝင်ဂိတ်ရန်ကုန်-ပြည် ကားလမ်းဘေးက ဂိတ်ကို ဝင်တိုက်ကြတာ။ အုတ်ဖိုကတော့အေးမြသာယာမြို့သစ်ပျူစောထီးစခန်းကို ဝင်တိုက်ကြတာပါ။ ဒီဂိတ်တွေက ပေါ်တာဆွဲတာ၊ပိုက်ဆံတောင်းတာတွေအပြင်ပြည်သူတွေကို ရိုက်နှိပ်စစ်ဆေးတာတွေကအစ လုပ်
ဆောင်ပါတယ် မထင်မထင်သလို ဖမ်းတာတွေ လုပ်ပါတယ် "လို့ ဗျူဟာ (၂၂) ရဲ့ ဗျူဟာမှူး ရဲဘော် စောဂျိမ်းက ပြောပါတယ်။
အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို မေလ ၁၀ရက် မနက်မှာ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ကွပ်ကဲမှုအောက် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ မေလ ၉ရက်မှာလည်း လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းကို ဗျူဟာ (၂၂)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် မေလ ၅ရက်မှာလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာတွင် စစ်တပ် ကင်းပုန်းတပ်ဖွဲ့တွေနဲ့ဗျူဟာ (၂၂)တပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။
“လက်ရှိမှာတော့ ရန်သူစကမ ဘက်က မြေပြင် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လက် ရန်သူ တပ်စခန်းများဝန်းကျင်၊ ရန်သူ စစ်ကြောင်း ဝန်းကျင်တွေနဲ့ နယ်မြေ စစ်ကြောင်းထိုးတဲ့အခါ မှာ လွတ်
ကင်းရာနေရာများကိုတိမ်ရှောင်ကြဖို့လေး မှာ ချင်ပါတယ်ဗျ။စစ်ကြောင်းတွေကဗျူဟာ(၂၂) စစ်
ဆင်ရေးနယ်မြေတွေအတော်များမှာစစ်ကြောင်း
ထိုးနေသလို ကျနော်တို့ဘက်ကလည်း ရန်သူစခန်းတွေကို ခြိမ်းခြောက်မှုတွေ ပေးနိုင်အောင် ပြင်ဆင်ဆောက်ရွက်နေပါတယ်၊ ခုဆို မြို့နားက ဂိတ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေပါတယ်” လို့ရဲဘော် စောဂျိမ်းစ်က ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ဒေသတွင်းမှာ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း အသိပေးပါတယ်။
“ရန်သူ တပ်စခန်း ဝန်းကျင်တွေ မနေဖို့နဲ့ ရန်သူ နဲ့ မဆက်ဆံ မပတ်သတ်ဖို့ပါဘဲ”လို့ ရဲဘော်စောဂျိမ်းစ်က ဆက်လက်ပြောကြားပါတယ်။
ဗျူဟာ (၂၂)တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်း တိုက်ပွဲမှာပျူစောထီး ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ဟု ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာ ထိတွေ့တိုက်ပွဲမှာလည်း စစ်တပ်က ၄ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။
လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိစစ်တပ် အ
ထိုင်ဂိတ်စခန်း တိုက်ခိုက်မှုကိုတော့ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တွေနဲ့ သာယာဝတီခရိုင်၊ ပကဖတပ်ဖွဲ့ (၁ ၊ ၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။အဲဒီတိုက်ခိုက်ရာမှာ စစ်
တပ်ဘက်သေဆုံးမှုမရှိဘဲထိခိုက်ဒဏ်ရာရသူတ
ချို့ပဲရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

👍42❤11👏5🖕2🔥1🥰1😁1
စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံအပါအဝင် နိုင်ငံတကာကို NUG တိုက်တွန်း
မေ-၁၁၊ ၂၀၂၆။ People’s Spring
တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။
အာဆီယံနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအပေါ် စစ်အုပ်စုရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ NUG က ဒီနေ့ မေလ ၁၁ရက်မှာ သဘောထားထုတ်ပြန်လိုက်တာပါ။
ရွေးကောက်ပွဲရလဒ်များကို "လျစ်လျူရှုထားသည်" လို့ စွပ်စွဲကာ ၎င်းတို့အား ဒေသတွင်း ထိတွေ့ဆက်ဆံမှုများမှ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်များကို NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ ပြောကြားချက်တွေဟာ များစွာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ လုပ်ရပ်များသာ ဖြစ်ကြောင်း ဆက်လက်ဖော်ပြပါတယ်။
ရွေးကောက်ပွဲရလဒ်များကို လေးစားဖို့ လက်ရှိ တောင်းဆိုနေတဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရွေးကောက်ခံခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ နိုင်ငံရေးပါတီများကို ဖိနှိပ်ခြင်း၊ သတင်းမီဒီယာများကို နှုတ်ပိတ်ခြင်းနဲ့ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး စစ်အုပ်စုအနေနဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေပါသည်လို့ ပြောဆိုချက်များမှာ လုံးဝယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း NUG က ဆိုပါတယ်။
စစ်အုပ်စုအပေါ် ထားရှိတဲ့ အာဆီယံရဲ့ လက်ရှိရပ်တည်ချက်ဟာ အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ လုံးဝ ပျက်ကွက်နေခြင်း၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ဖို့ ငြင်းဆန်နေခြင်းနဲ့ မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ရိုက်အကျိုးဆက်ဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာများ သို့မဟုတ် အတင်းအကျပ် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲတွေကတဆင့် ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာအပေါ် အခြေခံတဲ့ အားလုံးပါဝင်နိုင်သော နိုင်ငံရေးအကူးအပြောင်းမှတဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူလူထုရဲ့ မျှော်မှန်းချက်များကို ဆက်လက်အခိုင်အမာ ထောက်ခံပေးကြဖို့လည်း NUG က တောင်းဆိုပါတယ်။
ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနဲ့ မြန်မာပြည် သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒသဘောထားများကို ဖယ်ကြဉ်ထားတဲ့ မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မျိုးမဆို စစ်မှန်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဝင်မှုတို့ကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ကြောင်း NUG က ထပ်လောင်းအတည်ပြုပါတယ်။

❤42👍18🥰2👏2🤮2
ဘီးလင်းမှာ စစ်တပ်က စစ်ဘေးရှောင်တွေရဲ့ ကားရပ်ခိုင်းပြီး ပစ်ခတ်လို့ ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံး၊ အချို့ဖမ်းဆီးခံရ
မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းက ဝင်းတာပန်တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိရာ စစ်တပ်က စစ်ကူတပ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
အခု အရပ်သားစစ်ရှောင်တွေရဲ့ ကားကို တားဆီးရပ်တန့်ခိုင်းပြီး ပစ်ခတ်တာဟာ စစ်တပ်ရဲ့စစ်ကူ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“အရပ်သားကားမှန်းသိလျက်နဲ့ ပစ်တာ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဖြစ်စဉ်မှာ မေလ ၉ရက် နေ့လည် ၂နာရီလောက်မှာ စစ်ရှောင်တွေရဲ့ ကားကို လေးကေတောင်ဂ၀ ဘုရားလေးလမ်းမှာ စစ်တပ်က ရပ်တန့်ခိုင်းလို့ ယာဉ်မောင်းက ရပ်ပေးချိန် လက်နက်ငယ်တွေနဲ့ ပစ်ခံရတာလို့ ဆိုပါတယ်။
ဒီလို ပစ်ခတ်လို့ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ သေဆုံးကာ ကလေးငယ်ရဲ့ အမဖြစ်သူ အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့အထဲမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ဦး ဖမ်းဆီးခံရတယ်လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ထဲက ယာဉ်မောင်းအပါအဝင် ၂ဦးကိုတော့ မနေ့က မေလ ၁၀ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ ဝင်းတာပန်ဒေသမှာလည်း တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာ၊ စက်တပ်လေထီးသုံး ဗုံးကြဲတာတွေ လုပ်ဆောင်နေလို့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ပြောပါတယ်။

🤬40😡8❤4👎2👏1💔1
သန်လျင်မှာ ရေဆင်းကူးတဲ့ လူငယ်နှစ်ဦး ရေနစ်သေဆုံး
မေ-၁၁၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။
"သန်လျင် ဂေါက်ရိုက်ကွင်း ကန်နီရေနစ်သေဆုံး ယောကျ်ားလေး ၂ဦး အား သန်လျင်ခရိုင်မီးသတ် မြို့နယ်မီးသတ် နယ်မြေခံ ရေငုပ် ရှာဖွေရာ ၂ဦးစလုံးအားနေ့ချင်းရှာဖွေတွေ့ရှိ" လို့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းကအသိပေးထားပါတယ်။
ဒီနေ့(မေ ၁၁) နေ့လည် ၂ နာရီလောက်က ကန်နီရေကန်အတွင်း လူငယ်ခြောက်ဦး ရေဆင်းကူးခဲ့တာဖြစ်ပြီး နှစ်ဦးရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သန်လျင်ခရိုင်မီးသတ်က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေကို ညနေ ၃နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ စကာဝါး သာရေးနာရေး အသင်းတို့က သန်လျင်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။
"သန်လျင်စက်ကန်မှာရေမကူးကြဖို့ မေတ္တာ ရပ်ခံအပ်ပါသည် ကလေးမိဘများ ခင်ဗျာ။ကျွန်တော့သားကိုတော့ ကူညီသယ်ဖို့ခေါ်သွားရင်း မျက်ဝါးထင်ထင် ဆုံးမသွန်သင်ခဲ့တယ် ဘာကြောင့် မသွားဖို့မလုပ်ဖို့ကိုပေါ့ ဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူးလေ" လို့ လူမှူကူညီရေးအသင်းတာဝန်ရှိသူက အကြံပေးထားပါတယ်။

❤17👍10😢8🤔6🔥2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၁၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံအပါအဝင် နိုင်ငံတကာကို NUG တိုက်တွန်း
တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအပေါ် စစ်အုပ်စုရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ NUG က ဒီနေ့ မေလ ၁၁ရက်မှာ သဘောထားထုတ်ပြန်လိုက်တာပါ။ ရွေးကောက်ပွဲရလဒ်များကို "လျစ်လျူရှုထားသည်" လို့ စွပ်စွဲကာ ၎င်းတို့အား ဒေသတွင်း ထိတွေ့ဆက်ဆံမှုများမှ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်များကို NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။ စစ်အုပ်စုရဲ့ ပြောကြားချက်တွေဟာ များစွာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ လုပ်ရပ်များသာ ဖြစ်ကြောင်း ဆက်လက်ဖော်ပြပါတယ်။ ရွေးကောက်ပွဲရလဒ်များကို လေးစားဖို့ လက်ရှိ တောင်းဆိုနေတဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရွေးကောက်ခံခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ နိုင်ငံရေးပါတီများကို ဖိနှိပ်ခြင်း၊ သတင်းမီဒီယာများကို နှုတ်ပိတ်ခြင်းနဲ့ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး စစ်အုပ်စုအနေနဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေပါသည်လို့ ပြောဆိုချက်များမှာ လုံးဝယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း NUG က ဆိုပါတယ်။
◾️ဘီးလင်းမှာ စစ်တပ် ပစ်ခတ်လို့ စစ်ဘေးရှောင် မိခင်ဖြစ်သူနဲ့ ကလေးငယ် သေဆုံး၊
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းက ဝင်းတာပန်တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိရာ စစ်တပ်က စစ်ကူတပ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အခု အရပ်သားစစ်ရှောင်တွေရဲ့ ကားကို တားဆီးရပ်တန့်ခိုင်းပြီး ပစ်ခတ်တာဟာ စစ်တပ်ရဲ့စစ်ကူ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အရပ်သားကားမှန်းသိလျက်နဲ့ ပစ်တာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၉ ရက်က စစ်တပ်ရဲ့ အဲဒီပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ သေဆုံးကာ ကလေးငယ်ရဲ့ အမဖြစ်သူ အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့အထဲမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ဦး ဖမ်းဆီးခံရတယ်လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ထဲက ယာဉ်မောင်းအပါအဝင် ၂ဦးကိုတော့ မနေ့က မေလ ၁၀ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
◾️ပဲခူးတိုင်း အနောက်ခြမ်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ် မြို့အဝင်က စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်း အပါအဝင် အုတ်ဖိုနဲ့ လက်ပံတန်းမြို့နယ်က နေရာသုံးခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။ လက်ပံတန်းမြို့ဝင်ဂိတ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးက ဂိတ်နဲ့ အုတ်ဖိုမြို့ အေးမြသာယာမြို့သစ်ပျူစောထီးစခန်းတို့ကို ဝင်တိုက်ခဲ့တာလို့ ဗျူဟာ (၂၂) ရဲ့ ဗျူဟာမှူး ရဲဘော် စောဂျိမ်းက ပြောပါတယ်။ အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို မေလ ၁၀ရက် မနက်မှာ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ကွပ်ကဲမှုအောက် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ မေလ ၉ရက်မှာလည်း လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းကို ဗျူဟာ (၂၂)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် မေလ ၅ရက်မှာလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာတွင် စစ်တပ် ကင်းပုန်းတပ်ဖွဲ့တွေနဲ့ဗျူဟာ (၂၂)တပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာ စစ်တပ်က ဒေသတွင်းမှာ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း အသိပေးပါတယ်။
◾️ရန်ကုန်ဟိုတယ်တစ်ခုမှာ ဧည့်ကြိုလုပ်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီရောင်းစားခံရတယ်လို့ မိခင်ပြော

👍19❤3🔥2