People's Spring
63.3K subscribers
65.7K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ "အမေများနေ့"မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆို

မေ-၁၁၊၂၀၂၆။ သုည/People's Spring

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ "Proof of life" ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ "အမေများနေ့"မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို Free Burma Action Committee-Northern California အဖွဲ့နဲ့ အမေရိကန်နိုင်ငံရောက် နွေဦးတော်လှန်ရေးတိုက်ပွဲဝင်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ (Proof of life) လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ (Blue Shirt Movement -Myanmar) လှုပ်ရှားမှု၊ US government အနေနဲ့ စစ်အကြမ်းဖွဲ့ အဖွဲ့ ၊ မဆက်ဆံဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဖို့နဲ့ ဘာကြောင့် မလုပ်သင့်သလဲ ဆိုတဲ့ အချက်တွေရေးထားပြီး Congress ကို ပို့မဲ့စာမှာ ပါဝင် လက်မှတ်ရေးထိုးသော Advocacy လှုပ်ရှားမှု တို့ကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၇ ကြိမ်မြောက်နွေဉီးတော်လှန်ရေးရန်ပုံငွေစျေးပွဲတော်နဲ့အတူ အထူးအစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း Free Burma Action Committee-Northern California အဖွဲ့က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
37👍12🥰3🖕2
ဓာတ်ပုံ - Free Burma Action Committee
47👍12🥰3😁2🖕1
စစ်ရေးတင်းမာနေတဲ့ ဖားကန့်မှာ အရပ်သားတွေလုံခြုံရေး KIAသတိပေး

မေ-၁၁၊၂၀၂၆။ဇော်ရမ်း/ People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေ ထပ်မံဝင်ရောက်လာပြီး စစ်ရေးဆက်လက် တင်းမာနေသလို တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို ပိုပြီးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

" ဖားကန့်မှာတိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်ဆိုတာ ဒေသခံပြည်သူတွေ ပိုပြီးသိရှိထားဖို့လိုတယ်။ သူတို့ အင်အားတွေ ထပ်ပြီး တိုးနေတယ်။ စစ်ကြောင်းတွေဝင်လာရင်ထွက်ပြီးမကြည့်ကြဖို့၊ ဘေးကင်းတဲ့နေရာကို သွားနေဖို့ အရေးကြီးပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စုမှာတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ဖားကန့်မြို့ဘက်ကို ပိုတိုးလာပြီး လုံးခင်းနဲ့ ဖားကန့်ကြားမှာရှိတဲ့ နမ္မဖြစ်‌ရွာက ဘုရားကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့ကို မေလ၁၀ရက်မှာ စစ်တပ်မြေပြင်စစ်ကြောင်းတွေဝင်လာစဉ် ဒရုန်းနဲ့ ဗုံးကြဲပြီး လမ်းရှင်းတဲ့အတွက် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၆ရက်က လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။မေလ၇ရက်ကလည်း လုံးခင်းကျေးရွာအုပ်စုထဲမှာ မိုင်းပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

မေလ ၈ရက်မှာ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုနဲ့ လုံးခင်းဂေါက်ကွင်းလမ်း၊ကုဋေလမ်းဆုံအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဖားကန့်မှာ ဧပြီ၂ရက်ကစတင်ပြီး စစ်ရေးတင်းမာနေတာကနေ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဆို မြေပြင်တိုက်ပွဲ ၈ရက်မြောက်ဖြစ်ပါတယ်။

ဖားကန့်ဒေသကို ရောက်ရှိနေတဲ့စစ်ကြောင်းမှာ စစ်တပ်နဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်တယ်လို့ သတင်းရရှိပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှု ‌ တွေလည်းရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လူမှုကယ်ဆယ်ရေးရုံးခန်းအချို့မှာလည်း စစ်ကောင်စီကတပ်စွဲထားလို့ နာရေးကူညီမှုတွေအပါအဝင် တခြားလူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်တန့်ထားကြရပါတယ်။

ဒါအပြင် စစ်တပ်က လမ်းသွားလမ်းလာတွေစစ်ဆေးပြီး ပါလာတဲ့ငွေကြေးတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
24👍11🥰2🔥1🖕1
(၂၀၂၅မေလက ဖားကန့်မြို့အတွင်း ဝင်ရောက်လာသော စစ်ကြောင်းမှ စစ်သားတချို့။ ဓာတ်ပုံ- Tarlin Mg)
👎16👏3🤬3🖕2🔥1
■​မေးမြန်းခန်း

"သူတို့(တရုတ်အစိုးရ)အကျိုးအမြတ်အတွက် ဒီလို(မြန်မာမှာ) မတည်ငြိမ်မှုကိုသူတို့အနေနဲ့လည်းအခွင့်ကောင်းယူပြီးတော့ဒီဟာ(မြစ်ဆုံစီမံကိန်း)ကို အပေးအယူလုပ်နေတယ်လို့မြင်ပါတယ်"

●မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ဒေသခံတွေ နဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ပြောခွင့်ရ မဆိုင်းမိုင်နဲ့ မေးမြန်းခန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ အာဏာသိမ်းစစ်တပ်က အရှိန်မြှင့်လုပ်လာပါတယ် ​။ မြန်မာနိုင်ငံ​မြောက်ဖျားမှ မြစ်ဝကျွန်း​ပေါ်အ​ထိ မိုင်​ပေါင်း ၁၃၀၀​ကျော် ဖြတ်သန်းစီးဆင်းရင်း တစ်နိုင်ငံလုံးကိုအကျိုးပြု ​နေတဲ့ မြန်မာ့အသက်​သွေး​​ကြော
ဧရာဝတီ မြစ်မှာ တရုတ်အစိုးရနဲ့ စစ်တပ်ပူး​ပေါင်းပြီး မြစ်ဆုံစီမံကိန်းလုပ်မယ့်အပေါ် ကချင်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၉ဖွဲ့တို့ကကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ကန့်ကွက်ခဲ့တဲ့
ကချင်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ကြေ
ညာချက် ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင်ကို လူထု​နွေဦးက​မေးမြန်းထားပါတယ် ။

-ရွက်ဝါ/People’s Spring

မေး- မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ရတဲ့ အခြေအနေ ကို အရင်ဆုံး ရှင်းပြပေးပါလား။

ဖြေ-မြစ်ဆုံရေကာတာ စီမံကိန်း သဘောထား ထုတ်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ကချင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့နဲ့အတူ ကချင်ဒေသခံတွေ ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်တယ်။ ဒီဟာက ကျမတို့ အနေနဲ့ လက်ရှိ ဒီစစ်အစိုးရကနေ သူ့ရဲ့ အပေါင်းအပါတွေ သူ့ရဲ့ လက်အောက်ခံ အဖွဲ့တွေက နေပြီးတော့ ဒီမြစ်ဆုံရေကာတာ ပြန်လည်စတင်နိုင်ဖို့အတွက် စည်းရုံးရေးတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတဲ့ဟာကို တွေ့ရတယ်။ ဒီလို လုပ်ဆောင်တဲ့ အချိန်မှာ သူတို့တွေက တဖက်မှာက မြစ်ဆုံရေကာတာ စီမံကိန်းကို ဆန့်ကျင် ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြီးတော့ တဖက်မှာကျတော့ သူတို့ကကျတော့ လွတ်လွတ်လပ်လပ်နဲ့ အခွင့်အာဏာတွေ အသုံးပြုပြီး စည်းရုံးရေးတွေ လုပ်နေတယ်။ လူတွေကို မတက်မနေရ ဖိတ်ပြီးတော့ တက်ရောက်စေတဲ့ ဟာမျိုးတွေ တွေ့ရတယ်။ ဒီလိုမျိုး လုပ်ရပ်က ဒီ လက်ရှိ ကချင်ပြည်နယ်က ပြည်သူတွေဟာ စစ်ပွဲ ပဋိပက္ခကြောင့်မို့ သိန်းနဲ့ ချီပြီးတော့ ပြည်သူတွေ များစွာက စစ်ပြေးဒုက္ခသည် အဖြစ်အနေနဲ့ IDP Camp တွေမှာနေနေရတယ်။ သူတို့ သွားတွေ့တဲ့နေရာတွေဆိုလည်း ဝိုင်းမော်တို့မှာဆိုလည်း မြစ်ဆုံအထက်ဘက်က ပြည်သူတွေပေါ့။ အထူး
သဖြင့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ပြည်သူတွေများတယ်။ ဒီလိုမျိုး ခက်ခဲ ကျဉ်းထဲ ကြပ်ထဲရောက်နေတယ် အသက်ရှင်ရပ်တည်ခွင့်ကို ရဖို့ အတွက် သူတို့ခမျာထွက်ပြေးတိမ်း
ရှောင်လာရတဲ့ အခြေအနေမှာ တနေ့စာ တနေ့ စားဖို့တောင် ခက်ခဲနေတယ်။ အားလုံးသိတဲ့အတိုင်း အခုအချိန်မှာ IDP Campမှာ စားနပ်ရိက္ခာမဖူလုံမှုတွေအများကြီးကြုံရတယ်။ဒီလိုအခက်အခဲကြား
မှာနေရတဲ့အထဲမှာ ထပ်ပြီးတော့မြစ်ဆုံရေကာတာပြန်လည်စဖို့ အတွက် သူတို့တွေ သွားပြီးတော့ ရှင်းလင်းပွဲကို တက်ရောက်ခိုင်းတယ်။ ဆိုတော့ လူထု စည်းရုံးရေး ဆန္ဒခံယူပွဲ ဆိုပေမယ့် သူတို့ဟာ ကျတော့ သူတို့ရဲ့ ဝါဒဖြန့်နေတယ်။ မြစ်ဆုံရေကာတာ ပြန်လုပ်မယ် ဒါလုပ်ရင် အလုပ်အကိုင်ရမယ် မီးရမယ် ဖွံ့ဖြိုးမယ် ဆိုတဲ့ အရာတွေနဲ့ပဲ သူတို့ ဒီလိုမျိုး ပြောပြီးတော့ ပြည်သူတွေကို အတင်း
အကြပ် တက်ရောက်စေတာမျိုးတွေ လုပ်ဆောင်နေတာကို လုံး၀ ရပ်တန့်ပါ။ ပြီးရင် စီမံကိန်းကြီးကိုလည်း အပြီးတိုင် ဖျက်သိမ်းပေးပါလို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

မေး- စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်လောက်ကစပြီး စီမံကိန်းပြန်စနိုင်ဖို့ ဆက်တိုက်ကြိုးပမ်းလာတဲ့ အခြေအနေ တွေ့ရပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းက​နေ အခုအထိ မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ စစ်အုပ်စုကဘာ​တွေလုပ်လာတာသတိပြုမိပါသလဲ။

ဖြေ- မြစ်ဆုံ ရေကာတာနဲ့ပတ်သက်ပြီးတော့ဒီလို စည်းရုံးရေးအပြင် အခြား ဘာတွေရှိလဲဆိုတော့ မြင်သာထင်သာရှိတာက ဒီ ကချင်ပြည်နယ်မှာ မြစ်ကြောင်းတလျှောက်မှာ ရွှေတူးတဲ့ဟာ အကြီးအကျယ် လုပ်ခွင့်တွေ ပေးနေတာ တွေ့ရတယ်။ ဒီလိုပေးတဲ့အထဲမှာ ဆိုရင်လည်း ဒေသ က သူတို့နဲ့ အကျိုးတူ သူတို့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို သူတို့နဲ့ အကျိုးပါ သူတို့နဲ့ သဘောတူတဲ့ အုပ်စုတွေ ခရိုနီတွေ ဒီလူတွေက အကြီးအကျယ် ရွှေတူးတဲ့ စီမံကိန်းကြီးတွေ လုပ်နေတဲ့ဟာတွေကို မြင်တွေ့ရတယ်။ တဖက်မှာလည်း သူတို့က ဒီလို စည်းရုံးရေး လုပ်ဆောင်တဲ့အခါမှာ အခုက သူတို့က ကချင်ပြည်သူတွေကို အချင်းချင်း ပြန်လည်ပြီးတော့ အငြင်းပွားစရာ အချင်းချင်း ရန်တိုက်ပေးတဲ့ အနေနဲ့ ဒေသခံက လူတစုပေါ့ တဦးကောင်းစားရေးကို အကျိုးမျှော်တဲ့ သူ တဦးတစုနဲ့ပဲ သူတို့ ပြန်ပြီး အသုံးချလုပ်ဆောင်နေရတာမြင်ရတယ်။ စီမံကိန်း ဆိုဒ်ထဲမှာက သူတို့တွေ ဘာတွေ လုပ်နေလဲ ဆိုတဲ့ဟာက ကျမတို့ မမြင်ရပါဘူး။ သူတို့ တွေက ဂိတ်တွေ အဆင့်ဆင့်ချထားတယ် သူတို့ သွားလာခွင့်တွေ ပိတ်ပင်ထားတဲ့နေရာတွေ ဖြစ်တယ်။ ဆိုတော့ ပြောနိုင်တာ တခုကတော့ ဒီကချင်ပြည်နယ် မြစ်ဆုံအထက်ဘက်ကနေတဆင့် နယ်စပ်ကို သွယ်တန်းထားတဲ့လမ်းတလျှောက်ဘက်မှာ ဒေသတလျှောက်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေ အများဆုံး ခြေရှုပ်တဲ့နေရာဖြစ်တယ်။ အခု
👍172🔥2🥰1
မာရှယ်လောထုတ်ထားတဲ့ နေရာတွေထဲမှာ အကျုံးဝင်တဲ့ နေရာတွေဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီလို အခြေအနေ ရှိတဲ့ နေရာမှာ မြစ်ဆုံစီမံကိန်းကြီးကို အကောင်အထည်အတင်းအဓမ္မ ဖော်ဆောင်မယ်ဆိုရင် ဖြစ်နေတဲ့ တိုက်ပွဲကို မီးစထိုးပေးသလို လောင်စာဓာတ်ဆီ လောင်းလိုက်သလို အရှိန်အဟုန်ပိုပြီးတော့ ပြင်းထန်လာစေမယ်လို့ ကျမတို့ အနေနဲ့ စိုးရိမ်ပါတယ်။ ကျမတို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေ ဖြစ်စဉ်တွေ အမြန်ဖြစ်လာဖို့ မျှော်လင့်နေတယ်။ သို့သော်ငြားလည်း ဒီလိုမျိုး အကြီးစား စီမံကိန်းတွေ အတင်းအဓမ္မ ဖော်ဆောင်မှုတွေ ကို ဆက်တိုက်လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာကလည်း အလှမ်းဝေးနေအုံးမှာ ဖြစ်ပါတယ်လို့ ကျမတို့ အနေနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

မေး -အာဏာသိမ်းစစ်တပ် အလိုကျ မြစ်ဆုံ လုပ်ဖို့ စည်းရုံးပေးနေတဲ့ ကချင်ဒေသခံ အချို့နဲ့ နိုင်ငံ
ရေးသမားအချို့ကို ​ရော ဘာ​ပြောချင်ပါသလဲ။ အထူးသဖြင့် အရင်က မြစ်ဆုံ မလုပ်ဖို့ ကန့်ကွက်ခဲ့ကြဖူးတဲ့ ဦးခက်ထိန်နန်နဲ့ ဒေါ်ဒွဲဘူလို့တို လူတွေ အပါအဝင် စစ်အုပ်စုအလိုကျလုပ်ဆောင်နေသူတွေကိုပါ။

ဖြေ - စစ်အုပ်စုရဲ့ အစိုးရ ယန္တရားတွေမှာ ဝင်ရောက်သွားတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပါတီတွေ ကိုယ်စားလှယ်တွေ အများကြီးမျှော်လင့်စရာတော့ မရှိဘူးလေ။ဘာလို့လဲဆိုတော့ သူတို့က ဒီခိုင်းတာပဲ လုပ်တဲ့အနေအထားမှာ မြင်ရတယ်။ ဘာဖြစ်လို့လဲဆို ဦးခက်ထိန်နန်တို့ ဒေါ်ဒွဲဘူတို့ဆိုတာ အရင်က မြစ်ဆုံအရေးကို မီဒီယာမှာထွက်ပြီးတော့ဟစ်ခဲ့တဲ့ သူတွေ ဆန့်ကျင်ခဲ့တဲ့ သူတွေဖြစ်တယ်။ အခုကျမှ သူတို့ ဘက်ပြောင်းပြီးတော့ ရောက်သွားကတည်းက သူတို့ရဲ့ ဆန္ဒက ပြည်သူနဲ့အတူမရှိဘူးဆိုတာ အတိအလင်းပဲလေ။ အဲဒါ ကြောင့်လည်းပဲ သူတို့ ဒီလုပ်ငန်းတွေကို လုပ်နေတာ။ တကယ်ပဲ ပြည်သူတွေကို မျက်နှာမူတဲ့ အစိုးရ ပြန်လည်မျက်နှာမူလာမယ်ဆိုရင်ကတော့ ပြည်သူတွေ အခု စစ်ပြေးဒုက္ခသည်တွေ များစွာသော စစ်ပြေးဒုက္ခသည်တွေ စားဝတ်နေရေးတွေ အင်မတန်မှ ခက်ခဲနေတယ်။ သူတို့တွေ ကိုလည်း ကာကွယ်ပေးဖို့ ထောက်ပံ့ပေးဖို့ အတင်းအဓမ္မ နေရပ်ပြန်မှုတွေ မလုပ်ဖို့ ဒီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို စဖို့ မစဉ်းစားနဲ့ ဧရာ၀တီမြစ် ရေကြီးရေလျှံမဖြစ်ဖို့ အရင်ဆုံး ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေအတွက် လုပ်ပေး ပြည်သူတွေရဲ့ လုံခြုံရေး စားဝတ်နေရေး အရမ်းခက်ခဲနေတယ်။ ဒီဟာတွေကို အရင်ဖြေရှင်းပေးပါ။ အခု နေ့တဓူ၀ မြစ်ကြီးနားမှာ လူသတ်မှုတွေ ဒီတနှစ်ထဲမှာ ယဉ်တိုက်မှုတွေ ခိုးဆိုလုယက်မှုတွေ မရေနိုင်တော့ဘူး ဒီလို အခြေအနေ တွေတောင်မှ ဘာမှ မထိန်းချုပ်နိုင်တဲ့ ဒီအစိုးရက စီမံကိန်းတွေကိုပဲ မျှော်ကိုးပြီး ခေါင်းကျက် ခေါင်းစား အမြီးကျက် အမြီးစား လုပ်မယ်ဆိုရင် ဒီအစိုးရကလည်း စစ်တပ် ရဲ့ လက်ပါးစေတွေပဲဖြစ်တယ်။

မေး- စီမံကိန်းကို ပြည်သူတရပ်လုံးကန့်ကွက်နေတဲ့ ကြားက စစ်အုပ်စုက ပြန်စဖို့ ကြိုးပမ်းတာ ဘာကြောင့်လို့ သုံးသပ်ပါသလဲ။

ဖြေ-ကျမတို့ အစီရင်ခံစာမှာလည်း ထည့်သွင်းဖော်ပြထားသလို စစ်အစိုးရက တရုတ်ကရောပေါ့ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရာတွေ သူတို့ ယူထားတဲ့ ပိုက်ဆံတွေ အကြွေးတွေ အဆမတန် ဒီအကြွေးတွေကို ပြန်လည်ချေနိုင်ဖို့အတွက်သူတို့ အနေနဲ့ ဒါကို အကောင်အထည်ဖော်နေတယ် အ
လျင်စလို အကောင်အထည်ဖော်ပြီးတော့ ဒီလိုမျိုး ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့အချိန်မှာ ပြည်သူတွေ ခေါင်းမထောင်နိုင်တဲ့ အချိန်မှာ သူတို့ ဒါကို အခွင့်ကောင်းယူပြီးတော့ ဒါကို အကောင်အ
ထည်ဖော်နေတယ်လို့မြင်တယ်။တဖက်မှာလည်း သူတို့ အနေနဲ့ လက်နက် ပဋိပက္ခ တိုက်ပွဲအတွင်းမှာ သုံးတဲ့ စစ်အသုံးစရိတ်တွေဆိုရင်လည်း များ
သောအားဖြင့် သယံဇာတက ရတဲ့ ပိုက်ဆံတွေပဲလေ။ ဆိုတော့ ဒီဟာတွေအတွက် စစ်အသုံးစရိတ်တွေ ပြီးလို့ရှိရင် လက်ရှိတင်နေတဲ့ ကြွေးမြီတွေ ပေးနိုင်ဖို့ သူတို့ အလျင်စလို ဖြစ်နေတယ်လို့လည်းမြင်တယ်။ နောက် နိုင်ငံရေးအရကတော့ လက်ရှိ မြန်မာစစ်အစိုးရမှာက သူအားကိုးလို့ရတယ် သူအနေနဲ့ သူ့ကို ကာကွယ်ပေးပေးဖို့ သူ့အနေနဲ့ စကားပြောလို့ရတဲ့ အရာက သူထိုးကျွေးလို့ရတဲ့ အရာက ဒီသဘာ၀သယံဇာတကို ထိုးကျွေးဖို့ပဲ သူမှာ ရှိတယ်။ ကျန်တဲ့ နည်းပညာ အတက်ပညာ သူ့မှာ ဘာမှ မရှိဘူး။ သူ့ကို ကာကွယ်ပေးနေတဲ့ ရုရှားနဲ့ တရုတ်ဆိုတာကလည်း ဒီဟာတွေ ရနေသေးလို့သာ သူ့ကို ကာကွယ်ပေးနေတယ်လို့ ကျမအနေနဲ့ မြင်တယ်။ ဒီလိုမျိုးသာ မရလို့ရှိရင် စစ်အစိုးရက ဂျောင်းသွားတာ ကြာလှပြီ။

မေး- တရုတ်အစိုးရ အနေနဲ့လည်း သဲကြီးမဲကြီး စီမံကိန်းကို လုပ်ချင်​နေတာ ဘာကြောင့်လဲ။

ဖြေ- မြစ်ဆုံရေကာတာ စီမံကိန်းအပြင် ဂက်စ်ပိုက်လိုင်းတွေ အခုဆိုရင် ရထားလမ်းတွေ ဖောက်လုပ်ရေးတွေ အတွက် သူတို့က အရမ်း push လုပ်နေတယ်။သူတို့ရဲ့sustainable energy resources တွေရဖို့အတွက် ခြေကုပ်ယူထားတဲ့ အနေအထားမှာလို့ မြင်တယ်။ သူတို့အတွက် မြန်မာနိုင်ငံက အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်။ ဒါကို သူတို့ အနေနဲ့ သိတယ်။ မြန်မာအစိုးရကို စေတနာရှိလို့ ကူညီတာ မဟုတ်ဘူး။ သူတို့ အ
ကျိုးအမြတ်အတွက် ဒီလို မတည်ငြိမ်မှုကိုသူတို့အနေနဲ့လည်းအခွင့်ကောင်းယူပြီးတော့ဒီဟာကို အပေးအယူလုပ်နေတယ်လို့မြင်ပါတယ်။
11👍10🔥2
မေး- ဒီစီမံကိန်းကို ကချင်လွတ်လပ်ရေးတပ်မ
တော်(KIO/KIA)က ဟိုး ၂၀၁၁ လောက်ကတည်း
က ကန့်ကွက်ထားတာ သူတို့သ ဘောထားကို တရုတ်အာဏာပိုင်တွေဆီ အသိပေးထားတာ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ KIO ရဲ့ သဘော
ထား ဘယ်လိုရှိတယ်ဆိုတာကြားသိရပါသေးလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ- KIA/KIO ဘက်ကနေ မြစ်ဆုံစီမံကိန်းအပေါ်မှာ သူတို့ကတော့ပြည်သူလူထုတွေရဲ့ သဘော
ထားကို လေးစားလိုက်နာပါမယ်ဆိုတဲ့အရာကိုတော့ ဒါ ပြောထားပြီးသားဖြစ်တယ်လေနော်။

မေး-စီမံကိန်းလုပ်ရင် မြန်မာ အနေနဲ့ အကျိုးစီးပွားထက် ဆိုးကျိုးအန္တရာယ်တွေ ကြုံရနိုင်တာ သိလျက် ပြန်စဖို့ ကြိုးပမ်းနေမှုအပေါ် ဘာသတိပေးလိုပါသလဲ။

ဖြေ- အားလုံးသိပြီးသား ပေါ့နော် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမယ်။ ဆိုးကျိုးသက်ရောက်မှုတွေက ကချင်ပြည်နယ် တခုပဲ မဟုတ်ဘူး မြန်မာနိုင်ငံတလျှောက် ဒီဧရာ၀တီမြစ်စီးဆင်းသွားတဲ့ မကွေးတိုင်း စစ်ကိုင်းတိုင်း မန္တလေးတိုင်း ဧရာ၀တီတိုင်းတောက်လျှောက်က သိန်းနဲ့ ချီတဲ့ မြန်မာပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ရိုက်ချိုးပစ်မယ့် ဒီစီမံကိန်းကြီး ပြောင်းပြန်လှန်ပစ်မယ့် ဒီစီမံကိန်းကြီးကို သိသိလျှက်နဲ့ အကောင်
အထည်ဖော်သွားမယ်ဆိုရင် ကချင်ပြည်နယ်သာမကဘူး တနိုင်ငံလုံးကို ပိုပြီးတော့ ဆင်းရဲတွင်းကို ပို့စေမယ့်အပြင် ဒုက္ခခံစားရစေတဲ့အပြင် ကျမတို့ မျှော်လင့်နေတဲ့ငြိမ်းချမ်းရေး နိုင်ငံရေးစကားဝိုင်းဆိုတာလည်း ပိုပြီး အလှမ်းဝေးသွားမှာ ဖြစ်ပါတယ်။လက်နက်ကိုင်ပဋိပက္ခကို ပိုပြီးအရှိန်အဟုန်
မြင့်သွားစေနိုင်တယ်လို့ကျမတို့အနေနဲ့မြင်ပါတယ်။

မေး - ကချင်ဒေသခံတွေ အပါအဝင် မြန်မာလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ သက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်
စီးမှုတွေ စတဲ့ လူမှုဘ၀နဲ့ နိုင်ငံ့လုံခြုံရေးဆိုင်ရာအတွက်ပါ စိုးရိမ်စရာ ဖြစ်စေတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး ပြည်သူ​တွေ ဘာလုပ်သင့်တယ်လိုထင်ပါသလဲ။

ဖြေ- အဲဒီအတွက် ကျမတို့က ကချင်ပြည်နယ်ဒေသ တခုကိုပဲ ဆိုးကျိုးသက်ရောက်စေတာ မဟုတ်တဲ့အတွက်မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပြည်သူတွေကိုလည်း အရင်တချိန်က သမ္မတ သိန်းစိန် ခေတ်တုန်းကလိုပဲ အားလုံးပါဝင်ပေးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးတော့ အတူတူ လုပ်သွားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
👍352🔥2🥰1
👍30🤬3💯3🔥2
စလင်းမှာ လူနာ ၂၀၀ကျော်ကို ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မေ ၁၁၊ ၂၀၂၆ ဟာနာဆန်/People's Spring

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်က စိုးမိုးနယ်မြေတလျှောက်မှာ ၄ ရက်ကြာ ခရီးထွက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာမှာ ယားနာရောဂါရှင် ၇၈ ဦး၊
ကိုယ်ဝန်ဆောင် ၁၁ ဦးအပါအဝင် စုစုပေါင်း လူနာ ၂၃၆ ဦးကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၁၁ ရက်မှာ အသိပေးပါတယ်။

"အခြားရောဂါတွေအနေနဲ့ ဒူးနာ၊ခါးနာ၊ ပန်းနာရင်ကြပ် စတဲ့ ရောဂါတွေလို့ ဆေးအဖွဲ့ကဖြေပါတယ်။ မျက်စိထိခိုက်သူ ၂ ဦး ပါပါတယ်။"လို့ စလင်းပအဖ တာဝန်ရှိသူက ပြောပါတယ်။

စိုးမိုးနယ်မြေတွေမှာ မြေပြင်ဆေးခန်းတွေလည်း ဖွင့်လှစ်ထားပြီး ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့ စိုးမိုးနယ်မြေတွေထဲက ရွာတွေကို ပအဖ အနေနဲ့၂၀၂၅ ဩဂုတ်လ က အုပ်ချုပ်ရေး တရားဝင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ နိုဝင်ဘာလကစတင်ပြီး လပတ်အစည်းအဝေးတွေ ခေါ်ယူတွေ့ဆုံကာ အုပ်ချုပ်ရေးယန္တယားစနစ်တကျလည်ပတ်အောင်ကြိုးစားခဲ့ကြောင်း စလင်းပအဖ တာဝန်ရှိသူက ပြောပါတယ်။
👍2913🥰4🔥1🤣1
(လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဥ်။ ဓါတ်ပုံ-စလင်းပအဖ)
41👍10🥰5🔥1
မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့် ထိုင်းဘက်က တင်းကြပ်

မေ -၁၁၊၂၀၂၆။ဇော်ဝင်း/People's Spring

မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့်ကို ထိုင်းနိုင်ငံဘက်က တင်းကြပ်လိုက်တယ်လို့ မြဝတီဒေသခံတွေနဲ့ အဆိုပါတံတားကူးနေသူတွေက ပြောပါတယ်။

မြဝတီဘက်ခြမ်းကတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကူးသန်းမယ့်သူတွေပေးရမယ့် အာမခံကြေး တိုးသွားတာနဲ့ ​မြန်မာကားတွေ ဖြတ်သန်းခွင့် အခေါက်ရေ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

မဲဆောက်မြို့ကို ပထမဆုံးအကြိမ် တံတားကူးမယ့်သူတွေအတွက် ထိုင်း-မြန်မာ မော်တော်ယာဉ်မောင်း ဒါမှမဟုတ် ထိုင်းနိုင်ငံသား တစ်ဦးဦးကို အသုံးပြုပြီး တံတားကူးအာမခံလုပ်ဖို့ ထိုင်းလူဝင်မှုကြီး ကြပ်ရေးဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ခဲ့တာပါ။

"အာမခံကြေးကတော့ ထိုင်းဘက်က ကောက်တာမဟုတ်ပေမယ့် သူတို့ဘက်က ထိုင်းကိုဝင်မယ်ဆို အာမခံပေးမယ့်သူမဖြစ်မနေ ပြဖို့တောင်းတယ်။ဘာလို့ အာမခံပေးရတာလဲဆိုတော့ မဲဆောက်ဝင်ပြီး ပြန်မထွက်တော့တာတွေရှိလာတယ်။အဲဒါကြောင့် အာမခံ ပေးမယ့်သူတွေလည်းရှားလာတယ်။ အာ မခံကြေးက စျေးတက်လာတယ်"လို့ မြဝတီ ဒေသခံတစ်ဦးက ပြောပါတယ်။

အာမခံကြေးဟာ အရင်က ဘတ် ၅၀၀ကနေ ၁,၀၀၀ ဝန်းကျင်ကနေ အခု ဘတ် ၂,၀၀၀ ထက်မနည်း ရှိလာတယ်လို့ သူက ပြောပါတယ်။

တံတားဖြတ်သန်းခွင့်သက်မှတ်ရက်ပြည့်ပြီး ပြန်မလာပါက အာမခံသူကို ယာဉ်ပြေးဆွဲခွင့်ရပ်နားခြင်းနဲ့ ယာဉ်မောင်းလိုင်စင်ကို ထိုင်းအာဏာပိုင်တွေက သိမ်းယူတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူက ဆိုပါတယ်။

"မဲဆောက်ပို့လိုက်ပြီး ပြန်ထွက်မလာတော့ လို့ လူရော ၊ ကားရော သုံးလ ထိုင်းဘက်ဝင်ခွင့်ပိတ်ခံလိုက်ရတဲ့အပြင် နောက်ထပ်အာမခံခွင့်ပါ ဆုံးရှုံးသွားတယ်"လို့ သူက ပြောပါတယ်။

တရားဝင် သတ်မှတ်ချက်တွေအရ ခုနစ်ရက်သက်တမ်း လက်မှတ်အတွက်တံတားကူးခအနေနဲ့ မြန်မာဘက်ခြမ်းမှာ ကျပ်နှစ်ထောင်ပေးရပြီး ထိုင်းဘက်ခြမ်းကို ဘတ် ၄၀ ပေးရပါတယ်။

"မြန်မာဘက်ခြမ်းကစကူးမယ်ဆိုရင် ဖြတ်ဖူးတဲ့သူဆိုရင် မြန်မာမှတ်ပုံတင်Smart Card ထိုင်းတံတားဘက်ခြမ်းက Smart Card စစ်တယ်။ မဖြတ်ဖူးတဲ့သူဆိုရင် မှတ်ပုံတင် မြန်မာsmart card ရှိရမယ် ကလေးလူကြီးပိုင်းဆိုရင်မရစ်မစစ်ပေမယ့် လူငယ်လူလတ်ပိုင်းဆို စစ်မယ်ရစ်တယ်"လို့ မကြာသေခင်ရက်ပိုင်းက မြဝတီ-မဲဆောက် အမှတ်(၁၀တံတားကူးခဲ့သူ တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ အိမ်နီးခြင်းထိုင်းနိုင်ငံကို နယ်စပ်ပေါက်ကနေ သွားရောက်နေကြတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းထဲမှာပဲ ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။
🤬234👎3🔥3😁1