မေလဆန်းကစတင်ပြီ ပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို လေ
ကြောင်းအပြင်းအထန်တိုက်ခိုက်မှုတွေကြားကနေ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွက ဆက်တိုက်သိမ်းယူနေပါတယ်။
၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်နေတာကနေ မေလဆန်းကစတင်ပြီး စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ ဖော်ဆောင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“ဒီရက်ဖြစ်နေတာကတော့ အရင်ကမကြားဖူးမမြင်ဖူးတာတွေဖြစ်နေတာ။စစ်တပ်လေကြောင်းက နေ့ရော၊ညပါလာပစ်နေတာပါ။ဒီရက်ထဲတင်နော် ကပစ ရဲ့ ကာကင်း ၄ ခု သိမ်းတယ်။ကပစ(၁၆)။ စစ်တပ်က ဖြည့်ဖို့ကြိုးစားနေတဲ့အင်အားတွေကိုပါ ဖြတ်ဆော်နေတာ” လို့ပန်းတောင်းမြို့ခံသတင်းရင်းမြစ်တဦးကပြောပါတယ်။
၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာအပြင်းထန်ဆုံးဖြစ်နေတာလို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။ စစ်ရေးအခြေအနေအသေးစိတ်ကိုတော့၎င်းက မပြောလိုဘူးလို့ဆိုပါတယ်။
မေလ၄ရက်ကနေမေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။
https://www.ludunwayoo.com/feature-mm/2026/05/11/156782/

LuduNwayOo
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထုတ်မပြောတဲ့စစ်ရေး ဗျူဟာတွေ နဲ့ ကပစတွေအနီးရောက်လာတဲ့ တိုက်ပွဲခေါ်သံ | LuduNwayOo
အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။
👍33❤7👏4🖕1
တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။
’Healthocide’ ဆိုတဲ့စကားဖြစ်ပြီး’ ကျန်းမာရေးကဏ္ဏကို လုပ်ကြံသတ်ဖြတ်ခြင်း’လို့ဘာသာပြန်ရမယ်ထင်ပါတယ်။
Health (ကျန်းမာရေး)နဲ့ Homicide (သတ်ဖြတ်ခြင်း)ဆိုတဲ့စာကားလုံးနှစ်လုံးကိုပေါင်းစပ်ထားတာပါ။အဓိပ္ပါယ်ကတော့စစ်ပွဲနဲ့ပဠိပက္ခတွေမှာကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အဦတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာဖြစ်ပါတယ်။ဆေးရုံးတွေ၊ဆေးခန်းတွေကိုဗုံးကြဲတာ၊လူနာတင်ကားတွေကိုပစ်ခတ်တာ၊ဆရာဝန်၊သူနာပြုနဲ့ကြက်ခြေနီတွေကိုတိုက်ခိုက်တာ၊ဆေးဝါးနဲ့ကျန်းမာရေးဆိုင်ရာအထောက်အပံ့လမ်းကြောင်းတွေကိုပိတ်ဆို့ချေမှုန်းတာ၊ဇီဝလက်နက်တွေသုံးစွဲတာတွေဖြစ်ပါတယ်။
လူသားမဆန်တဲ့စစ်ရာဇဝတ်မှုတွေထဲမှာအကြီးမားဆုံးပြစ်မှုတစ်ခုဖြစ်ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့စစ်ပွဲတိုင်းလိုလိုမှာဒီလုပ်ရပ်တွေကိုတွေ့နေရတာပါပဲ။လက်ရှိရုရှ-ယူကရိန်းစစ်ပွဲ၊အစ္စရေး -ဟားမာ့စ် (ဂါဇာ)၊လက်ဘနွန်၊အမေရိကန် -အစ္စရေးနဲ့အီရန် ၊မြန်မာပြည်တွင်းစစ်တွေအထိ ဒီပြစ်မှုတွေ ကိုတွေ့နေရပါတယ်။
စစ်ရေးမှာအနိုင်ရဖို့အတွက်တစ်ဖက်ရန်သူရဲ့အားအနည်းဆုံးနေရာကိုထိုးနှက်တာပါ။နယ်မြေထိန်းချုပ်ဖို့တိုက်ခိုက်ရုံမဟုတ်တော့ပဲလူ့အဖွဲ့
အစည်းတစ်ခုလုံးကိုအမြစ်ဖြုတ်ဖို့လုပ်တာဖြစ်ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/05/04/156097/

ကျန်းမာရေးကဏ္ဏကိုလုပ်ကြံသတ်ဖြတ်ခြင်း | LuduNwayOo
တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။
👍32❤4🔥2
လေးကေစခန်းသိမ်းတိုက်ပွဲပြန် PDFရဲဘော်တွေကို နောက်တန်းက ရဲဘော်တွေ၊ မိသားစုတွေ ကြိုဆို
မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လေးကေ စစ်တပ်စခန်းသိမ်းပိုက်ပြီး ပြန်လာတဲ့ Rangoon Warriors PDF တပ်ရင်းက တိုက်ပွဲဝင်ရဲဘော်တွေကိုနောက်တန်းမှာ ကျန်နေတဲ့ ရဲဘော်တွေ၊ တပ်ရင်းမိသားစုတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ကြောင်း အဆိုပါတပ်ရင်းက ရုပ်သံမှတ်တမ်း ထုတ်ပြန် ပါတယ်။
လေးကေစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ PDF ပူးပေါင်းတပ်က ဧပြီ ၁၂ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီ စစ်ဆင်ရေးမှာပါတဲ့ Rangoon Warriors PDF ရဲဘော်တွေကို ဂုဏ်ပြု ကြိုဆိုတဲ့ ရုပ်သံကို မေလ ၁၀ရက်ညပိုင်းမှာ ဖော်ပြခဲ့တာပါ။
လေးကေစခန်းသိမ်းတိုက်ပွဲမှာ Rangoon Warriors PDF တပ်ရင်းက ဒုတပ်ရင်းမှူး ဦးဆောင်တဲ့ ချေမှုန်းရေး ရဲဘော်တွေ၊ ဒရုန်း လက်ရုံးတပ်ဖွဲ့ဝင် ရဲဘော်တွေ စနိုက်ဘာ ရဲဘော်တွေ ပါဝင်ဆင်နွှဲခဲ့တာလို့ ဆိုပါတယ်။
ပြည်သူအတွက် အောင်ပွဲ တွေရဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း Rangoon Warriors PDF က ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်တပ်ရင်းမှူးဘ၀က တာဝန်ယူခဲ့ဖူးတဲ့ လေးကေ တပ်စခန်းကို ဧပြီ ၇ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၂ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စခန်းသိမ်း စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူး အောင်သော်နဲ့ အခြားဆင့်တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်သူတွေလည်း ရှိခဲ့ပါတယ်။ လေးကေတပ်စခန်းက လက်နက်ကြီး လက်နက်ငယ်အချို့ သိမ်းရခဲ့သလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်က ထပ်မံ သေဆုံးတာ လက်နက်တွေ သိမ်းရတာ ရှိခဲ့ပါတယ်။
လေးကေစခန်းသိမ်း KNUတပ်မဟာ (၁)ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ၊ ရောင်နီဒရုန်းတပ်ဖွဲ၊ Cloud Wings ဒရုန်းတပ်ဖွဲ၊ FFDF ဒရုန်းတပ်ဖွဲ၊ Rangoon Warriors ဒရုန်းတပ်ဖွဲ ၊ KRF ဒရုန်းတပ်ဖွဲတို ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။

🥰35👍8❤7👏5🤣3🖕1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ - Rangoon Warriors PDF
🥰38❤10👍10👏2🤣2😁1
ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်လျက်ရှိကြောင်းသက်သေပြပေးဖို့ လှုပ်ရှားမှုတွေပိုမိုကြီးမားကျယ်ပြန့်လာတာနဲ့ အမျှ စစ်အုပ်စုက လူထုကို အာရုံပြောင်းဖို့ ကြိုးစားတဲ့ဖြစ်စဥ်တွေပိုများလာပါတယ် ။
ရန်ကုန်မှာ ပုဏ္ဏကတိုက်ပြီး ပန်းချီကားထဲက ဘီလူးးကအပြင်ရောက်လာတာ ၊ ညောင်ရွက်တွေ ရွှေအိုရောင်ပြောင်းကုန်လို့ စစ်တပ်ဝန်ထမ်းတွေ သွားဖူးခိုင်းတာ ၊ ဘုန်းကြီးက ကိုရင်လေးကို နှိပ်စက်ညှင်းပန်းတဲ့ ဗီဒီယိုဖိုင် အဟောင်းတင်ပြီး အခုမှ ဖြစ်သလို လုပ် အရေးယူပြတာတွေ ၊ စစ်တပ်ထိန်းချုပ်မှုအောက်က မယ်ပြိုင်ပွဲမှာ မယ်သီလရှင် ဝတ်ရုံဝတ်တယ်ဆိုပြီး အရေးယူ
တာတွေ စတဲ့ ဇာတ်လမ်းမျိုးစုံကို တစ်ခုပြီးတစ်ခု
ပေါ်နေပါတော့တယ် ။ ဒါပေမယ့် စစ်တပ်ထိန်းချုပ်မှုအောက်က မီဒီယာတွေရော၊ စစ်တပ်ဝါဒဖြန့် မီဒီယာတွေရောက ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်းသက်သေပြဖို့
တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုတွေ အကြောင်ူကိုတော့ တစ်လုံးမျှ မဖော်ပြကြပါဘူး ။
ရှစ်လေးလုံးတော်လှန်ရေးကနေ အခုနွေဦးတော်လှန်ရေးအထိ့ ပြည်သူနဲ့အတူရပ်ခဲ့တဲ့ တော်လှန်ရေးသမားတဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကလည်း
ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ဝါဒဖြန့်ချီရေးတွေကို သတိထားကြဖို့ အာရုံမပြန့်ဖို့ တိုက်တွန်းပါတယ်။ အရင်းအမြစ်တွေပေါများတဲ့စစ်အုပ်စုက ဝါဒဖြန့်ချီရေးအတွက် ငွေကြေးအများကြီးအသုံး
ပြုပြီး ပုံစံမျိုးစုံလုပ်နိုင်တာကိုသူကထောက်
ပြပါတယ် ။
"ပြည်သူတွေရှင်းလင်းနေအောင်လို့ ဒီတော်
လှန်ရေးကို တာဝန်အသီးသီးယူထားတဲ့သူတွေကလည်း ကောင်းစွာရှင်းတဲ့ သတင်းစကားတွေကို ပြောဖို့လိုသလို ပြည်သူလူထုကလည်း ကိုယ်ဘယ်လိုအရာမျိုးကို ရွေးချယ်ယုံကြည်ရမလဲဆိုတာကို တစ်သက်စာ အတွေ့အကြုံတွေနဲ့ရွေးပါ။ ပြီးတော့ နားထောင်ပြီးတော့မှ မိမိဉာဏ်ပညာနဲ့ ပိုင်းခြားပြီးတော့ ဆုံးဖြတ်ပါ။ အတူချီတတ်ကြပါမယ်။ အတူပန်းတိုင်ရောက်အောင်လည်း သွားရမယ်လို့မြင်ပါတယ်ဗျ"လို့ ဦးမင်းကိုနိုင်က တိုက်
တွန်းပါတယ် ။
https://youtu.be/pWCZxaydsvw?si=RRPJuVjdjgGL9GdL

YouTube
ဒေါ်အောင်ဆန်းစုကြည်ကို ကစားဖို့ကြံစည်ရင်းတန်ပြန်ဖိအားရင်ဆိုင်နေရပြီဖြစ်တဲ့စစ်အုပ်စု| People's Spring
ဒေါ်အောင်ဆန်းစုကြည်ကို ကစားဖို့ကြံစည်ရင်းတန်ပြန်ဖိအားရင်ဆိုင်နေရပြီဖြစ်တဲ့စစ်အုပ်စု
နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ငါးနှစ်ကျော်ကြာမတရာဖမ်းဆီးထားပြီး သတင်းအမှောင်ချထားခဲ့ရာကနေ ပြီးခဲ့တဲ့…

❤45👍19🔥2😁2🤣1😇1
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီမှာ ပြည်သူ ၁၄၀နီးပါး သေဆုံးရဟု NUGထုတ်ပြန်
မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲအတု လုပ်၊ အတုအယောင်အစိုးရ ဖွဲ့ထားတဲ့ စစ်ကောင်စီက ဧပြီလမှာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၅၆ခု ကျူးလွန်ခဲ့ရာ လေကြောင်း တိုက်ခိုက်မှု ၁၇၈ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၃၈ ဦးသေဆုံးကာ ၂၀၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“အစိုးရအတု၊ လွှတ်တော်အတုတွေနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုက တခြားတစ်ဖက်မှာ အရပ်သားပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လောက်တောင် ကျူးလွန်နေသလဲဆိုတာကို အောက်ဖော်ပြပါ Video ကနေ အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါတယ်” လို့ ဝန်ကြီးဌာနက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးရမှု အခြေအနေ မြင်ကွင်း ရုပ်သံကို ဖော်ပြ အသိပေးပါတယ်။
ဧပြီလအတွင်း အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်တာ၊ နေအိမ်အဆောက်အအုံတွေ ဖျက်ဆီးတာတွေ စစ်အုပ်စုက ဆက်လက်လုပ်ဆောင်ခဲ့ပြီး စစ်အုပ်စု လက်ချက်ကြောင့် အိမ် ၅၈၉လုံး၊ စာသင်ကျောင်း ၁၁ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၈ခု၊ ကျန်းမာရေးအဆောက်အအုံ ၇ခု ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလအတွင်း အဆိုးရွားဆုံး ဖြစ်ရပ်အချို့ကို ဖော်ပြခဲ့ရာ ဧပြီ ၁ရက်ကနေ ၄ရက်အထိ မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ပြည်သူတွေ သတ်ဖြတ်တာ၊ အိမ်တွေ အပါအဝင် ပြည်သူပိုင်ပစ္စည်းတွေ မီးရှို့ဖျက်ဆီးတာ ကျူးလွန်ခဲ့တာကို မီးမောင်းထိုး ပြသခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးအင်းအာ ၃၀၀နဲ့ ဖက်ပင်အိုင်ရွာကို ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ ပြည်သူ ၈ဦး၊ ရဲဘော် ၃ဦး ကို သတ်ဖြတ်ခဲ့သလို ပစ်သတ်ခံရတဲ့ ပြည်သူတွေကို မိသားစုဝင်တွေဆီ ပြန်မပေးဘဲ မီးပုံရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးခဲ့တဲ့ မိခင်ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ မိသားစုဝင်တွေကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ သားဖြစ်သူထပ်မံ သေဆုံးခဲ့ရမှုကိုလည်း အသိပေးထားပါတယ်။ စစ်အုပ်စုက ပြည်သူလူထု နေအိမ် ၂၀၀ ကျော်အပါအဝင် ပြည်သူလူထုပိုင် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရဖို့ အကျဉ်းသား တွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ပြီး အများစုဟာ ရာဇဝတ် အကျဉ်းသားတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မေလအတွင်းမှာလည်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီဟာ အရပ်သား နေထိုင်ရာ ပစ်မှတ်တွေကို လေကြောင်း ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက စက်သေနတ်နဲ့ ပစ်တာ တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ စိုးရိမ်ဖွယ်ရာဖြစ်လို့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ဖို့လိုအပ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောထားပါတယ်။

😢37❤8🤬5👎1👏1
"(မြစ်ဆုံစီမံကိန်းက)ကျွန်မ တို့က ကချင်ပြည်နယ်ဒေသ တခုကိုပဲ ဆိုးကျိုးသက်ရောက်စေတာ မဟုတ်တဲ့အတွက်မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပြည်သူတွေကိုလည်း အရင်တချိန်က သမ္မတ သိန်းစိန် ခေတ်တုန်းကလိုပဲ အားလုံးပါဝင်ပေးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးတော့ အတူတူ လုပ်သွားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။
ကျေးဇူးတင်ပါတယ်"
●မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ဒေသခံတွေ နဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ပြောခွင့်ရ မဆိုင်းမိုင်နဲ့ မေးမြန်းခန်း
https://youtu.be/1CaWYGg4qIc?si=2B4pTvht3zsSvpI6

မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲရဲ့ ပြောခွင့်ရ မဆိုင်းမိုင်နဲ့ မေးမြန်းခန်း
"သမ္မတ သိန်းစိန် ခေတ်တုန်းကလိုပဲ အားလုံးပါဝင်ပေးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးတော့ အတူတူ လုပ်သွားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။"
မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ဒေသခံတွေ နဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ပြောခွင့်ရ…

👍45🔥4❤2😁1🖕1
ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ "အမေများနေ့"မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆို
မေ-၁၁၊၂၀၂၆။ သုည/People's Spring
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ "Proof of life" ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ "အမေများနေ့"မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို Free Burma Action Committee-Northern California အဖွဲ့နဲ့ အမေရိကန်နိုင်ငံရောက် နွေဦးတော်လှန်ရေးတိုက်ပွဲဝင်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ (Proof of life) လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ (Blue Shirt Movement -Myanmar) လှုပ်ရှားမှု၊ US government အနေနဲ့ စစ်အကြမ်းဖွဲ့ အဖွဲ့ ၊ မဆက်ဆံဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဖို့နဲ့ ဘာကြောင့် မလုပ်သင့်သလဲ ဆိုတဲ့ အချက်တွေရေးထားပြီး Congress ကို ပို့မဲ့စာမှာ ပါဝင် လက်မှတ်ရေးထိုးသော Advocacy လှုပ်ရှားမှု တို့ကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ၂၇ ကြိမ်မြောက်နွေဉီးတော်လှန်ရေးရန်ပုံငွေစျေးပွဲတော်နဲ့အတူ အထူးအစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း Free Burma Action Committee-Northern California အဖွဲ့က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

❤37👍12🥰2🖕2