နတ်မောက်မှာ အင်အာဖြည့်တင်းနေတဲ့ စစ်တပ်ကို ဗိဿနိုးတပ်တိုက်ခိုက်
မေ -၁၀၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာ စစ်တပ်က အင်အားနဲ့ ခဲယမ်းတွေထပ်ဖြည့်နေပြီး စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ မေလ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ သုံးကြိမ်ထက်မနည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။
အခု မေ၈ ရက် မနက် ၈ နာရီခွဲက လဲဘူးကျေးရွာက ထွက်ခွာလာတဲ့ စစ်ကြောင်းကို သပွတ်ပင်ရွာနဲ့ ကျောက်အိုးကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က အထိနာပြီး ကျောက်အိုးရွာကနေပြန်ဆုတ်သွားရတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် လျှော်ချောင်းလေးရွာက ထွက်ခွာလာတဲ့ နောက်ထပ်စစ်ကြောင်းကိုလည်း ထန်းပင်မျှောင်နဲ့ ကန်သာရွာကြားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ပြီး ထိခိုက်ဒဏ်ရာရသူများပြားလို့ လက်ရှိမှာ ကန်သာကျေးရွာမှာ တပ်စွဲနားနေရတယ်လို့ အသိပေးပါတယ်။
စစ်တပ်က ထိခိုက်ဒဏ်ရာရသူတွေကို နတ်မောက်မြို့တွင်း ပို့ဆောင်ထားရတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေအနေနဲ့ သတိပြုသွားလာကြဖို့လည်း တိုက်တွန်းပါတယ်။
"လက်ရှိတော့ စစ်ကြောင်းက လဲဘူး၊သပွတ်ပင်၊ကျောက်အိုးရွာတွေကိုဖြတ်ပြီး အိုင်မဘက်ကိုရောက်နေပါတယ်။နတ်မောက်ရဲ့အရှေ့ခြမ်းက ရွာတွေပါ"လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
နတ်မောက်မြို့နယ်အရှေ့ခြမ်းကို မြို့သစ်မြို့နယ် နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်တပ်က ဧပြီလ ၁ ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတော် လှန်ရေးတပ်တွေနဲ့ မကြာခဏထိတွေ့မှုတွေ ဖြစ်နေပါတယ်။
အရပ်သားသုံးဦးထက်မနည်းကို သတ်ဖြတ်ကာ စစ်ကြောင်းဝင်တဲ့ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့မှုတွေရှိနေတယ်လို့ သိရပါတယ်။
အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော် လှန်ရေးတပ်စခန်းတွေ ကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုး ရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

❤36👍21👏4🔥1
မဘိမ်းမြိုနယ်မှာ KIA နဲ့ စစ်တပ်ကြားလက်နက်ကြီး၊ ဒရုန်းတိုက်ပွဲ ပြင်းထန်နေ
မေ-၁၀၊၂၀၂၆။ဇော်ရမ်း/People's Spring
မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်
ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမဘိမ်းမြို့နယ်အတွင်းလက်ရှိ
စစ်ရေးအခြေအနေကိုမေးမြန်းတဲ့အခါ ဗိုလ်မှူးကြီးနော်ဘူက မေလ၉ရက် ညနေပိုင်းမှာ အသိပေးတာဖြစ်ပါတယ်။
"ရွှေကူကိုကြတော့ စစ်ကြောင်းတွေဝင်လာတာရှိတယ်။ မဘိမ်းမြို့နယ်မှာကကြတော့ လက်နက်
ကြီး တွေပစ်ခတ်သလို ဒရုန်းတွေနဲ့လည်း အပြန်
အလှန်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
မဘိမ်းမှာ မြေပြင်တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လက်ရှိစစ်ရေးအခြေအနေအရ စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"ကျွန်မတို့ကအဓိကစစ်တပ်စစ်ကြောင်းတွေကိုကြောက်တာ။သူတို့က မြင်သမျှ ရန်သူဆိုပြီးလုပ်တာ။ စစ်တပ် လမ်းကြောင်းသတင်းကိုပဲစောင့်ကြည့်နေရတယ်"လို့ ဒေသခံမျိုးသမီးတဦးကပြောပါတယ်။
မဘိမ်းမြို့ဟာရှမ်းပြည်နယ်ထဲက မိုးမိတ်၊ ကချင်
ပြည်နယ်ထဲက ရွှေကူ၊ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးရွာတည်ရှိပြီး စစ်တပ်ရဲ့ ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားပါတယ်။မဘိမ်းမြို့ကို KIA ၊PDF နဲ့ ABSDF နဲ့ ပူးပေါင်းတပ်တွေက ၂၀ ၂၄ ဇန်နဝါရီလကအပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မဘိိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ KIA မေလဆန်းမှာ သတိပေးထားပါတယ်။

👍54❤15🔥3
AAကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သားတွေအပါအဝင် ၁၄ဦးကို ပြန်လွှဲပေး
မေ-၁၀၊၂၀၂၆။ဇော်ရမ်း/People's Spring
ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်းမှာ အာရက္ခတပ်တော်(AA) ကယ်ဆယ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရေလုပ်သား၁၀ဦး အပါအဝင် ၁၄ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
မေလ၃ရက်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်တာလို့ မောင်တောဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
" ကျတော်တို့ဘက်ကနေ လွှဲပေးလိုက်တာ။ ယခင်ကလည်း ရှိခဲ့ဖူးတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးရှိလာရင် ဒေသတဲ့ပိုပြီးအကျိုးများတယ်။ နယ်စပ်ကုန်သွယ်ရေးလည်း ဒီထက်ပို လုပ်ချင်ပြီ"လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီ ရေလုပ်သားတွေ ပြန်လွှဲပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသBGB တာဝန်ရှိသူတွေနဲ့ အာရက္ခတပ်တော် (AA)ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက်ပိုင်း အကောင်အထည် ဖော်နိုင်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ရေးသားထားပါတယ်။
လွှဲပေးသူ၁၄ ဦးအနက် ၁၀ဦးက ဘင်္ဂလားဒေ့ချ် နိုင်ငံ ရေပိုင်နက်မှာ ငါးဖမ်းစဉ် စက်လှေပျက်ပြီး ရခိုင်ရေပိုင်နက်ကို ဝင်ရောက်လာလို့ ကယ်ဆယ်ခဲ့သူတွေဖြစ်ပြီး လေးဦးကတော့
ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းလာပို့စဉ် စစ်တပ်ရဲ့ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေဖြစ်တယ်လို့ AAရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ Arakan Princess Mediaက ဖော်ပြပါတယ်။
နယ်စပ်ဒေသအရေး၊ ရေလုပ်သားတွေအရေးနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေအရေးကိုAA အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပိုမိုပူးပေါင်းဆွေးနွေးလိုပြီး နယ်စပ်ကုန်သွယ်ရေးလည်း အကောင်အထည်ဖော်လိုကြောင်း မေလ ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့အင်တာဗျူးမှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။
AAဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။
ပင်လယ်ပြင်လုံခြုံရေးကိုလည်း ဆောင်ရွက်နေပြီး တရားမဝင်ငါးဖမ်းမှုတွေကိုလည်း ဥပဒေထုတ်ပြန် ကန့်သတ်ထားပါတယ်။
AA သိမ်းပိုက်ထားတဲ့မြို့တွေရဲ့ ပင်လယ်ပြင် ဘက်မှာ စစ်တပ်ကလည်း စစ်သင်္ဘောတွေနဲ့ ရှိနေပြီး ငါးဖမ်းလုပ်သားတွေကို ဖမ်းဆီးတာ၊ အရပ်သားနေထိုင်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေလို့ AAက လုံခြုံရေးသတိပေးထားပါတယ်။

👍34❤16🔥1
(ကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သားတွေအပါအဝင် ၁၄ဦးကို ပြန်လွှဲပေးနေစဉ်။ ဓာတ်ပုံ - Arakan Princess Media)
👍25❤10🔥1
လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်းရေချိုးရင်း ရေနစ်သေဆုံး
မေ -၁၀၊၂၀၂၆။မိုမို/People's Spring
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။
ဒီကနေ့(မတ်လ ၁၀ ရက်) မနက် ၁၁နာရီဝန်းကျင်က မထောခူကျေးရွာအနီးက သဲချောင်းမှာ ရေဆင်းချိုးရင်း ရေနစ်ပြီး မောင်နှမသုံးဦးလုံး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
" ချောင်းလို့သာ ပြောတာ။ရေသေဖြစ်နေတဲ့နေရာပါ။ဖြစ်ချင်းတော့ ကောင်မလေးက ရေမကူးတက်ဘူး။သူစနစ်ပြီး ကျန်တဲ့ကလေးနှစ်ယောက်က လိုက်ဆယ်ရင်း ပါသွားကြတာ"လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူက ဖြစ်စဥ်ကို ရှင်းပြပါတယ်။
ရေနစ်သေဆုံးသူတွေဟာ အသက်(၁၈)နှစ်အရွယ် မတင်တင်စန်းဦး၊ အသက်(၁၉)နှစ်အရွယ်မောင်စိုးသီးဟနဲ့ အသက် (၂၀)အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ရှာဖွေတွေ့ရှိတယ်လို့ အသိပေးပါတယ်။
"ကလေးတွေက တဝမ်းကွဲမောင်နှမတွေ အရင်မော်ချီးမှာနေကြပြီးအခု လွိုင်ကော် နမ့်ဘော်ဝမ်ရပ်ကွက်မှာနေကြတာ"လို့ လွိုင်ကော်မြို့နေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်ကလည်း လွိုင်ကော်မြို့၊ ဘီလူးချောင်းထဲမှာ လူသေအလောင်းတွေ့ရှိခဲ့တာအပြင် ဧပြီ ၂၇ ရက်ကလည်း အမျိုးသားရုပ်အလောင်းတွေ့ရှိလို့ ဆယ်ယူသဂြိုလ်ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတချို့က အသိပေးထားပါတယ်။

😭42❤5😢3🔥1
■အတွေးအမြင်
ခပ်ဆိမ့်ဆိမ့်တို့ရဲ့ကမ္ဘာ
နိုဝင်ဘာမိုး/People's Spring
မနေ့ညက ရန်ကုန်မြို့မှာ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်လို့ လမ်းတွေပိတ်၊ ယာဥ်ကြောတွေပိတ်ပြီး အလုပ်ပြန်တွေ ဒုက္ခရောက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် ဒုက္ခပေးလို့ တိုင်းရင်းသားဒေသတွေ၊ အညာနဲ့ မြေလတ်ဒေသတွေမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၃ သန်းကျော် ရှိနေချိန် ရန်ကုန်မြို့တော်မှာလည်း အားကျမခံ မာရသွန်ပြေးပွဲ လိုက်လုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ဆောင်းတွင်းတုန်းကလည်း အညာမြေ ပုဂံမြို့ဟောင်းမှာ အခုလိုပဲ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်ခဲ့ဖူးပြီး လာပြေးခဲ့ကြပါသေးတယ်။ ညောင်ဦးနယ်ထဲက၊ မြစ်တစ်ဘက်ကမ်း ပခုက္ကူနယ်က၊ ခပ်လှမ်းလှမ်း မြင်းခြံနယ်က စတဲ့စတဲ့ ပတ်ပတ်လည် စစ်ရှောင်တွေကိုမှ အားမနာ မာရသွန်လာပြေးခဲ့ကြတာပါ။ အခုလည်း ရန်ကုန်မှာ Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲတဲ့။ ပြေးလိုက်ကြတာ တဝုန်းဝုန်း။
ပွဲစီစဥ်သူတွေက စစ်တပ်နဲ့နီးစပ်တဲ့ Atom ဆက်သွယ်ရေးကုမ္ပဏီက စီစဥ်တာပါတဲ့။ ပွဲမှာ Forever Groupရဲ့ သရုပ်ဆောင်တွေ၊ Presenter တွေလည်း တော်တော်များများ တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က ည ၈ နာရီလောက် အပြင်ထွက်လို့ တစ်ညပျောက်သွားခဲ့ဖူးတဲ့ MRTV4 သရုပ်ဆောင်သစ်လည်း ဝင်ပြေးခဲ့တာ တွေ့ရတယ်။ စစ်အုပ်စုဟာ ပြည်သူတွေ ပျော်ရွှင်နေပါတယ်ဆိုတာကို ပြသဖို့ ပွဲလမ်းသဘင်တွေ ကျင်းပစေခဲ့တာ ကြာပြီမို့ ထူးပြီး မပြောလိုတော့ပါဘူး။ ပြောလိုတာက မြို့ပေါ်နေ ရေပေါ်ဆီတချို့ကိုပါ။
အာဏာသိမ်းပြီး ၂ နှစ်လောက်အကြာ ရန်ကုန်မြေကို ခေတ္တခဏ ရောက်ခဲ့ဖူးတယ်။ ပြည်လမ်းပေါ်သွားရင်း ဘာတွေ့ရသလဲဆိုတော့ အသက် ၂၅ နဲ့ ၃၀ ကြား ငွေကြေးအတန်အသင့်ရှိပုံရတဲ့ လူငယ်တစ်ယောက်က လမ်းဘေးမှာ ကင်းစောင့်နေတဲ့ ရဲတစ်ယောက်ကို Shark အားဖြည့်အချိုရည်ဘူးတွေ၊ ရေသန့်ဘူးတွေ ဝယ်လာပြီး ပေးဝေနေတာပါ။ သာမန်ကာလ အဲဒီလိုမြင်ကွင်းမျိုး မြင်ရရင် တကယ်ကြည်နူးစရာကောင်းတာပါ။ ဒါပေမယ့်
စစ်တပ်အာဏာသိမ်းထားတဲ့ကာလကြီးထဲ ဒီလိုမြင်ကွင်းမျိုး မြင်ရတာ နည်းနည်းတော့ အံ့သြမိတယ်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးတော့ အေး
ချမ်းစွာ ဆန္ဒပြခဲ့တဲ့ပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို ရက်
ရက်စက်စက်အကြမ်းဖက်ဖြိုခွင်း၊ ကျည်အစစ်နဲ့ပစ်ခဲ့ကြတာ ဒီလိုရဲတွေလည်း ပါပါတယ်။ နယ်တွေမှာ ရဲတွေကို စစ်သားတွေလိုပဲ ကျွန်တော်တို့က ရွံရှာမုန်းတီးပါတယ်။ အအေးဘူးပေးဖို့မပြောနဲ့ တစ်ဆိုင်တည်း ထိုင်မိရင်တောင် ဝေးရာကိုရွှေ့ထိုင်ပါတယ်။ မတော် လာပစ်လို့ ကိုယ့်ပါလာမှန်မှာ စိုးတာလည်း ပါတာပေါ့။
နောက် ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တစ်ခုထပ်တွေ့ပါတယ်။ ဒါကတော့ Generation Z လို့ခေါ်မယ့် အသက် ၁၇၊ ၁၈ လေးတွေရဲ့လုပ်ရပ်ပါ။ ရန်ကုန်မြို့တနေရာမှာ ကင်းချထားတဲ့ ရဲတွေကို မောင်
မင်းကြီးသားလေးတွေက သနပ်ခါးလိုက်လိမ်းပေးကြတဲ့မြင်ကွင်းပါ။ အပေါ်မှာပြောခဲ့သလို အာဏာသာမသိမ်းခဲ့ရင်တော့ ဒီလိုမြင်ကွင်းမျိုး သိပ်ကို မိုက်တာပေါ့။ရန်ကုန်မြို့တွင်းမှာတင် စစ်အုပ်စုက သူတို့လိုရွယ်တူလေးတွေကိုပဲ ပေါ်တာတွေဆွဲလို့ မိသားစုတွေခမျာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေကြတာမနည်းမနောပါ။ စစ်မှုထမ်းကို ငွေပေးကျော်
လွှားနေကြတဲ့သူတို့တတွေရဲ့ မျက်လုံးထဲမှာ ရဲတွေဟာ ကြောက်စရာကောင်းမနေခဲ့ဘူးပေါ့။
အခုလည်း ရန်ကုန်မြို့က ရေပေါ်ဆီလူတန်းစားတချို့ဟာ စစ်အုပ်စုအလိုကျ မာရသွန်ပြေးကြတယ်။ DJကားလည်း ပါပါသတဲ့။ သူတို့ပြေးလမ်းအတွက် လမ်းတွေပိတ်တော့ အိမ်အပြန် ဘက်စ်ကားတိုးစီးရမယ့် ပြည်သူတွေခမျာ ယာဥ်ကြောပိတ်ဆို့မှုကို နာရီပေါင်းများစွာ ကြုံရတော့တယ်။ ဒါလည်းအားနာရကောင်းမှန်းမသိဘူး။
မြို့လယ်ကောင်မှာ မီးရောင်စုံတွေနဲ့ ပျော်ပါးနေကြတဲ့ Yangon Heritage Night Run ရဲ့ မြင်ကွင်းက ကြည့်ကောင်းနေပေမဲ့၊ တစ်ဖက်မှာတော့ တစ်
နေ့တာ လုပ်အားခ အနည်းငယ်အတွက် ရုန်းကန်ခဲ့ရတဲ့ လူတွေမှာတော့ အိမ်ပြန်လမ်းငရဲခန်းကို ဖြတ်
သန်းနေရပါတယ်။ ပြေးလမ်းပေါ်က လူတွေက ချွေးထွက်အောင် ပြေးနေကြချိန်မှာ၊ လမ်းဘေးက လူတွေကတော့ ဝမ်းရေးအတွက် ပင်ပန်းလို့ ထွက်လာတဲ့ ချွေးတွေကို သုတ်ရင်း ပိတ်မိနေတဲ့ ကားတန်းကြီးကို ကြည့်ကာ သက်ပြင်းချနေကြရတာပါ။
ဒီပွဲကို စီစဥ်ခဲ့သူတွေကို လေ့လာကြည့်ရင်လည်း
အာဏာသိမ်းစစ်တပ်ရဲ့အကြံအစည်ကိုသိနိုင်ပါတယ် ။အဲဒီမာရသွန်ပြေးပွဲကို အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ကျင်းပခဲ့တာဖြစ်ပါတယ်။ Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ကိုဂျင်မီဖြစ်စဥ်အပါ
အဝင် တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

👍20❤12👎3😡3🔥1
ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွား
ရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်
လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့
ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွား
ရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။
လှပပြီးခေတ်မီအဖိုးတန် အားကစားဝတ်စုံတွေ ဝတ်ဆင်ပြီး ပြုံးပျော်ရွှင်နေကြတာက တကယ်တော့ကောင်းပါတယ် ။ဒါပေမယ့် ဒီပုံရိပ်တွေကို
စစ်တပ်က သူတို့အာဏာလက်မလွှတ်ရရေး စစ်အုပ်စုကိုနိုင်ငံတကာက အသိအမှတ်ပြုဖို့ မြို့တော်ရန်ကုန်မှာ ပြည်သူတွေအေးချမ်းသာယာပျော်ရွှင်နေကြပါတယ် ဆိုပြီး ဝါဒဖြန့်ဖို့အတွက် ဒီပုံရိပ်တွေကို အသုံးချမယ်ဆိုရင်တော့ ပြေးပွဲကို ပြေးပွဲဆင်နွှဲမိသူတွေ ပျော်ရွှင်နိုင်ပါ့ဦးမလား သိချင်ပါတယ်။
စစ်တပ်က ၊စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီတွေက ဝါဒ
ဖြန့်ချီရေးတွေအတွက် ငွေတွေဘယ်လိုသုံးတာ ၊
အမေရီကန်ရဲ့ အရေးယူဒဏ်ခတ်မှုတွေ ကင်း
လွတ်ဖို့ စစ်အုပ်စုက လော်ဘီကုမ္ပဏီ DCI နဲ့အမေရီကန်ဒေါ်လာ သုံးသန်းဖိုးစာချုပ်ချုပ်တာ ၊အမေရီကန် သမ္မတ ဒေါ်နယ်လ်ထရန့်နဲ့ရင်းနှီးတဲ့ ရော်ဂျာ
စတုန်းကို လော်ဘီလုပ်ပေးဖို့ ငှားရမ်းတာတွေကို
နိုင်ငံရေးစိတ်ဝင်စားရင် အလွယ်တကူသိနိုင်တဲ့အကြောင်းအရာဖြစ်ပါတယ် ။
ဒါကြောင့်ရန်ကုန်မြို့လယ်မှာ ညဦးပိုင်း ရုံးဆင်းချိန်ကြီးကို လမ်းတွေပိတ်ပြီး ပြေးပွဲဆိုပြီး ပျော်ပွဲရွှင်ပွဲ ကို စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီတွေကလုပ်ပြီးအလှဓါတ်ပုံတွေ ဝေဝေဆာဆာဖြန့်ချီနေတာဟာ ဘာကိုရည်ရွယ်တာလဲဆိုတာကို စာဖတ်သူအလွယ်စဥ်းစားနိုင်မယ်ထင်ပါတယ်။
ပိုပြီးရှင်းလင်းအောင် PR သမားတဦးဖြစ်တဲ့ M ရဲ့သုံးသပ်ချက်ကို မျှဝေလိုပါတယ် ။
"PR professional တစ်ယောက်အနေနဲ့ ဒီလိုပွဲတွေကို အားကစားပွဲတစ်ခုတည်းအဖြစ် မမြင်ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကြားမှာ ဒေသအများအပြားက အရပ်သားပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် တကယ်ပဲ အသက်လွတ်ဖို့ ပြေးလွှားနေရတဲ့အချိန်မှာ “run/ပြေးခြင်း”ဆိုတဲ့စကားလုံးကို ထပ်ကာထပ်ကာ ပျော်ရွှင်စရာ အခမ်းအနားသဘောနဲ့ သင်္ကေတပြုအသုံးပြုတာကိုက နိုင်ငံရေးအဓိပ္ပာယ်ဆောင်လာတယ်လို့မြင်ပါတယ်။ စစ်မီးတောက်နေတဲ့ ပကတိအခြေအနေတွေကို ဖုံးကွယ်ပြီးဒီလိုပွဲမျိုးတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကနေ ပြချင်တဲ့ရှုထောင့်၊ လိုချင်တဲ့ emotion
တွေရအောင် ရိုက်ထားတဲ့ပုံတွေနဲ့အကြီးအကျယ် ချဲ့ကားဖော်ပြနေတာဟာ လူထုကျန်းမာရေးအတွက် ရည်ရွယ်တာထက် ‘အခြေအနေတွေ ပုံမှန်ရှိတေတယ်၊ ငြိမ်းချမ်းနေတယ်၊ ထိန်းချုပ်နိုင်စွမ်းရှိနေပါတယ်’ လို့ နိုင်ငံတကာကို လှည့်စားတဲ့ ဝါဒဖြန့်မှု Perception Management သာ ဖြစ်ပါတယ်"လို့ သူကပြောပါတယ် ။
ဆက်လက်ပြီးတော့ M က "PR ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ အခြေအနေတွေ ပုံမှန်ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဗျူဟာမြောက် ဖန်တီးတဲ့ ‘Strategic Normalcy Messaging’ လို့ပဲ ဆိုရပါမယ်။ Crisis Communications တွေမှာ ပကတိ အခြေအနေတွေက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ အများပြည်သူမြင်ကွင်းမှာ positive ဖြစ်တဲ့၊ အဆင်ပြေအေးချမ်းနေတဲ့ပုံရိပ်တွေကို ဖော်ပြခြင်းအားဖြင့် တည်ငြိမ်မှုရှိနေတယ်ဆိုတဲ့ အမြင်မျိုးရအောင် ပုံဖော်လေ့ရှိပါတယ်။ဒါက propaganda communications မှာသိပြီးသားဖြစ်တဲ့ pattern တစ်ခုပါပဲ" လို့ပြောပါတယ်။
ဒါပေမယ့်အထက်ကပြောခဲ့တဲ့ လုပ်ရပ်တွေဟာ ရန်ကုန်လူထုတစ်ရပ်လုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။ စစ်တပ်အာဏာသိမ်းတော့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြား ရဲရဲဝင့်ဝင့် ဆန္ဒပြခဲ့တဲ့ မြို့တွေထဲ ရန်ကုန်လူထုဟာ ရှေ့ဆုံးက ပါဝင်ခဲ့တယ်။ နယ်ပယ်စုံက ထူးချွန်သူတွေ၊ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုကြသူတွေ ရန်ကုန်မှာ အများကြီးနေထိုင်ခဲ့ဖူးတယ်။ အခုလည်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြား၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးမရမှု၊ လုံခြုံရေးစိုးရိမ်ရမှုတွေကြားမှာပဲ တော်လှန်အာခံနေဆဲ ရန်ကုန်ပြည်သူတွေ များစွာ ရှိနေပါသေးတယ်။
ဒါပေမဲ့ မြို့ပေါ်နေ ရေပေါ်ဆီလူတန်းစားတချို့ရဲ့ အမှန်သိမြင်နိုင်မှုအခြေအနေကတော့ စိုးရိမ်စရာအခြေအနေပါ။ တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို တကယ်ပဲမသိတာလား၊ မသိချင်ယောင်ပဲဆောင်နေတာလားဆိုတာကိုတော့ သူတို့ကိုယ်
တိုင်သာ အသိဆုံးဖြစ်မှာပါ။ဒီလိုမျက်ကွယ်ပြုမှုတွေကပဲ အာဏာရှင်စနစ်ကို အသက်ဆက်ပေးနေတာလို့ စွပ်စွဲမယ်ဆိုစာဖတ်သူလက်ခံနိုင်ပါသ
လား။

👍28❤13🔥3
■ရသစာတမ်းငယ်
‘မမ်မောအော့ဖ် ငါတို့’
◼️ ဆောင်းသွေးရင့်
"ဘဝသည် နာကျင်နေပေမဲ့
ငါတို့က ပြုံးရီခဲ့ရတယ်။"
၁။
စီးကရက်မီးခိုးငွေ့တွေ ကြားကနေ မြင်နေရသော လေယာဥ်ကို လိုက်ကြည့်မိသည်။ အတက်လေယာဥ်လား၊ အဆင်းလေယာဥ်လားတော့ ကျနော်မသိ။ ကျနော်တို့ကို ဗုံးကျဲချရန် သယ်ဆောင်လာသည့် လေယာဥ်မဟုတ်တာတော့ သေချာနေပါသည်။ ခရီးသည်လေယာဥ်တခုကို ထိုင်ကြည့်နေရတာ ဘယ်လို အရသာရှိနေမှန်းမသိ။ တိုက်ရှေ့က လှေကားထစ်ပေါ်ထိုင်နေရင်း လိုက်ကြည့်မိတယ်။ တောင်တန်းတလျှောက်၊ ကောင်းကင်အကျယ်ကြီးနဲ့ ခြားနားနေသည့် ဘဝအစိတ်အပိုင်းများ။ ဒီဒေသမှာ ငေးမော အံသြစရာတွေများပါသည်။ ဖြတ်သန်းနေသော ကားများကို ရှောင်ကွင်းရင်း လမ်းတွေလဲ လျှောက်ရပါသည်။ တိုက်ရှေ့က ကတ္တရာလမ်းကျော်ပြီး ကြည့်တော့ မြက်ပင်အရှည်များကို စနစ်တကျ စိုက်ပျိုးထားသည့် မြေကွက်ကို တွေ့ရပါသည်။ နွားစားမြက်လို့ပြောကြတာပဲ အကိုရ ဆိုပြီး အငယ်ကောင်လေး အိက်စ် (X) မနေ့ညနေက ရှင်းပြနေသည်ကို မှတ်မိသွား၏။ မြေကွက်နှစ်ခုကြားတွင် မြေနီလမ်းတခုသည် ဖုန်မှုန့်အပြည့်။ ကလေးတသိုက် စက်ဘီးစီးလာသည်ကို ငေးမောနေ၏။ ဘာသာစကားကတော့ ကျနော် နားလည်သည့် စကားပါပဲ။ ရှိုက်ထုပ်နေသည့် စီးကရက်အငွေ့တွေထဲကို မကျေနပ်ခြင်းတွေ ထည့်လိုက်တယ်လို့ ပြောလိုက်ရအောင်ကလဲ ကျနော် လူငယ်အရွယ်မဟုတ်တော့။ နားထင်စအပြည့် ဖြူနေသည့် အချိန်တောင်ကျော်နေပေါ့။ ဒါပေမဲ့ မကျေနပ်နေတာက မကျေနပ်တာပါပဲလေ။ နာရီကြည့်လိုက်တော့ ရုံးဆင်းချိန်ရောက်နေပြီ။ အငယ်ကောင်တွေ ပြန်လာတော့မယ်ထင်ပါရဲ့။ ကျနော်လဲ တနေ့လုံးအိပ်ထားလို့ လူကတိုက်ထဲမှာမနေချင်တော့။ လမ်းပေါ်ထွက်ငေးရင်း ဘေးဘီလဲ သတိထားနေရ၏။ ညီညာသပ်ရပ်နေ့သည့် မြို့ရဲ့အလှတရားကိုတော့ သေချာကြည်နှုးရမယ်မဟုတ်လား။ ကျနော်တို့ဆီမှာရော။ ဖြစ်လာခဲ့ပြီးမှ ပျက်သွားရသည့် တရားသဘောအား မဆင်ခြင်ချင်တော့ပါ။ မလုပ်ချင်တာတွေ ကျနော် မတွေးတော့ပါဘူးလေ။ အရှေ့က မြက်ပင်ကွက်ကလေးတွေကိုက ချစ်စရာဖြစ်နေတာပဲ။ စီးကရက်တလိပ် မီးထပ်ညှိရင်း ပျော်နေတော့တာ။ ဘေးတိုက်ခန်းက ဆရာလဲ ဆေးလိပ်သောက်ရန် ထွက်လာတော့ ဆရာအား ရိုသေစွာ နှုတ်ဆက်လိုက်ပါသည်။ မီးခြစ်ယူဦးမလားဟု ဆရာ့အား ပေးတော့ ဆရာက ခေါင်းခါ၏။ ဆရာသည်အတွေးအခေါ် ပညာရှင် ပါမောက္ခ ပီပီ မတရားမှုတိုင်းကို ခေါင်းခါတတ်သူ မဟုတ်လား။ ဒီနိုင်ငံရဲ့ အလုပ်ဆင်းသည့် အချိန်ကို ကျနော် သဘောကျနေမိပါသည်။
၂။
မနေ့ညက ကျနော်တို့ ညီအကိုတတွေ သောက်ဖြစ်ကြ၏။ တိုက်အောက်ဆုံးထပ် ဧည့်ခန်းတွင် အာထွာ (Ultra) ရဲ့ ဒက်ကော်ရေးရှင်းသည် အနုပညာ ဆန်လွန်းလှပါသည်။ အာထွာ့နံရံတွင် ကဗျာအများအပြား တွေ့ရ၏။ တံခါးအဝင်ဝ နံရံဘက်ခြမ်းတွင်ရှိနေသော ပန်းချီများထဲတွင် အဲ့ဝက်မွန့်ရဲ့
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'ဆောင်းသွေးရင့်'ရေးဖွဲ့တဲ့ "မမ်မောအော့ဖ် ငါတို့" ရသစာ
တမ်းငယ်ကို People's Spring ကပြန်လည်ဖော်
ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

အော်သံ ကို ကျနော် အကြိုက်ဆုံးပါ။ ထိုအော်သံထဲတွင် အကြောက်ဆုံးကတော့ ကျနော်တို့ကိုယ်တိုင်ရဲ့အသံပင်ဖြစ်ပါသည်ဟုဆိုခဲ့သော အက်ဆေးကို သတိရရင်း ရာထောင်ကို သောက်ရမည့် အလှည့်ကို ထိုင်စောင့်နေရသည်မှာ ဘယ့်လောက်များ ကြည်နှုးဖွယ်ကောင်းလိုက်မလဲ။ ရာထောင်ဝယ်ကြမည့် အချိန်များလဲ ကျနော် အမှတ်ရမိနေ၏။ ညီအကိုတတွေ တယောက် ဘယ်နှဘတ်နှုန်းဖြင့် တွက်ချက်ပြီး ငွေစုနေကြတော့ ကျနော် ပြုံးကြည့်မိပါသည်။ ငွေစုမိတော့ အဝယ်တော်ကျသူများသည် ထိုတုန်းက အထောက်အထားမဲ့နေသော X နှင့်ကျနော်။ ရာထောင်ရောင်းသည့်ဆိုင်သည် သိပ်တော့မဝေးလှပါ။ ရာထောင်လေးဘူး၊ စွန်းမွှေး ၄ ထုပ်နဲ့ သရက်သီးထုပ်ယူလာပြီး အိမ်ပြန်ရောက်တော့ ရေးလ် (Ray) သည် မီးဖိုချောင်မှာ အမြည်းအစုံအသင့် ပြင်ထားပြီးပြီ။ အာထွာရဲ့ အာလူးပြုတ်ကြော်က မပါမဖြစ်အမြည်းတခု။ ဘလိတ် (Blade)က ဂစ်တာကို ကိုင်ထားကာ သောက်ပြီးရင် P2 ဆော့ဖို့ လူစုနေပြီ။ ဖိလစ် (Phillip)တယောက် ဟိုဟာလုပ်မှာလိုလို ဒီဟာလုပ်မှာလိုလိုနဲ့ မီးဖိုချောင်ဘက်ပြေးလိုက် ဧည့်ခန်းပြေးလိုက်နဲ့ အလုပ်ရှုပ်နေတုန်း။ ထိုအချိန်မှာ ကျနော်တို့သည် မိုးကို ပြေးကြည့်မည့်သူများ ဖြစ်နေကြပါသည်။ ထိုနောက်တော့ ဘလိတ်ရဲ့ "အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက်" ဆိုသည့် ထည်ဝါသည့် အသံထွက်လာတော့ ကျနော်တို့အားလုံး ရာထောင်ကို အလှည့်ကျ သောက်နေဆဲပါ။ ။(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'ဆောင်းသွေးရင့်'ရေးဖွဲ့တဲ့ "မမ်မောအော့ဖ် ငါတို့" ရသစာ
တမ်းငယ်ကို People's Spring ကပြန်လည်ဖော်
ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,649 likes · 5,579 talking about this. News & media website
👍13❤4🤮1
■ကဗျာ
‘ညနှင့် စီးချင်းထိုးခြင်း’
◼️ချမ်းငြိမ်း
ဒဏ်ရာတွေကို ဆေးကြောဖို့
သွေးတွေကို ဖောက်ထုတ်ရင်း
ညတွင်းကြီးဆီ
သူတို့ ခုန်ဆင်းသွားကြတယ်။
ရောင်စဉ်တန်းတွေ လှိုက်ကနဲ
လကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာ
အသက်တချောင်းကို ဒိုင်းလုပ်
အမှောင်ကို ခုန်အုပ်လိုက်တယ်။
တောင်ပံတွေကို ဖြန့်ရင်း
မီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလို
တစုံတရာ လှပဖို့
ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။
ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့
ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာ
ဝိဉာဉ်ဟာ ဓားတစင်းအဖြစ်
ညကို ခုတ်ပိုင်းပစ်လိုက်တယ်။
ခင်ဗျားတို့ မြင်လိုက်ကြလား
ဝိဉာဉ်ဓားသွားတလက်ရဲ့
တလက်လက်ထနေတဲ့ အသွားပေါ်က
ပြတ်ကျသွားတဲ့ "ည"ကိုလေ။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'ချမ်းငြိမ်း'
ရေးဖွဲ့တဲ့ "ညနှင့် စီးချင်းထိုးခြင်း” ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍13🥰4❤2🤮1
မြန်မာနိုင်ငံဟာကျွန်တော်တို့ငယ်ငယ်တုန်းကထက်ပိုကြမ်းတမ်းတဲ့အငတ်ဘေးကိုရင်ဆိုင်နေရပြီ၊ရင် ဆိုင်ရတော့မယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေကပြောနေပါပြီ။သတိပြုကြပါ။
ကမ္ဘာ့ဘဏ်ကတော့စားနပ်ရိက္ခာလုံလောက်မှု (Food Security)ကိုအချက် ၄ ချက်နဲ့တိုင်းတာပါတယ်။တစ်အချက်ကတော့လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးလမ်းကြောင်းရှိနေတာအပြင်ရိက္ခာသိုလောင်ထားမှုလည်းရှိတာဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အစားအစာကတော့ရှိနေတယ်၊ဒါပေမယ့်ကိုယ့်ဝင်ငွေ၊ကုန်ဈေးနှုန်းနဲ့ဈေးကွက်အခြေအနေအရလက်လှမ်းမှီရဲ့လားဆိုတဲ့အချက်ပါ။
တတိယအချက်ကတော့အဟာရကိစ္စပါပဲ။အစာတော့စားနေတယ်။ကိုယ်စားတဲ့အစာဟာခန္ဓာကိုယ်ကလိုအပ်တဲ့အဟာရဓါတ်တွေ၊စွမ်းအင်နဲ့ခွန်အားတွေပေးနိုင်သလားဆိုတဲ့အချက်ပါ။
စတုတ္ထအချက်ကတော့အထက်ကပြောထားတဲ့အချက်တွေပြည့်စုံတယ်ဆိုရင်တောင်မှဒီအခြေအနေဟာရေရှည်တည်တန့်နိုင်ပါ့မလားဆိုတဲ့အချက်ပါပဲ။ စစ်ဖြစ်တဲ့အခါ၊နိုင်ငံရေးကသောင်းကနင်းဖြစ်တဲ့အခါ၊နိုင်ငံမတည်ငြိမ်မှုတွေကြုံတွေ့ရတဲ့အခါဒီအခြေအနေတွေဟာတည်မြဲပါ့မလားဆိုတဲ့မေးခွန်းပါ။
မြန်မာနိုင်ငံအနေနဲ့ကတော့ဒီအချက်တွေတစ်ခုနဲ့မှမကိုက်ညီဘူးလို့ပြောရမှာပါ။ကုလသမဂ္ဂရဲ့အဖွဲ့ အစည်းကြီးတစ်ခုဖြစ်တဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program-WFP) အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအရှိန်ကြောင့်ကမ္ဘာ့တစ်လွှားမှာငတ်မွတ်နေတဲ့လူဦးရေဟာအခုထက်၄၅သန်းကျော်ပိုလာလိမ့်မယ်လိုဆိုပါတယ်။
အာရှပစိဖိတ်ဒေသမှာတော့စားနပ်ရိက္ခာပြတ်လပ်မှုဟာ၂၄ ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ခန့်မှန်းပါတယ်။
အရှေ့တောင်အာရှကတော့အပြင်းထန်ဆုံးထဲမှာပါနေပါတယ်။ကုန်ဈေးနှုန်းတွေမြှင့်တက်လာတာအပြင် ကြောက်စရာကောင်းတဲ့အယ်လ်နီညိုရဲ့အပူဒဏ်တွေကိုလည်းခံစားနေရပါတယ်။ဒီအထဲမှာမှ မြန်မာနိုင်ငံဟာအဆိုးဆုံးဖြစ်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းက Foreign Affairs မဂ္ဂဇင်းကြီးရဲ့ဆောင်းပါးမှာစာရေးသူ ဂျိုးဇက်ရာက့်မင်ကဆိုပါတယ်။
သူ့ဆောင်းပါးမှာမြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာလုံလောက်မှု (Food Security)ဟာကမ္ဘာမှာအဆိုးဆုံး နံပါတ်၅မှာရှိနေတယ်လို့WFPကိုကိုးကားပြီးသူကရေးပါတယ်။ “မုန်တိုင်းဝင်မွှေတော့မယ့် အခြေအနေပါပဲ”လို့ WFPရဲ့မြန်မာဌာနေဒါရိုက်တာမိုက်ကယ်ဒန်ဖော့ဒ်ကForeign Policy မဂ္ဂဇင်းကိုပြောပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/04/28/155390/

LuduNwayOo
ခေတ်မီဖွံ့ဖြိုးငတ်မွတ်သော နိုင်ငံတော်မှကြိုဆိုပါ၏ | LuduNwayOo
မနက်စာမစားရသေးရင်တော့ဒီဆောင်းပါးကိုမဖတ်ပါနဲ့ဦး။စားပြီးပြီဆိုရင်တော့အချိန်နည်းနည်းပေးပြီးဖတ်ကြည့်ပါ။
👍27😢6❤2🤮1💔1
■အတွေးအမြင်
ဘာကြောင့် မြန်မာ့တော်လှန်ရေးမှာ
တရုတ်မူဝါဒသစ် လိုအပ်နေသလဲ
●နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ (အပိုင်း-၂ ၊နိဂုံး)
-ငြိမ်းငြိမ်းပြည့် ရေးသားသည်။
ထိတွေ့ဆက်ဆံမှုနဲ့ ဘေဂျင်းရဲ့သတ်မှတ်ချက်တွေ ဆုံတွေ့တဲ့အခါ NUG ဟာ ထိတွေ့ဆက်ဆံမှု ပုံစံတမျိုးကို စမ်းသပ်ကြိုးစားထားပြီးဖြစ်ပါတယ်။ တရုတ်တနိုင်ငံတည်းမူ (One China Principle) ကို ထောက်ခံကြောင်း၊ အရင်လုပ်ထားတဲ့ မြန်မာ-တရုတ် ကတိကဝတ်တွေကို ဆက်တည်မယ့်အကြောင်း၊ မြန်မာနိုင်ငံအတွင်းက တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြား လူမှုစီးပွားလုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်း ကတိပြုတဲ့ ကြေညာချက်ကို ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာအရေးကြီးပါ
တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာက ဆက်သွယ်မှု လုံးလုံး မလုပ်တာ မဟုတ်ပါဘူး။
ဒါဟာ သတင်းစကားပါးခြင်းရဲ့ အတိုင်းအတာ အကန့်အသတ်ကို ပြသနေပါတယ်။ ဒီအမူအရာတွေဟာ ဆက်ဆံရေးနဲ့ သမိုင်း-သဘောတရားအရ အလှမ်းကွာဝေးမှုရဲ့ တစိတ်တပိုင်းကို ဖြေရှင်းပါတယ်၊ တော်လှန်ရေးဟာတရုတ်ကို တရုတ်ဆန့်
ကျင်ရေးသက်သက် မဟုတ်ကြောင်းနဲ့ အဆက်
မပြတ်မှု၊ အသိအမှတ်ပြုမှုနဲ့ သံတမန်ရေးအရ စိတ်ချယုံကြည်စေမှုတို့ကို နားလည်ကြောင်း ပြသပါတယ်။
ဒါပေမဲ့ အဲဒါတွေချည်းသက်သက်နဲ့တော့ စနစ်အဆောက်အအုံတည်ဆောက်ပုံ အလှမ်းကွာဝေးမှု (ဒါမှမဟုတ်) ပထဝီမဟာဗျူဟာပိုင်းဆိုင်ရာ အ
လှမ်းကွာဝေးမှု အဟတွေကို မစေ့နိုင်ပြန်ပါဘူး။
ဘေဂျင်းဟာ မြန်မာ့အင်အားစုတွေကို အကဲဖြတ်တဲ့နေရာမှာ၊ အဲဒီလို အလှမ်းကွာဝေးနေမှုတွေကနေထွက်ပေါ်လာတဲ့လက်တွေ့အကျိုးသက်ရောက်
မှုတွေကတဆင့် တိုင်းတာပါတယ်။ ဒီအင်အားစုတွေက ဘာကတိတွေ ကြေညာချက်ထုတ်သလဲဆိုတာထက်၊ မြေပြင်မှာ သူတို့ ဘာတွေကို ထိန်း
ချုပ်နိုင်သလဲ၊ ကာကွယ်ပေးနိုင်သလဲ၊ တားဆီးဟန့်တားနိုင်သလဲ ဒါမှမဟုတ် ဟန့်တားနိုင်သလဲ ဆိုတဲ့ လက်တွေ့လုပ်နိုင်စွမ်းတွေနဲ့ပဲ ပိုပြီး အကဲ
ဖြတ်တာပါ။
ဘေဂျင်းရဲ့တွက်ကိန်းတွေကရှင်းပါတယ်။ စီမံ
ကိန်း လမ်းကြောင်းတွေကို ဘယ်သူက ဆက်ဖွင့်ထားပေးနိုင်မလဲ၊ အန္တရာယ်တွေကို ဘယ်သူက လျှော့ချပေးနိုင်မလဲ၊ စီမံကိန်းတွေကို ဘယ်သူက လုံခြုံအောင် ကာကွယ်ပေးနိုင်မလဲ၊ နယ်စပ်တွေကို ဘယ်သူက စီမံခန့်ခွဲနိုင်မလဲ၊ နယ်မြေတွေကို ဘယ်သူက စိုးမိုးထားနိုင်မလဲဆိုတာတွေကိုပဲသူက မေး
ခွန်းထုတ်ပြီး တွက်ဆပါတယ်။ ဒါ့အပြင် အမေရိကန်ဦးဆောင်တဲ့ ဝန်းရံပိတ်ဆို့မှုတွေ ဝင်လာနိုင်တဲ့ အပေါက်အပြဲလို့ သူရှုမြင်သံသယပွားတဲ့အရာတွေကို ဘယ်သူက ဟန့်တားကန့်သတ်ပေးနိုင်မလဲ၊ပြီးတော့အချိန်ကြာလာတာနဲ့အမျှ သူ့အတွက် ဘယ်သူက ဘယ်လောက် ဆက်ပြီး အသုံးဝင်နေဦးမလဲဆိုတာတွေကိုပါချိန်ထိုးတွက်ချက်ပါတယ်။ နောက်ဆုံး အရေးအကြီးဆုံးကတော့၊ ဘယ်သူ့ကိုများ အရေးမစိုက်ဘဲ အလွယ်တကူ ကျော်ခွသွားလို့ ရနိုင်မလဲ ဆိုတာကိုပါ တွက်ဆတာပဲ ဖြစ်ပါတယ်။
တရုတ်ဆိုတာ ဇာတ်ဆောင်တဦးတည်း မဟုတ်ပါဘူး။ ဘေဂျင်း ဗဟိုအစိုးရ၊ ယူနန် အာဏာပိုင်တွေ၊ နိုင်ငံတော်ပိုင် လုပ်ငန်းကြီးတွေ၊ ပုဂ္ဂလိက ကန်ထ
ရိုက်တာတွေ၊ နယ်စပ်ကုန်သည်တွေ၊ လုံခြုံရေးအေဂျင်စီတွေ၊ စီမံကိန်း ရင်းနှီးမြှုပ်နှံသူတွေဟာ တပုံစံတည်း လည်ပတ်လှုပ်ရှားနေကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေဟာလည်း တခုနဲ့တခု ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကနေ ကြည့်ရင်တော့ သူတို့ရဲ့ လုပ်ရပ်တွေဟာ နောက်ဆုံးရလဒ်မှာ သွားပြီး ဆုံမှတ်ကျလေ့ရှိပါတယ်။ အဲဒါတွေကတော့ ပထဝီမဟာဗျူဟာ ဝင်လမ်းထွက်လမ်း၊ အီလစ်ပြဌာန်းချက်နဲ့ တည်
ငြိမ်မှု၊ စီမံကိန်းတွေ လုံခြုံရေး၊ နယ်စပ်လုံခြုံရေးနဲ့ ထိခိုက်ခံစားရမယ့် လူမှုအသိုက်အဝန်းတွေအပေါ် ဒီမိုကရေစီနည်းကျ တာဝန်ခံစရာမလိုဘဲ အသုံးချသွားနိုင်တဲ့Leverageရယူရေးတွေပဲဖြစ်ပါတယ်။
ဒါတွေကြောင့်မို့လို့ပဲတရုတ်မူဝါဒကိုမြန်မာ့စစ်-
အရင်းရှင် အုပ်စိုးမှုစနစ်နဲ့ ခွဲခြားပြီး စဉ်းစားလို့ မရနိုင်တာပါ။ ပြဿနာက ဘယ်သူ နေပြည်တော်ကို အုပ်ချုပ်သလဲ ဆိုတာတင် မဟုတ်ပါဘူး။ စစ်အာ
ဏာ၊ ခရိုနီအရင်းအနှီး၊ စစ်အကျိုးဆောင်ပွဲစားတွေ၊ နိုင်ငံတော် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံဖြတ်ကျော် အရင်းအနှီးတွေကမြေယာ၊ သယံ
ဇာတ၊ လမ်းကြောင်း၊ ဘဏ္ဍာနဲ့ လူထုရဲ့လုပ်အားတွေကို ဘယ်လို ခြယ်လှယ်ချုပ်ကိုင်နေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီအခြေခံစနစ်ကြီးကို ခြေရာလက်ရာမပျက် ဒီအတိုင်း ဆက်ထားမယ့် ဘယ်လိုမူဝါဒမျိုးမဆိုဟာ ဗိုလ်ကျကြီးစိုးလွှမ်းမိုးမှုကို နာမည်အသစ်တခုတပ်ပြီး ပြန်လည်အသက်သွင်းပေးသလိုပဲ ဖြစ်နေပါလိမ့်မယ်။
ဒီစံနှုန်းဟာ တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်းအတူတူသက်ရောက်မှု ရှိပါတယ်။တော်လှန်
ရေးရဲ့ နိုင်ငံရေးအနှစ်သာရဆိုတာ ဒီစနစ်ကြီးကို အမြစ်ပြတ်ဖျက်သိမ်းပစ်ဖို့ပဲဖြစ်ပြီး၊နာမည်အသစ်
တွေတပ် ပြန်အသက်သွင်းဖို့ မဟုတ်ပါဘူး။တရုတ်
ဆိုင်ရာဆက်ဆံရေးတွေမှာတာဝန်ခံမှုအစစ်အ
မှန် ရှိလာဖို့ ဆိုတာ၊ ထိခိုက်ခံစားရတဲ့ ကာယကံ
ရှင်လူမှုအသိုက်အဝန်းတွေအနေနဲ့ မိမိတို့ရဲစုပေါင်း
ဘဝ ရှင်သန်မှုအပေါ် သက်ရောက်မယ့် ဆုံးဖြတ်
ချက်တွေကို ပွင့်ပွင့်လင်းလင်း သိမြင်နိုင်ခွင့်၊ ကန့်
ကွက်နိုင်ခွင့်နဲ့ ငြင်းဆန်ပယ်ချနိုင်ခွင့် ပါဝါ ရှိလာတဲ့ အချိန်ကျမှသာ ဖြစ်လာမှာပါ။

👍16❤5🤮1