ရန်ကုန်မြို့လယ် Night Run အပြေးပြိုင်ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့ပြီး ပြည်သူတွေ အခက်ကြုံ
မေ-၉၊ ၂၀၂၆။ တာရာ/People’s Spring
အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ညနေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။
အပျော်တမ်းအပြေးပြိုင်ပွဲကို Night Run လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲစတင်ချိန်က ညနေပိုင်းဖြစ်တာကြောင့် ညနေရုံးဆင်းချိန် အိမ်ပြန်တဲ့ အခြေခံပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်လို့ ရုံးဝန်ထမ်းတချို့က ပြောပါတယ်။
ပြိုင်ပွဲကို မြို့တွင်းခြောက်မြို့နယ်အပါအဝင် ဆူး
လေဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်း
ဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းပိုင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စုံတစ်ရာမရှိဘဲ အဲဒီလမ်းပိုင်းတွေ ပိတ်ခဲ့တာကြောင့် သွားလာသူတွေ ဒုက္ခ
ရောက်ခဲ့တာလို့ သိရပါတယ်။
"သူတို့လူချမ်းသာတွေလုပ်တဲ့ပွဲ။ လမ်းပိတ်မယ်ဆိုလည်းကြေညာလေ။ ကိုယ်တွေလည်းအလုပ်ဆင်းချိန်တော့ အိမ်အရောက်ပြန်ချင်တာပေါ့။ အခုဟာက လမ်းတွေအကုန်ပိတ်ချလိုက်တာ ခုချိန််ထိအိမ်ပြန်မရောက်သေးဘူး။ သက်သက်ဒုက္ခပေးတာ"လို့ ရုံးဝန်ထမ်းတစ်ဦးက မေလ ၉ ရက်ညပိုင်းမှာပြောပါတယ်။
Yangon Heritage Night Run အပြေးပြိုင်ပွဲမှာ ၁၅ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ နှစ်မျိုးပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြေးလမ်းကြောင်းမှာ ပါဝင်နေတဲ့လမ်းတွေကို ပိတ်လိုက်တာကြောင့် ယာဥ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
"ညနေ ၅ နာရီခွဲ၊ ၆ နာရီ တကယ့်ကို ရုံးဆင်းချိန်ကိုမှ လမ်းတွေပိတ်လိုက်တော့ ရုံးပြန်တဲ့ပြည်သူတွေ တော်တော်က္ခရောက်ရပါတယ်။ YBS တွေလည်း ကွေ့ပတ်မောင်းရတော့ လှည်းတန်းကနေ ဗိုလ်တထောင်ဘက်ကို ၂ နာရီနီးပါး ကားစီးလိုက်ရပါတယ်။ မှတ်တိုင်အတိအကျမရောက်တော့ အိမ်ကိုလမ်းလျှောက်ပြန်ရတယ်။ လမ်းတလျှောက်လုံး ရဲနဲ့ စစ်သားတွေ ရှိနေတော့ ပေါ်တာဆွဲမလား ဆိုပြီး ပြန်ရတာနောက်ကျောမလုံသလို ခံစားရပါတယ်။ ပွဲက စကစနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စီစဥ်တယ်လို့ သိရပြီး ပြေးလမ်းသွားတဲ့လမ်းတလျောက်က ရဲကား၊ စစ်ကားတွေ တောက်လျှောက်ရပ်ထားတာ တွေ့ခဲ့ပါတယ်"လို့ ရန်ကုန်မြို့နေလူငယ်တဦးက ဆိုပါတယ်။
Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွား
ရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်
လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့
ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွား
ရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။
စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်
ကြီးဌာနက စွပ်စွဲပါတယ်။

🤬47❤11🖕11👍8😡4💩2
■ဆောင်းပါး
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထုတ်မပြောတဲ့စစ်ရေး ဗျူဟာတွေ နဲ့ ကပစတွေအနီးရောက်လာတဲ့ တိုက်ပွဲခေါ်သံ
ကဖေး/People's Spring
မေလဆန်းမှာ လူစိတ်ဝင်စားမှုများခဲ့တဲ့ အင်တာ
ဗျူးတစ်ခုရှိခဲ့ပါတယ်။ The Diplomat သတင်းဌာနနဲ့ အာရက္ခတပ်တော်( AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးပါ။
နိုင်ငံရေး၊ စစ်ရေး နဲ့ နိုင်ငံတကာဆက်ဆံရေးတွေအပြင်AAအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာနဲ့ပတ်
သက်တဲ့ စစ်ရေးဗျူဟာကို The Diplomat သတင်းဌာနက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုမေးမြန်းခဲ့ပါတယ်။
တခြားအကြောင်းအရာတွေကို ချက်ကျလက်ကျပြောကြားခဲ့ပေမယ့်စစ်ရေးဗျူဟာနဲ့ ပတ်သက်လို့ ပြောဖို့အချိန်စောသေးတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကခပ်တိုတိုပဲဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံ(ကပစ)အချို့ကိုထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေရဲ့ တိုက်ပွဲရလဒ်တွေဟာ အခုရက်ပိုင်း သိသိသာသာရုပ်လုံးပေါ်လာပါတယ်။
အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။
မေလဆန်းကစတင်ပြီ ပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို လေ
ကြောင်းအပြင်းအထန်တိုက်ခိုက်မှုတွေကြားကနေ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွက ဆက်
တိုက်သိမ်းယူနေပါတယ်။
၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်နေတာကနေ မေလဆန်းကစတင်ပြီး စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ ဖော်ဆောင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
"ဒီရက်ဖြစ်နေတာကတော့ အရင်ကမကြားဖူးမမြင်ဖူးတာတွေဖြစ်နေတာ။ စစ်တပ်လေကြောင်းက နေ့ရော၊ညပါလာပစ်နေတာပါ။ ဒီရက်ထဲတင်နော် ကပစရဲ့ ကာကင်း ၄ ခု သိမ်းတယ်။ကပစ(၁၆)။ စစ်တပ်က ဖြည့်ဖို့ကြိုးစားနေတဲ့အင်အားတွေကိုပါ ဖြတ်ဆော်နေတာ"လို့ပန်းတောင်းမြို့ခံသတင်းရင်းမြစ်တဦးကပြောပါတယ်။
၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာအပြင်းထန်ဆုံးဖြစ်နေတာလို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။ စစ်ရေးအခြေအနေအသေးစိတ်ကိုတော့၎င်းက မပြောလိုဘူးလို့ဆိုပါတယ်။
မေလ၄ရက်ကနေမေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေပါဝင်နေတယ်လို့ Arakan Princess Mediaက ဖော်ပြထားသလို စစ်ရေးသတင်းရင်းမြစ်တွေကလည်းအတည်ပြုပေးပါတယ်။
" ပန်းတောင်းနယ်ကိုရောက်နေတာက စကစ (၁၀) လက် အောက်ခံတပ်တွေ။ စစ်မှုထမ်းသင်တန်း
ဆင်းတွေအများဆုံးပါလာတယ်။ ထွက်ပြေးတာတွေရောဖမ်းမိတာတွေရောရှိထားတယ်" လို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး ထွက်ပြေးနေတဲ့စစ်သားတွေကို AAနဲ့မဟာမိတ်တွက လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ Arakan Princess Mediaက ဖော်ပြထားပါတယ်။
ပန်းတောင်းမြို့နယ်အတွင်းစစ်ရေးနယ်မြေတွေကိုဗုံးကြဲဖို့အတွက် စစ်ကောင်စီက ပုသိမ်လေတပ်၊မကွေးလေတပ်နဲ့ မှော်ဘီ လေတပ်ကိုအသုံးပြုနေပါတယ်။ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေဟာ ဧရာဝ
တီတိုင်းကိုဖြတ်ပြီး ပန်းတောင်းမြို့နယ်ဘက်ကိုဦးတည်ပျံသန်းနေတာ မြင်တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
"မနေ့(မေ ၈)ကဆို ဧရာဝတီတိုင်းမှာ ရာသီဥတုအခြေအနေမကောင်းခဲ့ဘူး။ မိုးတွေအရမ်းရွာတာ။ အဲဒီအချိန်မှာတောင် တိုက်လေယာဉ်တွေပြန်သွားတာ ခဏခဏပဲ"လို့ ဧရာဝတီတိုင်း၊မြန်အောင်မြို့ခံတစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်းဟာ ပဲခူးတိုင်းနဲ့ ဧရာဝတီမြစ်ခြားပြီးဆက်စပ်တည်ရှိနေပါတယ်။ ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေဟာ မေလ ၁ရက်နောက်ပိုင်းကစပြီး ဧရာဝတီနဲ့ပဲခူးတိုင်းမြို့နယ်အချို့မှာ နေ့စဉ် မြင်တွေ့နေရပါတယ်။
ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလက ၆၆၆
ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။
ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLAအပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်နေပါတယ်။

❤34👍18🖕2👏1
စစ်တပ်မှာ ကပစစက်ရုံ ၂၅ ခုရှိပြီး ပန်းတောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေး
တိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။ အာဏာရှင်ဟောင်းဦးသန်း ရွှေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မိုင် ပေါင်းရာချိန်ဝေးတဲ့ဒေသတွေမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ AAနဲ့မဟာမိတ်တွေကတော့ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ကပစတွေကို ရှင်းလင်းဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။
ကပစ(၁၆)အပြင် AA နဲ့ မဟာမိတ်တွေက ပန်းတောင်းမြို့နယ်း၊ ဥသျှစ်ပင်မြို့နယ်အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ရေးပေါ်ဆောင်နေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်ထဲက ပကစ(၁၄)ကိုလည်း ပြီးခဲ့တဲ့ဧပြီလ၂၀ရက်နေ့မှာ ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho )ကရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ကာကွယ်ရေးပစ္စည်းသို
လှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံ နေရာ တွေကို ဦးတည် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့အခြားအဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF - Ashoဟာ AA နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့ တော်လှန်
ရေးတပ်ဖြစ်ပါတယ်။
ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်စိတ်တိုင်းကျလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူး
တိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေသလိုတိုက်ပွဲတွေက ကပစ(၁၆)
အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
လက်ရှိမှာ ကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်း
ကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။
AAဟာ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်ကကျန် ၁၄ မြို့ နယ်စလုံးကိုသိမ်းယူထားပါတယ်။ ဒါ့အပြင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်က တော်လှန်ရေးဒေသတွေမှာလည်း ပူးပေါင်းတိုက်ခိုက်နေပြီး မကွေး
တိုင်းနဲ့ပဲခူးတိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့လက်နက်ထုတ်စက်ရုံတွေဖြစ်တဲ့ ကပစတွေကိုလည်း မဟာ
မိတ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ကပစတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ AAရဲ့ စစ်ရေးဗျူဟာကို အထင်ကြီးလေးစားတယ်လို့ စစ်ကိုင်းတိုင်းက တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
"နွေဦးတော်လှန်ရေးမှာ စစ်ရေးအရ စစ်တပ်ကိုအမြစ်ဖြတ်ဖို့ အာရက္ခတပ်တော်က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်"လို့ ၎င်းကပြောပါတယ်။
မေလ ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ စစ်ရေးဗျူဟာတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပါးပါးနပ်နပ်နဲ့နှုတ်ဆိတ်ခဲ့ပေမယ့် နွေးဦးတော်လှန်ရေးအ
တွက်အရေးကြီးတဲ့သတင်းစကားအချို့ကိုတော့မျှဝေခဲ့ပါတယ်။
နွေဦးတော်လှန်ရေးအတွက်အမျိုးသားညီညွတ်
ရေးအစိုးရရဲ့အခန်းကဏ္ဍဟာကြီးမားသလို စစ်ကောင်စီကိုအမြစ်ပြတ်အောင်ချေမှုန်းတိုက်ခိုက်နိုင်ဖို့အတွက်တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့မျှော်လင့်တယ်လို့ပြောကြားသွားခဲ့ပါတယ်။

❤41👍17👏5🖕2🙏1
ကပစ ၁၆ အနီးကာကင်းစခန်းတွေက AA နဲ့မဟာမိတ်တွေ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့ စစ်သားအလောင်းတွေ။ဓါတ်ပုံ-APM
❤36👍24👏9😁2🖕1
ဗန်က ဂျပန်ဖိုက်တာကို နောက်ဆုံးအချီမှာ
အလဲထိုပြီး ချန်ပီယံခါးပတ်ကာကွယ်
မေ ၁၀၊၂၀၂၆။ သုည/People's Spring
ဒီကနေ့မနက်က အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာ တက်ဆူရိုကို နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဂျိုရှုအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ဟာ ဒီကနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Newark မြို့ရှိ Prudential Centerမှာ ကျင်းပတဲ့ UFC 328 ပြိုင်ပွဲရဲ့ ဒုခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအစ ပထမအချီမှာ တက်ဆူရိုဟာ ၎င်းအားသာတဲ့ ချုပ်ကွက်နဲ့ ဗန်ကို အနိုင်ယူဖို့ ကြိုူစားခဲ့ပေမယ့်လည်း ဗန်က နှစ်ကြိမ်လုံး ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုတိယအချီပြီးခါနီးမှာတေ့ ဗန်ရဲ့ ညာထောက်လက်သီးချက်ကြောင့် တက်ဆူရို လဲကျခဲ့တဲ့အချိန် ပွဲကို အဆုံးသတ်ဖို့ ဗန် ကြိုးစားခဲ့ပေမယ့်လည်း ပွဲချိန်ပြည့်သွားလို့ တက်ဆူရို ကံကောင်းခဲ့ပါတယ်။
တတိယအချီမှာတော့ ဗန်က အသာစီး ထိုးသတ်နိုင်ခဲ့ပြီး ဘယ်၊ ညာ လက်သီးတွဲလုံးတွေကြောင့် တက်ဆူရို လဲကျချိန် လည်ပင်းသိုင်းဖတ်ကာ ဂျူဂျစ်ဆုနည်းနဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် တက်ဆူရိုက ပြန်ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ရဲ့ လက်သီးချက်တွေကြောင့် တက်ဆူရိုရဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်ခဲ့ပါတယ်။
စတုတ္ထအချီတွေမှာတော့ တက်ဆူရိုဟာ ဗန်ကို ချုပ်ဖို့ ကြိုးစားပေမယ့်လည်း အားမပါနိုင်တော့ဘဲ ဗန်ရဲ့ ထိုးသတ်ချက်တွေသာ အလူးအလဲခံခဲ့ရပါတယ်။ နောက်ဆုံးအချီမှာတော့ ဗန်ရဲ့ ဘယ်၊ ညာ လက်သီးချက်တွေကြောင့် တက်ဆူရို ဒူးထောက်ကျခဲ့ချိန် ဒိုင်က ဆက်ပြိုင်ခွင့်မပေးတော့ဘဲ ဗန်ကို အနိုင်ပေးခဲ့ပါတယ်။
ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ပထမဆုံး ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခဲ့တာပါ။
ဒီပွဲမှာလည်း ပြိုင်ဘက်ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သလို UFC ၇ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။
ဗန်ဟာ ပွဲကြိုအင်တာဗျူးမှာ ကြုံးဝါးထားတဲ့အတိုင်း တတိယအချီအတွင်း အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း တက်ဆူရိုရဲ့ ကောင်းမွန်မှုနဲ့ နည်းပြတွေရဲ့ အကြံပေးမှုကြောင့် နောက်ဆုံးမှာ အနိုင်ရခဲ့တယ် လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့တာပါ။
UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။
အသက် ၂၅နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၁ ပွဲအထိ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။
ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ဒီပွဲမှာ မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။

❤42👍13🔥2