People's Spring
63.4K subscribers
65.7K photos
1.15K videos
7 files
2.85K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လွှတ်ပေးဖို့ အာဆီယံ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအပြီး အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်ကို မေလ ၈ရက် မနေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြထားတာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်တက်ရောက်ခွင့်မပြုခဲ့တဲ့ ဒီတစ်ကြိမ် အာဆီယံထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ရပ်ကိုပဲ အဓိက ရည်ညွှန်းကိုးကားချက်အဖြစ် တညီတညွတ်တည်း ရပ်တည်ကိုင်စွဲသွားမယ်လို့ ထပ်လောင်းအတည်ပြုပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခ၊ လူသားချင်းစာနာမှုအခြေအနေတွေ ဆက်လက်ကျယ်ပြန့်လာတာနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်သာရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေက အလွန်အမင်းစိုးရိမ်တယ်လို့ ဆိုပါတယ်။

◾️ဗုံးကြဲအပြီး ကယ်ဆယ်ရေးလုပ်သူတွေကိုပါ စစ်တပ် ပစ်မှတ်ထား တိုက်ခိုက်နေ

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်အပြီးမှာ ကယ်ဆယ်ရေးလုပ်သူတွေကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပြီး ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာကို သတိရှိဖို့ လူစုလူဝေး တတ်နိုင်သမျှ ရှောင်ဖို့ သတိပေးထားပါတယ်။ မေလ ၈ရက် မနေ့ မနက်ပိုင်းမှာ စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ဒရုန်းနဲ့ စောင့်ကြည့်ကာ နေ့လယ်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်သူတွေကို မီးလောင်ဗုံးတွေသုံးကာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဆလိုင်းယောမာန်က အခုလို သတိပေးချက်ကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ ကာလတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဗုံးကြဲအပြီး ဒေသခံတွေ၊ ကယ်ဆယ်ရေးလုပ်ဆောင်ကြသူတွေကို ထပ်မံ လေကြောင်း မတိုက်ခိုက်ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ နောက်တကြိမ် ထပ်မံဗုံးကြဲတာတွေ ရှိလာတယ်လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။ အခု ၂၀၂၆ မှာဆိုရင် အာဏာသိမ်းစစ်တပ်က ပထမတကြိမ် ဗုံးကြဲတိုက်ခိုက်အပြီး ဒရုန်းနဲ့ စောင့်ကြည့်ပြီးမှ ထပ်မံဗုံးကြဲတယ်လို့ CPU/CPA အထွေထွေအတွင်းရေးမှူးက ဆက်လက် ရေးသားပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ဒရုန်းကို သတိထားဖို့၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အမြန်လုပ်ဆောင်ပြီး အမြန် လူစုခွဲကြဖို့ သူက သတိပေးပါတယ်။

◾️စစ်တပ်က မင်းပြားနဲ့ကျောက်တော်မြို့ကို ဗုံးအလုံးရေ ရာချီကြဲချ

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲချခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိကင်းမွန်ချောင်းဂျိုင်နဲ့ပတ်ဝန်းကျင်ရှိကျေးရွာတွေကို မေလ ၇ ရက်၊ နေ့လယ်ပိုင်းနဲ့ ကျောက်တော်မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်ကို ညပိုင်းမှာ ဗုံးကြဲခဲ့တာလို့ AAက မေလ ၈ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီနေရာတွေကို တရစပ်မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့သလို Cluster Boomb တွေလည်း ကြဲသွားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း တစ်ဦး၊ ကလေးတစ်ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူဆယ်ဦးခန့်ရှိခဲ့တယ်လို့ AA က​ဖော်ပြပါတယ်။ လူထိခိုက်သေဆုံးမှုတွေအပြင် လူနေအဆောက်အအုံတချို့ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့သေဆုံးမှု၊ ဗုံးစထိမှန်မှုတို့ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️ထိုင်းပိုင်နက်ထဲမှာ ကားတစ်စီးကို KTLAအဖွဲ့ တိုက်ခိုက်မီးရှို့
👍182🔥1
ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတစ်ဦး လိုက်ပါလာတဲ့ကားတစ်စီးကို ဗိုလ်ကော်လားဖိုးဦး‌ဆောင်တဲ့ KTLAအဖွဲဝင်တွေက ထိုင်းပိုင်နက် နယ်မြေအတွင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ မြန်မာ-ထိုင်းနယ်စပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မကြာခဏခြုံခိုတိုက်ခိုက်နေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ အခုတခါ ထိုင်းနယ်မြေထဲမှာ တိုက်ခိုက်မှု ကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။ ဖြစ်စဉ်မှာ မေလ ၈ရက် မနေ့ ညနေပိုင်းမှာ ထားဝယ်ခရိုင် နယ်စပ်ဒေသ ညာပလားခီး(ငါးရံနီ)ဒေသအနီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ထိုင်းလူသားစာနာက တာဝန်ရှိသူနဲ့ ယာဉ်မောင်းတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် သူတို့စီးလာတဲ့ကားကို KTLA က မီးရှို့ဖျက်ဆီးခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️မင်းကင်းမြို့ပေါ်က စစ်တပ်ကင်းစခန်းကို ကျောင်းသားတပ်SRF ဝင်တိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်က စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF တာဝန်ရှိသူက ပြောပါတယ်။ မေလ ၈ရက် နေ့လယ် ၁နာရီခွဲဝန်းကျင်က မင်းကင်းမြို့၊ ချောင်းဆုံရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိနစ် ၂၀ဝန်းကျင်ကြာတဲ့ အပြန်အလှန်ပစ်ခတ်မှုတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ နှစ်ဦး ရှိတယ်လို့ အသိပေးပါတယ်။ မြို့တွင်းအထိ တိုက်ခိုက်မှုဟာ စစ်တပ်ကို အဖက်ဖက်က ဖိအားပေးနိုင်နေတဲ့ စစ်ရေးအခြေအနေမျိုးလို့လည်း SRFတာဝန်ရှိသူက ဆိုပါတယ်။ မင်းကင်းမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ ပျူစောထီးအားကောင်းတဲ့ ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ တစ်လကျော်က မင်းရွာနဲ့ အင်ကြင်းတောင်ရွာဘက်က ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှုမှာ အရှင်ဖမ်းမိသူတစ်ဦးရှိခဲ့တယ်လို့ SRF က ထုတ်ပြန်ထားပါတယ်။

◾️မုံရွာမှာ လူငယ် ၂၀ကျော် ပေါ်တာဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီနေ့ မေလ ၉ရက် ညနေပိုင်းမှာ လူငယ် ၂၀ကျော်ကို ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့၊ ကျောက္ကာလမ်းမီးပွိုင့်က မျိုးဆက်သစ် လျှပ်စစ်ပစ္စည်းရှေ့မှာ လူငယ် ၁၀ဦးခန့်၊ ရွှေဝါရောင်လမ်းနဲ့ အေးရိပ်သာလမ်းမှာ ရှစ်ဦးကို စစ်တပ်က အိမ်စီးကားနှစ်စီးနဲ့ ခွဲတင်ကာ ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း Monywa Revolution က အသိပေးပါတယ်။ ဒါ့အပြင် အောင်မဟာလမ်းပေါ်မှာလည်း လမ်းကိုပိတ်ပြီး ပေါ်တာဆွဲလို့ ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း Monywa Revolution က ထပ်မံ အသိပေးပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလဆန်းကလည်း မုံရွာမြို့ပေါ်က နေအိမ်တွေအထိတက်ပြီး ပေါ်တာဆွဲလို့ လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရပါသေးတယ်။

◾️တီးတိန်ကို အင်အားဖြည့်တဲ့ စစ်တပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ် မီးလောင်ပေါက်ကွဲ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ကို စစ်လက်နက်ခဲယမ်း၊ လူအင်အား ဖြည့်တင်းနေတဲ့ စစ်တပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာ တီးတိန်မြို့ပေါ်မှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ယာဥ် မီးလောင်ပေါက်ကွဲခဲ့တာမဟုတ်ဘဲ မတော်တဆကြောင့် ပေါက်ကွဲတာဖြစ်တယ်လို့ ယူဆရကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။ ချင်းညီနောင်နဲ့ မဟာမိတ်တွေက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်မယ်လို့ ကြေညာထားတဲ့ တီးတိန်ကို အာဏာသိမ်းစစ်တပ်က မေလဆန်းမှာ စစ်အင်အားတွေ ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိရာ ဒီရက်ပိုင်းမှာ မြို့ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

◾️ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို KNU မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေမှာ ဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး ကော်သူးလေဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။ ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို သက်ဆိုင်ရာ အဖွဲ့တွေဆီ အကြောင်းကြားပေးဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။ တပ်မဟာ(၅)နယ်မြေ ဖာပွန်/မူတြော်ခရိုင် အတွင်း ဖမ်းမိ မူးယစ်ဆေးဝါးတွေကို မေလ ၇ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။ တပ်မဟာ(၅)နယ်မြေမှာ မီးရှို့ခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ ကျပ်သိန်း ၅၀၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေလို့ အသိပေးထားပါတယ်။ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ ကော်သူးလေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီက ဥပဒေစည်းမျဉ်းများနဲ့ အညီ တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုနဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးမရှို့မီမှာလည်း ထိုင်းတာဝန်ရှိသူတွေက စစ်ဆေးအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။

◾️မကွေးတိုင်းက Proof of Life လှုပ်ရှားမှု
👍27👏21🔥1
မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်မှာ တော်လှန်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြ ပေးဖို့အတွက် လူထုလှုပ်ရှားကို ပြုလုပ်ခဲ့ကြပါတယ်။ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်က တော်လှန်ပြည်သူတွေနဲ့အတူ " Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
👍27🔥1
👍393🥰3🔥1
ရန်ကုန်မြို့လယ် Night Run အ​ပြေးပြိုင်ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့ပြီး ပြည်သူတွေ အခက်ကြုံ

မေ-၉၊ ၂၀၂၆။ တာရာ/People’s Spring

အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ည​နေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။

အပျော်တမ်းအပြေးပြိုင်ပွဲကို Night Run လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲစတင်ချိန်က ညနေပိုင်းဖြစ်တာကြောင့် ညနေရုံးဆင်းချိန် အိမ်ပြန်တဲ့ အခြေခံပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်လို့ ရုံးဝန်ထမ်းတချို့က ပြောပါတယ်။

ပြိုင်ပွဲကို မြို့တွင်းခြောက်မြို့နယ်အပါအဝင် ဆူး
လေဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊​ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်း
ဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းပိုင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စုံတစ်ရာမရှိဘဲ အဲဒီလမ်းပိုင်းတွေ ပိတ်ခဲ့တာကြောင့် သွားလာသူတွေ ဒုက္ခ
ရောက်ခဲ့တာလို့ သိရပါတယ်။

"သူတို့လူချမ်းသာတွေလုပ်တဲ့ပွဲ။ လမ်းပိတ်မယ်ဆိုလည်းကြေညာလေ။ ကိုယ်တွေလည်းအလုပ်ဆင်းချိန်တော့ အိမ်အရောက်ပြန်ချင်တာပေါ့။ အခုဟာက လမ်းတွေအကုန်ပိတ်ချလိုက်တာ ခုချိန််ထိအိမ်ပြန်မရောက်သေးဘူး။ သက်သက်ဒုက္ခပေးတာ"လို့ ရုံးဝန်ထမ်းတစ်ဦးက ​မေလ ၉ ရက်ညပိုင်းမှာပြောပါတယ်။

Yangon Heritage Night Run အပြေးပြိုင်ပွဲမှာ ၁၅ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ နှစ်မျိုးပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြေးလမ်းကြောင်းမှာ ပါဝင်နေတဲ့လမ်းတွေကို ပိတ်လိုက်တာကြောင့် ယာဥ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

"ညနေ ၅ နာရီခွဲ၊ ၆ နာရီ တကယ့်ကို ရုံးဆင်းချိန်ကိုမှ လမ်းတွေပိတ်လိုက်တော့ ရုံးပြန်တဲ့ပြည်သူတွေ တော်တော်က္ခရောက်ရပါတယ်။ YBS တွေလည်း ကွေ့ပတ်မောင်းရတော့ လှည်းတန်းကနေ ဗိုလ်တထောင်ဘက်ကို ၂ နာရီနီးပါး ကားစီးလိုက်ရပါတယ်။ မှတ်တိုင်အတိအကျမရောက်တော့ အိမ်ကိုလမ်းလျှောက်ပြန်ရတယ်။ လမ်းတလျှောက်လုံး ရဲနဲ့ စစ်သားတွေ ရှိနေတော့ ပေါ်တာဆွဲမလား ဆိုပြီး ပြန်ရတာနောက်ကျောမလုံသလို ခံစားရပါတယ်။ ပွဲက စကစနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စီစဥ်တယ်လို့ သိရပြီး ပြေးလမ်းသွားတဲ့လမ်းတလျောက်က ရဲကား၊ စစ်ကားတွေ တောက်လျှောက်ရပ်ထားတာ တွေ့ခဲ့ပါတယ်"လို့ ရန်ကုန်မြို့နေလူငယ်တဦးက ဆိုပါတယ်။

Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။​

ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွား
ရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်
လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့
ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွား
ရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအ​ရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အ​ရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။

စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်
ကြီးဌာနက စွပ်စွဲပါတယ်။
🤬4711🖕11👍8😡4💩2
■​ဆောင်းပါး

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထုတ်မပြောတဲ့စစ်ရေး ဗျူဟာတွေ နဲ့ ကပစတွေအနီးရောက်လာတဲ့ တိုက်ပွဲခေါ်သံ

ကဖေး/People's Spring


မေလဆန်းမှာ လူစိတ်ဝင်စားမှုများခဲ့တဲ့ အင်တာ
ဗျူးတစ်ခုရှိခဲ့ပါတယ်။ The Diplomat သတင်းဌာနနဲ့ အာရက္ခတပ်တော်( AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးပါ။

နိုင်ငံရေး၊ စစ်ရေး နဲ့ နိုင်ငံတကာဆက်ဆံ​ရေးတွေအပြင်AAအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာနဲ့ပတ်
သက်တဲ့ စစ်ရေးဗျူဟာကို The Diplomat သတင်းဌာနက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုမေးမြန်းခဲ့ပါတယ်။

တခြားအကြောင်းအရာတွေကို ချက်ကျလက်ကျပြောကြားခဲ့ပေမယ့်စစ်ရေးဗျူဟာနဲ့ ပတ်သက်လို့ ပြောဖို့အချိန်စောသေးတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကခပ်တိုတိုပဲ​ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံ(ကပစ)အချို့ကိုထိုးစစ်ဆင် တိုက်ခိုက်​နေတဲ့ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေရဲ့ တိုက်ပွဲရလဒ်တွေဟာ အခုရက်ပိုင်း သိသိသာသာရုပ်လုံးပေါ်လာပါတယ်။

အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်‌တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။

မေလဆန်းကစတင်ပြီ ပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို လေ
ကြောင်းအပြင်းအထန်တိုက်ခိုက်မှုတွေကြားကနေ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွက ဆက်
တိုက်သိမ်းယူနေပါတယ်။

၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်နေတာကနေ မေလဆန်းကစတင်ပြီး စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ ဖော်ဆောင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

"ဒီရက်ဖြစ်နေတာကတော့ အရင်ကမကြားဖူးမမြင်ဖူးတာတွေဖြစ်နေတာ။ စစ်တပ်လေကြောင်းက နေ့ရော၊ညပါလာပစ်နေတာပါ။ ဒီရက်ထဲတင်နော် ကပစရဲ့ ကာကင်း ၄ ခု သိမ်းတယ်။ကပစ(၁၆)။ စစ်တပ်က ဖြည့်ဖို့ကြိုးစားနေတဲ့အင်အားတွေကိုပါ ဖြတ်ဆော်နေတာ"လို့ပန်းတောင်းမြို့ခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာအပြင်းထန်ဆုံးဖြစ်နေတာလို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။ စစ်ရေးအခြေအနေအသေးစိတ်ကိုတော့၎င်းက မပြောလိုဘူးလို့ဆိုပါတယ်။

မေလ၄ရက်ကနေမေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေပါဝင်နေတယ်လို့ Arakan Princess Mediaက ဖော်ပြထားသလို စစ်ရေးသတင်းရင်းမြစ်တွေကလည်းအတည်ပြုပေးပါတယ်။

" ပန်းတောင်းနယ်ကိုရောက်နေတာက စကစ (၁၀) လက် အောက်ခံတပ်တွေ။ စစ်မှုထမ်းသင်တန်း
ဆင်းတွေအများဆုံးပါလာတယ်။ ထွက်ပြေးတာတွေရောဖမ်းမိတာတွေရောရှိထားတယ်" လို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး ထွက်ပြေးနေတဲ့စစ်သားတွေကို AAနဲ့မဟာမိတ်တွက လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ Arakan Princess Mediaက ​ဖော်ပြထားပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းစစ်ရေးနယ်မြေတွေကိုဗုံးကြဲဖို့အတွက် စစ်ကောင်စီက ပုသိမ်လေတပ်၊မကွေးလေတပ်နဲ့ မှော်ဘီ လေတပ်ကိုအသုံးပြုနေပါတယ်။ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေဟာ ဧရာဝ
တီတိုင်းကိုဖြတ်ပြီး ပန်းတောင်းမြို့နယ်ဘက်ကိုဦးတည်ပျံသန်းနေတာ မြင်တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

"မနေ့(​​မေ ၈)ကဆို ဧရာဝတီတိုင်းမှာ ရာသီဥတုအခြေအနေမကောင်းခဲ့ဘူး။ မိုးတွေအရမ်းရွာတာ။ အဲဒီအချိန်မှာတောင် တိုက်လေယာဉ်တွေပြန်သွားတာ ခဏခဏပဲ"လို့ ဧရာဝတီတိုင်း၊မြန်အောင်မြို့ခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းဟာ ပဲခူးတိုင်းနဲ့ ဧရာဝတီမြစ်ခြားပြီးဆက်စပ်တည်ရှိနေပါတယ်။ ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေဟာ မေလ ၁ရက်နောက်ပိုင်းကစပြီး ဧရာဝတီနဲ့ပဲခူးတိုင်းမြို့နယ်အချို့မှာ နေ့စဉ် မြင်တွေ့နေရပါတယ်။

ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလက ၆၆၆
ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLAအပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်နေပါတယ်။
34👍18🖕2👏1
စစ်တပ်မှာ ကပစစက်ရုံ ၂၅ ခုရှိပြီး ပန်းတောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေး
တိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။ အာဏာရှင်ဟောင်းဦးသန်း ရွှေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မိုင် ပေါင်းရာချိန်ဝေးတဲ့ဒေသတွေမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ AAနဲ့မဟာမိတ်‌တွေကတော့ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ကပစတွေကို ရှင်းလင်းဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။

ကပစ(၁၆)အပြင် AA နဲ့ မဟာမိတ်တွေက ပန်းတောင်းမြို့နယ်း၊ ဥသျှစ်ပင်မြို့နယ်အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ရေးပေါ်ဆောင်နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်ထဲက ပကစ(၁၄)ကိုလည်း ပြီးခဲ့တဲ့ဧပြီလ၂၀ရက်နေ့မှာ ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho )ကရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ကာကွယ်ရေးပစ္စည်းသို
လှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံ နေရာ တွေကို ဦးတည် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့အခြားအဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF - Ashoဟာ AA နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့ တော်လှန်
ရေးတပ်ဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်စိတ်တိုင်းကျလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူး
တိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေသလိုတိုက်ပွဲတွေက ကပစ(၁၆)
အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာ ကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်း
ကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။

AAဟာ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်ကကျန် ၁၄ မြို့ နယ်စလုံးကိုသိမ်းယူထားပါတယ်။ ဒါ့အပြင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်က တော်လှန်ရေးဒေသတွေမှာလည်း ပူးပေါင်းတိုက်ခိုက်နေပြီး မကွေး
တိုင်းနဲ့ပဲခူးတိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့လက်နက်ထုတ်စက်ရုံတွေဖြစ်တဲ့ ကပစတွေကိုလည်း မဟာ
မိတ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ကပစတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ AAရဲ့ စစ်ရေးဗျူဟာကို အထင်ကြီးလေးစားတယ်လို့ စစ်ကိုင်းတိုင်းက တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

"နွေဦးတော်လှန်ရေးမှာ စစ်ရေးအရ စစ်တပ်ကိုအမြစ်ဖြတ်ဖို့ အာရက္ခတပ်တော်က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်"လို့ ၎င်းကပြောပါတယ်။

မေလ ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ စစ်ရေးဗျူဟာတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပါးပါးနပ်နပ်နဲ့နှုတ်ဆိတ်ခဲ့ပေမယ့် နွေးဦးတော်လှန်ရေးအ
တွက်အရေးကြီးတဲ့သတင်းစကားအချို့ကိုတော့မျှဝေခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအတွက်အမျိုးသားညီညွတ်
ရေးအစိုးရရဲ့အခန်းကဏ္ဍဟာကြီးမားသလို စစ်ကောင်စီကိုအမြစ်ပြတ်အောင်ချေမှုန်းတိုက်ခိုက်နိုင်ဖို့အတွက်တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့မျှော်လင့်တယ်လို့ပြောကြားသွားခဲ့ပါတယ်။
41👍17👏5🖕2🙏1
ကပစ ၁၆ အနီးကာကင်းစခန်း​တွေက AA နဲ့မဟာမိတ်​တွေ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စစ်သားအ​လောင်း​တွေ။ဓါတ်ပုံ-APM
36👍24👏9😁2🖕1