People's Spring
63.4K subscribers
65.7K photos
1.15K videos
7 files
2.85K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တရုတ်ဆန့်ကျင်ရေး သဘောထားဟာ စိတ်ကူးယဉ်အလျောက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
ဒါဟာ လက်တွေ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရ ထိခိုက်နစ်နာမှုတွေကနေ မကြာခဏ ထွက်ပေါ်လာတာပါ။ တရုတ်နိုင်ငံတော်နဲ့ ကော်ပိုရိတ်အင်အားတွေဟာ သယံဇာတတွေကို စုပ်ယူထုတ်
လုပ်နေခဲ့ကြပါတယ်၊ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကို ကျော်လွန်ပြီး စီမံကိန်းတွေကို အကောင်
အထည်ဖော်နေခဲ့ကြပါတယ်၊ လုပ်အားခေါင်းပုံ
ဖြတ်မှုတွေကို ပိုမိုနက်ရှိုင်းစေနေခဲ့ကြပါတယ်၊ ခေတ်အဆက်ဆက် မြန်မာအစိုးရတွေနဲ့ ပေါင်းလုပ်နေခဲ့ကြပါတယ်၊ စီမံကိန်းဒေသတွေအနှံ့ နေရပ်စွန့်ခွာရမှု၊ စစ်ဇာတ်သွင်းမှု၊ သဘာဝပတ်
ဝန်းကျင် ပျက်စီးမှု၊ နယ်စပ်ဖိအားပေးမှု၊ ဒေသခံသာမာန်အရပ်သားပြည်သူတွေရဲ့မြေယာလုပ်အား
နဲ့ အရင်းအမြစ် ပိုင်ဆိုင်မှုတွေ လက်လွတ်ဆုံးရှုံးရမှုတွေကို ပိုမိုသက်ဆိုးရှည် ပိုမိုဆိုးရွားစေတဲ့အစီအစဉ်တွေကနေတဆင့် လည်ပတ်နေခဲ့ကြပါတယ်။ လူ့အသိုက်အဝန်းတွေ အများအပြားအ
တွက် တရုတ်ဆိုတာဟာ စိတ်ကူးထဲက ပထဝီနိုင်ငံရေးဇာတ်ဆောင်တဦး မကပါဘူး။

သတ္တုတွင်းကြီးတွေ၊ ပိုက်လိုင်းတွေ၊ ဆည်တွေ၊ ဆိပ်ကမ်းတွေ၊ စီမံကိန်းကြီးတွေ၊ အကြွေးတွေ၊ မြေယာဆုံးရှုံးမှုတွေ၊ စစ်တပ်ရဲ့ ကာကွယ်ပေးမှုတွေ၊ ပြည်သူ့အထက်မှာ ပြုလုပ်ခဲ့တဲ့ အပေးအယူတွေကနေတဆင့် လက်တွေ့ခံစားရတဲ့ အရာဖြစ်ပါတယ်။

ဒီနစ်နာမှုတွေကို မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး၊ ပစ်ပယ်လို့ မရနိုင်ပါဘူး။ဖိနှိပ်အုပ်စိုးတဲ့ စစ်အုပ်စုကို တရုတ်က ကျောထောက်နောက်ခံပြုတာ၊ သ
ယံဇာတ စုပ်ယူတာ၊နဲ့ ခေါင်းပုံဖြတ်တာတွေကို ဆန့်ကျင်ဆန္ဒပြတာဟာ နိုင်ငံရေးအရ နားမလည်စရာမရှိတဲ့ ကိစ္စပါ။ ဗိုလ်ကျကြီးစိုးလွှမ်းမိုးမှုကို ပြည်သူတွေက ဆန့်ကျင်တာဟာ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ပြည်သူ့ နာကြည်းမှုနဲ့ ငြင်းပယ်မှုတွေဟာ သူ့အလိုလို မဟာဗျူဟာ ဖြစ်မလာသေးတာပါပဲ။

တရုတ်ဆန့်ကျင်ရေး တုံ့ပြန်မှုသက်သက်ဟာ တရုတ်မူဝါဒတရပ် မဟုတ်ပါဘူး။ သင်္ကေတအရ ငြင်းပယ်တာ (ဆန္ဒပြပွဲတွေမှာ တရုတ်အလံ မီးရှို့တာ၊ ဘေဂျင်းကို ရှုတ်ချတာ၊ ဒါမှမဟုတ် ထိတွေ့ဆက်ဆံမှုတွေကို ငြင်းဆန်တာ) တွေဟာ ပြည်သူ
လူထုရဲ့ တကယ့် နိုင်ငံရေးဒေါမာန်ဟုန်နဲ့ ယမ်းပုံ
မီးကျမှုကို ဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ် နိုင်ငံရေးစနစ်ကို ပုံသွင်းတဲ့နေရာမှာ ဘေဂျင်းရဲ့ အခန်းကဏ္ဍကို
မလျှော့ချနိုင်ပါဘူး။ အဲဒီ့အစား တော်လှန်ရေးအင်အားစုတွေကို အမေရိကန်ရဲ့ လက်ဝေခံတွေအဖြစ် ပုံဖော်စရာ၊ ဒီအင်အားစုတွေကို ကျော်ခွသွားဖို့ အကြောင်းပြချက်ပေးစရာ၊နဲ့ ဒီအင်အားစုတွေအပေါ် ဖိအားတွေ တိုက်ရိုက်ဖြစ်စေ သွယ်
ဝိုက်ဖြစ်စေ ပိုမိုပြင်းထန်လာစေအောင် အသုံးချခံရနိုင်ပြန်ပါတယ်။

တရုတ်ဆန့်ကျင်ရေးတုံ့ပြန်မှုဟာ လက်တွေ့ထိ
ခိုက်နစ်နာမှုတွေကို လှေနံဓားထစ် တရားသေ လောကအမြင်တခုအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ကျရှုံးသွားပါတယ်။ တရုတ်ကို ထာဝရရန်သူအ
ဖြစ်၊ တရုတ်လူမျိုးတွေကို သံသယဖြစ်ဖွယ်အ
ဖြစ်၊ ထိတွေ့ဆက်ဆံမှုအားလုံးကို သစ္စာဖောက်မှုအဖြစ် ရှုမြင်လိုက်တဲ့အခါမှာ ကျရှုံးတာပါပဲ။ အဲဒီ့နည်းလမ်းဟာ အမှန်တကယ် နစ်နာမှုကို ဖော်ထုတ်နိုင်ပေမဲ့လည်း၊ဘေဂျင်းရဲ့ပြောင်းလဲနေတဲ့ အ
ကျိုးစီးပွားတွေ၊ဖိအားပေးတဲ့ နေရာတွေ၊ ကန့်
သတ်ချက်တွေ (ဒါမှမဟုတ်) အပေးအယူတွေကိုတော့ ကောင်းကောင်း မဖတ်ရှုမကိုင်တွယ်နိုင်တော့ပါဘူး။

အဲဒီ့တုံ့ပြန်မှုဟာ အမျိုးသားရေးဝါဒ၊ လူမျိုးရေးရန်လိုမှု၊ လက်ဝဲဆန့်ကျင်ရေး၊ (ဒါမှမဟုတ်) အတုခိုး မွေးစား ရှုမြင်တဲ့ အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး စဉ်းစားတွေးခေါ်မှုတွေဆီကိုလည်း ထိုးဆင်းသွားနိုင်ပါတယ်။

ဒါ့အပြင် တရုတ်ဆန့်ကျင်ရေးသက်သက်ဟာ ပိုမိုခက်ခဲတဲ့ မေးခွန်းကိုလည်း မဖြေရှင်းနိုင်ပါဘူး။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း (Political agency)ကို မစွန့်လွှတ်ဘဲ၊ တချိန်တည်းမှာ ရှောင်လွှဲလို့မရနိုင်တဲ့ အင်အားကြီးမားတဲ့ အိမ်နီးချင်းနဲ့ ဘယ်လို ဆက်ဆံမလဲ ဆိုတဲ့ မေးခွန်းပါ။

●တရုတ်ယိမ်း လိုက်လျောမှုရဲ့ အကန့်အသတ်

တရုတ်ယိမ်းရပ်တည်ချက်ကတော့ ပြောင်းပြန်အမှားကိုကျူးလွန်ပြန်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ကွန်မြူနစ်အဖြစ် ကြွေးကြော်ထားသူ တချို့
(အားလုံးမဟုတ်)နဲ့ ပိုမိုကျယ်ပြန့်တဲ့ တရုတ်ယိမ်းအသိုင်းအဝိုင်းတချို့ကြားမှာ တရုတ်ပါတီ-နိုင်ငံ
တော်ရဲ့ ကွန်မြူနစ်အမည်နာမ၊ အမေရိကန်အရင်းရှင်နယ်ချဲ့ဆန့်ကျင်ရေး၊ အတိတ်က တော်လှန်ရေးသွေးစည်းညီညွတ်မှု အမှတ်ရစရာတွေကို လူတန်း
စားတော်လှန်ရေးသွေးစည်းညီညွတ်မှုအဖြစ် အထင်မှားတတ်ကြပါတယ်။

အမေရိကန်ဟာ နယ်ချဲ့အရင်းရှင်အင်ပါယာ ဖြစ်ပါတယ်။ သူ့ရဲ့ နီယိုလစ်ဘရယ် ကယ်တင်ရှင်ဇာတ်ကြောင်းကနေပြီး အမေရိကန်ရဲ့ပါဝါကို လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတွေကို ကာကွယ်သူဟီးရိုးအဖြစ် ကာလကြာရှည်စွာ ဝါဒဖြန့် ပုံဖော်နေခဲ့ပါတယ်။ ဖိနှိပ်မှု အမျိုးမျိုးအဖုံဖုံကနေ လာကြတာ ဖြစ်စေကာမူ၊ အဲဒီ့ လူစွမ်း
ကောင်းဇာတ်ကြောင်းဟာ ဗမာနဲ့ ဗမာမဟုတ်တဲ့ လူမှုအသိုက်အဝန်း နှစ်ခုစလုံးကြားမှာ မြန်မာ့နိုင်ငံရေးစိတ်ကူးစိတ်သန်းကို လာရာမတူသော်
လည်း လားရာတူ လွှမ်းမိုးမှု ရှိပါတယ်။
👍221🤬1🤮1
တော်လှန်ရေးအနေနဲ့တော့ အဲဒီ့တံလျှပ်အရိပ်အ
ယောင်ကို ထိပ်တိုင်ရင်ဆိုင်တဲ့နေရာမှာ၊ တခြားတံလျှပ်အရိပ်အယောင်တခုနဲ့ အစားမထိုးဘဲ ရင်ဆိုင်ဖို့ လိုနေပါတယ်။ အမေရိကန်နယ်ချဲ့အ
ရင်းရှင်ဝါဒကို ဆန့်ကျင်ရုံနဲ့ တရုတ်နိုင်ငံတော်
-အရင်းရှင် ကြီးစိုးလွှမ်းမိုးမှုက လူတန်းစားသွေး
စည်းညီညွတ်မှု အလိုအလျောက် ဖြစ်မသွားပါဘူး။

နယ်ချဲ့ဆန့်ကျင်ရေးမူမှာလည်းဝါရှင်တန်ရဲ့ အ
ရင်းရှင်နယ်ချဲ့လွှမ်းမိုးမှုကိုဆန့်ကျင်ပြီး ဘေဂျင်းရဲ့ နိုင်ငံတော်-အရင်းအနှီး လွှမ်းမိုးခြယ်လှယ်မှုကို ခွင့်လွှတ်ပေးလိုက်တဲ့အခါ မူဟောင်းလောင်း ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံအပေါ်နဲ့ မြန်မာ့တော်
လှန်ရေးအပေါ် ဘေဂျင်းရဲ့လက်တွေ့ကျင့်သုံးမှုဟာ လူတန်းစားသွေးစည်းညီညွတ်မှု မဟုတ်နေဘူးဆိုတဲ့ အချက်အလက်မှန်ကို မျက်ကွယ်ပြုလို့
မရပါဘူး။ ဘေဂျင်းရဲ့လက်တွေ့ကျင့်သုံးမှုဟာ အရင်းအနှီးတွေနဲ့ အီလစ်သဘောတူညီချက်တွေကနေတဆင့် ကျင့်သုံးတဲ့ အုပ်စိုးသူလူတန်းစား အပေးအယူတွေ၊ စီမံကိန်းနယ်မြေတွေ၊ နယ်စပ်တွေ၊ လုံခြုံရေးဖိအားတွေ၊ လွှမ်းမိုးခြယ်လှယ်မှုတွေ၊ သယံဇာတစုပ်ယူမှုတွေနဲ့ ခေါင်းပုံဖြတ်မှုတွေကနေပြီး (ခေတ်ဟောင်းပုံစံ စစ်တိုက်ပြီး နယ်မြေသိမ်းပိုက်မှု မလုပ်တဲ့) နယ်ချဲ့ဝါဒပုံစံတမျိုးသာ ဖြစ်နေပါတယ်။ ဒီအစီအမံတွေဟာ မြန်မာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ကို တရုတ်ရဲ့ နိုင်ငံ
တော်-အရင်းအနှီး အကျိုးစီးပွားတွေ၊ မြန်မာစစ်တပ်-ခရိုနီ အရင်းရှင်လူတန်းစားတွေ၊ ပြည်
သူလူထုအထက်ကနေ အပေးအယူလုပ်လိုတဲ့ ဘယ်လို တော်လှန်ရေးအီလစ်တွေ အတွက်မဆို အသုံးချလို့ရတဲ့ အနေအထားကို ပြောင်းလဲပေးပါတယ်။

ဒီလို ဘေဂျင်းရဲ့ နိုင်ငံတော်-အရင်းအနှီး ပါဝါနဲ့ မြန်မာနိုင်ငံမှာ ခေါင်းပုံဖြတ်ကြီးစိုးလွှမ်းမှုတွေအပေါ် ဝေဖန်တဲ့အခါမှာလည်း မာ့က်စ်ဝါဒ (ဒါမှမဟုတ်) ကွန်မြူနစ်ဝါဒ ကိုယ်နှိုက်ကို တိုက်ခိုက်နေသယောင် ဂိုဏ်းဂဏသမားတချို့က ပုံဖျက်ပြီး အကာအကွယ် ယူတတ်ပါတယ်။ ဒီဆောင်းပါးဟာ မာ့က်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ (ဒါမှမဟုတ်) လက်ဝဲနိုင်ငံရေးကို ဝေဖန်ချက် မဟုတ်ပါဘူး။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဆန်းစစ်ခွဲခြမ်းစိတ်ဖြာမှုကို နိုင်ငံတော်
-ပါတီ အမည်နာမတွေနဲ့ အစားထိုးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အနှစ်သာရထက်ဂိုဏ်းဂဏစွဲသက်သက် အမည်ခံတွေကိုသာ ဝေဖန်တာပါ။

လေးနက်တဲ့ လက်ဝဲနိုင်ငံရေးဟာ ဘယ်အစုအဖွဲ့၊ ဘယ်ပါတီ၊ ဘယ်နိုင်ငံ၊ ဘယ်အစိုးရကိုမှ သူတပ်ထားတဲ့ အမည်နာမ ဆိုင်းဘုတ်သက်သက်မှာ ရပ်တန့်လို့ မရပါဘူး။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မေးခွန်းတွေကို မေးရပါမယ်၊ ဝါရှင်တန်နဲ့ ဘေဂျင်းရဲ့ မြန်
မာမူဝါဒတွေနဲ့ လက်တွေ့လုပ်ရပ်တွေဟာ ဘယ်သူ့အကျိုးစီးပွားကို ဆောင်ရွက်ပေးနေသလဲ၊ မြန်မာစစ်တပ်-အရင်းရှင် အုပ်စိုးသူအုပ်စုကို ဘယ်လို အားဖြည့်ပေးသလဲ၊ တကယ် လက်တွေ့ ဘယ်လူ
တန်းစားတွေကို ပါဝါ ပေးနေသလဲ၊ ဘယ်လို အီလစ်တွေနဲ့ အပေးအယူလုပ်သလဲ၊ ဘယ်အရင်း
အမြစ်တွေကို ဘယ်လူတန်းစားအတွက် စုပ်ယူနေသလဲ၊ ဘယ်သူတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်သလဲ၊ စီမံကိန်းတွေက ဘယ်လူမှုအသိုက်အဝန်းတွေကို နေရပ်စွန့်ခွာ ဖယ်ရှားခံရစေသလဲ၊ ဘယ်
လို မှီခိုမှုတွေကို ဖန်တီးသလဲ၊ ပြီးတော့ ဘယ်လို နိုင်ငံရေးစနစ်ကို ထောက်တိုင်လုပ်ပေးနေသလဲ ဆိုတာတွေကို မဖြစ်မနေ မေးခွန်းထုတ် ဆန်းစစ်ရမှာပါ။

●အလယ်အလတ်လမ်းစဉ်တုရဲ့ အကန့်အသတ်

အလယ်အလတ်လမ်းစဉ်ဟာသူ့ကိုယ်သူလက်တွေ့
ကျကျ၊ အကျိုးသင့်အကြောင်းသင့်ရှိရှိ၊ အုပ်စုကွဲတွေအထက်မှာ သာလွန်နေသယောင် အနေအ
ထားယူတတ်ပါတယ်။ ဒါပေမဲ့ (ထိတွေ့ဆက်ဆံရေးမှာဖြစ်စေ၊ နိုင်ငံရေးစနစ် ချမှတ်မှုမှာဖြစ်စေ) သတ်မှတ်ချက်တွေကို ဘယ်သူက ချမှတ်သလဲလို့ မေးဖို့ကို ငြင်းဆန်တတ်ပါတယ်။ လက်တွေ့ကျတဲ့ ဒီအချက်တွေကို မဖြေနိုင်သရွေ့ အဲဒီ့လမ်းစဥ်ဟာ အစစ်အမှန် လက်တွေ့ကျမှု မဟုတ်တော့ပါဘူး။

အဲဒီ့လမ်းစဥ်မှာ တကယ် ကိုယ်စားပြုသူ ဘယ်သူလဲလို့ မဖြေဘဲ ထိတွေ့ဆက်ဆံဖို့ကိုသာ တောင်းဆိုကြပါတယ်။ ဘယ်သူ့အတွက် တည်ငြိမ်ရေးလဲ ဆိုတဲ့ မေးခွန်းကို မဖြေဘဲ တည်ငြိမ်ရေးဆိုတာကို အသုံးချကြပါတယ်။ ဘယ်သူတွေရဲ့ အကျိုး
စီးပွားတွေ ဖုံးကွယ်ခံရသလဲလို့ မမေးဘဲ အကျိုး
စီးပွားဆိုတာကို အယူခံဝင်ကြပါတယ်။

အလယ်လမ်းစဥ်ရဲ့ ကျရှုံးမှုဟာ တည်ဆောက်ပုံစနစ်အရ ကျရှုံးမှုပါပဲ။ ရပ်တည်ပြောဆိုသုံးနှုန်းတဲ့ ဘာသာစကားက အလယ်အလတ်ဆန်လာပေမဲ့ ဆုံးဖြတ်ချက်ချမှတ်မှုကတော့ အီလစ်တွေလက်ထဲမှာပဲ ရှိနေဆဲပါ။ ဘေဂျင်း၊ နေပြည်တော်၊ ကော်ပိုရိတ်အကျိုးစီးပွားတွေ၊ နယ်စပ်အာဏာပိုင်တွေ၊ (ဒါမှမဟုတ်)တော်လှန်ရေးအီလစ်တွေက သတ်
မှတ်တဲ့ တည်ငြိမ်မှုဟာ တကယ့်သက်ရောက်မှုခံရတဲ့ သက်ဆိုင်ရာလူမှုအသိုက်အဝန်းတွေ ပြည်သူတွေကို ဆွေးနွေးခန်းပြင်ပမှာ ချန်လှပ်ထားဆဲပါ။ ခြံစည်းရိုးဘောင်ခတ်မှုပုံစံ ပြောင်းလဲသွားပေမဲ့ စနစ်အဆောက်အအုံတည်ဆောက်ပုံစနစ်ကတော့ ပြောင်းလဲမသွားပါဘူး။

●အီလစ်အပေးအယူလုပ်မှုရဲ့ အကန့်အသတ်

အီလစ်အပေးအယူလုပ်တာဟာ သံတမန်ရေသက်
🤮143👍2🤬1
သက် မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျ လုပ်ပိုင်
ခွင့်၊ ပြည်သူလူထု တာဝန်ခံမှု၊ ဒါမှမဟုတ် သက်
ရောက်မှုခံရတဲ့ လူမှုအသိုက်အဝန်းတွေဆီက အဓိပ္ပာယ်အပြည့်အဝ ပါဝင်မှု၊ စတာတွေ မရှိပါဘူး။အဲဒါကိုလက်တွေ့နိုင်ငံရေး၊အကျပ်အတည်း
စီမံခန့်ခွဲမှု၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်
ရွက်မှု၊ တိတ်တဆိတ် နားလည်မှု၊ ကြားဖြတ်အစီ
အမံ၊ (ဒါမှမဟုတ်) လက်တွေ့ကျတဲ့ ထိတွေ့ဆက်
ဆံမှုတွေ အဖြစ် ပုံဖော်မြင်တွေ့ရနိုင်ပါတယ်။

အဲဒီ့လို အပေးအယူလုပ်မှုမှာ အန္တရာယ်ကြီးစေတာကတော့ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခြင်းကိုယ်နှိုက် မဟုတ်ဘဲ၊ စေ့စပ်ညှိနှိုင်းခြင်းရဲ့ စနစ်အဆောက်အအုံတည်ဆောက်ပုံကြောင့် ဖြစ်ပါတယ်။ မြေယာ၊ လုပ်အား၊ သယံဇာတ၊ ဘဏ္ဍာ၊ လုံခြုံရေး၊ အခြေခံအဆောက်အအုံ၊နဲ့ နိုင်ငံရေးစနစ်အပေါ် ဆုံးဖြတ်ချက်တွေကို လက်တဆုပ်စာ အီလစ်အသိုင်းအဝိုင်းတွေကသာ ချမှတ်နေခဲ့ကြပြီး ကာယကံရှင် လူမှုအသိုက်အဝန်းတွေကတော့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဆက်လက်ခံစားနေခဲ့ကြရပါတယ်။

ဒီနေရာမှာပဲ ဟန်ရေးပြမှု လေးရပ်စလုံး ဆုံမှတ် ကျသွားပါတယ်။ တရုတ်ဆန့်ကျင်ရေး တုံ့ပြန်မှုတွေဟာ လျစ်လျူရှု ကျော်ခွခံရနိုင်သလို၊ ကိုယ့်ကို ပြန်ပြီး ဖိအားပေးဖို့ အကြောင်းပြချက်ကောင်းအဖြစ်လည်း အသုံးချခံရနိုင်ပါတယ်။ တရုတ်ယိမ်းတဲ့ လိုက်လျောမှုတွေကလည်း အလွယ်တကူ သိမ်းသွင်းဝါးမြိုခံလိုက်ရမှာပါပဲ။ အလယ်အလတ် လမ်းစဉ်တုကတော့ အီလစ်တွေရဲ့ သီးသန့်ဆုံး
ဖြတ်ချက်တွေကို မလွဲမသွေ လက်ခံရမယ့်အရာတွေဖြစ်သွားအောင် ပုံဖော်ပေးပါလိမ့်မယ်။ ဒီချဉ်းကပ်မှု တခုချင်းစီဟာ ပြဿနာရဲ့ တစိတ်တပိုင်းစီကိုတော့ တုံ့ပြန်နိုင်ကောင်း တုံ့ပြန်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်အရာကမှ ဘေဂျင်းနဲ့ နိုင်ငံရေးအရ အလှမ်းကွာဝေးနေမှုတွေကို အင်အားတရပ်အဖြစ် စနစ်တကျ ပြောင်းလဲမပေးနိုင်ပါဘူး။ ဒါကြောင့် နောက်ဆုံးရလဒ်ဟာ နိုင်ငံရေးစနစ်သစ်တခု မဖြစ်နေပါဘူး။ အုပ်စိုးသူတွေသာ အစားထိုးနေရာယူ
လာတဲ့ စနစ်ဟောင်းကြီးသာ ဖြစ်ပြီး၊ ထိခိုက်နစ်နာရတဲ့လူမှုအသိုက်အဝန်းတွေကတော့ ဆုံးဖြတ်
ချက်ချတဲ့ စားပွဲဝိုင်းပြင်ပမှာ အရင်လိုပဲ ဆက်ပြီး ဖယ်ကြဉ်ခံထားရဆဲပါ။

ဒါကြောင့် လေးနက်တဲ့ တရုတ်မူဝါဒဟာ ဟန်ရေး
ပြမှုအလွန်ကို ကူးပြောင်းရမှာပါ။ တရုတ်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ စနစ်တကျ စုဖွဲ့ထားတဲ့ပါဝါ၊ အနိမ့်ဆုံး ဘုံစံနှုန်းတွေ၊ ပြည်သူ
လူထု တာဝန်ခံမှုတွေ မပါတဲ့ ထိတွေ့ဆက်ဆံမှုဆိုရင်တော့ နောက်ထပ် ချုပ်ကိုင်ခံရကိန်း တခုသာ ဆိုက်သွားနိုင်ပါတယ်။

(အပိုင်း ၂ နိဂုံးကိုဆက်လက်​ဖော်ပြပါမယ် )

(ငြိမ်းငြိမ်းပြည့်ဟာ မြန်မာနိုင်ငံက ဂျာနယ်လစ်၊ တော်လှန်ရေးသမား၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူတဦးဖြစ်ပါတယ်။)
👍204🤮2🤬1
👍20🤮2🤬1
■ကဗျာ

To....Mary Seng Noi

▪️မင်းသွင်

အချစ်နဲ့ ဝေးနေပါတယ် ဆိုမှ
မလွမ်းစေချင်ဘူး ... တဲ့လား။
စစ်တိုက်နေရပါတယ် ဆိုမှ
Gun တွေ မလိုပါဘူး ...တဲ့လား။
ဘယ်သူမှ မမှားပါဘူး၊
ဒီလို တိုင်းပြည်မှာ မွေးခဲ့တည်းက
ငါတို့အားလုံး သားကောင်တွေပါ..မေရီဆိုင်းနွယ် ။

Internet သုံးဖို့
တောင်ပေါ် အတူတူ တက်ရတဲ့နေ့ကို
နင် ... မမေ့သေးဘူး မဟုတ်လား
အညာမှာလည်း internet သုံးချင်ရင်
ခရီးထွက်ရတယ်၊
အံ့ဩသွားသလား.... မေရီဆိုင်းနွယ် ။

မိုင်ဂျာယာန်ကို လွမ်းတဲ့အခါ၊
လိုင်ဇာကို လွမ်းတဲ့အခါ
ဂျေယန်းက စစ်ရှောင်စခန်းကို အတူတူသွားခဲ့တဲ့နေ့
ငါ ဘယ်တော့မှ မမေ့ဘူး။
စစ်ပွဲတွေကို ရှောင်ရင်း
စစ်ပွဲထဲကို တည့်တည့်ကျမိတဲ့ ကောင်ပါ
နင် … လှောင်ရယ် ရယ်နေသလား မေရီဆိုင်းနွယ် ။

မိုးတွေ ညို့လာရင်
ဟိုအဝေးကြီးက ဘွမ်စော့ တောင်ကုန်းမှာ
ပျောက်ဆုံးသွားတဲ့ နှင်းတွေကို
အတူတူငေးကြည့်ခဲ့တဲ့နေ့ တွေ လွမ်းသလို
အညာဒေသမှာတော့ လွမ်းစရာ မကောင်းသလိုလိုနဲ့
နွမ်းနေတဲ့ကြားကပဲ လွမ်းရပါတယ် မေရီဆိုင်းနွယ် ။

ပုန်းခိုစရာ တောမရှိဘူး။
ခိုလှုံစရာ သျှို၊ မြောင် မရှိဘူး။
အညာရင်ခွင်ရဲ့ ဗလာလွင်ပြင်မှာ
မဆင်မခြင် စစ်တိုက်‌ နေရသလား လို့
(ဆရာမကြီး လေသံနဲ့ )
‌နင် ... ပြောနေမှာ မြင်ယောင်တယ် မေရီဆိုင်းနွယ် ။
အညာမှာလည်း ဆရာကြီးတွေ များတယ် ။

စစ်ကိုင်းနဲ့ ကချင်ဆိုတာ
နန့်စီးအောင် ချောင်းလေးပဲ ခြားတဲ့
ရင်ခွင် အတူတူရဲ့ လူတွေပဲ မဟုတ်လား
မမေ့ပါဘူး ဆိုင်းနွယ်ရေ...
မသေလို့ တွေ့ကြရင်
စစ်ပွဲတွေရဲ့ အလွဲတွေ အကြောင်း
ရယ်ရယ်မောမော ပြန်ပြောကြတာပေါ့ ...။

ပါးစပ်က ဖက်ဒရယ် အကြောင်းပြောပြီး
လက်က ဖက်ဆစ်စော်နံနေတဲ့ ကောင်တွေ
လက်မထောင်နေတဲ့ စစ်ပွဲတွေကြား
နေရာမှားပြီး ရောက်နေတဲ့ ငါ့ကို
နင် ... စိုးရိမ်တာ မမှားဘူး မေရီဆိုင်းနွယ်
မကြာခင်မှာ အညာဒေသဟာ
ဆန်ကွဲနဲ့ ပြောင်းဆံ ပြုတ်သောက်ရတော့မှာ ။

စပါး မစိုက်နိုင်ဘဲ
စစ်တိုက်နေရတဲ့ တိုင်းပြည်မှ မငတ်ရင်
ဘယ်သူငတ်မှာလဲ ... မေရီဆိုင်းနွယ်
အခုမှ သေနတ်ကိုင်တဲ့ ကောင်‌တွေကို
ဗိုလ်လုပ်ရတာလည်း လွယ်တော့ မလွယ်ဘူး
(တချို့ကလည်း....)
စစ်ပွဲကို ဆွဲဆန့်ချင်နေလေရဲ့ ။

နောက်ဆုတ်မရတော့လို့
ရှေ့တိုးရင်း... နင် နဲ့ ကချင်မြေကို
ဝေးသထက် ဝေးခဲ့ပေမဲ့ ...
အလင်းစက်တွေ တွေ့နေရပါပြီ
မကြာခင်မှာ ရောင်နီလာတော့မယ် ။

ဟောဟိုက...
ဟောင်ဂေါ် တောင်ကုန်းတွေ ဖြတ်ပြီး
ငါ ပြန်လာနိုင်ပါစေ...ဆုတောင်းရင်း
နင် စောင့်နေမယ် မဟုတ်လား မေရီဆိုင်းနွယ် … ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'မင်းသွင်'
ရေးဖွဲ့တဲ့ "To....Mary Seng Noi" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
31👍15🔥1🍓1
👍231🔥1🍓1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လွှတ်ပေးဖို့ အာဆီယံ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအပြီး အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်ကို မေလ ၈ရက် မနေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြထားတာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်တက်ရောက်ခွင့်မပြုခဲ့တဲ့ ဒီတစ်ကြိမ် အာဆီယံထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ရပ်ကိုပဲ အဓိက ရည်ညွှန်းကိုးကားချက်အဖြစ် တညီတညွတ်တည်း ရပ်တည်ကိုင်စွဲသွားမယ်လို့ ထပ်လောင်းအတည်ပြုပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခ၊ လူသားချင်းစာနာမှုအခြေအနေတွေ ဆက်လက်ကျယ်ပြန့်လာတာနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်သာရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေက အလွန်အမင်းစိုးရိမ်တယ်လို့ ဆိုပါတယ်။

◾️ဗုံးကြဲအပြီး ကယ်ဆယ်ရေးလုပ်သူတွေကိုပါ စစ်တပ် ပစ်မှတ်ထား တိုက်ခိုက်နေ

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်အပြီးမှာ ကယ်ဆယ်ရေးလုပ်သူတွေကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပြီး ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာကို သတိရှိဖို့ လူစုလူဝေး တတ်နိုင်သမျှ ရှောင်ဖို့ သတိပေးထားပါတယ်။ မေလ ၈ရက် မနေ့ မနက်ပိုင်းမှာ စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ဒရုန်းနဲ့ စောင့်ကြည့်ကာ နေ့လယ်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်သူတွေကို မီးလောင်ဗုံးတွေသုံးကာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဆလိုင်းယောမာန်က အခုလို သတိပေးချက်ကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ ကာလတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဗုံးကြဲအပြီး ဒေသခံတွေ၊ ကယ်ဆယ်ရေးလုပ်ဆောင်ကြသူတွေကို ထပ်မံ လေကြောင်း မတိုက်ခိုက်ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ နောက်တကြိမ် ထပ်မံဗုံးကြဲတာတွေ ရှိလာတယ်လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။ အခု ၂၀၂၆ မှာဆိုရင် အာဏာသိမ်းစစ်တပ်က ပထမတကြိမ် ဗုံးကြဲတိုက်ခိုက်အပြီး ဒရုန်းနဲ့ စောင့်ကြည့်ပြီးမှ ထပ်မံဗုံးကြဲတယ်လို့ CPU/CPA အထွေထွေအတွင်းရေးမှူးက ဆက်လက် ရေးသားပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ဒရုန်းကို သတိထားဖို့၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အမြန်လုပ်ဆောင်ပြီး အမြန် လူစုခွဲကြဖို့ သူက သတိပေးပါတယ်။

◾️စစ်တပ်က မင်းပြားနဲ့ကျောက်တော်မြို့ကို ဗုံးအလုံးရေ ရာချီကြဲချ

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲချခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိကင်းမွန်ချောင်းဂျိုင်နဲ့ပတ်ဝန်းကျင်ရှိကျေးရွာတွေကို မေလ ၇ ရက်၊ နေ့လယ်ပိုင်းနဲ့ ကျောက်တော်မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်ကို ညပိုင်းမှာ ဗုံးကြဲခဲ့တာလို့ AAက မေလ ၈ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီနေရာတွေကို တရစပ်မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့သလို Cluster Boomb တွေလည်း ကြဲသွားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း တစ်ဦး၊ ကလေးတစ်ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူဆယ်ဦးခန့်ရှိခဲ့တယ်လို့ AA က​ဖော်ပြပါတယ်။ လူထိခိုက်သေဆုံးမှုတွေအပြင် လူနေအဆောက်အအုံတချို့ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့သေဆုံးမှု၊ ဗုံးစထိမှန်မှုတို့ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️ထိုင်းပိုင်နက်ထဲမှာ ကားတစ်စီးကို KTLAအဖွဲ့ တိုက်ခိုက်မီးရှို့
👍182🔥1
ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတစ်ဦး လိုက်ပါလာတဲ့ကားတစ်စီးကို ဗိုလ်ကော်လားဖိုးဦး‌ဆောင်တဲ့ KTLAအဖွဲဝင်တွေက ထိုင်းပိုင်နက် နယ်မြေအတွင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ မြန်မာ-ထိုင်းနယ်စပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မကြာခဏခြုံခိုတိုက်ခိုက်နေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ အခုတခါ ထိုင်းနယ်မြေထဲမှာ တိုက်ခိုက်မှု ကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။ ဖြစ်စဉ်မှာ မေလ ၈ရက် မနေ့ ညနေပိုင်းမှာ ထားဝယ်ခရိုင် နယ်စပ်ဒေသ ညာပလားခီး(ငါးရံနီ)ဒေသအနီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ထိုင်းလူသားစာနာက တာဝန်ရှိသူနဲ့ ယာဉ်မောင်းတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် သူတို့စီးလာတဲ့ကားကို KTLA က မီးရှို့ဖျက်ဆီးခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️မင်းကင်းမြို့ပေါ်က စစ်တပ်ကင်းစခန်းကို ကျောင်းသားတပ်SRF ဝင်တိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်က စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF တာဝန်ရှိသူက ပြောပါတယ်။ မေလ ၈ရက် နေ့လယ် ၁နာရီခွဲဝန်းကျင်က မင်းကင်းမြို့၊ ချောင်းဆုံရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိနစ် ၂၀ဝန်းကျင်ကြာတဲ့ အပြန်အလှန်ပစ်ခတ်မှုတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ နှစ်ဦး ရှိတယ်လို့ အသိပေးပါတယ်။ မြို့တွင်းအထိ တိုက်ခိုက်မှုဟာ စစ်တပ်ကို အဖက်ဖက်က ဖိအားပေးနိုင်နေတဲ့ စစ်ရေးအခြေအနေမျိုးလို့လည်း SRFတာဝန်ရှိသူက ဆိုပါတယ်။ မင်းကင်းမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ ပျူစောထီးအားကောင်းတဲ့ ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ တစ်လကျော်က မင်းရွာနဲ့ အင်ကြင်းတောင်ရွာဘက်က ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှုမှာ အရှင်ဖမ်းမိသူတစ်ဦးရှိခဲ့တယ်လို့ SRF က ထုတ်ပြန်ထားပါတယ်။

◾️မုံရွာမှာ လူငယ် ၂၀ကျော် ပေါ်တာဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီနေ့ မေလ ၉ရက် ညနေပိုင်းမှာ လူငယ် ၂၀ကျော်ကို ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့၊ ကျောက္ကာလမ်းမီးပွိုင့်က မျိုးဆက်သစ် လျှပ်စစ်ပစ္စည်းရှေ့မှာ လူငယ် ၁၀ဦးခန့်၊ ရွှေဝါရောင်လမ်းနဲ့ အေးရိပ်သာလမ်းမှာ ရှစ်ဦးကို စစ်တပ်က အိမ်စီးကားနှစ်စီးနဲ့ ခွဲတင်ကာ ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း Monywa Revolution က အသိပေးပါတယ်။ ဒါ့အပြင် အောင်မဟာလမ်းပေါ်မှာလည်း လမ်းကိုပိတ်ပြီး ပေါ်တာဆွဲလို့ ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း Monywa Revolution က ထပ်မံ အသိပေးပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလဆန်းကလည်း မုံရွာမြို့ပေါ်က နေအိမ်တွေအထိတက်ပြီး ပေါ်တာဆွဲလို့ လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရပါသေးတယ်။

◾️တီးတိန်ကို အင်အားဖြည့်တဲ့ စစ်တပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ် မီးလောင်ပေါက်ကွဲ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ကို စစ်လက်နက်ခဲယမ်း၊ လူအင်အား ဖြည့်တင်းနေတဲ့ စစ်တပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာ တီးတိန်မြို့ပေါ်မှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ယာဥ် မီးလောင်ပေါက်ကွဲခဲ့တာမဟုတ်ဘဲ မတော်တဆကြောင့် ပေါက်ကွဲတာဖြစ်တယ်လို့ ယူဆရကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။ ချင်းညီနောင်နဲ့ မဟာမိတ်တွေက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်မယ်လို့ ကြေညာထားတဲ့ တီးတိန်ကို အာဏာသိမ်းစစ်တပ်က မေလဆန်းမှာ စစ်အင်အားတွေ ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိရာ ဒီရက်ပိုင်းမှာ မြို့ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

◾️ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို KNU မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေမှာ ဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး ကော်သူးလေဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။ ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို သက်ဆိုင်ရာ အဖွဲ့တွေဆီ အကြောင်းကြားပေးဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။ တပ်မဟာ(၅)နယ်မြေ ဖာပွန်/မူတြော်ခရိုင် အတွင်း ဖမ်းမိ မူးယစ်ဆေးဝါးတွေကို မေလ ၇ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။ တပ်မဟာ(၅)နယ်မြေမှာ မီးရှို့ခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ ကျပ်သိန်း ၅၀၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေလို့ အသိပေးထားပါတယ်။ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ ကော်သူးလေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီက ဥပဒေစည်းမျဉ်းများနဲ့ အညီ တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုနဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးမရှို့မီမှာလည်း ထိုင်းတာဝန်ရှိသူတွေက စစ်ဆေးအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။

◾️မကွေးတိုင်းက Proof of Life လှုပ်ရှားမှု
👍27👏21🔥1
မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်မှာ တော်လှန်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြ ပေးဖို့အတွက် လူထုလှုပ်ရှားကို ပြုလုပ်ခဲ့ကြပါတယ်။ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်က တော်လှန်ပြည်သူတွေနဲ့အတူ " Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
👍27🔥1
👍393🥰3🔥1
ရန်ကုန်မြို့လယ် Night Run အ​ပြေးပြိုင်ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့ပြီး ပြည်သူတွေ အခက်ကြုံ

မေ-၉၊ ၂၀၂၆။ တာရာ/People’s Spring

အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ည​နေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။

အပျော်တမ်းအပြေးပြိုင်ပွဲကို Night Run လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲစတင်ချိန်က ညနေပိုင်းဖြစ်တာကြောင့် ညနေရုံးဆင်းချိန် အိမ်ပြန်တဲ့ အခြေခံပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်လို့ ရုံးဝန်ထမ်းတချို့က ပြောပါတယ်။

ပြိုင်ပွဲကို မြို့တွင်းခြောက်မြို့နယ်အပါအဝင် ဆူး
လေဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊​ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်း
ဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းပိုင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စုံတစ်ရာမရှိဘဲ အဲဒီလမ်းပိုင်းတွေ ပိတ်ခဲ့တာကြောင့် သွားလာသူတွေ ဒုက္ခ
ရောက်ခဲ့တာလို့ သိရပါတယ်။

"သူတို့လူချမ်းသာတွေလုပ်တဲ့ပွဲ။ လမ်းပိတ်မယ်ဆိုလည်းကြေညာလေ။ ကိုယ်တွေလည်းအလုပ်ဆင်းချိန်တော့ အိမ်အရောက်ပြန်ချင်တာပေါ့။ အခုဟာက လမ်းတွေအကုန်ပိတ်ချလိုက်တာ ခုချိန််ထိအိမ်ပြန်မရောက်သေးဘူး။ သက်သက်ဒုက္ခပေးတာ"လို့ ရုံးဝန်ထမ်းတစ်ဦးက ​မေလ ၉ ရက်ညပိုင်းမှာပြောပါတယ်။

Yangon Heritage Night Run အပြေးပြိုင်ပွဲမှာ ၁၅ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ နှစ်မျိုးပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြေးလမ်းကြောင်းမှာ ပါဝင်နေတဲ့လမ်းတွေကို ပိတ်လိုက်တာကြောင့် ယာဥ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

"ညနေ ၅ နာရီခွဲ၊ ၆ နာရီ တကယ့်ကို ရုံးဆင်းချိန်ကိုမှ လမ်းတွေပိတ်လိုက်တော့ ရုံးပြန်တဲ့ပြည်သူတွေ တော်တော်က္ခရောက်ရပါတယ်။ YBS တွေလည်း ကွေ့ပတ်မောင်းရတော့ လှည်းတန်းကနေ ဗိုလ်တထောင်ဘက်ကို ၂ နာရီနီးပါး ကားစီးလိုက်ရပါတယ်။ မှတ်တိုင်အတိအကျမရောက်တော့ အိမ်ကိုလမ်းလျှောက်ပြန်ရတယ်။ လမ်းတလျှောက်လုံး ရဲနဲ့ စစ်သားတွေ ရှိနေတော့ ပေါ်တာဆွဲမလား ဆိုပြီး ပြန်ရတာနောက်ကျောမလုံသလို ခံစားရပါတယ်။ ပွဲက စကစနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စီစဥ်တယ်လို့ သိရပြီး ပြေးလမ်းသွားတဲ့လမ်းတလျောက်က ရဲကား၊ စစ်ကားတွေ တောက်လျှောက်ရပ်ထားတာ တွေ့ခဲ့ပါတယ်"လို့ ရန်ကုန်မြို့နေလူငယ်တဦးက ဆိုပါတယ်။

Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။​

ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွား
ရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်
လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့
ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွား
ရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအ​ရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အ​ရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။

စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်
ကြီးဌာနက စွပ်စွဲပါတယ်။
🤬4711🖕11👍8😡4💩2
■​ဆောင်းပါး

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထုတ်မပြောတဲ့စစ်ရေး ဗျူဟာတွေ နဲ့ ကပစတွေအနီးရောက်လာတဲ့ တိုက်ပွဲခေါ်သံ

ကဖေး/People's Spring


မေလဆန်းမှာ လူစိတ်ဝင်စားမှုများခဲ့တဲ့ အင်တာ
ဗျူးတစ်ခုရှိခဲ့ပါတယ်။ The Diplomat သတင်းဌာနနဲ့ အာရက္ခတပ်တော်( AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးပါ။

နိုင်ငံရေး၊ စစ်ရေး နဲ့ နိုင်ငံတကာဆက်ဆံ​ရေးတွေအပြင်AAအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာနဲ့ပတ်
သက်တဲ့ စစ်ရေးဗျူဟာကို The Diplomat သတင်းဌာနက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုမေးမြန်းခဲ့ပါတယ်။

တခြားအကြောင်းအရာတွေကို ချက်ကျလက်ကျပြောကြားခဲ့ပေမယ့်စစ်ရေးဗျူဟာနဲ့ ပတ်သက်လို့ ပြောဖို့အချိန်စောသေးတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကခပ်တိုတိုပဲ​ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံ(ကပစ)အချို့ကိုထိုးစစ်ဆင် တိုက်ခိုက်​နေတဲ့ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေရဲ့ တိုက်ပွဲရလဒ်တွေဟာ အခုရက်ပိုင်း သိသိသာသာရုပ်လုံးပေါ်လာပါတယ်။

အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်‌တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။

မေလဆန်းကစတင်ပြီ ပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို လေ
ကြောင်းအပြင်းအထန်တိုက်ခိုက်မှုတွေကြားကနေ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွက ဆက်
တိုက်သိမ်းယူနေပါတယ်။

၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်နေတာကနေ မေလဆန်းကစတင်ပြီး စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ ဖော်ဆောင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

"ဒီရက်ဖြစ်နေတာကတော့ အရင်ကမကြားဖူးမမြင်ဖူးတာတွေဖြစ်နေတာ။ စစ်တပ်လေကြောင်းက နေ့ရော၊ညပါလာပစ်နေတာပါ။ ဒီရက်ထဲတင်နော် ကပစရဲ့ ကာကင်း ၄ ခု သိမ်းတယ်။ကပစ(၁၆)။ စစ်တပ်က ဖြည့်ဖို့ကြိုးစားနေတဲ့အင်အားတွေကိုပါ ဖြတ်ဆော်နေတာ"လို့ပန်းတောင်းမြို့ခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာအပြင်းထန်ဆုံးဖြစ်နေတာလို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။ စစ်ရေးအခြေအနေအသေးစိတ်ကိုတော့၎င်းက မပြောလိုဘူးလို့ဆိုပါတယ်။

မေလ၄ရက်ကနေမေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေပါဝင်နေတယ်လို့ Arakan Princess Mediaက ဖော်ပြထားသလို စစ်ရေးသတင်းရင်းမြစ်တွေကလည်းအတည်ပြုပေးပါတယ်။

" ပန်းတောင်းနယ်ကိုရောက်နေတာက စကစ (၁၀) လက် အောက်ခံတပ်တွေ။ စစ်မှုထမ်းသင်တန်း
ဆင်းတွေအများဆုံးပါလာတယ်။ ထွက်ပြေးတာတွေရောဖမ်းမိတာတွေရောရှိထားတယ်" လို့ AAနဲ့ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့ တော်လှန်
ရေးသတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး ထွက်ပြေးနေတဲ့စစ်သားတွေကို AAနဲ့မဟာမိတ်တွက လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ Arakan Princess Mediaက ​ဖော်ပြထားပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းစစ်ရေးနယ်မြေတွေကိုဗုံးကြဲဖို့အတွက် စစ်ကောင်စီက ပုသိမ်လေတပ်၊မကွေးလေတပ်နဲ့ မှော်ဘီ လေတပ်ကိုအသုံးပြုနေပါတယ်။ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေဟာ ဧရာဝ
တီတိုင်းကိုဖြတ်ပြီး ပန်းတောင်းမြို့နယ်ဘက်ကိုဦးတည်ပျံသန်းနေတာ မြင်တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

"မနေ့(​​မေ ၈)ကဆို ဧရာဝတီတိုင်းမှာ ရာသီဥတုအခြေအနေမကောင်းခဲ့ဘူး။ မိုးတွေအရမ်းရွာတာ။ အဲဒီအချိန်မှာတောင် တိုက်လေယာဉ်တွေပြန်သွားတာ ခဏခဏပဲ"လို့ ဧရာဝတီတိုင်း၊မြန်အောင်မြို့ခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းဟာ ပဲခူးတိုင်းနဲ့ ဧရာဝတီမြစ်ခြားပြီးဆက်စပ်တည်ရှိနေပါတယ်။ ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေဟာ မေလ ၁ရက်နောက်ပိုင်းကစပြီး ဧရာဝတီနဲ့ပဲခူးတိုင်းမြို့နယ်အချို့မှာ နေ့စဉ် မြင်တွေ့နေရပါတယ်။

ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလက ၆၆၆
ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLAအပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်နေပါတယ်။
34👍18🖕2👏1