People's Spring
63.4K subscribers
65.7K photos
1.15K videos
7 files
2.85K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - CJ
32👍11🤮1
■ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ်
(The Explainer’s Journalism Handbook)

အခန်း (၇) -

ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို
ရှင်းလင်းအောင် ဘယ်လိုရေးကြမလဲ

ဖွင့်ဆိုရှင်းပြဆောင်းပါးအတွက် စိတ်ကူးတွေလည်း ရပြီ၊ ဘယ်လိုပုံစံနဲ့ ရေးမလဲဆိုတာလည်း ဆုံးဖြတ်ပြီးပြီဆိုရင် တကယ့်လက်တွေ့ ရေးသားတဲ့နေရာမှာ အရေးကြီးဆုံးအချက်တချက်ကို အကြံပေးချင်ပါတယ်။ အဲဒါကတော့ "ရှင်းလင်းအောင် ရေးဖို့" ပါပဲ။

ဖွင့်ဆိုရှင်းပြဆောင်းပါး (Explainer) တပုဒ်ဟာ ဘယ်လောက်ပဲ အချက်အလက်စုံစုံ၊ စာဖတ်သူ ဖတ်ရတာ ရှုပ်ထွေးနေရင် အဲဒီဆောင်းပါးဟာ အလကားပါပဲ။ ဒါကြောင့် ရှင်းကနဲ လင်းကနဲ ဖြစ်သွားအောင် ရေးနိုင်ဖို့ လိုအပ်ပါတယ်။ ခက်ခဲတဲ့
စကားလုံးတွေကို ရှောင်ပါ။

သတင်းထောက်တွေဟာ နယ်ပယ်တခုမှာ အချိန်အကြာကြီး လုပ်ကိုင်လာရင်းနဲ့ အလုပ်နဲ့ ဆက်စပ်တဲ့ သက်ဆိုင်ရာနယ်ပယ်တွေက ကျွမ်းကျင်သူတွေသုံးတဲ့"ပညာရပ်ဆိုင်ရာစကားလုံး (Jargon)" တွေကို ကိုယ်တိုင်လည်း မသိမသာ သုံးမိသွားတတ်ပါတယ်။

ဥပမာအနေနဲ့ စီးပွားရေးအကြောင်း ရေးရင် "ငွေကြေးဖောင်းပွမှု"၊ "GDP" စတဲ့ စကားလုံးတွေကို သာမန်လူတွေ နားလည်အောင် ရှင်းပြပေးရပါမယ်။ တတ်နိုင်ရင် အဲဒီလို စကားလုံးတွေအစား "ကုန်ဈေးနှုန်းတက်တာ" ဒါမှမဟုတ် "နိုင်ငံရဲ့ စီးပွားရေး အင်အား" စသဖြင့် လူတိုင်းနားလည်တဲ့ စကားလုံးတွေနဲ့ အစားထိုး သုံးတာ ပိုကောင်းပါတယ်။

●စာကြောင်းတွေကို တိုတိုနဲ့ ရှင်းရှင်း ရေးပါ။

စာကြောင်းတကြောင်းထဲမှာ တင်ပြချင်တဲ့ အကြောင်းအရာတွေကို အများကြီး ထည့်မရေးပါနဲ့။ အချက်အလက်တခုကို စာကြောင်းတကြောင်းပဲ သုံးတာ အကောင်းဆုံးပါ။ စာဖတ်သူဟာ စာကြောင်းရှည်ကြီးတွေကို ဖတ်ရတဲ့အခါ အဆုံးရောက်ရင် အစပိုင်းတွေကို မေ့သွားတတ်ပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ စာကြောင်းတိုတိုလေးတွေနဲ့ ခွဲရေးတာဟာ စာဖတ်သူရဲ့ ဦးနှောက်ကို အနားပေးရင်း ဖတ်ခိုင်းသလို ဖြစ်စေပါတယ်။ ဖွင့်ဆိုရှင်းပြဆောင်းပါးဆိုတာ အမှောင်ထဲမှာ မီးထွန်းပြသလိုမျိုးပဲ ဖြစ်ရပါမယ်။ အရေးအသား ရှုပ်ထွေးမှုကြောင့် စာဖတ်သူကို ပိုပြီး မျက်စိလည်သွားအောင် မလုပ်မိပါစေနဲ့။

●နှိုင်းယှဉ်ချက် (Analogies) တွေကို သုံးပါ။

ရှုပ်ထွေးတဲ့ ကိစ္စတွေကို လူတွေ သိပြီးသား အရာတွေနဲ့ နှိုင်းယှဉ်ပြလိုက်တာဟာ အကောင်းဆုံး ရှင်းပြနည်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အစိုးရရဲ့ ဘတ်ဂျက်အကြောင်း ရှင်းပြချင်တဲ့အခါ " အိမ်ထောင်စုတစုရဲ့ ဝင်ငွေထွက်ငွေ" နဲ့ နှိုင်းယှဉ်ပြတာမျိုးပါ။

မိသားစုတစုဟာ ဝင်တဲ့ငွေထက် ပိုသုံးရင် အကြွေးတင်သလိုပဲ၊ အစိုးရကလည်း အခွန်ရငွေထက် ပိုသုံးရင် နိုင်ငံမှာ အကြွေးတင်လာတာတယ် ဆိုတာမျိုး နှိုင်းယှဉ်ပြလိုက်ရင် စာဖတ်သူက ချက်ချင်း သဘောပေါက် သွားပါလိမ့်မယ်။

●စာပိုဒ်တွေကို ခွဲရေးပါ။

စာမျက်နှာအပြည့် စာသားတွေချည်းပဲ မြင်နေရရင် စာဖတ်သူက ဆက်ဖတ်ဖို့ တွန့်ဆုတ်သွား တတ်ပါတယ်။ အကြောင်းအရာ တခုပြီးတိုင်း စာပိုဒ်အသစ် ခွဲပေးပါ။ လိုအပ်ရင် ခေါင်းစဥ်ခွဲလေးတွေ (Sub-Headings) တပ်ပေးပါ။ ဒါမှ စာဖတ်သူက သူသိချင်တဲ့ အပိုင်းကို အလွယ်တကူ ရှာဖတ်လို့ရမှာပါ။

●လူတယောက်ကို ဘေးနားကနေလာပြီး ရှင်းပြနေသလိုမျိုး ရေးပါ။

သင့်အနေနဲ့ သူငယ်ချင်းတယောက် ဒါမှမဟုတ် ဦးလေး/အဒေါ် တယောက်ယောက်ကို အကြောင်းအရာတခု အကြောင်း ဘေးနားကနေ ပြောပြနေတယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီလို လေသံမျိုးနဲ့ ရေးတာဟာ စာဖတ်သူအတွက် အရင်းနှီးဆုံးနဲ့ နားအလည်လွယ်ဆုံး ဖြစ်စေပါတယ်။

အထက်က အကြံပေးချက်တွေကို သတိထားပြီး ရေးသားမယ်ဆိုရင် ဖွင့်ဆိုရှင်းပြဆောင်းပါးဟာ ဘယ်လောက်ပဲ ခက်ခဲတဲ့ အကြောင်းအရာဖြစ်ပါစေ၊ စာဖတ်သူတွေအတွက် ရှင်းလင်းသွားစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေး​နေတာဖြစ်ပါတယ်။ ။အယ်ဒီတာ )
👍191🤮1
👍172🤮1
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ်(၉၀) ပြည့်လှုပ်ရှားမှုတွေ စစ်ကိုင်းနဲ့မကွေးမှာ ပြုလုပ်

မေ ၉၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး အဖွဲ့ချုပ် နှစ်(၉၀)ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြောင်မြို့နယ်ရှိ ကျေးရွာတရွာမှာ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြပါတယ်။

အရာတော်မြို့နယ်မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၉၀)ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို သမိုင်းဝင်ဗကသအလံတော် လွှင့်တင်ခြင်း၊ အလံတော်အား အလေးပြုခြင်းတွေနဲ့ စတင်ခဲ့ပါတယ်။

အခမ်းအနားစတင်ပြီးနောက် မျိုးဆက်သစ်ကျောင်းသားတွေက ဗကသများအဖွဲ့ချုပ်ရဲ့ နှစ် ၉၀ပြည့် ထုတ်ပြန်ချက်နဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေ ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ အမှတ်တရစကား ပြောကြားတာ၊ မျိုးဆက်ဟောင်း ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက ဂုဏ်ပြုအမှတ်တရပြောကြားတာ၊ မျိုးဆက်ဟောင်း ကျောင်းသားကြီးများရဲ့ ဂုဏ်ပြုအမှတ်တရစကား ပြောကြားတဲ့ ရုပ်သံတွေ ဖွင့်ပြတာ၊ နှစ် ၉၀ပြည့် အမှတ်တရ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်မှာလည်း တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြ ပေးဖို့အတွက် လူထုလှုပ်ရှားကို ပြုလုပ်ခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်က တော်လှန်ပြည်သူတွေနဲ့အတူ " Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
31👏8👍6🤮1
ဓာတ်ပုံ - ABFSU ၊ လက်ပံတောင်းတောင်သပိတ်
44👍1🤮1
■အ​တွေးအမြင်

ဘာကြောင့် မြန်မာ့တော်လှန်ရေးမှာ
တရုတ်မူဝါဒသစ် လိုအပ်နေသလဲ

●နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ

-ငြိမ်းငြိမ်းပြည့် ​ရေးသားသည်။

မြန်မာ့တော်လှန်ရေးအနေနဲ့ တရုတ်နိုင်ငံဆိုင်ရာ
မူဝါဒအသစ်တရပ် လိုအပ်နေပါတယ်။ တရုတ်ဆန့်ကျင်ရေး တုံ့ပြန်မှု၊ တရုတ်ယိမ်း လိုက်လျောမှု၊ အလယ်အလတ်လမ်းစဉ်တု၊ နဲ့ အထက်လွှာ(အီလစ်) အပေးအယူလုပ်မှုတွေထက် ကျော်လွန်တဲ့ မူဝါဒမျိုးပါ။ ပထဝီဝင်အရ ကပ်လျက် အနီးကပ်ထိစပ်နေမှု ဆိုတဲ့ တချက်တည်းဟာ ပြဿနာကို ရှင်းပြလို့ မရနိုင်ပါဘူး။ ပိုမိုနက်ရှိုင်းတဲ့ ပြဿနာက နိုင်ငံရေးအကွာအဝေးပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံရေးအရ အလှမ်းကွာဝေးမှုမှာ အတိုင်း
အတာ လေးရပ် ရှိနေပါတယ်။ ဆက်ဆံပတ်သက်မှု၊ စနစ်အဆောက်အအုံ ဖွဲ့စည်းတည်ဆောက်ပုံ၊ သမိုင်းအတွေ့အကြုံ-သဘောတရားအယူဝါဒ၊ ပထဝီမဟာဗျူဟာ ဆိုတဲ့ ရှုထောင့်တွေပါ။

ဆက်ဆံရေးအရ ကြည့်ရင်၊ဘေဂျင်းနဲ့ မြန်မာ့တော်လှန်ရေးအင်အားစု တရပ်လုံးကြားမှာ တာ
ဝန်ခံမှုရှိတဲ့ ဆက်ဆံရေးမျိုး မရှိသေးပါဘူး။ စနစ်အဆောက်အအုံအရ ဆိုရင်၊ အင်အားချိန်ခွင်လျှာ မညီမျှမှုကြောင့် ဘေဂျင်းအနေနဲ့ မြန်မာ့နိုင်ငံရေးအင်အားစုတွေကို သူ့ရဲ့ ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်နေပြီး သူတို့အပေါ် လွှမ်း
မိုးမယ့် နိုင်ငံရေးအခင်းအကျင်းကိုပါ ပုံသွင်းနိုင်နေပါတယ်။ သမိုင်းနဲ့ သဘောတရားအယူဝါဒအရ ကြည့်ရင်၊ မြန်မာနိုင်ငံမှာ တရုတ်နဲ့ပတ်သက်တဲ့ ဇာတ်ကြောင်းက တကြောင်းတည်း တပုဒ်တည်း ရှိနေတာ မဟုတ်ပါဘူး။

တရုတ်နဲ့ပတ်သက်တဲ့ မြန်မာတွေရဲ့ အတွေ့အကြုံတွေဟာအလွှာလိုက်ဖြစ်နေပြီး၊ မညီမျှမှုတွေ၊အငြင်းပွားဖွယ်ရာတွေနဲ့ နိုင်ငံရေးအရ အဆုံးမသတ်သေးတဲ့ ကိစ္စရပ်တွေ ပြည့်နှက်နေပါတယ်။ ဘေဂျင်းရဲ့ ချဉ်းကပ်မှုကလည်း ပြောင်းလဲသွားခဲ့ပါပြီ။ ခေတ်တခေတ်က တော်လှန်ရေး သွေးစည်း
ညီညွတ်မှု ဆက်ဆံရေး ရှိခဲ့ဖူးပြီးနောက်၊ ဆယ်စုနှစ်တွေချီ လက်ရှိကာလတလျှောက်မှာတော့ အုပ်စိုးသူလူတန်းစားတွေချင်း အပေးအယူတွေ၊ နိုင်ငံတော်-အရင်းအနှီး အကျိုးစီးပွားတွေ၊ အီလစ်တွေ စီမံခန့်ခွဲတဲ့ နိုင်ငံရေးစနစ်လည်ပတ်မှုတွေဆီ ရွေ့လျားသွားနေခဲ့ပါပြီ။ ပထဝီမဟာဗျူဟာပိုင်းအရ ကြည့်ရင်လည်း၊ တော်လှန်ရေးရဲ့ ဖြစ်တည်မှုဆိုင်ရာရှင်သန်ရေးတိုက်ပွဲနဲ့ ဘေဂျင်းရဲ့ တွက်ဆမှုတွေ အကြားမှာ ကွက်လပ်ကြီးတခု ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအလှမ်းကွာဝေးမှုကို နီးလာအောင် ဆွဲစေ့ပစ်ဖို့၊ အဟ မကျယ်တော့အောင် ပိတ်ပစ်ဖို့၊ ပိုဝေးအောင် ချဲ့ကားဖို့၊ စီမံခန့်ခွဲဖို့၊ (ဒါမှမဟုတ်) ထိပ်တိုက်ရင်ဆိုင်ဖို့ စသဖြင့် ဘယ်လိုပဲ ကြိုးပမ်းပါစေ၊ နိုင်ငံရေးအရ စနစ်
တကျစုဖွဲ့မှုပါဝါ မရှိဘဲနဲ့တော့ အဲဒီ့အလှမ်းကွာဝေးမှုကို အဲဒီ့အကွာအဝေးအတိုင်း ပစ်ထားလို့မရပါဘူး။ စနစ်တကျစုဖွဲ့မှုပါဝါ မရှိဘဲ ပစ်ထားလိုက်မယ်ဆိုရင်၊ဒါဟာဘေဂျင်းအနေနဲ့ အကွဲကွဲအပြားပြားဖြစ်နေတဲ့မြန်မာ့နိုင်ငံရေးနယ်ဝန်းထဲဝင်ရောက်ကိုင်တွယ် အပေးအယူလုပ်ဖို့နဲ့ ပြည်သူတွေသတ်
မှတ်ထားတာမဟုတ်တဲ့ အခြေအနေတွေအပေါ်မှာ ရလဒ်တွေကိုပုံသွင်းဖို့ အခွင့်အလမ်းတခုသာ ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရုတ်ရေးရာကိစ္စကို ပိုကောင်းသထက်ကောင်းတဲ့ ကြေညာချက်တွေ ထုတ်ပြန်ရုံသက်သက်နဲ့ မဖြေရှင်းနိုင်ပါဘူး။ NUG နဲ့ EAOsတချို့ အပါအဝင် တော်လှန်ရေးအင်
အားစုတချို့ဟာ ဘေဂျင်း မျက်နှာမူတဲ့ စကားလုံးအသုံးအနှုန်းတွေကို တခါတရံ ကျင့်သုံးကြတာရှိပါတယ်။တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စောင့်ရှောက်ကာကွယ်ရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ခန့်မှန်းတွက်ဆနိုင်စွမ်းရှိရေးတို့ အပါအဝင်ပေါ့။

လက်ဝဲရေစီးကြောင်းထဲက(အားလုံးမဟုတ်) အင်
အားစုတချို့ လူပုဂ္ဂိုလ်တချို့ကလည်း အမေရိကန်အရင်းရှင်နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လူတန်းစားသွေးစည်းညီညွတ်ရေး သဘောတရားကိုသုံးပြီး ဘေဂျင်းကို တော်လှန်ရေးရဲ့ ချိန်ခွင်လျှာညှိပေးမယ့်အင်အားစုအဖြစ် ရှုမြင်တဲ့ အကြောင်းပြချက်တွေ ပေးကြတာ ရှိပါတယ်။အဲဒီ လက်ဝဲလက်ယာလစ်ဘရယ် အသီးသီးရဲ့ ကွဲပြားတဲ့ ဘာသာစကားအသုံးအနှုန်းတွေဟာ လက်တွေ့အကျိုးစီးပွားအရ တရုတ်တနိုင်ငံတည်းမူ (One China Principle) ပတ်လည်မှာတောင် လာပြီး ဆုံမှတ်ကျနေတတ်ပြန်ပါတယ်။ဒါပေမဲ့သံတမန်ရေးအရစိတ်ချယုံ
ကြည်စေမှုကဖြစ်စေ၊ အယူဝါဒရေးရာ ဝေါဟာရတွေကဖြစ်စေ၊ ပိုမိုနက်ရှိုင်းနေတဲ့ အလှမ်းကွာဝေးမှု ကွက်လပ်ကိုတော့ မဖြေရှင်းနိုင်နေပါဘူး။

တော်လှန်ရေးက စနစ်အပြောင်းအလဲကို လိုလားနေချိန်မှာ၊ ဘေဂျင်းကတော့ ဆက်လက်အသုံးချလို့ရမယ့် စနစ်လည်ပတ်မှုတခုကိုသာ လိုလားနေပါတယ်။ ဘေဂျင်းအနေနဲ့ ဘယ်လိုအစီအမံမျိုးက သူ့တွက်ကိန်းထဲက လမ်းကြောင်းတွေကို ဖွင့်ထားပေးနိုင်သလဲ၊ စီမံကိန်းကြီးတွေကို ကာကွယ်ပေးနိုင်သလဲ၊ နယ်စပ်မတည်ငြိမ်မှုတွေကို ထိန်းချုပ်ပေးနိုင်သလဲ၊ အမေရိကန်ဦးဆောင်တဲ့ ဝန်းရံပိတ်
ဆို့မှုအဖြစ် သူရှုမြင်ထားတဲ့အရာကို ဟန့်တားနိုင်သလဲ၊ ကုတ်အားကန်အား သြဇာကို ထိန်းသိမ်းထားနိုင်သလဲ၊ အချိန်ကြာလာတာနဲ့အမျှ ဘယ်ဟာက ဘယ်လို ဆက်လက်အသုံးဝင်နေမလဲ ဆိုတာတွေကို မေးခွန်းထုတ်ပါတယ်။
🤮124👍2🤬1
နေပြည်တော်ကဦးဆောင်တဲ့ လုပ်ငန်းစဉ်အပေါ် ဘေဂျင်းရဲ့ လောင်းကြေးထပ်မှုဟာ မဟာဗျူဟာမြောက်ရွေးချယ်မှုတရပ်သာဖြစ်ပြီး၊ ထာဝရမပြောင်းမလဲ ယုံကြည်နှစ်မြှုပ်မှု​တော့ မဟုတ်ပါဘူး။ ဘေဂျင်းအနေနဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအလုံးစုံ ပြေလည်သွားဖို့ မဖြစ်မနေ လို
အပ်နေတာလည်း မဟုတ်ပါဘူး။ သူ စီမံခန့်ခွဲလို့
မရနိုင်တဲ့ အနေအထားမျိုး သူ့နယ်စပ်အိမ်နီးချင်းမှာ ဖြစ်ပေါ်လာမှာကိုလည်း လိုလားနေပုံ မပေါ်ပါဘူး။ သူ့အတွက် လူးသာလွန့်သာတည်ငြိမ်မှု တခုရှိရင်ပဲ လုံလောက်ပါတယ်။ သူပြဌာန်းတဲ့ တည်
ငြိမ်မှုအတိုင်းအတာဆိုတာမှာ ဝင်ထွက်သွားလာခွင့်ကို ထိန်းသိမ်းထားတာ၊ အန္တရာယ်တွေကို ထိန်း
ချုပ်ထားတာ၊ စီမံကိန်းတွေကို ကာကွယ်ထားတာ၊ အသုံးချလို့ရတဲ့ ဆွေးနွေးဖက်တွေကို နေရာတကျ ဆက်ထားတာတွေပါ။ ဒါကြောင့်မို့လို့ တော်လှန်
ရေးအင်အားစုတွေအနေနဲ့ တရုတ်မူဝါဒသစ် လိုအပ်နေပါတယ်။ ဘေဂျင်းနဲ့ မြန်မာ အီလစ်တွေက သတ်မှတ်ပုံသွင်းမယ့် စနစ်တခုဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အဖြစ် အလိုအလျောက် သက်ဆင်းဖြစ်တည် မလာစေအောင် တားဆီးနိုင်ရေးအတွက်ပါ။

ဒါကြောင့် မေးရမယ့်မေးခွန်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နဲ့ ထိတွေ့ဆက်ဆံသင့်၊ မသင့် မဟုတ်ပါဘူး။ ဆက်ဆံရမှာပါ။ တ
ကယ် မေးရမယ့်မေးခွန်းတွေက ဘယ်လိုဆက်ဆံမလဲ၊ ဘယ်သူ့ သတ်မှတ်ချက်တွေနဲ့ ဆက်ဆံမလဲ၊ ဘယ်လို စနစ်တကျစုဖွဲ့ပါဝါနဲ့ ဆက်ဆံမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးမှာ ကင်းမဲ့နေတာက ထိတွေ့ဆက်ဆံမှုကိုယ်နှိုက် မဟုတ်ဘဲ၊ စုပေါင်းပြီး စနစ်တကျဖွဲ့စည်းထားတဲ့ ဘုံမူဝါဒတရပ် ကင်းမဲ့နေတာသာ ဖြစ်ပါတယ်။ အဲဒါက
တော့ ပြန့်ကျဲနေတဲ့ ချဉ်းကပ်မှုတွေကို စုပေါင်းကုတ်အားကန်အားအဖြစ် ပြောင်းလဲပေးမယ့်၊ တာဝန်ခံမှုရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ဘေဂျင်းကို ထိတွေ့ဆက်ဆံမယ့်၊ ပြည်သူလူထုရဲ့ တာဝန်ခံမှု မပါဘဲ မြန်မာ့အနာဂတ်ကိုဆုံးဖြတ်တဲ့ အီလစ်အပေးအယူတွေကို ငြင်းဆန်မယ့်၊ မူဝါဒတရပ် ဖြစ်ပါတယ်။

ဒီမူဝါဒသစ်ဟာ ဘက်ယိမ်းအလျှော့ပေးလိုက်
လျောတာ (ဒါမှမဟုတ်) ရန်လိုတာ ဆိုတဲ့ ဟန်
ရေးပြမှုမျိုးတွေ မဟုတ်ဘဲ နိုင်ငံရေးစီမံကိန်းတရပ် ဖြစ်သင့်ပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုအားလုံး ဘယ်တဖွဲ့ကမှ သီးခြားရှင်သန်ရေး သီးခြားအကျိုးစီးပွားတကိုယ်စာအတွက် တော်လှန်ရေးတစုံလုံးစာထိခိုက်နိုင်တဲ့ အလဲအ
လှယ် အပေးအယူလုပ်ပစ်တာမျိုး မလုပ်ရမယ့် အားလုံးစောင့်ထိန်းဖို့လိုတဲ့ အနိမ့်ဆုံး ဘုံစံနှုန်းတွေ၊ စုပေါင်း ကုတ်အားကန်အား ဘုံအားသာချက်တွေ၊ ပြည်သူလူထုအပေါ် တာဝန်ခံမှုတွေ၊ အန္တရာယ်ရှိတဲ့အပေးအယူတွေကိုငြင်းဆန်နိုင်တဲ့ ပါဝါတွေ လိုအပ်နေပါတယ်။

တဖွဲ့ချင်းစီ သီးခြား ရှင်သန်ရေးအပေးအယူတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ် ဖြစ်မလာအောင် တားဆီးပေးမယ့် အနိမ့်ဆုံး စည်းတားချက်တွေ၊ တော်လှန်ရေးအင်အားစုတွေကို လက်တွေ့ အရေးပေါ် အသက်ရှင်သန်စေတဲ့အရာတွေနဲ့ နောင်တချိန်မှာ စနစ်အဆောက်အအုံဆိုင်ရာပါဝါကို ဆုံးရှုံးသွားစေမယ့် ရေရှည်အရာတွေအကြား ပြတ်ပြတ်သားသား ခွဲခြားသတ်မှတ်ဖို့လည်း လို
အပ်နေပါတယ်။ ဒီအခြေခံအုတ်မြစ်တွေ မရှိရင်၊ မြန်မာရဲ့ တရုတ်နိုင်ငံရေးဟာ အီလစ်တွေရဲ့ ချုပ်
ကိုင်မှုအောက် ဆက်လက်ကျရောက်နိုင်ခြေရှိပြီး၊ လူထုတရပ်လုံးရဲ့ စုပေါင်းဘဝ ရှင်သန်ရေးအခြေ
အနေတွေအပေါ် အပေးအယူလုပ်ကြတဲ့နေရာမှာ အားနည်းချက်တွေ နစ်နာချက်တွေ ဆက်လက်ဖြစ်ပေါ်နေမှာပါ။

မြန်မာ့အနာဂတ်ဟာ တာဝန်ခံမှု မရှိတဲ့ ပါဝါတွေ (စစ်ဗိုလ်ချုပ်တွေ၊ ခရိုနီတွေ၊ ပွဲစားတွေ၊ နိုင်ငံ
တော်ကျောထောက်နောက်ခံပြု အရင်းအနှီး၊ အင်
အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအခြေပြု နာယကပြုမှုတွေ၊ ဒါမှမဟုတ် ပြည်သူလူထုအထက်ကနေ ရပ်တည်လုပ်ဆောင်နေတဲ့တော်လှန်
ရေးအင်အားစုတချို့)ရဲ့ ပုံသွင်းမှုကို ခံရမယ့် သိမ်း
ကျုံးချုပ်ကိုင်မှုအန္တရာယ်ကိုလည်း သတိထားဖို့လိုပါတယ်။ ပြည်သူလူထုက မမြင်တွေ့နိုင်တဲ့၊ ကန့်
ကွက်လို့မရနိုင်တဲ့၊ (ဒါမှမဟုတ်) ပြန်လည်ပြောင်း
လဲလို့မရနိုင်တဲ့ သဘောတူညီချက်တွေ၊ မှီခိုမှုတွေ၊ စာချုပ်တွေ၊ လုံခြုံရေးအစီအမံတွေ၊ အခြေခံအ
ဆောက်အအုံဆိုင်ရာ ကတိကဝတ်တွေကနေတဆင့် ပုံသွင်းခံရတဲ့ ဖြစ်နိုင်ခြေတွေ များနေပါတယ်။ ဒါကြောင့် အဲဒီအစီအမံတွေကို ဘယ်သူက ဆုံးဖြတ်သလဲ၊ ဘယ်သူ့သတ်မှတ်ချက်တွေနဲ့ ဆုံးဖြတ်သလဲ ဆိုတာကို ဆုံးဖြတ်နိုင်မယ့် ဘုံစုပေါင်းစုဖွဲ့ပါဝါကို တည်ဆောက်ပြီးတော့ အဲဒီအန္တရာယ်ကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။

●ဟန်ရေးပြ နိုင်ငံရေးအလွန်

ဟန်ရေးပြနိုင်ငံရေးဟာ နိုင်ငံရေးအရအလှမ်းကွာဝေးမှုကို စနစ်တကျစုဖွဲ့ထားတဲ့အင်အားပြဿနာအဖြစ် မရှုမြင်ဘဲ သဘောထားရေးရာပြဿနာတရပ်အနေနဲ့သာ သဘောထားတဲ့အတွက် ကျရှုံးနေခဲ့ရတာပါ။ မြန်မာ့နိုင်ငံရေးအသိုက်အဝန်းမှာ ကြီးစိုးလွှမ်းမိုးနေခဲ့တဲ့ တရုတ်ဆန့်ကျင်ရေးတုံ့ပြန်မှု၊ တရုတ်ယိမ်းလိုက်လျောမှု၊ အလယ်
အလတ်လမ်းစဥ်တု၊ အီလစ်အပေးအယူလုပ်မှု ဆိုတဲ့ ဟန်ရေးပြမှုတိုင်းဟာ ပြဿနာရဲ့ အစိတ်
အပိုင်းတခုကိုသာ တုံ့ပြန်နိုင်ပြီး၊ ချုပ်ကိုင်ခံရမှုကို ဖြစ်ပေါ်စေမယ့် လေဟာနယ်တွေကိုတော့ ဘယ်တခုကမှ ဖြည့်ဆည်းမပေးနိုင်ပါဘူး။

●တရုတ်ဆန့်ကျင်ရေး တုံ့ပြန်မှုရဲ့ အကန့်အသတ်
👍203🤬1🤮1
တရုတ်ဆန့်ကျင်ရေး သဘောထားဟာ စိတ်ကူးယဉ်အလျောက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
ဒါဟာ လက်တွေ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရ ထိခိုက်နစ်နာမှုတွေကနေ မကြာခဏ ထွက်ပေါ်လာတာပါ။ တရုတ်နိုင်ငံတော်နဲ့ ကော်ပိုရိတ်အင်အားတွေဟာ သယံဇာတတွေကို စုပ်ယူထုတ်
လုပ်နေခဲ့ကြပါတယ်၊ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကို ကျော်လွန်ပြီး စီမံကိန်းတွေကို အကောင်
အထည်ဖော်နေခဲ့ကြပါတယ်၊ လုပ်အားခေါင်းပုံ
ဖြတ်မှုတွေကို ပိုမိုနက်ရှိုင်းစေနေခဲ့ကြပါတယ်၊ ခေတ်အဆက်ဆက် မြန်မာအစိုးရတွေနဲ့ ပေါင်းလုပ်နေခဲ့ကြပါတယ်၊ စီမံကိန်းဒေသတွေအနှံ့ နေရပ်စွန့်ခွာရမှု၊ စစ်ဇာတ်သွင်းမှု၊ သဘာဝပတ်
ဝန်းကျင် ပျက်စီးမှု၊ နယ်စပ်ဖိအားပေးမှု၊ ဒေသခံသာမာန်အရပ်သားပြည်သူတွေရဲ့မြေယာလုပ်အား
နဲ့ အရင်းအမြစ် ပိုင်ဆိုင်မှုတွေ လက်လွတ်ဆုံးရှုံးရမှုတွေကို ပိုမိုသက်ဆိုးရှည် ပိုမိုဆိုးရွားစေတဲ့အစီအစဉ်တွေကနေတဆင့် လည်ပတ်နေခဲ့ကြပါတယ်။ လူ့အသိုက်အဝန်းတွေ အများအပြားအ
တွက် တရုတ်ဆိုတာဟာ စိတ်ကူးထဲက ပထဝီနိုင်ငံရေးဇာတ်ဆောင်တဦး မကပါဘူး။

သတ္တုတွင်းကြီးတွေ၊ ပိုက်လိုင်းတွေ၊ ဆည်တွေ၊ ဆိပ်ကမ်းတွေ၊ စီမံကိန်းကြီးတွေ၊ အကြွေးတွေ၊ မြေယာဆုံးရှုံးမှုတွေ၊ စစ်တပ်ရဲ့ ကာကွယ်ပေးမှုတွေ၊ ပြည်သူ့အထက်မှာ ပြုလုပ်ခဲ့တဲ့ အပေးအယူတွေကနေတဆင့် လက်တွေ့ခံစားရတဲ့ အရာဖြစ်ပါတယ်။

ဒီနစ်နာမှုတွေကို မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး၊ ပစ်ပယ်လို့ မရနိုင်ပါဘူး။ဖိနှိပ်အုပ်စိုးတဲ့ စစ်အုပ်စုကို တရုတ်က ကျောထောက်နောက်ခံပြုတာ၊ သ
ယံဇာတ စုပ်ယူတာ၊နဲ့ ခေါင်းပုံဖြတ်တာတွေကို ဆန့်ကျင်ဆန္ဒပြတာဟာ နိုင်ငံရေးအရ နားမလည်စရာမရှိတဲ့ ကိစ္စပါ။ ဗိုလ်ကျကြီးစိုးလွှမ်းမိုးမှုကို ပြည်သူတွေက ဆန့်ကျင်တာဟာ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ပြည်သူ့ နာကြည်းမှုနဲ့ ငြင်းပယ်မှုတွေဟာ သူ့အလိုလို မဟာဗျူဟာ ဖြစ်မလာသေးတာပါပဲ။

တရုတ်ဆန့်ကျင်ရေး တုံ့ပြန်မှုသက်သက်ဟာ တရုတ်မူဝါဒတရပ် မဟုတ်ပါဘူး။ သင်္ကေတအရ ငြင်းပယ်တာ (ဆန္ဒပြပွဲတွေမှာ တရုတ်အလံ မီးရှို့တာ၊ ဘေဂျင်းကို ရှုတ်ချတာ၊ ဒါမှမဟုတ် ထိတွေ့ဆက်ဆံမှုတွေကို ငြင်းဆန်တာ) တွေဟာ ပြည်သူ
လူထုရဲ့ တကယ့် နိုင်ငံရေးဒေါမာန်ဟုန်နဲ့ ယမ်းပုံ
မီးကျမှုကို ဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ် နိုင်ငံရေးစနစ်ကို ပုံသွင်းတဲ့နေရာမှာ ဘေဂျင်းရဲ့ အခန်းကဏ္ဍကို
မလျှော့ချနိုင်ပါဘူး။ အဲဒီ့အစား တော်လှန်ရေးအင်အားစုတွေကို အမေရိကန်ရဲ့ လက်ဝေခံတွေအဖြစ် ပုံဖော်စရာ၊ ဒီအင်အားစုတွေကို ကျော်ခွသွားဖို့ အကြောင်းပြချက်ပေးစရာ၊နဲ့ ဒီအင်အားစုတွေအပေါ် ဖိအားတွေ တိုက်ရိုက်ဖြစ်စေ သွယ်
ဝိုက်ဖြစ်စေ ပိုမိုပြင်းထန်လာစေအောင် အသုံးချခံရနိုင်ပြန်ပါတယ်။

တရုတ်ဆန့်ကျင်ရေးတုံ့ပြန်မှုဟာ လက်တွေ့ထိ
ခိုက်နစ်နာမှုတွေကို လှေနံဓားထစ် တရားသေ လောကအမြင်တခုအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ကျရှုံးသွားပါတယ်။ တရုတ်ကို ထာဝရရန်သူအ
ဖြစ်၊ တရုတ်လူမျိုးတွေကို သံသယဖြစ်ဖွယ်အ
ဖြစ်၊ ထိတွေ့ဆက်ဆံမှုအားလုံးကို သစ္စာဖောက်မှုအဖြစ် ရှုမြင်လိုက်တဲ့အခါမှာ ကျရှုံးတာပါပဲ။ အဲဒီ့နည်းလမ်းဟာ အမှန်တကယ် နစ်နာမှုကို ဖော်ထုတ်နိုင်ပေမဲ့လည်း၊ဘေဂျင်းရဲ့ပြောင်းလဲနေတဲ့ အ
ကျိုးစီးပွားတွေ၊ဖိအားပေးတဲ့ နေရာတွေ၊ ကန့်
သတ်ချက်တွေ (ဒါမှမဟုတ်) အပေးအယူတွေကိုတော့ ကောင်းကောင်း မဖတ်ရှုမကိုင်တွယ်နိုင်တော့ပါဘူး။

အဲဒီ့တုံ့ပြန်မှုဟာ အမျိုးသားရေးဝါဒ၊ လူမျိုးရေးရန်လိုမှု၊ လက်ဝဲဆန့်ကျင်ရေး၊ (ဒါမှမဟုတ်) အတုခိုး မွေးစား ရှုမြင်တဲ့ အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး စဉ်းစားတွေးခေါ်မှုတွေဆီကိုလည်း ထိုးဆင်းသွားနိုင်ပါတယ်။

ဒါ့အပြင် တရုတ်ဆန့်ကျင်ရေးသက်သက်ဟာ ပိုမိုခက်ခဲတဲ့ မေးခွန်းကိုလည်း မဖြေရှင်းနိုင်ပါဘူး။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း (Political agency)ကို မစွန့်လွှတ်ဘဲ၊ တချိန်တည်းမှာ ရှောင်လွှဲလို့မရနိုင်တဲ့ အင်အားကြီးမားတဲ့ အိမ်နီးချင်းနဲ့ ဘယ်လို ဆက်ဆံမလဲ ဆိုတဲ့ မေးခွန်းပါ။

●တရုတ်ယိမ်း လိုက်လျောမှုရဲ့ အကန့်အသတ်

တရုတ်ယိမ်းရပ်တည်ချက်ကတော့ ပြောင်းပြန်အမှားကိုကျူးလွန်ပြန်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ကွန်မြူနစ်အဖြစ် ကြွေးကြော်ထားသူ တချို့
(အားလုံးမဟုတ်)နဲ့ ပိုမိုကျယ်ပြန့်တဲ့ တရုတ်ယိမ်းအသိုင်းအဝိုင်းတချို့ကြားမှာ တရုတ်ပါတီ-နိုင်ငံ
တော်ရဲ့ ကွန်မြူနစ်အမည်နာမ၊ အမေရိကန်အရင်းရှင်နယ်ချဲ့ဆန့်ကျင်ရေး၊ အတိတ်က တော်လှန်ရေးသွေးစည်းညီညွတ်မှု အမှတ်ရစရာတွေကို လူတန်း
စားတော်လှန်ရေးသွေးစည်းညီညွတ်မှုအဖြစ် အထင်မှားတတ်ကြပါတယ်။

အမေရိကန်ဟာ နယ်ချဲ့အရင်းရှင်အင်ပါယာ ဖြစ်ပါတယ်။ သူ့ရဲ့ နီယိုလစ်ဘရယ် ကယ်တင်ရှင်ဇာတ်ကြောင်းကနေပြီး အမေရိကန်ရဲ့ပါဝါကို လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတွေကို ကာကွယ်သူဟီးရိုးအဖြစ် ကာလကြာရှည်စွာ ဝါဒဖြန့် ပုံဖော်နေခဲ့ပါတယ်။ ဖိနှိပ်မှု အမျိုးမျိုးအဖုံဖုံကနေ လာကြတာ ဖြစ်စေကာမူ၊ အဲဒီ့ လူစွမ်း
ကောင်းဇာတ်ကြောင်းဟာ ဗမာနဲ့ ဗမာမဟုတ်တဲ့ လူမှုအသိုက်အဝန်း နှစ်ခုစလုံးကြားမှာ မြန်မာ့နိုင်ငံရေးစိတ်ကူးစိတ်သန်းကို လာရာမတူသော်
လည်း လားရာတူ လွှမ်းမိုးမှု ရှိပါတယ်။
👍221🤬1🤮1
တော်လှန်ရေးအနေနဲ့တော့ အဲဒီ့တံလျှပ်အရိပ်အ
ယောင်ကို ထိပ်တိုင်ရင်ဆိုင်တဲ့နေရာမှာ၊ တခြားတံလျှပ်အရိပ်အယောင်တခုနဲ့ အစားမထိုးဘဲ ရင်ဆိုင်ဖို့ လိုနေပါတယ်။ အမေရိကန်နယ်ချဲ့အ
ရင်းရှင်ဝါဒကို ဆန့်ကျင်ရုံနဲ့ တရုတ်နိုင်ငံတော်
-အရင်းရှင် ကြီးစိုးလွှမ်းမိုးမှုက လူတန်းစားသွေး
စည်းညီညွတ်မှု အလိုအလျောက် ဖြစ်မသွားပါဘူး။

နယ်ချဲ့ဆန့်ကျင်ရေးမူမှာလည်းဝါရှင်တန်ရဲ့ အ
ရင်းရှင်နယ်ချဲ့လွှမ်းမိုးမှုကိုဆန့်ကျင်ပြီး ဘေဂျင်းရဲ့ နိုင်ငံတော်-အရင်းအနှီး လွှမ်းမိုးခြယ်လှယ်မှုကို ခွင့်လွှတ်ပေးလိုက်တဲ့အခါ မူဟောင်းလောင်း ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံအပေါ်နဲ့ မြန်မာ့တော်
လှန်ရေးအပေါ် ဘေဂျင်းရဲ့လက်တွေ့ကျင့်သုံးမှုဟာ လူတန်းစားသွေးစည်းညီညွတ်မှု မဟုတ်နေဘူးဆိုတဲ့ အချက်အလက်မှန်ကို မျက်ကွယ်ပြုလို့
မရပါဘူး။ ဘေဂျင်းရဲ့လက်တွေ့ကျင့်သုံးမှုဟာ အရင်းအနှီးတွေနဲ့ အီလစ်သဘောတူညီချက်တွေကနေတဆင့် ကျင့်သုံးတဲ့ အုပ်စိုးသူလူတန်းစား အပေးအယူတွေ၊ စီမံကိန်းနယ်မြေတွေ၊ နယ်စပ်တွေ၊ လုံခြုံရေးဖိအားတွေ၊ လွှမ်းမိုးခြယ်လှယ်မှုတွေ၊ သယံဇာတစုပ်ယူမှုတွေနဲ့ ခေါင်းပုံဖြတ်မှုတွေကနေပြီး (ခေတ်ဟောင်းပုံစံ စစ်တိုက်ပြီး နယ်မြေသိမ်းပိုက်မှု မလုပ်တဲ့) နယ်ချဲ့ဝါဒပုံစံတမျိုးသာ ဖြစ်နေပါတယ်။ ဒီအစီအမံတွေဟာ မြန်မာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ကို တရုတ်ရဲ့ နိုင်ငံ
တော်-အရင်းအနှီး အကျိုးစီးပွားတွေ၊ မြန်မာစစ်တပ်-ခရိုနီ အရင်းရှင်လူတန်းစားတွေ၊ ပြည်
သူလူထုအထက်ကနေ အပေးအယူလုပ်လိုတဲ့ ဘယ်လို တော်လှန်ရေးအီလစ်တွေ အတွက်မဆို အသုံးချလို့ရတဲ့ အနေအထားကို ပြောင်းလဲပေးပါတယ်။

ဒီလို ဘေဂျင်းရဲ့ နိုင်ငံတော်-အရင်းအနှီး ပါဝါနဲ့ မြန်မာနိုင်ငံမှာ ခေါင်းပုံဖြတ်ကြီးစိုးလွှမ်းမှုတွေအပေါ် ဝေဖန်တဲ့အခါမှာလည်း မာ့က်စ်ဝါဒ (ဒါမှမဟုတ်) ကွန်မြူနစ်ဝါဒ ကိုယ်နှိုက်ကို တိုက်ခိုက်နေသယောင် ဂိုဏ်းဂဏသမားတချို့က ပုံဖျက်ပြီး အကာအကွယ် ယူတတ်ပါတယ်။ ဒီဆောင်းပါးဟာ မာ့က်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ (ဒါမှမဟုတ်) လက်ဝဲနိုင်ငံရေးကို ဝေဖန်ချက် မဟုတ်ပါဘူး။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဆန်းစစ်ခွဲခြမ်းစိတ်ဖြာမှုကို နိုင်ငံတော်
-ပါတီ အမည်နာမတွေနဲ့ အစားထိုးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အနှစ်သာရထက်ဂိုဏ်းဂဏစွဲသက်သက် အမည်ခံတွေကိုသာ ဝေဖန်တာပါ။

လေးနက်တဲ့ လက်ဝဲနိုင်ငံရေးဟာ ဘယ်အစုအဖွဲ့၊ ဘယ်ပါတီ၊ ဘယ်နိုင်ငံ၊ ဘယ်အစိုးရကိုမှ သူတပ်ထားတဲ့ အမည်နာမ ဆိုင်းဘုတ်သက်သက်မှာ ရပ်တန့်လို့ မရပါဘူး။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မေးခွန်းတွေကို မေးရပါမယ်၊ ဝါရှင်တန်နဲ့ ဘေဂျင်းရဲ့ မြန်
မာမူဝါဒတွေနဲ့ လက်တွေ့လုပ်ရပ်တွေဟာ ဘယ်သူ့အကျိုးစီးပွားကို ဆောင်ရွက်ပေးနေသလဲ၊ မြန်မာစစ်တပ်-အရင်းရှင် အုပ်စိုးသူအုပ်စုကို ဘယ်လို အားဖြည့်ပေးသလဲ၊ တကယ် လက်တွေ့ ဘယ်လူ
တန်းစားတွေကို ပါဝါ ပေးနေသလဲ၊ ဘယ်လို အီလစ်တွေနဲ့ အပေးအယူလုပ်သလဲ၊ ဘယ်အရင်း
အမြစ်တွေကို ဘယ်လူတန်းစားအတွက် စုပ်ယူနေသလဲ၊ ဘယ်သူတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်သလဲ၊ စီမံကိန်းတွေက ဘယ်လူမှုအသိုက်အဝန်းတွေကို နေရပ်စွန့်ခွာ ဖယ်ရှားခံရစေသလဲ၊ ဘယ်
လို မှီခိုမှုတွေကို ဖန်တီးသလဲ၊ ပြီးတော့ ဘယ်လို နိုင်ငံရေးစနစ်ကို ထောက်တိုင်လုပ်ပေးနေသလဲ ဆိုတာတွေကို မဖြစ်မနေ မေးခွန်းထုတ် ဆန်းစစ်ရမှာပါ။

●အလယ်အလတ်လမ်းစဉ်တုရဲ့ အကန့်အသတ်

အလယ်အလတ်လမ်းစဉ်ဟာသူ့ကိုယ်သူလက်တွေ့
ကျကျ၊ အကျိုးသင့်အကြောင်းသင့်ရှိရှိ၊ အုပ်စုကွဲတွေအထက်မှာ သာလွန်နေသယောင် အနေအ
ထားယူတတ်ပါတယ်။ ဒါပေမဲ့ (ထိတွေ့ဆက်ဆံရေးမှာဖြစ်စေ၊ နိုင်ငံရေးစနစ် ချမှတ်မှုမှာဖြစ်စေ) သတ်မှတ်ချက်တွေကို ဘယ်သူက ချမှတ်သလဲလို့ မေးဖို့ကို ငြင်းဆန်တတ်ပါတယ်။ လက်တွေ့ကျတဲ့ ဒီအချက်တွေကို မဖြေနိုင်သရွေ့ အဲဒီ့လမ်းစဥ်ဟာ အစစ်အမှန် လက်တွေ့ကျမှု မဟုတ်တော့ပါဘူး။

အဲဒီ့လမ်းစဥ်မှာ တကယ် ကိုယ်စားပြုသူ ဘယ်သူလဲလို့ မဖြေဘဲ ထိတွေ့ဆက်ဆံဖို့ကိုသာ တောင်းဆိုကြပါတယ်။ ဘယ်သူ့အတွက် တည်ငြိမ်ရေးလဲ ဆိုတဲ့ မေးခွန်းကို မဖြေဘဲ တည်ငြိမ်ရေးဆိုတာကို အသုံးချကြပါတယ်။ ဘယ်သူတွေရဲ့ အကျိုး
စီးပွားတွေ ဖုံးကွယ်ခံရသလဲလို့ မမေးဘဲ အကျိုး
စီးပွားဆိုတာကို အယူခံဝင်ကြပါတယ်။

အလယ်လမ်းစဥ်ရဲ့ ကျရှုံးမှုဟာ တည်ဆောက်ပုံစနစ်အရ ကျရှုံးမှုပါပဲ။ ရပ်တည်ပြောဆိုသုံးနှုန်းတဲ့ ဘာသာစကားက အလယ်အလတ်ဆန်လာပေမဲ့ ဆုံးဖြတ်ချက်ချမှတ်မှုကတော့ အီလစ်တွေလက်ထဲမှာပဲ ရှိနေဆဲပါ။ ဘေဂျင်း၊ နေပြည်တော်၊ ကော်ပိုရိတ်အကျိုးစီးပွားတွေ၊ နယ်စပ်အာဏာပိုင်တွေ၊ (ဒါမှမဟုတ်)တော်လှန်ရေးအီလစ်တွေက သတ်
မှတ်တဲ့ တည်ငြိမ်မှုဟာ တကယ့်သက်ရောက်မှုခံရတဲ့ သက်ဆိုင်ရာလူမှုအသိုက်အဝန်းတွေ ပြည်သူတွေကို ဆွေးနွေးခန်းပြင်ပမှာ ချန်လှပ်ထားဆဲပါ။ ခြံစည်းရိုးဘောင်ခတ်မှုပုံစံ ပြောင်းလဲသွားပေမဲ့ စနစ်အဆောက်အအုံတည်ဆောက်ပုံစနစ်ကတော့ ပြောင်းလဲမသွားပါဘူး။

●အီလစ်အပေးအယူလုပ်မှုရဲ့ အကန့်အသတ်

အီလစ်အပေးအယူလုပ်တာဟာ သံတမန်ရေသက်
🤮143👍2🤬1