(ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့်နဲ့ မျိုးဆက်ဟောင်းတွေ့ဆုံပွဲကို နယ်စပ်မြို့တနေရာမှာ ပြုလုပ်စဉ်။ ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်)
🥰39❤10👍10👏2🔥1
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat သတင်းဌာန မေးမြန်းခန်း (အပိုင်း ၁)
https://www.ludunwayoo.com/interviews-mm/2026/05/07/156368/

LuduNwayOo
"ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ" | LuduNwayOo
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီး အပိုင်းနှစ်ခု ခွဲခြား ဖော်ပြလိုက်ပါတယ်။
👍33❤6🥰4🔥2💩2
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံ တောင်းဆို
မေ-၉၊ ၂၀၂၆။ People’s Spring
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအပြီး အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်ကို မေလ ၈ရက် မနေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြထားတာပါ။
အာဆီယံခေါင်းဆောင်တွေက နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အကျဥ်းသား ၄,၀၀၀ ကျော် ပြန်လွှတ်ပေးမှု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်ကို ပြောင်းရွှေ့မှုနဲ့ အကျဥ်းသား ၁,၅၀၀ ကျော် ပြန်လွှတ်ပေးမှုကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်မှာတော့ နိုင်ငံတော်သမ္မတရာထူးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးတွေကို ဖော်ပြခြင်းမရှိဘဲ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်လို့သာ ဖော်ပြထားတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်တက်ရောက်ခွင့်မပြုခဲ့တဲ့ ဒီတစ်ကြိမ် အာဆီယံထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ရပ်ကိုပဲ အဓိက ရည်ညွှန်းကိုးကားချက်အဖြစ် တညီတညွတ်တည်း ရပ်တည်ကိုင်စွဲသွားမယ်လို့ ထပ်လောင်းအတည်ပြုပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခ၊ လူသားချင်းစာနာမှုအခြေအနေတွေ ဆက်လက်ကျယ်ပြန့်လာတာနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်သာရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေက အလွန်အမင်းစိုးရိမ်တယ်လို့ ဆိုပါတယ်။
အာဆီယံခေါင်းဆောင်တွေက အရပ်သားတွေနဲ့ အများပြည်သူနေရာတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက် လုပ်ဆောင်နေမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးအနေနဲ့ အဆင်ခြင်မဲ့အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အမြင့်ဆုံး ထိန်းသိမ်းဆောင်ရွက်ဖို့၊ အရပ်သားတွေနဲ့ အရပ်သားအဆောက်အအုံအားလုံးကို လုံခြုံစိတ်ချစွာ အကာအကွယ်ပေးဖို့ စတဲ့အချက်တွေကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့ အခြေအနေကောင်းတွေ ဖန်တီးလုပ်ဆောင်ကြဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
နောက်ပြီး အာဆီယံခေါင်းဆောင်တွေက အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်လာဇာရိုရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ တဖက်မှာလည်း အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရေရှည်အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ ကိစ္စနဲ့ပတ်သက်လို့ အာဆီယံအဆင့်မြင့်အရာရှိကြီးများရဲ့ ဆွေးနွေးမှုတွေကနေ အဖြေတစ်ခုထွက်လာဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

👍45❤16🥰1😁1🤮1
(၂၀၁၈ ခုနှစ်က အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - EPA)
👍26❤3🕊2🥰1👏1
ထိုင်းလူသားစာနာတာဝန်ရှိသူတစ်ဦးရဲ့ကားကို KTLAကော်လာဖိုးအဖွဲ့က ထိုင်းပိုင်နက်အတွင်းမှာ တိုက်ခိုက်ပြီး ကားမီးရှို့ဖျက်ဆီး
မေ ၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တာဝန်ရှိသူ တစ်ဦး လိုက်ပါလာတဲ့ကားကို ဗိုလ်ကော်လားဖိုးဦးဆောင်တဲ့ KTLAအဖွဲဝင်တွေက ထိုင်းပိုင်နက် နယ်မြေအတွင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ မြန်မာ-ထိုင်းနယ်စပ် သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မကြာခဏခြုံခိုတိုက်ခိုက်နေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ အခုတခါ ထိုင်းနယ်မြေထဲမှာ အခုလို တိုက်ခိုက်မှု ထပ်မံ ကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။
ဖြစ်စဉ်မှာ မေလ ၈ရက် ညနေပိုင်းမှာ ထားဝယ်ခရိုင် နယ်စပ်ဒေသ ညာပလားခီး(ငါးရံနီ)ဒေသအနီး၊ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ ထိုင်းလူသားစာနာက တာဝန်ရှိသူနဲ့ ယာဉ်မောင်းဟာထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် သူတို့စီးလာတဲ့ကားကို KTLA က မီးရှို့ဖျက်ဆီးခဲ့တာလို့သတင်းရင်းမြစ်က ပြောပါတယ်။
" ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့နယ်မြေထဲမှာ မဟုတ်ဘူး။ထိုင်းနယ်မြေထဲမှာ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းအာဏာပိုင်နဲ့ ထိုင်းတာဝန်ခံတွေပဲ တာဝန်ရှိတယ်ပေါ့” လို့ နယ်စပ်ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ကော်လာဖိုးအဖွဲ့ဟာ စစ်တပ်ထံ ၂ကြိမ်အလင်းဝင်ခဲ့ဖူးပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် KNLA တပ်မဟာ(၄) တပ်ဖွဲ့တွေကို မကြာခဏ တိုက်ခိုက်မှု လုပ်ဆောင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဒါ့အပြင် KTLAဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ဒေသတွင်း အရပ်ဖက်အဖွဲ့တွေရဲ့ ကန့်ကွက်မှု ကြုံခဲ့ရပါတယ်။
KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို တိုက်ခိုက်နေတာကြောင့် KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ သတ်မှတ်ကြေညာထားပါတယ်။
KTLAဟာ ထိုင်းနိုင်ငံအတွင်းမှာလည်း လှုပ်ရှားသွားလာနေတဲ့ အဖွဲ့ဖြစ်ပြီး အခု လို ထိုင်းတာဝန်ရှိသူကို တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ KTLAဟာ ထိုင်းငံနိုင်ငံဘက်မှာ လက်နက်များ သိုလှောင်ထားရှိပြီး မြန်မာ-ထိုင်းနယ်စပ်ဒေသများတွင် မိုင်းများထောင်တာ၊ ခြုံခိုတိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
KNU မြိတ်ထားဝယ်ခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ကော်လားဖိုးရဲ့ KTLAဟာ မတ်လ ၇ရက် မနက်မှာမြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း( မြိုနယ်၊ ပေါခလိုးဒေသ(ဘန်းချောင်းကျေးရွာအုပ်စု)မှာ နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး အလုပ်လုပ်နေတဲ့ KNLA ရဲဘော် ၁ဦးနဲ့ မြိုနယ် လုပ်သား ၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မတ်လ ၄ရက် ညနေပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြိုနယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော(ပျားသားချောင်း)ကျေးရွာကြားမှာ KNLA ရဲဘော်တွေကို KTLAက တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း(၁၂)က ရဲဘော် ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မတ်လ ၁၀ရက်မှာလည်း ကစယ်ဒိုမြို့နယ် ဖိုးလမိုင်း ဒေသမှာ KTLA တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။ ဒါ့အပြင် မတ်လ ၁၄ရက်မှာလည်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

👎22🤬19❤9🤮1
မုံရွာမှာ ဒီကနေ့ညနေပိုင်း လူငယ် ၂၀ကျော် ပေါ်တာဆွဲခံရ
မေ-၉၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီကနေ့ မေလ ၉ရက် ညနေပိုင်းမှာ လူငယ် ၂၀ကျော် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ညနေပိုင်းက မုံရွာမြို့၊ ကျောက္ကာလမ်းမီးပွိုင့်က မျိုးဆက်သစ် လျှပ်စစ်ပစ္စည်းရှေ့မှာ လူငယ် ၁၀ဦးခန့်၊ ရွှေဝါရောင်လမ်းနဲ့ အေးရိပ်သာလမ်းမှာ ရှစ်ဦးကို စစ်တပ်က အိမ်စီးကားနှစ်စီးနဲ့ ခွဲတင်ကာ ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း Monywa Revolution က အသိပေးပါတယ်။
ဒါ့အပြင် အောင်မဟာလမ်းပေါ်မှာလည်း လမ်းကိုပိတ်ပြီး ပေါ်တာဆွဲလို့ ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း Monywa Revolution က ထပ်မံ အသိပေးပါတယ်။
"တော်တော်ဆွဲတယ်။ စီမံချက်နဲ့ ဆွဲနေတာလို့ ကြားတယ်။ မနက်ခင်းပဲထွက်ပြီး နေ့လယ်ဆို အပြင်မထွက်တော့ဘူး"လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလဆန်းကလည်း မုံရွာမြို့ပေါ်က နေအိမ်တွေအထိတက်ပြီး ပေါ်တာဆွဲလို့ လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရပါသေးတယ်။ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပြီး အလုပ်သမားတွေ အလုပ်သွားဖို့ကို ခက်ခဲနေကြောင်း သိရပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်မှုထမ်းအပတ်စဥ် (၂၄)ကို စတင်နေပြီဖြစ်ပါတယ်။

🤬17❤16👎12👍1🔥1
■ဝတ္ထုတို
"အဆွေးဆုံး နှလုံးသားရဲ့တေးများ"
■ ဆူးနတ်သန်
ညအမှောင်ဟာ ပျိုးပျိုးပျက်ပျက် မီးရောင်အောက်မှာ
ငြိမ်းချမ်းစွာ ရှိနေတယ်။ အသက် ၂၄ နှစ်အရွယ်ကောင်မလေးနဲ့ အသက် ၂၅ အရွယ် ကောင်လေးဟာ
အမှောင်ထုထဲမှာ လက်တွဲလမ်းလျှောက်ရင်း တယောက်ခါး တယောက် မလွတ်တမ်း ဖက်ထားကြမယ်။ အချစ်ဆိုတဲ့ နယ်ပယ်ကို ကျယ်ပြန့်အောင် တည်ဆောက်ရဲကြသူတွေရဲ့ အရွယ်ပဲပေါ့။
အချိန်ဟာ ငယ်ရွယ်နုပျိုမှု အတွေးအခေါ်တွေနှလုံးသားကို တိုက်စားဖြတ်နင်းတတ်တဲ့ ရက်စက်သူပဲ။ ဒါမှမဟုတ် အချိန်ဟာ နည်းလမ်းကျတဲ့ သဘာဝပါ။ ၅ နှစ် ကုန်လွန်သွားတဲ့ ၂၉ နှစ်အရွယ် မိန်းမတယောက်နဲ့ ၃၀ အရွယ် ယောက်ျားတယောက်ဟာ အမှောင်ထုထဲ လက်တွဲ လမ်းလျှောက်ဖို့ မပြုမူတော့ဘဲ လက်ဖက်ရည် ခပ်ကျကျ ဖျော်တတ်တဲ့ဆိုင်မှာ
ချောင်ကျကျ စားပွဲကို ရွေးမယ်။ ဘဝအကြောင်း လေးလေးနက်နက် ပြောတော့မယ်။ လူတွေအကြောင်း စဉ်းစားချင့်ချိန်ပြီး ပြောမယ်။ တကယ်ချစ်တဲ့သူကို လက်ထပ်ဖို့ထက် ကိုယ့်အတ္တနဲ့ ကိုယ့်လူမှုအသိုင်းဝိုင်းနဲ့ အဆင်ပြေသူကို လက်ထပ်ဖို့ ရွေးချယ်တော့မယ်။ အသက်လတ်ပိုင်းဟာ သိပ်ရှုပ်ထွေး မခံချင်တဲ့ လူ့ဗီဇပေါ်လာတာပါပဲ။
အကို စီးပွားရေးတခု လုပ်နေတယ်။ ကုမ္ပဏီအသေးစားလေးပါပဲ။ ဝန်ထမ်း လေးငါးယောက်နဲလည်ပတ်ထားရုံနဲ့ အဆင်ပြေပြေ ရပ်တည်လို့ရတဲ့ စီးပွားရေးပေါ့လေ။ ငေးငေးရီရီ ပုံစံက ပိုပေါ်လွင်လာတယ်။ စီးပွားရေးသမားဖြစ်ဖို့က သူ့ဆန္ဒမဟုတ်ဘူးလို့ ကျနော့်ကို တပ်အပ်ဝန်ခံနေတာလား။ အကို တကယ်ပဲ စီးပွားရေးသမား ဖြစ်ချင်လို့လားလို့
ကျနော် စကားထောက်လိုက်ချင်ပါတယ်။ ဒါပေမဲ့
အသိဉာဏ်ဆိုတာ ကိုယ်တိုင် တူးဖော်ရတာ သိမြင်ရတာပဲ။ ကိုယ်တိုင်ကြုံတွေ့ သိမြင်ရတဲ့ အခြေအနေကို အကို ရင်ဆိုင်သင့်တယ်လို့ ယူဆတယ်။
ကျနော်က အကို့ဘဝရဲ့ အခန်းကဏ္ဍတွေထဲ ဖြတ်သွားဖြတ်လာ ဧည့်သည်ထက် နည်းနည်းလေး ပိုရုံပါပဲ။ အရင်လောက် မိုက်ရူးရဲ မဆန်ကြတော့တာက နှစ်ယောက်လုံးကို အချိန်က သင်ကြားခံလိုက်ရလို့ပါပဲ။ တခါတခါလည်း အသက်လတ်ပိုင်းရဲ့ အချစ်ကို ဘာလို့ ဖြူစင်အောင် ထားချင်ခဲ့လဲ တွေးချင်ပါတယ်။နှစ်ယောက်လုံးမှာ ပိုင်းဖြတ်ထားမှု တိကျလာတော့လည်း အပြောင်းအလဲ တခုခု လုပ်မိရင် အပြစ်ဒဏ်ပိုကြီးသွားမယ် အရောင်တွေ စွန်းထင်းရင် အရာရာ အကောင်းတိုင်း ကျန်ရစ်ဖို့ မလွယ်ကူပါဘူး။
နီးလာလိုက် ဝေးသွားလိုက် ချိန်ချိန်ဆဆသံယောဇဉ်ကို တုတ်ခိုင်လာဖို့ အားမထုတ်ကြပါဘဲ နှစ်ယောက်ကြားမှာ ပိုပြီး ဆွဲငင်လေလေပါပဲ။ ဒါဟာ ဖြူစင်မှုထဲက အချစ်သက်သေပါပဲ။ စိတ်ကူးထဲက ဘဝအိမ်ဟာ ပိုကျယ်ဝန်းကြတာချည်းပါ။ အကိုနဲ့ ကျနော်ဟာ ပိုပြီး နီးစပ်ခဲ့မယ်။ အိမ်ရာထူထောင်ခဲ့မယ်ဆိုရင် စာအုပ်အကြောင်း ဆွေးနွေးဖော် ဆွေးနွေးဖက် ဖြစ်ကြမယ်။ ခင်ဝမ်းသီချင်းတွေ ငြီးကြမယ်။ ဝင်းမင်းထွေးနဲ့ ဆူးမှာ ဘယ်သူက တေးရေးပိုတော်လည်း
စာသားညက်လည်း ငြင်းခုန်ကြမယ်။ ငြင်းခုန်ကြတယ်သာ ပြောမယ်။ အကိုနဲ့ ကျနော့်ကြား အလျှော့အတင်း မှန်မှန်ပဲ ရှိခဲ့ကြတာပါ။ ငြင်းခုန်ရမယ့်အစား အယူဆမတူဘူးဘဲ ပြောကြပါတော့နဲ့ တယောက်ကို တယောက် နားလည်ပစ်လိုက်ကြတာချည်းပါ။ ရင်ခုန်သံ ဝုန်းဒိုင်းကြဲ အခြေအနေတွေ မဟုတ်ဘဲ ဖြည်းဖြည်းမှန်မှန် သံယောဇဉ်ကကြိုးဆို
ပိုမှန်ပါလိမ့်မယ်။
အကို တယောသင်နေတယ်ဆိုတာရယ် ကောင်မလေး ထားလိုက်တယ်။ အကို့ထက် သုံးနှစ်ကြီးတယ်။ စာအုပ်ဆိုလို့ ဗလာစာအုပ်တောင် ကိုင်မကြည့်ချင်တဲ့ မိန်းမတယောက်လို့ သိရပြန်တယ်။ ဂီတအကြောင်း ဘာနားလည်မှတ်လို့စာစီစာကုံးကို သီချင်းလုပ်ဆိုနေတဲ့ အပေါစားဂီတတွေပဲ ခုန်မင်တယ်လို့ သိရတယ်။ ဘာလို့ ဒါတွေ ကျနော့်ဆီ ဖွင့်ဟနေလဲ သိပါတယ်။ လူဆိုတာ ဖြေသာစရာ နားခိုရာမှာပဲ မျက်နှာအစစ်ကို ထုတ်ပြတတ်တာပဲ။ အကို့ကို ကျနော် နှစ်သက်မြတ်နိုးတာ သူ့အတ္တကို မလိမ်ညာတာပါပဲ။
ကျနော့်အတွက် အကိုဟာ ဘယ်ချိန်ပြေးဖွင့်ဖွင့်
ပွင့်လာမယ့် တံခါးချပ်ဆိုတာ သိလေလေ
ဖွင့်ဖို့ မကြိုးစားချင်လေလေပါပဲ။ အကို့နှလုံးသားရှေ့ ရပ်ရင်း အကို ကြီးပြင်းလာတာ ကြည့်ရင်း ကျနော့်ကို ကျနော် အနည်ထိုင်သွားချင်ပါတယ်။ အကိုနဲ့ ကျနော်ဟာ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတဲ့ ထုံးစံအတိုင်း အကို့ရှေ့မှာ မြည်တွန်တောက်တီးတတ်တဲ့ ငြီးငြူတတ်တဲ့ ဇနီးမယား တယောက်ထက် ငြိမ်းချမ်းရေး တေးဆိုရင်း ကဗျာတွေ ဖွဲ့ရေးသွားတဲ့ မိတ်ကောင်းဆွေကောင်း အမျိုးသမီးတယောက်အဖြစ် ရပ်တည်နေထိုင်သွားချင်ပါတယ်လို့ ဝန်ခံဖူးတယ်။ အကို့ကို မယုံကြည်နိုင်တဲ့ စကားလားလို့ ပြန်မေးဖူးရဲ့။ ကျနော့်ကို ကျနော် ယုံကြည်စိတ်ရှိသမျှ အကို့အပေါ်လည်း ထပ်တူပါပဲ။ အချစ်ကို လက်ထပ်ခြင်းနဲ့ သင်္ဂြိုလ်ပစ်တာ မလုပ်ချင်ဘူး။ ကျနော့်ဆန္ဒသက်သက်ရယ်ပါ။
အကို နားလည်တဲ့ မိန်းမတယောက်ဟာ သူ့နှလုံးသားနဲ့ သူ့ဆန္ဒကို အထပ်ထပ် မီးနဲ့ဆေးကြောရဲသူဆိုတာ သိခဲ့ပုံပါပဲ။
မကြာမကြာ တွေ့ဆုံကြဖို့ ချိန်းဆိုမယ်။ တွေ့ရင်ထွေရာလေးပါးပြော သူ့အခြေအနေ ကိုယ့်အခြေအနေ အကဲခတ် နေ့စဉ်ထမ်းပိုးထားတဲ့ တာဝန်တွေကို ခပ်ထေ့ထေ့ သရော်ပစ်ကြမယ်။ ဟာသတွေနဲ့ ရောထွေးပစ်လိုက်တော့လည်း ခေတ်စနစ်တွေထဲကနှလုံးသားအနာကို ပေါ့ပါးစေပြန်ကောလေ။ အကိုနဲ့ ကျနော်ဟာ ကိုယ့်ဘဝကိုတောင် အရန်ခုံကနေ ကြည့်မြင်ရင်း ဘဝနဲ့အတ္တကို ကောင်းကောင်း ထုပ်ပိုး စောင့်ထိန်းတတ်ခဲ့ပြီ။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,649 likes · 5,579 talking about this. News & media website
❤12🔥4👍3
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဆူးနတ်သန်' ရေးဖွဲ့တဲ့ "အဆွေးဆုံး နှလုံးသားရဲ့တေးများ" ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
'ဆူးနတ်သန်' ရေးဖွဲ့တဲ့ "အဆွေးဆုံး နှလုံးသားရဲ့တေးများ" ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,649 likes · 5,579 talking about this. News & media website
❤11🔥4👍3
■ရုပ်ရှင်ခံစားမှု
ကျွန်တော်တို့ အတူတူရှိနေတဲ့အခါ
...Swapped (၂၀၂၆)
ဝဇီရာ/People's Spring
သူ့နာမည်က အိုလီတဲ့။ အိုလီတို့က ဖျံနဲ့လည်းဆင်တယ်။ သူတို့ကို ပူကူးလို့ခေါ်ကြတယ်။ အိုလီတို့က မြေပြင်ပေါ်မှာ နေထိုင်ကြတဲ့ သတ္တဝါလေးတွေပါ။ သူတို့အတွက် တောအုပ်ဟာ အစာရှာဖွေရာ နေရာဖြစ်သလို၊ အန္တရာယ်တွေပြည့်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။
အိုလီတင်မကဘူး အိုလီတို့ တောအုပ်ထဲက သတ္တဝါတွေက အကုန်အဆန်းတွေ။ သတ္တဝါတွေတင်မကဘဲ သူတို့နေတဲ့ တောအုပ်ကလည်း သာမန်တောအုပ်တွေနဲ့မတူပြန်ပါဘူး။ အရောင်အသွေး စုံလင်လှပပြီး မှော်ဆန်တဲ့ အပင်တွေနဲ့ ပြည့်နှက်နေတယ်။
အိုလီက စွန့်စားတယ်။ စူးစမ်းတယ်။ အိုလီကို မိဘတွေကတောင် တားယူရတယ်။ တနေ့တော့ အိုလီဟာ သူတို့နဲ့ ရန်သူတော်လို့ပြောရမယ့် ဂျာဗန်ငှက်မျိုးနွယ်စုတွေထဲက ငှက်မလေးတစ်ကောင်ကို အသီးအနှံ ဘယ်လိုခွဲစားရတယ်ဆိုတာ ပြပေးလိုက်တာ ငါးပါးမှောက်ပါလေရော။ ငှက်မျိုးနွယ်စုတစ်စုလုံးက အိုလီတို့တွေစားမယ့် သစ်သီးသစ်နှံတွေကို ပိုင်စိုးသွားခဲ့တယ်လေ။ ဂျာဗန်ငှက်တွေက တောအုပ်ရဲ့ ကောင်းကင်ယံနဲ့ သစ်ပင်ထိပ်ဖျားတွေကို စိုးမိုးထားသူတွေပါ။ သူတို့ဟာ မြေပြင်က သတ္တဝါလေးတွေကို အထင်သေးတတ်ကြပါတယ်။ အိုလီတို့က လူမထင်(အဲ) သတ္တဝါမထင်ကြဘူး။
တောထဲမှာ တခြားမျိုးနွယ်စုတွေလည်း ရှိပြီး တစ်မျိုးနဲ့တစ်မျိုး မတည့်ကြပြန်ပါဘူး။ တစ်နေ့တော့ အိုလီဟာ တခြားသတ္တဝါတွေကလိုက်လို့ ပြေးရင်း ကျင်းတစ်ခုထဲ ကျသွားခဲ့ပါတယ်။ သူ့မျိုးနွယ်တွေက လိုက်ရှာလို့ တွေ့တဲ့အခါ သူ့ကိုဝိုင်းထုကြပါတော့တယ်။ အိုလီဟာ ဂျာဗန်ငှက်ကြီးအဖြစ် ခန္ဓာကိုယ် ပြောင်းလဲသွားတော့တာပါ။ အိုလီ ဘယ်လိုရှင်းပြ ရှင်းပြ မရတော့လို့ ထွက်ပြေးရတယ်။
အိုလီလိုပဲ ဂျာဗန်ငှက်မလေးလည်း ငှက်ကနေ အိုလီတို့လို ပူကူးအမျိုးအနွယ် သတ္တဝါအဖြစ် ပြောင်းလဲသွားတယ်။ သူတို့နှစ်ယောက် မူလမျိုးနွယ်ပြန်ပြောင်းဖို့က မှော်အသီးတစ်မျိုးကို စားပေးရမှာပါ။ ရန်ဘက် မျိုးနွယ်စုတစ်စုဆီက နှစ်ယောက်ပေါင်းပြီး မှော်အသီးဆီ စွန့်စားခန်းဖွင့်ရ
တော့တယ်။
တကယ်တော့ သူတို့ရဲ့ဘုံရန်သူတော်ကြီးတစ်ဦး ရှိနေပါတယ်။ သူကတော့ မီးတောက်ဝံပုလွေပါ။ တစ်တောလုံး မှီတင်းနေထိုင်နေကြတဲ့ သတ္တဝါတွေကို ဒုက္ခလှလှပေးမယ့် မီးတောက်ဝံပုလွေပါ။ အဲဒီမီးတောက်ဝံပုလွေကို အိုလီတို့တတွေ ဘယ်လိုအပြုတ်ဖြုတ်ကြမလဲ။
Swapped ဟာ ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့မှာ Netflix ကနေ ဖြန့်ချိလိုက်တဲ့၊ Skydance Animation က ထုတ်လုပ်ထားတဲ့ စိတ်ကူးယဉ် အက်ရှင် ဟာသ ကာတွန်းရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။
Animation ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ အပင်တွေရဲ့ ပုံဖော်မှုပိုင်းမှာ တော်တော်လေး လှပပြီး လက်ရာမြောက်တယ်လို့ ဝေဖန်ရေးသမားတချို့က ဆိုထားပါတယ်။
အိုလီတို့တောအုပ်ထဲက တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်တဲ့၊ မတူညီတဲ့ မျိုးနွယ်စုတွေ ကိုကြည့်ရင်း ကျွန်တော်တို့ဆီက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်သူလိုဖြစ်နေကြတဲ့ တော်လှန်ရေးအဖွဲ့တချို့ကို မြင်နေမိတယ်။ တကယ်တော့ ကျွန်တော်တို့ကို ဒုက္ခပေးမယ့် ဘုံရန်သူတော် မီးတောက်ဝံပုလွေကြီးက ရာဇပလ္လင်ထက်မှာ မိန့်မိန့်ကြီးလေ။
အိုလီကတော့ ဒီလိုပြောခဲ့တယ်။ "ကျွန်တော်တို့ပိုပြီးအင်အားတောင့်တင်းတယ်။ အတူတူရှိနေတဲ့အခါမှာပေါ့"တဲ့။

❤15👍6🔥3🍓2
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြသပေးဖို့ နယူးဇီလန်ရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ
မေ-၉၊၂၀၂၆။ သုည/People's Spring
နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။
နယူးဇီလန်ရောက်မြန်မာတွေက "Proof of Life" ၊ "Free Burma" ၊"Free Aung San Suu Kyi" စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လာမယ့် ဇွန်လပိုင်းမှာလည်း ကိုထိန်လင်း (ခေါ်) Kim Aris ရဲ့ Australia - New Zealand Campaign ခရီးစဉ်မှာ နယူးဇီလန်ပါလီမန်အမတ်တွေကိုယ်တိုင် Proof Of Life Campaign ပါဝင်လာရေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

❤35👍12🤮1
■ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ်
(The Explainer’s Journalism Handbook)
အခန်း (၇) -
ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို
ရှင်းလင်းအောင် ဘယ်လိုရေးကြမလဲ
ဖွင့်ဆိုရှင်းပြဆောင်းပါးအတွက် စိတ်ကူးတွေလည်း ရပြီ၊ ဘယ်လိုပုံစံနဲ့ ရေးမလဲဆိုတာလည်း ဆုံးဖြတ်ပြီးပြီဆိုရင် တကယ့်လက်တွေ့ ရေးသားတဲ့နေရာမှာ အရေးကြီးဆုံးအချက်တချက်ကို အကြံပေးချင်ပါတယ်။ အဲဒါကတော့ "ရှင်းလင်းအောင် ရေးဖို့" ပါပဲ။
ဖွင့်ဆိုရှင်းပြဆောင်းပါး (Explainer) တပုဒ်ဟာ ဘယ်လောက်ပဲ အချက်အလက်စုံစုံ၊ စာဖတ်သူ ဖတ်ရတာ ရှုပ်ထွေးနေရင် အဲဒီဆောင်းပါးဟာ အလကားပါပဲ။ ဒါကြောင့် ရှင်းကနဲ လင်းကနဲ ဖြစ်သွားအောင် ရေးနိုင်ဖို့ လိုအပ်ပါတယ်။ ခက်ခဲတဲ့
စကားလုံးတွေကို ရှောင်ပါ။
သတင်းထောက်တွေဟာ နယ်ပယ်တခုမှာ အချိန်အကြာကြီး လုပ်ကိုင်လာရင်းနဲ့ အလုပ်နဲ့ ဆက်စပ်တဲ့ သက်ဆိုင်ရာနယ်ပယ်တွေက ကျွမ်းကျင်သူတွေသုံးတဲ့"ပညာရပ်ဆိုင်ရာစကားလုံး (Jargon)" တွေကို ကိုယ်တိုင်လည်း မသိမသာ သုံးမိသွားတတ်ပါတယ်။
ဥပမာအနေနဲ့ စီးပွားရေးအကြောင်း ရေးရင် "ငွေကြေးဖောင်းပွမှု"၊ "GDP" စတဲ့ စကားလုံးတွေကို သာမန်လူတွေ နားလည်အောင် ရှင်းပြပေးရပါမယ်။ တတ်နိုင်ရင် အဲဒီလို စကားလုံးတွေအစား "ကုန်ဈေးနှုန်းတက်တာ" ဒါမှမဟုတ် "နိုင်ငံရဲ့ စီးပွားရေး အင်အား" စသဖြင့် လူတိုင်းနားလည်တဲ့ စကားလုံးတွေနဲ့ အစားထိုး သုံးတာ ပိုကောင်းပါတယ်။
●စာကြောင်းတွေကို တိုတိုနဲ့ ရှင်းရှင်း ရေးပါ။
စာကြောင်းတကြောင်းထဲမှာ တင်ပြချင်တဲ့ အကြောင်းအရာတွေကို အများကြီး ထည့်မရေးပါနဲ့။ အချက်အလက်တခုကို စာကြောင်းတကြောင်းပဲ သုံးတာ အကောင်းဆုံးပါ။ စာဖတ်သူဟာ စာကြောင်းရှည်ကြီးတွေကို ဖတ်ရတဲ့အခါ အဆုံးရောက်ရင် အစပိုင်းတွေကို မေ့သွားတတ်ပါတယ်။
ဒါကြောင့် တတ်နိုင်သမျှ စာကြောင်းတိုတိုလေးတွေနဲ့ ခွဲရေးတာဟာ စာဖတ်သူရဲ့ ဦးနှောက်ကို အနားပေးရင်း ဖတ်ခိုင်းသလို ဖြစ်စေပါတယ်။ ဖွင့်ဆိုရှင်းပြဆောင်းပါးဆိုတာ အမှောင်ထဲမှာ မီးထွန်းပြသလိုမျိုးပဲ ဖြစ်ရပါမယ်။ အရေးအသား ရှုပ်ထွေးမှုကြောင့် စာဖတ်သူကို ပိုပြီး မျက်စိလည်သွားအောင် မလုပ်မိပါစေနဲ့။
●နှိုင်းယှဉ်ချက် (Analogies) တွေကို သုံးပါ။
ရှုပ်ထွေးတဲ့ ကိစ္စတွေကို လူတွေ သိပြီးသား အရာတွေနဲ့ နှိုင်းယှဉ်ပြလိုက်တာဟာ အကောင်းဆုံး ရှင်းပြနည်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အစိုးရရဲ့ ဘတ်ဂျက်အကြောင်း ရှင်းပြချင်တဲ့အခါ " အိမ်ထောင်စုတစုရဲ့ ဝင်ငွေထွက်ငွေ" နဲ့ နှိုင်းယှဉ်ပြတာမျိုးပါ။
မိသားစုတစုဟာ ဝင်တဲ့ငွေထက် ပိုသုံးရင် အကြွေးတင်သလိုပဲ၊ အစိုးရကလည်း အခွန်ရငွေထက် ပိုသုံးရင် နိုင်ငံမှာ အကြွေးတင်လာတာတယ် ဆိုတာမျိုး နှိုင်းယှဉ်ပြလိုက်ရင် စာဖတ်သူက ချက်ချင်း သဘောပေါက် သွားပါလိမ့်မယ်။
●စာပိုဒ်တွေကို ခွဲရေးပါ။
စာမျက်နှာအပြည့် စာသားတွေချည်းပဲ မြင်နေရရင် စာဖတ်သူက ဆက်ဖတ်ဖို့ တွန့်ဆုတ်သွား တတ်ပါတယ်။ အကြောင်းအရာ တခုပြီးတိုင်း စာပိုဒ်အသစ် ခွဲပေးပါ။ လိုအပ်ရင် ခေါင်းစဥ်ခွဲလေးတွေ (Sub-Headings) တပ်ပေးပါ။ ဒါမှ စာဖတ်သူက သူသိချင်တဲ့ အပိုင်းကို အလွယ်တကူ ရှာဖတ်လို့ရမှာပါ။
●လူတယောက်ကို ဘေးနားကနေလာပြီး ရှင်းပြနေသလိုမျိုး ရေးပါ။
သင့်အနေနဲ့ သူငယ်ချင်းတယောက် ဒါမှမဟုတ် ဦးလေး/အဒေါ် တယောက်ယောက်ကို အကြောင်းအရာတခု အကြောင်း ဘေးနားကနေ ပြောပြနေတယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီလို လေသံမျိုးနဲ့ ရေးတာဟာ စာဖတ်သူအတွက် အရင်းနှီးဆုံးနဲ့ နားအလည်လွယ်ဆုံး ဖြစ်စေပါတယ်။
အထက်က အကြံပေးချက်တွေကို သတိထားပြီး ရေးသားမယ်ဆိုရင် ဖွင့်ဆိုရှင်းပြဆောင်းပါးဟာ ဘယ်လောက်ပဲ ခက်ခဲတဲ့ အကြောင်းအရာဖြစ်ပါစေ၊ စာဖတ်သူတွေအတွက် ရှင်းလင်းသွားစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ။
(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစားလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး လူထုနွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ် စနေနေ့တိုင်းဖော်ပြပေးနေတာဖြစ်ပါတယ်။ ။အယ်ဒီတာ )

👍19❤1🤮1