People's Spring
63.4K subscribers
65.6K photos
1.15K videos
7 files
2.85K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍247🔥3
👍195💩3🔥1
စစ်တပ်ကမင်းပြားနဲ့ကျောက်တော်မြို့ကိုဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲ

​မေ-၉၊၂၀၂၆။ဇော်ရမ်း/People's Spring

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေ
ယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ်၊ကျောက်ခုတ်ကျေးရွာ အရှေ့
တောင်ဖက်ရှိကင်းမွန်ချောင်းဂျိုင်နဲ့ပတ်ဝန်းကျင်ရှိကျေးရွာတွေကိုမေလ (၇) ရက်၊ နေ့ခင်းပိုင်းနဲ့ ကျောက်တော် မြို့နယ်၊သုံးခွအနီးပတ်ဝန်းကျင်ကို ညပိုင်းမှာဗုံးကြဲခဲ့တာလို့ AAကမေလ ၈ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီနေရာတွေကို "တရစပ်မရပ်မနားဗုံးကြဲတိုက်
ခိုက်"ခဲ့သလို Cluster Boomb တွေလည်း ကြဲသွားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

"ပေါင်၅၀၀တွေရော Cluster Boomb တွေပါ ရာချီကြဲတာပါ။ဒါတွေကစစ်ရာဇဝတ်မှုပါ။ လူသတ်နေတာပါ" လို့ ရခိုင်‌စစ်ရှောင်တွေကို ကူညီနေသူ
တဦးကပြောပါတယ်။

ကျောက်တော်မြို့ကိုဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်
သားပြည်သူတစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း တဦး၊ ကလေးတစ်ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူ (၁၀) ဦးခန့်ရှိခဲ့တယ်လို့ AA က​ဖော်ပြပါတယ်။လူထိခိုက်သေဆုံးမှုတွေအပြင် လူနေအဆောက်အအုံတချို့ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့သေ
ဆုံးမှု၊ဗုံးစထိမှန်မှုတို့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဧပြီလထဲမှာလည်း ရခိုင်ပြည်နယ်အ
တွင်း သံတွဲ၊ ငပလီ၊မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ရသေ့တောင်မြို့နယ်တွေကို လေ
ကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိမေလထဲမှာလည်း ဆက်လက် ဗုံးကြဲနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ပုံစံပြောင်း
လာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်
( AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။လေကြောင်းတိုက်ခိုက်ရာမှာဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်း
ထောက်လေယာဉ်တွေတစ်ပြိုင်တည်းသုံးတိုက်
ခိုက်နေတာကြောင့်ဒေသခံပြည်သူတွေ အနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်
ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကမေလ၄ရက်နေ့က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလိုဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်
အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့လည်းအသိပေးထားပါတယ်။
🤬40👎53😁1
စစ်တပ်က ရခိုင်ပြည်နယ်​မြောက်ဦးမြို့နယ်က ​ပြည်သူ့ဆေးရုံကို ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်ကဗုံးကြဲခဲ့ပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-​ဝေဟင်​အောင်
🤬29😢10👎2😁1
ခုချိန်ထိ မြန်မာနိုင်ငံမှာ ဆင်ဖြူတော်အကောင်ရေ ၉ကောင်ရှိပါတယ်တဲ့။ဒါတောင်သေသွားတဲ့ ဆင်
ဖြူတော်တွေရဲ့အရေအတွက်မပါသေးဘူး။

ဘုန်းတံခိုးကြီး၊မကြီးနဲ့ မင်းကောင်းမင်းမြတ်ဖြစ်၊ မဖြစ်တော့ သေချာမသိပေမယ့် ဆင်ဖြူတော်တွေကတော အဲကွန်းခန်းထဲမှာ သံကြိုးခတ်ခံထားရသလို၊ တိုင်းပြည်ကလည်း မွဲပြာကျပြီး ဘာမှရစရာမရှိအောင် ပျက်စီးနေပါပြီ။

တကယ်တော့ ဒါတွေဟာ ဝါဒဖြန့်တာတွေပါပဲ။ အာဏာရှင်တွေဟာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကိုမမြင်စေချင်ဘူး။ မြန်မာကျပ်ငွေ တန်ဖိုးကမ္ဘာ့အောက်ဆုံး ရောက်နေတာကို မေ့ထားစေချင်တယ်။ စစ်မြေပြင်မှာ ရှုံးနိမိတ်ပြနေတာတွေကို ဖုံးကွယ်ချင်တယ်။


https://www.ludunwayoo.com/opinion-mm/2026/05/09/156659/
😁29👍72💩2🤣2😭1
KNUဖမ်းမိတဲ့ ကျပ်သိန်းငါးထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ထိုင်းအာဏာပိုင်တွေကို စစ်ဆေးစေပြီး မီးရှို့ဖျက်ဆီး

▪️မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်

မေ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေမှာ ဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး ကော်သူးလေဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို သက်ဆိုင်ရာ အဖွဲ့တွေဆီ အကြောင်းကြားပေးဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် အတွင်း ဖမ်းမိ မူးယစ်ဆေးဝါးတွေကို မေလ ၇ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။တပ်မဟာ(၅)နယ်မြေမှာ မီးရှို့ခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ ကျပ်သိန်း ၅၀၀၀ နီးပါး((၄၉၆,၅၀၀,၀၀၀ ကျပ်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေလို့ အသိပေးထားပါတယ်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်) သံလွင်မြစ်မှာ ဆီပုံးတွေ အသွင်ယူ သယ်လာတဲ့ မူးယစ်ဆေးဝါးတွေကို ကရင်အမျိုးသားနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ၂၀၂၅ ဒီဇင်ဘာ ၁၈ရက်မှာ ဖမ်းမိခဲ့ရာ မေလ ၇ရက်မှာ မီးရှို့တာလို့ဆိုပါတယ်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ အတောင့်ကြီး (၉၉၃) တောင့်၊ အတောင့်ငယ် (၄၄၅) တောင့်၊ အထုပ်ကြီး (၄၉,၆၅၀) ထုပ်ဖြင့် စုစုပေါင်း အလုံးရေ ၉,၉၃၀,၀၀၀ (၉၉သိန်း ၃သောင်း) လုံး ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကရင်အမျိုးသားနယ်စပ်လုံခြုံရေးတပ်ဖွဲ့များက သံလွင်မြစ်ပေါ်တွင် သွားလာနေသည့် လှေတစ်စီး ကို သံသယရှိလို့ စစ်ဆေးခဲ့ရာမှ စိတ်ကြွဆေးပြားများကို စက်သုံးဆီ ပုံးများအသွင်နဲ့ သယ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားရဲတပ်ဖွဲ့မှအဆိုပါမူးယစ်ဆေးဝါး တရားမဝင် ရောင်းချသူများကို ဆက်လက်အရေးယူကိုင်တွယ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

သံလွင်မြစ်ကဲ့သို့ နယ်စပ်နဲ့ ဆက်စပ်တဲ့ ဒေသများမှာ မူးယစ်ဆေးဝါး တရားမဝင် သယ်ယူပို့ဆောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိလို့ စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ KNU မူတြော်ခရိုင်တာဝန်ရှိခေါင်းဆောင်တစ်ဦးက ပြောကြားထားပါတယ်။

မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ ကော်သူးလေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ မှ ဥပဒေစည်းမျဉ်းများနဲ့ အညီ တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုဖြင့် မီးရှို့ဖျက်ဆီးခဲ့ပြီး မီးမရှို့မီတွင်လည်း ထိုင်းတာဝန်ရှိခေါင်းဆောင်များမှ စစ်ဆေးအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။
အရင်ကလည်း KNUက ဖမ်းမိမူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးရာမှာ ထိုင်းအာဏာပိုင်တွေကို စစ်ဆေး အတည်ပြုပြီးမှ မီးရှို့တာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

အခမ်းအနားကို KNU ဖာပွန်(မူတြော်)ခရိုင်တာဝန်ရှိခေါင်းဆောင်များ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)၊ကရင်နယ်စပ်ရေးရာကော်မတီ (မူတြော်ခရိုင်)၊ ကော်သူးလေသစ်တောဌာန (မူတြော်ခရိုင်)၊ ကရင်အမျိုးသမီးအစည်းအရုံး( KWO)၊ ထိုင်းနယ်စပ်ရေးရာတာဝန်ရှိခေါင်းဆောင်များ၊ ထိုင်းသတင်းမီဒီယာများနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
36👏14👍4😁1
(ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - KNU)
👍48👏4😁1
ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ့် နှစ် ၉၀ ပြည့်ဗကသ

မေ-၉၊၂၀၂၆။ သတိုး/People's Spring

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

“အခုလို နှစ် (၉၀) ပြည့် အချိန်မှာတော့ အဲဒီအဆင်မပြေမှုတွေနဲ့ မကျေလည်မှုတွေအားလုံးကို ချန်ထားခဲ့ချင်ပါပြီ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ အမှားအယွင်းတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ သက်ဆိုင်သူအားလုံးကို လေးလေးနက်နက် တောင်းပန်အပ်ပါတယ်။ ဗကသများအဖွဲ့ချုပ်အပေါ်ရှိတဲ့ အမှားအယွင်းတွေ အားလုံးကိုလည်း ခွင့်လွှတ်ပြီး ချန်ထားခဲ့ပါပြီ။ မိတ်ဆွေတွေကြား ပဋိပက္ခတွေ အဆင်မပြေတာတွေကို ဆက်လက် သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ကိုပဲ ဗကသရဲ့ မျိုးဆက်သစ်အားလုံးကို လက်ဆင့်ကမ်းခဲ့ချင်ပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစု အားလုံးအနေနဲ့လည်း ဒီလိုညီညွတ်ရေးစိတ်ဓာတ်နဲ့ ပြင်ဆင်စုစည်းနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ နှစ် ၉၀ ကာလမှာ မြန်မာပြည်ရဲ့ ပြင်းထန်လွန်းတဲ့ တော်လှန်ရေးအခြေအနေနဲ့ သူတို့ရဲ့ မရင့်ကျက်မှုတွေကြောင့် တော်လှန်ရေးတာဝန်တွေလုပ်ဆောင်ရင်း မိတ်ဖက်အဖွဲ့အစည်းတွေ ခေတ်ပြိုင်အဖွဲ့အစည်းတွေ လူထုလူတန်းစားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကြားမှာ အထိအရှတွေ၊ ပွတ်တိုက်မှုတွေ၊ အားပြိုင်မှုတွေနဲ့ မကျေလည်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

"အဖွဲ့အစည်းတခုအနေနဲ့ ပေးဆပ်စွန့်လွှတ်ရမှုတွေနဲ့ ရထားတဲ့ ဒဏ်ရာတွေက များတယ်ဆိုပေမဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံတော်သစ်တရပ် ဖြစ်ထွန်းပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတဲ့အတွက် တာဝန်မကျေသေးဘူးလို့ပဲ ခံယူပါတယ်။" လို့ ဗကသအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အဖွဲ့ချုပ်‌အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဲဒီအတွက် ဘယ်လို စွန့်လွှတ်ပေးဆပ်ရမှုမျိုးမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားဖို့ အသင့်ဖြစ်နေတယ်လို့လည်းဆိုပါတယ်။

"ဗကသများအဖွဲ့ချုပ်ရဲ့ အလံတော်ကို တမိနစ်၊ တစက္ကန့် သယ်ဆောင်ခဲ့သူကအစ ဘဝတလျှောက်လုံး သယ်ဆောင်ခဲ့သူအလယ် ကျဆုံးကွယ်လွန်ပြီးချိန် ဘဝတွေ၊ အမည်နာမတွေ၊ ဂုဏ်သိက္ခာတွေနဲ့ ဆက်လက်သယ်ဆောင်သူများအဆုံး ရဲဘော်များအားလုံးရဲ့ ဂုဏ်ကျေးဇူးကို အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ အဲဒီ ရဲဘော်တွေမရှိဘဲ ဗကသများအဖွဲ့ချုပ်ဆိုတာ မရှိနိုင်လို့ပါပဲ။" လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
👍4912🥰2👏2🔥1
(ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့်နဲ့ မျိုးဆက်ဟောင်းတွေ့ဆုံပွဲကို နယ်စပ်မြို့တနေရာမှာ ပြုလုပ်စဉ်။ ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်)
🥰3910👍9👏2🔥1