ဘုန်းတံခိုးကြီး၊မကြီးနဲ့ မင်းကောင်းမင်းမြတ်ဖြစ်၊ မဖြစ်တော့ သေချာမသိပေမယ့် ဆင်ဖြူတော်တွေကတော အဲကွန်းခန်းထဲမှာ သံကြိုးခတ်ခံထားရသလို၊ တိုင်းပြည်ကလည်း မွဲပြာကျပြီး ဘာမှရစရာ
မရှိအောင် ပျက်စီးနေပါပြီ။
တကယ်တော့ ဒါတွေဟာ ဝါဒဖြန့်တာတွေပါပဲ။ အာဏာရှင်တွေဟာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကိုမမြင်စေချင်ဘူး။ မြန်မာကျပ်ငွေ တန်ဖိုးကမ္ဘာ့အောက်ဆုံး ရောက်နေတာကို မေ့ထားစေချင်တယ်။ စစ်မြေပြင်မှာ ရှုံးနိမိတ်ပြနေတာတွေကို ဖုံးကွယ်ချင်တယ်။ ငြိမ်းချမ်းသာယာနေတယ်လို့ ကမ္ဘာကို ပြချင်တယ်။
ဒါကြောင့် ငါ့လက်ထက်မှာ ပတ္တမြားတွေ့တယ် ကျောက်စိမ်းတွေ့တယ်၊ ဆင်ဖြူတော်တွေ့တယ်ဆိုတဲ့ဂျင်းကိုထည့်တာပါ။
ပတ္တမြားကြီးတွေ့လို့ ဘုန်းကံကြီးတယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ လက်ထက်မှာ ပြည်သူတွေကတော့
ဗုံးပတ်ကြဲခံရ ၊စစ်ကြောင်းထိုး အကြမ်းဖက်ခံရလို့သေဆုံး ဒဏ်ရာရ သူတွေက နေ့စဥ်အမျှပါပဲ ။ကယ်တော့ အာဏာသိမ်းပြီး လူသောင်းချီသတ်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေ အမှန်သာဖြစ်ပါတယ်။
ပြည်သူတွေကတော့ကိုယ့်အိမ်ကိုယ်စွန့်ပြီး စစ်ဘေးရှောင်နေရတယ်၊ အလုပ်လက်မဲ့ ဖြစ်နေရတယ်၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်။ ဒါဟာ ဘုန်းကံကြီးတာလား၊ ဒါမှမဟုတ် တိုင်း
ပြည်ကို ဆင်းရဲတွင်းထဲရောက်အောင် လုပ်နေတာလား။
အာဏာရှင်တွေရဲ့ ဖော်မြူလာကတော့ ပြည်သူတွေကို အဖိုးတန် သယံဇာတတွေပြပြီး မျက်
လှည့်ပြမယ်၊ ပြီးရင် နောက်ကွယ်မှာ တိုင်းပြည်ရဲ့ အနှစ်သာရတွေကို ခိုးယူကြမယ်ဆိုတာပါပဲ။ ဒီထက်မပိုပါဘူး။
တကယ့် ရတနာဆိုတာ မြေကြီးထဲက ထွက်တဲ့ တွင်းထွက်သတ္တုတွေ၊ နေပြည်တော်မှာ ရှိတဲ့ ဆင်ဖြူတွေမဟုတ်ပါဘူး၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေပဲ ဖြစ်ပါတယ်။
အဲ့ဒါတွေ ဖျက်ဆီးနေသမျှတော့ မင်းကောင်းမင်းမြတ်ဆိုတာ ဘယ်သောအခါမျှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ မင်းဆိုး မင်းညစ် စစ်ရာဇဝတ်ကောင်ပဲဖြစ်နေမှာသာဖြစ်ပါတယ် ။ ။

👍29❤11🔥3
ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရ
မေ -၈၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းဆွဲခံရပြီး လေးဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂) ကလာတဲ့ စစ်တပ်စစ် ကြောင်းကို ပေါက်-ဆိပ်ဖြူ နဲ့ ပုသိမ်-မုံရွာလမ်းဆုံ အနီးမှာ အခုမေဘ ၆ ရက်က နင်းမိုင်း၊တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ဒီနေ့(မေလ ၈ ရက်)နယ်မြေရှင်းတော့အလောင်းတွေကို ဖြစ်သလို မြှုပ်သွားတယ်။ဒရုန်းမောင်းသမား သေပြီး ဗုံးတပ်ထားတဲ့ ကင်းထောက် ဒရုန်းလဲ စစ်ကြောင်းထဲ ပြန်ကျလို့ ထပ်သေတဲ့သူတွေ ရှိတာ"လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှုအပေါ် ရှင်းပြပါတယ်။
ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ၊ပေါက်မြို့နယ် ပကဖနဲ့ ရပ်ကျေး ပကဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းမှုအတွင်း စစ်တပ်စစ်ကြောင်းထံက စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အင်အား ၅၀၀ကျော်ပါတဲ့ ကပစ(၂၂)က စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်းဝင်ရောက်သွားပြီးဖြစ်ကာ မြို့အနောက်ဘက်ခြမ်းရောက်နေပြီလို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
"ကပစ(၂၄)ထဲ ရောက်နေပြီ။ဘယ်ဆက်သွားမလဲ စောင့်ကြည့်ရဦးမယ်"လို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဧပြီနောက်ဆုံးပတ်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ(၂၂)ကို ကနဦးရောက်ရှိခဲ့တာလို့ သိရပါတယ်။
ကပစ(၂၂)ကတဆင့် ပေါက်မြို့နယ်တောင်ပိုင်း သပြေအေးရွာကို မေလ ၁ရက်က စစ်ကြောင်း ဝင်ရောက်ခဲ့ပါတယ်။
"ကျောက်ထုကို ထိုးမယ်လို့ ပြောတယ်။၅၀၀ ကျော်တယ်။၆၀၀ နီးပါးကပ်တယ်။ ၉၉ တပ်မ ပါတယ်။စစ်ကြောင်းဦးဆောင်တာဗျူဟာမှူးလို့ ပြောတယ်။မိုင်းမိတာ သူတို့စက်ထဲမှာ ဟိုနေ့ကပြောသံကြားတာဗျူဟာမှူးထိသွားတယ်။ သုံးယောက်သေတယ်"လို့ မေလ ၂ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ်နှစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် (အမတ-၃၆၈)စစ်ကြောင်းဟာ ကံကြီးရွာမှာ အခြေပြုကာ ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာစခန်းချနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
လူဦးရေ ၅၀၀ခန့်ရှိတဲ့ ကံကြီးရွာဟာ မကွေး - ချင်း - ရခိုင် ကုန်လမ်းကြောင်း ပေါ်မှာရှိပြီး ကျောက်ထုမြို့နဲ့ (၇)မိုင်ဝန်းကျင်၊ မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်နီးပါး ကွာဝေးပါတယ်။
"ချင်းတောင်ကို ဦးတည်မယ့်စစ်ရေး စုဖွဲ့ပြင်ဆင်မှု မြင်တယ်။စစ်ကြောင်းကို စောင့်ကြည့်ရမယ်"လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခုရက်ပိုင်းထဲမှာ ထီးလင်းမြို့နယ်တောင်ပိုင်း၊ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်မြို့နယ် ကြားနေရာတွေကို စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်နေပါတယ်။

❤25👍8🔥1🥰1🖕1
မန္တလေးက သုဿန်တွေမှာ မီးသင်္ဂြိုလ်ခ နှစ်ဆတက်
မေ-၈၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့က သုဿန်တွေမှာ မနက်ဖြန် မေလ ၉ရက်ကစပြီး မီးသင်္ဂြိုလ်ခ နှစ်ဆတက်မယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မနက်ဖြန် မေ ၉ ရက်ကစတင်ပြီး မန္တလေးမြို့က သုဿန်တွေမှာ မီးသင်္ဂြိုလ်စရိတ်ကို ယခင် လူကြီးတစ်ဦး ၁၂၀၀ဝ ကျပ်ကနေ ၂၄၀၀၀ ကျပ်၊ ကလေးတစ်ဦး ၆၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်သို့ ပြောင်းလဲလိုက်တယ်လို့ သုဿန်တာဝန်ရှိသူတွေက ပြောကြားလိုက်ကြောင်း နာရေးကူညီနေသူတွေက ပြောပါတယ်။
"မသာစရိတ် လုံလောက်စွာ ထည့်သွားနိုင်ရန်
အတွက် ( ခါတိုင်းစျေး မှတ်နေမှာ စိုးလို့ပါ။)
လေးစားစွာ ထပ်ဆင့် အသ်ိပေး လိုက် ရပါတယ် ခင်ဗျာ"လို့ မန္တလေးမြို့က ပရဟိတသမားဖြစ်တဲ့ ကိုစိုး (မနောကြာဖြူ၊ မန္တလေး)က လူမှုကွန်ရက်မှာ ရေးသားပါတယ်။
"သေဖို့တောင် စျေးကြီးပေးသေကြရတော့မှာ"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကြောင့် ရုပ်အလောင်းထည့်တဲ့ အအေးခန်းကို ဓါတ်အားပေးဖို့အတွက်လည်း စက်သုံးဆီကို စျေးကြီးပေးကာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
"ဆီဆိုင်ကို နာရေးမီးစက်အတွက်ဆိုတာကို ရောင်းပေးလို့ မရဘူးလို့ ပြောတယ်။ အပြင်ကနေပဲ စျေးကြီးပေးပြီး ဝယ်ရတယ်"လို့ ပြီးခဲတဲ့ ရက်ပိုင်းက မိသားစုဝင်တစ်ဦးကွယ်လွန်ခဲ့သူ မန္တလေးမြို့က နာရေးရှင်တစ်ဦးက ပြောပါတယ်။
သုဿန် မီးသင်္ဂြိုလ်စက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တော်စည်ပင်ရဲ့ သန့်ရှင်းရေးဌာနက ကိုင်တာဖြစ်ပြီး စည်ပင်ဟာ ဒီနှစ်ဘဏ္ဍာနှစ်ကစပြီး အခွန်အရပ်ရပ်ကို အဆင်မတန် မြင့်တက်ခဲ့တာဖြစ်ပါတယ်။
မန္ဆလေးတိုင်းက ပျော်ဘွယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်က သုဿန်တွေမှာလည်း မီးသင်္ဂြိုလ်ခတွေ ပြီးခဲ့တဲ့ မတ်လကတည်းက မြင့်တက်ခဲ့လို့ နွမ်းပါးတဲ့နာရေးရှင်တွေ အခက်အခဲဖြစ်ခဲ့ကြောင်း သိရပါတယ်။

🤬19🔥8👎2❤1
ကနီမှာ စစ်တပ်သတင်းပေးမှုကြောင့် Starlinkအင်တာနက်အသုံးပြုမှု ပိတ်သိမ်း
မေ၈၊၂၀၂၆၊ရှိန်း/People's Spring
စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုများလာတာကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရလို့ အခုလို ပိတ်သိမ်းရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလ၇ ရက် မနေ့ကလည်း ကနီမြို့နယ်အတွင်းက ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ဆေးရုံတက်ကုသ နေသူ၂ဦး သေဆုံးပြီး ဒဏ်ရာရတွေ ရှိတယ်လို့ သိရပါတယ်။
"မနေ့ကဆေးရုံသတင်းဆိုရင် လူနာတွေကယ်ထုတ်ကု နေတုန်းသတင်းက ထွက်သွားတာမျိုးရှိတယ်။အခု နောက်ပိုင်းစစ်တပ်က လေယာဉ်ကိုအုပ်လိုက်လာကြဲပြီးတော့ နယ်မြေရှင်းတဲ့အချိန်ပြန်လာကြဲတာမျိုးလည်းရှိတော့ လုံခြုံရေးအရ သတိထားနေရတဲ့အခြေအနေ ဖြစ်တယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ယင်းမာပင်မြို့နယ်ဘက်ကနေ ကနီမြို့နယ်ဘက်ကို စစ်တပ်က စစ်ကြောင်း တွေဆက်တိုက်ထိုးနေတာမို့ လုံခြုံရေးအရ ပိတ်သိမ်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာမို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ရုံးလုပ်ငန်းတွေဆောင်ရွက်ရန်မှ လွဲ၍ ကျန်အသုံးပြုမှုများကို မေလ၃ ရက်ကစတင် ပိတ်သိမ်းထားဖို့ အင်းတော်မြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအရ Starlink ဝိုင်ဖိုင်တွေကို ယာယီပိတ်ခြင်းဖြစ်ပြီး အသုံးပြုပါက သတိပေးတာ၊သိမ်းဆည်းတာ တွေလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

👍25❤2🤬2🔥1👏1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့ ယင်းမာပင်နဲ့ဆားလင်းကြီးက ပြည်သူတွေ တောင်းဆို
မေ ၈၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် အလုပ်သမားပြည်သူအဖွဲ့ဝင်တွေက "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံပြည်သူတွေက "Proof of Life" ၊ "အမေစုနဲ့အတူ နိုင်ငံရေး အကျဥ်းသားများ အားလုံး ချက်ချင်းလွှတ်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်ခဲ့ကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

👍25❤5🥰3🤮2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြန်မာ့အကျပ်အတည်းတိုးတက်မှု မရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေ စိတ်ပျက်
မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေအကြား စိတ်ပျက်မှုမြင့်တက်လာတယ်လို့ ဖိလစ်ပိုင်သမ္မတမာကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလွဲလို့ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးတက်ရောက်ကြတဲ့ အာဆီယံထိပ်သီးညီလာခံကို ဒီနေ့ မေလ ၈ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ် လာပူလာပူမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သူ ဖိလစ်ပိုင်သမ္မတက အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက ဒီနေ့ တံခါးပိတ်အစည်းအဝေးကျင်းပကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့ဆက်တိုးဖို့အတွက် အခုထက် ပိုမိုအားထုတ်ကြိုးပမ်းရမယ်ဆိုတာတွေကို ခေါင်းဆောင်တွေ အကြား သဘောတူညီခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိတာကိုလည်း ခေါင်းဆောင်က စိတ်ပျက်နေကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ တဖက်မှာလည်း အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်ဖယ်ကြဥ်ထားဆဲဖြစ်ပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ သိပ်မကြာခင်ကာလမှာ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို အွန်လိုင်းကနေ တွေ့ဆုံဖို့ ဆုံးဖြတ်ထားကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
◾️မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ မီးလောင်ဗုံး ကြဲ
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မေလ ၈ရက် နေ့လယ်ပိုင်းမှာ မီးလောင်ဗုံးတွေအသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၈ရက် မနက် ၇နာရီလောက်မှာ စစ်တပ်က မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို လေကြောင်းက ၂ကြိမ်ဗုံးကြဲခဲ့ပြီးနောက် နေ့လယ် ၁၂နာရီ ၄၅ မိနစ်မှာ ထပ်မံ ဗုံးကြဲခဲ့တာပါ။ နေ့လယ်ပိုင်း လေကြောင်း တိုက်ခိုက်မှုမှာ မီးလောင်ဗုံးနဲ့အတူ ဖျက်အားပြင်းဗုံးတွေ သုံးပြီး ဗုံးကြဲသွားတာကြောင့် မွန်းလွဲ ၂နာရီအထိ မီးလောင်နေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ မနက်ပိုင်းက ဗုံးကြဲခဲ့တဲ့နေရာကိုပဲ မီးလောင်ဗုံးထပ်ကြဲတာကြောင့် နေအိမ်တချို့ မီးလောင်ကာ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။ နေ့လယ်ပိုင်း ထပ်မံလေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်က ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားပြီး အထိအခိုက်များအောင် မီးလောင်ဗုံးတွေ၊ ဗုံးတွေ သုံးပြီး အခုလို တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ မပြုလုပ်မီ မင်းတပ်မြို့ပေါ်ကို ကင်းထောက်ဒရုန်း လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မနက် ၁၁နာရီလောက်မှာ ကင်းထောက်ဒရုန်း လာရောက်ပြီး တစ်နာရီခွဲလောက်အကြာမှာ ဗုံးကြဲတိုက်ခိုက်တာ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။
◾️ဖားကန့်ဒေသ ၃ရက်ဆက်တိုက်ပွဲ စစ်တပ် ၂၀ ကျော် သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၆ရက်ကနေ ဒီနေ့ မေလ ၈ရက်အထိ စစ်ရေး အခြေအနေကို ကချင်စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။ ၃ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးတယ်လို့လည်း ပြောပါတယ်။ ၃ရက်အတွင်းမှာ လက်နက်ကလည်း အလက် ၂၀ကျော်လောက်ရရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
◾️ဖားကန့်ကို စစ်တပ် လေကြောင်းဗုံးကြဲ
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုထဲကို ဒီနေ့ မေလ ၈ရက် မနက် ၁၀နာရီ ၁၀မိနစ်နဲ့ ၁၀နာရီ ၁၈မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပြီး နေ့လယ် ၁၂နာရီကျော်မှာ လုံးခင်းဂေါက်ကွင်းလမ်း၊ ကုဋေလမ်းဆုံအနီးကို ဗုံးထပ်ကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲက မှော်စီဆာ၊ လုံးခင်းနဲ့ ကုဋေရွာဘက်မှာ ဖြစ်နေပြီး ဗုံးကြဲသွားတာက တိုက်ပွဲနဲ့မဆိုင်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်တာရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် နေ့လယ်ပိုင်းလေကြောင်းတိုက်ခိုက်မှုမှာ စက်သုံးဆီဆိုင်နဲ့ နေအိမ်တွေကို ထိမှန်သွားပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဒေါ်နန်းခင်ထွေးမြင့် မကွယ်လွန်ဘူးလို့ နီးစပ်သူတွေ ပြော

👍15❤6🔥3
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့က ပြောပါတယ်။ မေလ ၇ ရက် မနေ့က ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေနဲ့ သတင်းဌာန အချို့ကရေးသားဖြန့်ဝေခဲ့ပြီး ဒီ သတင်းဟာ အမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ အချို့က ပြောလာတာပါ။ ဒါပေမဲ့ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ လတ်တလောမှာ ခြေထောက်တွေနာနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ် ။ အာဏာသိမ်းစစ်အုပ်စု မတရားဖမ်းဆီးတာခံရပြီး ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ မေလဆန်းမှာ ဘားအံဆေးရုံကို အရေးပေါ်အခြေအနေနဲ့ ၃ ရက်တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။ ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ အာရုံကြောဝေဒနာ ခံစားနေရပြီး ခေါင်းမူးတာ၊ ခေါင်းကိုက်တဲ့ဝေဒနာခံစားနေရတယ်လို့ သူမရဲ့မိတ်ဆွေအချို့က ပြောပါတယ်။ စစ်တပ်က ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံ့ဆေးရုံမှာ ၃ ရက်ပဲတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့် ဆေးရုံမှာ တက်ရောက်နေတဲ့ ဗီဒီယို မှတ်တမ်းဟာ မေလဆန်းမှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ရုပ်သံမှတ်တမ်းပေါက်ကြားခဲ့တဲ့အတွက် စစ်တပ်က ဆေးရုံနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ဆေးခဲ့တယ်လို့ ကရင်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KIC ကလည်း ဖော်ပြပါတယ်။
◾️ကနီမှာ စစ်တပ်သတင်းပေးမှုကြောင့် Starlinkအင်တာနက်အသုံးပြုမှု ပိတ်သိမ်း
စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ဆီ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုများလာတာကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရလို့ အခုလို ပိတ်သိမ်းရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မေလ ၇ ရက်က ကနီမြို့နယ်အတွင်းက ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ဆေးရုံတက်ကုသနေသူ၂ဦး သေဆုံးပြီး ဒဏ်ရာရတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ယင်းမာပင်မြို့နယ်ဘက်ကနေ ကနီမြို့နယ်ဘက်ကို စစ်တပ်က စစ်ကြောင်း တွေဆက်တိုက်ထိုးနေတာမို့ လုံခြုံရေးအရ ပိတ်သိမ်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
◾️၁၀၂၇စစ်ဆင်ရေးက စစ်သုံ့ပန်း ၁၀၀ ဝန်းကျင်ကို TNLAပြန်လွှတ်ပေး
မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့ စစ်သုံပန်းတွေထဲက ၁၀၀လောက်ကို တအာင်းတပ်မတော်(TNLA)က စစ်တပ်ဆီ ပြန်လွှဲပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ဒီနေ့ မေလ ၈ရက် မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျောက်မဲမြို့နယ်မှာ စစ်တပ်က လက်ခံရယူခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဆီ ပြန်လွှဲပေးခဲ့တဲ့သူတွေထဲမှာ အရာရှိတွေလည်း ပါတယ်လို့ သိရပြီး အတည်တော့ မပြုနိုင်ဘူးလို့ ကျောက်မဲဒေသခံက ပြောပါတယ်။
◾️လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်း တိုက်ခိုက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်နဲ့ခဲယမ်းတချို့ရတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ မေလ ၆ ရက် မနက် ၈နာရီဝန်းကျင်က လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းကျေးရွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်က ၂ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ MA- 3 သေနတ် တစ်လက်၊ MA ကျည်ဘောက်လေးခုနဲ့ကျည်တွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။ လက်ရှိစစ်ရေးအခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့လည်း ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ် ကြောင်းက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်တပ်က လောင်းလုံးမြို့ပေါ်ကနေ မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။
◾️ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရ

👍15❤4🔥3
မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းဆွဲခံရပြီး လေးဦးထက်မနည်း သေဆုံးတယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂) ကလာတဲ့ စစ်တပ်စစ် ကြောင်းကို ပေါက်-ဆိပ်ဖြူ နဲ့ ပုသိမ်-မုံရွာလမ်းဆုံ အနီးမှာ မေလ ၆ ရက်က နင်းမိုင်း၊တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ၊ပေါက်မြို့နယ် ပကဖနဲ့ ရပ်ကျေး ပကဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းမှုအတွင်း စစ်တပ်စစ်ကြောင်းထံက စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာရှိတယ်လို့ ထုတ်ပြန်ပါတယ်။ အင်အား ၅၀၀ကျော်ပါတဲ့ ကပစ(၂၂)က စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်းဝင်ရောက်သွားပြီးဖြစ်ကာ မြို့အနောက်ဘက်ခြမ်းရောက်နေပြီလို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
◾️အလင်းဝင်လာတဲ့စစ်သား ၂၀ဦးကျော်ရှိတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ထုတ်ပြန်
တနင်္သာရီတိုင်းစစ်ဌာန၊မြိတ်ခရိုင် PDF တပ်ရင်းတွေထံ စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်ပြီး အဲဒီတပ်ရင်းက PDF တပ်ဖွဲ့တွေဆီ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ရှိပြီလို့ မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။ မတ်လ ၆ရက်မှာ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး အလင်းဝင်ရောက်လာမှု အသိပေးထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ ၅နှစ်ကျော်အတွင်း PDF တွေဆီကို အလင်းဝင်လာတဲ့ ခမရ(၅၆၁)တပ်ရင်းက တပ်သားအရေအတွက်ကို အသိပေးထားတာဖြစ်ပါတယ်။ ခမရ (၅၆၁)တပ်ရင်း အခြေစိုက် ညောင်ပင်ကွင်းရွာ၊ ခြောက်မိုင်ရွာ၊ ဘန်လောရွာအနီးမှာ စစ်တပ် စစ်ရေးလှုပ်ရှားမှုရှိလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အခြေအနေကိုလည်း မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးထားပါတယ်။
◾️ဂန့် ဂေါမြို့နယ် မြောက်ပိုင်း NUGအကျဉ်းထောင်က အကျဉ်းသား ၃ဦး ထွက်ပြေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MODလက်အောက်ခံ အကျဉ်းထောင်ကနေ စစ်သုံ့ပန်း၂ဦးနဲ့ ပြစ်မှု အကျဉ်းသား ၁ဦးတို့ ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။ မေလ ၇ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့နယ် မြောက်ခြမ်းက အကျဉ်းသားတွေ ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ကနေ အစောင့်တွေမသိဘဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ထွက်ပြေးသွားတဲ့ သုံ့ပန်းနှစ်ဦးဟာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူစဉ်မှာ အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ၁၇ဦးထဲက ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ဦးကတော့ ရွှေဘိုမြို့နယ်အတွင်းက လူသတ်မှုကျူးလွန်လို့ ဖမ်းဆီးထားတဲ့ တရားခံ ဖြစ်တယ်လို့ သိရပါတယ်။
◾️စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရ
စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မေလ ၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းအနီး၊ ကံတလူဘုရားဝန်းကျင်နဲ့ ကုန်းရွာတဝိုက်ကို စစ်တပ်က အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဓါးစာခံ အဖြစ် ပြည်သူ ၃၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကိုင်းကင်းထောက်အဖွဲ့ဖြစ်တဲ့ GroundPress အဖွဲ့က ဆိုပါတယ်။ အလားတူ ဒီနေ့မှာပဲ စစ်ကိုင်းမြို့နယ်ကို မန္တလေးမြို့ကနေ စစ်တပ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး စစ်ကိုင်း တပ်မ(၃၃)ကတဆင့် မုံရွာ-မန္တလေးလမ်းအတိုင်း ချောင်းဦးနဲ့ မုံရွာမြို့ဘက် ဦးတည်သွားနေကြောင်း GroundPress မြေပြင်သတင်းက ဆိုပါတယ်။
◾️စစ်ကိုင်းတိုင်းက Proof of Life လှုပ်ရှားမှု
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် အလုပ်သမားပြည်သူအဖွဲ့ဝင်တွေက Proof of Lifeလူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

👍23🔥3❤2