လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်း တိုက်ခိုက်၊ စစ်တပ် သေဆုံးမှုရှိ
မေ -၈၊၂၀၂၆။မိုမို/People's Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်နဲ့ခဲယမ်းတချို့ရတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အခု မေလ ၆ ရက် မနက် ၈နာရီဝန်းကျင်က လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းကျေးရွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်က ၂ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ MA- 3 သေနတ် တစ်လက်၊ MA ကျည်ဘောက်လေးခုနဲ့ကျည်တွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။
"လက်ခတ်တောင်မှာက စစ်တပ်ကအင်အား ၃၀ကျော်လောက်တော့ရှိတယ်"လို့ လောင်းလုံးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့လည်း ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ် ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်က လောင်းလုံးမြို့ပေါ်ကနေ မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။
"ဝေဒီရွာကို စစ်ကြောင်းဝင်တာ။၆ ရက်နေ့ကပဲ။ကားတွေနဲ့ တဲတွေကို မီးရှို့သွားတယ်။မနေ့က မြို့ပေါ်ပြန်ဆုတ်သွားတယ်။အရပ်သားတွေတော့ ရှောင်လိုက်တာ အထိအခိုက်မရှိခဲ့ဘူး"လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅က လောင်းလုံးမြို့နယ်က မောင်းမကန်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်က အင်အားဖြည့်ပြီး မြို့နယ်တွင်း စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။
စစ်ရေးအချက်အလက်တွေအရ လောင်းလုံးမြို့နယ်မှာ စစ်တပ်ရဲ့ ခမရ(၄၀၆)၊(၄၀၉)နဲ့ ခလရ(၂၆၇) တပ်ရင်းတွေ နဲ့ လှုပ်ရှားနေတာဖြစ်ပြီး အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်လာတာတွေလည်းရှိနေပါတယ်။

❤23👍14🔥1👏1
စစ်အုပ်စုဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားဖြစ်ဟု နီးစပ်သူတွေပြော
မေ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်
ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်
လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။
မေလ ၇ ရက်မှာ ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေနဲ့ သတင်းဌာန အချို့ ကရေးသားဖြန့်ဝေခံ့ပြီး ဒီ သတင်းဟာ အမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ အချို့ကပြောလာတာပါ။
"သေပြီဆိုတာ မဟုတ်ပါဘူး"လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ် ။
ဒါပေမယ့် အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ လတ်တလောမှာ ခြေထောက်တွေနာနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်
ပဲဖြစ်နေတယ်လို့လည်း စုံစမ်းသိရပါတယ် ။
အခြားနီးစပ်တဲ့သတင်းရင်းမြစ်တဦးကလည်း
"အမှားပါ"လို့ ပြောပါတယ် ။
အာဏာသိမ်းစစ်အုပ်စုမတရားဖမ်းဆီးတာခံရပြီး
ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံထားရတဲ့ဒေါ်နန်း
ခင်ထွေးမြင့်ဟာမေလဆန်းမှာ ဘားအံဆေးရုံကို အရေးပေါ်အခြေအနေနဲ့ ၃ ရက်တက်ရောက်
ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ အာရုံကြောဝေဒနာ ခံစားနေရပြီး
ခေါင်းမူးတာ ၊ခေါင်းကိုက်တဲ့ဝေဒနာခံစားနေရတယ်လို့ သူမရဲ့မိတ်ဆွေအချို့ကပြောပါတယ်။
စစ်တပ်က ဒေါ်နန်းခင်ထွေးမြင့်ကို ရစ်တပ်က ဘားအံ့ဆေးရုံမှာ ၃ ရက်ပဲတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ် ။ဒေါ်နန်းခင်ထွေးမြင့် ဆေးရုံမှာ တက်ရောက်
နေတဲ့ ဗီဒီယို မှတ်တမ်းဟာ မေလဆန်းမှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အဆိုပါ ရုပ်သံမှတ်တမ်းပေါက်ကြားခဲ့တဲ့အတွက် စစ်တပ်က ဆေးရုံနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ဆေးခဲ့တယ်လို့ ကရင်ဒေသတွင်းသတင်းဌာနဖြစ်တဲ့
KIC ကလည်းဖော်ပြပါတယ် ။
အဲဒီလိုအခြေအနေမှာ မေ ၇ ရက်မှာ သတင်းအမှားပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရင်တည်းက NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ခေါင်းဆောင်တွေ၊ NLD ပါတီ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု အများအပြားကို မတရားဖမ်းဆီးခဲ့တာပါ။
“မအလ စစ်အုပ်စုဟာ ဒီလိုအသက်ကြီးရင့်သူ တိုင်းရင်းသား အမျိုးသမီးတဦးကို မညှာမတာ အကျဉ်းချထားပြီး လိုအပ်တဲ့ဆေးကုသမှု မပေးတာကို နိုင်ငံတကာသိရှိဖို့ လိုပါတယ်” လို့လည်း သူမရဲ့ မိတ်ဆွေ တဦးကပြောပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ မဲမသာမာမှုရှိတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို စိန်ခေါ်ခဲ့တဲ့ NLD ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်၊
“မဲမသမာမှုရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့။ ရှင်နဲ့ ကျွန်မ စင်ပေါ်တက်ပြီး ပြည်သူ့ဆန္ဒပေါ်တင်ရွေးချယ်ခံရအောင်၊ ကျွန်မက အရွေးခံရဲတယ်။ အချိန်မရွေးပဲ” လို့ အာဏာသိမ်းချိန်လာဖမ်းတဲ့ စစ်ကောင်စီတပ်တွေကို ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့ဖူးပါတယ်။ စစ်တပ်ဖမ်းဆီးတာခံထားရတဲ့ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ရဲ့ တိုင်းနဲ့ကြည်နယ်ဝန်ကြီးချူပ်တွေထဲမှာဒေါ်နန်းခင်ထွေးမြင့်က တစ်ဦးတည်းသောအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက မတရားပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၇၅ နှစ်ချမှတ်ထားတာပါ။ စစ်အုပ်စု မတရားဖမ်းဆီးစဉ်က အသက် ၆၇နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ မေလ ၁၀ ရက်မှာ အသက် ၇၂နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ သူမ ဟာ ၁၉၉၀ ရွေးကောက်ပွဲ ၊၂၀၁၅ ရွေးကောက်ပွဲ ၊၂၀၂၀ ရွေးကောက်ပွဲတွေမှာNLD ကိုယ်စားပြုယှဥ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ သုံးကြိမ်အနိုင်ရ လွှတ်တော်ကိုယ်စား
လှယ်ဖြစ်ပါတယ် ။

👍39❤7🔥1😁1
ဂန့် ဂေါမြို့နယ် မြောက်ပိုင်း NUGအကျဉ်းထောင်က အကျဉ်းသား ၃ဦး ထွက်ပြေး
မေ-၈၊ ၂၀၂၆။ ရှိန်း/People's Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MODလက်အောက်ခံ အကျဉ်းထောင်ကနေ စစ်သုံ့ပန်း၂ဦးနဲ့ ပြစ်မှု အကျဉ်းသား ၁ဦးတို့ ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။
မေလ ၇ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့နယ် မြောက်ခြမ်းက အကျဉ်းသားတွေ ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ကနေ အစောင့်တွေမသိဘဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ သုံ့ပန်းနှစ်ဦးဟာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူစဉ်မှာ အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ၁၇ဦးထဲက ဖြစ်တယ်လို့ သိရပါတယ်။
နောက်တစ်ဦးကတော့ ရွှေဘိုမြို့နယ်အတွင်းက လူသတ်မှုကျူးလွန်လို့ ဖမ်းဆီးထားတဲ့ တရားခံ ဖြစ်တယ်လို့ သိရပါတယ်။
"ထွက်ပြေးသွားတယ်လို့တော့ သတင်းရထားပါတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ။ အသေးစိတ်တော့ မသိရသေးပါဘူး"လို့ ဂန့်ဂေါမြို့နယ် မြောက်ခြမ်းက ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃ဦးမှာ လက်နက်တွေတော့ ပါမသွားဘူးလို့ သိရပါတယ်။

🤬47❤6👎4
စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရ
မေ-၈၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းအနီး၊ ကံတလူဘုရားဝန်းကျင်နဲ့ ကုန်းရွာတဝိုက်ကို စစ်တပ်က အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဓါးစာခံ အဖြစ် ပြည်သူ ၃၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကိုင်းကင်းထောက်အဖွဲ့ဖြစ်တဲ့ GroundPress အဖွဲ့က ဆိုပါတယ်။
"ဒီလဆန်းပိုင်းမှာကို သူတို့ စစ်ခွေးတွေဘက်က ဗိုလ် အဖမ်းခံရတာတွေရှိတယ်။ မိုင်းဆွဲခံရတာတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ လောလောဆယ် စစ်ကြောင်းတွေထိုးနေတာ။"လို့ GroundPress မြေပြင်သတင်း တာဝန်ရှိသူက ပြောပါတယ်။
အလားတူ ဒီကနေ့မှာပဲ စစ်ကိုင်းမြို့နယ်ကို မန္တလေးမြို့ကနေ စစ်တပ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး စစ်ကိုင်း တပ်မ(၃၃)ကတဆင့် မုံရွာ-မန္တလေးလမ်းအတိုင်း ချောင်းဦးနဲ့ မုံရွာမြို့ဘက် ဦးတည်သွားနေကြောင်း GroundPress မြေပြင်သတင်းက ဆိုပါတယ်။
စစ်ကိုင်းမြို့နယ် အနောက်မြောက်ခြမ်းက ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ ခရိုင်ချင်းဆက် အမှတ်(၃)လမ်းပိုင်းမှာလည်း လမ်းပိုင်းဘေး ကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ မေလ ၈ ရက်မှာ သတိပေးထားပါသေးတယ်။

🤬22👍19❤4👏2👎1🙏1
(အာဏာသိမ်း စစ်တပ်ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ − EPA/EFE)
🖕37🤬5👍4💩4❤2👎2👏1💔1
မြန်မာ့အကျပ်အတည်းတိုးတက်မှု မရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေ စိတ်ပျက်
မေ-၈၊ ၂၀၂၆။ People’s Spring
မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေအကြား စိတ်ပျက်မှုမြင့်တက်လာတယ်လို့ ဖိလစ်ပိုင်သမ္မတမာကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလွဲလို့ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးတက်ရောက်ကြတဲ့ အာဆီယံထိပ်သီးညီလာခံကို ဒီနေ့ မေလ ၈ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ် လာပူလာပူမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သူ ဖိလစ်ပိုင်သမ္မတက အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။
အာဆီယံခေါင်းဆောင်တွေက မြန်မာ့အကျပ်အတည်းကို ခက်ခဲတဲ့ပြဿနာအအဖြစ် ရှုမြင်ခဲ့ကြပြီး လက်ရှိအချိန်အထိ ရှင်းလင်းပြတ်သားတဲ့အဖြေတွေလည်း ရှိမနေဘူးလို့ ဆိုပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက ဒီနေ့ တံခါးပိတ်အစည်းအဝေးကျင်းပကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့ဆက်တိုးဖို့အတွက် အခုထက် ပိုမိုအားထုတ်ကြိုးပမ်းရမယ်ဆိုတာတွေကို ခေါင်းဆောင်တွေ အကြား သဘောတူညီခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။
“ကျွန်တော်တို့အားလုံး တသဘောထားတည်းရှိတာက အခုထက်ပိုမိုတိုးတက်မှုတွေ မြင်တွေ့ချင်တာပါပဲ။ လက်ရှိမှာ ဘာမှ တိုးတက်မှု မရှိနေတာကို ပြောင်းလဲဖို့ နည်းလမ်းတွေ အပူတပြင်းရှာဖွေရမယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သဘောတူကြပါတယ်။ (အခုက)ဘာတိုးတက်မှုမှ မရှိနေတာ”လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတမားကို့စ်က ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းထောက်တွေကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိတာကိုလည်း ခေါင်းဆောင်က စိတ်ပျက်နေကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် လက်ခံခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ဆိုတာဟာ အကြမ်းဖက်မှုအဆုံးသတ်ရေးနဲ့ တိုင်းပြည်မှာ တွေ့ဆုံဆွေးနွေးမှု ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်ထားပြီး အာဆီယံက ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူဘောင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုက နှစ်တွေချီ ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်းပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာစိန်ခေါ်မှုတွေ ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံအခြေအနေကို ချဥ်းကပ်ဆောင်ရွက်မှုက မြူတမှုန်စာအရွေ့တောင် မဖြစ်ဘူး ထင်ပါတယ်”လို့ သမ္မတမားကို့စ်က ပြောပါတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ လူ့အခွင့်အရေးလေးစားဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ အာဆီယံ ဗဟိုချက်ကျမှုတွေအပါအဝင် အဖွဲ့အစည်းကြီးရဲ့ အဓိကမူလမ်းစဥ်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့ အလှည့်ကျဥက္ကဋ္ဌဖြစ်သူက အလေးပေး ပြောကြားပါတယ်။
တဖက်မှာလည်း အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်ဖယ်ကြဥ်ထားဆဲဖြစ်ပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ သိပ်မကြာခင်ကာလမှာ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို အွန်လိုင်းကနေ တွေ့ဆုံဖို့ ဆုံးဖြတ်ထားကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောကွဲလွဲမှုရှိနေပြီး အဖွဲ့ဝင်နိုင်ငံတချို့က အာဏာသိမ်းစစ်တပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့ဆက်ဆံဖို့ တွန်းအားပေးနေသလို တချို့နိုင်ငံတွေကတော့ အာဆီယံထိပ်သီးအဆင့် ဆွေးနွေးပွဲတွေ မတက်ရောက်မီမှာ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ် လက်တွေ့တိုးတက်ဖြစ်ထွန်းမှုတွေ အရင်ပြသဖို့ အခိုင်အမာရပ်တည်ထားကြပါတယ်။
ကိုးကား - PNA

👍40🖕2❤1🔥1
(ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာနဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်များကို တွေ့ရစဥ်။ မှတ်ချက်-မြန်မာကိုယ်စားပြုအဖြစ် စစ်တပ်ခန့် နိုင်ငံခြားရေးအတွင်းဝန်တက်ရောက်။ ဓာတ်ပုံ - PNA ၊ ASEAN)
👍40❤4🔥2🤣1
ဖားကန့်ဒေသ ၃ရက်ဆက်တိုက်ပွဲ စစ်တပ် ၂၀ ကျော်သေ၊ လက်နက် ၂၀ကျော် KIAသိမ်းရ
မေ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၆ရက်ကနေ ဒီကနေ့ ၈ရက်အထိ စစ်ရေး အခြေအနေကို ကချင်စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။
“အခြေအနေက တော်တော်ပြင်းထန်တယ် လုံးခင်းဘက်မှာ။ ဒီနေ့ လူနာနဲ့ လူသေအလောင်းပေါ့ ဖိုးဝီးကားနှစ်စီးနဲ့ သယ်သွားတာ။ ပြီးတော့ သူတို့ မသယ်နိုင်တဲ့အလောင်းတွေ ၄၊ ၅လောင်းတော့ရှိသေးတယ်။ ငါတို့ မြှုပ်ပေးနေရတာတဲ့။” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
၃ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးတယ်လို့လည်း ပြောပါတယ်။
" လက်နက်တွေက တော်တော်ရပြီ။ သုံးရက်အတွင်းမှာ လက်နက်က အလက် ၂၀ကျော်လောက်ရှိမယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဖားကန့်ဒေသတိုက်ပွဲမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ဒီလို လေကြောင်းတိုက်ခိုက်ရာမှာ အရပ်သားပြည်သူနေထိုင်ရာတွေကိုလည်း ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။ ဒါ့အပြင် နေအိမ်တွေ မီးရှို့တာတွေလည်း ရှိတယ်လို့ သိရပြီး အသေးစိတ်အခြေအနေတွေ စုံစမ်းနေဆဲပါ။
KIAက ဖားကန့်ဒေသ စစ်ရေးအခြေအနေကို မေလ ၆ရက်မှာ သတင်းဖော်ပြထားရာ လုံးခင်းဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားလာလို့ KIAနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ မေ ၄ရက် တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဖားကန့် တပ်မကုန်းက လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူထိခိုက်မှု နေအိမ်ပျက်စီးမှုတွေရှိကြောင်း KIAက သတင်းဖော်ပြထားပါတယ်။

👍34🥰4❤3🔥2👏2🖕2
(ဖားကန့်ဒေသတိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ပစ္စည်းတွေ။ ဓာတ်ပုံ - Myu Tsaw Kasa)
👍44❤7👏3🔥1🥰1
■အတွေးအမြင်
အာဏာရှင်တွေရဲ့ မရိုးနိုင်သော ဂျင်း
-ကိုမင်းစုံရေးသားသည်။
မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။
အဲ့ဒီနည်းလမ်းတွေဟာ ဟိုးအာဏာရှင်အဆက်
ဆက် လုပ်ခဲ့တဲ့ မရိုးသောနည်းလမ်းတွေပါပဲ။ မိုးကုတ်ကနေ အရည်အသွေးအကောင်းဆုံး ပတ္တမြားကြီးတွေ့တာ ၊ ဖားကန့်ကနေ အကြီးဆုံးကျောက်
စိမ်းတွင်းကြီးက တူးဖော်ရရှိတာ၊ ရခိုင်တို့ ဧရာ
ဝတီတို့ဘက်ကနေ ကြံအင်လက္ခဏာ စုံလင်တဲ့ ဆင်ဖြူတော်တွေ တွေ့ရှိတာ စတာတွေပဲဖြစ်ပါတယ်။
တကယ်တော့ ဒါတွေဟာ အာဏာရှင်တွေရဲ့ ငါတို့လက်ထက်မှာ ဒါတွေတွေ့တာ ငါတို့ ဘုန်းကြီးလို့၊ ငါတို့က မင်းကောင်းမင်းမြတ်မို့လို့ ဆိုတဲ့ ဝါဒဖြန့်ချိရေးပဲ သက်သက်ပဲဖြစ်ပါတယ်။
နိုင်ငံကို လက်နက်အားကိုးနဲ့ အုပ်ချုပ်ပြီဆိုရင် သူတို့ရဲ့တရားဝင်မှု(Legitimacy) ကို ရှာဖို့အတွက် ပြိုင်စံရှားကျောက်မျက်ရတနာတွေ၊ ဆင်ဖြူတော်တွေ၊ အထူးအဆန်းတွေကို ထုတ်ပြခဲ့ကြတာ အာ
ဏာရှင်အဆက်ဆက်ပါပဲ။ ပြစရာမရှိရင် ပြရအောင် ဖန်တီးပြီး ပြည်သူတွေကို ဂျင်းထည့်ခဲ့တာ
အာဏာရှင် အဆက်ဆက်ပဲဖြစ်ပါတယ် ။
အခုလည်း မရိုးသော နည်းလမ်းတခုကို သုံးပြီး ထုတ်ပြလာကြပြန်ပါပြီ။မိုးကုတ်မြို့ကနေပတ္တမြား
ကြီးတွေ့တာ နဲ့ မဟာဝိဇယ ဘုရားမှာ စိုက်ထားတဲ့ ညောင်ပင်က ညောင်ရွက်တွေအားလုံးဟာ ရွှေအိုရောင်ကိုပြောင်းလဲသွားတာတွေ သတင်းတွေထဲထည့်ကြေညာကာ နိုင်ငံအေးချမ်းသာယာတဲ့ နိ
မိတ်ကောင်းဆိုပြီး ဝါဒဖြန့်ချိနေကြပြန်ပါတယ်။
ဇွတ်သမ္မတမင်းအောင်လှိုင်လက်ထက်မှာ တွေ့ရှိတဲ့ မိုးကုတ်ပတ္တမြားကြီးဟာ ၂၂၀၀ ဂရမ်ရှိပြီး တွေ့ရှိဖူးသမျှပတ္တမြားတွေထဲမှာပိုတန်ဖိုးရှိပိုအရည်အသွေး ကောင်းပါသတဲ့။ မင်းဆော်ထက် ငါဆော်က ပိုမိုက်တယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းစာသားလိုပဲ မင်းပတ္တမြားထက် ငါ့ပတ္တမြားက ပိုမိုက်တယ် လုပ်နေပါပြီ။ ဆိုလိုတာက ရှေးက အာဏာရှင်တွေထက်ငါက ပိုမင်းကောင်း မင်းမြတ် ပိုဖြစ်တယ်ပေါ့။
အရင်စစ်အစိုးရ စောမောင်တို့ သန်းရွှေတို့ လက်
ထက်ကို ပြန်ကြည့်ရင် “နဝတ ပတ္တမြား” ဆိုတာ နာမည်ကြီးခဲ့တာပေါ့။ အလေးချိန် ၉၉.၂၅ ဂရမ် ရှိတဲ့ ဒီပတ္တမြားကြီးကို ၁၉၉၀ ပြည့်နှစ်တွေမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ တိုင်းပြည်ရဲ့ ကံကြမ္မာပဲ
မိုးထိုးတက်တော့မလိုလို၊ အစိုးရက ဘုန်းကံကြီး
မားလို့ မြေစောင့်နတ်က ပေးသလိုလို နဲ့ ဝါဒဖြန့်ခဲ့ကြတာပါ။ အဲ့ဒီ စစ်အာဏာရှင် အဝန်းအဝိုင်းသာ ထားစရာမရှိအောင် ကျိကျိတက် ချမ်းသာသွားကြတာ သာမာန် ပြည်သူတွေကတော့ မွဲမြဲမွဲလျက် ငတ်မြဲငတ်လျက်ပါပဲ။
၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ ဖားကန့်ဘက်မှာ
ကမ္ဘာ့အကြီးဆုံးလို့ ပြောလို့ရတဲ့ တန်ချိန် ၃၀၀၀ ကျော် ကျောက်စိမ်းတုံးကြီး တွေ့တယ်ဆိုပြီး ဟိုး
ဟိုးကျော်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီကျောက်စိမ်းတုံးကြီးတွေ ဘယ်ရောက်သွားလဲ။ ရှိရော ရှိသေးရဲ့လား။ပြည်သူတွေကတော့ လျှပ်စစ်မီးတောင် မှန်မှန်မရဘဲ ဖားကန့်က မြေစာပုံတွေအောက်မှာ အသက်ပျောက်နေရတုန်းပါပဲ။
တန်ဖိုးကြီး ရတနာတွေကအာဏာရှင်မိသားစုတွေနဲ့ သူတို့ရဲ့ ခရိုနီတွေရဲ့ စိန်စီတဲ့ နာရီတွေ၊ နိုင်ငံခြား ဘဏ်အကောင့်တွေဖြစ်ကုန်တာကတော့ လက်
တွေ့ အရှိတရားပါပဲ။
မှတ်တမ်းတွေအရဆို မြန်မာနိုင်ငံမှာ ဟိုးစစ်အာရှင် စောမောင်တို့ သန်းရွှေတို့ခေတ်ကနေ ကနေ ဇွတ်သမ္မတ မင်းအောင်လှိုင်လက်ထက်ထိ တွေ့ခဲ့တဲ့ ပတ္တမြားတွေ၊ ကျောက်စိမ်းတွေဆိုတာ မနည်းမနောပါပဲ။
၁၉၉၀ ခုမှာ ၉၉.၂၅ ဂရမ်ရှိတဲ့နဝတပတ္တမြား၊ ၁၉၉၆ မှာ ၄၂၉၀ ဂရမ်ရှိတဲ့ ပတ္တမြား၊ ၂၀၂၂ ခုမှာ ၅၅၇.၈၅ ဂရမ်ရှိတဲ့ နစက ပတ္တမြားနဲ့ အခု ၂၀၂၆ မှာ ၂၂၀၀ ဂရမ်ရှိတဲ့ ပတ္တမြား၊ ၂၀၀၀ ခုမှာ တန် ၃၀၀၀ ကျော် ကမ္ဘာအကြီးဆုံးကျောက်စိမ်းနဲ့ ၂၀၁၆ ခုမှာ တန် ၂၁၀ ရှိတဲ့ ကျောက်စိမ်းတွေ ထွက်ရှိခဲ့ပါသတဲ့။
တန်ဖိုးကြီး သယံဇာတတွေပေါပေါများများထွက်နေပေမယ့် အဲ့ဒီအသီးအပွင့်ကို မြန်မာပြည်သူတွေ မခံစားရတာ ကနေ့ခေတ် အခြေအနေကို ကြည့်ရင် အလွန်သိသာလှပါတယ်။
မကြာခင်ကမှ ထွက်ရှိခဲ့တဲ့ WFP ( World Food Program) ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၂၆ ခု အတွင်း မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာမလုံလောက်မှု အဆင့် ၅ ထိ ရှိလာမှာ ဖြစ်ပြီး ၁၂ သန်းလောက်ဟာ ပြင်းထန်တဲ့ ငတ်မွတ်မှုဘေးကို ရင်ဆိုင်ကြရမှာဖြစ်ကာ ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာတွေ ခက်ခဲလာပါမယ်တဲ့။ ဆိုးရွားလှတဲ့ ကိန်းဂဏန်းတွေပါ။
အဖိုးတန် ပတ္တမြားတွေ ကျောက်စိမ်းတင်မကပါဘူး၊ ဆင်ဖြူတော် ဆိုတာလည်း အာဏာရှင်တွေရဲ့ အကြိုက်ဆုံး တိရစ္ဆာန်တွေထဲမှာ ပါပါတယ်။ ဆင်ဖြူတော်တွေ့ရင် ဘုန်းတန်ခိုးကြီးတယ်၊ မင်းကောင်းမင်းမြတ်ဖြစ်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆနဲ့ ဆင်ဖြူတွေကို အတင်းဖမ်း၊ သိပ်မဖြူလည်းဖြူအောင်အတင်းလုပ်ပြီးတော့ နေပြည်
တော်မှာ အကျဉ်းချထားခဲ့ကြတာ။
သတင်းဌာနတခုမှာ ရေးထားတာ ခုချိန်ထိ မြန်မာ
နိုင်ငံမှာ ဆင်ဖြူတော်အကောင်ရေ ၉ ကောင်ရှိပါတယ်တဲ့။ ဒါတောင် သေသွားတဲ့ ဆင်ဖြူတော်တွေရဲ့ အရေအတွက်မပါသေးဘူး။

👍20❤13🔥2
ဘုန်းတံခိုးကြီး၊မကြီးနဲ့ မင်းကောင်းမင်းမြတ်ဖြစ်၊ မဖြစ်တော့ သေချာမသိပေမယ့် ဆင်ဖြူတော်တွေကတော အဲကွန်းခန်းထဲမှာ သံကြိုးခတ်ခံထားရသလို၊ တိုင်းပြည်ကလည်း မွဲပြာကျပြီး ဘာမှရစရာ
မရှိအောင် ပျက်စီးနေပါပြီ။
တကယ်တော့ ဒါတွေဟာ ဝါဒဖြန့်တာတွေပါပဲ။ အာဏာရှင်တွေဟာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကိုမမြင်စေချင်ဘူး။ မြန်မာကျပ်ငွေ တန်ဖိုးကမ္ဘာ့အောက်ဆုံး ရောက်နေတာကို မေ့ထားစေချင်တယ်။ စစ်မြေပြင်မှာ ရှုံးနိမိတ်ပြနေတာတွေကို ဖုံးကွယ်ချင်တယ်။ ငြိမ်းချမ်းသာယာနေတယ်လို့ ကမ္ဘာကို ပြချင်တယ်။
ဒါကြောင့် ငါ့လက်ထက်မှာ ပတ္တမြားတွေ့တယ် ကျောက်စိမ်းတွေ့တယ်၊ ဆင်ဖြူတော်တွေ့တယ်ဆိုတဲ့ဂျင်းကိုထည့်တာပါ။
ပတ္တမြားကြီးတွေ့လို့ ဘုန်းကံကြီးတယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ လက်ထက်မှာ ပြည်သူတွေကတော့
ဗုံးပတ်ကြဲခံရ ၊စစ်ကြောင်းထိုး အကြမ်းဖက်ခံရလို့သေဆုံး ဒဏ်ရာရ သူတွေက နေ့စဥ်အမျှပါပဲ ။ကယ်တော့ အာဏာသိမ်းပြီး လူသောင်းချီသတ်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေ အမှန်သာဖြစ်ပါတယ်။
ပြည်သူတွေကတော့ကိုယ့်အိမ်ကိုယ်စွန့်ပြီး စစ်ဘေးရှောင်နေရတယ်၊ အလုပ်လက်မဲ့ ဖြစ်နေရတယ်၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်။ ဒါဟာ ဘုန်းကံကြီးတာလား၊ ဒါမှမဟုတ် တိုင်း
ပြည်ကို ဆင်းရဲတွင်းထဲရောက်အောင် လုပ်နေတာလား။
အာဏာရှင်တွေရဲ့ ဖော်မြူလာကတော့ ပြည်သူတွေကို အဖိုးတန် သယံဇာတတွေပြပြီး မျက်
လှည့်ပြမယ်၊ ပြီးရင် နောက်ကွယ်မှာ တိုင်းပြည်ရဲ့ အနှစ်သာရတွေကို ခိုးယူကြမယ်ဆိုတာပါပဲ။ ဒီထက်မပိုပါဘူး။
တကယ့် ရတနာဆိုတာ မြေကြီးထဲက ထွက်တဲ့ တွင်းထွက်သတ္တုတွေ၊ နေပြည်တော်မှာ ရှိတဲ့ ဆင်ဖြူတွေမဟုတ်ပါဘူး၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေပဲ ဖြစ်ပါတယ်။
အဲ့ဒါတွေ ဖျက်ဆီးနေသမျှတော့ မင်းကောင်းမင်းမြတ်ဆိုတာ ဘယ်သောအခါမျှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ မင်းဆိုး မင်းညစ် စစ်ရာဇဝတ်ကောင်ပဲဖြစ်နေမှာသာဖြစ်ပါတယ် ။ ။

👍29❤11🔥3