People's Spring
63.5K subscribers
65.6K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
11👍5
👍162😢2😁1
မြန်မာလုပ်သားကို ဝိုင်းဝန်းရိုက်နှက်​၊ရေ​နွေပူနဲ့​လောင်းတဲ့တရုတ်အလုပ်ရှင်တွေထဲ ၃ ဦးကိုထိုင်းရဲဖမ်းဆီး

■"၅အိုး(​ရေ​နွေးပူနဲ့​ကိုယ်​ပေါ်​လောင်းတာ)​မြောက် ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန် ရုန်းထွက်ပြေးတာ။သိလိုက်တယ်သူတို့ အသေသတ်
တော့မယ်ဆိုတာ"- ကျူးလွန်ခံရသူကိုသားသား

မေ-၇၊၂၀၂၆။ကိုရှမ်း​လေး/People's Spring

ထိုင်းနိုင်ငံမှာမြန်မာလုပ်သားတစ်ဦးကိုတရုတ်လုပ်ငန်းရှင်တွေကအပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်တဲ့ဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေပြီး ကျူးလွန်တာမှာ ဦးဆောင်ပါဝင်သူ ၃ဦးကို ဖမ်းဆီးမိထားတယ်လို့ ကာယကံရှင်မြန်မာလုပ်သား ကိုသားသားက လူထုနွေဦးကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ဇာတိဖြစ်တဲ့ အသက်(၂၇)နှစ်အရွယ် မြန်မာလုပ်သား ကိုသားသားဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ရောက်ရှိတာ နှစ်လခန့်သာ ရှိပါသေးတယ်။ထိုင်းနိုင်ငံ ၊ရယောင်းပြည်နယ် ၊ချွန်ဘူရီမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေတာလို့ ကိုသားသားက ပြောပါတယ်။

တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်တဦးက အလုပ်သွင်းပေးမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေရာ ပြီးခဲ့တဲ့ ဧပြီလမှာ အလုပ်ပြောင်းပြီး ဧပြီလ ၂၈ရက်မှာ တခြားအလုပ်တစ်ခုကို ပြောင်းလဲ လုပ်ကိုင်ခဲ့တယ်လို့ ကိုသားသားက ပြောပါတယ်။

ဧပြီလ ၃၀ရက်မှာ တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်နဲ့ အဖွဲ့က ကိုသားသားကို လစာ​ပေးမယ်ဆိုပြီးလာခေါ်လို့ ဆိုပါတယ်။သူ့ရဲ့ လစာက ဘတ် ၂၀၀၀၀ ဖြစ်ပေမယ့် ဘတ် ၁၂၀၀၀ လောက် မရသေးဘူးလို့ သိရပါတယ်။

"ဆိုက်ထဲက သူဌေးဆီကို ၃၀ ရက်နေ့ကြ လာခေါ်တယ်။ပိုက်ဆံထုတ်ပေးမယ်ဆိုပြီးခေါ်သွားတာ"လို့ ကိုသားသားက ပြောပါတယ်။

အဲဒီနောက် ရာယောင်းမှာရှိတဲ့ ​ဟော့​ပေါ့စားသောက်ဆိုင်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာက အခန်းတစ်ခန်းထဲမှာလူတစ်စုက အသင့်စောင့်နေခဲ့ပါတယ်။​စောင့်​နေတဲ့လူစုထဲက တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်အပါအဝင် တရုတ်လူမျိုး ၅ ဦးနဲ့ အခြားတစ်ဦး စုစုပေါင်း ၆ဦးကဝိုင်းဝန်းအကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။

ဂေါက်ရိုက်တံနဲ့ အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့ စတင်လောင်းနှိပ်စက်တယ်လို့ ကိုသားသားက ပြောပါတယ်။ တစ်ယောက်စီ အလှည့်ကျ ပုံစံနဲ့ ဂေါက်ရိုက်တံနဲ့ ရိုက်၊ ရေနွေးပူနဲ့လောင်း အကြမ်း
ဖက်နှိပ်စက်ခံရမှုဟာ နာရီနဲ့ချီ ကြာခဲ့ပါတယ်။ ရေနွေးပူအိုး ၅အိုးအထိ အလောင်းခံရတယ်လို့ ကိုသားသားက ပြောပါတယ်။

"၅အိုးမြောက် ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန် ရုန်းထွက်ပြေးတာ။သိလိုက်တယ်သူတို့ အ
သေသတ်တော့မယ်ဆိုတာ"လို့ ကိုသားသားက ပြောပါတယ်။

အလုပ်ရှင်တွေက သူဟာ လုပ်ဖော်ကိုင်ဖက် ရွှေ့
ပြောင်း အလုပ်သမားတွေကို လစာသေချာမပေးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆက်မလုပ်ဖို့ မြှောက်ပင့် သွေးထိုးပေးခဲ့တယ်လို့ စွပ်စွဲပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။

တရုတ်​ဆောက်လုပ်​ရေးလုပ်ငန်းရှင်​တွေရဲ့ အဲဒီ စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း၊ လစာပေးတာ နောက်ကျလို့ အလုပ်သမား အများအပြားက သူတို့သဘောနဲ့သူတို့ အလုပ်ထွက်ကုန်ကြတာသာ ဖြစ်ကြောင်းလည်း ကိုသားသားက​ပြောပါတယ်။

ဝန်ထမ်း ၂၀၀ လောက်ရှိတဲ့ဆောက်လုပ်ရေးလုပ်
ငန်းခွင်မှာ အများစုဟာလစာမှန်မှန်မရတဲ့ ပြဿနာကြောင့် အလုပ်ထွက်ကုန်ကြကြောင်းလည်း သူက ဆက်ပြောပါတယ်။

သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူတွေက တခြားသူတွေ နှိပ်စက်ခံနေရတဲ့ဗီဒီယိုတွေကိုလည်းပြသပြီး ခြိမ်း
ခြောက်ခဲ့ကြောင်း၊ ခြေလက် ဖြတ်တောက် ခံထားရသူတွေ၊ ဓာတ်လိုက်ခံနေရသူတွေကို ဗီဒီယိုထဲမှာ မြင်ခဲ့ရကြောင်းလည်း သားသားက ပြောပါတယ်။

သူတို့က သူ့လက်သည်းတွေကိုပါ ပလာယာနဲ့ ဆွဲနုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်သည်းတွေက တိုလွန်းနေတော့ မအောင်မြင်ခဲ့ကြောင်းလည်း သားသားက ဆက်ပြောပါတယ်။

ကိုသားသားဟာ ဟော့ပေါ့ဆိုင်ရဲ့ နောက်ဘက်က တောတနေရာကနေ ထွက်ပြေးပြီး အခြားစက်ရုံဝင်းတစ်ခုအတွင်းဝင်ရောက်ကာ အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။

အခြားစက်ရုံဝန်းကကူညီပေးမှုကြောင့် ထိုင်းရဲ ၂ ဦးက ကိုသားသား လာခေါ်​ပေးခဲ့လို ဧပြီလ ၃၀
ရက်ညမှာ ရဲစခန်းလိုက်သွားတယ်လို့ ပြောပါတယ်။

နောက်တနေ့မနက်မှာ ထိုင်းရဲတွေက ကိုသားသားခေါ်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်ခံရတဲ့ နေရာကို လိုက်လံပြသဖို့ ခေါ်သွားတယ်လို့ ဆိုပါတယ်။

"ဟိုရောက်တော့ ဆိုင်ရှင်တွေက မရှိဘူး။ မလာသေးဘူးဆိုပြီး ပြန်လာကြတာ။အဲဒီကရဲတွေက အမြန်လမ်းဘေးတနေရာမှာ ကျနော့် ချထားခဲ့တာ"လို့ ကိုသားသားက ပြောပါတယ်။

လမ်း​ဘေးမှာချထားခဲ့တဲ့အတွက်၅ နာရီကြာ လမ်း
လျှောက်နေရာ မြန်မာလုပ်သားတစ်ဦးနဲ့ တွေ့ဆုံလို့ အကူအညီတောင်းရာက မြန်မာအဖွဲ့အစည်းတွေထံ ဆက်သွယ်ပြီး အမှုဖွင့်တိုင်ကြားဖို့ ဖြစ်လာတာလို့ အဲဒီအမှုဖြစ်စဉ်ကို ကူညီပေးနေတဲ့ ကိုနေလင်းသူက လူထုနွေဦးကို ပြောပါတယ်။

"အခုတော့ တရုတ်မ ဆိုင်ရှင်ဆိုတာအပါအဝင် ၃
ဦးကို ထိုင်းရဲတွေကဖမ်းထားပြီးပြီ။ဥပဒေအတိုင်းသွားဖို့ လုပ်နေတယ်"လို့ ကိုနေလင်းသူက ပြောပါတယ်။
👍3110
ဒါ့အပြင် အကြမ်းဖက်နှိပ်စက်တဲ့ တရုတ်လူမျိုးအဖွဲ့ဟာ ကျားဖြန့်နဲ့ စပ်ဆက်နိုင်မှုရှိကြောင်းလည်း ကိုနေလင်းသူ ​ပြောပါတယ်။

"သူတို့နှိပ်စက်တုန်းကကျားဖြန့်တွေမှာလက်သည်း
တွေခွာတဲ့ ဗီဒီယိုဖိုင်ပြလုပ်တာတွေ၊ စကားပြောလာအောင် ပါးစပ်ထဲရေနွေးပူလောင်းထည့်တဲ့ နှိပ်စက်ပုံတွေဟာ ကျားဖြန့်တွေပဲ လုပ်တာ များတယ်"လို့ ကိုနေလင်းသူက သုံးသပ်ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီဖြစ်စဉ် အမှုကို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီပေးရာမှာ နာမည်ရှိတဲ့ တက်ကြွလှုပ်ရှားသူ ရှေ့နေဖိတန်က လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။

ရှေ့နေဖီတန်ဟာ ကိုသားသားရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မြင်ပြီး အရမ်းတုန်လှုပ်သွားခဲ့မိကြောင်း၊ တစ်ကိုယ်လုံးမှာ ရိုက်နှက်ထားတဲ့ ပေါက်ပြဲဒဏ်ရာတွေ၊ အပူလောင်ဒဏ်ရာတွေ ရထားခဲ့ကြောင်းပြောပြပါတယ်။

ကိုသားသားဟာ ကံကြီးလွန်းလို့ မသေခဲ့တာလို့ ရှေ့နေဖိတန်က မှတ်ချက်ပေးပါတယ်။

အကြမ်းဖက်နှိပ်စက်ခံရတဲ့ မြန်မာလုပ်သား ကိုသားသားဟာ ကျောပြင်နဲ့ ရင်ဘတ်တွေမှာ ရေနွေးပူ နဲ့ လောင်းခံရလို့ ဒဏ်ရာတွေများစွာရထားသလို လက်နဲ့ ခြေထောက်တွေမှာလည်း ဂေါက်ရိုက်တံနဲ့ ရိုက်နှက်ခံရလို့ ဒဏ်ရာတွေ ရထားတယ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေနဲ့ အခင်းဖြစ်တဲ့ နေရာတွေကို တိတိကျကျ သိထားတာကြောင့် ဒီအမှုကို ရဲတွေအနေနဲ့ ခက်ခက်ခဲခဲ စုံစမ်းနေဖို့ မလိုလောက်ဘူးလို့လည်း လိုက်ပါကူညီ​ပေး​နေတဲ့ရှေ့နေဖီတန်
က ပြောပါတယ်။

ကျူးလွန်ခံရသူဟာ မြန်မာတစ်ဦး ဖြစ်ပေမယ့် အမှုဟာ ထိုင်းနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တာကြောင့် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊ ထိုင်းပြည်သူတွေကလည်း နစ်နာသူကို အကူအညီ ပေးနေကြောင်းရှေ့နေဖီတန် ကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ဒါအပြင်သူက မြန်မာနိုင်ငံမှာနေထိုင်တဲ့ထိုင်းနိုင်ငံ
သားတွေကိုလည်း မြန်မာပြည်သူတွေက ကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံခဲ့ပါတယ်။
👍3612
တရုတ်အလုပ်ရှင်​တွေနဲ့ ပွဲစား​တွေက ​ဂေါက်တံနဲ့ ဝိုင်းရိုက် ၊​ရေ​နွေးပူအိုး​တွေနဲ့​​လောင်းခဲ့လို့ ဒဏ်ရာ​များစွာရခဲ့တဲ့ ကိုသားသားကို ကူညီ​ပေး​နေတဲ့ထိုင်းမှ လူအခွင့်အ​ရေးတက်ကြွလှုပ်ရှားသူကကြည့်
ရှု့စစ်​ဆေးစဥ်။
ဓါတ်ပုံ- กันจอมพลัง ​​ဖေစ်ဘွခ်
👍44😢19🤬8😁2
မြန်မာလုပ်သားကို ဝိုင်းဝန်းရိုက်နှက်​၊ရေ​နွေပူနဲ့​လောင်းတဲ့တရုတ်အလုပ်ရှင်တွေထဲ ၃ ဦးကိုထိုင်းရဲဖမ်းဆီး
👍231😁1

■"၅အိုး​မြောက်(​ကိုယ်​ပေါ်​လောင်းချနှိပ်စက်​​နေတဲ့ရေ​နွေးအိုး)​ ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန် ရုန်းထွက်ပြေးတာ။သိလိုက်တယ်သူတို့ အသေသတ်တော့မယ်ဆိုတာ"- ကျူးလွန်ခံရသူ
ကိုသားသား

မေ-၇၊၂၀၂၆။ကိုရှမ်း​လေး/People's Spring

ထိုင်းနိုင်ငံမှာမြန်မာလုပ်သားတစ်ဦးကိုတရုတ်လုပ်ငန်းရှင်တွေကအပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်တဲ့ဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေပြီး ကျူးလွန်တာမှာ ဦးဆောင်ပါဝင်သူ ၃ဦးကို ဖမ်းဆီးမိထားတယ်လို့ ကာယကံရှင်မြန်မာလုပ်သား ကိုသားသားက လူထုနွေဦးကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ဇာတိဖြစ်တဲ့ အသက်(၂၇)နှစ်အရွယ် မြန်မာလုပ်သား ကိုသားသားဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ရောက်ရှိတာ နှစ်လခန့်သာ ရှိပါသေးတယ်။ထိုင်းနိုင်ငံ ၊ရယောင်းပြည်နယ်ကဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေတာလို့ ကိုသားသားက ပြောပါတယ်။

တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်တဦးက အလုပ်သွင်းပေးမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေရာ ပြီးခဲ့တဲ့ ဧပြီလမှာ အလုပ်ပြောင်းပြီး ဧပြီလ ၂၈ရက်မှာ တခြားအလုပ်တစ်ခုကို ပြောင်းလဲ လုပ်ကိုင်ခဲ့တယ်လို့ ကိုသားသားက ပြောပါတယ်။

ဧပြီလ ၃၀ရက်မှာ တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်နဲ့ အဖွဲ့က ကိုသားသားကို လစာ​ပေးမယ်ဆိုပြီးလာခေါ်လို့ ဆိုပါတယ်။သူ့ရဲ့ လစာက ဘတ် ၂၀၀၀၀ ဖြစ်ပေမယ့် ဘတ် ၁၂၀၀၀ လောက် မရသေးဘူးလို့ သိရပါတယ်။

"ဆိုက်ထဲက သူဌေးဆီကို ၃၀ ရက်နေ့ကြ လာခေါ်တယ်။ပိုက်ဆံထုတ်ပေးမယ်ဆိုပြီးခေါ်သွားတာ"လို့ ကိုသားသားက ပြောပါတယ်။

အဲဒီနောက် ရာယောင်းမှာရှိတဲ့ ​ဟော့​ပေါ့စားသောက်ဆိုင်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာက အခန်းတစ်ခန်းထဲမှာလူတစ်စုက အသင့်စောင့်နေခဲ့ပါတယ်။​စောင့်​နေတဲ့လူစုထဲက တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်အပါအဝင် တရုတ်လူမျိုး ၅ ဦးနဲ့ အခြားတစ်ဦး စုစုပေါင်း ၆ဦးကဝိုင်းဝန်းအကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။

ဂေါက်ရိုက်တံနဲ့ အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့ စတင်လောင်းနှိပ်စက်တယ်လို့ ကိုသားသားက ပြောပါတယ်။ တစ်ယောက်စီ အလှည့်ကျ ပုံစံနဲ့ ဂေါက်ရိုက်တံနဲ့ ရိုက်၊ ရေနွေးပူနဲ့လောင်း အကြမ်း
ဖက်နှိပ်စက်ခံရမှုဟာ နာရီနဲ့ချီ ကြာခဲ့ပါတယ်။ ရေနွေးပူအိုး ၅အိုးအထိ အလောင်းခံရတယ်လို့ ကိုသားသားက ပြောပါတယ်။

"၅အိုးမြောက် ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန် ရုန်းထွက်ပြေးတာ။သိလိုက်တယ်သူတို့ အ
သေသတ်တော့မယ်ဆိုတာ"လို့ ကိုသားသားက ပြောပါတယ်။

အလုပ်ရှင်တွေက သူဟာ လုပ်ဖော်ကိုင်ဖက် ရွှေ့
ပြောင်း အလုပ်သမားတွေကို လစာသေချာမပေးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆက်မလုပ်ဖို့ မြှောက်ပင့် သွေးထိုးပေးခဲ့တယ်လို့ စွပ်စွဲပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။

တရုတ်​ဆောက်လုပ်​ရေးလုပ်ငန်းရှင်​တွေရဲ့ အဲဒီ စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း၊ လစာပေးတာ နောက်ကျလို့ အလုပ်သမား အများအပြားက သူတို့သဘောနဲ့သူတို့ အလုပ်ထွက်ကုန်ကြတာသာ ဖြစ်ကြောင်းလည်း ကိုသားသားက​ပြောပါတယ်။

ဝန်ထမ်း ၂၀၀ လောက်ရှိတဲ့ဆောက်လုပ်ရေးလုပ်
ငန်းခွင်မှာ အများစုဟာလစာမှန်မှန်မရတဲ့ ပြဿနာကြောင့် အလုပ်ထွက်ကုန်ကြကြောင်းလည်း သူက ဆက်ပြောပါတယ်။

သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူတွေက တခြားသူတွေ နှိပ်စက်ခံနေရတဲ့ဗီဒီယိုတွေကိုလည်းပြသပြီး ခြိမ်း
ခြောက်ခဲ့ကြောင်း၊ ခြေလက် ဖြတ်တောက် ခံထားရသူတွေ၊ ဓာတ်လိုက်ခံနေရသူတွေကို ဗီဒီယိုထဲမှာ မြင်ခဲ့ရကြောင်းလည်း သားသားက ပြောပါတယ်။

သူတို့က သူ့လက်သည်းတွေကိုပါ ပလာယာနဲ့ ဆွဲနုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်သည်းတွေက တိုလွန်းနေတော့ မအောင်မြင်ခဲ့ကြောင်းလည်း သားသားက ဆက်ပြောပါတယ်။

ကိုသားသားဟာ ဟော့ပေါ့ဆိုင်ရဲ့ နောက်ဘက်က တောတနေရာကနေ ထွက်ပြေးပြီး အခြားစက်ရုံဝင်းတစ်ခုအတွင်းဝင်ရောက်ကာ အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။

အခြားစက်ရုံဝန်းကကူညီပေးမှုကြောင့် ထိုင်းရဲ ၂ ဦးက ကိုသားသား လာခေါ်​ပေးခဲ့လို ဧပြီလ ၃၀
ရက်ညမှာ ရဲစခန်းလိုက်သွားတယ်လို့ ပြောပါတယ်။

နောက်တနေ့မနက်မှာ ထိုင်းရဲတွေက ကိုသားသားခေါ်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်ခံရတဲ့ နေရာကို လိုက်လံပြသဖို့ ခေါ်သွားတယ်လို့ ဆိုပါတယ်။

"ဟိုရောက်တော့ ဆိုင်ရှင်တွေက မရှိဘူး။ မလာသေးဘူးဆိုပြီး ပြန်လာကြတာ။အဲဒီကရဲတွေက အမြန်လမ်းဘေးတနေရာမှာ ကျနော့် ချထားခဲ့တာ"လို့ ကိုသားသားက ပြောပါတယ်။

လမ်း​ဘေးမှာချထားခဲ့တဲ့အတွက်၅ နာရီကြာ လမ်း
လျှောက်နေရာ မြန်မာလုပ်သားတစ်ဦးနဲ့ တွေ့ဆုံလို့ အကူအညီတောင်းရာက မြန်မာအဖွဲ့အစည်းတွေထံ ဆက်သွယ်ပြီး အမှုဖွင့်တိုင်ကြားဖို့ ဖြစ်လာတာလို့ အဲဒီအမှုဖြစ်စဉ်ကို ကူညီပေးနေတဲ့ ကိုနေလင်းသူက လူထုနွေဦးကို ပြောပါတယ်။

"အခုတော့ တရုတ်မ ဆိုင်ရှင်ဆိုတာအပါအဝင် ၃
ဦးကို ထိုင်းရဲတွေကဖမ်းထားပြီးပြီ။ဥပဒေအတိုင်းသွားဖို့ လုပ်နေတယ်"လို့ ကိုနေလင်းသူက ပြောပါတယ်။
23👍6🔥1
ဒါ့အပြင် အကြမ်းဖက်နှိပ်စက်တဲ့ တရုတ်လူမျိုးအဖွဲ့ဟာ ကျားဖြန့်နဲ့ စပ်ဆက်နိုင်မှုရှိကြောင်းလည်း ကိုနေလင်းသူ ​ပြောပါတယ်။

"သူတို့နှိပ်စက်တုန်းကကျားဖြန့်တွေမှာလက်သည်း
တွေခွာတဲ့ ဗီဒီယိုဖိုင်ပြလုပ်တာတွေ၊ စကားပြောလာအောင် ပါးစပ်ထဲရေနွေးပူလောင်းထည့်တဲ့ နှိပ်စက်ပုံတွေဟာ ကျားဖြန့်တွေပဲ လုပ်တာ များတယ်"လို့ ကိုနေလင်းသူက သုံးသပ်ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီဖြစ်စဉ် အမှုကို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီပေးရာမှာ နာမည်ရှိတဲ့ တက်ကြွလှုပ်ရှားသူ ရှေ့နေဖိတန်က လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။

ရှေ့နေဖီတန်ဟာ ကိုသားသားရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မြင်ပြီး အရမ်းတုန်လှုပ်သွားခဲ့မိကြောင်း၊ တစ်ကိုယ်လုံးမှာ ရိုက်နှက်ထားတဲ့ ပေါက်ပြဲဒဏ်ရာတွေ၊ အပူလောင်ဒဏ်ရာတွေ ရထားခဲ့ကြောင်းပြောပြပါတယ်။

ကိုသားသားဟာ ကံကြီးလွန်းလို့ မသေခဲ့တာလို့ ရှေ့နေဖိတန်က မှတ်ချက်ပေးပါတယ်။

အကြမ်းဖက်နှိပ်စက်ခံရတဲ့ မြန်မာလုပ်သား ကိုသားသားဟာ ကျောပြင်နဲ့ ရင်ဘတ်တွေမှာ ရေနွေးပူ နဲ့ လောင်းခံရလို့ ဒဏ်ရာတွေများစွာရထားသလို လက်နဲ့ ခြေထောက်တွေမှာလည်း ဂေါက်ရိုက်တံနဲ့ ရိုက်နှက်ခံရလို့ ဒဏ်ရာတွေ ရထားတယ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေနဲ့ အခင်းဖြစ်တဲ့ နေရာတွေကို တိတိကျကျ သိထားတာကြောင့် ဒီအမှုကို ရဲတွေအနေနဲ့ ခက်ခက်ခဲခဲ စုံစမ်းနေဖို့ မလိုလောက်ဘူးလို့လည်း လိုက်ပါကူညီ​ပေး​နေတဲ့ရှေ့နေဖီတန်
က ပြောပါတယ်။

ကျူးလွန်ခံရသူဟာ မြန်မာတစ်ဦး ဖြစ်ပေမယ့် အမှုဟာ ထိုင်းနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တာကြောင့် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊ ထိုင်းပြည်သူတွေကလည်း နစ်နာသူကို အကူအညီ ပေးနေကြောင်းရှေ့နေဖီတန် ကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ဒါအပြင်သူက မြန်မာနိုင်ငံမှာနေထိုင်တဲ့ထိုင်းနိုင်ငံ
သားတွေကိုလည်း မြန်မာပြည်သူတွေက ကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံခဲ့ပါတယ်။
🤬40👍163😁3😢2
■အ​တွေးအမြင်

အမှောင်ထုထဲက မြန်မာ့စီးပွားရေး

ကိုပါဝဲလ်​ရေးသားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေးတို့၏ လက်
ရှိအခြေအနေသည် စိန်ခေါ်မှုများ ပေါင်းစုံနေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါသည်။

မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၃၀ ပြည့်နှစ်အထိ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အာဏာမသိမ်းမီက (၂၀၁၉ ခုနဲ့ ၂၀၂၁ ခု) အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ရုန်းကန်နေရဦးမည်ဟု Economist Intelligence Unit (EIU) အဖွဲ့ကြီးက ဧပြီလ ၂၄ ရက်က ထုတ်ပြန်လိုက်ပါသည်။

Economist Intelligence Unit (EIU) ဆိုသည်မှာ ကမ္ဘာကျော် The Economist မဂ္ဂဇင်းကို ထုတ်ဝေသည့် "The Economist Group" ၏ လက်အောက်ခံ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ
ရေးနှင့် စီးပွားရေး အခင်းအကျင်းများကို အသေး
စိတ် လေ့လာဆန်းစစ်နေသည့် ထိပ်တန်းအဖွဲ့အစည်းတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၂၀၂၆ ခုကနေ ၂၀၃၀ ခု ကာလအတွင်း အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် စီးပွားရေးအဆိုးရွားဆုံးနိုင်ငံ ဖြစ်လာနိုင်ခြေ ရှိနေသည်။ GDP(ပြည်တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်း) သည်လည်း ၂၀၂၅ ခုနှစ်တွင် ၂.၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားနိုင်ကြောင်း EIU ခန့်မှန်းထားသည်။ နိုင်ငံ၏ ထုတ်ကုန်နှင့် စီးပွားရေးဟာ အရင်နှစ်ကထက် ပိုပြီး ကျုံ့သွားခြင်း သို့မဟုတ် စီးပွားရေး ပိုမိုဆိုးရွားသွားခြင်းကို ဆိုလိုပါသည်။

အဆိုးရွားဆုံး ရိုက်ခတ်မှုမှာ ငွေကြေးဖောင်းပွမှုပင်ဖြစ်သည်။၂၀၂၄ ခုနှစ်တွင် ဖောင်းပွမှုနှုန်း
၂၈.၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၂၅.၄ ရာခိုင်နှုန်း ဝန်းကျင်၌ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ စကားပုံလို အီရန်
စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေး
နှုန်း မြင့်တက်လာခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ်မှတဆင့် ကုန်ဈေးနှုန်းများကို ပိုတက်လာစေပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ထပ်ပိုးဖိစီးသလို ဖြစ်နေပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ ဘတ်ဂျက်လက်ကျန်မှာလည်း အစဉ်တစိုက် လိုငွေပြနေပြီး GDP(ပြည်
တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်း) ၏
၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ဆက်လက်ရှိနေမည် ဖြစ်သည်။ အခွန်ရရှိမှု နည်းပါးခြင်း နှင့် စစ်ရေးအသုံးစရိတ် အဆမတန် မြင့်မားနေခြင်းတို့ကြောင့် လိုငွေပြနေရခြင်းပင်ဖြစ်သည်ဟု EIU က ထောက်ပြထားပါသည်။

စစ်တပ်လက်​အောက်ခံမြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လွတ်လပ်ခွင့်မရှိဘဲ စစ်တပ်၏ အကျိုးစီး
ပွားအတွက်သာ လုပ်ဆောင်နေရပြီး၊ ဘတ်ဂျက်လိုငွေပြမှုကို ငွေစက္ကူအသစ် ရိုက်နှိပ်ဖြေရှင်းနေခြင်းက ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပါသည်။

ရွေးကောက်ပွဲအတုဖြင့် သမ္မတရာထူးဇွတ်ယူခဲ့သည့်မင်းအောင်လှိုင်၏ အစိုးရသည် နိုင်ငံ၏လူမှုစီးပွားရေးထက် ၎င်းတို့ အာဏာတည်မြဲရေးကိုသာ အဓိကဦးစားပေးနေသည်ကို တွေ့ရသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လောင်စာဆီပြတ်လပ်မှု ကြုံတွေ့ရချိန်တွင် အရပ်သားလုပ်ငန်းရှင်များနှင့် အများပြည်သူ လိုအပ်ချက်ထက် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်ကိုသာ ဦးစားပေး ခွဲဝေနေခြင်းသည် ထင်ရှားသည့် သာဓကတခုပင် ဖြစ်
သည်။

ဤကဲ့သို့သော မူဝါဒအလွဲများသည် ဈေးကွက်စီးပွားရေးစနစ်ကိုပျက်ပြားစေပြီးပုဂ္ဂလိကကဏ္ဍ
၏ ယုံကြည်မှုကို လျော့နည်းစေသည်ဟု EIU က ဖော်ပြထားပါသည်။

မြန်မာ့စီးပွားရေးကို ထပ်မံခြိမ်းခြောက်နေသည့် အဓိကအန္တရာယ် ကြီးလေးခု ရှိနေကြောင်း EIU က ဟောကိန်းထုတ်ထားပါသည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို အကြီး
အကျယ် ထိခိုက်စေနိုင်သည့် ကြီးမားသော သဘာဝဘေးအန္တရာယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို ပျက်စီးစေနိုင်သည့် ငွေလဲလှယ်နှုန်း မတည်
ငြိမ်မှုများ၊ လွတ်လပ်မှု မရှိသည့် ဘဏ်လုပ်ငန်း အကျပ်အတည်းနှင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသားများနှင့်လုပ်ငန်းများအပေါ် တိုက်ခိုက်မှုများ တိုးလာနိုင်ခြင်း အန္တရာယ်များ ဖြစ်ပါသည်။

ထိုအန္တရာယ် လေးခုသည် အလွန်စိုးရိမ်ရသည့် အဆင့်တွင် ရှိနေသည်ဟု သုံးသပ်ထားပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေးအရ အလွန်ပင် ခက်ခဲသော ကာလရှည်ကို ဖြတ်သန်းရဦးမည် ဖြစ်
သည်။ နောင် ၃/၄ နှစ်များအတွင်း ၂၀၁၉ ခု မတိုင်ခင် အခြေအနေကို ပြန်ရောက်ရန် မလွယ်ကူသေးကြောင်း ကိန်းဂဏန်းများက ညွှန်ပြနေပါသည်။

စနစ်ကျသော စီးပွားရေးစီမံခန့်ခွဲမှု၊ ဗဟိုဘဏ်၏ လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေးကို အခြေခံသည့်
မူဝါဒများ မရှိသရွေ့ မြန်မာ့စီးပွားရေးသည် EIU ခန့်မှန်းထားသည်ထက် ပိုမိုကြာရှည်စွာ အမှောင်ထုအတွင်း ရှိနေဦးမည်ဖြစ်ပါသည်။ ။
22😢7👍3🔥1