ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့ ဆားလင်းကြီးဒေသခံပြည်သူတွေ တောင်းဆို
မေ-၇၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကိုမေလ ၆ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။
ဆားလင်းကြီးပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" ၊ "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဒေသခံတော်လှန်ပြည်သူ တွေနဲ့အတူ "Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာကြောင်းသက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကိုဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီးသတင်းအမှောင်ချထားတာကြောင့်သားဖြစ်သူကိုထိန်လင်း
(ခ) ကင်မ်အဲရစ်အပါအဝင်ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ကြောင်း အ
ထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

❤43🥰5👏2👍1🔥1
ဖြူးနဲ့ထန်းတပင်အစပ်ရွာတွေကိုစစ်တပ်ဗုံးကြဲ
ဒေသခံပြည်သူ၆ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
မေ-၇၊၂၀၂၆။ဒလပန်း/People's Spring
ပဲခူးတိုင်း၊ ဖြူး နဲ့ ထန်းတပင်မြို့နယ်အစပ်ကျေး
ရွာတွေကို စစ်တပ်က ဒီကနေ့မှာလေကြောင်း
ကနေ ဗုံးကြဲခဲ့တဲ့အတွက်ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မေလ ၇ ရက် နေ့လယ် ၁၂ ခွဲအချိန်မှာ စစ်တပ်က ထန်းတပင်မြို့နယ် ဘွားအေစုကျေးရွာနဲ့ ဖြူးမြို့နယ် ရှားပင်ချောင်ကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့တာဖြစ်ပါတယ်။
"တိုက်ပွဲဖြစ်တာမျိုးမရှိဘူး။လှေဆိပ်နားကို ၁၂ နာ
ရီလောက်မှာတစ်ခါ ၂ နာရီကျော်မှာ တစ်ခါ နှစ်ခါ လာပစ်သွားတာ။ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖွားအိမ်စုတစ်ရွာတည်းကို လေကြောင်းကနေ ၅ ကြိမ်ဗုံးကြဲခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘွား
အေစုကျေးရွာက ဒေသခံ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။သေဆုံးသူတွေထဲမှာ ကလေးငယ် သုံးဦးပါဝင််တယ်လို့သိရပါတယ်။
စစ်တပ်ကဗုံးကြဲလို့ ဒေသခံပြည်သူတွေကလှေ
ဆိပ်ကို ပြေးကြစဥ် လှေဆိပ်အရောက်မှာဗုံးကြဲခံရတာလို့ ဒေသခံတဦးက လူမှုကွန်ယက်မှာရေးသားထားပါတယ် ။
ပြီးခဲ့တဲ့ မေလ ၃ ရက်မှာလည်း ဘွားအေစု၊ ဇလုပ်ကြီးနဲ့ ငါးဆီးလှောင် ကျေးရွာတွေကို စစ်တပ်က Gyrocopter ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီးနေအိမ် အနည်းဆုံး ၁၃ လုံးပျက်စီးခဲ့ပါတယ်။ ဒါအပြင် အိမ်မွေးတိရစ္ဆာန်တွေလည်းသေဆုံးခဲ့ပါတယ်။
ဧပြီလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

🤬31❤3👎2🔥2😢1
စစ်တပ်က ဗုံးကြဲတာကြောင့်သေဆုံးခဲ့တဲ့ ပြည်သူတွေထဲကအချို့နဲ့ အပျက်အစီးတွေ
။ဓါတ်ပုံ-ဒေသခံ
။ဓါတ်ပုံ-ဒေသခံ
😢29🤬13🔥4👎1
မြန်မာ့အရေးအတွက်ပိုပြီးထိရောက်တဲ့ ဆောင်
ရွက်မှုမျိုးတွေကိုအာဆီယံဥက္ကဋ္ဌဆီကနေ SAC-M တောင်းဆို
မေ-၇၊၂၀၂၆။People's Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်ဟောင်းတွေနဲ့ ကုလသမဂ္ဂ (UN) ကျွမ်းကျင်ပညာရှင်ဟောင်းတွေက အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက်တဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေ တွန်းအားပေး လုပ်ဆောင်ဖို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စီဘူမြို့မှာကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာမြန်မာနဲ့ပတ်သက်ပြီး ပိုမိုထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ လုပ်
ဆောင်ပေးဖို့ ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေ၊ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ်ဟောင်းနဲ့ တရားရေး ဝန်ကြီး လိုင်လာဒီ လီမာ၊ SAC-Mရဲ့ တခြားအဖွဲ့ဝင်တွေက လက်မှတ်ရေးထိုး တောင်းဆိုထားခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၅ နှစ်အကြာမှာတော့ အတုအယောင် ရွေး
ကောက်ပွဲ တစ်ခုနေတဆင့် သမ္မတ ရာထူးကို ရယူပြီးတဲ့နောက် အာဆီယံ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားနေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့တာ၊ နောက်ဆက်
တွဲ လွှတ်တော်တစ်ခု ဖွဲ့စည်းစေခဲ့တာ၊ သမ္မတရာထူးကို မင်းအောင်လှိုင် ရယူခဲ့တာ၊ ဖမ်းဆီးချုပ်နှောင် ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ သတ်မှတ်တာတွေဟာ အရပ်
သားအစိုးရအယောင်ဆောင်စစ်တပ်က နိုင်ငံတ
ကာ ထောက်ခံမှု၊ အသိအမှတ်ပြုမှုကို ရရှိဖို့ သိ
သာမြင်သာတဲ့ အားထုတ်မှုတွေ ဖြစ်တယ်လို့ SAC-Mက ဆိုပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအနှံ့မှာ စစ်
တပ်က အရပ်သားပစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြှင့်တင်လာနေတာကိုလည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အခုနှစ် မတ်လဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ သေဆုံးမှု အများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သေဆုံးစာရင်း ၅၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
SAC-Mက ဖိလစ်ပိုင်နဲ့ အာဆီယံ အသိုက်အဝန်းဟာ စစ်တပ်ရဲ့ အတုအယောင် အသွင်ပြောင်းလဲရေးအားထုတ်မှုတွေမှာယုံမှားလက်ခံလိုက်တာမျိုး မလုပ်ကြဖို့နဲ့ အလှည့်ကျအာဆီယံ ဥက္ကဋ္ဌ အနေနဲ့လည်း မြန်မာနဲ့ ပတ်သက်တဲ့ အာဆီယံမူဝါဒတွေကိုပိုပြီးတင်းကျပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
SAC-Mကအာဆီယံကိုအကြံပြု တောင်းဆိုခဲ့တဲ့ တိုက်တွန်းချက်တွေရဲ့ အနှစ်ချုပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အုပ်ချုပ်ရေး အစုအဖွဲ့သစ်ကို ငြင်းပယ်ပြီး အာဆီယံ အစည်းအဝေးတွေမှာ အဆင့်နိမ့် အရာရှိတွေ အပါအဝင်စစ်တပ်ရဲ့ကိုယ်စားလှယ်အားလုံး တက်ရောက်ခွင့်ကို တားမြစ်ဖို့
- စစ်တပ်ရဲ့ ရန်လို တိုက်ခိုက်နေမှုတွေ အားလုံး ချက်ချင်း ရပ်တန့်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့
- ဒေါ်အောင်ဆန်းစုကြည်ဆီ လွတ်လပ်တဲ့ လေ့
လာစောင့်ကြည့်သူတွေ၊ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေ သွားရောက် တွေ့ဆုံခွင့်ရရေးအတွက် စစ်တပ်ကို ဖိအားပေးဖို့
- ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် အသိအမှတ် ပြုပေးဖို့
- နယ်စပ်ဖြတ်ကျော် ကူညီမှုတွေ အပါအဝင် မြန်
မာနိုင်ငံ အနှံ့မှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ပေးဖို့
- မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်
ရေး အစိုးရ (NUG)နဲ့ ထိတွေ့မှုတွေကို မြှင့်တင်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်
ဆောက်ရေးအတွက် အားပေး ထောက်ခံဖို့
- မင်းအောင်လှိုင်နဲ့ တခြားစစ်ဗိုလ်ချုပ်တွေ ကျူး
လွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် အရေးယူနိုင်ဖို့ နိုင်ငံတကာ တရားရေး အားထုတ်မှုတွေကို အားပေးကူညီဖို့
SAC-Mရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အာဆီယံ အနေနဲ့ မြန်မာ့အရေးအတွက် အထူးခန့်အပ်ထားတဲ့အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ရာထူးနေရာကို ပိုမိုအားကောင်းလာအောင်ဝန်ထမ်းတွေ၊ အရင်းအမြစ်တွေပိုမိုဖြည့်တင်းထောက်ပံပေးတာ၊ ရာထူးသက်တမ်း ကာလကို တိုးမြှင့်ပေးတာတွေ စဉ်းစားဖို့လည်း တိုက်တွန်းထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း အာဆီယံက ဖြစ်သင့်တဲ့ တုံ့ပြန်မှုတွေကိုလုပ်ဆောင်ဖို့အားနည်းပျက်
ကွက်ခဲ့ခြင်းက မြန်မာ့ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေတဲ့အပြင် ဒေသတွင်း တည်ငြိမ်ရေးကိုပါခြိမ်းခြောက်လာခဲ့ကြောင်းSAC-Mကထောက်ပြခဲ့ပါတယ်။လက်ရှိမှာတော့ ဖိလစ်ပိုင်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ မြန်မာနဲ့ ပတ်သက်လို့ ပိုပြီး ပြင်းထန်အား
ကောင်းတဲ့ ကိုင်တွယ်မှုတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း SAC-Mက အကြံပြု တောင်းဆိုထားပါတယ်။
ကိုးကား- SAC-M

👍40❤10🔥2
မင်းပြားမြို့နယ်ကို စစ်တပ်က လေယာဉ်အုပ်စုလိုက် ဗုံးကြဲ
မေ-၇၊၂၀၂၆။ဇော်ရမ်း/People's Spring
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကို စစ်တပ်က ဒီကနေ့ မေလ ၇ရက် မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအနီးနဲ့ သစ်ပုတ်တောင်အနီးကို နေ့လယ် ၂ နာရီခွဲကျော်အချိန်ကစ၍ ၃ နာရီခွဲကျော်အထိ လေယာဉ် ၈စီးနဲ့ ဗုံးလာကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂျက်ဖိုက်တာ ၆စီး၊ Y-12 ၂စီးနဲ့ ဗုံးပတ်ကြဲတာဖြစ်ပြီး ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာ နာရီနဲ့ချီကြာ ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလမှာ ရခိုင်ပြည်နယ်က သံတွဲ၊ငပလီ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ရသေ့တောင်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိ မေလအတွင်းမှာလည်း ဆက်လက် ဗုံးကြဲနေတာဖြစ်ပါတယ်။
မေလ ၄ရက်ကလည်း ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာနဲ့ သံပုရာထောင့်ကျေးရွာအနီးကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပုံစံပြောင်းလာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့လေကြောင်းကဗုံးကြဲမှုတွေအရှိန်မြှင့်နေပြီး အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ အာရက္ခတပ်တော် (AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မေလ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလို အဲဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့လည်း အသိပေးထားပါတယ်။

🤬39👎3❤2🔥1