People's Spring
63.5K subscribers
65.6K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကပစ(၁၆)အနီးက ပွိုင့်၅၀၆ စခန်းကုန်းကို
AAနဲ့မဟာမိတ်တွေ ထိုးစစ်ဆင်

​မေ-၆၊၂၀၂၆။ဇော်ရမ်း/People's Spring

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ
(၁၆)ရဲ့ကာကင်းစခန်း ၆၆၆ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွကသိမ်းယူပြီးတဲ့နောက် သုံးလခန့်အကြာမှာ နောက်ထပ်ကာကင်းစခန်းတစ်ခုကို ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

၆၆၆ ပွိုင့်ကုန်းကို AA နဲ့မဟာမိတ်တပ်​တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ရှေ့ကိုဆက်တိုးပြီး စစ်ရေးဖော်ဆောင်နေတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

" ၅၀၆ စခန်းကုန်းကို ဖိထိုးနေတာ။ အဲ့ဒီနားမှာ ထိတွေ့တိုက်ပွဲက တစ်ပတ်လောက်ရှိနေပြီ။ စစ်တပ်က လေကြောင်းပစ်ကူ အဓိကပေးနေပြီး တိုက်ပွဲက ပြင်းထန်းနေတာပါ" လို့သူကပြောပါတယ်။

ကပစ(၁၆)အနီးမှာ၆၆၆ပွိုင့်ကုန်း၊၅၀၆ပွိုင့်ကုန်း၊၂‌၆၈ နဲ့ ၃၅၃ ပွိုင့်ကုန်းဆိုပြီးအဓိကကာကင်းစခန်း
လေးခုရှိပါတယ်။ AAနဲ့မဟာမိတ်တွက၆၆၆ပွိုင့်ကုန်းကိုဆက်လက်ထိန်းချုပ်ထားပြီးတော့ ၅၀၆
ပွိုင့်ကုန်းကို ထပ်မံထိုးစစ်ဆင်နေစဉ်မှာ စစ်တပ်ကလေကြောင်းကနေအပြင်းအထန်ခုခံနေတာဖြစ်ပါတယ်။

ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေဟာ မေလ ၁ရက်နောက်ပိုင်းကနေ နေ့စဉ် မြင်တွေ့နေရတယ်လို့ ပန်းတောင်းမြို့နယ်က​ဒေသခံတွေကပြောပါတယ်။

ပန်းတောင်းမြို့ဟာရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်
စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ ၆၆၆ပွိုင့်ကုန်းစခန်းသိမ်း
တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

ပန်းတောင်းမြို့က ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLA
အပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေး
ကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေသလို တိုက်ပွဲတွေက ကပစ(၁၆)အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်း
ကန်ကွဲရွာ၊ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။

AAဟာ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ မ​ကွေးတိုင်းအစပ် ၊ဧရာဝတီတိုင်းအစပ် ၊ပဲခူးတိုင်းအစပ်နဲ့ ကျန်ဒေသတွေမှာလည်းမဟာမိတ်​တွေနဲ့အတူ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေပါတယ်။
👍4812👏7🫡4🥰2😁2
အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ ။
ဓါတ်ပုံ-AA Infodesk
🥰36👍148🫡5😁2🔥1
"အခုတက်လာတဲ့ အတုအယောင်အစိုးရ(အာဏာ
သိမ်းစစ်အုပ်စု)ပေါ့နော်။အတုအယောင်ဖြစ်တဲ့
ဒီစစ်အစိုးရက လူထုကို ပထမအနေနဲ့ အမျိုးမျိုး ဖိနှိပ်ညှင်းပမ်းပြီး နောက်ဆုံးကျ ပြန်လည်ချော့သိပ်တဲ့သဘော နဲ့ ခေါ်ယူစည်းရုံးသွားဖို့ သူ့ရဲ့ နည်းပရိယာယ်ကအဲဒီလို မျိုးရှိတဲ့အပေါ် လူထုအနေနဲ့ သတိထားပြီး ကြံ့ကြံ့ခံမယ်။ကြံ့ကြံ့ခံ မနေရင်တော့ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ မျိုးဆက် တဆက်ပြီးတဆက် အဲဒီလိုပဲ ခံရမယ်လေ။ အဲဒါကြောင့်မို့ အခု ကြံ့ကြံ့ခံပြီး ဒီဟာကို သူတို့ ဘယ်လောက်ပဲ လုပ်လုပ် စုစုစည်းစည်းနဲ့ သူတို့ကိုတွန်းလှန်လို့ရတဲ့အထိ လုပ်ဆောင်သွားရမယ်လို့ပဲ ကျနော်အနေနဲ့ တော့ ဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်။"

"လက်ရှိသူတို့(စစ်တပ်)ရွေးကောက်ပွဲလုပ်ပြီးတက်
လာတဲ့ အစိုးရက စစ်အစိုးရပဲ။နောက်ပြီးကျွန်​တော်တို့ ပြည်သူကနေ ရွေးကောက်တဲ့ အစိုးရ လည်းမဟုတ်ဘူး။ ကျွန်​တော်တို့ ရွေးကောက်တဲ့ အစိုးရကပြီးခဲ့တဲ့ ၂၀၂၀မှာ ရွေးကောက်တဲ့အစိုးရက စစ်မှန်တဲ့ ကျွန်​တော်တို့ ရဲ့ အစိုးရ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်​တော်တို့ အစိုးရရော ကျွန်​တော်တို့ အစိုးရနဲ့ ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအားလုံး အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့လူတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျွန်​တော်တို့ ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးက ဒီစစ်အစိုးရ ပြုတ်ကျပြီးတော့မှ စစ်မှန်တဲ့ ကျွန်​တော်တို့ ရွေးကောက်တဲ့ အစိုးရ သူ့နေရာမှာ ပြန်လည်ရောက်ရှိ နိုင်ဖို့ကြိုးစားဖို့ကျွန်​​တော်တို့အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်"


KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး
ကြီးစောကလယ်ဒိုဟာလူကြီးရောဂါနဲ့ ယ​နေ့( ​မေ
လ၆)မှာ လူကြီး​ရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ် ။ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကို လူထု​နွေဦးက ဧပြီ ၁၇ ရက်​နေ့မှာအင်တာဗျူးခဲ့ပါတယ် ။မကွယ်လွန်မီ သုံးပါတ်အလိုမှာ People's Spring နဲ့​မေးမြန်းခန်းမှကောက်နှုတ်ချက်ဖြစ်ပါတယ်။


https://www.ludunwayoo.com/interviews-mm/2026/04/17/154383/
😢33👍7🔥31
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားပြသပေးဖို့ ကနေဒါရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ

မေ-၇၊၂၀၂၆။ သုည/People's Spring

ကနေဒါနိုင်ငံ အော်တာဝါမြို့ရှိ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားပြသရေး "Proof of life" အတွက် ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို မေလ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို Embassy of Myanmar (အော်တာဝါ) နဲ့ Parliament Hill ရှေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်မင်းသား ခါရာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ကနေရောက်မြန်မာတွေက "Proof of Life" ၊ "Free Aung San Suu Kyi" ၊ "အမေစုနဲ့အတူ နိုင်ငံရေး အကျဥ်းသားများအားလုံး ချက်ချင်းလွှတ်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
👍4313🥰4😁2
ဓာတ်ပုံ - Leo Minthu
👍4117🥰3🔥1
ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့ ဆားလင်းကြီးဒေသခံပြည်သူတွေ တောင်းဆို

မေ-၇၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကိုမေလ ၆ရက်​နေ့ကပြုလုပ်ခဲ့ကြပါတယ်။

ဆားလင်းကြီးပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" ၊ "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဒေသခံတော်လှန်ပြည်သူ တွေနဲ့အတူ "Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာကြောင်းသက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကိုဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီးသတင်းအမှောင်ချထားတာကြောင့်သားဖြစ်သူကိုထိန်လင်း
(ခ) ကင်မ်အဲရစ်အပါအဝင်ပြည်သူတွေက စိုးရိမ်​နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ကြောင်း အ
ထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
43🥰5👏2👍1🔥1
ဓာတ်ပုံ-လက်ပံတောင်းတောင်ပင်မသပိတ်
👍4420🥰3🔥1
ဖြူးနဲ့ထန်းတပင်အစပ်ရွာတွေကိုစစ်တပ်ဗုံးကြဲ
ဒေသခံပြည်သူ၆ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

မေ-၇၊၂၀၂၆။ဒလပန်း/People's Spring

ပဲခူးတိုင်း၊ ဖြူး နဲ့ ထန်းတပင်မြို့နယ်အစပ်ကျေး
ရွာတွေကို စစ်တပ်က ဒီက​နေ့မှာလေကြောင်း
ကနေ ဗုံးကြဲခဲ့တဲ့အတွက်ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မေလ ၇ ရက် နေ့လယ် ၁၂ ခွဲအချိန်မှာ စစ်တပ်က ထန်းတပင်မြို့နယ် ဘွားအေစုကျေးရွာနဲ့ ဖြူးမြို့နယ် ရှားပင်ချောင်ကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့တာဖြစ်ပါတယ်။

"တိုက်ပွဲဖြစ်တာမျိုးမရှိဘူး။လှေဆိပ်နားကို ၁၂ နာ
ရီလောက်မှာတစ်ခါ ၂ နာရီကျော်မှာ တစ်ခါ နှစ်ခါ လာပစ်သွားတာ။ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖွားအိမ်စုတစ်ရွာတည်းကို ​လေ​ကြောင်းက​နေ ၅ ကြိမ်ဗုံးကြဲခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘွား
အေစုကျေးရွာက ဒေသခံ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။​သေဆုံးသူ​တွေထဲမှာ က​လေးငယ် သုံးဦးပါဝင််တယ်လို့သိရပါတယ်။

စစ်တပ်ကဗုံးကြဲလို့ ​ဒေသခံပြည်သူ​တွေကလှေ
ဆိပ်ကို ​ပြေးကြစဥ် ​လှေဆိပ်အရောက်မှာဗုံးကြဲခံရတာလို့ ​ဒေသခံတဦးက လူမှုကွန်ယက်မှာ​ရေးသားထားပါတယ် ။

ပြီးခဲ့တဲ့ မေလ ၃ ရက်မှာလည်း ဘွားအေစု၊ ဇလုပ်ကြီးနဲ့ ငါးဆီးလှောင် ကျေးရွာတွေကို စစ်တပ်က Gyrocopter ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး​နေအိမ် အနည်းဆုံး ၁၃ လုံးပျက်စီးခဲ့ပါတယ်။ ဒါအပြင် အိမ်​မွေးတိရစ္ဆာန်​တွေလည်း​သေဆုံးခဲ့ပါတယ်။

ဧပြီလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
🤬313👎2🔥2😢1
စစ်တပ်က ဗုံးကြဲတာ​ကြောင့်သေဆုံးခဲ့တဲ့ ပြည်သူ​တွေထဲကအချို့နဲ့ အပျက်အစီး​တွေ
။ဓါတ်ပုံ-​ဒေသခံ
😢29🤬13🔥4👎1