(ဒီနေ့ မေလ ၇ရက်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တွေ့ရစဥ်။ ဓာတ်ပုံ - ASEAN)
😁22👍16👎1😭1
Netflixမှာကြည့်ရမယ့် ဒေါင်းရဲ့ Omukade
မေ-၇၊၂၀၂၆။ဆဏ်း/People's Spring
တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။
"ကျနော်တို့က ကြိုးစားမယ်၊ ခင်ဗျားတို့က အားပေးပေးပါ၊ တခြားနိုင်ငံမှာ သရုပ်ဆောင်လုပ်နိုင်ဖို့ကအားလုံးရဲ့ခွန်အားကအရေးပါပါတယ်။ချစ်ခြင်းများစွာဖြင့် "လို့ ဒေါင်းကရေးသားထားပါတယ်။
ဒေါင်းရဲ့ဇာတ်ကား Netflixမှာ ပြသတဲ့အပေါ် သူ့ရဲ့ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဂုဏ်ယူကြောင်း ရေးသားထားကြပါတယ်။
ဟန်နီနွေဦးက "ကိုယ်တွေရဲ့ မင်းသား" လို့ ကပ်ပရှင်ရေးကာ Netflix ကတင်ထားတဲ့ ဒေါင်းရဲ့ ဇာတ်ဝင်ခန်းပုံကို မျှဝေထားပါတယ်။
Omukade ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီ လအတွင်းက ရုံတင်ပြသခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်လို့ ဒေါင်းကပြောထားပါတယ်။
ဒီဇာတ်ကားမှာ ထိုင်း ၊ ဂျပန် ၊ အမေရိကန် စတဲ့ နိုင်ငံတွေက သရုပ်ဆောင်တွေလည်း ပါဝင်ပြီး ဒေါင်းက အဓိက သရုပ်ဆောင်တစ်ဦး အနေနဲ့ ပါဝင်ထားတာပါ။
တစ်ကားလုံး ထိုင်းဘာသာစကားနဲ့ ပြောပြီး သရုပ်ဆောင်ခဲ့ရသလို အက်ရှင်ခန်းတွေက အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဒေါင်းက People's Spring နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဒေါင်းက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တော်လှန်ရေး လုပ်တာကြောင့် အားပေးတာမျိုးမလုပ်ပဲ အရည်အသွေးအပေါ် မူတည်ပြီး အားပေးဖို့လည်း ပြောထားပါတယ်။
တော်လှန်ရေးမတိုင်ခင်ကာလက Netflix မှာ ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားထုတ်လွှင့်ခဲ့ဖူးပါတယ်။

❤40👏6🔥2🥰2👍1
KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်
မေ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ မေလ ၆ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ အသက်အရွယ် ကြီးပြီဖြစ်သလို ကျန်းမာရေးမကောင်းဖြစ်နေတာ ကြာပြီလို့ ပြောပါတယ်။
“စိတ်မကောင်းဘူး။ သူက နေမကောင်းနေတာ ကြာပြီ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ ကျန်းမာရေးအားနည်းနေတဲ့ကြားက သတင်းဖြေကြားမှုတွေ ပြုလုပ်ပေးနေတာလို့ ပြောပြပါတယ်။
"ကျနော်တို့အဖူးကလယ်ဒိုမရှိတော့တာဟာကျနော်တို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်။သူဟာတိုင်းပြည်,လူမျိုးခေါင်းဆောင်၊ တော်လှန်ရေးတာဝန်ဝတ္တရားတွေပေါ်သစ္စာရှိသောသူတစ်ယောက်ဖြစ်သလို ကျနော်
တို့အတွက်ပုံသက်သေကောင်းဖြစ်စေတဲ့သူဖြစ်တယ်။ ကျန်ရှိသောကျနော် တို့မျိုးဆက်သစ်များလည်း အဖူးကဲ့သို့တိုင်းပြည်လူမျိုး တော်လှန်ရေးအပေါ်သစ္စာရှိသောလူများဖြစ်ပါစေ။ သူဟာ မိခင်အစည်းအရုံးအတွင်းသစ္စာရှိစွာရပ်တည်သောသူဖြစ်တယ်။ ဤဆုံးရှုံးမှုအတွက် မိသားစု လုပ်ဖော်ကိုင်ဖက်များနဲ့ အတူ အထူးဝမ်းနည်းကြေကွဲမိပါတယ်"လို့ ကရင် သတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒို သေဆုံးမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို တရားဝင် ထုတ်ပြန်မှု မရှိသေးပေမယ့် ကရင်သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ ဆီးချိုရောဂါ ခံစားနေရတာလို့ ဆိုပါတယ်။
ကရင်သဘာ၀ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်(KESAN)ကလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားပါတယ်။
“ကျွန်ုပ်တို့ချစ်ခင်လေးစားရသော ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုကွယ်လွန်သွားသည့်အ ပေါ် များစွာဝမ်းနည်းကြေကွဲရပါသည်။ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို၏ ဦးဆောင်မှု၊ ရဲရင့်မှုနှင့် ပေးဆပ်မှုတို့အတွက် ၎င်းအားကျွန်ုပ်တို့ ထာဝစဥ် အောက်မေ့သတိရနေမည် ဖြစ်ပါသည်။ ၎င်း၏ မိသားစုနှင့်မိတ်ဆွေသူငယ်ချင်းများနည်းတူ ကျွန်ုပ်တို့လည်း ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါသည်”လို့ KESAN က ဖော်ပြထားပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ စစ်ကောင်စီရဲ့ ကရင်ဒေသခံ ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အခြေအနေတွေ၊ KNU ဖာပွန်ခရိုင်အတွင်း စစ်ရေး အခြေအနေတွေ ရှင်းလင်းဖြေကြားပေးလေ့ရှိသလို နိုင်ငံရေးဆိုင်ရာ အမြင်သဘောထားတွေကိုလည်း ထုတ်ဖော်ပြောကြားပေးလေ့ရှိပါတယ်။
မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ရက်မှာ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုနဲ့ People’s Spring ရဲ့ အမေးအဖြေ ကဏ္ဍမှာ အာဏာသိမ်းစစ်တပ်ကို စုစည်းညီညွတ်စွာ တွန်းလှန်ကြဖို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထုရွေးကောက်ထားတဲ့ အစိုးရ ခေါင်းဆောင်တွေ နဲ့ မတရားဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး ပြည်သူတရပ်လုံးမှာ တာဝန်ရှိကြောင်း ဖြေကြားခဲ့ပါတယ်။
“အခုတက်လာတဲ့ အတုအယောင် အစိုးရပေါ့နော်။အတုအယောင်ဖြစ်တဲ့ ဒီစစ်အစိုးရက လူထုကို ပထမအနေနဲ့ အမျိုးမျိုး ဖိနှိပ်ညှင်းပမ်းပြီး နောက်ဆုံးကျ ပြန်လည်ချော့သိပ်တဲ့သဘော နဲ့ ခေါ်ယူစည်းရုံးသွားဖို့ သူ့ရဲ့ နည်းပရိယာယ်ကအဲဒီလို မျိုးရှိတဲ့အပေါ် လူထုအနေနဲ့ သတိထားပြီး ကြံ့ကြံ့ခံမယ်။ကြံ့ကြံ့ခံ မနေရင်တော့ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ မျိုးဆက် တဆက်ပြီးတဆက် အဲဒီလိုပဲ ခံရမယ်လေ။ အဲဒါကြောင့်မို့ အခု ကြံ့ကြံ့ခံပြီး ဒီဟာကို သူတို့ ဘယ်လောက်ပဲ လုပ်လုပ် စုစုစည်းစည်းနဲ့ သူတို့ကိုတွန်းလှန်လို့ရတဲ့အထိ လုပ်ဆောင်သွားရမယ်လို့ပဲ ကျနော်အနေနဲ့ တော့ ဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်” လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ဟန်ပြ တွေ့ဆုံဆွေးနွေးရေးတွေ ဖိတ်ခေါ်တာကို ညီညွတ်စွာ သပိတ်မှောက်ဖို့လည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက တိုက်တွန်းခဲ့ပါတယ်။
“သူတို့ ခေါ်မယ့် ဒီတွေ့ဆုံဆွေးနွေးရေးကတော့ ပြည်ထောင်စုကို ဖွဲ့စည်းတည်ဆောက်ဖို့ မဟုတ်ဘဲနဲ့ စစ်အာဏာရှင် တွေရဲ့ သက်ဆိုးရှည်ဖို့ အတွက်လောက်ပဲ တွေ့ဆုံဆွေးနွေးမှုမျိုးလုပ်မယ်ဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိဘူး။ အကယ်၍ သူတို့ ခေါ်မယ်ဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိဘူးပေါ့။ အကယ်၍ သူတို့ ခေါ်လည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေရဲ့ အောက်မှာပဲ ခေါ်မယ်ဆိုလို့ရှိရင် တော့ဒါကလုံး၀ယုံကြည်လို့မရတဲ့ အခြေအနေမှာ ရှိနေတယ်” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။
မကြာမီက ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ အနေနဲ့ ထိထိရောက်ရောက်တက်ညီလက်ညီ လုပ်ဆောင်သွားပါက စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တကယ်ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။ ဦးဆောင်ကောင်စီမှာ ကျန်တိုင်းရင်းသားလူမျိုးစုတွေ စုစုစည်းစည်း လုပ်ဆောင်သွားဖို့လည်း သူက တိုက်တွန်းထားပါတယ်။

😢29❤4🔥2
ပြည်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲ မျိုးစုံ ကြုံတွေ့ခဲ့ရပြီးဖြစ်လို့ အခက်အခဲတွေ ကြံ့ကြံ့ခံပြီး ညီညွတ်ခိုင်မာတဲ့ စတ်နဲ့တွန်းလှန်ပါက အခက်အခဲတွေ ကျော်လွှားနိုင်မယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ ပြီးခဲတဲ့ ကာလမှာကျနော်တို့ ခံစားခဲ့ရတဲ့ ဒုက္ခ ဆင်းရဲအမျိုးမျိုးကို ကျနော်တို့ ကျော်လွှားလာခဲ့ပြီးတော့ အခု နှစ်သစ်ကူးမှာ ဆက်လက်ပြီးတော့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်နိုင်ပြီးတော့ အင်အားတွေရရှိနိုင်ပါစေ။ ရရှိလာတဲ့ အင်အားကို စုစည်းပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။

😢27👍1👎1🔥1
မန္တလေးမှာ ဒီချုပ်အစိုးရလက်ထက်ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေ စစ်တပ်က တိုးမြှင့်ကောက်ခံနေ
မေ-၇၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့မှာ ဒီချုပ်ပါတီလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေကို စစ်တပ်က တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးကအစ ယာဥ်ရပ်နားခပေးနေရလို့ မြို့ခံတွေ အဆင်မပြေဖြစ်နေကြပါတယ်။
ဒိချုပ်အစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခကောက်ခံမှုကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကောက်ခံခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီကစပြီး မန္တလေးမြို့က အများပြည်သူဆိုင်ရာနေရာတွေမှာ ယာဉ်ရပ်နားခနှုန်းထားတွေကို ယခင်ကထက် နှစ်ဆကျော် တိုးမြှင့်ကောက်ခံလာကြောင်း၊ ဒါ့အပြင် ယခင်က အခမဲ့ရပ်နားခွင့်ရှိတဲ့ စက်ဘီးတွေကိုပါ ငွေကောက်ခံလာလို့ အဆင်မပြေဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
" အရင်က စက်ဘီးမပေးရဘူး။ အခုစက်ဘီးတွေပါ ပေးနေရပြီ။ ပြီးတော့ ယာဥ်တွေက စည်ပင်မှာ ဘီးလှိမ့်ခွန်ဆောင်ပြီးသားကို ထပ်ပေးရတာ။ ပြီးတော့ တစ်နေရာမှာပေးပြီးလို့ နောက်တစ်နေရာမှာ ထပ်ရပ်ရင်လည်း ထပ်တောင်းတာ။ နေရာမတူဘူးတဲ့။ တော်တော်အဆင်မပြေတာ"လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မန္တလေးစည်ပင်ရဲ့ကောက်ခံမှုအရ ဆိုင်ကယ် ၄၀၀ ကျပ်၊ ကား ၁၀၀၀ ကျပ် ကောက်ခံနေပြီး ဒါ့အပြင် ယခင်က ကောက်ခံတာမရှိခဲ့တဲ့ စက်ဘီးတွေကိုပါ တစ်စီး ၂၀၀ကျပ်နဲ့ စတင်ကောက်ခံနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
အဲဒီလို ယာဥ်ရပ်နားခ ကောက်ခံမှုတွေကို ၂၀၁၉ ခုနှစ် ဒီချုပ်အစိုးရလက်ထက်က မန္တလေးမြို့အတွင်း အဓိကလမ်းမကြီးတွေမှာ ယာဉ်ရပ်နားခ ကောက်ခံခွင့်ပြုထားတဲ့ နေရာ ၇ခုကို မြို့နေပြည်သူလူထု သွားလာမှု အဆင်ပြေစေဖို့နဲ့ စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် ဖျက်သိမ်းပေးခဲ့ဖူးပါတယ်။
မန္တလေးမြို့မှာ ယာဥ်ရပ်နားခတင်မကဘဲ စည်ပင်အခွန်အခတွေအများစုကို စစ်ကောင်စီက တိုးမြှင့် ကောက်ခံလိုက်တာဖြစ်ကြောင်း စည်ပင်ရဲ့ကြေညာချက်တွေအရ သိရပါတယ်။
စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ ဧပြီကစတဲ့၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။

😡30❤5👎2
စက်သုံးဆီချွေတာရေးနဲ့ မြန်မာပြည်သူတွေနဲ့အတူရှိကြောင်းပြသဖို့ စက်ဘီးစီးရုံးတက်တဲ့ နယ်သာလန်သံတမန်
မေ-၇၊၂၀၂၆။တေဇ/People's Spring
စက်သုံးဆီချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွားရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။
“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။” လို့ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။
သူလုပ်ဆောင်တဲ့အရာက မပြောပလောက်ပေမယ့် စက်သုံးဆီကြောင့် အခက်အခဲကြုံနေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေတာကို ပြသနိုင်တယ်လို့ ယုံကြည်ပြီး စက်သုံးဆီလျော့ချဖို့ လုပ်ဆောင်ချက်တွေများလာရင် အကျိုးသက်ရောက်မှုများလာနိုင်တယ်လို့ ဆိုပါတယ်။
နယ်သာလန်နိုင်ငံမှာ ငါးမီတာဝန်းကျင်ဆိုရင် လူတိုင်းက ရုံးကိုစက်ဘီးနဲ့သွားကြပြီး သူကိုယ်တိုင်လည်း အဲဒီလိုပဲ လုပ်ဆောင်ခဲ့တာလို့ မစ္စတာ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။
မြန်မာနိုင်ငံကအဓိက လမ်းမတွေမှာ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းမရှိတာကြောင့် လမ်းသွယ်တွေကနေပတ်သွားရတယ်လို့ သူ့အတွေ့အကြုံကိုလည်း မျှဝေထားပါတယ်။
"စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။" လို့ မစ္စတာ၀င်းမ်ဗန်ဒွေါန် ကပြောပါတယ်။
အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ကာ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တတ်ခဲ့ပြီး စစ်တပ်ကစက်သုံးဆီလိုအပ်ချက်ကိုအကြောင်းပြကာ အကန့်အသတ်နဲ့သာရောင်းချပေးနေတာပါ။

👍35❤8🔥3🥰2👏1😁1