People's Spring
63.5K subscribers
65.5K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဖလမ်းမြို့လာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်အပါအဝင် ၇ဦးထက်မနည်းသေဆုံးဟု CDF-CDM စီးယင်းစစ်ဦးစီးချုပ်ပြော

မေ -၇၊၂၀၂၆။မိုမို/People's Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(မေလ ၆ရက်)မှာ ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရားတွေပြန်စဖို့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ နိုင်ငံ့ဝန်ထမ်းတွေခေါ်ပြီး စစ်ယာဥ်တန်းနဲ့ တက်လာတဲ့အပေါ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ဖလမ်းကို အစိုးရဝန်ထမ်းတွေလိုက်ပို့တဲ့ စစ်တပ်ယာဥ်တန်းကို ခြုံခိုတိုက်ခိုက်တာ ဖြစ်တယ်။ပြည်သူလိုပြောရမလား။အစိုးရဝန်ထမ်းလို့ ပြောရမလား။တကယ်တမ်းတော့သူတို့ကလည်း ကျွန်တော်တို့ရန်သူပဲ။ကျွန်တော်ကတော့ အဲဒါကို မထိခိုက်အောင် နောက်ဆုံးမှလာတဲ့စစ်တပ်ယာဥ်ကိုပဲ ပစ်ခိုင်းခဲ့တယ်"လို့ ကိုထောင်းပူက တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အပေါ် ရှင်းပြပါတယ်။

တိုက်ခိုက်မှုအတွင်း တပ်မ(၇၇)က ဗိုလ်ကြီး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားသုံးဦးရဲ့အလောင်းနဲ့ လက်နက် လေးလက်အပါအဝင် ဖောကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

"သူ့နောက်က ကားလည်းထိတယ်။ကားသမားကိုပဲမထိသွားတာ။အနည်းဆုံး ခုနှစ်ယောက် ရှစ်ယောက်သေတယ်"လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ်က ပြောပါတယ်။

အခု ၂၀၂၆ မတ်လကလည်း ဖလမ်းမြို့ကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်က ဗိုလ်မှူးကြီးဝင်းမောင်မောင်ဟာ ကလေးနဲ့ တီးတိန်မြို့နယ် လမ်းဆုံမှာ မိုင်းထိပြီးသေဆုံးခဲ့တယ်လို့ CDF-CDM စီးယင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။

ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဧပြီက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ၂၀၂၅အောက်တိုဘာက တန်ပြန်ထိုးစစ်ဆင်လာကာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆုတ်ခွာခဲ့ရပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပါ ထပ်မံထိုးစစ်ဆင်ဖို့အတွက် စစ်ကြောင်းတွေ စုဖွဲ့နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်ဒေသကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်း ချုပ်ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးနဲ့ တီးတိန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ရိခေါ်ဒါရ် နဲ့ တွန်းဇံ မြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့က သိမ်းပိုက်ထားပါတယ်။ ထန်တလန်မြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။
28👏11👍9🥰3😁1
(တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ စစ်တပ်က ဗိုလ်ကြီးဇင်မျိုးထက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
👍35👏14😁3💩2👻2🥰1
တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၂ဦး လက်နက်ယူလာပြီး KNUထံ အလင်းဝင်

မေ-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ တပ်သား ၂ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

မေလ ၆ရက်မှာ စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦးဟာ KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲထံ ဘက်ပြောင်းခိုလှုံ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ၂ဦးဟာ MA-1(၁)လက်၊MA-11(၁)လက်နဲ့ ကျည်တွေ ယူလာကြောင်း အသိပေးထားပါတယ်။

အရင်ကလည်း စစ်ကောင်စီတပ်သားတွေ KNLA တပ်မဟာ(၄)ဆီကို အလင်းဝင်ရောက်မှု ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ရက်က စစ်ကောင်စီရဲ့ ခလရ(၄၀၄)တပ်ရင်းက တပ်သား တဦး တပ်မဟာ(၄) တပ်ရင်း(၁၂)ဆီကို လက်နက်နဲ့ အလင်းဝင်ခဲ့သလို ဇန်နဝါရီ ၂၃ရက်မှာလည်း စစ်ကောင်စီ တပ်သား ၅ဦး လက်နက် ၆လက် ယူလာပြီး တပ်မဟာ(၄) တပ်ရင်း(၁၀) ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

KNUမှာ ခရိုင်နဲ့ တပ်မဟာ ၇ခုရှိရာဖြစ်ပြီး အခြားတပ်မဟာနယ်မြေတွေမှာလည်း စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ ဖြစ်စေလက်နက်မဲ့ဖြစ်စေ အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။ ဒီလို အလင်းဝင်ရာမှာ အဖွဲ့လိုက်အလင်း ဝင်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။

အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
👍365🥰3😁1
(အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂ဦး။ ဓာတ်ပုံ - KNU)
👏29👍152🥰2😁1
■​မေးမြန်းခန်း

"မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်
ဆည်းပေးနိုင်ဖို့အတွက် ဖြတ်သန်းရမယ့် အဆိုးဆုံး အနေအထားတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ ကြိုပြင်ထားရမှာပေါ့။"

︎ဗိုလ်ချုပ်ထွန်းမြတ်နိုင်​နဲ့ The Diplomat
မေးမြန်းခန်း (အပိုင်း-၂)

မေလ ၄ ရက်နေ့မှာ The Diplomat သတင်းဌာနက အာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်
တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေ
အနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီးအပိုင်းနှစ်ခုခွဲခြားဖော်ပြလိုက်ပါတယ်။

​မေး-အခုခင်ဗျားတို့နဲ့ အိမ်နီးချင်း နိုင်ငံတွေကြားက ဆက်ဆံရေးအကြောင်း ပြောကြရအောင်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အစိုးရသစ်ကို ခင်ဗျားက ဂုဏ်ပြုကြောင်း ပြော
ထားတယ်နော်။ အများစု လက်ခံ ယူဆထားတာက BNPဦးဆောင်တဲ့အစိုးရဟာတစ်ဖက်စောင်း
နင်း ရပ်တည်မှုမျိုးကို ရှောင်ပြီး ရခိုင်ပြည်နယ်
ကိစ္စမှာ နှစ်ဖက်ဆက်ဆံတဲ့ မူဝါဒမျိုး ကျင့်သုံး
နိုင်တယ် ဆိုတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ AAကို ဖိအားပေးရင်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)နဲ့ ရိုဟင်ဂျာ သွေး
စည်းညီညွတ်ရေးတပ် (RSO)တို့လိုရိုဟင်ဂျာ အဖွဲ့
အစည်းတွေကို လက်နက် တပ်ဆင်တာမျိုးတွေ ရှိလာနိုင်တယ် ဆိုတာမျိုးပေါ့။ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ဆီက ဘာတွေကိုများမျှော်လင့်ထားပါသလဲ။

​ဖြေ-ကျွန်တော်တို့ မျှော်လင့်တာကတော့ အကျိုး
ဖြစ်ထွန်းမှုရှိတဲ့ အခြေအနေတစ်ခု ပေါ်ထွန်းလာအောင် ဘင်္ဂလားဒေ့ရှ်နဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ဒေသတွင်း အင်အားစု အသီးသီးကို မှားယွင်းတဲ့ စွပ်စွဲပြောဆိုမှုတွေ လုပ်မယ့်အစား လုပ်ပိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြုမှုမျိုးပြသရမှာပါ။ရခိုင် ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ဖြစ်တည်မှုကိုအသိအ
မှတ် မပြုဘဲနဲ့တော့ အကျိုးဖြစ်ထွန်းတဲ့ အခြေ
အနေတစ်ခုကို ဖန်တီးဖို့ ဆိုတာက ခက်ခဲမှာပါ။ နောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်
သက်လို့လည်း အကျိုးဖြစ်ထွန်းမှုရှိတဲ့ ပတ်ဝန်း
ကျင် တစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုပါတယ်။
ကျွန်တော်တို့ရဲ့အလေးအထားဆုံးဦးစားပေး ကိစ္စကတော့ ပြည်သူလူထု ကြုံတွေ့နေတဲ့ပြဿနာ
တွေကို ဖြေရှင်းပေးဖို့ပါပဲ။ဒါပေမဲ့စစ်သွေးကြွ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေက ပိုပြီးများပြားတဲ့ပြဿနာတွေကိုပဲဖန်တီးပါလိမ့်မယ်။ကျွန်တော်တို့ကတော့ ဖြစ်လာနိုင်သမျှ အခြေအနေ အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါတယ်။

​မေး-မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့ပေးနေပါတယ်။ အခုအခါမှာ စစ်တပ်ဟာ ပိုပြီး ရန်လိုလာနိုင်ခြေလည်း ရှိနေတယ်။ RSOနဲ့ ARSAတို့ဟာ မောင်တောမြို့နယ်နဲ့ အရမ်းနီးကပ်တဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ စခန်းချထားတယ်။AA တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်မျက်နှာနှစ်ခုတပြိုင်တည်းကြုံလာနိုင်ခြေကိုတော့ မေ့ထားလို့ မရဘူး မဟုတ်လား။

​ဖြေ-အဲဒီအခြေအနေ ဖြစ်မသွားအောင်တော့ ကျွန်
တော်တို့ အစွမ်းရှိသမျှလုပ်မှာပါ။ကျွန်တော်တို့အ
တွက်ကောင်းနိုင်စရာလည်းမရှိဘူးလေ။ဘင်္ဂလားဒေ့ရှ် အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။

​မေး-ခင်ဗျားအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်စချင်နေမယ် ထင်တယ်။

​ဖြေ-ဟုတ်ပါတယ်။နယ်စပ်မျဉ်းရဲ့နှစ်ဖက်စလုံးမှာ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ စောင့်နေတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလူဦးရေအရမ်းထူထပ်တဲ့ နိုင်ငံပါ။နယ်စပ်တလျှောက်မှာလူ့အဖွဲ့အစည်းတွေ အ
များကြီးက လူဦးရေ အများအပြားနဲ့ နေထိုင်နေကြပါတယ်။ သူတို့ထဲမှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုထားရတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေလည်း ပါဝင်ပါတယ်။လက်တွေ့အရှိတရားတွေကို လက်ခံပေးမယ်ဆိုရင်ဒီကိစ္စတွေကမျက်နှာပျက်
စရာ မရှိဘဲ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ကိစ္စတွေ အဆင်ပြေပြေ ပြီးသွားမယ်ဆိုရင်ကျွန်တော်
တို့ ဖက်ကလည်း လိုက်လျောညီထွေစွာ တုံ့ပြန်ပါမယ်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကို ကျွန်
တော်တို့က ပြန်ခွင့်ပြုပေးပြီးသူတို့ရဲ့စည်းကမ်း
ကြပ်မတ် ပေးသွားပါ့မယ်။

​မေး-ဘင်္ဂလားဒေ့ရှ်မှာလူသားချင်းစာနာမှုစင်္ကြံဖန်တီးမယ်ဆိုတဲ့ကိစ္စကဘယ်လိုလဲ။အမေရိကန်ကရောတကယ်ပဲပါဝင်ပတ်သက်ဖို့စိတ်ဝင်စားရဲ့လား။
18👍12🔥1
​ဖြေ-ကျွန်တော်ကတော့ အမေရိကန်က တကယ်
တမ်း စိတ်ဝင်စားနေတယ်လို့ မထင်ပါဘူး။ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း (NGO)တွေနဲ့ တချို့ လူပုဂ္ဂိုလ်တွေ၊ ပြီးတော့တခြား (အမေရိကန် မဟုတ်တဲ့) အင်အားစုတွေကသာဒီပရောဂျက်ကိုစိတ်
ဝင်စားတာမျိုးဖြစ်ကောင်းဖြစ်မှာပါ။အဲဒီအစီအ
စဉ်နဲ့ပတ်သက်ပြီးမီဒီယာတွေမှာအရမ်းမျှော်လင့်
တကြီးဖော်ပြတာမျိုးတွေရှိနေပါတယ်။ဒါပေမဲ့
ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတာကြောင့် ဒီကိစ္စက လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်ပွဲဇုန်ထဲ အတင်းထိုးထည့်တာက လူမဆန်တာပဲလေ။ စစ်ပွဲတွေ ပြီးဆုံးသွားရင်တောင် ဒုက္ခသည်တွေ ပြန်လာနိုင်အောင် သင့်တော်ကောင်းမွန်တဲ့ အနေ
အထားမျိုး ရှိနေဖို့ လိုပါတယ်။

​မေး-ပါကစ္စတန်နဲ့ တူရကီတို့ကရော ဘာကြောင့်များ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံနေတာ ဖြစ်မလဲ။

​ဖြေ-ဒါကတော့ စိုးရိမ်စရာ၊ပြီးတော့စိတ်ပျက်စရာ အခြေအနေ တစ်ခုပါပဲ။ ဘင်္ဂလားဒေ့ရှ် အတွက်ရော၊ ကျွန်တော်တို့ အတွက်ပါ အကျိုးမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ BNP အစိုးရ အနေနဲ့ မှန်ကန်တဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကို စတင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတလေမှာ မူဝါဒတွေက မှန်ကန်ပေမယ့် လက်တွေ့ အကောင်
အထည် ဖော်ချိန်မှာ လမ်းလွဲသွားတတ်ပါတယ်။

​မေး-အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် ပါကစ္စတန်ကရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချလာမယ်လို့ ခင်ဗျား ထင်သလား။

​ဖြေ-ဒုက္ခသည်တွေကိုအမြတ်ထုတ်တဲ့ကိစ္စတွေ ရှိလာနိုင်ပါတယ်။ဒါကြောင့်သူတို့ရဲ့အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အိန္ဒိယနဲ့ တူညီတဲ့ အလေးအနက် စိုးရိမ်မှုတွေက ကျွန်
တော်တို့ဆီမှာလည်း ရှိပါတယ်။ဒေသတစ်ခုထဲက စစ်သွေးကြွ သဘောထားမျိုးတွေဟာ ပျံ့နှံ့ကူးစက်သွားပြီး ဒေသရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ကတော့ အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။

​မေး-အိန္ဒိယအစိုးရဆီကနေခင်ဗျားဘာတွေ မျှော်
လင့်ထားသလဲ။

​​​​ဖြေ-အိန္ဒိယဟာ ဒေသတွင်းမှာ အရမ်းကို အရေး
ကြီးတဲ့ ပလေယာမျိုးပါ။ အိန္ဒိယနိုင်ငံ ပိုမိုတိုးတက် အောင်မြင်လာဖို့ကို ကျွန်တော်တို့ တကယ်ပဲ လိုလားပါတယ်။ ပြီးတော့ အိန္ဒိယနဲ့ ပိုပြီးတော့လည်း ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းမှာလည်း ကျွန်တော်တို့က အိန္ဒိယကို အကူအညီပေးဖို့ အသင့်ပါပဲ။

​မေး-စစ်ပွဲရပ်စေဖို့ တရုတ်ဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို AAက ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို တုံ့ပြန်ခဲ့သလဲ။

​ဖြေ-ဖိအားပေးတယ် ဆိုတာမျိုးထက် တရုတ်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တည်ငြိမ်နေစေချင်တဲ့ သဘောပါ။ တချို့သူတွေကတော့ ဒါကို ဖိအားလို့ သုံးနှုန်းတာဖြစ်နိုင်ပါတယ်။တရုတ်အ
နေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်မှာပါ။ ဒါကတော့ နိုင်ငံတိုင်း အတူတူပါပဲ။

​မေး-AAက လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြောကြရအောင်။ ပြီးတော့ AAက အတင်းအကျပ် တပ်သားသစ် စုဆောင်းနေတယ် ဆိုတာမျိုး ရိုဟင်ဂျာ၊ ခူမီးနဲ့ ချင်းမျိုးနွယ်စုတွေဆီကနေမကြာခဏထွက်ပေါ်
လာလေ့ ရှိပါတယ်။ ခင်ဗျားက ဒါကို ဘာများပြောချင်သလဲ။

​​​ဖြေ-တချို့သူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်လို သုံးနေကြပါတယ်။ စွပ်စွဲချက်တွေရဲ့ အရင်းအမြစ်ကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် တချို့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေဆီကနေ အဲဒီလို စွပ်စွဲမှုတွေ ထွက်ပေါ်လာတယ်ဆိုတာခင်ဗျား တွေ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ သူတို့အတွက် အ
ကျိုးရှိနေစေတာကိုး။ ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ဆိုတာက ချင်းလူ့အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ချင်းပြည်နယ်ထဲမှာ နေထိုင်တဲ့ ချင်းပြည်သူ အများအပြားနဲ့ ကျွန်တော်တို့ အရမ်းအဆင်ပြေပါတယ်။ ကျွန်
တော်တို့ချင်း အပြန်အလှန် ရိုင်းပင်းကြသလို ရှေ့
ဆက်ပြီးလည်း မွတ်ဆလင် (ရိုဟင်ဂျာ) အစုအဖွဲ့တွေနဲ့ပါ ပိုပြီးကောင်းကောင်းမွန်မွန်ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ကျွန်တော်တို့က ယုံကြည်မှု တည်ဆောက်နေတာပါ။ ဒါက အချိန်ယူရတဲ့ ကိစ္စမျိုးပါ။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကို အကြောင်းပြုပြီး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။ အတင်းအကျပ် တပ်သားသစ် စု
ဆောင်းတယ်ဆိုတဲ့ ကိစ္စအကြောင်း ပြောပါမယ်။ ရခိုင်ဟာ စစ်ဖြစ်နေတဲ့ ဒေသပါ။ အရေးပေါ် အစီ
အမံတွေ ကျင့်သုံးတာမျိုး လိုပါတယ်။ တပ်သား
သစ် စုဆောင်းတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်း သတိထားပါတယ်။ ပြီးတော့ တာဝန်တွေ၊ လိုက်နာရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့လည်း လူသစ်အားလုံးကို ကျွန်တော်တို့ ရှင်းပြပါတယ်။

​မေး-မူးယစ်ဆေးဝါး မှောင်ခိုကိစ္စမှာ AAက ပတ်
18👍11🔥1
သက်ဆက်နွှယ်မှု မရှိပါဘူးလို့ ခင်ဗျားက ဖြေရှင်းထားတယ်နော်။ဒါပေမဲ့ရခိုင်ပြည်နယ်မှာ ကျွန်
တော် ရှိနေချိန် စုဆောင်းယူထားတဲ့ သတင်း အ
ချက်အလက်တွေ အရဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ပြည်မဖက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်နေတဲ့ အန္တရာယ်မျိုးက ဒီမှာရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကတင်မောင်းတောဒေသခံတစ်ဦးဟာ အိန္ဒိယရဲ့ မီဇိုရမ် ပြည်နယ်ထဲမှာ မူးယစ်ဆေး ပမာဏ အများအပြားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ရခိုင်ပြည်နယ်အတွက် စိန်ခေါ်မှုကြီး ဖြစ်လာမယ်လို့ ခင်ဗျား မထင်ဘူးလား။

​​ဖြေ-ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ဒါပေ
မဲ့ စစ်တပ် အုပ်စိုးတဲ့ ကာလနဲ့ ယှဉ်ရင်တော့ အခုအခါ ရခိုင်ပြည်နယ်ထဲကမူးယစ်ဆေးဝါး ပြဿနာဟာ အများကြီးလျော့ပါးသွားပါပြီ။ပြည်မနဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းအများစုကလည်း ပိတ်
နေပါတယ်။ လမ်းတလျှောက်မှာလည်း စစ်ဆေးရေး ဂိတ်တွေက အများကြီးပါ။

မြန်မာနိုင်ငံမှာ မူးယစ်ဆေး ထုတ်လုပ်မှုတွေဟာ စက်မှုလုပ်ငန်းအဆင့်မျိုးထိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ လတုန်းကဆိုရင် ရှမ်းပြည်နယ်ထဲမှာ ကြုံဖူးသ
မျှ ပမာဏ အများဆုံးမူးယစ်ဆေးဝါးတွေ ဖမ်းဆီး
ရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး စက်ရုံ ဝန်းကြီးတစ်ခုလုံးကို ဖော်ထုတ်သိမ်းယူခံခဲ့ရပါတယ်။ တကယ်
တော့ ဒီလို စက်ရုံကြီးမျိုး လည်ပတ်နေတယ်ဆိုတာ သူတို့တွေ အစောကြီးကတည်းက သိထားပြီးသားပါ။

မူးယစ်ဆေးဝါး ပြဿနာကို ရခိုင်ပြည်နယ်ထဲမှာ အမြစ်ပြတ် ရှင်းလင်းထားပြီးပြီလို့တော့ ကျွန်
တော်တို့ မပြောနိုင်ပါဘူး။ ဆေးစွဲသူတွေ၊ မူးယစ်ဆေး မှောင်ခိုသမားတွေရှိနေတုန်းပါ။အစုန်အဆန် သွားလာနေတဲ့ ငါးဖမ်းလှေတွေပေါ်မှာ ဘာတွေ တင်လာသလဲ ဆိုတာကို ကျွန်တော်တို့ အကုန်အ
စင် မသိနိုင်ပါဘူး။ ရန်ကုန်ကနေပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကော့စ်ဘဇားနဲ့ စစ်တကောင်းတို့ဆီ ခုတ်မောင်းသွားလာနေတဲ့ သင်္ဘောတွေလည်း ရှိနေပါတယ်။ ပြဿနာကို အမြစ်ကနေ နုတ်ပစ်ဖို့ ဆိုတာကတော့ အချိန်ယူရမှာပါ။

​မေး-ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျွန်တော် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် သွားရောက်ခဲ့ပြီး တ
ချို့ ဒေသခံတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာ မဟုတ်တဲ့ ကျေးရွာတွေအပြင် ရိုဟင်ဂျာရွာ တချို့ပါ ARSAရဲ့ ရန်ကိုအချိန်ပြည့် စိုးရိမ် ထိတ်လန့်နေပါတယ်။ ခင်ဗျားရဲ့ အစိုးရဟာ အဲဒီဒေသတွေမှာ အပြည့်အဝ မစိုးမိုးနိုင်သေးဘူး။ဒီတော့အဲဒီနေရာတွေနဲ့ပတ်သက်ပြီးဘယ်လိုစီစဉ်ထားသလဲ။

​ဖြေ-ဒီကိစ္စက ထင်သလောက် မလွယ်ပါဘူး။ အခုတော့ ကျွန်တော်တို့ဟာ ဝေးလံသီခေါင်တဲ့ ကျေး
လက် ဒေသတွေ၊ အထူးသဖြင့် မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အကူအညီတွေ ပေးထားပါတယ်။ သူတို့ထဲက တချို့ဟာ ARSAနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ကျွန်တော်တို့ ကြားနေရတယ်။ ထိတွေ့ တိုက်ပွဲတွေကြောင့် သေကြေပျက်စီးမှုတွေ များပြားခဲ့ပြီး ဒါကလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ မောင်တောဒေသက လွတ်မြောက်နယ်မြေ ဖြစ်မလာခင်မှာ စစ်တပ်နဲ့ မူးယစ်ရာဇာ ဒီလ်မိုဟာမက်တို့ဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေမှာအရမ်း အင်
တိုက်အားတိုက် ပါဝင်ပတ်သက်ခဲ့ပါတယ်။ အခုတော့ ဒေသခံ လူထုအတွက် ပိုမိုကောင်းမွန်တဲ့ လုံ
ခြုံရေး အစီအမံတွေ ထောက်ပံ့နိုင်အောင် အဲဒီဒေသကို ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။

​မေး-ဆရာဝန်တွေ နည်းပါးတာ၊ ဆေးဝါးပြတ်လပ်တာတွေက ဆိုးဆိုးရွားရွား ဖြစ်နေပြီး ပြည်တွင်းက စစ်ရှောင်တွေရဲ့ အခြေအနေက အရမ်း အကျပ်ရိုက်နေ …

​ဖြေ-ဒီကိစ္စတွေကိုလည်း ကျွန်တော်တို့ ကိုင်တွယ်နေပြီး ကျန်းမာရေးနဲ့ တခြားဝန်ဆောင်မှု ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ထဲမှာ ဆေးဖက်ဆိုင်ရာ ကိရိယာ ပစ္စည်းတွေ ပိုမို ဝယ်ယူနိုင်ဖို့၊ ဒေသတွင်းကို ဆေးဝါးတွေ ပုံမှန် ဝင်ရောက်နေစေဖို့၊ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပိုပြီး စည်းရုံး ခန့်အပ်နိုင်ဖို့တွေ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆေးကောလိပ်တစ်ခုနဲ့ သူနာပြု သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီး အဲဒီ အစီအစဉ်တွေ အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ဒီနှစ်ထဲမှာသူနာပြု ၁၂၀ လောက် လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ လောလောဆယ် ကျွန်
တော်တို့ဆီမှာ ဆရာဝန် ၅၀၊ ၆၀ လောက် ရှိနေပြီး နောက်ထပ်လည်း လာရောက်ပူးပေါင်းကြမယ်လို့ ခန့်မှန်းထားပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ နောက်ခံ အခြေအနေတွေနဲ့ တိုင်းရင်းသား မျိုးနွယ် ကွဲပြားမှုတွေအကြောင်း ကျွန်တော်တို့ ဘာမှ တွေးတောနေမှာ မဟုတ်ပါဘူး။ အိန္ဒိယ ဆရာဝန်တွေ အပါအဝင် ကျွန်တော်တို့နဲ့ လက်တွဲချင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့က ကြိုဆိုမှာပါ။

​မေး-ရှေ့လာမယ့် လတွေမှာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ ဘာတွေ မျှော်မှန်းထားသလဲ။

​ဖြေ-AAရဲ့ မျှော်မှန်းချက်တွေ သက်သက်နဲ့တင် နွေဦးတော်လှန်ရေးရဲ့ ရလဒ်အကြောင်း သုံးသပ်ဖို့ဆိုတာ မလုံလောက်နိုင်ပါဘူး။ ဗမာတွေ အများစု နေထိုင်တဲ့ ပြည်မဒေသက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်းအပြောင်းအလဲတွေစတဲ့ တခြားသော ညွှန်ကိန်းတွေကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ သူတို့ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က အပြည့်အဝ လေးစားမှု ရှိပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ဖော်ရွေတဲ့ ဆက်ဆံရေး
👍22👏3🔥1
ရှိနေပြီးစိတ်တူသဘောတူအဖွဲ့အ
စည်းတွေကိုလည်းကျွန်တော်တို့ကူညီနေပါတယ်။

​မေး-နောက်ထပ် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေမယ်လို့ ထင်သလဲ။

​​ဖြေ-လူထုရဲ့ထိခိုက်နာကျင်မှုတွေအမြန်ဆုံး အဆုံး
သတ်ပြီး လက်တွေ့ကျတဲ့၊ အဓွန့်ရှည်တဲ့ ဖြေရှင်းမှုတစ်ခုထွက်ပေါ်နေတာမျိုးမျှော်လင့်မိပါတယ်။မြန်
မာပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်း
ပေးနိုင်ဖို့အတွက် ဖြတ်သန်းရမယ့်အဆိုးဆုံး အနေ
အထားတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့
ကြိုပြင်ထားရမှာပေါ့။ ။
26👍12👏3🔥1
30👍10🔥1
ဖားကန့်‌ဒေသ လူနေရပ်ကွက်မှာ စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ ကလေးငယ်တစ်ဦး သေဆုံး

မေ-၇၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်
ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။။

ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာ ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုက ဘုန်းကြီးကျောင်းအနီး မိုင်းပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

" စစ်တပ်က မိုင်းတွေလိုက်ထောင်ထားတာ။ဒီနေ့မနက်ကျတော့ ကလေးကို ထိသွားတာ။ ကလေးက ၂နှစ်ပဲရှိသေးတယ်။ တိုက်ပွဲကတော့ မနက်မိုးလင်းကတည်းက လုံးခင်းဆေးရုံကုန်းဘက်မှာ ဖြစ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးတဲ့ ကလေးiBfဟာ မိန်းကလေးဖြစ်ပြီး မိုင်းပေါက်ကွဲတဲ့နေရာဟာvnf; စစ်တပ်စစ်ကြောင်းတွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။

လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး ကနဦးကာလမှာ‌ မြေပြင်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဧပြီ ၁၅ရက်နောက်ပိုင်းမှာ မြေပြင်တိုက်ပွဲရပ်သွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက်မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ဟာ မြေပြင်တိုက်ပွဲ လေးရက်မြောက်ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ပစ်တဲ့ လက်နက်ကြီးတွေလူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ယမန်နေ့ မေလ ၆ရက်ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ကလူနေရပ်ကွက်တွေနားမှာ မိုင်းတွေ ထောင်ထားသလို KIA၊KPDFကလည်း မိုင်းထောင်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါ့အပြင် လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေနဲ့ မ်ိုင်း အန္တရာယ်ရှိနေလို့ စိုးရိမ်နေရတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း KIAက ဧပြီ၂၂ရက်ကစပြီး ယာယီပိတ်ထားပါတယ်။ လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားတာမို့ ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေလိုက်နာကြဖို့ သတိပေးထားပါတယ်။

KIA ယာယီပိတ်ပြီးတဲ့နောက်ပိုင်း အဲ့ဒီလမ်းပိုင်းကို ဖြတ်တဲ့ အရပ်သား ကားနှစ်စီးကို စစ်တပ်က ပစ်ခတ်လို့ ခရီးသွားအမျိုးသမီး တစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဆက်ပြင်းထန်နေလို့ လေကြောင်းရန် သတိပြုကြဖို့လည်း KIA၊KPDFက သတိပေးထားပါတယ်။

ဒီနေ့နေ့လည်ပိုင်းမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့လေကြောင်း ပျံသန်းမှု တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့လည်း ရရှိထားတယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။
👍17🤬6😁21👎1
(ဖားကန့်‌ဒေသ လုံးခင်းမှာ စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Naw Tu Awng/FB)
👍17👎5😢4😁2🤬2👏1
အာဆီယံထိပ်သီးညီလာခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ခွင့်မရပြန်

မေ-၇၊ ၂၀၂၆။ People’s Spring

ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာက လွဲလို့ ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မေလ ၆ ရက် မနေ့က အတည်ပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်တွေနဲ့ အထူးအစည်းအဝေးတစ်ကြိမ်သာ သွားရောက်တက်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ၅ နှစ်ကျော်ကြာ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရွေးကောက်ခံအရပ်သားအစိုးရပုံစံဖမ်းပြီး စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ သမ္မတရာထူးကို သူ့ကိုယ်သူ ပြန်ခန့်အပ်ပေမယ့် အာဆီယံကတော့ မြန်မာပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုသေးသလို ထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုပါ ပိတ်ပင်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုတာက အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ အင်ပီရီရယ်က ပြောပါတယ်။

“မြန်မာနိုင်ငံအခြေအနေကြောင့် အာဆီယံခေါင်းဆောင်တွေက အခုလို ဆုံးဖြတ်ခဲ့တာပါ။ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်တက်ရောက်ပါလိမ့်မယ်”လို့ သူက ဆက်ပြောပါတယ်။

မေလ ၆ရက် မနေ့ ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရခဲ့ဘဲ အမြဲတမ်းအတွင်းဝန်ဦးဟောက်ခမ်းဆုမ် တက်ရောက်တာ တွေ့ရပါတယ်။ ဒီနေ့ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာလည်း စစ်တပ်ခန့် အမြဲတမ်းအတွင်းဝန်ပဲ ကိုယ်စားပြုတက်ရောက်နေပါတယ်။

မနေ့က အစောပိုင်းမှာလည်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံက စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြုနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေအပေါ် ဆက်လက် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရက မနေ့ကပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို တိုက်တွန်း တောင်းဆိုထားပါတယ်။

ကိုးကား - NB၊ GMA News
😁26👍12👏62👎1
(ဒီနေ့ မေလ ၇ရက်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တွေ့ရစဥ်။ ဓာတ်ပုံ - ASEAN)
😁22👍16👎1
Netflixမှာကြည့်ရမယ့် ဒေါင်းရဲ့ Omukade

မေ-၇၊၂၀၂၆။ဆဏ်း/People's Spring

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

"ကျနော်တို့က ကြိုးစားမယ်၊ ခင်ဗျားတို့က အားပေးပေးပါ၊ တခြားနိုင်ငံမှာ သရုပ်ဆောင်လုပ်နိုင်ဖို့ကအားလုံးရဲ့ခွန်အားကအရေးပါပါတယ်။ချစ်ခြင်းများစွာဖြင့် "လို့ ဒေါင်းကရေးသားထားပါတယ်။

ဒေါင်းရဲ့ဇာတ်ကား Netflixမှာ ပြသတဲ့အပေါ် သူ့ရဲ့ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ‌တွေက ဂုဏ်ယူကြောင်း ရေးသားထားကြပါတယ်။

ဟန်နီနွေဦးက "ကိုယ်တွေရဲ့ မင်းသား" လို့ ကပ်ပရှင်ရေးကာ Netflix ကတင်ထားတဲ့ ဒေါင်းရဲ့ ဇာတ်ဝင်ခန်းပုံကို မျှဝေထားပါတယ်။

Omukade ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီ လအတွင်းက ရုံတင်ပြသခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်လို့ ဒေါင်းကပြောထားပါတယ်။

ဒီဇာတ်ကားမှာ ထိုင်း ၊ ဂျပန် ၊ အမေရိကန် စတဲ့ နိုင်ငံတွေက သရုပ်ဆောင်တွေလည်း ပါဝင်ပြီး ဒေါင်းက အဓိက သရုပ်ဆောင်တစ်ဦး အနေနဲ့ ပါဝင်ထားတာပါ။

တစ်ကားလုံး ထိုင်းဘာသာစကားနဲ့ ပြောပြီး သရုပ်ဆောင်ခဲ့ရသလို အက်ရှင်ခန်းတွေက အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဒေါင်းက People's Spring နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒေါင်းက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တော်လှန်ရေး လုပ်တာကြောင့် အားပေးတာမျိုးမလုပ်ပဲ အရည်အသွေးအပေါ် မူတည်ပြီး အားပေးဖို့လည်း ပြောထားပါတယ်။

တော်လှန်ရေးမတိုင်ခင်ကာလက Netflix မှာ ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားထုတ်လွှင့်ခဲ့ဖူးပါတယ်။
39👏6🔥2🥰2