အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေလွတ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်နဲ့ DCI Group ပူးပေါင်းဆောင်ရွက်မှုကို JFM ရှုတ်ချ
မေ-၇၊၂၀၂၆။တေဇ/People's Spring
မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ DCI Groupရဲ့ လုပ်ရပ် ကို ရှုတ်ချကြောင်း နဲ့ အမေရိကန်အပါအဝင်ပြည်ပနိုင်ငံများအနေနဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar - JFM က တောင်းဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DCI Group က အမေရိကန်ဒေါ်လာသုံးသန်းတန်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ရော်ဂျာစတုန်းကို အကြံပေးအတွက် ငှားရမ်းခဲ့တာကို ဧပြီ ၂၉ ရက်မှာ တင်သွင်းခဲ့တဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းအရသိရတယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။
"ရော်ဂျာစတုန်းနဲ့ ညှဉ်းပန်းနှိပ်စက်သူတွေအတွက် လော်ဘီလုပ်ပေးနေတဲ့ DCI Group က တခြားအဖွဲ့သားတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့၊ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရရှိနေပါတယ်။" လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် ကပြောပါတယ်။
ရော်ဂျာစတုန်းကအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်နေတဲ့ အတုအယောင် အရပ်သား အစိုးရ အမည်ခံ အဖွဲ့အစည်းကို အမေရိကန် အစိုးရနဲ့ ပြန်လည်သင့်မြတ်ပေးနိုင်အောင် ကူညီပေးဖို့ အဓိက တာဝန်ယူနိုင်ပြီး သူ့ရဲ့ဝန်ဆောင်မှုအတွက် စစ်တပ်ဆီကနေ တစ်လကို ဒေါ်လာ ၅၀၀၀၀ အထိရရှိမယ်လို့ သိရပါတယ်။
ရော်ဂျာစတုန်းက အမေရိကန်ရွေးကောက်ပွဲမှာရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးရာမှာ စွက်ဖက်ဖို့ ကြိုးစားခဲ့တာ၊လွှတ်တော်ကြားနာမှုတွေမှာ လိမ်လည်ထွက်ဆိုတာ၊ တရားစီရင်မှုတွေကို နှောင့်ယှက်တာ၊ သက်သေတွေကိုခြိမ်းခြောက်တာဆိုတဲ့ရာဇဝတ်ပြစ်မှု ၇ ခုအတွက် ပြစ်မှုထင်
ရှားကြောင်းစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ထောင်ဒဏ် လပေါင်း ၄၀ ချမှတ်ခံရပေမယ့် သမ္မတထရမ့်က အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။
ဝါရင့်ရီပတ်ဘလစ်ကန် ပါတီဝင်တဦးဖြစ်တဲ့
စတုန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက ထရမ့်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လော်ဘီ လောကမှာ လှည့်
စားတတ်တဲ့လူညစ်လို့ နာမည်ပြောင် ရထားတဲ့ စတုန်းဟာ ၂၀၁၆ ရွေးကောက်ပွဲ အစောပိုင်းကာလတွေတုန်းက ထရမ့်ရဲ့ မဲဆွယ်ရေး အကြံပေး တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့ပါတယ်။
"ရော်ဂျာစတုန်းဟာ ဒီနိုင်ငံတကာရာဇဝတ်ကောင်တွေနဲ့ စာချုပ်မှာ ပါဝင်လာခဲ့ပါပြီ။ ဒါဟာ စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားပြီး စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုနေတဲ့၊ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သဘာဝသယံဇာတကဏ္ဍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။" လို့ မရတနာမောင်က ထောက်ပြထားပါတယ်။
၂၀၂၅ မှာချုပ်ဆိုခဲ့တဲ့ DCI Group နဲ့ စစ်တပ်ရဲ့ ကြားက သဘောတူစာချုပ်က အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး စစ်တပ်က သွေးစွန်းငွေတွေနဲ့ လော်ဘီတွေငှားတဲ့ လုပ်ရပ်အပါအဝင် ဟာကွက်ဖြစ်နေတဲ့ အရာတွေကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျ နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့ JFM ကတောင်းဆိုထားတာပါ။
စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်းခဲ့တာကြောင့် အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတာပါ။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက မျက်နှာ
သာပေးမှုကို ရရှိဖို့ အာဏာရှင်တွေက လော်ဘီတွေ ငှားရမ်း အသုံးပြုတာဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အာဏာသိမ်းပြီး အစောပိုင်း ကာလတွေတုန်းက စစ်တပ်ဟာ Dickens & Madson ဆိုတဲ့ကနေဒါလော်ဘီကုမ္ပဏီကိုဒေါ်လာ ၂ သန်းနဲ့ ငှားရမ်းခဲ့ဖူးပါတယ်။

👍38❤5🔥4🥰1
ဖလမ်းမြို့လာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်အပါအဝင် ၇ဦးထက်မနည်းသေဆုံးဟု CDF-CDM စီးယင်းစစ်ဦးစီးချုပ်ပြော
မေ -၇၊၂၀၂၆။မိုမို/People's Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။
မနေ့က(မေလ ၆ရက်)မှာ ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရားတွေပြန်စဖို့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ နိုင်ငံ့ဝန်ထမ်းတွေခေါ်ပြီး စစ်ယာဥ်တန်းနဲ့ တက်လာတဲ့အပေါ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
" ဖလမ်းကို အစိုးရဝန်ထမ်းတွေလိုက်ပို့တဲ့ စစ်တပ်ယာဥ်တန်းကို ခြုံခိုတိုက်ခိုက်တာ ဖြစ်တယ်။ပြည်သူလိုပြောရမလား။အစိုးရဝန်ထမ်းလို့ ပြောရမလား။တကယ်တမ်းတော့သူတို့ကလည်း ကျွန်တော်တို့ရန်သူပဲ။ကျွန်တော်ကတော့ အဲဒါကို မထိခိုက်အောင် နောက်ဆုံးမှလာတဲ့စစ်တပ်ယာဥ်ကိုပဲ ပစ်ခိုင်းခဲ့တယ်"လို့ ကိုထောင်းပူက တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အပေါ် ရှင်းပြပါတယ်။
တိုက်ခိုက်မှုအတွင်း တပ်မ(၇၇)က ဗိုလ်ကြီး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားသုံးဦးရဲ့အလောင်းနဲ့ လက်နက် လေးလက်အပါအဝင် ဖောကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
"သူ့နောက်က ကားလည်းထိတယ်။ကားသမားကိုပဲမထိသွားတာ။အနည်းဆုံး ခုနှစ်ယောက် ရှစ်ယောက်သေတယ်"လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ်က ပြောပါတယ်။
အခု ၂၀၂၆ မတ်လကလည်း ဖလမ်းမြို့ကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်က ဗိုလ်မှူးကြီးဝင်းမောင်မောင်ဟာ ကလေးနဲ့ တီးတိန်မြို့နယ် လမ်းဆုံမှာ မိုင်းထိပြီးသေဆုံးခဲ့တယ်လို့ CDF-CDM စီးယင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။
ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဧပြီက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ၂၀၂၅အောက်တိုဘာက တန်ပြန်ထိုးစစ်ဆင်လာကာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆုတ်ခွာခဲ့ရပါတယ်။
ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပါ ထပ်မံထိုးစစ်ဆင်ဖို့အတွက် စစ်ကြောင်းတွေ စုဖွဲ့နေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်ဒေသကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်း ချုပ်ထားပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးနဲ့ တီးတိန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ရိခေါ်ဒါရ် နဲ့ တွန်းဇံ မြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့က သိမ်းပိုက်ထားပါတယ်။ ထန်တလန်မြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။

❤28👏11👍9🥰3😁1
တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၂ဦး လက်နက်ယူလာပြီး KNUထံ အလင်းဝင်
မေ-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ တပ်သား ၂ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
မေလ ၆ရက်မှာ စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦးဟာ KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲထံ ဘက်ပြောင်းခိုလှုံ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သား ၂ဦးဟာ MA-1(၁)လက်၊MA-11(၁)လက်နဲ့ ကျည်တွေ ယူလာကြောင်း အသိပေးထားပါတယ်။
အရင်ကလည်း စစ်ကောင်စီတပ်သားတွေ KNLA တပ်မဟာ(၄)ဆီကို အလင်းဝင်ရောက်မှု ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၆ရက်က စစ်ကောင်စီရဲ့ ခလရ(၄၀၄)တပ်ရင်းက တပ်သား တဦး တပ်မဟာ(၄) တပ်ရင်း(၁၂)ဆီကို လက်နက်နဲ့ အလင်းဝင်ခဲ့သလို ဇန်နဝါရီ ၂၃ရက်မှာလည်း စစ်ကောင်စီ တပ်သား ၅ဦး လက်နက် ၆လက် ယူလာပြီး တပ်မဟာ(၄) တပ်ရင်း(၁၀) ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။
KNUမှာ ခရိုင်နဲ့ တပ်မဟာ ၇ခုရှိရာဖြစ်ပြီး အခြားတပ်မဟာနယ်မြေတွေမှာလည်း စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ ဖြစ်စေလက်နက်မဲ့ဖြစ်စေ အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။ ဒီလို အလင်းဝင်ရာမှာ အဖွဲ့လိုက်အလင်း ဝင်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။
အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

👍36❤4🥰3😁1
■မေးမြန်းခန်း
"မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်
ဆည်းပေးနိုင်ဖို့အတွက် ဖြတ်သန်းရမယ့် အဆိုးဆုံး အနေအထားတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ ကြိုပြင်ထားရမှာပေါ့။"
▪︎ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat
မေးမြန်းခန်း (အပိုင်း-၂)
မေလ ၄ ရက်နေ့မှာ The Diplomat သတင်းဌာနက အာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်
တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေ
အနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီးအပိုင်းနှစ်ခုခွဲခြားဖော်ပြလိုက်ပါတယ်။
မေး-အခုခင်ဗျားတို့နဲ့ အိမ်နီးချင်း နိုင်ငံတွေကြားက ဆက်ဆံရေးအကြောင်း ပြောကြရအောင်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အစိုးရသစ်ကို ခင်ဗျားက ဂုဏ်ပြုကြောင်း ပြော
ထားတယ်နော်။ အများစု လက်ခံ ယူဆထားတာက BNPဦးဆောင်တဲ့အစိုးရဟာတစ်ဖက်စောင်း
နင်း ရပ်တည်မှုမျိုးကို ရှောင်ပြီး ရခိုင်ပြည်နယ်
ကိစ္စမှာ နှစ်ဖက်ဆက်ဆံတဲ့ မူဝါဒမျိုး ကျင့်သုံး
နိုင်တယ် ဆိုတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ AAကို ဖိအားပေးရင်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)နဲ့ ရိုဟင်ဂျာ သွေး
စည်းညီညွတ်ရေးတပ် (RSO)တို့လိုရိုဟင်ဂျာ အဖွဲ့
အစည်းတွေကို လက်နက် တပ်ဆင်တာမျိုးတွေ ရှိလာနိုင်တယ် ဆိုတာမျိုးပေါ့။ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ဆီက ဘာတွေကိုများမျှော်လင့်ထားပါသလဲ။
ဖြေ-ကျွန်တော်တို့ မျှော်လင့်တာကတော့ အကျိုး
ဖြစ်ထွန်းမှုရှိတဲ့ အခြေအနေတစ်ခု ပေါ်ထွန်းလာအောင် ဘင်္ဂလားဒေ့ရှ်နဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ဒေသတွင်း အင်အားစု အသီးသီးကို မှားယွင်းတဲ့ စွပ်စွဲပြောဆိုမှုတွေ လုပ်မယ့်အစား လုပ်ပိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြုမှုမျိုးပြသရမှာပါ။ရခိုင် ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ဖြစ်တည်မှုကိုအသိအ
မှတ် မပြုဘဲနဲ့တော့ အကျိုးဖြစ်ထွန်းတဲ့ အခြေ
အနေတစ်ခုကို ဖန်တီးဖို့ ဆိုတာက ခက်ခဲမှာပါ။ နောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်
သက်လို့လည်း အကျိုးဖြစ်ထွန်းမှုရှိတဲ့ ပတ်ဝန်း
ကျင် တစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုပါတယ်။
ကျွန်တော်တို့ရဲ့အလေးအထားဆုံးဦးစားပေး ကိစ္စကတော့ ပြည်သူလူထု ကြုံတွေ့နေတဲ့ပြဿနာ
တွေကို ဖြေရှင်းပေးဖို့ပါပဲ။ဒါပေမဲ့စစ်သွေးကြွ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေက ပိုပြီးများပြားတဲ့ပြဿနာတွေကိုပဲဖန်တီးပါလိမ့်မယ်။ကျွန်တော်တို့ကတော့ ဖြစ်လာနိုင်သမျှ အခြေအနေ အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါတယ်။
မေး-မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့ပေးနေပါတယ်။ အခုအခါမှာ စစ်တပ်ဟာ ပိုပြီး ရန်လိုလာနိုင်ခြေလည်း ရှိနေတယ်။ RSOနဲ့ ARSAတို့ဟာ မောင်တောမြို့နယ်နဲ့ အရမ်းနီးကပ်တဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ စခန်းချထားတယ်။AA တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်မျက်နှာနှစ်ခုတပြိုင်တည်းကြုံလာနိုင်ခြေကိုတော့ မေ့ထားလို့ မရဘူး မဟုတ်လား။
ဖြေ-အဲဒီအခြေအနေ ဖြစ်မသွားအောင်တော့ ကျွန်
တော်တို့ အစွမ်းရှိသမျှလုပ်မှာပါ။ကျွန်တော်တို့အ
တွက်ကောင်းနိုင်စရာလည်းမရှိဘူးလေ။ဘင်္ဂလားဒေ့ရှ် အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။
မေး-ခင်ဗျားအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်စချင်နေမယ် ထင်တယ်။
ဖြေ-ဟုတ်ပါတယ်။နယ်စပ်မျဉ်းရဲ့နှစ်ဖက်စလုံးမှာ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ စောင့်နေတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလူဦးရေအရမ်းထူထပ်တဲ့ နိုင်ငံပါ။နယ်စပ်တလျှောက်မှာလူ့အဖွဲ့အစည်းတွေ အ
များကြီးက လူဦးရေ အများအပြားနဲ့ နေထိုင်နေကြပါတယ်။ သူတို့ထဲမှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုထားရတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေလည်း ပါဝင်ပါတယ်။လက်တွေ့အရှိတရားတွေကို လက်ခံပေးမယ်ဆိုရင်ဒီကိစ္စတွေကမျက်နှာပျက်
စရာ မရှိဘဲ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ကိစ္စတွေ အဆင်ပြေပြေ ပြီးသွားမယ်ဆိုရင်ကျွန်တော်
တို့ ဖက်ကလည်း လိုက်လျောညီထွေစွာ တုံ့ပြန်ပါမယ်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကို ကျွန်
တော်တို့က ပြန်ခွင့်ပြုပေးပြီးသူတို့ရဲ့စည်းကမ်း
ကြပ်မတ် ပေးသွားပါ့မယ်။
မေး-ဘင်္ဂလားဒေ့ရှ်မှာလူသားချင်းစာနာမှုစင်္ကြံဖန်တီးမယ်ဆိုတဲ့ကိစ္စကဘယ်လိုလဲ။အမေရိကန်ကရောတကယ်ပဲပါဝင်ပတ်သက်ဖို့စိတ်ဝင်စားရဲ့လား။

❤18👍12🔥1