People's Spring
63.6K subscribers
65.5K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြင်းခြံကရွာပေါင်း၂၀နီးပါးကို စစ်တပ်မီးရှို့ဖျက်
ဆီး ၊စစ်ရှောင်ပြည်သူတွေအကူညီလိုအပ်နေ

မေ-၆၊၂၀၂၆။ ရှိန်း/People's Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

မြင်းခြံမြို့နယ်မှာဧပြီလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ကျီးပင်ကန်၊ဆိတ်ကုန်း၊ထိန်ပန်း၊ရွာသစ်၊ရဲတိုင်၊မြို့ကြီးကုန်း၊မြောက်ရွာလေး၊ပျိုးကန်၊ပျားရွာ စတဲ့ ကျေးရွာ ၁၅ရွာကိုစစ်​ကြောင်းထိုး မီးရှို့ဖျက်ဆီး
အကြမ်းဖက်ခဲ့ပါတယ်။

မေလအတွင်းမှာလည်း မရိုးကုန်း၊ဆင်ချောင်းရွာ​တွေကိုစစ်​ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ
၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကဖော်ပြထားပါတယ်။

စစ်တပ်က မြင်းခြံမြို့နယ်အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိ ဧပြီလအတွင်းမှာ စစ်ကြောင်းထိုးခဲ့တာက​နေ မေလမှာမြစ်ကမ်းအနီး ကျေးရွာတွေအထိဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ဖျက်
ဆီးလာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။
ဒါ​ကြောင့်ဒေသခံ သောင်းနဲ့ချီ​ဘေးလွတ်မယ်ထင်ရာကိုထွက်ပြေးတိမ်း ရှောင် နေရပါတယ်။

စစ်တပ်က ရွာလုံးကျွတ် မီးရှို့မှု တွေနဲ့ နေအိမ်အတွင်းကပစ္စည်း တွေကိုပါသယ်ယူတာကြောင့် ဒေသခံ တွေမှာ စားစရာပြတ်လပ် ၊​နေစရာမရှိတဲ့အထိဖြစ်လာတယ်လို့ ‌‌ စစ်ရှောင်ကူညီ နေသူတွေကလည်း ပြောပါတယ်။

"ရွာထဲက ထွက်ပြေးတဲ့အချိန်ဆန် လေး တွေသယ်လာကြတဲ့သူ တွေကလည်းရှိ တဲ့ဆန် လေး တွေချက်စားပေါ့။တချို့ကြလည်း ရက်ရှည်စစ် ရှောင်လာရတော့ ဆန်ကုန်ပြီး ပဲပါရင် ပဲနဲ့ဆန်ရော ပြုတ်စားရတာ တွေအထိရှိလာကြတယ်"လို့ စစ်ရှောင် ​တွေကိုကူညီနေသူတဦးကပြောပါတယ်။

အခုရက်ပိုင်းအတွင်းရာသီဥတု အပြောင်းအလဲ ကြောင့် ယာယီနေထိုင်ဖို့မိုးကာ​တွေလည်းလိုအပ် နေတယ်လို့ဆိုပါတယ်။

အရင်က စစ်တပ်က တရွာကိုစစ်​ကြောင်းထိုးရင် ​ဒေသခံပြည်သူ​တွေက နောက်တရွာကို ထွက်ပြေးပြီးစစ်​ရှောင်ကြသလို ၊ဒေသခံအချင်းချင်းကူညီ နိုင် ပေမယ့် ဧပြီလကစပြီး မြင်းခြံမြို့နယ်မှာ စစ်တပ်ကရွာစဉ်ဆက်တိုက် စစ်ကြောင်းထိုးနေတာမို့ ဒေသခံရွာအားလုံးနီးပါးမီး ဘေးသင့်ကာ တရွာနဲ့တရွာ မကူညီနိုင်ဖြစ် နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ပြည်သူ​တွေအ​နေနဲ့‌မီးဘေးသင့်စစ်ရှောင် တွေကိုကူညီလိုပါက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့​​တွေကတဆင့်ကူညီပေး နိုင်သလို စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်း တွေကိုဆက်သွယ်ကူညီပေး နိုင်တယ်လို့လည်း ​စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေသူ​တွေက​ပြောပါတယ်။
🤬26😢54👎1👏1
မြင်းခြံမြို့နယ်၊မြစ်ကမ်းဘေးရွာတွေကိုမေလအတွင်းကစစ်တပ်မီးရှို့လို့မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-CJ
🤬331👎1👏1
စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေ ပိုလုပ်လာမယ်လို့ ဒီးမော့ဆို PDFတာဝန်ရှိသူ သတိပေး

မေ -၆၊၂၀၂၆။ဇော်ဝင်း/People's Spring

စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုအသုံးပြုလာမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး (၁)ရဲဘော်ဒါမိုးက သတိပေးပြောပါတယ်။

ဒီကနေ့(မေလ ၆ရက်)မှာ ပြုလုပ်တဲ့ တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမှာ ရဲဘော်ဒါမိုးက တော်လှန်ရေးအခြေပြမိန့်ခွန်းမှာ အထက်ပါအတိုင်းထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့တွေ့ဆုံညှိနှိုင်းမှုကို မိမိတို့အနေဖြင့် လုံးဝအယုံအကြည်မရှိဘဲ ကောက်ကွေ့ကောက်ကျစ်တဲ့ နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုမိုအသုံးပြုလာမှာကို တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ သတိထား ပြင်ဆင်ထားဖို့လိုတယ် သတိပေးပါတယ်။

"စစ်တပ်က လူ၊ လက်နက်အင်အားအလွန်အကျွံသုံးပြီး သာလွန်စစ်အင်အားနဲ့ ရန်သူနဲ့ပြည်သူမရွေးပဲ တိုက်ခိုက်တာတွေက ပြည်သူတွေထိခိုက်သေဆုံးရတာ တော်လှန်ရေးသမားတွေကြောင့် ဆိုတဲ့ပုံစံမျိုးတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းအောင်ပြည်သူတွေနဲ့ရန်တိုက်တာတွေ အစရှိသဖြင့်အများကြီးလုပ်တာတွေ့ရတယ်"လို့ DMO Local PDFတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပြည်သူဟန်ဆောင်ပြီး တော်လှန်ရေးအပေါ် မကောင်းသတင်းတွေဖြန့်တာနဲ့ ဝေဖန်ပြစ်တင်တာတွေလည်း အထူးသဖြင့်လူမှုကွန်ယက်တွေမှာ ခပ်စိပ်စိပ်တွေ့လာရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တော်လှန်ရေးရဲ့ အရေးကြီးတဲ့ကာလဖြစ်တာနဲ့အညီ ဘဝတူအဖွဲ့အစည်းတွေ ညီညွတ်ရေးနဲ့အတူတကွ စုပေါင်းခေါင်းဆောင်ရေးကို အတူတကွ လက်တွဲဖော်ဆောင်နိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း DMO Local PDFကအသိပေးပါတယ်။

ဒါ့အပြင် ဆင်းရဲဒုက္ခအပေါင်းကို ခါးစည်းခံနေရတဲ့ပြည်သူလူထုကို စစ်စစ်မှန်မှန်ကာကွယ်သွားမှာဖြစ်ပြီး လူထုအသံနဲ့လူထုဆန္ဒကို အပြည့်အဝနားထောင်ကာလူထုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

" ပြည်သူအားပေးထောက်ခံမှုနဲ့ရပ်တည်လာတာ ၅နှစ်တောင်ရှိလာပြီ ဆိုတော့ ပြည်သူတွေသာ မထောက်ခံမအားပေးတော့ရင် ကျနော်တို့တပ်ဖွဲ့က ဆက်လက်ရပ်တည်ဖို့မလွယ်ကူနေဘူးပေါ့နော်။တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်အားတင်းပြီး အတူတူချီတက်သွားကြဖို့ပဲတောင်းဆိုချင်ပါတယ်"လို့ DMO Local PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရှေ့ဆက်မယ့် တော်လှန်ရေးကို စစ်အနိုင်တိုက်ရေး ပြည်သူလူထုကာကွယ်ရေး ၊အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး၊တော်လှန်ရေးအဖွဲ့အစည်းများညီညွတ်ရေးနဲ့ အာဏာရှင်ဟူသမျှအကုန်အစင် ပပျောက်ရေးစတဲ့ မူဝါဒလေးချက်ကို အကောင်အထည်ဖော်သွားမယ်လို့လည်း DMO Local PDF က အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) သက်တမ်း (၅)နှစ်ပြည့်တဲ့အထိအတူလက်တွဲလာတဲ့ ရဲဘော်ပြည်သူတစ်ဦးချင်းစီကိုလည်း ဒီကနေ့ အခမ်းအနားမှာ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့တဲ့ အမျိုး သားညီညွှတ်ရေးအစိုးရ (NUG)လက်အောက်ခံဒီးမော့ဆို Local PDF တပ်ရင်းနဲ့ တပ်ခွဲတွေမှာ အင်အားထောင်ဂဏန်းရှိနိုင်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။
👍355🖕2🔥1🥰1
(ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမြင်ကွင်း။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်)
👍32🥰74🖕2🔥1🥱1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဆီယံဥက္ကဋ္ဌ တောင်းဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ၅နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့အိမ်ကို ရွှေ့ပြောင်းပေးထားကြောင်း စစ်တပ်က ကြေညာပြီးတဲ့နောက် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ဆီကနေ အခုလို တိုက်တွန်းမှုမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရမယ်ဆိုရင် အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင် အထောက်အပံ့ဖြစ်စေနိုင်ကြောင်း ဒီနေ့ မေလ ၆ရက် ထုတ်ပြန်ချက်မှာ ဖိလစ်ပိုင်က ထည့်သွင်းဖော်ပြထားပါတယ်။ အခုလို လုပ်ငန်းစဉ်မျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပါတယ်။

◾️အာဆီယံထိပ်သီးညီလာခံကို မင်းအောင်လှိုင် တက်ခွင့်ရဖို့ မသေချာ

မြန်မာနိုင်ငံက စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြုနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌပြောရေးဆိုခွင့်ရှိသူက ဒီနေ့ မေလ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်၊ လာပူလာပူမြို့မှာ ကျင်းပမယ့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်ဆံရေးတွေ ဆက်လက် ထိတွေ့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေအပေါ် ဆက်လက် စောင့်ကြည့်နေတယ်လို့ အင်ပီရီရယ်က ဆက်ပြောပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ သမ္မတခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ မေလ ၈ရက်မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခွင့်ရဖို့ မသေချာတဲ့ အခြေအနေဖြစ်လာပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံထိပ်သီးညီလာခံကို အရမ်းတက်ချင်နေပြီး အာဆီယံတစ်ခုလုံးအနေနဲ့ သူ့ကို ပေးတက်ဦးမှာ မဟုတ်ဘူးလို့ ရှေ့ပြေးအသံ တည်ထောင်သူ၊ အာဆီယံအရေးကျွမ်းကျင်သူလည်း ဖြစ်သူ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပါတယ်။ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ထားတဲ့ လူတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ ဒီလိုမျိုး တခြားတိုင်းပြည်ခေါင်းဆောင်တွေနဲ့ တွဲပြီး တတန်းတည်း ထားဖို့ဆိုတာ ချက်ချင်းမလွယ်ဘူးလို့လည်း သူက ပြောပါတယ်။ စင်ကာပူအခြေစိုက် သုတေသီတစ်ဦးကလည်း အာဆီယံထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်ရ၊​မရ တပ်အပ်မပြောနိုင်သေးပေမယ့် လောလောဆယ်မှာတော့ အဲဒီအရိပ်အယောင် မတွေ့ရသေးဘူးလို့ သုံးသပ်ပါတယ်။

◾️ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်ဗုံးကြဲလို့ မိသားစု ၃ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက စခန်းသာ(ခ)ချက်ပြဲကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစု ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မေလ ၆ ရက် မနက် ၁နာရီဝန်းကျင်မှာ စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာလေယာဥ်တွေနဲ့ စခန်းသာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တံတားဦး လေတပ်ကနေ ဂျက်ဖိုက်တာ ၃စီး တပြိုင်တည်းတက်ခဲ့ကာ ဗုံးတွေကြဲခဲ့တာဖြစ်ပြီး ဒီဗုံးတွေဟာ ကျေးရွာက နေအိမ်တွေအပေါ် ဆက်တိုက်ကျခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဗုံးကြဲခဲ့တဲ့ နေရာအနီးမှာ လမ်းသွား၊လမ်းလာခရီးသည်တွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဈေးရောင်းချတဲ့ စားသောက်ဆိုင် ရှိပြီး အဲဒီလမ်းတဖက်က နေအိမ်ပေါ်ကျကာ ဦးဇော်ငြိမ်း၊ ဒေါ်ဦးနဲ့ ကိုမျိုးလှိုင်ဝင်းတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်နဲ့ ကျေးရွာအတွင်းက အိမ်တချို့လည်း ပျက်စီးမှု ရှိခဲ့ပြီး ဒဏ်ရာရသူ၂ဦး ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

◾️KTLAတပ်ဖွဲ့ဝင် ၃၇ဦး KNLAဆီ ပူးပေါင်း
15👍4🔥2
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ဆီ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။ မေလ ၄ရက် ညနေပိုင်းမှာ KTLA ရဲဘော် ၃၇ဦး KNLAနဲ့ ပြန်လာပူးပေါင်းတာလို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားကလည်း အဲဒီလို ပူးပေါင်းလာတာမှန်ကန်ပြီး သူတို့ကို ကြိုဆိုပါတယ်လို့ ပြောပါတယ်။ KNLA ဆီ ပြန်ပူးပေါင်းလာတဲ့ KTLAတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ရင်းမှူးတစ်ဦး ပါဝင်တယ်လို့လည်း ပဒိုစောအယ်နားက အတည်ပြုပါတယ်။ ကရင်သတင်းရင်းမြစ်အချို့က KTLA ရဲဘော်တွေ KNLAဆီ ပူးပေါင်းလာတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ဖော်ပြထားတာတွေ့ရပြီး အလင်းဝင်လာသူတွေထဲမှာ တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး တစ်ဦး၊ ဒု တပ်ခွဲမှူး နှစ်ဦး၊ တပ်စုမှူး သုံးဦး ပါဝင်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။

◾️ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဥ်နဲ့ ခဲယမ်းထုပ်တွေချပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ သထုံခရိုင်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တယ်လို့ KNUသထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၄ရက်မှာ စစ်တပ်က ဝင်းတာပန်ကျေးရွာကို ပါရာမော်တာ ၂စီးနဲ့ ဦးစွာ တိုက်ခိုက်က်ပြီး နေ့လယ် ၁၁နာရီ ၄၅မိနစ်လောက်မှာ Y8 လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တာလို့ ဆိုပါတယ်။ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာလည်း စစ်တပ်က Y8 နဲ့ အထုပ်တွေ ထပ်မံလာချပေးသလို စစ်ကူစစ်ကြောင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်းတာပန်းကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ စစ်တပ် ဝင်းတာပန်ရွာအတွင်းဝင်ရောက်သွားပြီးနောက် ပြည်သူတွေရဲ့နေအိမ် မီးလောင်တာ မီးခိုးထွက်တာတွေ မြင်တွေ့ရတယ်လို့ ပြောပါတယ်။

◾️မြင်းခြံက ရွာပေါင်း၂၀နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ကို စစ်တပ်က စစ်​ကြောင်း​တွေထိုး ဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီတွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ ပြောပါတယ်။ မြင်းခြံမြို့နယ်မှာ ဧပြီလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊ အိုင်းမ၊ ကျောင်းဖြူကန်၊ တူရွင်းဘို့၊ ကျီးပင်ကန်၊ ဆိတ်ကုန်း၊ ထိန်ပန်း၊ ရွာသစ်၊ ရဲတိုင်၊ မြို့ကြီးကုန်း၊ မြောက်ရွာလေး၊ ပျိုးကန်၊ ပျားရွာ စတဲ့ ကျေးရွာ ၁၅ရွာကိုစစ်​ကြောင်းထိုး မီးရှို့ဖျက်ဆီးအကြမ်းဖက်ခဲ့ပါတယ်။ မေလအတွင်းမှာလည်း မရိုးကုန်း၊ ဆင်ချောင်းရွာ​တွေကို စစ်​ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကဖော်ပြထားပါတယ်။ စစ်တပ်က မြင်းခြံမြို့နယ်အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိ ဧပြီလအတွင်းမှာ စစ်ကြောင်းထိုးခဲ့တာက​နေ မေလမှာမြစ်ကမ်းအနီး ကျေးရွာတွေအထိဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးလာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ ဒါ​ကြောင့်ဒေသခံ သောင်းနဲ့ချီ​ဘေးလွတ်မယ်ထင်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

◾️ရွှေကူကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် အထိနာပြီးရပ်တန့်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။ ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာကနေ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့မှုတွေမှာ စစ်တပ်က ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့လည်း အသိပေးပါတယ်။ စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့ လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။

◾️NUGက သူရဲကောင်းဘွဲ့ပေးအပ်မယ့် အစီအစဥ် တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားရကြောင်း PDFတပ်မှူးပြော
👍9🔥2
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုက ကြိုဆိုခဲ့ပြီး ဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။ PDF တပ်မတော် တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်များ ချီးမြှင့်သွားဖို့ရှိတယ်လို့ မေလ ၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ချီးမြှင့်မယ့် ဘွဲ့နဲ့ ဆုတံဆိပ် အမျိုးအစားတွေက ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့၊ ပြည်သူ့ဇာနည်ဆုတံဆိပ်၊ ပြည်သူ့သားကောင်းဆုတံဆိပ် တို့ဖြစ်ပြီး လက်ရှိမှာ ချီးမြှင့်နိုင်ရေးစိစစ်မှု လုပ်နေသလို ချီးမြှင့်အပ်နှင်းမယ့် နေ့ရက်ကို ထပ်မံ အသိပေးမယ်လို့ ဖော်ပြထားပါတယ်။ သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်တဲ့ အစီအစဉ်ကို နှစ်စဉ် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း အသိပေးပါတယ်။

◾️စစ်တပ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မရ

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ မေလ ၆ရက်မှာ စတင်တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရဘူးလို့ သိရပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက ဒီနေ့ညနေပိုင်းမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တည်ခင်းဧည့်ခံခဲ့ပြီး အဲဒီညစာစားပွဲကို အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်သာတက်ရောက်တာ တွေ့ရပါတယ်။ အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်ကိုင်စွဲထားပြီး အဲဒီဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်တပ်က ထိထိရောက်ရောက်အကောင်အထည် မဖော်မချင်း စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးတာဖြစ်ပါတယ်။

◾️စစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနဲ့ပေးတွေ့ဖို့ ထိုင်းဆန္ဒရှိ

စစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားပြီး ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပေးဖို့ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆီဟာဆက်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်း အသစ်ပေါ်ထွက်လာတဲ့ အုပ်ချုပ်ရေးအစုအဖွဲ့ကို တခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုမို နီးနီးကပ်ကပ်ထိတွေ့လာနိုင်အောင် ထိုင်းအစိုးရက ကူညီပေးလိုကြောင်း မေလ ၅ရက် မနေ့က ပြောဆိုခဲ့ပါတယ်။ ဒါ့ပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း စစ်တပ်ရဲ့မတရားဖမ်းဆီး အကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မတောင်းဆိုခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့အိမ်ကို ပြောင်းလဲထားရှိမယ်လို့ စစ်တပ်က ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ဆီဟာဆက်က သူအဓိက စိုးရိမ်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ဖြစ်ကြောင်း၊ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အခြေအနေမျိုးမှာ နေထိုင်ခွင့်ရဖို့ မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

◾️မြစ်ဆုံစီမံကိန်းကို အရပ်ဘက်အဖွဲ့အစည်း ၄၉ဖွဲ့ ထုတ်ပြန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နိုင်ရေးကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ကချင်ပြည်နယ် ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း(၄၉)ဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။ မြစ်ဆုံဆည် စီမံကိန်းဟာ စစ်အာဏာရှင် ခေတ်အဆက်ဆက်က တရုတ်အစိုးရနဲ့ အာဏာရှင်တစ်စုတို့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းဖြစ်ပြီး သူတို့ရဲ့ အကျိုးစီးပွားရှေးရှုကာ ပြည်သူလူထု သဘောဆန္ဒရယူခြင်းမရှိဘဲ အတင်းအဓမ္မ အကောင်အထည်ဖော်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပြည်သူတွေရဲ့ ကောင်းကျိုးထက် အသက်အိုးအိမ်စည်းစိမ်များကို ဆိုးရွားစွာ ထိခိုက်ဆုံးရှုံး စေနိုင်မယ့် ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်တဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို လုံးဝ ရပ်တန့်ဖို့၊ စီမံကိန်းပြန်လည်အကောင်အထည်ဖော်မှု ချက်ချင်းရပ်တန့်ဖို့ အပါအဝင် အချက် ၅ချက်ကို ထုတ်ပြန်ထားပါတယ်။

◾️စစ်တပ်စစ်ကြောင်းတွေ မိုးညှင်းမြို့နယ် နမ့်စီးအောင်ရွာရောက်နေ
👍8🔥42🤬2👎1
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ မော်လူးမြို့ကို စစ်တပ်က ထိန်းချုပ်ပြီးနောက် ဒီနေ့ မေလ ၆ရက် မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ နမ့်စီးအောင်ကျေးရွာနဲ့ အနီးတဝိုက်ဒေသတွေကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။ လက်ရှိ နမ့်စီးအောင်ရွာရောက်နေတဲ့ စစ်ကြောင်းဟာ မိုးညှင်းမြို့ဘက်ကလာတဲ့ စစ်ကြောင်းနဲ့ နမ့်စီးအောင်ဘုန်းကြီးကျောင်းမှာ ပေါင်းစည်းမယ်လို့လည်း သတင်းရထားကြောင်း သူက ဆက်ပြောပါတယ်။

◾️ဖားကန့်မှာ လူနေရပ်ကွက်တွေအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တို့ တိုက်ပွဲဆက်ဖြစ်နေပြီး လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေလို့ စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ မေလ ၄ရက် မနက်အစောပိုင်းကစပြီး စစ်တပ်စခန်းတွေကို KIA၊KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ဒရုန်းနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ လူနေရပ်ကွက်တွေအတွင်း မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
👍18🔥3