(ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ စစ်တပ်ခန့် အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်(အနီရောင်ဝိုင်းဖြင့် ပြထားသူ)။ ဓာတ်ပုံ - ASEAN)
👎26🔥5❤4💩1
■ဆောင်းပါး
ဆင်းရဲခြင်းဟာ လူကိုသေစေနိုင်ပါသလား
နိုဝင်ဘာမိုး/People's Spring
အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။
မေလ၂ ရက်နေ့ကနေပြည်တော်၊ဥတ္တရသီရိမြို့
နယ်၊ မိုးစွေကျေးရွာအုပ်စု၊လွင်သာယာကျေးရွာနဲ့ မိုးစွေကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဝါးကားတိမ်းမှောက်ခဲ့တာပါ။အဲဒီနေ့ကဝါးတွေနဲ့အတူကားပေါ်မှာဝါးခုတ်တဲ့အလုပ်သမား ၅၀
ကျော် ပါလာခဲ့တယ်။
၅၀ ကျော်ထဲက ၁၇ ဦး အသက်ဆုံးပါးခဲ့ရတယ်။ ဆုံးပါးသူတွေထဲ အသက် ၁၄ နှစ်သားလေးကအ
စပါ ပါတယ်။ ၁၆ နှစ် ၊ ၁၇ နှစ် အရွယ်ကောင်းလေးတွေလည်းအများကြီး။ နွေကျောင်းပိတ်လို့ အပိုဝင်ငွေလေးရအောင် ဝါးခုတ်လိုက်ကြပါသတဲ့။ သေဆုံးသွားတဲ့အထဲက အသက် ၁၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့နာမည်က မောင်ရာကျော်ပါတဲ့။ မိဘတွေက သူတို့သားကလေး အသက်ရာကျော်နေရအောင် ရည်ရွယ်ပြီး ရာကျော်လို့ ပေးခဲ့ပေမဲ့ ဆန္ဒမပြည့်ဝသွားခဲ့ရှာဘူး။
သေဆုံးသူတွေထဲ တစ်အိမ်တည်းတစ်မိသားစုတည်းတွေလည်း ပါရဲ့။ လင်မယားတွဲတွေလည်း ပါရဲ့။ အသက်ရှင်ကျန်သူတွေထဲလည်း အကောင်းကျန်သူမရှိဘူးလို့ သိရတယ်။ ဆေးရုံတက် ပေါင်ကျိုး၊ ခြေထောက်ကျိုးခြေထောက်ဖြတ်ရမယ့်
သူတွေလည်း ရှိနေတယ်တဲ့။
လူမှုကွန်ရက်မှာတက်လာတော့ ကားသမားကို အပြစ်တင်သူတင်ကြတယ်။ ကားပေါ်လိုက်ခဲ့မိတဲ့ သေဆုံးသူ ဝါးခုတ်သမားလေးတွေကို အပြစ်ဖို့သူဖို့ကြတယ်။ ဉာဏ်နည်းလိုက်ကြတာတဲ့။ သြော်...
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၁၂.၄ သန်းဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။ ၎င်းတို့အနက်က လူပေါင်း ၁ သန်း ခန့်ကတော့ အသက်ရှင်သန်နိုင်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့ WFP က ဆိုပါတယ်။
ဝါးခုတ်သမားလေးတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတဲ့ ၁၂ သန်းကျော်တဲ့ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ တစ်ရက်စာ တစ်နပ်စာအတွက် ပင်ပင် ပန်းပန်း ရှာဖွေကြရင်း အသက်ပါ ပေးလိုက်ကြရတာ ဖြစ်ပါတယ်။
ဒီလူတွေဘာကြောင့်ဆင်းရဲသွားကြတာပါလဲ။တရားခံကတော့ အာဏာသိမ်းစစ်တပ်ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို လေ့လာနေကြတဲ့ အဖွဲ့အစည်းတွေရဲ့အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာနဲ့ ဝင်ငွေ လျော့ကျလာတာ၊ နိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ အမြောက်အမြား နေရပ်စွန့်
ခွာရတာတွေကြောင့် ဆင်းရဲနွမ်းပါးမှု ပိုမိုဆိုးရွားလာစေတယ်လို့ အသိပေးထားပါတယ်။
ဒါတောင်အာဏာသိမ်းခေါင်းဆောင်မင်းအောင်
လှိုင်က လူငယ်တွေပြည်ပထွက် အလုပ်မလုပ်ကြပဲ နိုင်ငံတိုးတက်အောင် ပြည်တွင်းမှာပဲလုပ်ကြပါလို့ ပြောနေသေးတာပါ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်းနဲ့အတူ လာမယ့် ကာလတိုအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ဆက်လက် မြင့်တက်နေနိုင်ကြောင်း
ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။
နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံရဲ့လူသွားလမ်းဘေးမှာတော့ ဝါးကားဖြစ်စဥ်မှာ အသက်မဲ့ခဲ့ရတဲ့ ရုပ်အလောင်းတွေကို တန်းစီချထားတယ်။ ရုပ်အလောင်းအားလုံးက တောသူတောင်သား အလုပ်ကြမ်းလုပ်ရသူတွေမို့ အသားအရည်က နေလောင်ထားလို့ ညိုညိုမှိုင်းမှိုင်း။ အပေါ်ဝတ် အင်္ကျီလက်ရှည်အကွက်လေးတွေဟာ နေ့စဉ်ဝတ်ပါများတော့ အရောင်တွေ လွင့်လို့။
အမျိုးသမီးငယ်လေးတစ်ယောက်ကတော့အ
သက်မဲဲ့နေပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ခြေထောက်ကို ကိုင်ရင်း ကျုံ့ကျုံ့လေးထိုင်ကာ ငိုနေရှာတယ်။ ဘေးနားက အမျိုးသမီးငယ်တစ်ယောက်ကလည်း တုံဏိဘာဝေနဲ့ ရုပ်အလောင်းတွေကိုငေးကြည့်နေခဲ့ပါတော့တယ်။

😢27❤7👍3🔥1
တိမ်းမှောက်ခဲ့သော ဝါးကား၊ နာရေးအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
😢27🔥4👎2❤1👍1
မြင်းခြံကရွာပေါင်း၂၀နီးပါးကို စစ်တပ်မီးရှို့ဖျက်
ဆီး ၊စစ်ရှောင်ပြည်သူတွေအကူညီလိုအပ်နေ
မေ-၆၊၂၀၂၆။ ရှိန်း/People's Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်ကြောင်းတွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြင်းခြံမြို့နယ်မှာဧပြီလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ကျီးပင်ကန်၊ဆိတ်ကုန်း၊ထိန်ပန်း၊ရွာသစ်၊ရဲတိုင်၊မြို့ကြီးကုန်း၊မြောက်ရွာလေး၊ပျိုးကန်၊ပျားရွာ စတဲ့ ကျေးရွာ ၁၅ရွာကိုစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး
အကြမ်းဖက်ခဲ့ပါတယ်။
မေလအတွင်းမှာလည်း မရိုးကုန်း၊ဆင်ချောင်းရွာတွေကိုစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ
၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကဖော်ပြထားပါတယ်။
စစ်တပ်က မြင်းခြံမြို့နယ်အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိ ဧပြီလအတွင်းမှာ စစ်ကြောင်းထိုးခဲ့တာကနေ မေလမှာမြစ်ကမ်းအနီး ကျေးရွာတွေအထိဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ဖျက်
ဆီးလာတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါကြောင့်ဒေသခံ သောင်းနဲ့ချီဘေးလွတ်မယ်ထင်ရာကိုထွက်ပြေးတိမ်း ရှောင် နေရပါတယ်။
စစ်တပ်က ရွာလုံးကျွတ် မီးရှို့မှု တွေနဲ့ နေအိမ်အတွင်းကပစ္စည်း တွေကိုပါသယ်ယူတာကြောင့် ဒေသခံ တွေမှာ စားစရာပြတ်လပ် ၊နေစရာမရှိတဲ့အထိဖြစ်လာတယ်လို့ စစ်ရှောင်ကူညီ နေသူတွေကလည်း ပြောပါတယ်။
"ရွာထဲက ထွက်ပြေးတဲ့အချိန်ဆန် လေး တွေသယ်လာကြတဲ့သူ တွေကလည်းရှိ တဲ့ဆန် လေး တွေချက်စားပေါ့။တချို့ကြလည်း ရက်ရှည်စစ် ရှောင်လာရတော့ ဆန်ကုန်ပြီး ပဲပါရင် ပဲနဲ့ဆန်ရော ပြုတ်စားရတာ တွေအထိရှိလာကြတယ်"လို့ စစ်ရှောင် တွေကိုကူညီနေသူတဦးကပြောပါတယ်။
အခုရက်ပိုင်းအတွင်းရာသီဥတု အပြောင်းအလဲ ကြောင့် ယာယီနေထိုင်ဖို့မိုးကာတွေလည်းလိုအပ် နေတယ်လို့ဆိုပါတယ်။
အရင်က စစ်တပ်က တရွာကိုစစ်ကြောင်းထိုးရင် ဒေသခံပြည်သူတွေက နောက်တရွာကို ထွက်ပြေးပြီးစစ်ရှောင်ကြသလို ၊ဒေသခံအချင်းချင်းကူညီ နိုင် ပေမယ့် ဧပြီလကစပြီး မြင်းခြံမြို့နယ်မှာ စစ်တပ်ကရွာစဉ်ဆက်တိုက် စစ်ကြောင်းထိုးနေတာမို့ ဒေသခံရွာအားလုံးနီးပါးမီး ဘေးသင့်ကာ တရွာနဲ့တရွာ မကူညီနိုင်ဖြစ် နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ပြည်သူတွေအနေနဲ့မီးဘေးသင့်စစ်ရှောင် တွေကိုကူညီလိုပါက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတဆင့်ကူညီပေး နိုင်သလို စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်း တွေကိုဆက်သွယ်ကူညီပေး နိုင်တယ်လို့လည်း စစ်ဘေးရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။

🤬26😢5❤4👎1👏1
စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေ ပိုလုပ်လာမယ်လို့ ဒီးမော့ဆို PDFတာဝန်ရှိသူ သတိပေး
မေ -၆၊၂၀၂၆။ဇော်ဝင်း/People's Spring
စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုအသုံးပြုလာမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး (၁)ရဲဘော်ဒါမိုးက သတိပေးပြောပါတယ်။
ဒီကနေ့(မေလ ၆ရက်)မှာ ပြုလုပ်တဲ့ တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမှာ ရဲဘော်ဒါမိုးက တော်လှန်ရေးအခြေပြမိန့်ခွန်းမှာ အထက်ပါအတိုင်းထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့တွေ့ဆုံညှိနှိုင်းမှုကို မိမိတို့အနေဖြင့် လုံးဝအယုံအကြည်မရှိဘဲ ကောက်ကွေ့ကောက်ကျစ်တဲ့ နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုမိုအသုံးပြုလာမှာကို တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ သတိထား ပြင်ဆင်ထားဖို့လိုတယ် သတိပေးပါတယ်။
"စစ်တပ်က လူ၊ လက်နက်အင်အားအလွန်အကျွံသုံးပြီး သာလွန်စစ်အင်အားနဲ့ ရန်သူနဲ့ပြည်သူမရွေးပဲ တိုက်ခိုက်တာတွေက ပြည်သူတွေထိခိုက်သေဆုံးရတာ တော်လှန်ရေးသမားတွေကြောင့် ဆိုတဲ့ပုံစံမျိုးတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းအောင်ပြည်သူတွေနဲ့ရန်တိုက်တာတွေ အစရှိသဖြင့်အများကြီးလုပ်တာတွေ့ရတယ်"လို့ DMO Local PDFတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပြည်သူဟန်ဆောင်ပြီး တော်လှန်ရေးအပေါ် မကောင်းသတင်းတွေဖြန့်တာနဲ့ ဝေဖန်ပြစ်တင်တာတွေလည်း အထူးသဖြင့်လူမှုကွန်ယက်တွေမှာ ခပ်စိပ်စိပ်တွေ့လာရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးရဲ့ အရေးကြီးတဲ့ကာလဖြစ်တာနဲ့အညီ ဘဝတူအဖွဲ့အစည်းတွေ ညီညွတ်ရေးနဲ့အတူတကွ စုပေါင်းခေါင်းဆောင်ရေးကို အတူတကွ လက်တွဲဖော်ဆောင်နိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း DMO Local PDFကအသိပေးပါတယ်။
ဒါ့အပြင် ဆင်းရဲဒုက္ခအပေါင်းကို ခါးစည်းခံနေရတဲ့ပြည်သူလူထုကို စစ်စစ်မှန်မှန်ကာကွယ်သွားမှာဖြစ်ပြီး လူထုအသံနဲ့လူထုဆန္ဒကို အပြည့်အဝနားထောင်ကာလူထုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
" ပြည်သူအားပေးထောက်ခံမှုနဲ့ရပ်တည်လာတာ ၅နှစ်တောင်ရှိလာပြီ ဆိုတော့ ပြည်သူတွေသာ မထောက်ခံမအားပေးတော့ရင် ကျနော်တို့တပ်ဖွဲ့က ဆက်လက်ရပ်တည်ဖို့မလွယ်ကူနေဘူးပေါ့နော်။တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်အားတင်းပြီး အတူတူချီတက်သွားကြဖို့ပဲတောင်းဆိုချင်ပါတယ်"လို့ DMO Local PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရှေ့ဆက်မယ့် တော်လှန်ရေးကို စစ်အနိုင်တိုက်ရေး ပြည်သူလူထုကာကွယ်ရေး ၊အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး၊တော်လှန်ရေးအဖွဲ့အစည်းများညီညွတ်ရေးနဲ့ အာဏာရှင်ဟူသမျှအကုန်အစင် ပပျောက်ရေးစတဲ့ မူဝါဒလေးချက်ကို အကောင်အထည်ဖော်သွားမယ်လို့လည်း DMO Local PDF က အသိပေးပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) သက်တမ်း (၅)နှစ်ပြည့်တဲ့အထိအတူလက်တွဲလာတဲ့ ရဲဘော်ပြည်သူတစ်ဦးချင်းစီကိုလည်း ဒီကနေ့ အခမ်းအနားမှာ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့တဲ့ အမျိုး သားညီညွှတ်ရေးအစိုးရ (NUG)လက်အောက်ခံဒီးမော့ဆို Local PDF တပ်ရင်းနဲ့ တပ်ခွဲတွေမှာ အင်အားထောင်ဂဏန်းရှိနိုင်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

👍35❤5🖕2🔥1🥰1
(ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမြင်ကွင်း။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်)
👍32🥰7❤4🖕2🔥1🥱1