People's Spring
63.6K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(လားရှိူးမြို့တွင် လေပြင်းတိုက်ခတ်ပြီးနောက် မြို့တွင်းမှာ သစ်ပင်နဲ့ ဆိုင်းဘုတ်များ လဲပြိုနေတာကို တွေ့ရစဥ်။ ဓာတ်ပုံ-Nay Myo၊ Hla Myo Maung Maung F/B)
👍19🔥54😢2👏1
🔥9👍6😢3
စစ်တပ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မရ

▪️စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရဖွယ်မရှိ

မေ-၆၊ ၂၀၂၆။ သော်မွန်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ မေလ ၆ရက်မှာ စတင်တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရဘူးလို့ သိရပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက ဒီနေ့ညနေပိုင်းမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တည်ခင်းဧည့်ခံခဲ့ပြီး အဲဒီညစာစားပွဲကို အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်သာတက်ရောက်တာ တွေ့ရပါတယ်။

အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်ကိုင်စွဲထားပြီး အဲဒီဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်တပ်က ထိထိရောက်ရောက်အကောင်အထည် မဖော်မချင်း စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် နိုင်ငံအနည်းငယ်ရဲ့ အသိအမှတ်ပြုမှုနဲ့ ရွေးကောက်ပွဲကျင်းပကာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကတဆင့် သမ္မတအဖြစ် စစ်ဝတ်စုံကနေ အရပ်ဝတ်လဲခဲ့ပေမယ့် အာဆီယံက အခုထိ အသိအမှတ်မပြုသေးပါဘူး။

ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို အာဆီယံအနေနဲ့ အသိအမှတ်ပြု၊ မပြုကိစ္စဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ ရှင်းလင်းပြောကြားထားပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း သူတက်ချင်နေတဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ဖို့ သေချာမှု မရှိဘဲ တက်ရောက်ခွင့်ရမယ့် အရိပ်အယောင်အခုထိ မတွေ့ရသေးဘူးလို့ လေ့လာစောင့်ကြည့်သူတချို့က မှတ်ချက်ပြုထားပါတယ်။

၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ် လာပူလာပူမြို့မှာ မေလ ၆ရက်ကနေ ၈ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး အာဆီယံခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ထိပ်သီးညီလာခံကိုတော့ မေလ ၈ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အစိုးရကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဒီနေ့ပဲ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရမယ်ဆိုရင် အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင် အထောက်အပံ့ဖြစ်စေနိုင်ကြောင်းနဲ့ အခုလို လုပ်ငန်းစဉ်မျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပါတယ်။
😁25👍105🤣1
(ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ စစ်တပ်ခန့် အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်(အနီရောင်ဝိုင်းဖြင့် ပြထားသူ)။ ဓာတ်ပုံ - ASEAN)
👎23🔥54
■​ဆောင်းပါး

ဆင်းရဲခြင်းဟာ လူကိုသေစေနိုင်ပါသလား

နိုဝင်ဘာမိုး/People's Spring

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

မေလ၂ ရက်နေ့ကနေပြည်တော်၊ဥတ္တရသီရိမြို့
နယ်၊ မိုးစွေကျေးရွာအုပ်စု၊လွင်သာယာကျေးရွာနဲ့ မိုးစွေကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဝါးကားတိမ်းမှောက်ခဲ့တာပါ။အဲဒီနေ့ကဝါးတွေနဲ့အတူကားပေါ်မှာဝါးခုတ်တဲ့အလုပ်သမား ၅၀
ကျော် ပါလာခဲ့တယ်။

၅၀ ကျော်ထဲက ၁၇ ဦး အသက်ဆုံးပါးခဲ့ရတယ်။ ဆုံးပါးသူတွေထဲ အသက် ၁၄ နှစ်သားလေးကအ
စပါ ပါတယ်။ ၁၆ နှစ် ၊ ၁၇ နှစ် အရွယ်ကောင်းလေးတွေလည်းအများကြီး။ နွေကျောင်းပိတ်လို့ အပိုဝင်ငွေလေးရအောင် ဝါးခုတ်လိုက်ကြပါသတဲ့။ သေဆုံးသွားတဲ့အထဲက အသက် ၁၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့နာမည်က မောင်ရာကျော်ပါတဲ့။ မိဘတွေက သူတို့သားကလေး အသက်ရာကျော်နေရအောင် ရည်ရွယ်ပြီး ရာကျော်လို့ ပေးခဲ့ပေမဲ့ ဆန္ဒမပြည့်ဝသွားခဲ့ရှာဘူး။

သေဆုံးသူတွေထဲ တစ်အိမ်တည်းတစ်မိသားစုတည်းတွေလည်း ပါရဲ့။ လင်မယားတွဲတွေလည်း ပါရဲ့။ အသက်ရှင်ကျန်သူတွေထဲလည်း အကောင်းကျန်သူမရှိဘူးလို့ သိရတယ်။ ဆေးရုံတက် ပေါင်ကျိုး၊ ခြေထောက်ကျိုးခြေထောက်ဖြတ်ရမယ့်
သူတွေလည်း ရှိနေတယ်တဲ့။

လူမှုကွန်ရက်မှာတက်လာတော့ ကားသမားကို အပြစ်တင်သူတင်ကြတယ်။ ကားပေါ်လိုက်ခဲ့မိတဲ့ သေဆုံးသူ ဝါးခုတ်သမားလေးတွေကို အပြစ်ဖို့သူဖို့ကြတယ်။ ဉာဏ်နည်းလိုက်ကြတာတဲ့။ သြော်...

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၁၂.၄ သန်းဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။ ၎င်းတို့အနက်က လူပေါင်း ၁ သန်း ခန့်ကတော့ အသက်ရှင်သန်နိုင်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့ WFP က ဆိုပါတယ်။

ဝါးခုတ်သမားလေးတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတဲ့ ၁၂ သန်းကျော်တဲ့ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ တစ်ရက်စာ တစ်နပ်စာအတွက် ပင်ပင် ပန်းပန်း ရှာဖွေကြရင်း အသက်ပါ ပေးလိုက်ကြရတာ ဖြစ်ပါတယ်။

ဒီလူတွေဘာကြောင့်ဆင်းရဲသွားကြတာပါလဲ။တရားခံကတော့ အာဏာသိမ်းစစ်တပ်ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို လေ့လာနေကြတဲ့ အဖွဲ့အစည်းတွေရဲ့အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာနဲ့ ဝင်ငွေ လျော့ကျလာတာ၊ နိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ အမြောက်အမြား နေရပ်စွန့်
ခွာရတာတွေကြောင့် ဆင်းရဲနွမ်းပါးမှု ပိုမိုဆိုးရွားလာစေတယ်လို့ အသိပေးထားပါတယ်။

ဒါ​တောင်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်
လှိုင်က လူငယ်​တွေပြည်ပထွက် အလုပ်မလုပ်ကြပဲ နိုင်ငံတိုးတက်​အောင် ပြည်တွင်းမှာပဲလုပ်ကြပါလို့ ​ပြော​နေ​သေးတာပါ။

​စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်းနဲ့အတူ လာမယ့် ကာလတိုအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ဆက်လက် မြင့်တက်နေနိုင်ကြောင်း
ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံရဲ့လူသွားလမ်းဘေးမှာတော့ ဝါးကားဖြစ်စဥ်မှာ အသက်မဲ့ခဲ့ရတဲ့ ရုပ်အလောင်းတွေကို တန်းစီချထားတယ်။ ရုပ်အလောင်းအားလုံးက တောသူတောင်သား အလုပ်ကြမ်းလုပ်ရသူတွေမို့ အသားအရည်က နေလောင်ထားလို့ ညိုညိုမှိုင်းမှိုင်း။ အပေါ်ဝတ် အင်္ကျီလက်ရှည်အကွက်လေးတွေဟာ နေ့စဉ်ဝတ်ပါများတော့ အရောင်တွေ လွင့်လို့။

အမျိုးသမီးငယ်လေးတစ်ယောက်ကတော့အ
သက်မဲဲ့နေပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ခြေထောက်ကို ကိုင်ရင်း ကျုံ့ကျုံ့လေးထိုင်ကာ ငိုနေရှာတယ်။ ဘေးနားက အမျိုးသမီးငယ်တစ်ယောက်ကလည်း တုံဏိဘာဝေနဲ့ ရုပ်အလောင်းတွေကိုငေးကြည့်နေခဲ့ပါတော့တယ်။
😢247🔥1