(ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ခဲယမ်းထုပ်တွေချပေးနေစဉ်။ ဓာတ်ပုံ - ပေးပို့)
👎18❤4🖕2👏1
လားရှိုးမြို့ လေပြင်းဘေးကြုံ၊ ပျက်စီးမှုရှိ
မေ-၆၊၂၀၂၆။ဇော်ရမ်း၊ဟာနာဆန်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ မေလ ၆ရက် ညနေပိုင်းက မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံအချိုထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။
လေတိုက်နှုန်း အလွန်းပြင်းထန်ပြီး သစ်ပင်ကြီးတွေပါ လဲကျတာလို့ ဒေသခံတွေက ပြောပါတယ်။ မိုးကြီးပြီးလေပြင်းတိုက်ခိုက်တာဟာ နာရီပိုင်းသာ ကြာခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပေမယ့် ထိခိုက်ပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေ၊ လျှပ်စစ်ဓာတ်တိုင်တွေနဲ့ ကြော်ငြာဘေဘုတ်တွေ ပြိုလဲတာ၊ အိမ်အမိုးသွပ်တွေနဲ့ ဆိုလာတွေ ပြုတ်ထွက်ကုန်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"၁၅ မိနစ်လောက်ပဲ တိုက်သွားတာ။ လေကအရမ်းပြင်းတယ်။ မိုးသီးတွေပါ ပါတယ်"လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လေကောမိုးပါရပ်သွားပေမဲ့ ပျက်စီးမှုတွေ ရှင်းလင်းနေရဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဧပြီ၂၉ရက် ညနေကလည်း သီပေါမြို့နယ်အတွင်း နေရာကွက်မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့လို့ ရှေးဟောင်းစေတီတော် တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။ ဒေသများစုမှာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစတင်ပြီး မိုးသက်လေပြင်းတိုက်ခတ်လို့ လူထိခိုက်မှုနဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။
ဧပြီ၂၈ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့မြောက်ဦးမြို့မှာ နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခတ်နေချိန် မိုးကြိုးပစ်လို့ ဒေသခံတစ်ဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်ကမိုးသက်လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်စခန်းတွေအပါအဝင် နေအိမ်ထောင်ချီပျက်စီးခဲ့ပါတယ်။
လက်ရှိကာလမှာ လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က
သတိပေးထားပါတယ်။
ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကသတိပေးထားပါတယ်။

👍10🔥3❤1
(လားရှိူးမြို့တွင် လေပြင်းတိုက်ခတ်ပြီးနောက် မြို့တွင်းမှာ သစ်ပင်နဲ့ ဆိုင်းဘုတ်များ လဲပြိုနေတာကို တွေ့ရစဥ်။ ဓာတ်ပုံ-Nay Myo၊ Hla Myo Maung Maung F/B)
👍16🔥5❤4👏1😢1
စစ်တပ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မရ
▪️စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရဖွယ်မရှိ
မေ-၆၊ ၂၀၂၆။ သော်မွန်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ မေလ ၆ရက်မှာ စတင်တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရဘူးလို့ သိရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက ဒီနေ့ညနေပိုင်းမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တည်ခင်းဧည့်ခံခဲ့ပြီး အဲဒီညစာစားပွဲကို အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်သာတက်ရောက်တာ တွေ့ရပါတယ်။
အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်ကိုင်စွဲထားပြီး အဲဒီဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်တပ်က ထိထိရောက်ရောက်အကောင်အထည် မဖော်မချင်း စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် နိုင်ငံအနည်းငယ်ရဲ့ အသိအမှတ်ပြုမှုနဲ့ ရွေးကောက်ပွဲကျင်းပကာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကတဆင့် သမ္မတအဖြစ် စစ်ဝတ်စုံကနေ အရပ်ဝတ်လဲခဲ့ပေမယ့် အာဆီယံက အခုထိ အသိအမှတ်မပြုသေးပါဘူး။
ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို အာဆီယံအနေနဲ့ အသိအမှတ်ပြု၊ မပြုကိစ္စဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ ရှင်းလင်းပြောကြားထားပါတယ်။
ဒီအခြေအနေတွေကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း သူတက်ချင်နေတဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ဖို့ သေချာမှု မရှိဘဲ တက်ရောက်ခွင့်ရမယ့် အရိပ်အယောင်အခုထိ မတွေ့ရသေးဘူးလို့ လေ့လာစောင့်ကြည့်သူတချို့က မှတ်ချက်ပြုထားပါတယ်။
၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ် လာပူလာပူမြို့မှာ မေလ ၆ရက်ကနေ ၈ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး အာဆီယံခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ထိပ်သီးညီလာခံကိုတော့ မေလ ၈ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အစိုးရကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဒီနေ့ပဲ တိုက်တွန်း တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရမယ်ဆိုရင် အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင် အထောက်အပံ့ဖြစ်စေနိုင်ကြောင်းနဲ့ အခုလို လုပ်ငန်းစဉ်မျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပါတယ်။

😁24👍10❤5
(ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ စစ်တပ်ခန့် အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်(အနီရောင်ဝိုင်းဖြင့် ပြထားသူ)။ ဓာတ်ပုံ - ASEAN)
👎21🔥5❤3