ရွှေကူကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် အထိနာပြီးရပ်တန့်နေ
မေ -၆၊၂၀၂၆။မိုမို/People's Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။
ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာကနေ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
"ကျွန်တော်တို့လှုပ်ရှားစစ်ကြောင်းကတော့ တိုက်နေတယ်။အဓိကကတော့ သူတို့တွေကို နယ်မြေထဲအဝင်မခံ နိုင်တာပဲ။ရွှေကူဘက်ကနေ ကချင်ပြည်နယ်ထဲဝင်လာဖို့ ကြိုစားတဲ့စစ်ကြောင်းတွေတော့ရှေ့မတိုးနိုင်ပဲရပ်တန့်နေတယ်"လို့ ရွှေကူKPDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။
အခု မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်ကကြိုးပမ်းနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့မှုတွေမှာ စစ်တပ်က ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။
"ငအိုး-ရွှေကူလမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာ။ငအိုးဘက်ခြမ်းမှာဘဲ ရှိသေးတယ်။ရွှေကူထဲ ဝင်ဖို့ ကြိုးစားနေတာပေါ့။စစ်တပ်ဘက်က ထိခိုက်သေဆုံးတာရှိတယ်လို့ ကြားရတယ်"လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်းအသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို စတင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းနဲ့ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။
KIAအတူ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရွှေကူ KPDFကလည်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထံပန်ကြားချက်ကို မေလ ၄ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေ၊ ဂိတ်တွေ၊ ကာကင်းစခန်းတွေနဲ့ အနီးသွားလာနေထိုင်တာမလုပ်ဖို့ ရှောင်ရှားနေဖို့ အပါအဝင်စစ်တပ်စစ်ကြောင်းတွေ ၊ လက်နက် ခဲယမ်းတွေ၊ ရိက္ခာတွေကို သယ်ယူပို့ဆောင်တာ မလုပ်ဖို့လည်း KPDFက သတိပေးထားပါတယ်။
ဒါ့အပြင် မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူ နယ်မြေတွေမှာ ဆူညံတဲ့အသံကျယ်လောင်မှုတွေ ထွက်ပေါ်နိုင်တဲ့ စက်ယန္တရားအသုံးပြု လုပ်ငန်းတွေကို ညနေ (၆)နာရီကနေ မနက်(၉)နာရီအထိ ရပ်နားထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
မြို့ပေါ်နဲ့ အနီးတဝိုက်ဒေသတွေကိုပဲ ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်ကလည်း ရွှေကူမြို့နယ်ကို အရေးပေါ် အခြေအနေကြေညာထားပါတယ်။

❤26👍13👏4🥰2🖕2👎1
■မေးမြန်းခန်း
"ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ"
-ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat
သတင်းဌာန မေးမြန်းခန်း (အပိုင်း ၁)
မေလ ၄ ရက်နေ့မှာThe Diplomat သတင်းဌာနကအာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်
ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်း
ထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်
နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လုကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေ
အနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီး အပိုင်းနှစ်ခု ခွဲခြား ဖော်ပြလိုက်ပါတယ်။
မေး-ခင်ဗျားရဲ့ နောက်ခံဘဝဇာတ်ကြောင်းကို ပြောပြနိုင်မလား။ AAရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာသလဲ ဆိုတာပေါ့။
ဖြေ-စစ်တွေမှာ ကျွန်တော် ဥပဒေကျောင်း တက်ခဲ့ပါတယ်။ ဒါပေမဲ့ကျောင်းမပြီးခဲ့ပါဘူး။ ကျွန်တော်
က ကျောင်းသားခေါင်းဆောင် အနေနဲ့ လှုပ်ရှားခဲ့ဖူးတယ်။ ကျွန်တော် ၉ တန်းကျောင်းသား ဘဝတုန်းကမြန်မာစစ်တပ်နဲ့ ပဋိပက္ခ ဖြစ်ဖူးတယ်။ အ
ရမ်း ဆိုးဆိုးရွားရွားတွေတော့ မကြုံခဲ့ပါဘူး။ အဲဒါက ကျွန်တော့်အတွက်တော့ စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပေါ့။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်ကဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ကိုစပြီးဖြတ်သန်းဝင်ရောက်ခဲ့တယ်။ပထမဆုံး အကြိမ်ကတော့ ၁၉၉၈ ခုနှစ်၊ အိန္ဒိယရဲ့Operation Leech(မျှော့စစ်ဆင်ရေး)
ကြောင့် ရခိုင်တော်လှန်ရေးအင်အားစုတချို့ ပျက်
သုဉ်းခဲ့တဲ့ ကာလမှာပါ။ ရခိုင်ပြည် လွတ်မြောက်
ရေးပါတီ (ALP) နဲ့ ရခိုင်ပြည် အမျိုးသား ညီ
ညွတ်ရေးပါတီ (NUPA)တို့လို အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကနေ ကျွန်တော်တို့တွေ အများကြီး သင်ယူခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ အဲဒီ အဖွဲ့အစည်းတွေဟာကျွန်တော်တို့ထင်ထားသ
လောက် အားမကောင်းခဲ့ဘူးဆိုတာ သဘော
ပေါက်လာခဲ့ပါတယ်။ ညီညွတ်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတာ ကျွန်တော် သတိထားမိလာတယ်။ ၂၀၀၆ခုနှစ်ထိအခြေအနေအရကျွန်တော်တို့ မျှော်
လင့်ခဲ့တာက ရခိုင်အစုအဖွဲ့အားလုံး ညီညွတ်နိုင်ရေး ဆိုတာပါပဲ။
အဲဒီနှစ်မှာတော့ ကျွန်တော်က အိန္ဒိယကို တရားမဝင် (အထောက်အထားမဲ့) သွားရောက်ခဲ့တယ်။ မဏိပူရ ပြည်နယ်ကနေ အိန္ဒိယနယ်စပ်ထဲဖြတ်ဝင်ပြီးတဲ့နောက်အင်ဖာမှာ၊ ပြီးတော့ အာသံပြည်နယ်ထဲကဂူဝါဟာတီမှာ ကျွန်တော် နေခဲ့ဖူးတယ်။ အဲဒီကာလမှာထရီပူရကတစ်ယောက်အပါအဝင်ခေါင်း
ဆောင်တွေ တော်တော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတယ်။ နောက်တော့ ဂူဝါဟာတီကနေ ဒေလီမြို့တော်ဆီ ကျွန်တော်တို့ ရထားနဲ့ သွားခဲ့တယ်။ ဒေလီမှာ ရက်ပေါင်း ၂၀ နေထိုင်ရင်း ရခိုင်ပြည် အမျိုးသား ညီလာခံကို ဗီကက်စ်ပူရီမှာ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်း
ဆောင်ပိုင်းတွေက အရေးမပါတဲ့ ကိစ္စလေးတွေကို အကျယ်ချဲ့ပြီး ငြင်းနေခုံနေခဲ့ကြတယ်။ အဲဒီမှာတင် ကျွန်တော်တို့ လိုလားတဲ့ စည်းလုံးမှုမျိုးကို ဒီနေရာမှာ ရယူဖို့ မဖြစ်နိုင်ဘူးဆိုတာလက်ခံလိုက်ပါတယ်။သူတို့နဲ့ အချိန်ဖြုန်းနေလို့မရမှန်း ကျွန်တော် သတိပြုမိလာတယ်။
နောက်တော့ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ မြန်မာနိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေထဲက အဖွဲ့အစည်းတွေကို ချိတ်ဆက်ကြည့်ဖို့ဆိုတဲ့ စိတ်ကူးကကျွန်တော့်ကိုဆွဲဆောင်လာတယ်။ရန်ကုန် တက္က
သိုလ်မှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့အတူ ကျွန်တော်တို့ဟာ ကရင် အမျိုးသား လွတ်
မြောက်ရေးတပ် (KNLA)နဲ့ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့ပါတယ်။ စစ်တွေ တက္ကသိုလ်မှာ ဥပဒေတန်း တက်နေရင်းကျွန်တော်ဟာဧည့်လမ်း
ညွှန်အဖြစ်၊ ကျောက်မျက်ရောင်းသူ တစ်ယောက်အဖြစ် ဆက်အလုပ်လုပ်နေခဲ့တယ်။ အဲဒီအလုပ်တွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေဆီက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ချိတ်ဆက်မိစေပြီး ကျွန်တော့်ရဲ့ ကွန်ရက်ကိုလည်း ပိုဖြန့်ကျက်လာနိုင်စေခဲ့ပါတယ်။ အမေရိကန် မိတ်ဆွေတချို့က သူတို့ဆီမှာ လာလေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေ
မဲ့ ကျွန်တော်က ကွင်းဆင်းအလုပ်မျိုးကို ပိုပြီး စိတ်ဝင်စားခဲ့တာပါ။
၂၀၀၅ ခုနှစ်မှာ ကျွန်တော် အိမ်ထောင်ကျပြီးနေပြီ။ ရခိုင်ပြည်နယ်အတွက် ကျွန်တော် စဉ်းစားထားတဲ့ အစီအစဉ်တွေအကြောင်း ကျွန်တော့် ဇနီးကို ပြောပြခဲ့ပါတယ်။ အခု ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ ဒုတိယ ဥက္ကဋ္ဌ ၃ အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့် အစ်ကိုကြီးက KIA နဲ့ အဆက်အ

👍14🥰3🔥2❤1
သွယ် ရအောင် ကူညီပေးခဲ့ပါတယ်။ ကချင်ပြည်
နယ်ထဲ ရောက်အောင်သွားဖို့ ကျွန်တော့် Omega လက်ပတ်နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။၂၀၀၆ ခုနှစ်၊ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ကတော့ KIAနဲ့ သဘောထားအယူဝါဒတွေ ဖလှယ်
ဖို့၊ သူတို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို နှစ်ပတ်လောက်လေ့လာဖို့ဖြစ်ပါတယ်။KIAနဲ့ယုံကြည်
မှု တည်ဆောက်ဖို့က ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။
အဲဒီတုန်းက KIAဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုယူထားတာပါ။ပြီးတော့ KIA
ကို ကချင်နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိ
အားပေးခံရတာတွလည်း ရှိနေတယ်။ အဲဒီ အဆို
ပြုချက်အပေါ် KIAထဲမှာလည်း သဘောထား
ကွဲလွဲတာတွေ ဖြစ်နေတယ်။ ၂၀၀၈ ခုနှစ်မှာ KIA
က ကျွန်တော်တို့ဘက်ကို မီးစိမ်းပြလိုက်တယ်။ နောက်တစ်နှစ်မှာ လေ့ကျင့်မှုတွေ စခဲ့ပါတယ်။ ကျွန်တော်တို့က သင်တန်းသား ၅၀ လောက်ထိ ပေးပို့ပြီး စစ်ပညာသင်ယူချင်ခဲ့ပေမယ့် KIAက စုစုပေါင်း၂၆ယောက်ကိုပဲလက်ခံခဲ့ပါတယ်။ ကချင်ပြည်နယ်ဆီ အသွားမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတချို့ဟာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
အဲဒီနောက်၂ နှစ်အကြာမှာကျွန်တော်တို့ဟာ ရိုင်
ဖယ်သေနတ်အလက်ပေါင်း၂၀၀နဲ့အတူ ကချင်
ပြည်နယ်ကနေ ပြန်လာခဲ့တယ်။ စစ်မှုရေးရာ ကိစ္စတွေ အများကြီးကို ကျွန်တော်တို့ သင်ယူခွင့် ရခဲ့တယ်။ကျွန်တော်လည်းစစ်ရေးဗျူဟာတွေ၊ နည်း
စနစ်တွေအကြောင်း ကိုယ်တိုင် လေ့လာနေခဲ့ပါတယ်။အဲဒီအတောအတွင်းကျွန်တော်တို့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ပညာသင်ယူနေတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်ပြီး လေ့ကျင့်ပေးဖို့ သင့်တော်မယ့် သူတွေကို ရှာဖွေခဲ့ပါတယ်။ (စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကာလ ဖြစ်တာကြောင့်) KIAက အဲဒီ လူသစ်စုဆောင်းရေးနဲ့ လေ့ကျင့်ရေး ကိစ္စတွေကို သိုသိုသိပ်သိပ် ဖြစ်စေချင်ခဲ့တယ်။ ၂ နှစ်အတွင်း ကျွန်တော်တို့ဟာ သင်တန်းသား ၃၀၀ လောက်ကို လေ့ကျင့်ပေးပြီးဖြစ်လာပါတယ်။ရိက္ခာလုံးဝ ပြတ်သွားတဲ့ ကာလမျိုးတွေ ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။နောက်တော့နယ်စပ်ကကျောက်စိမ်းလုပ်
ငန်းတွေမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်လို့ ရလာတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျွန်တော်တို့ဟာ ရွှေတြိဂံ ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ဆီကို ကျွန်တော်တို့ရဲ့လူ ၁၉ ယောက်ကို စေလွှတ်ပြီး အဖွဲ့ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့တယ်။ရှမ်းပြည်နယ်ထဲမှာရှိတဲ့ကိုးကန့်နဲ့ ပလောင် အဖွဲ့အစည်းတွေနဲ့လည်း ခင်မင်ရင်းနှီးမှု တည်ဆောက်ယူနိုင်ခဲ့တယ်။ အဲဒီ ဒေသတွေကနေ ကျွန်တော်တို့ လက်နက်တချို့လည်း ရလာခဲ့ပါတယ်။
AAနဲ့ မြန်မာစစ်တပ်ကြား ထိပ်တိုက်တွေ့ခဲ့တာက
၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်နား၊ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ထဲမှာပါ။ကျွန်တော်တို့လက်ချက်နဲ့ စစ်
တပ်ဖက်က ဗိုလ်ကြီးတစ်ယောက် ကျခဲ့တယ်။
မေး-ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိပေမယ့် AAကတော့ စစ်ရေးအရ အံ့မခန်း အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ခင်ဗျားရဲ့အောင်မြင်မှုတွေ နောက်
ကွယ်က လျှို့ဝှက်ချက်ကို ပြောပြပါဦး။
ဖြေ-ပြောပဲပြောပြီး မလုပ်ရတဲ့ ကိစ္စတွေ ရှိတယ်။ ထုတ်မပြောပေမယ့် လုပ်ရတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြီးတော့ ပြောလည်းပြော၊ လုပ်လည်းလုပ်ရတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ရခိုင်ပြည်
နယ်ဟာ ကျဉ်းမြောင်းသွယ်လျတဲ့ ကုန်းမြေမျိုးပဲ ရှိနေတဲ့ နေရာပါ။ ဒါပေမဲ့ တစ်ချိန်ကတော့ ရခိုင်ပြည်ရဲ့ ဧရိယာဟာ ကျဉ်းကျဉ်းလေး မဟုတ်ခဲ့ပါဘူး။လက်တစ်ဆုပ်စာ နယ်မြေလေးအတွက် ငြင်း
ခုံနေမယ့်အစားတကယ်တမ်းလုပ်ဖို့ လိုတာတွေကို ကျွန်တော်တို့လုပ်ရမယ်။နယ်မြေအရေးရည်မှန်း
ချက်တွေအကြောင်း ပြောဆိုနေမယ့်အစား ကိုယ့်မစ်ရှင်အတွက် အာရုံစိုက်ထားတာက ပိုကောင်းပါတယ်။
ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရင်အကြောင်းရင်းတွေအများကြီးပါဝင်ပတ်သက်
ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ဟာ အင်မတန်
ထူးကဲခမ်းနားတဲ့ အောင်မြင်မှု အဆင့်တစ်ခုဆီကိုတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ စိတ်
ရှည်ရပါမယ်။ အာရုံလွင့်လို့ မရပါဘူး။ ပြီးတော့ အကန့်အသတ်တွေ ရှိနေတဲ့ အရင်းအမြစ်တွေကိုသေချာစီမံအသုံးချနိုင်ရပါမယ်။
အောင်မြင်မှုတွေအတွက်အဓိကအကျဆုံး အ
ကြောင်းတရားကို ရွေးထုတ်ပြပါ ဆိုရင်တော့ လူထုရဲ့ ထောက်ခံမှုလို့ပဲ ပြောရမှာပါ။ ရခိုင်ပြည်
နယ်ထဲက ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ ကျွန်တော်တို့ လုပ်
ဆောင်နိုင်ခဲ့တယ်။အရင်ကတော့ယုံကြည်မှု ပျက်
ပြားမှုတွေက အများကြီး ဖြစ်နေခဲ့တာပါ။အထူးသ
ဖြင့် ၂၀၁၂ ကနေ ၂၀၁၇ ကြား ကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့်မွတ်ဆလင် အသိုက်
အဝန်းက သံသယတွေ အများကြီးရှိနေခဲ့ပါတယ်။ အဲဒီကာလတွေအတွင်း မွတ်ဆလင် အတော်များများဟာ မြန်မာနိုင်ငံကနေ အတင်းအကြပ် မောင်းထုတ်ခံခဲ့ရပါတယ်။ ပုံမှန် အခြေအနေမှာတော့ သူတို့ကို ချဉ်းကပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမဲ့ သူတို့က မိတ်ဆွေလိုအပ်နေပြီး ကျွန်တော်တို့ဖက်ကလည်း ကျွန်တော်တို့ရဲ့ သဘောထားတွေကို ရှင်းပြခဲ့ပါတယ်။ ဒါက အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

👍17❤4🥰2🔥1
ရေမြေအနေအထားက ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ နောက်ထပ် အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်မှာကပိုပြီးတောင့်တင်းတဲ့ အခြေ
ခံ အဆောက်အအုံတွေပိုင်ဆိုင်ထားပါတယ်။ ကျွန်
တော်တို့ရဲ့ အရင်းအမြစ်တွေကျတော့ အများကြီး အကန့်အသတ် ရှိတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီ အရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံး
ချနိုင်ခဲ့တယ်။စစ်ပွဲတွေမှာပြောင်မြောက်တဲ့ သတ္တိ၊ ထူးကဲတဲ့ စွမ်းရည်မျိုး ပြသခဲ့တဲ့ ကျွန်တော့် တပ်
သားတွေ၊ အရာရှိတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ကျွန်တော်တို့ရဲ့ဌာနချုပ်ဟာရနိုင်သမျှ နည်းပညာတွေ အကုန်လုံးကိုအသုံးပြုခဲ့တယ်။ ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာတွေ အပါအဝင်ပေါ့။ အဲဒီ နည်းပညာတွေကို သုံးပြီး တပ်ဖွဲ့ဝင်တွေကြား ထိရောက်တဲ့ ဆက်သွယ်နိုင်စွမ်းမျိုးတည်ဆောက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
အဲဒီတုန်းက ကျွန်တော် ပြန်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော့်အဖွဲ့ကတကယ့်ကိုစိတ်ပိုင်းဖြတ်မှု အား
ကောင်းပြီး အများကြီး ပြင်ဆင်ထားတဲ့သူတွေ အ
လုံးအရင်း စုဖွဲ့ထားနိုင်မှန်းတွေ့လာတယ်။ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင်ကျွန်တော်ကအလုပ်လုပ်ရုံပါပဲ။
မေး-၂၀၂၅ ကတော့ ရခိုင်ပြည်နယ်ဖက်မှာ နည်းနည်းငြိမ်သက်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်နော်။ AAဟာ ကျောက်ဖြူနဲ့ စစ်တွေတို့မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးကို ရှောင်ပြီး အဲဒီအစား မဟာမိတ် အဖွဲ့အစည်းတွေ၊ တခြား တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်မဖက်ကို ဝင်ရောက်ခဲ့တယ်။ ဒါက မဟာဗျူဟာ အပြောင်းအလဲ တစ်ခုများလား။
ဖြေ-မဟာဗျူဟာအကြောင်း အသေးစိတ် ပြောဖို့ကတော့ လောလောဆယ်မှာ အရမ်းစောလွန်းနေပါသေးတယ်။ အချိန်မတန်သေးပါဘူး။
မေး-ပြေငြိမ်းရေးကိစ္စ ဆွေးနွေးဖို့ စစ်တပ်ဖက်က ကမ်းလှမ်းမှု တစ်ခုခု ရှိလာရင် AAက ကြိုဆိုလိမ့်မယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေ……….
ဖြေ-နိုင်ငံရေး ဆွေးနွေးမှုနဲ့ တည်ငြိမ်မှု ဆိုတာတွေက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် အ
ကြောင်းအရာတွေပါ။ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်။ ဒီသဘောထားမျိုးပဲ ကျွန်တော် ဆွဲကိုင်ထားချင်ပါတယ်။
မေး-လွန်ခဲ့တဲ့ တစ်လလောက်က ရခိုင်ပြည်နယ်ထဲ ကျွန်တော် ရောက်ခဲ့ချိန် ကတည်းက လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ၆ ခါလောက် ဖြစ်ခဲ့ပြီးပြီ။ ပုဏ္ဏားကျွန်း မြို့နယ်ထဲမှာ ဗုံးကြဲခံရပြီး လူ ၁၇ ယောက်လောက် သေဆုံးခဲ့တဲ့ နေရာကို ကျွန်တော် ရောက်ခဲ့တယ်။ ရွေးကောက်ပွဲတွေ ပြီးပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးတော့ ကြုံလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို တားဆီးဟန့်တားဖို့ ခင်ဗျား ဘာတွေ ပြင်ဆင်ထားသလဲ။
ဖြေ-ပြည်သူတွေရဲ့လုံခြုံမှုကကျွန်တော်တို့ရဲ့ဦးစား
ပေးပါ။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို ကျွန်
တော်တို့ ရှာဖွေနေပါတယ်။ခက်တော့ခက်ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုတွေကို မှတ်တမ်းတင်ဖို့ နိုင်ငံ
တကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် အရမ်းကြီး အကျိုးသက်ရောက်မှု အားကောင်းတာမျိုးလည်းမဟုတ်သေးဘူး။ လူ
သားချင်း စာနာမှု ရှုထောင့်ကနေ ကြည့်ရင်တော့ အခြေအနေကတကယ့်ကို စိုးရိမ်စရာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသ၍ ကျွန်တော်တို့ အတွက်လည်း နိုင်ငံရေးအရ အဖြေရှာဖို့ အရမ်းခက်ခဲနေမှာပါ။စစ်အစိုးရ (မူရင်းအသုံးအနှုန်းအတိုင်း)က အထက်စည်းဆန်တဲ့ ပုံစံနဲ့ စကားပြောချင်ပေမယ့် ကျွန်တော်တို့က ဒီလို ဖိအားပေးမှုမျိုးမှာ အလျှော့မပေးနိုင်ပါဘူး။
မေး-လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက AAဟာ စစ်
တပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တရုတ်မှာ ဆွေးနွေးဖြစ်ခဲ့ကြတယ်နော်။ အဲဒီတုန်းက ရခိုင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ် အခြေစိုက် တပ်စွဲတာကို လုံးဝ လက်မခံဘူးလို့ AAက အခိုင်အမာ တောင်းဆိုခဲ့တာကြောင့် ညှိနှိုင်းမှုတွေ ပျက်ခဲ့တယ်။ လက်ရှိမှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုမျိုး လုပ်
ဆောင်ဖို့ ဆန္ဒရှိပါသလား။
ဖြေ-ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါက ကျွန်
တော်တို့ရဲ့ လိုလားချက်ပဲ။ အစိုးရဟာ ၂၀၂၃ မတိုင်ခင်တုန်းက အခြေအနေတွေဆီ ကျွန်တော်တို့ကို ပြန်ရောက်သွားစေချင်တယ်။ ကျွန်တော်တို့ကတော့ ၁၇၈၄ (ရခိုင်မင်းဆက်များ အဆုံးသတ်သည့်ကာလ) မတိုင်ခင် အခြေအနေဆီကို ပြန်
သွားချင်ပါတယ်။ လက်တွေ့မကျတဲ့ ကိစ္စတွေကို တောင်းဆိုနေမယ့်အစား အစိုးရဟာ စုံလင်ပြီး လေးနက်တဲ့ ညှိနှိုင်းမှုမျိုးတွေကို ပကတိ အခြေ
အနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေဟာ မြေ
ပြင် အခြေအနေမှန်တွေနဲ့ အဆက်ပြတ်နေလို့ မရပါဘူး။
မေး-၂၀၂၃ခုနှစ်တုန်းကစစ်ကိုင်းတိုင်းနဲ့ ချင်းပြည်
နယ်ထဲ သွားရောက်ရင်း တော်လှန်ရေး ခေါင်း
ဆောင်တချို့နဲ့ ကျွန်တော် တွေ့ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ သူတို့တွေ တော်တော်များများက စစ်အစိုးရဟာ ၂၀၂၅ နှစ်ကုန်ပိုင်းလောက်မှာ ပြုတ်ကျသွားလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဒါတင်မကဘဲ တချို့ဒေသတွေမှာစစ်တပ်ဟာအားကောင်းကောင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကို ခင်ဗျား ဘာပြောချင်သလဲ။

👍15❤2🥰2🔥1
ဖြေ-အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ အရေးကြီးတဲ့အင်အားစုတစ်ခုပါ။ဒါကိုကျွန်တော်
တို့ လေးစားပါတယ်။ တခြား အင်အားစုတွလည်း
ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ။ လက်ရှိအခြေအနေတွေကတော့မှန်းရခက်ပါတယ်။ နောက်ပြီး စစ်အစိုးရ ကျင့်သုံးနေတဲ့ ဗျူ
ဟာတွေကြောင့် နောက်ထပ် သွေးထွက်သံယို ကိစ္စတွေလည်း ရှိလာဦးမှာပါ။
(အပိုင်း ၂ ကိုဆက်လက်ဖော်ပြပါမယ်)

👍22🥰2❤1🔥1
တိုက်ပွဲတွေဖြစ်နေတဲ့ ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ခဲယမ်းထုပ်တွေချပေး
မေ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ သထုံခရိုင်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တယ်လို့ KNUသထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၄ရက်မှာ စစ်တပ်က ဝင်းတာပန်ကျေးရွာကို ပါရာမော်တာ ၂စီးနဲ့ ဦးစွာ တိုက်ခိုက်က်ပြီး နေ့လည် ၁၁နာရီ ၄၅မိနစ်လောက်မှာ Y8 လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တာလု့ ဆိုပါတယ်။ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာလည်း စစ်တပ်က Y8 နဲ့ အထုပ်တွေ ထပ်မံလာချပေးသလို စစ်ကူစစ်ကြောင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်းတာပန်းကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ် ဝင်းတာပန်ရွာအတွင်းဝင်ရောက်သွားပြီးနောက် ပြည်သူတွေရဲ့နေအိမ်ကိုလည်း မီးလောင်တာ မီးခိုးထွက်တာတွေ မြင်တွေ့ရတယ်လို့ ပြောပါတယ်။
အထူးတိုင်းစစ်ဌာနရဲ့ မေလ ၅ရက်တိုက်ပွဲ သတင်းထုတ်ပြန်ချက်မှာ ဘီးလင်းမြို့နယ် ဝင်းတာပန် ဒေသ စစ်ရေးအခြေအနေကို ဖော်ပြထားပါတယ်။ စစ်တပ်ဟာ ၀င်းတာပန် ရွာ၊ ကျောက်ဖျာရွာတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့လို့ ဝင်းတာပန်ရွာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လု့ ဆိုပါတယ်။
မေလ ၄ရက်မှာ စစ်တပ် လေကြောင်းကချပေးတဲ့ထဲက ဗုံးသီး ၁လုံးနဲ့ ကျည် ၁၈၀၀၀သိမ်းရခဲ့ကြောင်းလည်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
KNUနဲ့ PDF ပူးပေါင်းတပ်တွေဟာ ဘီးလင်းမြို့နယ်က လေးကေနဲ့ ဝင်းတာပန်စခန်းကို ဧပြီက စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၂ရက်မှာ လေးကေစခန်းကို သိမ်းရခဲ့ပါတယ်။
ဝင်းတာပန်စခန်းကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက အရပ်သား ပြည်သူနေထိုင်ရာတွေကု ဗုံးကြဲတိုက်ခိုက်နေလို့ နေအိမ်ပျက်စီးမှု များပြားလျက်ရှိတယ်လို့ သထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

❤15👎9😡1
(ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ခဲယမ်းထုပ်တွေချပေးနေစဉ်။ ဓာတ်ပုံ - ပေးပို့)
👎18❤4🖕2👏1
လားရှိုးမြို့ လေပြင်းဘေးကြုံ၊ ပျက်စီးမှုရှိ
မေ-၆၊၂၀၂၆။ဇော်ရမ်း၊ဟာနာဆန်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ မေလ ၆ရက် ညနေပိုင်းက မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံအချိုထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။
လေတိုက်နှုန်း အလွန်းပြင်းထန်ပြီး သစ်ပင်ကြီးတွေပါ လဲကျတာလို့ ဒေသခံတွေက ပြောပါတယ်။ မိုးကြီးပြီးလေပြင်းတိုက်ခိုက်တာဟာ နာရီပိုင်းသာ ကြာခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပေမယ့် ထိခိုက်ပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေ၊ လျှပ်စစ်ဓာတ်တိုင်တွေနဲ့ ကြော်ငြာဘေဘုတ်တွေ ပြိုလဲတာ၊ အိမ်အမိုးသွပ်တွေနဲ့ ဆိုလာတွေ ပြုတ်ထွက်ကုန်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"၁၅ မိနစ်လောက်ပဲ တိုက်သွားတာ။ လေကအရမ်းပြင်းတယ်။ မိုးသီးတွေပါ ပါတယ်"လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လေကောမိုးပါရပ်သွားပေမဲ့ ပျက်စီးမှုတွေ ရှင်းလင်းနေရဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဧပြီ၂၉ရက် ညနေကလည်း သီပေါမြို့နယ်အတွင်း နေရာကွက်မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့လို့ ရှေးဟောင်းစေတီတော် တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။ ဒေသများစုမှာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစတင်ပြီး မိုးသက်လေပြင်းတိုက်ခတ်လို့ လူထိခိုက်မှုနဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။
ဧပြီ၂၈ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့မြောက်ဦးမြို့မှာ နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခတ်နေချိန် မိုးကြိုးပစ်လို့ ဒေသခံတစ်ဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်ကမိုးသက်လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်စခန်းတွေအပါအဝင် နေအိမ်ထောင်ချီပျက်စီးခဲ့ပါတယ်။
လက်ရှိကာလမှာ လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က
သတိပေးထားပါတယ်။
ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကသတိပေးထားပါတယ်။

👍10🔥3❤1
(လားရှိူးမြို့တွင် လေပြင်းတိုက်ခတ်ပြီးနောက် မြို့တွင်းမှာ သစ်ပင်နဲ့ ဆိုင်းဘုတ်များ လဲပြိုနေတာကို တွေ့ရစဥ်။ ဓာတ်ပုံ-Nay Myo၊ Hla Myo Maung Maung F/B)
👍16🔥5❤4👏1😢1