People's Spring
63.6K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
၂၀၁၇ ဧပြီလက ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အာဆီယံအစည်းမ​ဝေးသို့ နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်​ရောက်ရှိလာရာ ဖိလစ်ပိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုစဥ်။

ဓါတ်ပုံ-GMA
59🙏6🥰2🔥1
NUGက ကျဆုံး၊ထိခိုက်ရဲဘော်တွေ သူရဲကောင်းဘွဲ့ပေးအပ်မည့်အပေါ် တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားရဟု PDFတပ်မှူးပြော

မေ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုကကြိုဆိုခဲ့ပြီးဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။

PDF တပ်မတော် တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်များ ချီးမြှင့်သွားဖို့ရှိတယ်လို့ မနေ့ကမေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ ချီးမြှင့်မည့် ဘွဲ့နဲ့ ဆုတံဆိပ် အမျိုးအစားတွေက ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့၊ ပြည်သူ့ဇာနည်ဆုတံဆိပ်၊ ပြည်သူ့သားကောင်းဆုတံဆိပ် တို့ဖြစ်ပြီး လက်ရှိမှာ ချီးမြှင့်နိုင်ရေးစိစစ်မှု လုပ်နေသလို ချီးမြှင့်အပ်နှင်းမယ့် နေ့ရက်ကို ထပ်မံ အသိပေးမယ်လို့ ဖော်ပြထားပါတယ်။

သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်တဲ့ အစီအစဉ်ကို နှစ်စဉ် ဆောင်ရွက်သွားဖို့ရည်ရွယ်ထားတယ်လို့လည်း အသိပေးပါတယ်။

" ဒါကတော့ကျနော်တို့တော်လှန်ရေးရဲဘော်တွေ ဘက်မှာတော့ကျနော်တို့ရဲဘော်တွေစိတ်ခွန်အားရသလို ကျဆုံးသွားတဲ့ရဲဘော်တွေ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ရဲဘော်တွေအတွက်လည်း အသိအမှတ်ပြုမှုတွေ ဖြစ်လာတာပေါ့နော်” လို့ ရဲဘော်စောဒါးကိုက ပြောပါတယ်။

ကျဆုံးနဲ့ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေအတွက် အဓိကဦးစားပေးပြီး ဘွဲ့နဲ့ ဆုတံဆိပ်တွေပေးစေချင်ဟု ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေအားလုံးဟာ အားလုံးကိုစွန့်လွှတ်ပေးဆပ်ပြီး ဆုံးဖြတ်ချက် ခိုင်မာစွာ တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော်တွေ ဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကနေစီစဉ်ပေးတဲ့ဆုတံဆိပ်တွေဟာ အင်မတန်ကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးထဲကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာရဲဘော်အချို့ မိသားစုတွေကိုအဆက်အသွယ်ရပြီး အဆက်အသွယ်မရဘဲမှတ်တမ်းအဖြစ် သိမ်းဆည်းရတာလည်းရှိကြောင်း ပြောပါတယ်။

" တော်လှန်ရေးပြီးတဲ့အချိန်ကျရင် အဲဒီမိသားစုတွေကိုပြန်လည်ပြီးဆက်သွယ်ဖို့ ပြန်ပြီးကိုယ်တိုင်ကိုယ်ကျသွားပြီးကျနော်တို့တွေ့ဆုံဖို့စီစဉ်နေတာရှိတယ်။ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက အဆင့်ဆင့် တာဝန်ယူတာဝန်ခံမှုရှိတဲ့ တပ်မှူးတွေအားလုံးစီစဉ်ထားတယ်”လို့ ရဲဘော်စောဒါးကိုကပြောပါတယ်။

ဒီလိုဆုတံဆိပ်ပေးတာဟာကျဆုံး ရဲဘော်တွေရဲ့မိခင်တွေအတွက် ပိုမို အသိအမှတ်ပြုမှု ဖြစ်စေမယ်လို့ပြောပြပါတယ်။

ဒီလို ဆုတံဆိပ်ပေးအပ်မယ့်အပေါ် ဝေဖန်မှုအချို့ရှိပေမယ့်ဒါဟာ မလိုလားတဲ့ အဖွဲ့အစည်းတွေနဲ့တကယ့်ကို အတိုက်အခံလုပ်နေတဲ့လူတချို့လောက်ပဲဖြစ်နိုင်တယ်လို့ပြောပါတယ်။

ပြည်တွင်းမှာနေပြီး တော်လှန်ရေးအမှန်တကယ် စိတ်ပါဝင်စားနေတဲ့ သူတွေ၊ ပြည်ပကိုထွက်ခွာပေမယ့် တော်လှန်ရေးနဲ့အတူရှိနေသူတွေ၊ တော်လှန်ရေးနယ်မြေမှာ ကြံ့ကြံ့ခံပြီးတကယ်တိုက်ပွဲ ဝင်နေတဲ့သူတွေ၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးခံစားရတဲ့နယ်မြေတွေကလူတွေရဲ့အမြင်က အခုလို ဆုပေးအပ်မှု အပေါ်အမြင်တွေ နီးစပ် ထပ်တူကျနိုင်တယ်လို့လည်း ရဲဘော်စောဒါးကိုက ပြောပါတယ်။

" ပြည်ပမှာတချို့ရှိနေတဲ့သူတွေကတော့အဲဒီလောက်ထိ ရှိချင်မှရှိမယ်။ ဒါကတော့ပေးစရာမလိုဘူးဒါကတော့မလိုအပ်ဘူးဒါကတော့ဘယ်လိုလဲဆိုတာသူတို့ရဲ့အမြင်ပါ။ သို့သော် မြေပြင်မှာ တကယ်တိုက်နေတဲ့ ကလေးတွေ ကျဆုံးသွားတဲ့ကလေးတွေ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ကလေးတွေ အပြင် တကယ် နောက်တန်းမှာ တိုက်ပွဲဝင်နေတဲ့ကလေးတွေကအစ ပေါ့နော် ငါတို့တွေဒီလိုပေးဆပ်မှုတွေက ငါတု့ပြည်သူ့အစိုးရကဒီလိုမျိုးအသိအမှတ်ပြုမှုတွေရှိပါလားဆိုတဲ့စိတ်ခွန်အားတွေ ပိုမိုပြီးရရှိစေတာဖြစ်ပါတယ်” လို့ ရဲဘော်စောဒါးကိုက ပြောပါတယ်။

လက်ရှိမှာ ကျဆုံးရဲဘော်တွေကို ဝန်ကြီးဌာနကထောက်ပံ့ငွေပေးတာရှိသလို အာဇာနည်သူရဲကောင်းလက်မှတ်ပေးတာရှိကြောင်းလည်း ပြောပြပါတယ်။

NUG ကာကွယ်ရေးက ဒီလိုဆုတံဆိပ်ပေးအပ်မှုအပေါ် ဝေဖန်နေသူတွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲလည်း ပါဝင်ပါတယ်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းဖို့ အခြေအနေအရအစိုးရတခုဖွဲ့ပြီးတော်လှန်သင့်တယ်လို့ပြောခဲ့မိတာဟာ ခုတော့တကယ်ကို အစိုးရ ဖြစ်ပြီ ထင်နေသလားမသိဟု ရဲဘော်သံခဲကရေးသားကာ “ မိမိတို့ ကျောင်းသားတပ်မတော် အနေဖြင့် လတ်တလောလက်ရှိကာလတွင်မည်သည့် အစိုးရကပေးသည့်ဘွဲ့ထူးဂုဏ်ထူးများကိုမျှ လက်ခံသွားမည် မဟုတ်ကြောင်း ကြေညာအပ်ပါသည်” လို့ ရဲဘော်သံခဲက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

" သူ့ PDF တပ်ကရဲဘော်ကို သူ့တပ် အကြီးအကဲကသူရဲကောင်းဆုပေးတာလေ။ဘာများမှားလို့လဲ။စည်းနှောင်မှုအားဆိုတာလိုတယ်။ တပ်တခုလိုအင်အားရှိလာရင် သူ့ရဲဘော်ကို အဆင့်သတ်မှတ်ချက်ထား ဂုဏ်ပြုတာ ဘယ်နေရာမှားလို့လဲ” လို့ တော်လှန်ပြည်သူတဦးက ရဲဘော်သံခဲရေးသားချက်အောက်မှာမှတ်ချက်ပေးထားပါတယ်။
👍3610🤣3🥰2🔥1
ကော်ဘရာစစ်ကြောင်းမှာပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တဦးကလည်း ဝေဖန်နေသူတွေကို ဆဲဆိုလိုတယ်လို့ ရေးသားထားပါတယ်။

" ကျသွားတဲ့ ငါ့ညီကုတွေတိုက်ပွဲမှာ
ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့တိုက်ခဲ့တဲ့ ငါ့ညီအကိုတွေဟာ ဒီဆုတွေနဲ့ထိုက်တန်ခဲ့သူတွေချည်းပဲ။ဘယ်ကောင်မှ လိုချင်လို့ တိုက်ခဲ့တဲ့ကောင်တွေ မပါဘူး။ ဒါပေမဲ့ မှတ်တမ်းတင် ဂုဏ်ပြုဖို့လိုတယ်”လို့ အဲဒီရဲဘော်က ရေးသားထားပါတယ်။
36👍14🤣3🔥1🥰1
(မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချူပ် တောင်ငူခရိုင်တပ်ရင်း(၃၅၀၂)က ရဲဘော်အချို့အတွက် နာရေးအခမ်းအနားလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ငူခရိုင်တပ်ရင်း ၃၅၀၂)
😢57👍98🫡3🤣2🔥1🥰1👏1
တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ လူနေရပ်ကွက်တွေအတွင်း မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေရှိနေ

မေ-၆၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တို့ တိုက်ပွဲဆက်ဖြစ်နေပြီး လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေလို့ စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ မေလ၄ရက် မနက်အစောပိုင်းကစပြီး စစ်တပ်စခန်းတွေကို KIA၊KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ဒရုန်းနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ လူနေရပ်ကွက်တွေအတွင်း မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေ တွေ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။

" လုံးခင်းနဲ့ မှော်ဆီစာကြောမှာ တွေ့တာ။ စစ်တပ်ဘက်က ပြေးရင်း စွန့်ပစ်သွားတာတွေလည်းပါမယ်ထင်တယ်။ ကလေးတွေအတွက်ကတော့အန္တရာယ်ကြီးတယ်။ နောက်ပြီး မူးယစ်ဆေးသုံးတဲ့သူတွေကလည်း မသိကြတော့ ကောက်ယူမှာစိတ်ပူရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ဧပြီလ၂ရက်ကစတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။

လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး ကနဦးကာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲ ရပ်သွားပြီး စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဆို မြေပြင်တိုက်ပွဲ သုံးရက်မြောက်ဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့လည်း ရရှိထားတယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။

ဖားကန့်ဒေသမှာ ယခင်က ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းမှာလည်း လူနေရပ်ကွက်တွေအတွင်းက မပေါက်ကွဲသေးတဲ့လက်နက်တွေကြောင့် ဒေသခံတွေထိခိုက်သေဆုံးမှုရှိခဲ့ဖူးပါတယ်။ ‌

" စစ်ကျန်လက်နက်တွေကို ရှင်းလင်းပေးစေချင်တယ်။ ဒီတိုင်းထားရင် တော်တော်မလွယ်ဘူးဖြစ်မယ်"လို့ လုံးခင်းကျေးရွာအုပ်စုမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဧပြီ ၂ရက်စစတင်တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လို့ အရပ်သား ခြောက်ဦးသေဆုံးခဲ့သလို လက်နက်ကြီးနဲ့ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
👍21🤬5😁2
(မေလ ၄ရက်မှာ စစ်တပ် လက်နက်ကြီးကြောင့် လုံးခင်းကျေးရွာ ရပ်ကွက်(၄)အတွင်း မီးလောင်နေစဉ်။ ဓာတ်ပုံ - Screengrab)
👎15🤬85😁2
ဝက်လက်နယ်အရှေ့ခြမ်းက စခန်းသာရွာဗုံးကြဲခံရပြီး မိသားစု ၃ဦး သေဆုံး

မေ-၆၊ ၂၀၂၆။ ရှိန်း/People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက စခန်းသာ(ခ)ချက်ပြဲကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစု ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မေလ ၆ ရက် မနက် ၁နာရီခန့်မှာ စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ လေယာဥ်နဲ့ စခန်းသာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တံတားဦး လေတပ်ကနေ ဂျက်ဖိုက်တာ ၃စီး တပြိုင်တည်းတက်ခဲ့ကာ ဗုံးတွေကြဲခဲ့တာဖြစ်ပြီး ဒီဗုံးတွေဟာ ကျေးရွာက နေအိမ်တွေအပေါ် ဆက်တိုက်ကျခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဗုံးကြဲခဲ့တဲ့ နေရာအနီးမှာ လမ်းသွား၊လမ်းလာခရီးသည်တွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဈေးရောင်းချတဲ့ စားသောက်ဆိုင် ရှိပြီး အဲဒီလမ်းတဖက်က နေအိမ်ပေါ်ကျကာ ဦးဇော်ငြိမ်း၊ ဒေါ်ဦးနဲ့ ကိုမျိုးလှိုင်ဝင်းတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်နဲ့ ကျေးရွာအတွင်းက အိမ်တချို့လည်း ပျက်စီးမှု ရှိခဲ့ပြီး ဒဏ်ရာရသူ၂ဦး ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

"ဘာ(တိုက်ပွဲ)မှမရှိဘူး။ ဒီအတိုင်းကြဲသွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်‌ဆိမ့်ရွာမှာ တပ်စွဲထားပြီး ဝက်လက်မြို့နယ်ကို နယ်မြေစိုးမိုးမှု ယူဖို့ကြိုးစားနေကာ မြို့နယ်အတွင်းက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
🤬313👎1🔥1👏1😁1
(စခန်းသာကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😢26🤬4👎1🔥1👏1😁1
စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြု အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဘုံသဘောတူညီချက် မရသေး

■အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

မေ-၆၊ ၂၀၂၆။ သော်မွန်/People’s Spring

မြန်မာနိုင်ငံက စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြုနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌပြောရေးဆိုခွင့်ရှိသူက ဒီနေ့ (မေလ ၆ ရက်)မှာ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်၊ လာပူလာပူမြို့မှာ ကျင်းပမယ့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်ဆံရေးတွေ ဆက်လက် ထိတွေ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲရလဒ်တွေအပါအဝင် မြန်မာနိုင်ငံအခြေအနေကို မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်ဒီအချိန်မှာအာဆီယံအနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုရေးကိစ္စနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ဘာတစ်ခုမှ မရထားသေးပါဘူး”လို့ပြောရေးဆိုခွင့်ရှိသူ အင်ပီရီရယ်က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေအပေါ် ဆက်လက် စောင့်ကြည့်နေတယ်လို့ အင်ပီရီရယ်က ဆက်ပြောပါတယ်။

ဒါကြောင့် သူ့ကိုယ်သူ သမ္မတခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ မေလ ၈ရက်မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခွင့်ရဖို့ မသေချာတဲ့ အခြေအနေဖြစ်လာပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းအပြီး ၂ လကျော်အကြာ ၂၀၂၁ ဧပြီမှာ ပြုလုပ်တဲ့ အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို သဘောတူခဲ့ပါတယ်။​ ဒါပေမဲ့ သူကိုယ်တိုင် သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တာ မရှိတာကြောင့်အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်တွေကို ဒီနေ့အထိ ပိတ်ပင်ခံခဲ့ရပါတယ်။

“မင်းအောင်လှိုင်အရမ်းတက်ချင်တာ။ သူ့ကိုစင်ပေါ်ပြန်တင်ပေးချင်တဲ့သူတွေ၊ ပြန်ပြီးတော့မှ normalize လုပ်ချင်တဲ့သူတွေ၊ အားလုံးအဆင်ပြေသယောင်နဲ့ ပြန်ပြီးပြချင်တဲ့သူတွေကတော့ ကြိုးစားနေတာ သိသာတယ်လေ။ ဒါပေမဲ့ အာဆီယံတစ်ခုလုံးအနေနဲ့က အဲ့လောက် မလုပ်ရဲသေးဘူး။ လုပ်ဦးမှာ မဟုတ််ဘူး။ သူ့ကို ပေးတက်ဦးမှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်ကတော့ ပေးမတက်ဘူး။ သေချာတယ်”လို့ ရှေ့ပြေးအသံ Progressive
Voice တည်ထောင်သူ၊ အာဆီယံအရေးကျွမ်းကျင်သူလည်း ဖြစ်သူ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ထားသလို ဥရောပသမဂ္ဂအပါအဝင် နိုင်ငံကြီးအချို့ကလည်း အတုအယောင်ရွေးကောက်ပွဲနဲ့ သူ့ရလဒ်အပေါ်မှာ အသိအမှတ်မပြုကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားကြောင်း ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“အဲဒီအခြေအနေမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြားထဲမှာလည်း တချို့က ဒီမိုကရေစီ စံချိန်စံညွှန်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းအပေါ်မှာ principle မူအရ မှန်မှန်ကန်ကန်ရပ်ဖို့ ရှိနေတဲ့ နိုင်ငံတွေ၊ ရပ်နေတဲ့ နိုင်ငံတွေ ရှိတယ်။ တချို့ကတော့ မင်းအောင်လှိုင်ကို နေရာပေးချင်တဲ့သူတွေလည်း ကြိုးစားနေတာ တွေ့တဲ့အတိုင်းပဲ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆိုရင် သူ လိုက်ကြိုးစားနေတယ်။ မင်းအောင်လှိုင်ဘက်ကနေ ပြောပေးနေတယ်။ ဒါပေမဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ထားတဲ့ လူတစ်ယောက်ကိုလွယ်လွယ်ကူကူနဲ့ ဒီလိုမျိုးတခြားတိုင်းပြည်ခေါင်းဆောင်တွေနဲ့ တွဲပြီး တတန်းတည်း ထားဖို့ဆိုတာ ချက်ချင်းတော့ ဘယ်လွယ်မလဲ။ မဖြစ်နိုင်ဘူးလေနော်”လို့ သူက ဆက်ပြောပါတယ်။

စင်ကာပူအခြေစိုက် သုတေသီတစ်ဦးကလည်း အာဆီယံထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်ရ၊​မရ တပ်အပ်မပြောနိုင်သေးပေမယ့် လောလောဆယ်မှာတော့ အဲဒီအရိပ်အယောင် မတွေ့ရသေးဘူးလို့ သုံးသပ်ပါတယ်။

အကြမ်းဖက်မှုရပ်တန့်ရေး၊ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး အချက်တွေပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်နဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က မပြောင်းလဲကြောင်းနဲ့ မြန်မာ့အရေးကို ဖြေရှင်းဆောင်ရွက်ရာမှာ အာဆီယံရဲ့ အဓိကမူဘောင်အဖြစ် ဆက်ရှိနေကြောင်း အာဆီယံပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က ဘယ်လောက်တိုးတက်မှုအောင် လုပ်ဆောင်နိုင်သလဲဆိုတဲ့အပေါ်မှာ မူ
တည်ပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း အင်ပီရီရယ်က ပြောပါတယ်။

ဒါ့အပြင်ဖိလစ်ပိုင်သမ္မတရုံးက နိုင်ငံခြားရေးဝန်ကြီး လာဇာရိုအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမယ်လို့ မကြာသေးမီက ပြောကြားထားပါတယ်။

ကိုးကား - RSJ၊ GMA News
👍255🔥4
၂၀၂၃ နှစ်ကုန်ပိုင်းမှာကျင်းပတဲ့အာဆီယံအစည်းအ​ဝေးမှာ စစ်​ကောင်စီကို တက်​ရောက်ခွင့်မပြုတဲ့အတွက် ထိုင်ခုံလွတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-AFP
19👍12😁3🔥1
ရွှေကူကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် အထိနာပြီးရပ်တန့်နေ

မေ -၆၊၂၀၂၆။မိုမို/People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာကနေ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

"ကျွန်တော်တို့လှုပ်ရှားစစ်ကြောင်းကတော့ တိုက်နေတယ်။အဓိကကတော့ သူတို့တွေကို နယ်မြေထဲအဝင်မခံ နိုင်တာပဲ။ရွှေကူဘက်ကနေ ကချင်ပြည်နယ်ထဲဝင်လာဖို့ ကြိုစားတဲ့စစ်ကြောင်းတွေတော့ရှေ့မတိုးနိုင်ပဲရပ်တန့်နေတယ်"လို့ ရွှေကူKPDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

အခု မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်ကကြိုးပမ်းနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့မှုတွေမှာ စစ်တပ်က ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

"ငအိုး-ရွှေကူလမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာ။ငအိုးဘက်ခြမ်းမှာဘဲ ရှိသေးတယ်။ရွှေကူထဲ ဝင်ဖို့ ကြိုးစားနေတာပေါ့။စစ်တပ်ဘက်က ထိခိုက်သေဆုံးတာရှိတယ်လို့ ကြားရတယ်"လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်းအသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို စတင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းနဲ့ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

KIAအတူ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရွှေကူ KPDFကလည်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထံပန်ကြားချက်ကို မေလ ၄ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေ၊ ဂိတ်တွေ၊ ကာကင်းစခန်းတွေနဲ့ အနီးသွားလာနေထိုင်တာမလုပ်ဖို့ ရှောင်ရှားနေဖို့ အပါအဝင်စစ်တပ်စစ်ကြောင်းတွေ ၊ လက်နက် ခဲယမ်းတွေ၊ ရိက္ခာတွေကို သယ်ယူပို့ဆောင်တာ မလုပ်ဖို့လည်း KPDFက သတိပေးထားပါတယ်။

ဒါ့အပြင် မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူ နယ်မြေတွေမှာ ဆူညံတဲ့အသံကျယ်လောင်မှုတွေ ထွက်ပေါ်နိုင်တဲ့ စက်ယန္တရားအသုံးပြု လုပ်ငန်းတွေကို ညနေ (၆)နာရီကနေ မနက်(၉)နာရီအထိ ရပ်နားထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြို့ပေါ်နဲ့ အနီးတဝိုက်ဒေသတွေကိုပဲ ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်ကလည်း ရွှေကူမြို့နယ်ကို အရေးပေါ် အခြေအနေကြေညာထားပါတယ်။
25👍11👏4🥰2🖕2👎1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
👍18🥰63🖕2🫡2
■​မေးမြန်းခန်း

"ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ"

-ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat
သတင်းဌာန ​မေးမြန်းခန်း (အပိုင်း ၁)

မေလ ၄ ရက်နေ့မှာThe Diplomat သတင်းဌာနကအာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်
ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်း
ထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်
နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လုကိုယ်တိုင်​တွေ့ဆုံ​မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေ
အနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီး အပိုင်းနှစ်ခု ခွဲခြား ဖော်ပြလိုက်ပါတယ်။

​မေး-ခင်ဗျားရဲ့ နောက်ခံဘဝဇာတ်ကြောင်းကို ပြောပြနိုင်မလား။ AAရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာသလဲ ဆိုတာပေါ့။

​ဖြေ-စစ်တွေမှာ ကျွန်တော် ဥပဒေကျောင်း တက်ခဲ့ပါတယ်။ ဒါပေမဲ့ကျောင်းမပြီးခဲ့ပါဘူး။ ကျွန်တော်
က ကျောင်းသားခေါင်းဆောင် အနေနဲ့ လှုပ်ရှားခဲ့ဖူးတယ်။ ကျွန်တော် ၉ တန်းကျောင်းသား ဘဝတုန်းကမြန်မာစစ်တပ်နဲ့ ပဋိပက္ခ ဖြစ်ဖူးတယ်။ အ
ရမ်း ဆိုးဆိုးရွားရွားတွေတော့ မကြုံခဲ့ပါဘူး။ အဲဒါက ကျွန်တော့်အတွက်တော့ စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပေါ့။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်ကဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ကိုစပြီးဖြတ်သန်းဝင်ရောက်ခဲ့တယ်။ပထမဆုံး အကြိမ်ကတော့ ၁၉၉၈ ခုနှစ်၊ အိန္ဒိယရဲ့Operation Leech(မျှော့စစ်ဆင်ရေး)
ကြောင့် ရခိုင်တော်လှန်ရေးအင်အားစုတချို့ ပျက်
သုဉ်းခဲ့တဲ့ ကာလမှာပါ။ ရခိုင်ပြည် လွတ်မြောက်
ရေးပါတီ (ALP) နဲ့ ရခိုင်ပြည် အမျိုးသား ညီ
ညွတ်ရေးပါတီ (NUPA)တို့လို အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကနေ ကျွန်တော်တို့တွေ အများကြီး သင်ယူခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ အဲဒီ အဖွဲ့အစည်းတွေဟာကျွန်တော်တို့ထင်ထားသ
လောက် အားမကောင်းခဲ့ဘူးဆိုတာ သဘော
ပေါက်လာခဲ့ပါတယ်။ ညီညွတ်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတာ ကျွန်တော် သတိထားမိလာတယ်။ ၂၀၀၆ခုနှစ်ထိအခြေအနေအရကျွန်တော်တို့ မျှော်
လင့်ခဲ့တာက ရခိုင်အစုအဖွဲ့အားလုံး ညီညွတ်နိုင်ရေး ဆိုတာပါပဲ။

အဲဒီနှစ်မှာတော့ ကျွန်တော်က အိန္ဒိယကို တရားမဝင် (အထောက်အထားမဲ့) သွားရောက်ခဲ့တယ်။ မဏိပူရ ပြည်နယ်ကနေ အိန္ဒိယနယ်စပ်ထဲဖြတ်ဝင်ပြီးတဲ့နောက်အင်ဖာမှာ၊ ပြီးတော့ အာသံပြည်နယ်ထဲကဂူဝါဟာတီမှာ ကျွန်တော် နေခဲ့ဖူးတယ်။ အဲဒီကာလမှာထရီပူရကတစ်ယောက်အပါအဝင်ခေါင်း
ဆောင်တွေ တော်တော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတယ်။ နောက်တော့ ဂူဝါဟာတီကနေ ဒေလီမြို့တော်ဆီ ကျွန်တော်တို့ ရထားနဲ့ သွားခဲ့တယ်။ ဒေလီမှာ ရက်ပေါင်း ၂၀ နေထိုင်ရင်း ရခိုင်ပြည် အမျိုးသား ညီလာခံကို ဗီကက်စ်ပူရီမှာ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်း
ဆောင်ပိုင်းတွေက အရေးမပါတဲ့ ကိစ္စလေးတွေကို အကျယ်ချဲ့ပြီး ငြင်းနေခုံနေခဲ့ကြတယ်။ အဲဒီမှာတင် ကျွန်တော်တို့ လိုလားတဲ့ စည်းလုံးမှုမျိုးကို ဒီနေရာမှာ ရယူဖို့ မဖြစ်နိုင်ဘူးဆိုတာလက်ခံလိုက်ပါတယ်။သူတို့နဲ့ အချိန်ဖြုန်းနေလို့မရမှန်း ကျွန်တော် သတိပြုမိလာတယ်။

နောက်တော့ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ မြန်မာနိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေထဲက အဖွဲ့အစည်းတွေကို ချိတ်ဆက်ကြည့်ဖို့ဆိုတဲ့ စိတ်ကူးကကျွန်တော့်ကိုဆွဲဆောင်လာတယ်။ရန်ကုန် တက္က
သိုလ်မှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့အတူ ကျွန်တော်တို့ဟာ ကရင် အမျိုးသား လွတ်
မြောက်ရေးတပ် (KNLA)နဲ့ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့ပါတယ်။ စစ်တွေ တက္ကသိုလ်မှာ ဥပဒေတန်း တက်နေရင်းကျွန်တော်ဟာဧည့်လမ်း
ညွှန်အဖြစ်၊ ကျောက်မျက်ရောင်းသူ တစ်ယောက်အဖြစ် ဆက်အလုပ်လုပ်နေခဲ့တယ်။ အဲဒီအလုပ်တွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေဆီက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ချိတ်ဆက်မိစေပြီး ကျွန်တော့်ရဲ့ ကွန်ရက်ကိုလည်း ပိုဖြန့်ကျက်လာနိုင်စေခဲ့ပါတယ်။ အမေရိကန် မိတ်ဆွေတချို့က သူတို့ဆီမှာ လာလေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေ
မဲ့ ကျွန်တော်က ကွင်းဆင်းအလုပ်မျိုးကို ပိုပြီး စိတ်ဝင်စားခဲ့တာပါ။

၂၀၀၅ ခုနှစ်မှာ ကျွန်တော် အိမ်ထောင်ကျပြီးနေပြီ။ ရခိုင်ပြည်နယ်အတွက် ကျွန်တော် စဉ်းစားထားတဲ့ အစီအစဉ်တွေအကြောင်း ကျွန်တော့် ဇနီးကို ပြောပြခဲ့ပါတယ်။ အခု ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ ဒုတိယ ဥက္ကဋ္ဌ ၃ အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့် အစ်ကိုကြီးက KIA နဲ့ အဆက်အ
👍14🥰3🔥21
သွယ် ရအောင် ကူညီပေးခဲ့ပါတယ်။ ကချင်ပြည်
နယ်ထဲ ရောက်အောင်သွားဖို့ ကျွန်တော့် Omega လက်ပတ်နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။၂၀၀၆ ခုနှစ်၊ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ကတော့ KIAနဲ့ သဘောထားအယူဝါဒတွေ ဖလှယ်
ဖို့၊ သူတို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို နှစ်ပတ်လောက်လေ့လာဖို့ဖြစ်ပါတယ်။KIAနဲ့ယုံကြည်
မှု တည်ဆောက်ဖို့က ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။

အဲဒီတုန်းက KIAဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုယူထားတာပါ။ပြီးတော့ KIA
ကို ကချင်နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိ
အားပေးခံရတာတွလည်း ရှိနေတယ်။ အဲဒီ အဆို
ပြုချက်အပေါ် KIAထဲမှာလည်း သဘောထား
ကွဲလွဲတာတွေ ဖြစ်နေတယ်။ ၂၀၀၈ ခုနှစ်မှာ KIA
က ကျွန်တော်တို့ဘက်ကို မီးစိမ်းပြလိုက်တယ်။ နောက်တစ်နှစ်မှာ လေ့ကျင့်မှုတွေ စခဲ့ပါတယ်။ ကျွန်တော်တို့က သင်တန်းသား ၅၀ လောက်ထိ ပေးပို့ပြီး စစ်ပညာသင်ယူချင်ခဲ့ပေမယ့် KIAက စုစုပေါင်း၂၆ယောက်ကိုပဲလက်ခံခဲ့ပါတယ်။ ကချင်ပြည်နယ်ဆီ အသွားမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတချို့ဟာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

အဲဒီနောက်၂ နှစ်အကြာမှာကျွန်တော်တို့ဟာ ရိုင်
ဖယ်သေနတ်အလက်ပေါင်း၂၀၀နဲ့အတူ ကချင်
ပြည်နယ်ကနေ ပြန်လာခဲ့တယ်။ စစ်မှုရေးရာ ကိစ္စတွေ အများကြီးကို ကျွန်တော်တို့ သင်ယူခွင့် ရခဲ့တယ်။ကျွန်တော်လည်းစစ်ရေးဗျူဟာတွေ၊ နည်း
စနစ်တွေအကြောင်း ကိုယ်တိုင် လေ့လာနေခဲ့ပါတယ်။အဲဒီအတောအတွင်းကျွန်တော်တို့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ပညာသင်ယူနေတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်ပြီး လေ့ကျင့်ပေးဖို့ သင့်တော်မယ့် သူတွေကို ရှာဖွေခဲ့ပါတယ်။ (စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကာလ ဖြစ်တာကြောင့်) KIAက အဲဒီ လူသစ်စုဆောင်းရေးနဲ့ လေ့ကျင့်ရေး ကိစ္စတွေကို သိုသိုသိပ်သိပ် ဖြစ်စေချင်ခဲ့တယ်။ ၂ နှစ်အတွင်း ကျွန်တော်တို့ဟာ သင်တန်းသား ၃၀၀ လောက်ကို လေ့ကျင့်ပေးပြီးဖြစ်လာပါတယ်။ရိက္ခာလုံးဝ ပြတ်သွားတဲ့ ကာလမျိုးတွေ ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။နောက်တော့နယ်စပ်ကကျောက်စိမ်းလုပ်
ငန်းတွေမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်လို့ ရလာတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျွန်တော်တို့ဟာ ရွှေတြိဂံ ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ဆီကို ကျွန်တော်တို့ရဲ့လူ ၁၉ ယောက်ကို စေလွှတ်ပြီး အဖွဲ့ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့တယ်။ရှမ်းပြည်နယ်ထဲမှာရှိတဲ့ကိုးကန့်နဲ့ ပလောင် အဖွဲ့အစည်းတွေနဲ့လည်း ခင်မင်ရင်းနှီးမှု တည်ဆောက်ယူနိုင်ခဲ့တယ်။ အဲဒီ ဒေသတွေကနေ ကျွန်တော်တို့ လက်နက်တချို့လည်း ရလာခဲ့ပါတယ်။
AAနဲ့ မြန်မာစစ်တပ်ကြား ထိပ်တိုက်တွေ့ခဲ့တာက
၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်နား၊ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ထဲမှာပါ။ကျွန်တော်တို့လက်ချက်နဲ့ စစ်
တပ်ဖက်က ဗိုလ်ကြီးတစ်ယောက် ကျခဲ့တယ်။

​မေး-ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိပေမယ့် AAကတော့ စစ်ရေးအရ အံ့မခန်း အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ခင်ဗျားရဲ့အောင်မြင်မှုတွေ နောက်
ကွယ်က လျှို့ဝှက်ချက်ကို ပြောပြပါဦး။

​ဖြေ-ပြောပဲပြောပြီး မလုပ်ရတဲ့ ကိစ္စတွေ ရှိတယ်။ ထုတ်မပြောပေမယ့် လုပ်ရတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြီးတော့ ပြောလည်းပြော၊ လုပ်လည်းလုပ်ရတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ရခိုင်ပြည်
နယ်ဟာ ကျဉ်းမြောင်းသွယ်လျတဲ့ ကုန်းမြေမျိုးပဲ ရှိနေတဲ့ နေရာပါ။ ဒါပေမဲ့ တစ်ချိန်ကတော့ ရခိုင်ပြည်ရဲ့ ဧရိယာဟာ ကျဉ်းကျဉ်းလေး မဟုတ်ခဲ့ပါဘူး။လက်တစ်ဆုပ်စာ နယ်မြေလေးအတွက် ငြင်း
ခုံနေမယ့်အစားတကယ်တမ်းလုပ်ဖို့ လိုတာတွေကို ကျွန်တော်တို့လုပ်ရမယ်။နယ်မြေအရေးရည်မှန်း
ချက်တွေအကြောင်း ပြောဆိုနေမယ့်အစား ကိုယ့်မစ်ရှင်အတွက် အာရုံစိုက်ထားတာက ပိုကောင်းပါတယ်။

ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရင်အကြောင်းရင်းတွေအများကြီးပါဝင်ပတ်သက်
ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ဟာ အင်မတန်
ထူးကဲခမ်းနားတဲ့ အောင်မြင်မှု အဆင့်တစ်ခုဆီကိုတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ စိတ်
ရှည်ရပါမယ်။ အာရုံလွင့်လို့ မရပါဘူး။ ပြီးတော့ အကန့်အသတ်တွေ ရှိနေတဲ့ အရင်းအမြစ်တွေကိုသေချာစီမံအသုံးချနိုင်ရပါမယ်။

အောင်မြင်မှုတွေအတွက်အဓိကအကျဆုံး အ
ကြောင်းတရားကို ရွေးထုတ်ပြပါ ဆိုရင်တော့ လူထုရဲ့ ထောက်ခံမှုလို့ပဲ ပြောရမှာပါ။ ရခိုင်ပြည်
နယ်ထဲက ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ ကျွန်တော်တို့ လုပ်
ဆောင်နိုင်ခဲ့တယ်။အရင်ကတော့ယုံကြည်မှု ပျက်
ပြားမှုတွေက အများကြီး ဖြစ်နေခဲ့တာပါ။အထူးသ
ဖြင့် ၂၀၁၂ ကနေ ၂၀၁၇ ကြား ကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့်မွတ်ဆလင် အသိုက်
အဝန်းက သံသယတွေ အများကြီးရှိနေခဲ့ပါတယ်။ အဲဒီကာလတွေအတွင်း မွတ်ဆလင် အတော်များများဟာ မြန်မာနိုင်ငံကနေ အတင်းအကြပ် မောင်းထုတ်ခံခဲ့ရပါတယ်။ ပုံမှန် အခြေအနေမှာတော့ သူတို့ကို ချဉ်းကပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမဲ့ သူတို့က မိတ်ဆွေလိုအပ်နေပြီး ကျွန်တော်တို့ဖက်ကလည်း ကျွန်တော်တို့ရဲ့ သဘောထားတွေကို ရှင်းပြခဲ့ပါတယ်။ ဒါက အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
👍164🥰2🔥1