People's Spring
63.7K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
27👍7❤‍🔥2🥰2🔥1
အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင်တဲ့စစ်ကောင်စီဖိအားကို အလျှော့ပေးမှာမဟုတ်ဘူး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

■တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​
မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

​မေ-၅၊၂၀၂၆။ယောနသံ/People's Spring

အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင်နေတဲ့စစ်ကောင်စီဖိအားကို အလျော့ပေးမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားပါတယ်။

မေလ၄ရက်နေ့က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေပိုမိုကျူးလွန်လာပြီး အရပ်သားတွေကိုပစ်မှတ်ထား ဖိအားပေးနေတဲ့အခြေအနေအပေါ် The Diplomat သတင်းဌာနက မေးမြန်းတဲ့အခါ " စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျွန်တော်တို့အတွက် နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကောင်စီက အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး"လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြန်လည်ဖြေကြားခဲ့ပါတယ်။

‌​လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလို
ဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့အသိပေးထားပါတယ်။

" ဒါဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ"လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပါတယ်။

AAနဲ့ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနေခဲ့တဲ့အကြောင်းကိုလည်း The Diplomat က မေးမြန်းထားပါတယ်။အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်တွေ ရခိုင်မှာ အခြေမစိုက်ဖို့AAက တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။

"စစ်တပ်ဟာ ၂၀၂၃ မတိုင်ခင်တုန်းက အခြေအနေတွေဆီ ကျွန်တော်တို့ကို ပြန်ရောက်သွားစေချင်တယ်။ ကျွန်တော်တို့ကတော့ ၁၇၈၄ (ရခိုင်မင်း
ဆက်များ အဆုံးသတ်သည့်ကာလ)မတိုင်ခင် အခြေအနေဆီကို ပြန်သွားချင်ပါတယ်။လက်တွေ့မကျတဲ့ ကိစ္စတွေကို တောင်းဆိုနေမယ့်အစား စစ်တပ်ဟာ စုံလင်ပြီး လေးနက်တဲ့ ညှိနှိုင်းမှုမျိုးတွေကို ပကတိ အခြေအနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေဟာ မြေပြင် အခြေအနေမှန်တွေနဲ့ အဆက်ပြတ်နေလို့ မရပါဘူး။ စစ်တပ်က အထက်စည်းဆန်တဲ့ ပုံစံနဲ့ စကားပြောချင်ပေမယ့် ကျွန်
တော်တို့က ဒီလို ဖိအားပေးမှုမျိုးမှာ အလျှော့မပေးနိုင်ပါဘူး"လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပါတယ်။

AAက ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး လေ‌ကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေပါတယ်။ ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ရက်နေ့ကျရောက်တဲ့ ၁၇နှစ်မြောက်အာရက္ခတပ်တော်နေ့မှာ ထုတ်ဖော်ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်လို့လည်း ၎င်းရဲ့အမြင်ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပြီး တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့လည်းမျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် စစ်ရေးအခြေအနေတွေပိုမို ဆိုးရွားလာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ အ
ရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။တခြားအစုအဖွဲ့တွေလည်း ရှိပါသေးတယ်။အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ စစ်ကောင်စီက ကျင့်
သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက်
သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်" လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။
33👍14🥰4🔥1🖕1
The Diplomat သတင်းဌာနနဲ့ အင်တာဗျူး​ဖြေကြား​ပေး​နေတဲ့ AA တပ်မှူးချုပ်။
ဓါတ်ပုံ-The Diplomat
🥰23🫡6👍5🖕21🔥1
အင်းစိန် သေဒဏ်တိုက်မှာတန်းစီးချုပ်ကအာဏာသုံးဖိနှိပ်မှု၊လောင်းကစားနဲ့ငွေညှစ်မှု​တွေလုပ်​နေ

■တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

​မေ-၅၊၂၀၂၆။People's Spring

အင်းစိန် အကျဉ်းထောင် သေဒဏ်တိုက်မှာ နှစ်ကြီးတန်းစီးချုပ်တစ်ဦးက အာဏာသုံး ဖိနှိပ်မှု၊ လောင်းကစားနဲ့ မတရားငွေညှစ်မှုတွေရှိနေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

၎င်း၏နာမည်မှာ ကိုဦး ဖြစ်ပြီး သေဒဏ်တိုက် ( ၂ တို တိုက်) မှာ တန်းစီးချုပ် လုပ်နေတာဖြစ်ပြီး ၎င်းရဲ့ထောင်ဝင်အမှတ်မှာ အစ/ ၁၅/၀၁၉၆၉/က (ဘ) ဦးစံဦး ဆိုသူရဲ့သားဖြစ်ပါတယ်။

အဆိုပါ တန်းစီးချုပ်က အသစ်ရောက်လာတဲ့
သေဒဏ် အမိန့်ကျ အကျဉ်းသားသစ်တွေပေါ်မှာ ဆဲဆိုတာ ၊ မိုက်ရိုင်းပြုမူတာ​တွေအ​​ပြင်​၊ မိုက်ကြေးခွဲ၊ မတရားအလှူငွေတွေထည့်ခိုင်းတာတွေရှိ​နေတယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် တိုက် အခန်း ၂၁ မှာ ဖဲဝိုင်းထောင်တာတွေရှိပြီး အမြင်မသင့်တော်ကာ တော်တော်ဆိုးဝါးတယ်လို့ ကိုယ်တွေ့ကြုံရသူတွေကပြောပါတယ်။

"ကျွန်တော်တို့နဲ့တော့ထိပ်တိုက်မတွေ့ရဘူး။ ဒါပေမယ့် သူ့သတင်းတွေကကြားရတယ်။ တော်တော်ဆိုးတယ်ဆိုတယ့်အကြောင်း။ ထောင်ထဲမှာတော့ တန်းစီးချုပ်တွေက အတော်ဆိုးကြတယ်။ အထူးသဖြင့် နိုင်ကျဥ်းတွေကိုပစ်မှတ်ထားတာ။ မင်းရာဇာဆိုလည်း အဲဒီအတိုင်းပဲ။ ကျွန်တော်တို့ကိုနှိပ်စက်ခဲ့တာ" လို့ နိုင်ကျဥ်းတစ်ဦးကပြောပါတယ်။

ကိုဦး ဆိုသူဟာအရင်ကလည်း ၄ ဆောင်မှာ ငလျင်ဘေးအတွက်ဟုဆိုပြီး အကျဉ်းသားတွေဆီက မတရား အလှူငွေတွေကောက်ပြီး ၎င်းကယူကာအလွဲသုံးစားလုပ်လို့ အတိုင်ခံရကာ ပြုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

" အဲဲဒီကိုဦိးက ၄ ဆောင်ကနေ အတိုင်ခံရလို့ ပြုတ်ပြီး သေဒဏ်တိုက်ကို ရောက်လာတယ်လို့ ယူဆလို့ရတယ်။ သူက တန်းစီးချုပ် လုပ်နေတယ်ဆိုတဲ့အတွက် ထောင်တွင်းက နှစ်ကြီးသမားဖြစ်မယ်။ အဲဒီလို နှစ်ကြီးသမားတွေကို ထောင်အဏာပိုင်တွေက မျက်နှာသာ ပေးလို့ အခုလို လုပ်နိုင်တာ။အသစ်ရောက်လာတဲ့ သေဒဏ် တွေကို လုပ်တယ်ဆိုတာ တော်လှန်ရေးကြောင့် အကျဉ်းကျနေတဲ့ တော်လှန်ရေးသမား ဒါမှမဟုတ် နိုင်ငံရေးသမားတွေ ဖြစ်လိမ့်မယ်" လို့ ထောင်နဲ့နီးစပ်သူတဦးက​ပြောပါတယ်။

ကိုဦးဟာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်၊ ညမှာမြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆)လမ်းရှိ စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေတဲ့လူမိုက်ကျော်မင်းကို မျက်နှာဖုံး​တေ့စွပ်ထားပြီး ဓားရှည်​တွေနဲ့ ဝိုင်းခုတ်သတ်တဲ့ လူသတ်မှုမှာ ပါဝင်ခဲ့လို့ ​ထောင်
ဒဏ်တစ်သက်ကျခံရသူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။အဲဒီလူသတ်မှုကို မျက်နှာဖုံးစွပ်လူသတ်မှုလို့​ခေါ်ကြပြီး တရားခံ ၁၅ဦးကို ​တရားရုံးက​သေဒဏ်ချခဲ့တာပါ ။အဲဒီအမှုမှာ ကိုဦးဟာ ကား​​​​မောင်း​ပြီးဓါး​တွေယူလာ​ပေးသူလို့ ဖြစ်စဥ်ကိုသိသူက​ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က​​ထောင်ထဲမှာ ကိုဦးဟာဆံပင်လိုက်ညှပ်​ပေးသူလို့ သိရပါတယ်။အဲဒီက​နေ အာဏာသိမ်းစစ်တပ်လက်​အောက်မှာ ရာဇဝတ်မှုနဲ့​ ​ထောင်ဒဏတစ်သက်ကျတဲ့ကိုဦးက
​တန်းစီးချုပ်ဖြစ်လာတာပါ။

ဒါ့အပြင်ထောင်တွင်းမှာ ဖဲရိုက်တာကိုစည်းကမ်းအရ လုံးဝခွင့်မပြုတဲ့ လုပ်ရပ်ဖြစ်​တာ​ကြောင့်စစ်​ကောင်စီရဲ့​ထောင် ဝန်ထမ်းတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ကြီးကြပ်မှုမပါဘဲ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့အကျဥ်း​ထောင်နဲ့ နီးစပ်သူအချို့​က​ပြောပါတယ်။

ဒါကြောင့်အကျဉ်းထောင်အတွင်း “နှစ်ကြီးသမား” အဖြစ် လူသိများသူတစ်ဦးက အဆောင်မှူးအဆင့် (တစ်ပွင့်) ဒါမှမဟုတ် ဦးစီးအရာရှိအဆင့်(သုံးပွင့်) တို့ရဲ့ မျက်နှာသာပေးမှုကြောင့် အကျဉ်းသား​တွေထံက ငွေကြေး​တောင်းခံအမြတ်ထုတ်ပြီး​ထောင်အာဏာပိုင်​တွေကို​ငွေရှာ​ပေး​နေဖြစ်တယ်လို့ ​ထောင်နဲ့ နီးစပ်သူအချို့ကပြောပါတယ်။

ဒါအပြင် ထောင်တွင်းရှိ “၂ တို တိုက်” နှင့် “၂ ရှည်တိုက်” ဟု ခေါ်ဆိုကြသော အကျဉ်းထိန်းသိမ်းရာနေရာများကိုလည်း အကျဉ်းသားအမျိုးအစားအလိုက် ခွဲခြားထားတာဖြစ်တယ်လို့ သိရပါတယ်။

“၂ တို တိုက်” တွင် သေဒဏ်ကျခံရသူများကို ထားရှိပြီး “၂ ရှည်တိုက်” တွင်ထောင်ဒဏ်တစ်သက်
တစ်ကျွန်းကျသူများကို ထားရှိတယ်လို့သိရပါတယ်။အဆိုပါတိုက်နှစ်ခုဟာ တစ်ဆက်တည်းတည်ရှိပြီး ကြားမှာနံရံနဲ့သာသဖြင့် အမည်အားဖြင့် “တို” နဲ့ “ရှည်” ဟုခေါ်ဝေါ်လာကြပါတယ်။
🤬3110👍2😱2👏1
အင်းစိန်​ထောင်ကို Google Earth မှာ​တွေ့ရပုံ
👎19👍4🤬41
အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့လက် တွေက ပိတောက်ပန်းတွေကမ်းပေးတဲ့အခါ ပန်းရနံ့လည်းပြယ်ရပါတော့တယ်။ ရန်ကုန်မြို့ကနေအိမ်မှာ မနက်ခင်းက ကြည်ကြည်နူးနူးရှူရှိုက်ခဲ့တဲ့ ပိတောက်ပန်းအနံ့ကို ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမပေါ်အရောက် အော်ဂလီဆန်ရသူတွေထဲမှာ ဦးဝင်းမိုးနဲ့သူ့မိတ်ဆွေတွေပါဝင်ခဲ့ပါတယ်။

ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမအတိုင်း မိတ်ဆွေလေးဦးနဲ့အတူ ကားမောင်းလာခဲ့တဲ့ဦးဝင်းမိုးဟာ စစ်ဆေးရေးဂိတ်တခုကို ဖြတ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေဝေ ပေးနေတာနဲ့ ကြုံပါတယ်။

ကားခေါင်းခန်းထဲကို ရုတ်တရက်ဝင်လာတဲ့စစ်တပ်ယူနီဖောင်းလက်တစ်စုံနဲ့ ပိတောက်ပန်းခက်ကို မြင်မြင်ခြင်း ဦးဝင်းမိုးတစ်ယောက်မျက်စိမျက်နှာပျက်သွားပါတယ်။ ဒါပေမယ့်ချက်ချင်းမျက်နှာတည်လိုက်ရင်း ပိတောက်ပန်းခက် တွေကို ကားနောက်ခန်းမှာ ရှိသူထံ ပေးလိုက်ပါတယ်။ပြီးတော့ကားကိုဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ပါတယ်။စစ်ဆေးရေးဂိတ်အလွန်မှာ ပထမဆုံးစကားစပြောသူက ဦးဝင်းမိုးကိုယ်တိုင်ဖြစ်ပါတယ်။

” ပိတောက်ပန်းကို မကြိုက်ကြဘူးလား”

သူက အဖြေကို သိလျက် မေးတာပါ။ကားနောက်ခန်းထဲကတစ်ယောက်ကလည်းချက်ချင်းတုန့်ပြန်ပါတယ်။

” ကျက်သရေတုန်းလို့”

နောက်တစ်ယောက်ကလည်း “ သိုးရေခြုံထားတဲ့ဝံပလွေတွေက ပေးတဲ့ပန်းက ရွံစရာကောင်းတယ်။ သွေးနံ့ နံ့တယ်” လို့ဆိုပါတယ်။


https://www.ludunwayoo.com/feature-mm/2026/05/05/156160/
👍265🔥2🖕1
■​ဆောင်းပါး

ဗုံးမိုးကြားက မေတ္တာ

ဟာနာဆန်/People's Spring

ဧပြီလလယ်ပိုင်းရဲ့ အညာနွေအပူချိန်က ပြင်းထန်နေတယ်။ အရာတော်မြို့နယ်၊ သလဲဘာရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲကလည်း ထပ်တူပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကဝေဟင်ထက်ကနေY12လေယာဥ်နဲ့ ဗုံးတွေလာကြဲနေတယ်။

​စစ်ကောင်စီတပ်သားတွေနဲ့ ၎င်းတို့လက်အောက်ခံ သလဲဘာရွာက ပြည်သူ့စစ်ခေါ် ပျူစောထီးတွေကတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ ဘန်ကာနဲ့ ကတုပ်ကျင်းတွေထဲကို ဦးအောင်ပြေးဝင်သွားကြတယ်။

ရွာသူရွာသားတွေကတော့ ဘယ်ပြေးလို့ပြေးရမယ်မသိ။ ပုံမှန်အချိန်မှာ ဂိတ်တွေနဲ့ ပိတ်ဆို့ထားလို့ ရွာသူရွာသားတွေ ရွာပြင်ထွက်ခွင့်မရှိ။ အခုလို စစ်တပ်ကလေကြောင်းက​နေ ဗုံး​တွေကြဲလာတော့ စစ်အုပ်စုဝင်တွေက ရွာသူရွာသားတွေကို "သွားချင်ရာသွား" ဆိုပြီး ပစ်ထားလိုက်တော့တယ်။

​ဗုံးခိုးဗုံးငွေ့များကြားက မြေပြင်ပေါ်မှာ လဲကျနေတဲ့ အမျိုးသမီးတစ်ဦးကို ပကဖ ရဲဘော်တွေ တွေ့လိုက်ရတယ်။သူ့ဘေးမှာလည်း ငိုယိုနေတဲ့ ၃ နှစ်အရွယ် ကလေးတစ်ယောက်။အမျိုးသမီးဟာ လေ
ကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားလို့ မထနိုင်တော့။

"ပုံမှန်ဆိုရင် သူတို့ကိုပေးမထွက်ဘူး။ ဂိတ်တွေနဲ့တားထားတယ်။ သူတို့ထွက်ချင်တာတောင်မရဘူး။ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလိုက်တော့ ပြည်သူတွေလည်းသွားချင်ရာသွားဆိုလုပ်တော့ ပြည်သူတွေပါ ထိကုန်ကြတယ်။ အဲဒီမှာ
အဲအမျိုးသမီးကိုစတွေ့တာ။"လို့ ရဲဘော်တစ်ဦး
က ဖြစ်စဥ်ကိုပြောပြတယ်။

အဲဒီအမျိုးသမီးဟာသလဲဘာရွာအတွင်းက လက်
နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်နေခဲ့တယ်။ သူတို့ကို စစ်အုပ်စုက PDF တွေက မင်းတို့ကို မိရင်သတ်မှာလို့ ဝါဒမှိုင်းတိုက်ထားတာကြောင့် သူ့မျက်လုံးမှာ ကြောက်ရွံ့တဲ့ အရိပ်အ
ယောင်တွေက အထင်းသား။ သို့သော် သူထင်ထားသလို ဖြစ်မလာခဲ့ပါ။

​တော်လှန်ရေးရဲဘော်နှစ်ဦးက ဒဏ်ရာရထားတဲ့သူ့ကို ပခုံးပေါ် ထမ်းတင်လိုက်ကြတယ်။ ပူပြင်းလှတဲ့ နေပူကြီးထဲမှာ မိုင်နဲ့ချီဝေးတဲ့ လုံခြုံတဲ့အရပ်သို့ မနားတမ်း သယ်ဆောင်ခဲ့ကြတယ်။ ရဲဘော်တွေ ချွေးဒီးဒီးကျနေပေမဲ့ မရပ်မနား ထမ်းသယ်လာခဲ့ကြတယ်။

စိတ်ချရတဲ့နေရာဆီရောက်တော့ ဆေးကုသပေးဖို့ ပြင်ကြတယ်။ ကယ်လာတဲ့အမျိုးသမီးက လန့်နေခဲ့တယ်။ ရဲဘော်တွေကလည်း ရှင်းပြရတယ်။

"ခင်ဗျားကို ကျွန်တော်တို့က မသတ်ဘူး။ ဆေးကုသပေးမယ်"လို့ပြောတော့ ကျေးဇူးတင်ပါတယ်လို့ပြောပြီး မျက်ရည်တွေ ကျလာခဲ့တယ်။

အမျိုးသမီးက ရဲဘော်တွေရဲ့အပြုအမူကို အံ့သြနေခဲ့တာပါ။သူ့ကိုဒီလိုကောင်းကောင်းမွန်မွန်ဆက်
ဆံမယ် ထင်မထားခဲ့ဘူး။ ဒါ့အပြင် ၎င်းအမျိုးသ
မီးအတွက် အမျိုးသမီးလူနာစောင့်ကိုပါ စီစဥ်ပေးခဲ့တယ်။

တခြားပြည်သူတွေကတော့ ရဲဘော်တွေကို "နင်တို့မို့လို့ ကုပေးနေတာ။ နင်တို့သာမိကြည့်ပါလား။"လို့ ပြောကြတော့ ရဲဘော်တွေက ပြန်ရှင်းပြတယ်။

"ကျွန်တော်တို့က စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာတဲ့ရဲဘော်တွေ၊ရန်သူ့မိန်းမဖြစ်ပလေ့စေ စစ်သုံ့ပန်းတွေကို ဘယ်လိုဆက်ဆံရတယ်ဆိုတာ ရှင်းပြရတယ်။"လို့ အရာတော်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောတယ်။

သဘဲဘာမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားများတယ်။ အမာခံတွေရှိသလို မဖြစ်မနေ စစ်မှုထမ်း
ရသူတွေလည်းရှိတယ်။သူတို့တွေကို ရွာကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်က ဝါဒမှိုင်းတိုက်ထားတယ်။ PDF တွေက နင်တို့ကိုမိရင်သတ်မှာလို့လည်း ပြောထားတယ်။ ရွာထဲကလူတွေထွက်မပြေးနိုင်အောင်ရွာပတ်ပတ်လည်မှာမိုင်းတွေထောင်
ထားတယ်။ မိုင်းကွဲရင်လည်း ငါးသိန်းဆယ်သိန်း လျော်ပေးရတယ်လို့ ဒေသခံတွေက ပြောတယ်။

ရဲဘော်တွေအနေနဲ့ကတော့ သလဲဘာက ပျူတွေ ပြည်သူ့ဘက်ကို ပူးပေါင်းစေချင်တာပါ။

"ကျွန်တော်တို့ တိုက်ပွဲဝင်နေတာသည် တစုံတယောက်ကို မုန်းလို့ သတ်ချင်လို့ သလဲဘာက ပြည်သူ့စစ်တွေကို ဦးတည်ပြီး သတ်ချင်လို့ တိုက်ပွဲဆင်နွှဲနေတာမဟုတ်ဘူး။ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ကျောထောက်နောက်ခံပေးထားတဲ့ အင်အားစုတွေကို တိုက်ထုတ်နေရခြင်းဖြစ်တယ်။"လို့ အရာတော်ပကဖ တာဝန်ရှိသူက ပြောပြတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မေလ ၅ရက်​နေ့မှာ ကျရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ​တော်လှန့်​ရေးအတွက် စစ်သည်​တော်​တွေရဲ့ကျင့်ဝတ်က ဘယ်​လောကွအ​ရေးကြီးတဲ့အ​ကြောင်းအခုလို​ပြောပါတယ်။

"တပ်တစ်ခုရဲ့ အင်အားဟာ လက်နက်ခဲယမ်းတွေ အပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ အဲဒီတပ်ရဲ့ "ကျင့်ဝတ်" စောင့်ထိန်းမှုဟာ ရန်သူကို ပစ်ခတ်တဲ့ ကျည်ဆန်ထက်ပင် ပိုမို အစွမ်းထက်ပါတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူအားလုံးက ချစ်ခင်လေးစား ယုံကြည် အားကိုးရတဲ့၊ လူ့အခွင့်အရေးနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ခိုင်မြဲစွာ စောင့်
ထိန်းနိုင်တဲ့ ပြည်သူ့ရင်သွေးများ ဖြစ်အောင် ကြိုး
စားကြဖို့ မှာကြားလိုပါတယ်။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စရပ်တွေ၊ လူထုထောက်ခံမှု ကျဆင်းစေမဲ့ လုပ်နည်းလုပ်ဟန်အမှားတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
👍95🔥5
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့က အမုန်းတရားနဲ့ လက်
စားချေတဲ့နည်းကို မသုံးဘဲ၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုနဲ့ လူသားဆန်မှုဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေကို လက်ကိုင်ထားပြီး ရှေ့ဆက်နေကြတာဟာ ရဲဘော်တို့ရဲ့ အကြီးမားဆုံးသော ကျင့်
ဝတ်ပိုင်းဆိုင်ရာအောင်ပွဲပဲဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားသမှုနဲ့ ဆက်ဆံရမှာဖြစ်သလို အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကာကွယ်စောင့်ရှောက်ဖို့လည်းတိုက်တွန်းပါတယ်။

ပြည်သူပိုင် ပစ္စည်းတွေကို မထိပါးကြဖို့နဲ့ စစ်ဆင်
ရေးတွေမှာလည်းလိုအပ်တဲ့အင်အားကိုသာ အ
သုံးပြုပြီး ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် စီမံကြဖို့ လိုအပ်ပါတယ်။ ရဲဘော်တို့ဟာ "ပြည်သူ့အတွက် ပြည်သူက မွေးဖွားပေးလိုက်တဲ့ စစ်သည်တော်ကောင်းတွေ"ဖြစ်ပါတယ်"လို့​ပြောပါတယ်။

ဆက်လက်ပြီး​တော့လည်း NUG ဝန်ကြီးချုပ်က
"ရန်သူနဲ့ မတူတာက လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတာဖြစ်လို့ စစ်သုံ့ပန်းတွေအပေါ်မှာလည်း ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း လူသားဆန်စွာ ဆက်ဆံရမှာ ဖြစ်ပါတယ်။တော်
လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း တစ်ခုတည်းမဟုတ်ဘဲ ပြည်သူ့ယုံကြည်မှု၊နိုင်ငံရေးရင့်ကျက်မှုနဲ့ စည်းကမ်းသေဝပ်မှုတို့ ပေါင်းစပ်မှသာ အောင်ပွဲကိုအမြန်ဆုံးဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ရဲဘော်တို့ဟာပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေရတာဖြစ်တဲ့အတွက် လူထု ထောက်ခံမှု၊ လူထုပံ့ပိုးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ရပ်အတွက် အသက်သွေးကြောတမျှ အရေးကြီးသလို ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို ဘယ်သောအခါမှ မမေ့ကြဖို့ အလေးအနက် တိုက်
တွန်းလိုပါတယ်" လို့ဆိုပါတယ်။

​စစ်အာာဏာရှင်ကိုသာ တိုက်ထုတ်နေတဲ့ ပကဖရဲဘော်တွေဟာ ယခုဆို သူတို့ကယ်လာခဲ့တဲ့အမျိုး
သမီးဟာ ဒဏ်ရာတွေ သက်သာသွားခဲ့ပြီ။ သနပ်
ခါးလေးဘာလေးလိမ်းပြီး ကြည်ကြည်သာသာ ရွှင်ပျနေပါပြီ။

"မင်းတို့ကာကွယ်ချင်ပါတယ်ဆိုတဲ့ ပြည်သူကို အခု ငါတို့က ကာကွယ်ပေးနေပါတယ်။ မင်းတို့ အသက်ကိုရင်းပြီး တကယ်တမ်း ကာကွယ်‌နေရတာ ဘာလဲ၊ ဘယ်သူ့ကိုလဲဆိုတာကိုတော့ ကိုယ့်ဟာကို ပြန်မေးကြပေါ့ကွာ။ အချိန်တွေ မလွန်ခင် အဖြေထွက်ပါစေလို့လဲ ဆုတောင်းပါတယ်။"လို့ အရာတော်ပကဖအဖွဲ့က အသိပေးထားပါတယ်။
🔥12👍63
ပျူစောထီးဇနီးအား ကယ်တင်ပြီး ဆေးဝါးကုစပေးနေစဥ် ဓာတ်ပုံ-အရာတော်ပကဖ
👍257🔥3
စစ်တပ်စစ်ကြောင်းတွေ မိုးညှင်းမြို့နယ်က နမ့်စီးအောင်ရွာရောက်နေ

မေ-၆၊၂၀၂၆။မိုမို/People's Spring

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မော်လူးမြို့ကို စစ်တပ်က ထိန်းချုပ်ပြီးနောက် ဒီကနေ့(မေလ ၆ရက်)မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ နမ့်စီးအောင်ကျေးရွာနဲ့ အနီးတဝိုက်ဒေသတွေကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

"သူတို့(စစ်ကြောင်း)ကြည့်ရတာက စစ်မှုထမ်းပေါ်တာလူငယ်တွေ တော်တော်များတယ်။နမ့်စီးအောင်မှာသူတို့နားမယ်သိရတယ်"လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံက ပြောပါတယ်။

လက်ရှိ နမ့်စီးအောင်ရွာရောက်နေတဲ့စစ်ကြောင်းဟာ မိုးညှင်းမြို့ဘက်ကလာတဲ့စစ်ကြောင်းနဲ့ နမ့်စီးအောင်ဘုန်းကြီးကျောင်းမှာ ပေါင်းစည်းမယ်လို့လည်း သတင်းရထားကြောင်း သူက ဆက်ပြောပါတယ်။

နမ့်စီးအောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ သြဂုတ်လပိုင်းက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

"စစ်တပ်က မန္တလေး-မြစ်ကြီးနား ကုန်သွယ်ရေးလမ်းပိုင်းကို အကုန်ထိန်းချုပ်လိမ့်မယ်"လို့ နန့်စီးအောင်ကို စစ်တပ်ရောက်ရှိလာတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

အင်းတော်မြို့ကို ဧပြီ ၃၀ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ကိုလည်း မေလ ၅ရက်မှာ စစ်တပ်က စစ်ကြောင်းတွေဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာ ၁၃ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို ပြီးခဲ့တဲ့ မတ်လမှာ စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် တကောင်း-ထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီး စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာဖြစ်ပါတယ်။

ထိန်းချုပ်ထားတဲ့မြို့တချို့ ပြန်လည်လက်လွှတ်နေရတဲ့အပေါ် လူထုက မေးခွန်းထုတ်နေကြပြီး စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ဖို့နဲ့ အစုလိုက်၊အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အလေးထားစဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတာတွေ ရှိတယ်လို့ မေလ ၅ရက်မှာကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြထားပါတယ်။
👎85🤬3🤣3👏1
(မော်လူးမြို့ကို ထိန်းချုပ်အပြီးတွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)
🖕15👎5👏2💩1
တပ်ရင်းမှူးအပါအဝင် KTLAတပ်ဖွဲ့ဝင် ၃၇ဦး KNLAတပ်မဟာ(၄)ထံ ပူးပေါင်း

မေ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

မေလ ၄ရက်ညနေမှာ KTLA ရဲဘော် ၃၇ဦး KNLAနဲ့ ပြန်လာပူးပေါင်းတာလို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားက " မှန်ပါတယ်။ သူတို့ကို ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

KNLA ထံ ပြန်ပူးပေါင်းလာတဲ့ KTLAတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ရင်းမှူးတစ်ဦး ပါဝင်တယ်လို့လည်း ပဒိုစောအယ်နားက အတည်ပြုပါတယ်။

ကရင်သတင်းရင်းမြစ်အချို့ကလည်း KTLA ရဲဘော်တွေ KNLAထံ ပူးပေါင်းလာတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ဖော်ပြထားတာတွေ့ရပြီး အလင်းဝင်လာသူတွေထဲမှာ တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး တစ်ဦး၊ ဒု တပ်ခွဲမှူး နှစ်ဦး၊ တပ်စုမှူး သုံးဦး ပါဝင်တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ ပူးပေါင်းလာသူကို ဦးဆောင်တာက တပ်ရင်းမှူး ဗိုလ်မျူး ဖိုးအယ့်ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ပြန်လည်ပူးပေါင်းလာတဲ့ KTLAတပ်ဖွဲ့ဝင်ဟာ KTLA ဆာကဆော တပ်မဟာတပ်ရင်း(၂) ထားဝယ်ခီး(ထီးခီး)တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ကော်လာဖိုး ဦးဆောင်တဲ့ KTLAဟာ KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို မကြာခဏ ခြုံခိုတိုက်ခိုက်မှု တွေ လုပ်ဆောင်နေလို့ KNLAနဲ့ တော်လှန်ရေးရဲဘော်တွေ ကျဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့ပါတယ်။
ဒါကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLA တပ်ဖွဲဟာ စစ်အုပ်စုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ အဖွဲ့၊ စစ်ကောင်စီ ရဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်တယ်လို့ KNLAက သတ်မှတ်ကြေညာထားပါတယ်။

KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတဲ့ ဗိုလ်ကော်လာဖိုးဟာ အရင် စစ်အစိုးရလက်ထက်က စစ်အုပ်စုထံကို ၂ကြိမ် အလင်းဝင်ခဲ့ဖူးတဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ပေါ်ပေါက်လာကာ တပ်မဟာ(၄)ကို ခြုံခိုတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့တာပါ။
12👍4🔥1
(တပ်ရင်းမှူးအပါအဝင် KTLAတပ်ဖွဲ့ဝင် ၃၇ဦး KNLAတပ်မဟာ(၄)ထံ ပူးပေါင်းလာစဉ်။ ဓာတ်ပုံ - Screengrab)
16👍2🔥1