People's Spring
63.7K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။ ဒီနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ဖွဲ့စည်းမှု ၅နှစ်ပြည့်မှာ တော်လှန်ပြည်သူတွေဆီ ဝန်ကြီးက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။ မြို့အချို့စွန့်လွှတ်ရတာနဲ့ မြေပြင်အခက်အခဲတွေ ရှိပေမယ့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့ အခြေအနေနဲ့ မိမိအင်အား အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ် မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ ပိုမိုခိုင်မာစွာလက်တွဲ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ တော်လှန်ပြည်သူတွေအနေနဲ့ လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ မိမိတို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးပန်းတိုင်ဆီ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပါတယ်။ သူအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မြေပြင်ရှိ ရဲဘော်တွေနဲ့အတူ အမြဲတစေ အတူတကွ ရှိနေမှာဖြစ်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမှာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

◾️မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။ အင်းတော်မြို့ကို ဧပြီ ၃၀ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ဘက်ကို စစ်ကြောင်းတွေဝင်လာတာဖြစ်ပါတယ်။ အင်းတော်နဲ့မော်လူးမြို့ကြားမှာ မေလ ၃ရက်နဲ့ မေလ ၄ရက်က တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီနေ့ မေလ ၅ရက် မနက်မှာတော့ မော်လူးမြို့အတွင်းကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်သွားတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ အရပ်သားတွေကို ဖမ်းဆီးလာပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ ပြည်သူလူထုအထိနာမှာစိုးလို့ ဆုတ်ခွာပေးခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေနဲ့ဝေးတဲ့နေရာတွေမှာ ပြောက်ကျားစစ်နဲ့ တန်ပြန်တိုက်ခိုက်တာတွေရှိနေဦးမယ်လို့ သတိပေးပါတယ်။

◾️Kpay အကောင့်တွေဝယ်နေတာက ကျားဖြန့်နဲ့ဆက်စပ်နေကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော် ပြော

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။ အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာတွေနဲ့ပတ်သက်ပြီး CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပကဖအသံစာမျက်နှာကနေ ပြောပြခဲ့တာပါ။ သူ့ရဲ့ပြောကြားချက်အရ အညာဒေသမှာ မှတ်ပုံတင် နံပါတ်နဲ့ Face ID စနစ်(မျက်နှာမှတ်တမ်းတင် စနစ်)ကိုပါ အသုံးပြုပြီး KPay အကောင့်တစ်ခု ငါးသောင်းကျပ်နဲ့ လာဝယ်လို့ ဒေသခံတွေဟာ အစုလိုက်အပြုံလိုက် သွားရောင်းနေကြတယ်လို့ ပြောပါတယ်။ ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ၄ သောင်း၊ လူရှာပေးသူက ကျပ် ၁သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကို ခရီးစရိတ်အဖြစ် ကျပ်တစ်သောင်း ပြန်ပေးကြောင်း သိရပါတယ်။ အဲဒီလိုဝယ်ယူနေတာတွေဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော်က ပြောပါတယ်။

◾️နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိပြီး တစ်ဦးအရှင်ဖမ်းမိတယ်လို့ ဧရာညီနောင်စစ်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့က ဒီနေ့ မေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ နတ်တလင်းမြို့နယ်က ဘန့်ဘွေးကုန်းကျေးရွာမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၊ လက်နက်ငယ်တွေအသုံးပြုပြီး ပြီးခဲ့တဲ့ ဧပြီ ၁၁ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တစ်နာခွဲကြာတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်က ၁၀ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးပါတယ်။

◾️ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက်
👍113🔥1
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ မေလ ၃ရက် မနက် ၁၁နာရီဝန်းကျင်က အင်အား ၂၀နီးပါးရှိတဲ့ မြို့လယ်ချောင်းဂိတ်စခန်း(မြို့ဝင်ဂိတ်စခန်း)ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦး သေဆုံးပေမယ့် ဂိတ်စခန်းကို မရခဲ့ဘူးလို့ အသိပေးပါတယ်။

◾️ဆားလင်းကြီးမှာ Proof of Life လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "ထောင်ဒဏ် လျှော့တာထက် သက်ရှိထင်ရှား ရှိ၊ မရှိ ကိုသာ သက်သေပြပေးပါ" ၊ "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန်​ ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
👍193🔥1
27👍7❤‍🔥2🥰2🔥1
အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင်တဲ့စစ်ကောင်စီဖိအားကို အလျှော့ပေးမှာမဟုတ်ဘူး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

■တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​
မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

​မေ-၅၊၂၀၂၆။ယောနသံ/People's Spring

အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင်နေတဲ့စစ်ကောင်စီဖိအားကို အလျော့ပေးမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားပါတယ်။

မေလ၄ရက်နေ့က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေပိုမိုကျူးလွန်လာပြီး အရပ်သားတွေကိုပစ်မှတ်ထား ဖိအားပေးနေတဲ့အခြေအနေအပေါ် The Diplomat သတင်းဌာနက မေးမြန်းတဲ့အခါ " စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျွန်တော်တို့အတွက် နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကောင်စီက အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး"လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြန်လည်ဖြေကြားခဲ့ပါတယ်။

‌​လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလို
ဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့အသိပေးထားပါတယ်။

" ဒါဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ"လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပါတယ်။

AAနဲ့ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနေခဲ့တဲ့အကြောင်းကိုလည်း The Diplomat က မေးမြန်းထားပါတယ်။အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်တွေ ရခိုင်မှာ အခြေမစိုက်ဖို့AAက တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။

"စစ်တပ်ဟာ ၂၀၂၃ မတိုင်ခင်တုန်းက အခြေအနေတွေဆီ ကျွန်တော်တို့ကို ပြန်ရောက်သွားစေချင်တယ်။ ကျွန်တော်တို့ကတော့ ၁၇၈၄ (ရခိုင်မင်း
ဆက်များ အဆုံးသတ်သည့်ကာလ)မတိုင်ခင် အခြေအနေဆီကို ပြန်သွားချင်ပါတယ်။လက်တွေ့မကျတဲ့ ကိစ္စတွေကို တောင်းဆိုနေမယ့်အစား စစ်တပ်ဟာ စုံလင်ပြီး လေးနက်တဲ့ ညှိနှိုင်းမှုမျိုးတွေကို ပကတိ အခြေအနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေဟာ မြေပြင် အခြေအနေမှန်တွေနဲ့ အဆက်ပြတ်နေလို့ မရပါဘူး။ စစ်တပ်က အထက်စည်းဆန်တဲ့ ပုံစံနဲ့ စကားပြောချင်ပေမယ့် ကျွန်
တော်တို့က ဒီလို ဖိအားပေးမှုမျိုးမှာ အလျှော့မပေးနိုင်ပါဘူး"လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပါတယ်။

AAက ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး လေ‌ကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေပါတယ်။ ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ရက်နေ့ကျရောက်တဲ့ ၁၇နှစ်မြောက်အာရက္ခတပ်တော်နေ့မှာ ထုတ်ဖော်ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်လို့လည်း ၎င်းရဲ့အမြင်ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပြီး တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့လည်းမျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် စစ်ရေးအခြေအနေတွေပိုမို ဆိုးရွားလာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ အ
ရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။တခြားအစုအဖွဲ့တွေလည်း ရှိပါသေးတယ်။အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ စစ်ကောင်စီက ကျင့်
သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက်
သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်" လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။
33👍14🥰4🔥1🖕1
The Diplomat သတင်းဌာနနဲ့ အင်တာဗျူး​ဖြေကြား​ပေး​နေတဲ့ AA တပ်မှူးချုပ်။
ဓါတ်ပုံ-The Diplomat
🥰23🫡6👍5🖕21🔥1
အင်းစိန် သေဒဏ်တိုက်မှာတန်းစီးချုပ်ကအာဏာသုံးဖိနှိပ်မှု၊လောင်းကစားနဲ့ငွေညှစ်မှု​တွေလုပ်​နေ

■တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

​မေ-၅၊၂၀၂၆။People's Spring

အင်းစိန် အကျဉ်းထောင် သေဒဏ်တိုက်မှာ နှစ်ကြီးတန်းစီးချုပ်တစ်ဦးက အာဏာသုံး ဖိနှိပ်မှု၊ လောင်းကစားနဲ့ မတရားငွေညှစ်မှုတွေရှိနေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

၎င်း၏နာမည်မှာ ကိုဦး ဖြစ်ပြီး သေဒဏ်တိုက် ( ၂ တို တိုက်) မှာ တန်းစီးချုပ် လုပ်နေတာဖြစ်ပြီး ၎င်းရဲ့ထောင်ဝင်အမှတ်မှာ အစ/ ၁၅/၀၁၉၆၉/က (ဘ) ဦးစံဦး ဆိုသူရဲ့သားဖြစ်ပါတယ်။

အဆိုပါ တန်းစီးချုပ်က အသစ်ရောက်လာတဲ့
သေဒဏ် အမိန့်ကျ အကျဉ်းသားသစ်တွေပေါ်မှာ ဆဲဆိုတာ ၊ မိုက်ရိုင်းပြုမူတာ​တွေအ​​ပြင်​၊ မိုက်ကြေးခွဲ၊ မတရားအလှူငွေတွေထည့်ခိုင်းတာတွေရှိ​နေတယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် တိုက် အခန်း ၂၁ မှာ ဖဲဝိုင်းထောင်တာတွေရှိပြီး အမြင်မသင့်တော်ကာ တော်တော်ဆိုးဝါးတယ်လို့ ကိုယ်တွေ့ကြုံရသူတွေကပြောပါတယ်။

"ကျွန်တော်တို့နဲ့တော့ထိပ်တိုက်မတွေ့ရဘူး။ ဒါပေမယ့် သူ့သတင်းတွေကကြားရတယ်။ တော်တော်ဆိုးတယ်ဆိုတယ့်အကြောင်း။ ထောင်ထဲမှာတော့ တန်းစီးချုပ်တွေက အတော်ဆိုးကြတယ်။ အထူးသဖြင့် နိုင်ကျဥ်းတွေကိုပစ်မှတ်ထားတာ။ မင်းရာဇာဆိုလည်း အဲဒီအတိုင်းပဲ။ ကျွန်တော်တို့ကိုနှိပ်စက်ခဲ့တာ" လို့ နိုင်ကျဥ်းတစ်ဦးကပြောပါတယ်။

ကိုဦး ဆိုသူဟာအရင်ကလည်း ၄ ဆောင်မှာ ငလျင်ဘေးအတွက်ဟုဆိုပြီး အကျဉ်းသားတွေဆီက မတရား အလှူငွေတွေကောက်ပြီး ၎င်းကယူကာအလွဲသုံးစားလုပ်လို့ အတိုင်ခံရကာ ပြုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

" အဲဲဒီကိုဦိးက ၄ ဆောင်ကနေ အတိုင်ခံရလို့ ပြုတ်ပြီး သေဒဏ်တိုက်ကို ရောက်လာတယ်လို့ ယူဆလို့ရတယ်။ သူက တန်းစီးချုပ် လုပ်နေတယ်ဆိုတဲ့အတွက် ထောင်တွင်းက နှစ်ကြီးသမားဖြစ်မယ်။ အဲဒီလို နှစ်ကြီးသမားတွေကို ထောင်အဏာပိုင်တွေက မျက်နှာသာ ပေးလို့ အခုလို လုပ်နိုင်တာ။အသစ်ရောက်လာတဲ့ သေဒဏ် တွေကို လုပ်တယ်ဆိုတာ တော်လှန်ရေးကြောင့် အကျဉ်းကျနေတဲ့ တော်လှန်ရေးသမား ဒါမှမဟုတ် နိုင်ငံရေးသမားတွေ ဖြစ်လိမ့်မယ်" လို့ ထောင်နဲ့နီးစပ်သူတဦးက​ပြောပါတယ်။

ကိုဦးဟာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်၊ ညမှာမြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆)လမ်းရှိ စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေတဲ့လူမိုက်ကျော်မင်းကို မျက်နှာဖုံး​တေ့စွပ်ထားပြီး ဓားရှည်​တွေနဲ့ ဝိုင်းခုတ်သတ်တဲ့ လူသတ်မှုမှာ ပါဝင်ခဲ့လို့ ​ထောင်
ဒဏ်တစ်သက်ကျခံရသူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။အဲဒီလူသတ်မှုကို မျက်နှာဖုံးစွပ်လူသတ်မှုလို့​ခေါ်ကြပြီး တရားခံ ၁၅ဦးကို ​တရားရုံးက​သေဒဏ်ချခဲ့တာပါ ။အဲဒီအမှုမှာ ကိုဦးဟာ ကား​​​​မောင်း​ပြီးဓါး​တွေယူလာ​ပေးသူလို့ ဖြစ်စဥ်ကိုသိသူက​ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က​​ထောင်ထဲမှာ ကိုဦးဟာဆံပင်လိုက်ညှပ်​ပေးသူလို့ သိရပါတယ်။အဲဒီက​နေ အာဏာသိမ်းစစ်တပ်လက်​အောက်မှာ ရာဇဝတ်မှုနဲ့​ ​ထောင်ဒဏတစ်သက်ကျတဲ့ကိုဦးက
​တန်းစီးချုပ်ဖြစ်လာတာပါ။

ဒါ့အပြင်ထောင်တွင်းမှာ ဖဲရိုက်တာကိုစည်းကမ်းအရ လုံးဝခွင့်မပြုတဲ့ လုပ်ရပ်ဖြစ်​တာ​ကြောင့်စစ်​ကောင်စီရဲ့​ထောင် ဝန်ထမ်းတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ကြီးကြပ်မှုမပါဘဲ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့အကျဥ်း​ထောင်နဲ့ နီးစပ်သူအချို့​က​ပြောပါတယ်။

ဒါကြောင့်အကျဉ်းထောင်အတွင်း “နှစ်ကြီးသမား” အဖြစ် လူသိများသူတစ်ဦးက အဆောင်မှူးအဆင့် (တစ်ပွင့်) ဒါမှမဟုတ် ဦးစီးအရာရှိအဆင့်(သုံးပွင့်) တို့ရဲ့ မျက်နှာသာပေးမှုကြောင့် အကျဉ်းသား​တွေထံက ငွေကြေး​တောင်းခံအမြတ်ထုတ်ပြီး​ထောင်အာဏာပိုင်​တွေကို​ငွေရှာ​ပေး​နေဖြစ်တယ်လို့ ​ထောင်နဲ့ နီးစပ်သူအချို့ကပြောပါတယ်။

ဒါအပြင် ထောင်တွင်းရှိ “၂ တို တိုက်” နှင့် “၂ ရှည်တိုက်” ဟု ခေါ်ဆိုကြသော အကျဉ်းထိန်းသိမ်းရာနေရာများကိုလည်း အကျဉ်းသားအမျိုးအစားအလိုက် ခွဲခြားထားတာဖြစ်တယ်လို့ သိရပါတယ်။

“၂ တို တိုက်” တွင် သေဒဏ်ကျခံရသူများကို ထားရှိပြီး “၂ ရှည်တိုက်” တွင်ထောင်ဒဏ်တစ်သက်
တစ်ကျွန်းကျသူများကို ထားရှိတယ်လို့သိရပါတယ်။အဆိုပါတိုက်နှစ်ခုဟာ တစ်ဆက်တည်းတည်ရှိပြီး ကြားမှာနံရံနဲ့သာသဖြင့် အမည်အားဖြင့် “တို” နဲ့ “ရှည်” ဟုခေါ်ဝေါ်လာကြပါတယ်။
🤬3110👍2😱2👏1
အင်းစိန်​ထောင်ကို Google Earth မှာ​တွေ့ရပုံ
👎19👍4🤬41