People's Spring
63.6K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ
29👍26🥰3
မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်၊ မြို့နဲ့ အရပ်သားတွေ အထိမနာအောင်ဆုတ်ခွာပေးခဲ့တာလို့ PDF ပြော

မေ-၅၊၂၀၂၆။ရှိန်း/People's Spring

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။

အင်းတော်မြို့ကို ဧပြီ ၃၀ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ဘက်ကို စစ်ကြောင်းတွေဝင်လာတာဖြစ်ပါတယ်။ အင်းတော်နဲ့မော်လူးမြို့ကြားမှာ မေလ ၃ရက်နဲ့ မေလ ၄ရက်က တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီကနေ့ မေလ ၅ရက် မနက်မှာတော့ မော်လူးမြို့အတွင်းကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်သွားတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

မော်လူးမြို့ကို တော်လှန်ရေးတပ်တွေ ကာကွယ်နေတဲ့ကြားက အာဏာသိမ်းစစ်တပ်က အင်အားသာလွန်အားနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ထိန်းချုပ်သွားတာလို့ ဒေသတွင်းစစ်ရေးနဲ့လုံခြုံရေးသတင်းတွေ ဖော်ပြပေးနေတဲ့ Indaw Revolution-IRက ဒီနေ့နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

" နေရာစုံကိုတော့ဝင်သွားနိုင်တာ မဟုတ်ဘူး။ တချို့နေရာတွေဆို သူတို့မရောက်သေးဘဲ ဖိုတိုရှော့တွေနဲ့ သတင်းတင်တာ။ မြို့ကိုတော့ သူတို့ပြန်ရသွားတာ မှန်ပါတယ်"လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ အရပ်သားတွေကို ဖမ်းဆီးလာပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ပြည်သူလူထုအထိနာမှာစိုးလို့ ဆုတ်ခွာပေးခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေနဲ့ဝေးတဲ့နေရာတွေမှာ ပြောက်ကျားစစ်နဲ့ တန်ပြန်တိုက်ခိုက်တာတွေရှိနေဦးမယ်လို့ သတိပေးပါတယ်။

မော်လူးမြို့ကို စစ်တပ်က နဘားလမ်းဆုံကတဆင့် စစ်ကြောင်းထိုးခဲ့ပြီး မနေ့က ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ မြို့အနီးက စီပိန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က နဘားလမ်းဆုံအနီးက နားရခေါင်ကျေးရွာမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးမှုတွေများခဲ့သလို သေနတ် ၈လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"စကစက နောက်ချန်အင်အားတွေထားပြီး ရွာတွေဘက်စစ် ကြောင်းထိုးတာတွေရှိတယ်။မနေ့က နားရ‌ခေါင်တိုက်ပွဲမှာတော့ ကိုယ့်ဘက်ကအလက် ၈လက်ရထားတယ်။စကစ အသေအပျောက်လည်းများတယ်"လို့ ၎င်းက ပြောပါတယ်။

စစ်တပ်က မော်လူးမြို့ကိုထိန်းချုပ်သွားပေမယ့် တိုက်ပွဲတွေဆက်ဖြစ်ပွားနိုင်တာမို့လို့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးရဲဘော်အချို့က သတိပေးပါတယ်။

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာ ၁၃ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို ပြီးခဲ့တဲ့ မတ်လမှာ စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် တကောင်း-ထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီး စစ်ကြောင်းတွေဝင်ရောက်လာတာဖြစ်ပါတယ်။

ထိန်းချုပ်ထားတဲ့မြို့တချို့ ပြန်လည်လက်လွှတ်နေရတဲ့အပေါ် လူထုက မေးခွန်းထုတ်နေကြပြီး အကြမ်းဖက်စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ဖို့နဲ့ အစုလိုက်၊အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အလေးထားစဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတာတွေ ရှိတယ်လို့ ဒီနေ့ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြထားပါတယ်။

ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာဖြစ်တယ်လို့လည်း ပြောကြားပါတယ်။
34👍8👎3🖕2😁1
(စစ်ကိုင်းတိုင်း မော်လူးမြို့ သိမ်းတိုက်ပွဲ ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ပေါင်းစုက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF)
40👍13🥰1😁1🫡1
■​ဆောင်းပါး

စိတ်ကျန်းမာရေးသတိပြုပါ

-​အောင်​ရေးသားသည်။

“နိုင်ငံရေးအခြေအနေကြောင့် စိတ်ဓာတ်တွေအရမ်းကျနေလို့ဘာလုပ်သင့်လဲခင်ဗျ”

လူမှုကွန်ရက်မှာစိတ်ကျန်းမာရေးပြသနာတွေနဲ့ပတ်သတ်လို့မျှဝေအကြံပေးကြတဲ့အဖွဲ့စာမျက်နှာတစ်ခုမှာ တွေ့ရတဲ့ရေးသားမျှဝေမှုထဲကကောက်နှုတ်ထားတာပါ။

နောက်ထပ်မျှဝေအကြံတောင်းထားတဲ့ ရင်ဖွင့်မှုတစ်ခုကတော့ ဒီလိုပါ။

“အဆင်မပြေတာတွေကြား ပူပန်မှုတွေနဲ့ ညဖက်အိပ်မရတာ အလိုလိုစိတ်တိုနေတာကြာပြီ ဘယ်စိတ် ရောဂါဆရာဝန်ပြသင့်လဲ”

ဒါတွေကတော့ စစ်အာဏာရှင်စနစ်အောက် တကျော့ပြန်ကျရောက်နေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မျက်မှောက်အခြေအနေတွေကို ထင်ဟပ်နေစေတာပါ။ မှန်ပါတယ်။

ကိုဗစ်နဲ့စစ်အာဏာသိမ်းကာလနောက်ပိုင်းမြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးဆိုင်ရာပြသနာတွေကို ရင်ဆိုင်ကြုံတွေ့နေရသူတွေ တိုးပွားလာနေတယ်လို့ ကုလသမဂ္ဂ လက်အောက်အပါအဝင် အစိုးရ မဟုတ်တဲ့ နိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊စစ်တမ်းတွေကဆိုပါတယ်။

ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့စီးပွားရေး၊လူမှုရေးမပြေလည်မှုတွေ၊ နေ့စဉ် တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်ခံရမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာ၊ မိသားစုဝင်တွေဆုံးရှုံး ထိခိုက်ဒဏ်ရာရတာ၊ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေကြောင့် စိတ်ကျ၊စိတ်ဖိစီးမှုတွေကို ကြုံတွေ့နေ ကြရတာပါ။

ဒါ့အပြင်ဖြစ်ရပ်ဆိုးကြုံတွေ့ရခြင်းရဲ့ နောက်ဆက်
တွဲ ပြင်းထန်စိတ်ဖိစီးမှုဝေဒနာ (PTSD)နဲ့မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿ
နာတွေကိုလည်း ခံစားနေကြရတာဖြစ်ပါတယ်။
ကိန်းဂဏန်းတွေအရ အနီးစပ်ဆုံးကြည့်ရင်တော့ အခုလိုတွေ့နိုင်မှာလည်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်”

ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဥ်(UNDP)ရဲ့၂၀၂၅ခုနှစ်အောက်တိုဘာ၁၀ရက်စွဲနဲ့အစီရင်ခံစာထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာကပြည်သူ ၂.၅ သန်းက တစ်ကိုယ်ရည်လုံခြုံရေးအတွက် ကြောက်လန့် နေရပြီးလူဦးရေ၆သန်းလောက်ကညဖက်တစ်ကိုယ်တည်းအပြင်ထွက်ဖို့စိုးရွံ့နေရတယ်လို့လည်းဆိုပါ တယ်။

ပဋိပက္ခနဲ့ဆင်းရဲငတ်မွတ်မှုတွေ ကြုံတွေ့နေရတဲ့ ဒေသတွေမှာတော့ လူငယ်၃ဦးမှာ၁ ဦးက စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကိုခံစားနေရတယ်လို့အစီရင်ခံစာမှာပါရှိပါတယ်။ ၂၀၂၅ ခုနှစ် မေလ University College Londonရဲ့ မြန်မာနိုင်ငံကလူပေါင်း ၇ ထောင်ကျော်ကို စစ်တမ်းကောက်ပြီး ပြုစုခဲ့တဲ့ ဆယ်ကျော်သက် အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာ စာတမ်းကလည်းအခုလိုဆိုပါတယ်။

စာတမ်းမှာ ဆယ်ကျော်သက်အမျိုးသမီးလေးတွေက မိသားစုဝင်ကို ဆုံးရှုံးရတာ၊ မိသားစုနဲ့ ခွဲခွာနေရတာ တို့ကြောင့် ၉၄ ရာခိုင်နှုန်းကျော်က စိတ်ကျရောဂါတစ်ခုမဟုတ်တစ်ခုကို ခံစားနေရတယ်လို့ ဖော်ပြထား ပါတယ်။

ဒီထဲက၇၀ ရာခိုင်နှုန်းကတော့စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကြောင့် ညဘက် အိပ်မပျော်တာ၊ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်ပြုလုပ်ဖို့ ကြံစည်တဲ့အထိရှိနေတယ်လို့ဆိုပါတယ်။ အဲဒီလို စိတ်ကျန်း မာရေးပြသနာတွေခံစားနေရသူတွေအထဲ မဖြူချေ(အိမ်နာမည်)လည်းပါဝင်ပါတယ်။
အသက်၂၇နှစ်အရွယ်မဖြူချေကမိသားစုဝင်၃ဦးနဲ့အတူရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ကရန်ကုန်မြို့ကို စစ်ဘေးတိမ်းရှောင်လာသူပါ။ ဇာတိမှာကျန်ရစ်ခဲ့တဲ့ဆွေမျိုးမိတ်ဆွေတွေနဲ့ခွဲခွာနေရတာအပြင် နေသားမကျတဲ့ဒေသမှာ စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေရတာတို့ကြောင့် နေ့စဥ်စိတ်ဖိစီးမှု တွေခံစားနေရတယ်လို့သူကဆိုပါတယ်။

“ပိုင်ဆိုင်တာအကုန်ထားပြီးပြေးလာရတာပါ။ဒီမှာက(ရန်ကုန်)တစ်ခုမှအဆင်မပြေပါ။ပြန်လို့လည်းမရ၊ စိတ်မောရပါတယ်”

နောက်ထပ်သာဓကပြစရာတစ်ဦးကတော့စစ်ကောင်စီထိန်းချုပ် မြစ်ဝကျွန်းပေါ် ဒေတစ်ခုက ကိုဇော်(ငယ်နာမည်)ဖြစ်ပါတယ်။ သူက ၂၀၂၁စစ်အာဏာမသိမ်းမီက အလုပ်အကိုင်အဆင်ပြေသူ တစ်ဦးဖြစ်တယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်
လက်မဲ့ဖြစ်ခဲ့ကာ စီးပွားရေး၊လူမှုရေး မပြေလည်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အပြင်တော် လှန်ရေးမှာလည်း ထိထိရောက်ရောက်မပါဝင်နိုင်လို့ စိတ်ဓါတ်ကျခဲ့ရ တယ်လို့သူကရင်ဖွင့်ပါတယ်။

“ညဖက်တွေဆိုအိပ်မပျော်ဘူး။အလိုလိုလည်းစိတ်တိုနေတယ်။လမ်းပျောက်နေသလိုခံစားရတယ်”

စိတ်ကျန်းမာရေးဘယ်လိုစောင့်ရှောက်သင့်လဲ
မြန်မာနိုင်ငံကပြည်သူတွေဟာ ကိုဗစ်နဲ့ အာ
ဏာသိမ်းမှုနောက်ဆက်တွဲဂယက်တွေကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေကိုလိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)
အပါအဝင် ကျန်းမာရေးနဲ့ဆက်စပ်အဖွဲ့အစည်းတွေကဆိုပါတယ်။

စိတ်ကျန်းမာအတွက် တစ်ကိုယ်ရည် စောင့်ရှောက်ပေးနိုင်မယ့် အဓိကနည်းလမ်းတွေကိုလည်း အခုလိုအကြံပြုထားပါတယ်။

၁။စိတ်ညစ်၊စိတ်ဖိစီးလာချိန်မှာယုံကြည်ရသူတစ်ဦးဦးနဲ့စကားပြောဆိုပေးရပါမယ်။

၂။အနားယူချိန်လိုအပ်ပါတယ်။

၃။ လမ်းလျှောက်တာလို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုခုကိုပြုလုပ်ပေးပါ။

၄။ ဝါသနာပါတဲ့၊နှစ်သက်ခုံမင်တဲ့ အရာတစ်ခုခုကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
👍122
ကိုဗစ်ရောဂါကပ်ဘေးအပြင်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ လက်ရှိကာလ မှာစိတ်ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရန်နဲ့ကုသမှုပေးနိုင်ရန် စိတ်ကျန်းမာရေး ဝန်ဆောင်မှု တွေကို လက်လှမ်းမီ နိုင်ရန် အလွန်အရေးကြီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်း
မာရေးဝန်ကြီးဌာန ကလည်းထုတ်ပြန်ထားပါတယ်။

ဆရာဝန်၊ စိတ်ပညာရှင်တွေအပြင် မိသားစုနဲ့လူမှုအသိုင်းအဝိုင်း၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေရဲ့ စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုမှာ အခြေခံကျပြီး ထိရောက်အရေးကြီးကြောင်းကိုလည်း သတိပြုရမယ်လို့၂၀၂၅ခုနှစ်အောက်တိုဘာ
လ၁၀ရက်ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ထုတ်ပြန်ချက်မှာအကြံပြုထားတာပါ။

အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ၊ လူအများကို ရှောင်ဖယ် သီးသန့်နေထိုင်တာ၊ ကိစ္စရပ်တွေကို ဒေါသနဲ့ဖြေရှင်းတာစတဲ့ အပြုသဘောမဆောင်တဲ့ စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းနည်းတွေကို ရှောင်ရှားရန် လည်းသတိပေးထားပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာအထူးကုဆရာ
ဝန်တစ်ဦးကလည်း စိတ်ကျန်းမာရေးအတွက် မိမိကိုယ်ကိုစောင့်ရှောက်နိုင်ရန် အဓိကအခြေခံအကျဆုံးအချက်မှာ Thinking Healthyလို့ခေါ်တဲ့ ကောင်းမွန်စွာတွေးခေါ်စဥ်းစားပေးမှုပဲဖြစ်တယ်လို့ပြောပါတယ်။

တိုင်းပြည်ရဲ့လက်ရှိအခြေအနေအရ လူတိုင်းကိုယ်စီမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုအခြေအနေမှာ ကြုံတွေ့နေရတဲ့ပြသနာတွေကိုအခက်အခဲလို့သာ မြင်ယောင်မိပြီး မကျော်လွားနိုင်တော့ဘူးလို့ခံစားရကာ ကိုယ့်ကိုယ်ကို အားမရတာ၊ မကျေနပ်တာ၊ သိမ်ငယ်တာတွေဖြစ်လာရင် နောက်ဆက်တွဲစိတ်ခံစားမှုတွေ မကောင်းမွန်တော့ဘူးလို့ အထက်ပါ စိတ်ကျန်းမာရေးအထူးကုကရှင်းပြပါတယ်။

“အနီးစပ်ဆုံးဆိုရင်ကိုယ့်မိသားစုအပေါ်ဆက်ဆံတာအရင်လိုမဟုတ်တော့ဘူး၊စိတ်မရှည်တော့ဘူး။ကလေးတွေအပေါ်လည်းစိတ်မရှည်ဘူး၊အော်
ငေါက်မိတယ်၊ကိုယ်နောက်ထပ်အလုပ်တွေလုပ်ဖို့လည်းခွန်အားမရှိတော့ဘူး”လို့စိတ်ဖိစီးမှုကြောင့်ပြောင်းလဲလာတဲ့အပြုအမှုတချို့ကိုသူကဆက်ရှင်းပြပါတယ်။

ဒီလိုအခြေအနေတွေကို ဖြတ်ကျော်ရမယ့်နည်းလမ်းကိုလည်း “ ဒါကိုကျွန်တော်တို့က ကောင်းမွန်တဲ့ တွေးခေါ်တဲ့ပုံစံနဲ့စဥ်းစားရမှာပေါ့”လို့စိတ်ကျန်းရေးအထူးကုကအကြံပြုပါတယ်။

သာဓကအနေနဲ့လည်း
- အလုပ်အကိုင်၊စီးပွားရေးမပြေလည်ရင်လည်း လက်ရှိကာလ နိုင်ငံရေး အခြေအနေတွေအရ လူတိုင်း ကိုယ်စီအခက်အခဲတွေ ရင်ဆိုင်နေကြရတယ်၊ ကိုယ်တစ်ဦးမဟုတ်လို့ တွေးတောပေးတာ။

- အရင်ကကိုယ်လုပ်ကိုင်အောင်မြင်မှုတွေကို ပြန်စဥ်းစားပေးတာ၊ နောက်ထပ် အခွင့်အလမ်းတွေ ထပ်ရှာဖွေနိုင်သေးတာ။

- အလုပ်အကိုင်၊စီးပွားရေးမပြေလည်သေးချိန်မှာလည်း ကလေးထိန်းတာ၊အိမ်မှု ကိစ္စ ကူညီပေးတာနဲ့ မိသားစုကိုအချိန်ပေးတာ စတာတွေဆောင်ရွက်ပေးခြင်းနဲ့ စိတ်ခွန်အား(motivation)ရရှိနိုင်တယ်လို့ အထက်ပါစိတ်ကျန်းမာရေးအထူးကုက လမ်းညွန်အကြံပေးပါတယ်။

အဲဒီလို အပြုသဘောတွေးခေါ်လိုက်ရင် စိတ်ခံစားချက်တွေကောင်းမွန်လာပြီး အဆင်ပြေလာမယ်လို့ ဆက်ပြောပါတယ်။ “မိသားစုနဲ့ဆက်ဆံရေးလည်းအဆင်ပြေလာမယ်၊အခြားသူတွေနဲ့လည်းဆက်ဆံရေးကအဆင်ပြေလာ တယ်”

ဒါ့အပြင် ပဋိပက္ခဒေသကပြည်သူတွေနဲ့စစ်ဘေးရှောင်တွေအနေနဲ့လည်း စိတ်ကျန်းမာရေးဆိုင်ရာ မိမိ.ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်ဖို့လိုအပ်တယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန် အပါအဝင် ကျန်းမာရေးပညာရှင်တွေကအကြံပြုပြောဆိုပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့လည်း ရောက်ရှိရာဒေသမှာ ကိုယ်တက်နိုင်ရာဆောင်ရွက်တာ၊ မျှော်လင့်ချက် တစ်ခုခုကို ရည်မှန်းဆုပ်ကိုင်ထားတာစတဲ့ နည်းလမ်းတွေနဲ့ လက်တလောစိတ်ဖိစီးမှုနဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်လွားနိုင်မယ်လို့ အထက်ကစိတ်ကျန်းမာရေးအထူးကုကပြောပါတယ်။

“ကိုယ့်အတွက်ဒါမှမဟုတ်မိသားစုအတွက်၊ကလေးအတွက်ပေါ့ မျှော်လင့်ချက်တစ်ခုရှိနေရင် အခုအချိန် မှာရင်ဆိုင်နေရတဲ့ပြသနာတွေကိုပိုလုပ်နိုင်တာပေါ့၊မဟုတ်ရင်ဘဝကဆိုးလိုက်တာပေါ့အဲဒီလိုအတွေးတွေဝင်လာပြီးအရှုံးပေးချင်စိတ်တွေဝင်လာနိုင်တယ်”

ဘာတွေအခက်အခဲရှိလဲ၊ဘယ်လိုဖြေရှင်းနိုင်လဲ
ကျန်းမာရေးဝန်ထမ်းတချို့ကတော့ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးကို သိပ်အလေးမထားခဲ့ ကြတာ အပြင် ပညာရှင်အရေအတွက်ကလည်း နည်းပါးနေသေးတယ်လို့ ထောက်ပြကြပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၂၀၁၉ စစ်တမ်းအရ မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က စိတ်ကျန်း
မာရေး ဆိုင်ရာ ဆရာဝန် ၁၁၇ ယောက်ပဲရှိပါတယ်။ အာဏာသိမ်းခံရပြီး လက်ရှိကာလမှာလည်း စိတ်ကျန်း မာရေးဆိုင်ရာဆရာဝန် အရေအတွက်က တစ်ရာဝန်းကျင်သာရှိနိုင်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန် အပါအဝင်ကျန်းမာရေးဝန်ထမ်းတချို့ကခန့်မှန်းဖြေကြားခဲ့ပါတယ်။

လက်ရှိအာဏာသိမ်းစစ်အုပ်စုလက်ထက်မှလည်း
ကျန်းမာရေး ကိစ္စ ရပ်တွေကိုအလေးမထားလို့ ပိုဆိုးရွားလာနိုင်တယ်လို့သူတို့ကဆိုပါတယ်။ ဒါပေမယ့်စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ သံသယရှိလာရင် ပညာရှင်နဲ့မဆက်သွယ်နိုင်ရင်တောင် နီးစပ်ရာ Counseling Center(စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေး ဆွေးနွေးအဖွဲ့အစည်း/ဆေးခန်း)တွေကို ဆက်သွယ်နိုင်တယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေ ကအကြံပြုပါတယ်။
11👍5
“စနစ်တကျလေ့ကျင့်ထားတဲ့နေရာတွေကိုစုံစမ်းဖို့တော့လိုတယ်။အခုဆိုရင်အွန်လိုင်းမှာရောအပြင်မှာပါအတော်များများရှိပါတယ်”လို့ ရန်ကုန်မြို့ကအထွေထွေရောဂါကုဆရာဝန်တစ်ဦးကဆိုပါတယ်။

ဒါမှအဆင်မပြေရင်တော့ သက်ဆိုင်ရာစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ပြသသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အထက်က စိတ်ကျန်းမာရေးဆိုင်ရာအထူးကုဆရာဝန်ကတော့ mental health(စိတ်ကျန်းမာရေး)နဲ့ ပတ်သတ်လို့မြန်မာနိုင်ငံမှာဖြစ်နေတာက emergency needလိုဖြစ်နေပြီး မဖြစ်မနေ စောင့်ရှောက်မှု ပေးရမယ့်အနေအထားလို့ ထောက်ပြသတိပေးပါတယ်။

ဒါ့အပြင်စိတ်ကျန်းမာရေးဆိုတာက ဝဋ် နာကံနာမဟုတ်၊ရှက်ရွှံစရာမဟုတ်လို့ နောက်ဆက်တွဲ အ
ကျိုးဆက်တွေ မဖြစ်စေဖို့ လိုအပ်သလို ပညာရှင်တွေဆီ ဆက်သွယ်ပြသရမယ်လို့ သူကဆက် ပြောပါတယ်။

“စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ အကူအညီလို
အပ်တယ်ဆိုရင် ရှက်စရာမဟုတ်ဘူး၊ အကူအညီရနိုင်မယ့် နေရာကိုရှာပါ။သွားပါ၊အကူအညီတောင်းပါ။” ။ ။
👍172
👍7🥰1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့နဲ့ အခြေခံနိုင်ငံရေးသင်တန်းဖွင့်လှစ်မှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

မေ ၅၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုနဲ့ အခြေခံနိုင်ငံရေး သင်တန်းဖွင့်လှစ်မှုတွေ ဒီကနေ့ (မေ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life"လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "ထောင်ဒဏ် လျှော့တာထက် သက်ရှိထင်ရှား ရှိ၊ မရှိ ကိုသာ သက်သေပြပေးပါ" ၊ "ကြှနျုပျတို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ် (ဗဟိုအမှုဆောင်အဖွဲ့) မှ ဦးဆောင်ကာ အခြေခံပညာကျောင်းသားသမဂ္ဂရဲဘော်တွေကို အခြေခံနိုင်ငံရေးဦးဆောင်မှုသင်တန်း(ရက်တို) သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
28👍6🔥2
ဓာတ်ပုံ - ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်သပိတ်
🥰178🔥5👍2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး PDFတွေ ပြတ်သားစွာ တိုက်ပွဲဝင်နေတယ်လို့ NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးသမိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီဖြစ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့အစိုးရ ပီသစွာ၊ ပြည်သူ့တော်လှန်ရေးကို ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားပါတယ်။ ဒီနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ ယာယီသမ္မတက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲက အသက်နဲ့ ခန္ဓာပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ ယာယီသမ္မတက မေတ္တာရပ်ခံပါတယ်။ ဒီနေ့အချိန်အထိ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအပေါင်းကို လေးနက်စွာ အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ထပ်မံပြောကြားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ထဲကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပြီး တော်လှန်ရေးခရီးကြမ်းတွေကိုလည်း အတူဖြတ်သန်းခဲ့ကြသလို နိုင်ငံရေးလောကဓံ အနိမ့်အမြင့်တွေကိုလည်း အတူတူဖြတ်သန်းကျော်ဖြတ်ခဲ့ကြပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ လက်ရှိ အချိန်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေရတယ်လို့လည်း သတိပေးစကားပြောပါတယ်။

◾️ပြည်သူ့အာဏာ ပြည်သူ့ပြန်အပ်နိုင်ရေး စုစည်းညီညွတ်စွာတိုက်ပွဲဝင်ကြဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

ပြည်သူ့အာဏာကို ပြည်သူ့ဆီ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ​မေလ ၅ရက်​မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားတိုက်တွန်းခဲ့တာပါ။ NUG ပြည်ထောင်စုဝန်ကြီးချုပ်က PDFရဲဘော်တွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း အပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားတယ်။ (၅)နှစ်တာကာလအတွင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)တို့ရဲ့ စစ်ဒေသအလိုက်ဟန်ချက်ညီတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အရေးပါတဲ့ စစ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း​ ပြောပါတယ်။

◾️ဖားကန့်တိုက်ပွဲ စစ်တပ် တပ်ဖွဲ့ဝင်အချို့သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မှာ မေလ ၄ရက်က တကျော့ပြန်ဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲအတွင်း စစ်တပ် တပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့ KIA၊ KPDF သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ မေလ၄ရက် မနက်အစောပိုင်းက စတင်ပြီး အာဏာသိမ်းစစ်တပ်စခန်းတွေကို KIA၊ KPDFက တိုက်ခိုက်ခဲ့ပြီး တိုက်
ပွဲတွေ ပြင်းထန်နေတာပါ။ မနေ့က ဒီနေ့ မေလ ၅ရက် နှစ်ရက်စလုံး အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်တပ်က သေဆုံးတာ၊ ဖမ်းမိတာရော ၁၅ ဦးမက ရှိတယ်လို့ KIA၊ KPDF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသူအများစုဟာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများဆုံးပါတယ်လို့လည်း သူက ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၃၀ဦးထက်မနည်းရှိတယ်လို့ ပြောပါတယ်။

◾️လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေး စစ်သား ၇ဦး သေဆုံး
15👍7🔥1
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်တပ်ရဲ့ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်တပ် တပ်သားတွေကို လိုက်လံချေမှုန်းရာ စစ်သား ၇ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၈ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFက ဒီနေ့ မေ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်တပ် တပ်သားတွေဆီက MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက် စုစုပေါင်း (၂၀)လက်၊ 81mm သီး (၅၁) လုံးနဲ့ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လေးကေစခန်းက ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို အထူးတိုင်းစစ်ဌာနရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း(၂)မှာ ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားရှိတယ်လို့လည်း အသိပေးထားပါတယ်။

◾️တောင်သာမှာ တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခံရပြီး ၁၁ဦး ကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က သံဘိုရွာမကျေးရွာကို လုံခြုံရေးယူဖို့သွားတဲ့ ကာကင်း ရဲဘော်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦး ကျဆုံးခဲ့တယ်လို့ ‌‌ ဖြစ်စဉ်ကို သိထားသူတွေက ပြောပါတယ်။ မေလ ၄ရက် မနေ့က မနက် ၉နာရီမှာ သံဘိုရွာမကျေးရွာကို တော်လှန်ရေးရဲဘော် ၁၅ဦးဝန်းကျင် ကားနဲ့သွားရောက်စဥ် စစ်တပ်ကင်းပုံးနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ မနေ့က ညနေပိုင်းအထိ တော်လှန်ရေးရဲဘော် ၁၁ဦးကျဆုံးပြီး ပျောက်ဆုံးရဲဘော်တချို့လည်း ရှိတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့ကားပေါ်မှာ မြင်းခြံခရိုင် တပ်ရင်း-၃(တောင်သာ)က ရဲဘော်တွေအများဆုံးပါဝင်ပြီး တိုက်နယ်ပကဖက ရဲဘော်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

◾️စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ၅ရက်ဆက် တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ချင်းမြောက်ပိုင်း တီးတိန်မြို့ကို PDF Zolandပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ ရှိနေချိန်မှာ စစ်တပ်က တီးတိန်မြို့ကို စစ်ဆင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတာပါ။ အဲဒီလို ကြိုးပမ်းလာလို့ မေလ ၁ရက်ကနေ ဒီနေ့ မေလ ၅ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင်၊ ချင်းအမျိုးသားတပ်မတော် (NCA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေက ခုခံနေတာဖြစ်ပါတယ်။ စစ်တပ်စစ်ကြောင်းမတားနိုင်ဘူးဆိုရင်တော့ မြို့သိမ်းဖို့က ခက်သွားမယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ တီးတိန်မြို့နဲ့ မိုင် (၂၀)အကွာလောက်ရောက်လာပြီလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

◾️ကျောက်တော်မြို့နယ်ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာနဲ့ သံပုရာထောင့်ကျေးရွာအနီးကို စစ်တပ်က မေလ ၄ရက် မနေ့ မနက်ပိုင်းမှာ ဗုံးကြဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြည်သူတွေက ဗုံးခိုကျင်းထဲ ရှောင်ခဲ့ကြပြီး ကျွဲတွေ၊ နွားတွေ သေဆုံးကုန်တယ်လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာ သုံးစီး၊ Y12 တစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်းရှိတယ်လို့ သိရပါတယ်။

◾️တော်လှန်ရေးပန်းတိုင် ရောက်ရေးဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
👍92🔥1
သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။ ဒီနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ဖွဲ့စည်းမှု ၅နှစ်ပြည့်မှာ တော်လှန်ပြည်သူတွေဆီ ဝန်ကြီးက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။ မြို့အချို့စွန့်လွှတ်ရတာနဲ့ မြေပြင်အခက်အခဲတွေ ရှိပေမယ့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့ အခြေအနေနဲ့ မိမိအင်အား အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ် မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ ပိုမိုခိုင်မာစွာလက်တွဲ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ တော်လှန်ပြည်သူတွေအနေနဲ့ လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ မိမိတို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးပန်းတိုင်ဆီ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပါတယ်။ သူအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မြေပြင်ရှိ ရဲဘော်တွေနဲ့အတူ အမြဲတစေ အတူတကွ ရှိနေမှာဖြစ်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမှာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

◾️မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။ အင်းတော်မြို့ကို ဧပြီ ၃၀ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ဘက်ကို စစ်ကြောင်းတွေဝင်လာတာဖြစ်ပါတယ်။ အင်းတော်နဲ့မော်လူးမြို့ကြားမှာ မေလ ၃ရက်နဲ့ မေလ ၄ရက်က တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီနေ့ မေလ ၅ရက် မနက်မှာတော့ မော်လူးမြို့အတွင်းကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်သွားတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ အရပ်သားတွေကို ဖမ်းဆီးလာပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ ပြည်သူလူထုအထိနာမှာစိုးလို့ ဆုတ်ခွာပေးခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေနဲ့ဝေးတဲ့နေရာတွေမှာ ပြောက်ကျားစစ်နဲ့ တန်ပြန်တိုက်ခိုက်တာတွေရှိနေဦးမယ်လို့ သတိပေးပါတယ်။

◾️Kpay အကောင့်တွေဝယ်နေတာက ကျားဖြန့်နဲ့ဆက်စပ်နေကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော် ပြော

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။ အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာတွေနဲ့ပတ်သက်ပြီး CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပကဖအသံစာမျက်နှာကနေ ပြောပြခဲ့တာပါ။ သူ့ရဲ့ပြောကြားချက်အရ အညာဒေသမှာ မှတ်ပုံတင် နံပါတ်နဲ့ Face ID စနစ်(မျက်နှာမှတ်တမ်းတင် စနစ်)ကိုပါ အသုံးပြုပြီး KPay အကောင့်တစ်ခု ငါးသောင်းကျပ်နဲ့ လာဝယ်လို့ ဒေသခံတွေဟာ အစုလိုက်အပြုံလိုက် သွားရောင်းနေကြတယ်လို့ ပြောပါတယ်။ ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ၄ သောင်း၊ လူရှာပေးသူက ကျပ် ၁သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကို ခရီးစရိတ်အဖြစ် ကျပ်တစ်သောင်း ပြန်ပေးကြောင်း သိရပါတယ်။ အဲဒီလိုဝယ်ယူနေတာတွေဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော်က ပြောပါတယ်။

◾️နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိပြီး တစ်ဦးအရှင်ဖမ်းမိတယ်လို့ ဧရာညီနောင်စစ်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့က ဒီနေ့ မေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ နတ်တလင်းမြို့နယ်က ဘန့်ဘွေးကုန်းကျေးရွာမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၊ လက်နက်ငယ်တွေအသုံးပြုပြီး ပြီးခဲ့တဲ့ ဧပြီ ၁၁ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တစ်နာခွဲကြာတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်က ၁၀ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးပါတယ်။

◾️ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက်
👍123🔥1
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ မေလ ၃ရက် မနက် ၁၁နာရီဝန်းကျင်က အင်အား ၂၀နီးပါးရှိတဲ့ မြို့လယ်ချောင်းဂိတ်စခန်း(မြို့ဝင်ဂိတ်စခန်း)ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦး သေဆုံးပေမယ့် ဂိတ်စခန်းကို မရခဲ့ဘူးလို့ အသိပေးပါတယ်။

◾️ဆားလင်းကြီးမှာ Proof of Life လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "ထောင်ဒဏ် လျှော့တာထက် သက်ရှိထင်ရှား ရှိ၊ မရှိ ကိုသာ သက်သေပြပေးပါ" ၊ "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန်​ ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
👍203🔥1