People's Spring
63.6K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ရေးအတက်အကျရှိတာ စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် ရောက်ရေးဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

မေ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။

ဒီကနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ဖွဲ့စည်းမှု ၅နှစ်ပြည့်မှာ တော်လှန်ပြည်သူတွေထံ ဝန်ကြီးက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။

မြို့အချို့စွန့်လွှတ်ရတာနဲ့ မြေပြင်အခက်အခဲတွေ ရှိပေမယ့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့ အခြေအနေနဲ့ မိမိအင်အား အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ် မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ ပိုမိုခိုင်မာစွာလက်တွဲ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

" တော်လှန်ပြည်သူများအနေဖြင့် လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ၊ မိမိတို့၏ ခိုင်မာသော သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်များဖြင့် တော်လှန်ရေးပန်းတိုင်သို့ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြေပြင်ရှိ ရဲဘော်များနှင့်အတူ အမြဲတစေ အတူတကွ ရှိနေမည်ဖြစ်ပြီး၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမည် ဖြစ်ပါသည်”လို့ ဝန်ကြီး ဦးရည်မွန်ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ပြည်သူ့တော်လှန်ရေးဟာ ပြည်သူ့အင်အားဖြင့်သာ အောင်ရမှာဖြစ်ပြီး တော်လှန်ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းစင်ကာ မျှော်လင့်တောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ မကြာမီ ရောက်ရှိပါစေလို့လည်း ဝန်ကြီးက ဆုတောင်းပေးထားပါတယ်။

ပြည်သူတွေရဲ့ မယိုင်လဲတဲ့ ထောက်ခံအားပေးမှု၊ ယုံကြည်ကိုးစားမှု နဲ့ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးမှုများသာ မရှိခဲ့ရင် တော်လှန်ရေးဟု အခုလိုအောင်မြင်မှု အဆင့်တခုကို ရောက်ရှိလာနိုင်မှာ မဟုတ်လို့လည်း ပြောပါတယ်။

" စစ်ကောင်စီ၏ လူမဆန်သော ရွာလုံးကျွတ်မီးရှို့မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် လေကြောင်းရန်များကြားမှပင် မိမိတို့၏ ထမင်းလုပ်ကို ခွဲဝေကျွေးမွေးခဲ့ကြသော၊ ရရာနည်းလမ်းဖြင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသော ပြည်သူများ၏ ကျေးဇူးတရားသည် တိုင်းထွာ၍ မရနိုင်လောက်အောင် ကြီးမားလှပါသည်။” လို့လည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဘဝ၊ အိုးအိမ်နဲ့ စည်းစိမ်များကို စွန့်လွှတ်အနစ်နာခံကာ တော်လှန်ရေးအင်အားစုများနဲ့ အတူ ရေနှင့်ငါးပမာ တသားတည်း ရပ်တည်ပေးခဲ့ကြသော တော်လှန်ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဦးညွှတ်ကာ အလေးအမြတ်ပြု ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်များ အောင်မြင်ဖို့ အသက်နဲ့ ခန္ဓာကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်များ၊ ယခုအချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး တိုက်ပွဲဝင်နေကြဆဲဖြစ်သော ရဲဘော်ရဲဘက်များရဲ့ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံမှုများကိုလည်း မေ့ပျောက်မည် မဟုတ်ဟု ဝန်ကြီးက ပြောပါတယ်။

(၅)နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့တဲ့ အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့တာကို မျက်ကွယ်ပြုမထားဘဲ အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိဟု အသိပေးပါတယ်။

နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေဖို့ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာဖို့ တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိတဲ့ တပ်မတော်ဖြစ်လာစေရန် ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ကတိပြုပါတယ်။
👍379🥰3🔥1🖕1
(ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San)
41👍12🥰3😁2🖕2🫡1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ လက်​ပံ​တောင်းတောင်ပြည်သူတွေ တောင်းဆို

မေ-၅၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ဒီကနေ့ (မေလ ၅) အတူတကွပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "ထောင်ဒဏ် လျှော့တာထက် သက်ရှိထင်ရှား ရှိ၊ မရှိ ကိုသာ သက်သေပြပေးပါ" ၊ "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန်​ ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
34👍11🥰3🔥2
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
39👍10🥰5😁3
လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းရာ စစ်သား ၇ဦး သေဆုံး၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၈ဦး အရှင်ဖမ်းမိ

ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ် စက်တပ်လေထီးတစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချ


မေ-၅၊၂၀၂၆/People's Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်တပ်ရဲ့ လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းရာ စစ်သား ၇ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၈ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFက ဒီကနေ့ မေ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက် စုစုပေါင်း (၂၀)လက်၊ 81mm သီး (၅၁) လုံးနဲ့ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လေးကေစခန်းက ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို အထူးတိုင်းစစ်ဌာနရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း(၂)မှာ ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားရှိတယ်လို့လည်း အသိပေးထားပါတယ်။

စစ်တပ်ဟာ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းမကျစေရေးအတွက် တပ်မ(၄၄)လက်အောက်ခံ၊ ခလရ(၈)နဲ့ ခမရ (၂) ပူးပေါင်းအင်အား ၂၀၀ခန့်နဲ့ ပိန္နဲတောဗျူဟာစခန်းက စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း ရန်သူ ၂၅ ဦး သေဆုံးပြီး ၃၀ ထိခိုက်ဒဏ်ရာရကာ လက်နက်မျိုးစုံ (၂၂) လက်၊ Drone Gun တစ်လက် နဲ့ ကျည်ခဲယမ်းတွေ သိမ်းဆည်းရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆)ဦး ဖမ်းဆီးရမိခဲ့ပြီး အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း (၂)တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က ဝင်းတာပန်၊ ကျောက်ဖျာကျေးရွာတွေကို နေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဝင်းတာပန်ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဧပြီ ၄ရက်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီး (paramotor) တစ်စီးဟာ ခမရ(၃)နဲ့ သုံးမိုင်အကွာမှာ ပျက်ကျခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဘီးလင်းမြို့နယ်က လေးကေတပ်စခန်းကို PDF ပူးပေါင်းတပ်တွေက ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီ ၁၂ရက်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၇)၊ နည်းဗျူဟာ (၃၆)၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ KNLA တပ်ရင်းများ ၊ KNDO၊ LDFs တပ်ဖွဲ့များနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
39👍18👏4🔥2🥰1🖕1
(လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတဲ့ သုံ့ပန်းတွေ။ ဓာတ်ပုံ - SOF)
👍47👏107🥰3🤣1🖕1
ဖားကန့်တိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးစစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့KIA၊KPDF ရရှိ

​မေ-၅၊၂၀၂၆။ဇော်ရမ်း/People's Spring

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။

ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာမေလ၄ရက်
မနက်အစောပိုင်းကစတင်ပြီးအာဏာသိမ်းစစ်တပ်
စခန်းတွေကို KIA၊KPDFကတိုက်ခိုက်နေပြီး တိုက်
ပွဲတွေပြင်းထန်နေတာပါ။

"သေတာ စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးပါတယ်။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်စလုံးအနီးကပ်တိုက်ပွဲဖြစ်တာပါ။ သေဆုံးတာရောဖမ်းမိတာရောဆိုရင် ၁၅ဦး မကပါဘူး"လို့ KIA၊KPDFနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

အခြားသတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးသူ ၃၀ဦးထက်မနည်းရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီသတင်းပေးအချို့ကိုလည်းဖမ်းမိထားတယ်လို့ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းတွေက မှော်စီဆာကျေးရွာထဲမှာရောက်ရှိနေပြီးအရပ်သားနေအိမ်တွေကို ဖောက်ထွင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။

"အိမ်ထဲမှာရှိတဲ့ကျောက်စိမ်းတုံးတွေပါသယ်နေတာ။ လူတွေ့ရင် လူသတ်တာ။ ဒေသခံတွေလည်းပိတ်မိနေတာအများကြီးပဲ"လို့ မှော်ဆီဆာရွာမှာနေထိုင်နေတစ်ဦးကပြောပါတယ်။

ဖားကန့်မှာ ဧပြီလ၂ရက်က စတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။ လုံးခင်းကျေးရွာအုပ်စုကို စစ်ကောင်စီကထိန်းချုပ်ထားပြီး ကနဦးကာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲ ရပ်သွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်
ခိုက်ခဲ့ပါတယ်။

စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်တာလို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီကလက်နက်ကြီးတွေလည်းပစ်ခတ်နေပြီး ဒေသခံတွေရဲ့နေအိမ်အချို့မီးလောင် ပျက်စီးထားတယ်လို့သတင်းရရှိပါတယ်။

​မေ ၄ ရက်မှာတိုက်ပွဲ​တွေပြန်ပြင်းထန်ခဲ့ပြီးမြေပြင်တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်နဲ့KIA၊KPDFဟာ ယခုရက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်အပြင် ရွှေကူမြို့နယ်မှာလည်းစစ်ရေးတင်းမာနေပါတယ်။ ရွှေကူမြို့နယ်ထဲနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်မြို့နယ်ထဲကပြည်သူတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ KIAက သတိပေးထားပါတယ်။
31👍18🥰4
စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ
30👍26🥰3