People's Spring
63.6K subscribers
65.5K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တောင်သာတပ်ရင်း(၃)နဲ့ ပကဖအဖွဲ့ဝင်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦးကျဆုံး

မေ-၅၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က သံဘိုရွာမကျေးရွာ လုံခြုံရေးယူဖို့သွားတဲ့ကာကင်း ရဲဘော်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦး ကျဆုံးခဲ့တယ်လို့ ‌‌ ဖြစ်စဉ်ကိုသိထားသူတွေက ပြောပါတယ်။

မေလ ၄ရက် မနက် ၉နာရီမှာ သံဘိုရွာမကျေးရွာကို အင်အား ၁၅ဦးခန့် လိုက်ပါလာတဲ့ ကားနဲ့ တော်လှန်ရေး ရဲဘော်တွေသွား‌ရောက်စဉ် စစ်တပ်ကင်းပုံးနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

မေလ ၄ရက် ညနေပိုင်းအထိ တော်လှန်ရေးရဲဘော် ၁၁ဦးကျဆုံးပြီး ပျောက်ဆုံးရဲဘော်တချို့လည်း ရှိတယ်လို့ သိရပါတယ်။

"ကိုယ့်ဘက်က ကာကင်းအတွက်လုံခြုံရေးသွားတဲ့အချိန် စကစဘက်ကလည်း ကာကင်းကြိုရောက်နေတာ။နှစ်ဖက်လုံး ကာကင်းထုတ်ထားပြီး စောင့်ပစ်ခံရသလိုဖြစ်သွားတာ"လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

အဲဒီကားပေါ်မှာ မြင်းခြံခရိုင် တပ်ရင်း-၃(တောင်သာ)က ရဲဘော်တွေအများဆုံးပါဝင်ပြီး တိုက်နယ်ပကဖ ကရဲဘော်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တောင်သာတပ်ရင်း(၃)ကို လူထု‌နွေဦးက ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။

စစ်တပ်ကတော့ သံဘိုကျေးရွာမအနီး မောင်းဝင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကားကို ကြိုတင် စောင့်ကာတိုက်ခိုက်ခဲ့ပြီး ရုပ်အလောင်း ၁၀လောင်း၊ MA-1 (၃)လက်၊ MA-3(၁)လက်၊ Type -81 (၁) လက်၊ BA-63 (၁)လက်၊ BA-100 (၁)လက်၊ ၆၀ မမ(BA-100)ဗုံးသီး (၅)လုံး၊ လက်ပစ်ဗုံး (၃)လုံး၊ ကျည်ကာဦးထုပ် (၉)လုံး၊ ကျည်ကာ အင်္ကျီ (၇)ထည်၊ ကျည်ဘောက်မျိုးစုံ (၈) ဘောက်၊ 4 Wheel Extra cub မော်တော်ယာဥ်တစ်စီးတို့သိမ်းရတယ်လို့ ထုတ်ပြန်ထားပါတယ်။
😢524👎1🔥1👏1😭1
(စစ်ကောင်စီ ဝါဒဖြန့်ချိရေးတွေ ထုတ်ပြန်ထားတဲ့ တော်လှန်ရေး ရဲဘော်တွေဆီက သိမ်းရတယ်ဆိုတဲ့ လက်နက်တွေ။ ဓာတ်ပုံ - စကစ)
😢41🤬103👍2👎2👏1
■​ဆောင်းပါး

ဗုံးမိုးကြားက မေတ္တာ

ဟာနာဆန်/People's Spring

ဧပြီလလယ်ပိုင်းရဲ့ အညာနွေအပူချိန်က ပြင်းထန်နေတယ်။ အရာတော်မြို့နယ်၊ သလဲဘာရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲကလည်း ထပ်တူပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကဝေဟင်ထက်ကနေY12လေယာဥ်နဲ့ ဗုံးတွေလာကြဲနေတယ်။

​စစ်ကောင်စီတပ်သားတွေနဲ့ ၎င်းတို့လက်အောက်ခံ သလဲဘာရွာက ပြည်သူ့စစ်ခေါ် ပျူစောထီးတွေကတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ ဘန်ကာနဲ့ ကတုပ်ကျင်းတွေထဲကို ဦးအောင်ပြေးဝင်သွားကြတယ်။

ရွာသူရွာသားတွေကတော့ ဘယ်ပြေးလို့ပြေးရမယ်မသိ။ ပုံမှန်အချိန်မှာ ဂိတ်တွေနဲ့ ပိတ်ဆို့ထားလို့ ရွာသူရွာသားတွေ ရွာပြင်ထွက်ခွင့်မရှိ။ အခုလို စစ်တပ်ကလေကြောင်းက​နေ ဗုံး​တွေကြဲလာတော့ စစ်အုပ်စုဝင်တွေက ရွာသူရွာသားတွေကို "သွားချင်ရာသွား" ဆိုပြီး ပစ်ထားလိုက်တော့တယ်။

​ဗုံးခိုးဗုံးငွေ့များကြားက မြေပြင်ပေါ်မှာ လဲကျနေတဲ့ အမျိုးသမီးတစ်ဦးကို ပကဖ ရဲဘော်တွေ တွေ့လိုက်ရတယ်။သူ့ဘေးမှာလည်း ငိုယိုနေတဲ့ ၃ နှစ်အရွယ် ကလေးတစ်ယောက်။အမျိုးသမီးဟာ လေ
ကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားလို့ မထနိုင်တော့။

"ပုံမှန်ဆိုရင် သူတို့ကိုပေးမထွက်ဘူး။ ဂိတ်တွေနဲ့တားထားတယ်။ သူတို့ထွက်ချင်တာတောင်မရဘူး။ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလိုက်တော့ ပြည်သူတွေလည်းသွားချင်ရာသွားဆိုလုပ်တော့ ပြည်သူတွေပါ ထိကုန်ကြတယ်။ အဲဒီမှာ
အဲအမျိုးသမီးကိုစတွေ့တာ။"လို့ ရဲဘော်တစ်ဦး
က ဖြစ်စဥ်ကိုပြောပြတယ်။

အဲဒီအမျိုးသမီးဟာသလဲဘာရွာအတွင်းက လက်
နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်နေခဲ့တယ်။ သူတို့ကို စစ်အုပ်စုက PDF တွေက မင်းတို့ကို မိရင်သတ်မှာလို့ ဝါဒမှိုင်းတိုက်ထားတာကြောင့် သူ့မျက်လုံးမှာ ကြောက်ရွံ့တဲ့ အရိပ်အ
ယောင်တွေက အထင်းသား။ သို့သော် သူထင်ထားသလို ဖြစ်မလာခဲ့ပါ။

​တော်လှန်ရေးရဲဘော်နှစ်ဦးက ဒဏ်ရာရထားတဲ့သူ့ကို ပခုံးပေါ် ထမ်းတင်လိုက်ကြတယ်။ ပူပြင်းလှတဲ့ နေပူကြီးထဲမှာ မိုင်နဲ့ချီဝေးတဲ့ လုံခြုံတဲ့အရပ်သို့ မနားတမ်း သယ်ဆောင်ခဲ့ကြတယ်။ ရဲဘော်တွေ ချွေးဒီးဒီးကျနေပေမဲ့ မရပ်မနား ထမ်းသယ်လာခဲ့ကြတယ်။

စိတ်ချရတဲ့နေရာဆီရောက်တော့ ဆေးကုသပေးဖို့ ပြင်ကြတယ်။ ကယ်လာတဲ့အမျိုးသမီးက လန့်နေခဲ့တယ်။ ရဲဘော်တွေကလည်း ရှင်းပြရတယ်။

"ခင်ဗျားကို ကျွန်တော်တို့က မသတ်ဘူး။ ဆေးကုသပေးမယ်"လို့ပြောတော့ ကျေးဇူးတင်ပါတယ်လို့ပြောပြီး မျက်ရည်တွေ ကျလာခဲ့တယ်။

အမျိုးသမီးက ရဲဘော်တွေရဲ့အပြုအမူကို အံ့သြနေခဲ့တာပါ။သူ့ကိုဒီလိုကောင်းကောင်းမွန်မွန်ဆက်
ဆံမယ် ထင်မထားခဲ့ဘူး။ ဒါ့အပြင် ၎င်းအမျိုးသ
မီးအတွက် အမျိုးသမီးလူနာစောင့်ကိုပါ စီစဥ်ပေးခဲ့တယ်။

တခြားပြည်သူတွေကတော့ ရဲဘော်တွေကို "နင်တို့မို့လို့ ကုပေးနေတာ။ နင်တို့သာမိကြည့်ပါလား။"လို့ ပြောကြတော့ ရဲဘော်တွေက ပြန်ရှင်းပြတယ်။

"ကျွန်တော်တို့က စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာတဲ့ရဲဘော်တွေ၊ရန်သူ့မိန်းမဖြစ်ပလေ့စေ စစ်သုံ့ပန်းတွေကို ဘယ်လိုဆက်ဆံရတယ်ဆိုတာ ရှင်းပြရတယ်။"လို့ အရာတော်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောတယ်။

သဘဲဘာမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားများတယ်။ အမာခံတွေရှိသလို မဖြစ်မနေ စစ်မှုထမ်း
ရသူတွေလည်းရှိတယ်။သူတို့တွေကို ရွာကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်က ဝါဒမှိုင်းတိုက်ထားတယ်။ PDF တွေက နင်တို့ကိုမိရင်သတ်မှာလို့လည်း ပြောထားတယ်။ ရွာထဲကလူတွေထွက်မပြေးနိုင်အောင်ရွာပတ်ပတ်လည်မှာမိုင်းတွေထောင်
ထားတယ်။ မိုင်းကွဲရင်လည်း ငါးသိန်းဆယ်သိန်း လျော်ပေးရတယ်လို့ ဒေသခံတွေက ပြောတယ်။

ရဲဘော်တွေအနေနဲ့ကတော့ သလဲဘာက ပျူတွေ ပြည်သူ့ဘက်ကို ပူးပေါင်းစေချင်တာပါ။

"ကျွန်တော်တို့ တိုက်ပွဲဝင်နေတာသည် တစုံတယောက်ကို မုန်းလို့ သတ်ချင်လို့ သလဲဘာက ပြည်သူ့စစ်တွေကို ဦးတည်ပြီး သတ်ချင်လို့ တိုက်ပွဲဆင်နွှဲနေတာမဟုတ်ဘူး။ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ကျောထောက်နောက်ခံပေးထားတဲ့ အင်အားစုတွေကို တိုက်ထုတ်နေရခြင်းဖြစ်တယ်။"လို့ အရာတော်ပကဖ တာဝန်ရှိသူက ပြောပြတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မေလ ၅ရက်​နေ့မှာ ကျရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ​တော်လှန့်​ရေးအတွက် စစ်သည်​တော်​တွေရဲ့ကျင့်ဝတ်က ဘယ်​လောကွအ​ရေးကြီးတဲ့အ​ကြောင်းအခုလို​ပြောပါတယ်။

"တပ်တစ်ခုရဲ့ အင်အားဟာ လက်နက်ခဲယမ်းတွေ အပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ အဲဒီတပ်ရဲ့ "ကျင့်ဝတ်" စောင့်ထိန်းမှုဟာ ရန်သူကို ပစ်ခတ်တဲ့ ကျည်ဆန်ထက်ပင် ပိုမို အစွမ်းထက်ပါတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူအားလုံးက ချစ်ခင်လေးစား ယုံကြည် အားကိုးရတဲ့၊ လူ့အခွင့်အရေးနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ခိုင်မြဲစွာ စောင့်
ထိန်းနိုင်တဲ့ ပြည်သူ့ရင်သွေးများ ဖြစ်အောင် ကြိုး
စားကြဖို့ မှာကြားလိုပါတယ်။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စရပ်တွေ၊ လူထုထောက်ခံမှု ကျဆင်းစေမဲ့ လုပ်နည်းလုပ်ဟန်အမှားတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
👍254🔥2🤮1
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့က အမုန်းတရားနဲ့ လက်
စားချေတဲ့နည်းကို မသုံးဘဲ၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုနဲ့ လူသားဆန်မှုဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေကို လက်ကိုင်ထားပြီး ရှေ့ဆက်နေကြတာဟာ ရဲဘော်တို့ရဲ့ အကြီးမားဆုံးသော ကျင့်
ဝတ်ပိုင်းဆိုင်ရာအောင်ပွဲပဲဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားသမှုနဲ့ ဆက်ဆံရမှာဖြစ်သလို အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကာကွယ်စောင့်ရှောက်ဖို့လည်းတိုက်တွန်းပါတယ်။

ပြည်သူပိုင် ပစ္စည်းတွေကို မထိပါးကြဖို့နဲ့ စစ်ဆင်
ရေးတွေမှာလည်းလိုအပ်တဲ့အင်အားကိုသာ အ
သုံးပြုပြီး ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် စီမံကြဖို့ လိုအပ်ပါတယ်။ ရဲဘော်တို့ဟာ "ပြည်သူ့အတွက် ပြည်သူက မွေးဖွားပေးလိုက်တဲ့ စစ်သည်တော်ကောင်းတွေ"ဖြစ်ပါတယ်"လို့​ပြောပါတယ်။

ဆက်လက်ပြီး​တော့လည်း NUG ဝန်ကြီးချုပ်က
"ရန်သူနဲ့ မတူတာက လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတာဖြစ်လို့ စစ်သုံ့ပန်းတွေအပေါ်မှာလည်း ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း လူသားဆန်စွာ ဆက်ဆံရမှာ ဖြစ်ပါတယ်။တော်
လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း တစ်ခုတည်းမဟုတ်ဘဲ ပြည်သူ့ယုံကြည်မှု၊နိုင်ငံရေးရင့်ကျက်မှုနဲ့ စည်းကမ်းသေဝပ်မှုတို့ ပေါင်းစပ်မှသာ အောင်ပွဲကိုအမြန်ဆုံးဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ရဲဘော်တို့ဟာပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေရတာဖြစ်တဲ့အတွက် လူထု ထောက်ခံမှု၊ လူထုပံ့ပိုးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ရပ်အတွက် အသက်သွေးကြောတမျှ အရေးကြီးသလို ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို ဘယ်သောအခါမှ မမေ့ကြဖို့ အလေးအနက် တိုက်
တွန်းလိုပါတယ်" လို့ဆိုပါတယ်။

​စစ်အာာဏာရှင်ကိုသာ တိုက်ထုတ်နေတဲ့ ပကဖရဲဘော်တွေဟာ ယခုဆို သူတို့ကယ်လာခဲ့တဲ့အမျိုး
သမီးဟာ ဒဏ်ရာတွေ သက်သာသွားခဲ့ပြီ။ သနပ်
ခါးလေးဘာလေးလိမ်းပြီး ကြည်ကြည်သာသာ ရွှင်ပျနေပါပြီ။

"မင်းတို့ကာကွယ်ချင်ပါတယ်ဆိုတဲ့ ပြည်သူကို အခု ငါတို့က ကာကွယ်ပေးနေပါတယ်။ မင်းတို့ အသက်ကိုရင်းပြီး တကယ်တမ်း ကာကွယ်‌နေရတာ ဘာလဲ၊ ဘယ်သူ့ကိုလဲဆိုတာကိုတော့ ကိုယ့်ဟာကို ပြန်မေးကြပေါ့ကွာ။ အချိန်တွေ မလွန်ခင် အဖြေထွက်ပါစေလို့လဲ ဆုတောင်းပါတယ်။"လို့ အရာတော်ပကဖအဖွဲ့က အသိပေးထားပါတယ်။
👍262🔥2🤮1
ပျူစောထီးဇနီးအား ကယ်တင်ပြီး ဆေးဝါးကု
သပေးနေစဥ် ဓာတ်ပုံ-အရာတော်ပကဖ)
👍33🔥21👎1
တီးတိန်ကို အင်အားဖြည့်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ၅ရက်ဆက် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

မေ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ချင်းမြောက်ပိုင်း တီးတိန်မြို့ကို PDF Zolandပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ ရှိနေချိန်မှာ စစ်တပ်က တီးတိန်မြို့ကို စစ်ဆင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတာပါ။

အဲဒီလို ကြိုးပမ်းလာလို့ မေလ ၁ရက်ကနေ ဒီကနေ့ မေလ ၅ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင်၊ ချင်းအမျိုးသားတပ်မတော် (NCA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေက ခုခံနေတာဖြစ်ပါတယ်။

" ဒီစစ်ကြောင်းမတားနိုင်ဘူးဆိုရင်တော့ မြို့သိမ်းဖို့ကခက်သွားမယ်"လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ တီးတိန်မြို့နဲ့ မိုင် (၂၀)အကွာလောက်ရောက်လာပြီလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

" အင်အားကတော့ ၃၀၀ လောက်ရှိတယ်။ ပြဿနာက သူတို့ဖလမ်းရပြီဆိုတော့ဖလမ်းကနေ ပြန်ခေါက်လာတာရှိတယ်။ ပထမဆုံးက ၂၀၀ လောက်ပဲရှိမယ်လို့စဉ်းစားတာ။ အခုဖလမ်းကပြန်တက်တာရောဆို နည်းနည်းများသွားပြီ”လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၄ရက်ညမှာလည်း စစ်တပ်စစ်ကြောင်း ထပ်မံတက်လာလို့ အင်အားကို ခန့်မှန်းဖို့ခက်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က လေဝကြာင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေလို့ ချင်းတော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု ရှိတယ်လို့လည်း အသိပေးပါတယ်။

“အကျအဆုံးလည်း သူတို့မှာလည်း တော်တော်များတယ်။ ကျနော်တို့မှာလည်း အကျအဆုံးရှိတယ်။ သူတို့ကတော်တော်များတယ်"လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး ပူးပေါင်းတိုက်ခိုက်မှသာ စစ်တပ်တပ်စစ်ကြောင်းကို ဟန့်တားနိုင်မယ်လို့လည်း ပြောပါတယ်။

စစ်တပ်ဟာ တီးတိန်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဖလမ်းမြို့ကို ဧပြီ နောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းနဲ့ ဟားခါးလမ်းပိုင်းဆက်လက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ထိုးစစ်ဆင်နေလို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ ဧပြီလကုန်ပိုင်းကစ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
👍296🔥3🥰2🖕1
(တိုက်ပွဲတွေကြောင့် တီးတိန်မြို့ တနေရာ မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ ဓာတ်ပုံ - SB Khampi၊ ပုံအဟောင်းဖြစ်ပါတယ်)
😢24👎4🔥1🤬1
မြစ်ကြီးနားမြို့အနီး ငလျင် ဖားကန့်အထိသက်ရောက်

မေ-၅၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း မြေလွှာလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

ဒီနေ့ မေလ ၅ရက် မနက် ၁၀နာရီ ၅၀မိနစ်ခန့်မှာ ငလျင်လှုပ်ရှားသွားတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့အနီးကို ဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့်မှာ လှုပ်သွားတာလို့ အမေရိကန်ဘူမိလေ့လာရေးဌာန USGS ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက မြစ်ကြီးနားမြို့အနောက်-အနောက်တောင်ဘက်၉၅ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့ဟာ မိုင်၁၀၀ကျော် ကွာဝေးပြီး ဒီနေ့ မနက်လှုပ်ရှားတဲ့ငလျင်ကြောင့် ဖားကန့်ဒေသခံတွေလည်း စိုးရိမ်ခဲ့ကြပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမရှိဘူးလို့ ဒေသခံအချို့ကပြောပြီး အသေးစိတ်ကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကစတင်ပြီး ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရစ်(ခ်)တာစကေး ၄ကနေ ၅အကြားငလျင်တွေ မကြာခဏလှုပ်ခဲ့ပြီး နေရာကွက်မိုးကြီးမှုတွေလည်းရှိနေလို့ မြေပြိုမှုဘေးအန္တရာယ်ကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
🔥15👍14😱1😢1
14👍13😱7🔥2
ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက်

မေ-၅၊၂၀၂၆။မိုမို/People's Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုမေလ ၃ရက် မနက် ၁၁နာရီဝန်းကျင်က အင်အား ၂၀နီးပါးရှိတဲ့ မြို့လယ်ချောင်းဂိတ်စခန်း(မြို့ဝင်ဂိတ်စခန်း)ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦး သေဆုံးပေမယ့် ဂိတ်စခန်းကို မရခဲ့ဘူးလို့ အသိပေးပါတယ်။ စစ်တပ်ရဲ့သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

"မြို့နဲ့က သိပ်မဝေဘူး။ဂိတ်ထိုင်ထားတာတော့ ကြာပြီ။စစ်ရေးအရ သိမ်းပိုက်ဖို့လုပ်ဆောင်ခဲ့တာ"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အခုနှစ် ၂၀၂၆စက ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။

ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ်ဟာ ရန်ကုန် - ပြည်လမ်းပိုင်းနဲ့ချိတ်ဆက်နေပြီး နယ်မြေချင်းလည်း ထိစပ်နေပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ဧပြီကစပြီး အင်အား ၂၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေကာ အရပ်သားအချို့ သတ်ဖြတ်ခံရတာရှိတယ်လို့ သိရပါတယ်။
👍454🔥1👏1🖕1
This media is not supported in your browser
VIEW IN TELEGRAM
ဓာတ်ပုံ - ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့
45👍7🔥1
ကျောက်တော်မြို့နယ်ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ
မေ-၅၊၂၀၂၆။ဇော်ရမ်း/People's Spring
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကျောက်တော်မြို့နယ်က ဒက်ဖြူကျေးရွာနဲ့ သံပုရာထောင့်ကျေးရွာအနီးကို စစ်တပ်က မေလ ၄ရက် မနက်ပိုင်းမှာ ဗုံးကြဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" မနက် ၁ဝနာရီကနေ ၁၁နာရီအထိ ပတ်ကြဲတာ။ လူတွေက ပုန်းကျင်းထဲရှောင်ကြတယ်။ ကျွဲတွေ၊ ‌နွားတွေ သေဆုံးကုန်တယ်ဗျ"လို့ ရခိုင်ဒေသခံသတင်း ရင်းမြစ်ကပြောပါတယ်။
စစ်တပ်က ဂျက်ဖိုက်တာ သုံးစီး၊ Y12 တစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်းရှိတယ်လို့ သတင်းရရှိပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ ဧပြီမှာလည်း ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ငပလီ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ရသေ့တောင်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ ပုံစံပြောင်းလာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်( AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ပိုမိုသတိရှိကြဖို့ AAက သတိပေးပါတယ်။
AAက စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့တွေအားလုံးကိုသိမ်းယူထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်တပ်က ကြိုးစားနေပြီး လေ‌ကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေပါတယ်။
လက်ရှိမှာ ‌ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်၊ မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာ၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နဲ့ ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်မှာလည်း AAနဲ့ စစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ရက်မှာကျရောက်တဲ့ (၁၇)နှစ်မြောက်အာရက္ခတပ်တော်နေ့မှာ ထုတ်ဖော်ပြောကြားထားပြီး စစ်တပ်ကအရပ်သားပြည်သူတွေကိုဦးတည်ပြီး ပစ်ခတ်နိုင်လို့ စစ်ရေးနဲ့လုံခြုံရေးအန္တရာယ်သတိပြုကြဖို့ AAက ထုတ်ပြန်ထားပါတယ်။
😡21🔥11👍6👎21👏1😁1🤬1
(ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို စစ်တပ်က ၂၀၂၅ နိုဝင်ဘာ ၂၈ရက်မှာ လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
😡27🔥83👎2👏1😁1
အညာဒေသမှာ Kpay အကောင့်တွေဝယ်နေတာဟာ ကျားဖြန့်နဲ့ဆက်စပ်နေကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော် ပြော

မေ-၅၊ ၂၀၂၆။ဟာနာဆန်/People's Spring

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာတွေနဲ့ပတ်သက်ပြီး CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပကဖအသံစာမျက်နှာကနေ ပြောပြခဲ့တာပါ။ ၎င်းရဲ့ပြောကြားချက်အရ အညာဒေသမှာ မှတ်ပုံတင် နံပါတ်နဲ့ Face ID စနစ်(မျက်နှာမှတ်တမ်းတင် စနစ်)ကိုပါ အသုံးပြုပြီး KPay အကောင့်တစ်ခု ငါးသောင်းကျပ်နဲ့ လာဝယ်လို့ ဒေသခံတွေဟာ အစုလိုက်အပြုံလိုက် သွားရောင်းနေကြတယ်လို့ ပြောပါတယ်။

"။ Kpay ဖွင့်တာနဲ့ ငွေရတယ်ဆိုတာက သမားရိုးကျလုပ်ငန်း ဟုတ်မနေဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘဏ်ဝန်ထမ်း CDM ဖြစ်သည့်အလျောက် ဒီကိစ္စသည် သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာကို ကျွန်တော်ကောင်းကောင်းသိတယ်။"လို့ ၎င်းရဲဘော်က ဆိုပါတယ်။

ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ၄ သောင်း၊ လူရှာပေးသူက ကျပ် ၁သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကို ခရီးစရိတ်အဖြစ် ကျပ် ၁သောင်း ပြန်ပေးကြောင်း သိရပါတယ်။

အဲဒီလိုဝယ်ယူနေတာတွေဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း ၎င်းက ပြောပါတယ်။

"ဒီအကောင့်တွေရဖို့အတွက် နောက်ကွယ်ကနေ ငွေပေးတဲ့သူပေါ့။ ဒီလူတွေကတော့ အွန်လိုင်း ကျားဖြန့် ငွေလိမ်လုပ်ငန်းက လူတွေပဲ ဖြစ်ဖို့များပါတယ်။ သူများရဲ့ Face ID နဲ့ မှတ်ပုံတင်နံပါတ်ကိုသုံးပြီးတော့ K Pay ဖွင့်ပြီးတော့ ငွေပေးပြီးယူသွားတယ်ဆိုကတည်းက သမာအာဇီဝကျကျ နည်းလမ်းတော့ ဟုတ်မနေဘူး။ ဆက်စပ်တယ်လို့တော့ ပြောလို့ရတယ်"လို့ ၎င်းက ဆိုပါတယ်။

ပြည်သူတွေဟာ လက်တလောစားဝတ်နေရေး ပြေလည်ဖို့အတွက် မိမိမှတ်ပုံတင်နံပါတ်နဲ့ Face ID ကို ရောင်းချနေရခြင်းသာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

"၅ ယောက်ရှိတဲ့ မိသားစုတစ်အိမ်က ၅ ကောင့်ဖွင့်လိုက်တယ်ဆို ၂ သိန်းခွဲရတယ်။ ဆန်ကြမ်းနှစ်အိတ်စာ ရတယ်။ ဒီပုံစံမျိုးနဲ့ ငွေအလွယ်ရတဲ့ လက်တလောအကြပ်အတည်းကို ပြေလည်နိုင်တဲ့ ဖြေရှင်းတဲ့ပုံစံမျိုးနဲ့ မသိနားမလည်တဲ့ ပြည်သူဟာ သူတို့ရဲ့ မှတ်ပုံတင်နံပါတ်တွေကို ရောင်းလိုက်တဲ့သဘောမျိုး ဖြစ်သွားတယ်။"လို့ ၎င်းက ရှင်းပြပါတယ်။

ဒီဖြစ်စဥ်တွေမှာ ဘဏ်ဝန်ထမ်းတွေလည်း ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

ဒါ့ကြောင့် ၎င်းတို့အနေနဲ့ ရပ်ကျေးတိုက်နယ်အသီးသီးက ပကဖနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို KPay အကောင့်ရောင်းချတာရဲ့ အန္တရာယ်တွေ၊ ပြည်သူလူထု ဘယ်လောက်အထိ ထိခိုက်နစ်နာနိုင်လဲဆိုတာတွေကို အသိပညာပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ KPayအကောင့်တွေလာဝယ်နေလို့ ပြည်သူတွေအများအပြား သွားရောက်ရောင်းချခဲ့ကြပါတယ်။ ဒါ့အပြင် ယမန်နှစ်အတွင်းကပဲ မန္တလေးတိုင်းထဲက မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် စတဲ့ဒေသတွေမှာလည်း KPayအကောင့်လာရောက်ဝယ်ယူတာတွေရှိခဲ့ပြီး မန္တလေးမှာဆိုရင် KPayအကောင့်ရောင်းချခဲ့တဲ့ပြည်သူအချို့ကို ငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်လို့ဆိုပြီး ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါသေးတယ်။
👍37🤬53🤨3🔥1
👍29🔥31
စစ်ရေးအတက်အကျရှိတာ စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် ရောက်ရေးဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

မေ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။

ဒီကနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ဖွဲ့စည်းမှု ၅နှစ်ပြည့်မှာ တော်လှန်ပြည်သူတွေထံ ဝန်ကြီးက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။

မြို့အချို့စွန့်လွှတ်ရတာနဲ့ မြေပြင်အခက်အခဲတွေ ရှိပေမယ့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့ အခြေအနေနဲ့ မိမိအင်အား အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ် မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ ပိုမိုခိုင်မာစွာလက်တွဲ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

" တော်လှန်ပြည်သူများအနေဖြင့် လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ၊ မိမိတို့၏ ခိုင်မာသော သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်များဖြင့် တော်လှန်ရေးပန်းတိုင်သို့ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြေပြင်ရှိ ရဲဘော်များနှင့်အတူ အမြဲတစေ အတူတကွ ရှိနေမည်ဖြစ်ပြီး၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမည် ဖြစ်ပါသည်”လို့ ဝန်ကြီး ဦးရည်မွန်ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ပြည်သူ့တော်လှန်ရေးဟာ ပြည်သူ့အင်အားဖြင့်သာ အောင်ရမှာဖြစ်ပြီး တော်လှန်ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းစင်ကာ မျှော်လင့်တောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ မကြာမီ ရောက်ရှိပါစေလို့လည်း ဝန်ကြီးက ဆုတောင်းပေးထားပါတယ်။

ပြည်သူတွေရဲ့ မယိုင်လဲတဲ့ ထောက်ခံအားပေးမှု၊ ယုံကြည်ကိုးစားမှု နဲ့ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးမှုများသာ မရှိခဲ့ရင် တော်လှန်ရေးဟု အခုလိုအောင်မြင်မှု အဆင့်တခုကို ရောက်ရှိလာနိုင်မှာ မဟုတ်လို့လည်း ပြောပါတယ်။

" စစ်ကောင်စီ၏ လူမဆန်သော ရွာလုံးကျွတ်မီးရှို့မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် လေကြောင်းရန်များကြားမှပင် မိမိတို့၏ ထမင်းလုပ်ကို ခွဲဝေကျွေးမွေးခဲ့ကြသော၊ ရရာနည်းလမ်းဖြင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသော ပြည်သူများ၏ ကျေးဇူးတရားသည် တိုင်းထွာ၍ မရနိုင်လောက်အောင် ကြီးမားလှပါသည်။” လို့လည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဘဝ၊ အိုးအိမ်နဲ့ စည်းစိမ်များကို စွန့်လွှတ်အနစ်နာခံကာ တော်လှန်ရေးအင်အားစုများနဲ့ အတူ ရေနှင့်ငါးပမာ တသားတည်း ရပ်တည်ပေးခဲ့ကြသော တော်လှန်ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဦးညွှတ်ကာ အလေးအမြတ်ပြု ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်များ အောင်မြင်ဖို့ အသက်နဲ့ ခန္ဓာကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်များ၊ ယခုအချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး တိုက်ပွဲဝင်နေကြဆဲဖြစ်သော ရဲဘော်ရဲဘက်များရဲ့ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံမှုများကိုလည်း မေ့ပျောက်မည် မဟုတ်ဟု ဝန်ကြီးက ပြောပါတယ်။

(၅)နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့တဲ့ အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့တာကို မျက်ကွယ်ပြုမထားဘဲ အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိဟု အသိပေးပါတယ်။

နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေဖို့ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာဖို့ တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိတဲ့ တပ်မတော်ဖြစ်လာစေရန် ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ကတိပြုပါတယ်။
👍379🥰3🔥1🖕1
(ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San)
41👍12🥰3😁2🖕2🫡1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ လက်​ပံ​တောင်းတောင်ပြည်သူတွေ တောင်းဆို

မေ-၅၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ဒီကနေ့ (မေလ ၅) အတူတကွပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "ထောင်ဒဏ် လျှော့တာထက် သက်ရှိထင်ရှား ရှိ၊ မရှိ ကိုသာ သက်သေပြပေးပါ" ၊ "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန်​ ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
34👍11🥰3🔥2
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
39👍10🥰5😁3