People's Spring
63.6K subscribers
65.5K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
17👍8🔥1
■​ဆောင်းပါး

သွေးစွန်းပိတောက်ပန်းကို ငြင်းပယ်ကြခြင်း

ယောနသံ/People's Spring

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက်
စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။

စစ်ဆေးရေးဂိတ်‌တွေမှာ ကားတစ်စီးထိုးရပ်လာတိုင်း ယာဉ်မောင်းက လက်သိပ်ထိုးပေးရတဲ့ ငွေစက္ကူအကြွေတွေကို စစ်​​ကောင်စီတပ်ဖွဲ့ဝင် တွေက ခိုးကြောင်ခိုးဝှက်ယူပါတယ်။ ကားလမ်းမပေါ်ကမျက်နှာပြောင်တိုက် ခိုးပုံခ်ိုးနည်းက ဒီလို။

ယာဉ်မောင်းကငွေစက္ကူအကြွေတစ်ရွက်ကို လက်ထဲမှာ ပျောက်နေတဲ့အထိကျစ်နေအောင်ခေါက်ပြီး ကားပြတင်းပေါက်ကနေ လက်ထွက်ရုံထုတ်ထားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်(ဒါမှမဟုတ်)ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ကားနားကပ်လာတယ်။ ယာဉ်မောင်းလက်နဲ့သူ့လက်ပူးသွားပြီး ငွေစက္ကူအကြွေကို လက်သိပ်ထိုးယူလိုက်ပါတယ်။

လက်ဖဝါးနဲ့ လက်ချောင်းတချို့စက္ကန့်ပိုင်းလှုပ်ရှားလိုက်ရုံနဲ့ ယာဉ်မောင်းလက်ထဲကငွေစက္ကူဟာ စစ်အုပ်စုလက်ထဲကိုရောက်သွားတာပါ။အဲ့ဒီလိုမှ
မပေးရင်လည်း ယာဉ်မောင်း နဲ့ ခရီးသည်တွေကို အကြောင်းအမျိုးမျိုးပြပြီး ရစ်ပါတယ်။ ဖမ်းဆီးငွေညှစ်ပါတယ်။ဒါတွေက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ အဝေးပြေးလမ်း
မတွေပေါ်က လုံခြုံရေးအကြောင်းပြ စစ်အုပ်စုရဲ့ ​နေ့တဓူဝအလုပ်ပါ။ ‌

မေလ၃ရက်နေ့မှာတော့ သာမာန်အခြေအနေမဟုတ်တဲ့ မြင်ကွင်းတွေ ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက် ရှိခဲ့ပါတယ်။ အဲဒီရက်မတိုင်ခင်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်မှာ မိုးအနည်းငယ်ရွာခဲ့ပါတယ်။ သင်္ကြန်ကာလမတိုင်ခင် က ပိတောက်ပင် တွေမှာဝေနေခဲ့တဲ့အဖူးတွေဟာ ရွာတဲ့ မိုးကြောင့် အပြိုင်အဆိုင်ပွင့်ကြပါတယ်။

ရန်ကုန်မြို့အပြင်ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက်နဲ့ ဧရာဝတီတိုင်းထဲကမြို့တွေမှာရှိတဲ့ ပိတောက်ပင်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လာကြပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပွင့်တဲ့ပိတောက်ပန်းတွေကို လူထုလူတန်းစားမျိုးစုံက နှစ်သက်ကြပါတယ်။ ခေါင်းရွက်ဖြတ်ထိုးဈေး
သည်တွေလည်း ပိတောက်ပန်းတွေပန်ထားကြပါတယ်။ သုံးဘီးယာဥ်မောင်းသမားကလည်း ခေါင်းခန်းမှာပိတောက်ပန်းတွေဝေနေအောင်ထိုးထားပါတယ်။အမျိုးသားအချို့ဟာ ပိတောက်ကိုင်း တွေတက်ခုတ်နေပြီးအမျိုးသမီးတွေကလည်း ပိ
တောက်ပွင့်တွေကို တံချူနဲ့ ခူးနေကြပါတယ်။ ကလေးငယ်တွေကလည်း ပိတောက်ပန်းခက်တွေကိုင်ပြီးပြေးလွှားဆော့ကစားနေကြပါတယ်။ ရန်ကုန်နဲ့ဧရာဝတီတိုင်းမှာ​မေ ၃ ရက်ကပိတောက်ပန်းတွေဝေပြီး ပ်ိ‌တောက်ပန်းရနံ့တွေသင်း နေခဲ့ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုအောက်မှာ ဒုက္ခသုက္ခမျိုးစုံလည်စင်းခံနေရပြီး စိတ်ချမ်းသာရခြင်းမရှိတဲ့ လူထုအဖို့ ပိတောက်ပန်းက ပေးတဲ့ကြည်
လင်မှုကိုလည်း ကြာရှည်မခံစားလိုက်ရပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေကိုအသုံးချပြီး လူထုကိုစည်းရုံးလှည့်ဖျားဖို့ကြိုးစားလာကြလို့ပါ။

ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက်စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားမှန်ပေါက်ကနေပိတောက်ပန်းကိုင်းတချို့ကို ကားခေါင်းခန်းထဲ အတင်းသွင်းပေးကြတာပါ။ ကားတစ်စီးတလေမဟုတ်ဘဲ ဖြတ်သွားဖြတ်လာကားတိုင်းကို အတင်းပေးနေတာဖြစ်ပါတယ်။လူထုလူတန်းစားမျိုးစုံကပိတောက်ပန်းကို ချစ်မြတ်နိုးကြတာကိုအခွင့်ကောင်းယူပြီး စည်းရုံးရေးဆင်းကြတာပါ။ ပန်းတွေ ပေးနေချိန်မှာတော့ စစ်​တပ်လက်​အောက်ခံလက်နက်ကိုင်ချို့က သူတို့ကိုသူတို့ယုံကြည်ချက်မရှိသလို ရယ်ကျဲကျဲမျက်
နှာပေးနဲ့။ တချို့ကတော့ သူတို့ကိုသူတို့ ကယ်တင်
ရှင်တွေလို၊ ပြည်သူတွေက ကြည်ဖြူကြသူတွေလို မျက်နှာပေးနဲ့ ရယ် မောနေကြပါတယ်။

အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့လက် တွေက ပိတောက်ပန်းတွေကမ်းပေးတဲ့အခါ ပန်း
ရနံ့လည်းပြယ်ရပါတော့တယ်။ ရန်ကုန်မြို့ကနေအိမ်မှာ မနက်ခင်းက ကြည်ကြည်နူးနူးရှူရှိုက်ခဲ့တဲ့ ပိတောက်ပန်းအနံ့ကို ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမပေါ်အရောက် အော်ဂလီဆန်ရသူတွေထဲမှာ ဦးဝင်းမိုးနဲ့သူ့မိတ်ဆွေတွေပါဝင်ခဲ့ပါတယ်။

ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမအတိုင်း မိတ်ဆွေလေးဦးနဲ့အတူ ကားမောင်းလာခဲ့တဲ့ဦးဝင်းမိုးဟာ စစ်ဆေးရေးဂိတ်တခုကို ဖြတ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေဝေ ပေးနေတာနဲ့ ကြုံပါတယ်။

ကားခေါင်းခန်းထဲကို ရုတ်တရက်ဝင်လာတဲ့စစ်
တပ်ယူနီဖောင်းလက်တစ်စုံနဲ့ ပိတောက်ပန်းခက်ကို မြင်မြင်ခြင်း ဦးဝင်းမိုးတစ်ယောက်မျက်စိမျက်
နှာပျက်သွားပါတယ်။ ဒါပေမယ့်ချက်ချင်းမျက်နှာတည်လိုက်ရင်း ပိတောက်ပန်းခက် တွေကို ကားနောက်ခန်းမှာ ရှိသူထံ ပေးလိုက်ပါတယ်။ပြီးတော့
ကားကိုဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ပါတယ်။စစ်ဆေးရေးဂိတ်အလွန်မှာ ပထမဆုံးစကားစပြောသူက ဦးဝင်းမိုးကိုယ်တိုင်ဖြစ်ပါတယ်။

" ပိတောက်ပန်းကို မကြိုက်ကြဘူးလား"

သူက အဖြေကို သိလျက် မေးတာပါ။ကားနောက်ခန်းထဲကတစ်ယောက်ကလည်းချက်ချင်းတုန့်ပြန်ပါတယ်။

" ကျက်သရေတုန်းလို့"

နောက်တစ်ယောက်ကလည်း "သိုးရေခြုံထားတဲ့ဝံပလွေတွေက ပေးတဲ့ပန်းက ရွံစရာကောင်းတယ်။ သွေးနံ့ နံ့တယ်" လို့ဆိုပါတယ်။
👍196🔥2
ပိတောက်ပန်း နဲ့ ရနံ့ကို နှစ်သက်ကြပေမဲ့ စစ်သားနဲ့စစ်တပ်လက်​အောက်ခံပျူ​စောထီးတွေပေးလာတာမို့ သူတို့ မသထီဖြစ်နေကြတာပါ။ နောက်ဆုံးမှာတော့ ကားနောက်ခန်းထဲကပိတောက်ပန်းခက်တွေကိုယူပြီး လမ်းဘေးမှာ ပစ်ချလိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဦး
ဆောင်တဲ့ စစ်သားတွေဟာ အာဏာသိမ်းကာလငါးနှစ်ကျော်အတွင်း အနည်းဆုံး အရပ်သားပြည်သူ တစ်သောင်းကျော်ကိုသတ်ဖြတ်ထားပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ လသားအရွယ်ကလေးငယ်တွေ၊သူကြီးရွယ်အိုတွေ၊ကျောင်းသားကျောင်း
သူတွေလည်းပါဝင်ပါတယ်။ အသက်၈၀ နှစ်အရွယ် ရှိ​နေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလည်းဖမ်းဆီးထားပြီး သတင်းအမှောင်ချထားပါတယ်။ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးရဲ့လားဆိုတဲ့သံသယတွေလူထုကြားမှာကြီး
မားနေပြီးထုတ်ဖော်ပြသပေးဖို့လည်းလူထုနဲ့နိုင်
ငံတကာအသိုင်းအဝိုင်းကတောင်းဆိုနေကြပါတယ်။

အရပ်သားပြည်သူတွေကိုသတ်ဖြတ်မှုတွေ၊အပြစ်
မရှိတဲ့သူတွေကိုဖမ်းဆီးထားမှုတွေအပြင်စစ်အာ
ဏာရှင်သက်ဆိုးရှည်နေခြင်းအတွက်ပြည်သူလူ
ထုဟာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုရွံရှာမုန်းတီးနေကြပါတယ်။

စစ်တပ်အသိုင်းအဝိုင်းကိုရှောင်ကြဉ်ကြသလို စစ်
တပ်ထုတ်ကုန်တွေကိုလည်း Boycott လုပ်နေကြဆဲပါ။အဲဒီလိုအခြေအနေမှာစစ်တပ်ယူနီဖောင်းဝတ်လက်တွေက ပိတောက်ပန်းတွေလာကမ်းတဲ့အခါ ပန်းက ပေးတဲ့ နဂိုလ်မူလအကြည်ဓာတ်ပါ ပျောက်ဆုံးသွားတာပါ။

မိုင်ပေါင်း ၁၂၀ ကျော်ရှည်လျားတဲ့ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမမှာ နေ့စဉ်ကားအစီးရေ ထောင်ချီဖြတ်သန်းနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေက​ ရဲကျဲကျဲမျက်မှာပေးနဲ့ အတင်းပေးခဲ့တဲ့ ပိတောက်ပန်းတွေကို လွှင့်ပစ်ခဲ့တာက ဦးဝင်းမိုးတို့ကားတစ်စီးထဲမဟုတ်ပါဘူး။လမ်းမပေါ်နဲ့လမ်းဘေးနေရာတွေမှာ လွှင့်ပစ်ထားတဲ့ ပိ‌ တောက်ပန်းကိုင်းနဲ့ပန်းခက်တွေ ဒီနေ့အထိမြင်တွေ့ရနိုင်ပါသေးတယ်။ ။
28👍9🥰2🔥1
အဝေးပြေးလမ်းမဘေးမှာ ပိတောက်ပန်းခူးပန်နေကြသူ​တွေနဲ့ လမ်းမဘေးက ပိတောက်ပင်​တွေ/ရန်ကုန်-ပုသိမ်လမ်းက စစ်တပ်လက်​အောက်ခံလက်နက်ကိုင်​တွေ(ပုံ​ဟောင်း) ။ဓါတ်ပုံ-YNLP
👍434🔥2
PDFရဲဘော်တွေထဲက အသက်နဲ့ခန္ဓာ စွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ NUGယာယီသမ္မတ မေတ္တာရပ်ခံ

◾️PDFရဲဘော်တွေနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေဟု အသိပေး

မေ-၅၊၂၀၂၆/People's Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲက အသက်နဲ့ ခန္ဓာပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင် တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက မေတ္တာရပ်ခံလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဖွဲ့စည်းတည်ထောင်တာ (၅) နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားတဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်းထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအပေါင်းကိုလေးနက်စွာ အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ထပ်မံပြောကြားပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးသမိုင်းမှာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီလို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့အစိုးရ ပီသစွာ၊ ပြည်သူ့တော်လှန်ရေးကို ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေတယ်လို့လည်း ထပ်မံပြောကြားပါတယ်။

" ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲမှာ၊ အသက်နဲ့ ခန္ဓာကို ပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင် တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကိုလည်း အချင်းချင်း ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံ ပါတယ်"လို့ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ထဲကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပြီး တော်လှန်ရေးခရီးကြမ်းတွေကိုလည်း အတူဖြတ်သန်းခဲ့ကြသလို၊ နိုင်ငံရေးလောကဓံ အနိမ့်အမြင့်တွေကိုလည်း အတူတူဖြတ်သန်းကျော်ဖြတ်ခဲ့ကြပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

" ယနေ့အချိန်အထိ ကျော်ဖြတ် ကူးမြောက်ခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မကြုံဖူးတဲ့ အောင်မြင်မှုအထွဋ်အထိပ်တွေကိုလည်း ရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ခရီးဆုံးပန်းတိုင်ကိုတော့ မရောက်သေးဘူးဆိုတာ သတိပြုရမှာဖြစ်ပါတယ်"လို့လည်း ယာယီသမ္မတက ပြောပါတယ်။

လက်ရှိ အချိန်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို၊ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေရတယ်လို့လည်း သတိပေးစကားပြောပါတယ်။

"တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်း ကျော်ဖြတ်ကြရတာတွေ လည်း ရှိနေတတ်ပါတယ်"လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့ကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိပကတိတွေကို လျစ်လျှူရှုလို့ မရသလို၊ အားလုံး မျှော်လင့်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေပြတ်လို့ မရဘူးလို့ ယာယီသမ္မတက ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ခြေစုံရပ် ပါဝင်ထားကြတဲ့သူတွေ ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်သားတွေဟာ တစ်ဖက်မှာလည်း တော်လှန်ရေးသမားတွေဖြစ်သလို၊ တစ်ဖက်မှာလည်း ပြည်သူ့အရေးတော်ပုံတပ်သားတွေအဖြစ် တာဝန်ယူထားကြရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့ကြောင့် ရဲဘော်ရဲဘက် အားလုံးဟာ တော်လှန်ရေးကာလအတွင်းမှာ အသိဉာဏ်ပညာကိုယ်ခံအားကို ဖြည့်တင်းရင်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။
47🥰7👍5😁2🫡2🖕1
(NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်ပြီး PDFရဲဘော်တွေနဲ့ တွေ့ဆုံစစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG)
🥰3820👍5🫡4😁1🖕1
ပြည်သူ့အာဏာ ပြည်သူ့ထံပြန်အပ်နှင်းနိုင်ဖို့တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစု
စည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့ PDF ​တွေကို ဝန်ကြီးချုပ်တိုက်တွန်း

​မေ-၅၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်
လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေး
အစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

ဒီနေ့( ​မေ ၅ရက်​နေ့)ကျရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်
ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် NUG မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်က PDFရဲဘော်တွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်းအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စစ်ရေးရည်မှန်း
ချက်တွေနဲ့ပတ်သက်လို့ ပြောကြားသွားတာဖြစ်ပါတယ်။

●တိုင်းရင်းသားမဟာမိတ်တပ်တွေနဲ့တိုက်ပွဲဝင်ရေး

စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုင်းရင်း
သားမဟာမိတ်ပူးပေါင်းထပ်တွေနဲ့ စုစုစုစည်းတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

၅ နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ရယူပြီး ပိုမို ကောင်းမွန်တဲ့ မဟာဗျူဟာတွေ၊ ပိုမိုသာလွန်တဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ရှေ့ဆက်ကြဖို့နဲ့ ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစည်းညီညွတ်စွာ လက်တွဲညီညီနဲ့ အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြဖို့ တိုက်
တွန်းထားပါတယ်။

(၅) နှစ်တာကာလအတွင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ရဲ့ စစ်ဒေသအလိုက်ဟန်ချက်ညီတဲ့ စစ်ရေး ပူးပေါင်း
ဆောင်ရွက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ လည်း​ပြောပါတယ်။

ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ကို အလုံးစုံ ကူး
ပြောင်းနိုင်ခဲ့ရုံသာမက လွတ်မြောက်နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေကိုပါ အခိုင်
အမာ တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

●ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ရှေ့ပြေးအမြုတေ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဟာ ၂၀၂၁အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်
ခိုက်ဖို့ ပြည်သူ့ထံက ပေါက်ဖွားလာတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ ရှေ့ပြေးအမြုတေဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အစိုးရထံကနေ နိုင်ငံတော် အာဏာကို အဓမ္မလုယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အ
တွက် မလွှဲမရှောင်သာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြား
မှာ ပြည်သူနဲ့အတူရုန်းကန်တိုက်ပွဲဝင်ရင်း မတရားတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ဖို့အ
တွက် ဇွဲ၊ သတ္တိ၊ ဝီရိယအပြည့်နဲ့ နိုင်ငံတစ်ဝန်းမှာ တော်လှန်အောင်ပွဲ များစွာကိုလည်း ဆင်နွှဲနိုင်ခဲ့ကြတယ်လို့ မိန့်ခွန်းမှာထည့်သွင်းပြောကြားထားပါတယ်။

"တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်လေးတွေကို ကိုင်ဆောင်ပြီး စတင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ်ဟာ ပြည်သူလူထုရဲ့ မယိမ်းယိုင်တဲ့ ထောက်ခံမှု၊ ယုံကြည်အားကိုးမှုတွေနဲ့အတူ ဒီကနေ့ အချိန်မှာတော့ ခေတ်မီလက်နက်တပ်ဆင်နိုင်မှု၊ စစ်ရေးဗျူဟာကျွမ်းကျင်မှု၊ တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း လိုက်နာမှု၊ ခိုင်မာတဲ့ စုဖွဲ့ကွပ်ကဲမှု စနစ်တွေနဲ့အတူ စနစ်တကျ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်"လို့ပြောထားပါတယ်။

●စစ်‌ရေးဗျူဟာနဲ့အတူကြံ့ခိုင်ရမယ့်စိတ်ဓာတ်

လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးအခြေ အနေတွေနဲ့ပတ်သက်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် က အသေးစိတ်ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အလေး
ထား စဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်
ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်
ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ကြောင်းလည်း​ထည့်သွင်း​ပြောကြားပါတယ်။ဒါဟာ ရန်သူ
ကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်
ပွဲများအတွက် အင်အားစုဆောင်းတာလဲဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ရေးသဘော သဘာဝအရ လိုအပ်လာတဲ့အခါ တန်ပြန်ထိုးစစ်မှ ခုခံစစ်ကို တစ်ဖန်ဆင်နွှဲရတဲ့အခါ စိတ်ဓာတ်ရေးရာအရ အားလျော့မသွားကြဖို့သတိ
ပေးလိုပါတယ်"လို့ပြောကြားထားပါတယ်။
35👍13😁4🖕1
တော်လှန်ရေးခရီးဟာပန်းတိုင်မရောက်မချင်း လျှောက်လှမ်းကြရမဲ့ ခရီးရှည်ကြီးတစ်ခု ဖြစ်လို့ "ဘယ်သူက ပိုပြီးကြံ့ကြံ့ခံနိုင်မလဲ" "ဘယ်သူက ပိုပြီးဇွဲရှိမလဲ" ဆိုတဲ့အချက်ကပဲ အောင်ပွဲအတွက် အဓိကအဆုံးအဖြတ် ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

"ခရီးက ရှည်လျားလွန်းတော့ လူဆိုတာ ပင်ပန်းတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ပင်ပန်းလာတဲ့အခါ ခဏနားပါ၊ ဒါပေမဲ့ လမ်းဆုံးအထိ ဆက်လျှောက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို နားနေတာဟာ လက်နက်ချဖို့ မဟုတ်သလို၊ လမ်းခုလတ်မှာ ရပ်
တန့်သွားဖို့လည်း မဟုတ်ပါဘူး။ အားအင်တွေ ပြန်ပြည့်လာပြီဆိုတာနဲ့ ရှေ့ကို ဆက်လျှောက်ရမယ်ဆိုတဲ့ အသိစိတ်ကတော့ ရဲဘော်တွေနဲ့အတူ အမြဲရှိနေရမှာဖြစ်ပါတယ်"လို့တိုက်တွန်းသွားပါတယ်။

"တစ်ဦးချင်းစီက ပင်ပန်းတဲ့အခါ အနားယူ၊ အားပြန်ဖြည့်ပြီး အချင်းချင်း ပြန်တွဲခေါ်သွားကြမယ်ဆိုရင် အောင်ပွဲက ကျွန်တော်တို့ လက်တစ်ကမ်းမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ "လို့ပြောကြားထားပါတယ်။

●အကြီးမားဆုံးကျင့်ဝတ်ပိုင်းဆိုင်ရာအောင်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေလိုက်နာရမယ့်စစ်သည်ကျင့်ဝတ်ဆိုင်ရာခံယူချက်တွေနဲ့ပတ်သက်လို့လည်း အခုလိုပြောကြားသွားပါတယ်။

"တပ်တစ်ခုရဲ့ အင်အားဟာ လက်နက်ခဲယမ်းတွေ အပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ အဲဒီတပ်ရဲ့ "ကျင့်ဝတ်" စောင့်ထိန်းမှုဟာ ရန်သူကို ပစ်ခတ်တဲ့ ကျည်ဆန်ထက်ပင် ပိုမို အစွမ်းထက်ပါတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူအားလုံးက ချစ်ခင်လေးစား ယုံကြည် အားကိုးရတဲ့၊ လူ့အခွင့်အရေးနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ခိုင်မြဲစွာ စောင့်
ထိန်းနိုင်တဲ့ ပြည်သူ့ရင်သွေးများ ဖြစ်အောင် ကြိုး
စားကြဖို့ မှာကြားလိုပါတယ်။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စရပ်တွေ၊ လူထုထောက်ခံမှု ကျဆင်းစေမဲ့ လုပ်နည်းလုပ်ဟန်အမှားတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့က အမုန်းတရားနဲ့ လက်
စားချေတဲ့နည်းကို မသုံးဘဲ၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုနဲ့ လူသားဆန်မှုဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေကို လက်ကိုင်ထားပြီး ရှေ့ဆက်နေကြတာဟာ ရဲဘော်တို့ရဲ့ အကြီးမားဆုံးသော ကျင့်
ဝတ်ပိုင်းဆိုင်ရာအောင်ပွဲပဲဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားသမှုနဲ့ ဆက်ဆံရမှာဖြစ်သလို အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကာကွယ်စောင့်ရှောက်ဖိူ့လည်းတိုက်တွန်းပါတယ်။

ပြည်သူပိုင် ပစ္စည်းတွေကို မထိပါးကြဖို့နဲ့ စစ်ဆင်
ရေးတွေမှာလည်းလိုအပ်တဲ့အင်အားကိုသာ အ
သုံးပြုပြီး ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် စီမံကြဖို့ လိုအပ်ပါတယ်။ ရဲဘော်တို့ဟာ "ပြည်သူ့အတွက် ပြည်သူက မွေးဖွားပေးလိုက်တဲ့ စစ်သည်တော်ကောင်းတွေ"ဖြစ်ပါတယ်။ ရန်သူနဲ့ မတူတာက လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတာဖြစ်လို့ စစ်သုံ့ပန်းတွေအပေါ်မှာလည်း ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း လူသားဆန်စွာ ဆက်
ဆံရမှာ ဖြစ်ပါတယ်။တော်လှန်ရေးဆိုတာ လက်
နက်ကိုင်တိုက်ပွဲဝင်ခြင်း တစ်ခုတည်းမဟုတ်ဘဲ ပြည်သူ့ယုံကြည်မှု၊နိုင်ငံရေးရင့်ကျက်မှုနဲ့ စည်း
ကမ်းသေဝပ်မှုတို့ ပေါင်းစပ်မှသာ အောင်ပွဲကိုအမြန်ဆုံးဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

ရဲဘော်တို့ဟာပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံး
နေရတာဖြစ်တဲ့အတွက် လူထု ထောက်ခံမှု၊ လူထုပံ့ပိုးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်
ရပ်အတွက် အသက်သွေးကြောတမျှ အရေးကြီးသလို ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို ဘယ်သော
အခါမှ မမေ့ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်"

●စစ်ပွဲရဲ့အဆုံးအဖြတ်

စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်အင်အားအများအပြားသုံးပြီး လူထုနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့တော်လှန်ရေးစိတ်ဓာတ်ကို ဖြိုလှဲဖို့သတင်းအမှားတွေထုတ်ပြန်နေတာကိုလည်းသတိပေးသွားပါတယ်။

"ရန်သူ့အင်အား သာနေချိန်မှာတောင် ရဲဘော်တို့ရဲ့ စိတ်ဓာတ်ကို သူတို့ မဖြိုလဲနိုင်ရင် အဲဒီစိတ်ဓာတ်ကပဲအောင်ပွဲဆီကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်ပွဲတစ်ခုရဲ့ အဆုံးအဖြတ်ဟာ လက်နက်အင်
အားထက် တိုက်ပွဲဝင်နေသူတွေရဲ့ မယိမ်းယိုင်တဲ့ ယုံကြည်ချက်အပေါ်မှာပဲ မူတည်ပါတယ်"လို့ မန်းဝင်းခိုင်သန်းကပြောကြားထားပါတယ်။

ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်
အဟုန်တွေနဲ့ ဘယ်သူမှ တွန်းလှဲရပ်တန့်လို့မရတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပြီး ဒီကနေ့ ရရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုတည်းရဲ့ ကြိုးပမ်းမှု သက်သက်မဟုတ်ဘဲ၊ မဟာမိတ် တိုင်း
ရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှု၊ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ပြည်တွင်းပြည်ပက ပြည်
သူလူထုရဲ့ ယနေ့အချိန်အထိ မယိမ်းမယိုင်တဲ့ ယုံ
ကြည်ချက်၊ အားပေး ထောက်ခံမှု၊ ပံ့ပိုးကူညီမှုတွေကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။
👍367😁2🖕1
စစ်အာဏာရှင်တော်လှန်ရေးခရီးဟာ အခက်အခဲတွေနဲ့စိန်ခေါ်မှုတွေကြီးမားနေပေမယ့်ပြည်သူလူထုရဲ့ မဆုတ်မနစ်တဲ့ ထောက်ခံပံ့ပိုးမှု၊ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ စည်းလုံး ညီညွတ်မှု၊ ကာ
ကွယ်ရေး ရဲဘော်တို့ရဲ့ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့အတူစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး၊ အားလုံးတန်းတူညီမျှမှုရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စစ်အာဏာ
ရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်အတွက် အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါတွေ စတေးပြီး မြင့်မြတ်စွာပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကာကွယ်ရေးရဲဘော်တွေကိုလည်းဦးညွှတ်ဂုဏ်ပြု​ကြောင်းလည်း ပြောကြားပါတယ်။
🥰29👍154😁2🫡2🖕1
ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-အထူးတိုင်းစစ်ဌာန ၊အမှတ်(၁)စစ်​ဒေသ၊မတ္တရာမျိုးမှန်းတပ်ဖွဲ့ ၊ မ​ကွေးတိုင်းPDF
👍4524🥰6🫡4🔥1🖕1
တောင်သာတပ်ရင်း(၃)နဲ့ ပကဖအဖွဲ့ဝင်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦးကျဆုံး

မေ-၅၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က သံဘိုရွာမကျေးရွာ လုံခြုံရေးယူဖို့သွားတဲ့ကာကင်း ရဲဘော်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦး ကျဆုံးခဲ့တယ်လို့ ‌‌ ဖြစ်စဉ်ကိုသိထားသူတွေက ပြောပါတယ်။

မေလ ၄ရက် မနက် ၉နာရီမှာ သံဘိုရွာမကျေးရွာကို အင်အား ၁၅ဦးခန့် လိုက်ပါလာတဲ့ ကားနဲ့ တော်လှန်ရေး ရဲဘော်တွေသွား‌ရောက်စဉ် စစ်တပ်ကင်းပုံးနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

မေလ ၄ရက် ညနေပိုင်းအထိ တော်လှန်ရေးရဲဘော် ၁၁ဦးကျဆုံးပြီး ပျောက်ဆုံးရဲဘော်တချို့လည်း ရှိတယ်လို့ သိရပါတယ်။

"ကိုယ့်ဘက်က ကာကင်းအတွက်လုံခြုံရေးသွားတဲ့အချိန် စကစဘက်ကလည်း ကာကင်းကြိုရောက်နေတာ။နှစ်ဖက်လုံး ကာကင်းထုတ်ထားပြီး စောင့်ပစ်ခံရသလိုဖြစ်သွားတာ"လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

အဲဒီကားပေါ်မှာ မြင်းခြံခရိုင် တပ်ရင်း-၃(တောင်သာ)က ရဲဘော်တွေအများဆုံးပါဝင်ပြီး တိုက်နယ်ပကဖ ကရဲဘော်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တောင်သာတပ်ရင်း(၃)ကို လူထု‌နွေဦးက ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။

စစ်တပ်ကတော့ သံဘိုကျေးရွာမအနီး မောင်းဝင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကားကို ကြိုတင် စောင့်ကာတိုက်ခိုက်ခဲ့ပြီး ရုပ်အလောင်း ၁၀လောင်း၊ MA-1 (၃)လက်၊ MA-3(၁)လက်၊ Type -81 (၁) လက်၊ BA-63 (၁)လက်၊ BA-100 (၁)လက်၊ ၆၀ မမ(BA-100)ဗုံးသီး (၅)လုံး၊ လက်ပစ်ဗုံး (၃)လုံး၊ ကျည်ကာဦးထုပ် (၉)လုံး၊ ကျည်ကာ အင်္ကျီ (၇)ထည်၊ ကျည်ဘောက်မျိုးစုံ (၈) ဘောက်၊ 4 Wheel Extra cub မော်တော်ယာဥ်တစ်စီးတို့သိမ်းရတယ်လို့ ထုတ်ပြန်ထားပါတယ်။
😢534👎1🔥1👏1😭1