ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ မေလ၄ ရက် မနက်အစောပိုင်းက စတင်ပြီး စစ်တပ် စခန်းတွေကို KIA၊ KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မနက် ၅နာရီ ၂၀မိနစ်ကစပြီး မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တာကနေ မနက် ၁၀နာရီနီးပါးအထိ သေနတ်ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး လက်နက်ကြီးတွေလည်း ကျနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က လုံးခင်းကျေးရွာအတွင်း ဂေါက်ကွင်းနဲ့ မှော်စီဆာအနီးမှာ အများဆုံးတပ်စွဲထားပြီး အဲ့ဒီဝန်းကျင်ကို KIA၊ KPDFက ဝိုင်းပိတ်ထားတယ်လို့ သိရပါတယ်။ စစ်ဆိုင်ထားတဲ့နေရာက ပြည်သူတွေ တိမ်းရှောင်ကြဖို့ KIA၊ KPDFက သတိပေးထားပြီး စစ်တပ်ကကျ ပြည်သူတွေကို ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲက ပြင်းထန်တာကြောင့် စစ်တပ်က ဆက်ပိတ်ထားရင် အရပ်သားတွေ ဒုက္ခရောက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
◾️ရွှေကူမြို့နယ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲဆက်ဖြစ်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဒီနေ့ မေလ ၄ရက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။ ရွှေကူမြို့နယ် ငအိုးဒေသကို ရောက်နေတဲ့ စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကိုစစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေ ပြင်းထန်နိုင်ကြောင်းလည်း အသိပေးပါတယ်။ KIAနဲ့အတူ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရွှေကူ KPDFကလည်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားချက်ကို ဒီနေ့ မေလ ၄ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ ရွှေကူ KPDF တပ်ရင်း နယ်မြေအတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေအရ စစ်တပ် စစ်ကြောင်းများ၊ ဂိတ်များ၊ ကာကင်းစခန်းများနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုဘဲ ရှောင်ရှားနေထိုင်ကြဖို့ သတိပေးပန်ကြားထားတာပါ။
◾️တိုက်ပွဲဖြစ်လာနိုင်လို့ မဘိမ်း ဒေသခံတွေ ရှောင်တိမ်းဖို့ KIAသတိပေး
ရှမ်းပြည်နယ်မြောက်ပိုင်း KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် တပတ်အတွင်း ဒေသခံပြည်သူတွေ ရှောင်တိမ်းကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဘတ်တံဆိပ်ပါ စစ်သားတွေလိုက်လာတဲ့ စစ်ကား၂၃စီးအင်အားပို့ပြီးတဲ့နောက် နယ်မြေချင်းဆက်စပ်နေပြီး KIA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်မယ့် သတင်းတွေ ဒေသခံတွေအကြား ကျယ်ကျယ်ပြန့်ပြန့်ထွက်နေခဲ့တာပါ။ ဒီရက်ပိုင်းမှာ စစ်တပ်ပို့လိုက်တဲ့ အင်အားတွေထဲက ၅၀ လောက်ဟာ ရွာတွေဘက်အင်အားလှည့်ပြတာမျိုးရှိသလို စစ်တပ်က အင်အားပြတာလည်း ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်က ထိုးစစ်ဆင်လာနိုင်လို့ ဒေသခံတွေကို တိမ်းရှောင်ခိုင်းတာဖြစ်တယ်လို့ ဒီနေ့ မေလ ၄ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ရေးထူးခြားမှုတွေ မရှိသေးပေမယ့် တိုက်ပွဲတွေ ပြင်းထန်လာမယ့် အခြေအနေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
◾️စစ်တပ်က အင်အား ရာချီ ကျောက်ထုမြို့ဆီ စစ်ကြောင်းထိုးလာမယ်လို့ ဆို
အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀လောက်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဧပြီလနောက်ဆုံးပတ်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ကနဦးရောက်ရှိခဲ့တာလို့ သိရပါတယ်။ ကပစ(၂၂)ကနတဆင့် ပေါက်မြို့နယ်တောင်ပိုင်းက သပြေအေးကျေးရွာကို မေလ ၁ရက်က စစ်ကြောင်း ဝင်ရောက်ခဲ့ပြီး ဒီနေ့ မေလ ၄ ရက်မှာ သပြေအေးကျေးရွာကထွက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အား ၅၀၀ ကျော် ၆၀၀ နီးပါးပါဝင်တဲ့ စစ်ကြောင်းကို ဗျူဟာမှူး ဦးဆောင်လာပြီး ရှေ့ရက်က မိုင်းထိကာ ထိခိုက်သေဆုံးမှုတချို့ရှိတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးက ပြောပါတယ်။
◾️မန္တလေးမှာ နေ့စဉ်အမှိုက်မသိမ်းနိုင်လို့ အနံဆိုးတွေထွက်နေ

👍20❤3🔥1
မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အထူးသဖြင့် ချမ်းအေးသာစံမြို့နယ်ထဲက အမှိုက်ကန်တွေမှာ ပုံမှန်အမှိုက်မသိမ်းတာကြောင့် အမှိုက်ကန် ပြည့်လျှံနေပြီး အနံဆိုးတွေ ဆိုးဆိုးရွားရွား ထွက်လာနေတာလို့ မြို့ခံတွေက ဆိုပါတယ်။ မန္တလေးစည်ပင်ဟာ လစဉ် အမှိုက်ခွန်ကောက်ခံပေမယ့် ရပ်ကွက်တွေဆီ အမှိုက်ကား ပုံမှန်စေလွှတ်နိုင်တာ မတွေ့ရဘူးလို့ ချမ်းအေးသာစံ မြို့ခံ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဲဒီလို ပုံမှန်အမှိုက်မသိမ်းနိုင်တာကြောင့် မဟာအောင်မြေမြို့နယ်မှာလည်း အမှိုက်ကန်တွေ ပြည့်လျှံနေတာအလားတူ ကြုံနေရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ကို Smart City အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်မှာ သတ်မှတ်ပြီး စည်ပင်က အမှိုက်သိမ်းကားတွေကိုနေ့စဉ်စေလွှတ်ပြီး အမှိုက်သိမ်းစေသလို အမှိုက်ကားတွေကို ထိန်းချုပ်ဖို့အတွက် GPS စနစ်တွေပါ တပ်ဆင်ခဲ့ပါတယ်။ အခုတော့ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ရပ်ကွက်တွေဆီ အမှိုက်ကားတွေ ပုံမှန်လာတာမရှိတော့သလို အမှိုက်ကားလာရင် ရပ်ကွက်နေပြည်သူတွေကို သိအောင် အသိပေးတဲ့ လော်စပီကာသံလည်း မကြားရတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
◾️Proof of Life လှုပ်ရှားမှု စစ်ကိုင်းမှာ ပြုလုပ်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေက မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ "Proof of Life" လှုပ်ရှားမှုပြုလုပ်ကာ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ လှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

👍21🔥1
■ဆောင်းပါး
သွေးစွန်းပိတောက်ပန်းကို ငြင်းပယ်ကြခြင်း
ယောနသံ/People's Spring
ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက်
စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ တွေ့ရပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ ကားတစ်စီးထိုးရပ်လာတိုင်း ယာဉ်မောင်းက လက်သိပ်ထိုးပေးရတဲ့ ငွေစက္ကူအကြွေတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ခိုးကြောင်ခိုးဝှက်ယူပါတယ်။ ကားလမ်းမပေါ်ကမျက်နှာပြောင်တိုက် ခိုးပုံခ်ိုးနည်းက ဒီလို။
ယာဉ်မောင်းကငွေစက္ကူအကြွေတစ်ရွက်ကို လက်ထဲမှာ ပျောက်နေတဲ့အထိကျစ်နေအောင်ခေါက်ပြီး ကားပြတင်းပေါက်ကနေ လက်ထွက်ရုံထုတ်ထားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်(ဒါမှမဟုတ်)ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ကားနားကပ်လာတယ်။ ယာဉ်မောင်းလက်နဲ့သူ့လက်ပူးသွားပြီး ငွေစက္ကူအကြွေကို လက်သိပ်ထိုးယူလိုက်ပါတယ်။
လက်ဖဝါးနဲ့ လက်ချောင်းတချို့စက္ကန့်ပိုင်းလှုပ်ရှားလိုက်ရုံနဲ့ ယာဉ်မောင်းလက်ထဲကငွေစက္ကူဟာ စစ်အုပ်စုလက်ထဲကိုရောက်သွားတာပါ။အဲ့ဒီလိုမှ
မပေးရင်လည်း ယာဉ်မောင်း နဲ့ ခရီးသည်တွေကို အကြောင်းအမျိုးမျိုးပြပြီး ရစ်ပါတယ်။ ဖမ်းဆီးငွေညှစ်ပါတယ်။ဒါတွေက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ အဝေးပြေးလမ်း
မတွေပေါ်က လုံခြုံရေးအကြောင်းပြ စစ်အုပ်စုရဲ့ နေ့တဓူဝအလုပ်ပါ။
မေလ၃ရက်နေ့မှာတော့ သာမာန်အခြေအနေမဟုတ်တဲ့ မြင်ကွင်းတွေ ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက် ရှိခဲ့ပါတယ်။ အဲဒီရက်မတိုင်ခင်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်မှာ မိုးအနည်းငယ်ရွာခဲ့ပါတယ်။ သင်္ကြန်ကာလမတိုင်ခင် က ပိတောက်ပင် တွေမှာဝေနေခဲ့တဲ့အဖူးတွေဟာ ရွာတဲ့ မိုးကြောင့် အပြိုင်အဆိုင်ပွင့်ကြပါတယ်။
ရန်ကုန်မြို့အပြင်ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက်နဲ့ ဧရာဝတီတိုင်းထဲကမြို့တွေမှာရှိတဲ့ ပိတောက်ပင်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လာကြပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပွင့်တဲ့ပိတောက်ပန်းတွေကို လူထုလူတန်းစားမျိုးစုံက နှစ်သက်ကြပါတယ်။ ခေါင်းရွက်ဖြတ်ထိုးဈေး
သည်တွေလည်း ပိတောက်ပန်းတွေပန်ထားကြပါတယ်။ သုံးဘီးယာဥ်မောင်းသမားကလည်း ခေါင်းခန်းမှာပိတောက်ပန်းတွေဝေနေအောင်ထိုးထားပါတယ်။အမျိုးသားအချို့ဟာ ပိတောက်ကိုင်း တွေတက်ခုတ်နေပြီးအမျိုးသမီးတွေကလည်း ပိ
တောက်ပွင့်တွေကို တံချူနဲ့ ခူးနေကြပါတယ်။ ကလေးငယ်တွေကလည်း ပိတောက်ပန်းခက်တွေကိုင်ပြီးပြေးလွှားဆော့ကစားနေကြပါတယ်။ ရန်ကုန်နဲ့ဧရာဝတီတိုင်းမှာမေ ၃ ရက်ကပိတောက်ပန်းတွေဝေပြီး ပ်ိတောက်ပန်းရနံ့တွေသင်း နေခဲ့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုအောက်မှာ ဒုက္ခသုက္ခမျိုးစုံလည်စင်းခံနေရပြီး စိတ်ချမ်းသာရခြင်းမရှိတဲ့ လူထုအဖို့ ပိတောက်ပန်းက ပေးတဲ့ကြည်
လင်မှုကိုလည်း ကြာရှည်မခံစားလိုက်ရပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေကိုအသုံးချပြီး လူထုကိုစည်းရုံးလှည့်ဖျားဖို့ကြိုးစားလာကြလို့ပါ။
ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက်စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားမှန်ပေါက်ကနေပိတောက်ပန်းကိုင်းတချို့ကို ကားခေါင်းခန်းထဲ အတင်းသွင်းပေးကြတာပါ။ ကားတစ်စီးတလေမဟုတ်ဘဲ ဖြတ်သွားဖြတ်လာကားတိုင်းကို အတင်းပေးနေတာဖြစ်ပါတယ်။လူထုလူတန်းစားမျိုးစုံကပိတောက်ပန်းကို ချစ်မြတ်နိုးကြတာကိုအခွင့်ကောင်းယူပြီး စည်းရုံးရေးဆင်းကြတာပါ။ ပန်းတွေ ပေးနေချိန်မှာတော့ စစ်တပ်လက်အောက်ခံလက်နက်ကိုင်ချို့က သူတို့ကိုသူတို့ယုံကြည်ချက်မရှိသလို ရယ်ကျဲကျဲမျက်
နှာပေးနဲ့။ တချို့ကတော့ သူတို့ကိုသူတို့ ကယ်တင်
ရှင်တွေလို၊ ပြည်သူတွေက ကြည်ဖြူကြသူတွေလို မျက်နှာပေးနဲ့ ရယ် မောနေကြပါတယ်။
အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့လက် တွေက ပိတောက်ပန်းတွေကမ်းပေးတဲ့အခါ ပန်း
ရနံ့လည်းပြယ်ရပါတော့တယ်။ ရန်ကုန်မြို့ကနေအိမ်မှာ မနက်ခင်းက ကြည်ကြည်နူးနူးရှူရှိုက်ခဲ့တဲ့ ပိတောက်ပန်းအနံ့ကို ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမပေါ်အရောက် အော်ဂလီဆန်ရသူတွေထဲမှာ ဦးဝင်းမိုးနဲ့သူ့မိတ်ဆွေတွေပါဝင်ခဲ့ပါတယ်။
ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမအတိုင်း မိတ်ဆွေလေးဦးနဲ့အတူ ကားမောင်းလာခဲ့တဲ့ဦးဝင်းမိုးဟာ စစ်ဆေးရေးဂိတ်တခုကို ဖြတ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေဝေ ပေးနေတာနဲ့ ကြုံပါတယ်။
ကားခေါင်းခန်းထဲကို ရုတ်တရက်ဝင်လာတဲ့စစ်
တပ်ယူနီဖောင်းလက်တစ်စုံနဲ့ ပိတောက်ပန်းခက်ကို မြင်မြင်ခြင်း ဦးဝင်းမိုးတစ်ယောက်မျက်စိမျက်
နှာပျက်သွားပါတယ်။ ဒါပေမယ့်ချက်ချင်းမျက်နှာတည်လိုက်ရင်း ပိတောက်ပန်းခက် တွေကို ကားနောက်ခန်းမှာ ရှိသူထံ ပေးလိုက်ပါတယ်။ပြီးတော့
ကားကိုဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ပါတယ်။စစ်ဆေးရေးဂိတ်အလွန်မှာ ပထမဆုံးစကားစပြောသူက ဦးဝင်းမိုးကိုယ်တိုင်ဖြစ်ပါတယ်။
" ပိတောက်ပန်းကို မကြိုက်ကြဘူးလား"
သူက အဖြေကို သိလျက် မေးတာပါ။ကားနောက်ခန်းထဲကတစ်ယောက်ကလည်းချက်ချင်းတုန့်ပြန်ပါတယ်။
" ကျက်သရေတုန်းလို့"
နောက်တစ်ယောက်ကလည်း "သိုးရေခြုံထားတဲ့ဝံပလွေတွေက ပေးတဲ့ပန်းက ရွံစရာကောင်းတယ်။ သွေးနံ့ နံ့တယ်" လို့ဆိုပါတယ်။

👍19❤6🔥2
ပိတောက်ပန်း နဲ့ ရနံ့ကို နှစ်သက်ကြပေမဲ့ စစ်သားနဲ့စစ်တပ်လက်အောက်ခံပျူစောထီးတွေပေးလာတာမို့ သူတို့ မသထီဖြစ်နေကြတာပါ။ နောက်ဆုံးမှာတော့ ကားနောက်ခန်းထဲကပိတောက်ပန်းခက်တွေကိုယူပြီး လမ်းဘေးမှာ ပစ်ချလိုက်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဦး
ဆောင်တဲ့ စစ်သားတွေဟာ အာဏာသိမ်းကာလငါးနှစ်ကျော်အတွင်း အနည်းဆုံး အရပ်သားပြည်သူ တစ်သောင်းကျော်ကိုသတ်ဖြတ်ထားပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ လသားအရွယ်ကလေးငယ်တွေ၊သူကြီးရွယ်အိုတွေ၊ကျောင်းသားကျောင်း
သူတွေလည်းပါဝင်ပါတယ်။ အသက်၈၀ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလည်းဖမ်းဆီးထားပြီး သတင်းအမှောင်ချထားပါတယ်။ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးရဲ့လားဆိုတဲ့သံသယတွေလူထုကြားမှာကြီး
မားနေပြီးထုတ်ဖော်ပြသပေးဖို့လည်းလူထုနဲ့နိုင်
ငံတကာအသိုင်းအဝိုင်းကတောင်းဆိုနေကြပါတယ်။
အရပ်သားပြည်သူတွေကိုသတ်ဖြတ်မှုတွေ၊အပြစ်
မရှိတဲ့သူတွေကိုဖမ်းဆီးထားမှုတွေအပြင်စစ်အာ
ဏာရှင်သက်ဆိုးရှည်နေခြင်းအတွက်ပြည်သူလူ
ထုဟာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုရွံရှာမုန်းတီးနေကြပါတယ်။
စစ်တပ်အသိုင်းအဝိုင်းကိုရှောင်ကြဉ်ကြသလို စစ်
တပ်ထုတ်ကုန်တွေကိုလည်း Boycott လုပ်နေကြဆဲပါ။အဲဒီလိုအခြေအနေမှာစစ်တပ်ယူနီဖောင်းဝတ်လက်တွေက ပိတောက်ပန်းတွေလာကမ်းတဲ့အခါ ပန်းက ပေးတဲ့ နဂိုလ်မူလအကြည်ဓာတ်ပါ ပျောက်ဆုံးသွားတာပါ။
မိုင်ပေါင်း ၁၂၀ ကျော်ရှည်လျားတဲ့ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမမှာ နေ့စဉ်ကားအစီးရေ ထောင်ချီဖြတ်သန်းနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရဲကျဲကျဲမျက်မှာပေးနဲ့ အတင်းပေးခဲ့တဲ့ ပိတောက်ပန်းတွေကို လွှင့်ပစ်ခဲ့တာက ဦးဝင်းမိုးတို့ကားတစ်စီးထဲမဟုတ်ပါဘူး။လမ်းမပေါ်နဲ့လမ်းဘေးနေရာတွေမှာ လွှင့်ပစ်ထားတဲ့ ပိ တောက်ပန်းကိုင်းနဲ့ပန်းခက်တွေ ဒီနေ့အထိမြင်တွေ့ရနိုင်ပါသေးတယ်။ ။

❤28👍9🥰2🔥1
အဝေးပြေးလမ်းမဘေးမှာ ပိတောက်ပန်းခူးပန်နေကြသူတွေနဲ့ လမ်းမဘေးက ပိတောက်ပင်တွေ/ရန်ကုန်-ပုသိမ်လမ်းက စစ်တပ်လက်အောက်ခံလက်နက်ကိုင်တွေ(ပုံဟောင်း) ။ဓါတ်ပုံ-YNLP
👍43❤4🔥2