NUGဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ပဲခူးတိုင်းစစ်ဌာန နယ်မြေ အခြေအနေ ကွင်းဆင်းစစ်ဆေး
မေ ၄၊၂၀၂၆။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်
ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG
က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ်နဲ့ အဖွဲ့ မြေပြင်သွားရောက်မှု မှတ်တမ်းဓာတ်ပုံတွေ ပါ ဖော်ပြထားပြီး ခရီးစဉ်မှာ လူထုနဲ့ တွေ့ဆုံတာ PDF ရဲဘော်တွေနဲ့တွေ့ဆုံတာ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ခရီးစဉ်သွားရောက်တဲ့နေ့ရက် အချိန်နဲ့ နေရာ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့်ဝန်ကြီးချုပ်နဲ့အတူ ပြည်
ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်၊ ဦးမင်းကိုနိုင် တို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်း အမှတ်(၂)စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့ တိုင်းစစ်ဌာနတာဝန်ရှိသူများကစစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအခြေအနေများရှင်း
လင်းတင်ပြခဲ့ကြပြီး ပဲခူးတိုင်းစစ်ဌာနအတွင်လှည့်
လည်ကြည့်ရှုခဲ့ကြကြောင်းထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ပဲခူးတိုင်းစစ်ဒေသကိုသွားရောက်တဲ့ ရုပ်သံဟာ မနေ့က မေလ ၃ရက်ကတည်းက လူမှုကွန်ရက်မှာ ဖော်ပြမှုတွေရှိပါတယ်။ ဝန်ကြီးချုပ်နဲ့ ဦးမင်းကိုနိုင်တို့ ပါဝင်တဲ့အဖွဲ့ဟာ ပဲခူးတိုင်း မြို့ပေါ်ရပ်ကွက်တနေရာကို သက်တောင့်သက်သာ လမ်းလျှောက်နေတဲ့ မှတ်
တမ်းဖြစ်ပြီး တဦးနဲ့တဦးစနောက်နေကြတာလည်း ရုပ်သံမှာ တွေ့ရပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အရင်ကလည်း ရှေ့တန်းစစ်မြေပြင်တွေသွားရောက်ကာ PDF ရဲဘော်တွေနဲ့ တွေ့ဆုံတာ၊ လက်နက်တပ်ဆင်တဲ့အခမ်းအနားတွေ တက်ရောက်ခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

❤46👍10🥰2🖕2🔥1
ရွှေကူမြို့နယ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲဆက်ဖြစ်
▪️စစ်တပ်နဲ့နီးကပ်စွာ မနေဖို့၊ စစ်တပ်လက်နက်ခဲယမ်းရိက္ခာတွေ သယ်မပေးဖို့ ရွှေကူ KPDF သတိပေး
မေ-၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဒီကနေ့ မေလ ၄ရက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။ ရွှေကူမြို့နယ် ငအိုးဒေသကို ရောက်နေတဲ့ စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကိုစစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေ ပြင်းထန်နိုင်ကြောင်းလည်း အသိပေးပါတယ်။
KIAနဲ့အတူ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရွှေကူ KPDFကလည်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားချက်ကို ဒီကနေ့ မေလ ၄ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
ရွှေကူ KPDF တပ်ရင်း နယ်မြေအတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေအရ စစ်ကော်မရှင် (စကမ) စစ်ကြောင်းများ၊ ဂိတ်များ၊ ကာကင်းစခန်းများနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုဘဲ ရှောင်ရှားနေထိုင်ကြဖို့ သတိပေးပန်ကြားထားတာပါ။
စစ်တပ်စစ်ကြောင်းတွေ ၊ လက်နက် ခဲယမ်းတွေ၊ ရိက္ခာတွေကို သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ဖို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူ နယ်မြေများ၌ ကုန်းမြေ၌ဖြစ်စေ၊ ရေပြင်၌ဖြစ်စေ အသံကျယ်လောင်ဆူညံစွာ ထွက်ပေါ်နိုင်တဲ့ စက်ယန္တရား အသုံးပြု လုပ်ငန်းများကို ညနေ(၆)နာရီမှ နံနက်(၉)နာရီထိ ရပ်နားထားကြဖို့ အသိပေးပန်ကြားထားပါတယ်။
အသိပေးထုတ်ပြန်ချက်တွေ မလိုက်နာရင်နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာတွေ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်းသတိပေးထားပါတယ်။

👏28👍15❤4🥰2🖕2🔥1
■ဆောင်းပါး
သွေးစွန်းပိတောက်ပန်းကို ငြင်းပယ်ကြခြင်း
ယောနသံ/People's Spring
ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက်
စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ တွေ့ရပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ ကားတစ်စီးထိုးရပ်လာတိုင်း ယာဉ်မောင်းက လက်သိပ်ထိုးပေးရတဲ့ ငွေစက္ကူအကြွေတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ခိုးကြောင်ခိုးဝှက်ယူပါတယ်။ ကားလမ်းမပေါ်ကမျက်နှာပြောင်တိုက် ခိုးပုံခ်ိုးနည်းက ဒီလို။
ယာဉ်မောင်းကငွေစက္ကူအကြွေတစ်ရွက်ကို လက်ထဲမှာ ပျောက်နေတဲ့အထိကျစ်နေအောင်ခေါက်ပြီး ကားပြတင်းပေါက်ကနေ လက်ထွက်ရုံထုတ်ထားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်(ဒါမှမဟုတ်)ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ကားနားကပ်လာတယ်။ ယာဉ်မောင်းလက်နဲ့သူ့လက်ပူးသွားပြီး ငွေစက္ကူအကြွေကို လက်သိပ်ထိုးယူလိုက်ပါတယ်။
လက်ဖဝါးနဲ့ လက်ချောင်းတချို့စက္ကန့်ပိုင်းလှုပ်ရှားလိုက်ရုံနဲ့ ယာဉ်မောင်းလက်ထဲကငွေစက္ကူဟာ စစ်အုပ်စုလက်ထဲကိုရောက်သွားတာပါ။အဲ့ဒီလိုမှ
မပေးရင်လည်း ယာဉ်မောင်း နဲ့ ခရီးသည်တွေကို အကြောင်းအမျိုးမျိုးပြပြီး ရစ်ပါတယ်။ ဖမ်းဆီးငွေညှစ်ပါတယ်။ဒါတွေက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ အဝေးပြေးလမ်း
မတွေပေါ်က လုံခြုံရေးအကြောင်းပြ စစ်အုပ်စုရဲ့ နေ့တဓူဝအလုပ်ပါ။
မေလ၃ရက်နေ့မှာတော့ သာမာန်အခြေအနေမဟုတ်တဲ့ မြင်ကွင်းတွေ ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက် ရှိခဲ့ပါတယ်။ အဲဒီရက်မတိုင်ခင်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်မှာ မိုးအနည်းငယ်ရွာခဲ့ပါတယ်။ သင်္ကြန်ကာလမတိုင်ခင် က ပိတောက်ပင် တွေမှာဝေနေခဲ့တဲ့အဖူးတွေဟာ ရွာတဲ့ မိုးကြောင့် အပြိုင်အဆိုင်ပွင့်ကြပါတယ်။
ရန်ကုန်မြို့အပြင်ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက်နဲ့ ဧရာဝတီတိုင်းထဲကမြို့တွေမှာရှိတဲ့ ပိတောက်ပင်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လာကြပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပွင့်တဲ့ပိတောက်ပန်းတွေကို လူထုလူတန်းစားမျိုးစုံက နှစ်သက်ကြပါတယ်။ ခေါင်းရွက်ဖြတ်ထိုးဈေး
သည်တွေလည်း ပိတောက်ပန်းတွေပန်ထားကြပါတယ်။ သုံးဘီးယာဥ်မောင်းသမားကလည်း ခေါင်းခန်းမှာပိတောက်ပန်းတွေဝေနေအောင်ထိုးထားပါတယ်။အမျိုးသားအချို့ဟာ ပိတောက်ကိုင်း တွေတက်ခုတ်နေပြီးအမျိုးသမီးတွေကလည်း ပိ
တောက်ပွင့်တွေကို တံချူနဲ့ ခူးနေကြပါတယ်။ ကလေးငယ်တွေကလည်း ပိတောက်ပန်းခက်တွေကိုင်ပြီးပြေးလွှားဆော့ကစားနေကြပါတယ်။ ရန်ကုန်နဲ့ဧရာဝတီတိုင်းမှာမေ ၃ ရက်ကပိတောက်ပန်းတွေဝေပြီး ပ်ိတောက်ပန်းရနံ့တွေသင်း နေခဲ့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုအောက်မှာ ဒုက္ခသုက္ခမျိုးစုံလည်စင်းခံနေရပြီး စိတ်ချမ်းသာရခြင်းမရှိတဲ့ လူထုအဖို့ ပိတောက်ပန်းက ပေးတဲ့ကြည်
လင်မှုကိုလည်း ကြာရှည်မခံစားလိုက်ရပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေကိုအသုံးချပြီး လူထုကိုစည်းရုံးလှည့်ဖျားဖို့ကြိုးစားလာကြလို့ပါ။
ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမတလျှောက်စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားမှန်ပေါက်ကနေပိတောက်ပန်းကိုင်းတချို့ကို ကားခေါင်းခန်းထဲ အတင်းသွင်းပေးကြတာပါ။ ကားတစ်စီးတလေမဟုတ်ဘဲ ဖြတ်သွားဖြတ်လာကားတိုင်းကို အတင်းပေးနေတာဖြစ်ပါတယ်။လူထုလူတန်းစားမျိုးစုံကပိတောက်ပန်းကို ချစ်မြတ်နိုးကြတာကိုအခွင့်ကောင်းယူပြီး စည်းရုံးရေးဆင်းကြတာပါ။ ပန်းတွေ ပေးနေချိန်မှာတော့ စစ်တပ်လက်အောက်ခံလက်နက်ကိုင်ချို့က သူတို့ကိုသူတို့ယုံကြည်ချက်မရှိသလို ရယ်ကျဲကျဲမျက်
နှာပေးနဲ့။ တချို့ကတော့ သူတို့ကိုသူတို့ ကယ်တင်
ရှင်တွေလို၊ ပြည်သူတွေက ကြည်ဖြူကြသူတွေလို မျက်နှာပေးနဲ့ ရယ် မောနေကြပါတယ်။
အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့လက် တွေက ပိတောက်ပန်းတွေကမ်းပေးတဲ့အခါ ပန်း
ရနံ့လည်းပြယ်ရပါတော့တယ်။ ရန်ကုန်မြို့ကနေအိမ်မှာ မနက်ခင်းက ကြည်ကြည်နူးနူးရှူရှိုက်ခဲ့တဲ့ ပိတောက်ပန်းအနံ့ကို ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမပေါ်အရောက် အော်ဂလီဆန်ရသူတွေထဲမှာ ဦးဝင်းမိုးနဲ့သူ့မိတ်ဆွေတွေပါဝင်ခဲ့ပါတယ်။
ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမအတိုင်း မိတ်ဆွေလေးဦးနဲ့အတူ ကားမောင်းလာခဲ့တဲ့ဦးဝင်းမိုးဟာ စစ်ဆေးရေးဂိတ်တခုကို ဖြတ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတောက်ပန်းတွေဝေ ပေးနေတာနဲ့ ကြုံပါတယ်။
ကားခေါင်းခန်းထဲကို ရုတ်တရက်ဝင်လာတဲ့စစ်
တပ်ယူနီဖောင်းလက်တစ်စုံနဲ့ ပိတောက်ပန်းခက်ကို မြင်မြင်ခြင်း ဦးဝင်းမိုးတစ်ယောက်မျက်စိမျက်
နှာပျက်သွားပါတယ်။ ဒါပေမယ့်ချက်ချင်းမျက်နှာတည်လိုက်ရင်း ပိတောက်ပန်းခက် တွေကို ကားနောက်ခန်းမှာ ရှိသူထံ ပေးလိုက်ပါတယ်။ပြီးတော့
ကားကိုဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ပါတယ်။စစ်ဆေးရေးဂိတ်အလွန်မှာ ပထမဆုံးစကားစပြောသူက ဦးဝင်းမိုးကိုယ်တိုင်ဖြစ်ပါတယ်။
" ပိတောက်ပန်းကို မကြိုက်ကြဘူးလား"
သူက အဖြေကို သိလျက် မေးတာပါ။ကားနောက်ခန်းထဲကတစ်ယောက်ကလည်းချက်ချင်းတုန့်ပြန်ပါတယ်။
" ကျက်သရေတုန်းလို့"
နောက်တစ်ယောက်ကလည်း "သိုးရေခြုံထားတဲ့ဝံပလွေတွေက ပေးတဲ့ပန်းက ရွံစရာကောင်းတယ်။ သွေးနံ့ နံ့တယ်" လို့ဆိုပါတယ်။

👍27❤5🥰2🔥1
ပိတောက်ပန်း နဲ့ ရနံ့ကို နှစ်သက်ကြပေမဲ့ စစ်သားနဲ့စစ်တပ်လက်အောက်ခံပျူစောထီးတွေပေးလာတာမို့ သူတို့ မသထီဖြစ်နေကြတာပါ။ နောက်ဆုံးမှာတော့ ကားနောက်ခန်းထဲကပိတောက်ပန်းခက်တွေကိုယူပြီး လမ်းဘေးမှာ ပစ်ချလိုက်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဦး
ဆောင်တဲ့ စစ်သားတွေဟာ အာဏာသိမ်းကာလငါးနှစ်ကျော်အတွင်း အနည်းဆုံး အရပ်သားပြည်သူ တစ်သောင်းကျော်ကိုသတ်ဖြတ်ထားပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ လသားအရွယ်ကလေးငယ်တွေ၊သူကြီးရွယ်အိုတွေ၊ကျောင်းသားကျောင်း
သူတွေလည်းပါဝင်ပါတယ်။ အသက်၈၀ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလည်းဖမ်းဆီးထားပြီး သတင်းအမှောင်ချထားပါတယ်။ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးရဲ့လားဆိုတဲ့သံသယတွေလူထုကြားမှာကြီး
မားနေပြီးထုတ်ဖော်ပြသပေးဖို့လည်းလူထုနဲ့နိုင်
ငံတကာအသိုင်းအဝိုင်းကတောင်းဆိုနေကြပါတယ်။
အရပ်သားပြည်သူတွေကိုသတ်ဖြတ်မှုတွေ၊အပြစ်
မရှိတဲ့သူတွေကိုဖမ်းဆီးထားမှုတွေအပြင်စစ်အာ
ဏာရှင်သက်ဆိုးရှည်နေခြင်းအတွက်ပြည်သူလူ
ထုဟာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုရွံရှာမုန်းတီးနေကြပါတယ်။
စစ်တပ်အသိုင်းအဝိုင်းကိုရှောင်ကြဉ်ကြသလို စစ်
တပ်ထုတ်ကုန်တွေကိုလည်း Boycott လုပ်နေကြဆဲပါ။အဲဒီလိုအခြေအနေမှာစစ်တပ်ယူနီဖောင်းဝတ်လက်တွေက ပိတောက်ပန်းတွေလာကမ်းတဲ့အခါ ပန်းက ပေးတဲ့ နဂိုလ်မူလအကြည်ဓာတ်ပါ ပျောက်ဆုံးသွားတာပါ။
မိုင်ပေါင်း ၁၂၀ ကျော်ရှည်လျားတဲ့ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမမှာ နေ့စဉ်ကားအစီးရေ ထောင်ချီဖြတ်သန်းနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရဲကျဲကျဲမျက်မှာပေးနဲ့ အတင်းပေးခဲ့တဲ့ ပိတောက်ပန်းတွေကို လွှင့်ပစ်ခဲ့တာက ဦးဝင်းမိုးတို့ကားတစ်စီးထဲမဟုတ်ပါဘူး။လမ်းမပေါ်နဲ့လမ်းဘေးနေရာတွေမှာ လွှင့်ပစ်ထားတဲ့ ပိ တောက်ပန်းကိုင်းနဲ့ပန်းခက်တွေ ဒီနေ့အထိမြင်တွေ့ရနိုင်ပါသေးတယ်။ ။

👍31🔥1🥰1
စလင်းမြို့နယ်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ
မေ -၄၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။
ဒီကနေ့(မေလ ၄ ရက်)မှာ စလင်းမြို့နယ်က ပျိုးခင်းကုန်းကျေးရွာအုပ်စုပျိုးခင်းကုန်းကျေးရွာနဲ့ စဉ့်တုကန် ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။
"ခန့်မှန်းအိမ်ခြေစာရင်းပျိုးခင်းကုန်း ၁၂၀၊ စဉ့်တုကန် ၁၅၀ ခန့်ရှိပါတယ်။အခုလက်ရှိ ညပိုင်းအထိ လောင်ကျွမ်းနေဆဲပါ"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မေလ၁ ရက်ကတည်းက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာမီးရှို့ခံခဲ့ရပြီး သေဆုံးသူ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ အသိပေးပါတယ်။
"မပြေးနိုင်လို့ ရွာထဲကျန်ခဲ့တဲ့ ထနောင်းကုန်းက သက်ကြီးရွယ်အိုနှစ်ဦးကို မီးထဲ ထည့်ရှို့သတ်ဖြတ်ခဲ့တယ်။နောက်တစ်ဦးက အမျိုးသားအသက် ၄၀ ဝန်းကျင်။သူ့ကိုက ပစ်သတ်ပြီးမီးထဲ ထည့်တာ"လို့ စစ်တပ်စစ်ကြောင်းသတ်ဖြတ်မှုတွေကို မှတ်တမ်းယူနေတဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အရပ်သားပြည်သူတွေ သတ်ဖြတ်မှုနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာဟာ စစ်တပ်ရဲ့ ခလရ (၂၅၃၊၂၅၄ နဲ့ ၂၅၅)တပ်ရင်းတွေလို့ သူက ဆိုပါတယ်။
ဧပြီ ၃၀ ရက်ကလည်း စလင်းမြို့ကနေ စစ်ကြောင်းထိုးခဲ့စစ်တပ်က ကိုရင်တစ်ပါးနဲ့ ပြည်သူ ၉ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ပြည်သူ့ညီနောင်-စလင်းက မေလ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။
"သူတို့(စစ်တပ်) လက်လှမ်းမမီတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းလမ်းပိုင်းဘေးက ရွာတွေကို ဝင်တာ။အရင်ကလည်း ဝင်ဖူးတယ်။အခုက မီးလောင်ဗုံး၊ဒရုန်းတွေ တော်တော်သုံးတယ်"လို့ စလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။
မြို့နယ်ပအဖရဲ့ စာရင်းအရ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာ ၁၅ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။
စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။
ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

🤬39❤7👏1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့ "Proof of Life" လှုပ်ရှားမှုတွေ စစ်ကိုင်းမှာ ပြုလုပ်
မေ ၄၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၄)မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေက မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ "Proof of Life" လှုပ်ရှားမှုပြုလုပ်ကာ တောင်းဆိုခဲ့ကြပါတယ်။
ယင်းလှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊အသက်အန္တရာယ်အတွက် ကျွန်တော်တို့ ပြည်သူတွေ စိုးရိမ်မိပါတယ်။ စစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ဘယ်ကာလက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံအချို့ထုတ်ပြသော်လည်း ဒါဟာ တိကျခိုင်လုံတဲ့ သက်သေမဟုတ်ပါ။ ကျွန်တော်တို့ လိုချင်တာက ဓာတ်ပုံမဟုတ်၊ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေသာဖြစ်တယ်" လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို မနေ့က ပြုလုပ်ခဲ့ပါတယ်။
အညာမြေမှ စစ်ရှောင်ပြည်သူတွေက "အမေစုကို ဓာတ်ပုံမဟုတ်ဘဲနဲ့ အသံတွေ အရုပ်တွေ လှုပ်ရှားမှုတွေနဲ့ သက်သေပြပေးပါ" ၊ "အမေစုကို သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးပါ" လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေက "အမေစု ကျန်းမာပါစေ" လို့ ကြွေးကြော်ကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေစေဖို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

👍39❤7🥰1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဓားစာခံဒီပလိုမေစီကို စစ်တပ် ကျင့်သုံး
မတရားပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ အိမ်ပြောင်းထားတယ်ဆိုပေမယ့် အာဏာသိမ်းစစ်
တပ်ရဲ့ လုပ်ရပ်ကို ဓားစာခံဒီပလိုမေစီဖြစ်ကြောင်း Suu Foundationက ဒီနေ့ မေလ ၄ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၃၀ မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့နေအိမ်ကို ပြောင်းလဲ ထားရှိမယ့်အကြောင်း ထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်လို့ Suu Foundation က အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် သင့်တင့်လျောက်ပတ်တဲ့ ပြောင်းလဲ သတ်မှတ်ပေးမှုတိုင်းကို ကြိုဆိုကြောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေကို ခံခဲ့ရတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လိုအပ်တဲ့ စောင့်ရှောက် ကုသမှုတွေ ခံယူသင့်သလို မိသားစု၊ ရှေ့နေတွေနဲ့လည်း ဆက်သွယ်ခွင့် ရသင့်ကြောင်း ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားရာကနေ နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲပေးခြင်းဟာ ဓားစာခံ ဒီပလိုမေစီ တစ်ခုသာဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် တိုးတက်မှုတွေ ရရှိလာစေဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကိုလွှတ်ပေးဖို့လိုအပ်ကြောင်းလည်း Suu Foundationက ပြောပါတယ်။ Suu Foundation အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အချုပ်အနှောင် အားလုံးကနေ လုံးဝဥဿုံ လွှတ်ပေးဖို့၊ ရန်လိုတိုက်ခိုက်နေမှု အားလုံး ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အဲဒီ အခြေအနေတွေနဲ့ ပြည့်စုံလာမှသာ စစ်မှန်ပြီး အစုအဖွဲ့စုံ စုစည်းပါဝင်နိုင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မျိုးဆီ ဦးတည်နိုင်မှာ ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
◾️မိခင်နဲ့ ပြန်ဆုံခွင့် ရချင်ရုံသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက သူ့ရဲ့အရိုးရှင်းဆုံး ဆန္ဒမှာ မိခင်နဲ့ ပြန်ဆုံတွေ့ခွင့် ရဖို့သာဖြစ်ကြောင်း ပြောပါတယ်။ သူ့ဖခင်ဟာ အရင်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံနေရချိန် အတောအတွင်းမှာ ကွယ်လွန်သွားခဲ့တာကြောင့် နောက်ဆုံးတွေ့ဆုံခွင့်တောင် မရခဲ့ကြောင်း၊ သူ့အနေနဲ့ ရိုးရိုးလေး မျှော်လင့်ထားတာက မိခင်ကို ပြန်တွေ့ခွင့်ရပြီး နေထိုင်ကောင်းတယ်ဆိုတာ သေချာသိချင်ရုံသာဖြစ်ကြောင်း ကင်မ်က NPR သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ကင်မ်ရဲ့ ဖခင်ဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ဟာ ၁၉၉၉ ခုနှစ်တုန်းက သူ့ရဲ့ ၅၃ နှစ်ပြည့် မွေးနေ့မှာပဲ ဆီးကြိတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီတုန်းက စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းကို ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံကနေ ထွက်ခွာပြီးရင် စစ်ဗိုလ်ချုပ်တွေက ပြန်လာခွင့် မပေးတော့မှာ စိုးရိမ်တာကြောင့် ပြည်ပကို ထွက်ခွာဖို့ ငြင်းဆိုခဲ့ပါတယ်။ ICRC ဒါမှမဟုတ် UN Working Group on Enforced or Involuntary Disappearances လို အမှီအခိုကင်းတဲ့ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ နေထိုင်ရပုံကို အတည်ပြုမပေးမချင်း လက်ရှိ စစ်တပ်အခုပြောနေတဲ့အရာတွေကို မယုံကြည်နိုင်ကြောင်းနဲ့ ယုံကြည်စိတ်ချရပြီး လွတ်လပ်အမှီအခိုကင်းတဲ့ အဖွဲ့အစည်းများက အတည်ပြုတဲ့သက်သေ proof of life ကို ပြသဖို့ တောင်းဆိုလိုကြောင်း ကိုထိန်လင်းက ပြောပါတယ်။
◾️NUGဝန်ကြီးချုပ်နဲ့အဖွဲ့ ပဲခူးတိုင်းစစ်ဌာန နယ်မြေ အခြေအနေ ကွင်းဆင်းစစ်ဆေး
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUGက မေလ ၄ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်နဲ့ အဖွဲ့ မြေပြင်သွားရောက်မှု မှတ်တမ်းဓာတ်ပုံတွေ ပါ ဖော်ပြထားပြီး ခရီးစဉ်မှာ လူထုနဲ့ တွေ့ဆုံတာ PDF ရဲဘော်တွေနဲ့တွေ့ဆုံတာ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ခရီးစဉ်သွားရောက်တဲ့နေ့ရက် အချိန်နဲ့ နေရာ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် ဝန်ကြီးချုပ်နဲ့အတူ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်၊ ဦးမင်းကိုနိုင် တို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ခရီးစဉ်အတွင်း အမှတ်(၂)စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့ တိုင်းစစ်ဌာနတာဝန်ရှိသူများကစစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအခြေအနေများရှင်းလင်းတင်ပြခဲ့ကြပြီး ပဲခူးတိုင်းစစ်ဌာနအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။
◾️ကမ္ဘာကိုလိမ်ဖို့ စစ်အုပ်စုရဲ ဟန်ပြလုပ်ရပ်တွေနောက်ကွယ်မှာ ပြည်သူ့သွေးနဲ့လမ်းခင်းထားဟု NUG ပြော

👍23❤1🔥1
စစ်အုပ်စုက အာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဧပြီ ၃၀ရက်အထိ စစ်အုပ်စုရဲ့ ပြည်သူအပေါ် လေကြောင်း တိုက်ခိုက်တာ အပါအဝင် ရာဇဝတ်မှု ကျူးလွန်မှု အခြေအနေကို အသိပေးရာမှာ အခုလို ဖော်ပြထားတာပါ။ စစ်အုပ်စုဟာ ရွေးကောက်ခံ အစိုးရ၊ ပြည်သူရွေးတဲ့ အစိုးရအသစ်ဆိုပြီး ဟန်ပြနေပေမယ့် တဖက်မှာ ပြည်သူတွေအပေါ် လေကြောင်းကနေ အကြိမ်ပေါင်း ၅,၃၉၅ကြိမ် ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၇၄၀အပါအဝင် လူပေါင်း ၅,၆၃၃ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ ဆေးရုံပေါင်း ၁,၃၉၂ ခုကိုလည်း စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၅၃၉ မှုမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါမချန် သတ်ဖြတ်နေတာ တွေ့ရပြီး စစ်အုပ်စုဟာ ပြည်သူအားလုံးကို ရန်သူလို့ သတ်မှတ်ထားတာ ထင်ရှားနေကြောင်း ဖော်ပြထားပါတယ်။
◾️စလင်းမှာ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်တပ်က သက်ကြီးရွယ်အိုတွေကိုပါ သတ်ဖြတ်
မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။ ဒီနေ့ မေလ ၄ ရက်မှာ စလင်းမြို့နယ်က ပျိုးခင်းကုန်းကျေးရွာအုပ်စု ပျိုးခင်းကုန်းကျေးရွာနဲ့ စဉ့်တုကန် ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။ ခန့်မှန်းအိမ်ခြေစာရင်း ပျိုးခင်းကုန်း ၁၂၀၊ စဉ့်တုကန် ၁၅၀ ခန့်ဟာ ဒီနေ့ ညပိုင်းအထိ လောင်ကျွမ်းနေဆဲလို့ စလင်းပအဖတာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် မေလ၁ ရက်ကတည်းက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာမီးရှို့ခံခဲ့ရပြီး သေဆုံးသူ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ အသိပေးပါတယ်။ မပြေးနိုင်လို့ ရွာထဲကျန်ခဲ့တဲ့ ထနောင်းကုန်းက သက်ကြီးရွယ်အိုနှစ်ဦးကို မီးထဲ ထည့်ရှို့သတ်ဖြတ်ခဲ့သလို အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ပြီး မီးထဲထည့်ရှို့ခဲ့တယ်လို့ စစ်တပ်စစ်ကြောင်းသတ်ဖြတ်မှုတွေကို မှတ်တမ်းယူနေတဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ အရပ်သားပြည်သူတွေ သတ်ဖြတ်မှုနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာဟာ စစ်တပ်ရဲ့ ခလရ (၂၅၃၊၂၅၄ နဲ့ ၂၅၅)တပ်ရင်းတွေလို့ သူက ဆိုပါတယ်။
◾️KNU နယ်မြေနှစ်ခုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးငယ်အပါအဝင် အရပ်သား ၆ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်နဲ့ တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေပျက်စီးတာထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။ လယ်ဒိုမြို့နယ် ကြိတ်ကွင်းကျေးရွာကို မေလ ၂ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်ပျက်စီးမှုရှိခဲ့ပါတယ်။ မေလ ၁ရက်မှာလည်း လိန်ပင်ဝိုင်းရွာကို စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၂ဦး အပါအဝင် အရပ်သား ၃ဦး ဒဏ်ရာရခဲ့ပါတယ်။ KNU တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်မြို့ကိုလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ကလေးငယ်အပါအဝင် အရပ်သား ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မေလ (၂)ရက် မှာ ဗုံးကြဲခဲ့လို့ ၂လသားအရွယ် ကလေးငယ်ပါ ဒဏ်ရာရခဲ့တာပါ။
◾️ကချင်ရှိ မြို့နယ်လေးခုမှာ နှစ်လအတွင်း အရပ်သား ၃၀ ကျော် သေဆုံး
ကချင်ပြည်နယ်က မြို့နယ်လေးခုမှာ နှစ်လတာအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားအနည်းဆုံး ၃၀ ဦး သေဆုံးခဲ့ပြီး ၄၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)က မေလ ၂ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အရပ်သားတွေသေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေဟာ ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလအတွင်း ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်နဲ့ မိုးညှင်းမြို့နယ်တွေမှာဖြစ်ပွားခဲ့တာလို့ KHRW က ဆိုပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ပစ်ခတ်မှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထည့်ရေးထားပါတယ်။ နှစ်လတာအတွင်း အရပ်သား သေဆုံးမှုအများဆုံးက ဖားကန့်က ဖြစ်ပြီး ၁၅ဦးအထိရှိကာ ဗန်းမော်က ၁၂ ဦး ၊ မိုးညှင်းမှာ နှစ်ဦး နဲ့ မြစ်ကြီးနားက တစ်ဦးဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
◾️ဖားကန့်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းရန်သတိပေး

👍16❤1🔥1
ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ မေလ၄ ရက် မနက်အစောပိုင်းက စတင်ပြီး စစ်တပ် စခန်းတွေကို KIA၊ KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မနက် ၅နာရီ ၂၀မိနစ်ကစပြီး မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တာကနေ မနက် ၁၀နာရီနီးပါးအထိ သေနတ်ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး လက်နက်ကြီးတွေလည်း ကျနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က လုံးခင်းကျေးရွာအတွင်း ဂေါက်ကွင်းနဲ့ မှော်စီဆာအနီးမှာ အများဆုံးတပ်စွဲထားပြီး အဲ့ဒီဝန်းကျင်ကို KIA၊ KPDFက ဝိုင်းပိတ်ထားတယ်လို့ သိရပါတယ်။ စစ်ဆိုင်ထားတဲ့နေရာက ပြည်သူတွေ တိမ်းရှောင်ကြဖို့ KIA၊ KPDFက သတိပေးထားပြီး စစ်တပ်ကကျ ပြည်သူတွေကို ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲက ပြင်းထန်တာကြောင့် စစ်တပ်က ဆက်ပိတ်ထားရင် အရပ်သားတွေ ဒုက္ခရောက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
◾️ရွှေကူမြို့နယ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲဆက်ဖြစ်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဒီနေ့ မေလ ၄ရက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။ ရွှေကူမြို့နယ် ငအိုးဒေသကို ရောက်နေတဲ့ စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကိုစစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေ ပြင်းထန်နိုင်ကြောင်းလည်း အသိပေးပါတယ်။ KIAနဲ့အတူ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရွှေကူ KPDFကလည်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားချက်ကို ဒီနေ့ မေလ ၄ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ ရွှေကူ KPDF တပ်ရင်း နယ်မြေအတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေအရ စစ်တပ် စစ်ကြောင်းများ၊ ဂိတ်များ၊ ကာကင်းစခန်းများနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုဘဲ ရှောင်ရှားနေထိုင်ကြဖို့ သတိပေးပန်ကြားထားတာပါ။
◾️တိုက်ပွဲဖြစ်လာနိုင်လို့ မဘိမ်း ဒေသခံတွေ ရှောင်တိမ်းဖို့ KIAသတိပေး
ရှမ်းပြည်နယ်မြောက်ပိုင်း KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် တပတ်အတွင်း ဒေသခံပြည်သူတွေ ရှောင်တိမ်းကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဘတ်တံဆိပ်ပါ စစ်သားတွေလိုက်လာတဲ့ စစ်ကား၂၃စီးအင်အားပို့ပြီးတဲ့နောက် နယ်မြေချင်းဆက်စပ်နေပြီး KIA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်မယ့် သတင်းတွေ ဒေသခံတွေအကြား ကျယ်ကျယ်ပြန့်ပြန့်ထွက်နေခဲ့တာပါ။ ဒီရက်ပိုင်းမှာ စစ်တပ်ပို့လိုက်တဲ့ အင်အားတွေထဲက ၅၀ လောက်ဟာ ရွာတွေဘက်အင်အားလှည့်ပြတာမျိုးရှိသလို စစ်တပ်က အင်အားပြတာလည်း ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်က ထိုးစစ်ဆင်လာနိုင်လို့ ဒေသခံတွေကို တိမ်းရှောင်ခိုင်းတာဖြစ်တယ်လို့ ဒီနေ့ မေလ ၄ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ရေးထူးခြားမှုတွေ မရှိသေးပေမယ့် တိုက်ပွဲတွေ ပြင်းထန်လာမယ့် အခြေအနေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
◾️စစ်တပ်က အင်အား ရာချီ ကျောက်ထုမြို့ဆီ စစ်ကြောင်းထိုးလာမယ်လို့ ဆို
အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀လောက်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဧပြီလနောက်ဆုံးပတ်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ကနဦးရောက်ရှိခဲ့တာလို့ သိရပါတယ်။ ကပစ(၂၂)ကနတဆင့် ပေါက်မြို့နယ်တောင်ပိုင်းက သပြေအေးကျေးရွာကို မေလ ၁ရက်က စစ်ကြောင်း ဝင်ရောက်ခဲ့ပြီး ဒီနေ့ မေလ ၄ ရက်မှာ သပြေအေးကျေးရွာကထွက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က အင်အား ၅၀၀ ကျော် ၆၀၀ နီးပါးပါဝင်တဲ့ စစ်ကြောင်းကို ဗျူဟာမှူး ဦးဆောင်လာပြီး ရှေ့ရက်က မိုင်းထိကာ ထိခိုက်သေဆုံးမှုတချို့ရှိတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးက ပြောပါတယ်။
◾️မန္တလေးမှာ နေ့စဉ်အမှိုက်မသိမ်းနိုင်လို့ အနံဆိုးတွေထွက်နေ

👍20❤3🔥1
မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အထူးသဖြင့် ချမ်းအေးသာစံမြို့နယ်ထဲက အမှိုက်ကန်တွေမှာ ပုံမှန်အမှိုက်မသိမ်းတာကြောင့် အမှိုက်ကန် ပြည့်လျှံနေပြီး အနံဆိုးတွေ ဆိုးဆိုးရွားရွား ထွက်လာနေတာလို့ မြို့ခံတွေက ဆိုပါတယ်။ မန္တလေးစည်ပင်ဟာ လစဉ် အမှိုက်ခွန်ကောက်ခံပေမယ့် ရပ်ကွက်တွေဆီ အမှိုက်ကား ပုံမှန်စေလွှတ်နိုင်တာ မတွေ့ရဘူးလို့ ချမ်းအေးသာစံ မြို့ခံ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဲဒီလို ပုံမှန်အမှိုက်မသိမ်းနိုင်တာကြောင့် မဟာအောင်မြေမြို့နယ်မှာလည်း အမှိုက်ကန်တွေ ပြည့်လျှံနေတာအလားတူ ကြုံနေရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ကို Smart City အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်မှာ သတ်မှတ်ပြီး စည်ပင်က အမှိုက်သိမ်းကားတွေကိုနေ့စဉ်စေလွှတ်ပြီး အမှိုက်သိမ်းစေသလို အမှိုက်ကားတွေကို ထိန်းချုပ်ဖို့အတွက် GPS စနစ်တွေပါ တပ်ဆင်ခဲ့ပါတယ်။ အခုတော့ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ရပ်ကွက်တွေဆီ အမှိုက်ကားတွေ ပုံမှန်လာတာမရှိတော့သလို အမှိုက်ကားလာရင် ရပ်ကွက်နေပြည်သူတွေကို သိအောင် အသိပေးတဲ့ လော်စပီကာသံလည်း မကြားရတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
◾️Proof of Life လှုပ်ရှားမှု စစ်ကိုင်းမှာ ပြုလုပ်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေက မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ "Proof of Life" လှုပ်ရှားမှုပြုလုပ်ကာ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ လှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

👍21🔥1