ဖားကန့်တိုက်ပွဲဆက်ပြင်းထန်
■စစ်တပ် တပ်စွဲထားတဲ့နေရာတည့်တည့်ကို KIA နဲ့KPDFဒရုန်းဗုံးကြဲ
ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျအောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
လုံးခင်းကျေးရွာအနီးအောင်ရာရွာအပါအဝင် သုံးနေရာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
"စစ်ကောင်စီစစ်ကြောင်းတွေက ဟိုတစ်စု ဒီတစ်စုရှိနေတာ။အရပ်သားတွေကိုလည်းဆက်တိုက်ဖမ်းနေတယ်။လူမှုကူညီ ရေးရုံးတွေမှာလည်းတပ်စွဲထားတယ်။ ဒီနေ့က တိုက်ပွဲတွေကြိုကြားဖြစ်နေတာ။အောင်ရာရွာနားမှာ ဒရုန်းနဲ့ချတာတော့ စစ်
တပ်ဘက်က အသေရှိတယ်" လို့ အထက်ပါသ
တင်းရင်းမြစ်ကပြောပါတယ်။
ဧပြီ ၂၂ ညပိုင်းမှာလည်း ပေါက်ကွဲသံတွေထွက်ပေါ်နေပြီး လုံးခင်းကျေးရွာအုပ်စုထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်တပ်စစ်ကြောင်းတွေကလုံးခင်းရွာထဲနဲ့ကျောက်ဝိုင်း၊မှော်စီစာဘုရားကုန်း၊ငြိခွန်ဆာကုန်းနဲ့မလန်းရွာထဲကို အရပ်ဝတ်တွေနဲ့ပါရောက်နေပါတယ်။
စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားသူတွေကို လမ်းဘေးမှာချုပ်နှောင်ထားပြီးရိုက်နှက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖားကန့်မှာစစ်တပ်စစ်ကြောင်းနဲ့အတူဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။
လူမှုကူညီရေးအသင်းရုံးတွေမှာပါတပ်စွဲထားလို့ အရက်ဖက်ကူညီ ရေးအဖွဲ့တွေဟာ ရုံးခန်းနေရာရွှေ့ပြောင်းထားရတယ်လို့သိရပါတယ်။
ဖားကန့်မှာဧပြီလ၂ရက်နေ့ကစပြီးတိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။လူနေရပ်ကွက်တွေကို စစ်တပ်က အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAနဲ့ KPDF သတင်းရင်းမြစ်တွေကပြောထားပါတယ်။

👍30❤6🥰2🔥1
Proof Of Life ကမ်ပိန်းမှာ ပြည်သူအားလုံးပါဝင်ပေးဖို့တောင်းဆိုတဲ့ ကင်မ်အဲရစ်
ဧပြီ-၂၁၊၂၀၂၆။သတိုး/People's Spring
မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခြင်းကပြည်သူအားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်
တာကြောင့် မိခင်ဖြစ်သူအသက်ရှင်ကြောင်းသက်
သေပြရန်တောင်းဆိုမှုတွင်ပါဝင်ပေးရန် သားဖြစ်သူကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကမေတ္တာရပ်ခံသည်။
"မေမေ သက်ရှိထင်ရှားနဲ့ကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုသိရဖို့တောင်းဆိုခဲ့တာ တော်
တော်ကြာပါပြီ။ ဒီတစ်ခါတော့ အားလုံးနဲ့ အတူတူပါဝင်တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့အရိုးရှင်းဆုံးဆန္ဒပါ။ ပြည်သူတွေ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်ပါတယ်။ "လို့ဒီနေ့ (ဧပြီ၂၁)ညမှာကင်မ်က ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်
သေပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ဒီနေ့စတင်လိုက်တယ်လို့ All In One Piece Movement က ကြေညာထားပါတယ်။
ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်းတောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်
ဆိုင်ရာအစိုးရဌာနတွေကနေဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement ကတိုက်တွန်းထားပါတယ်။
တော်လှန်ရေးမှာလူသိများသူတွေအပါအဝင် ပြည်သူတွေက Proof Of Life ကမ်ပိန်းမှာပါဝင်တဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆု
တောင်းစကားတွေကို ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။
"အန်တီဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးသလားဆိုတာ…အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်နော်။ အဲ့ဒီမေးခွန်းလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ မေးကြည့်ကြရအောင်။ တဆင့်စကား တဆင့်နား နဲ့ ကောလဟလတွေ မဟုတ်ပဲ၊ သူမ ရှိနေသေးတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်
အထားတစ်ခုကို သူမရဲ့သား ကိုထိန်လင်းတစ်ယောက်တည်းပဲ သိရမယ်ဆိုရင်တောင် လုံလောက်ပါတယ်။ မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာလို့ပါ"လို့ တော်လှန်အနုပညာရှင်ဖြူဖြူကျော်သိန်းက ရေးသားထားပါတယ်။
ဒါရိုက်တာကိုပေါက်ကလည်း "ငါတို့ခေါင်းဆောင်ကို ငါတို့မျှော်ကြသည်။ငါတို့ခေါင်းဆောင်ကိုသာ
ပြန်ပေးပါ။ငါတို့ခေါင်းဆောင်ကျန်းမာပါစေ"လို့ ရေးသားထားပါတယ်။

❤40👍11🥰3😁3
စစ်တပ်လေကြောင်းအန္တရာယ်ကို
သိနေပြီဖြစ်တဲ့ အာပေတူးလေး
ဧပြီ-၂၂၊၂၀၂၆။ဟာနာဆန်/People's Spring
စစ်ရေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ လူတွေသာမက တိရစ္ဆာန်လေးတွေပါ ဘေးအန္တရာယ်ကို ကိုယ်တိုင်သိမြင်ပြီး ရုန်းကန်နေကြရပါတယ်။
အဲဒီထဲမှာအရာတော်နယ်ကတော်လှန်ရေး ရဲဘော်သက်နောင် မွေးမြူထားတဲ့ "အာပေတူး" လို့ အ
မည်ပေးထားတဲ့ ခွေးလေးကတော့ ဒေသတွင်း လေကြောင်းရန် ဘယ်လောက်စိုးရိမ်ရသလဲဆိုတာကို သက်သေပြနေပါတယ်။
အသက် ၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အထီးလေး အာပေတူးဟာ အရင်ကတော့ လေယာဉ်သံကြားရင် ဗုံးခိုကျင်းအဝမှာပဲ စောင့်နေတတ်ပေမယ့် နောက်
ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ စိပ်လာတဲ့အခါမှာတော့ အလိုအလျောက် ဗုံးခိုကျင်းထဲကို ပြေးဝင်တတ်နေပြီ ဖြစ်ပါတယ်။ "လေယာဉ်သံကြားတာနဲ့ တန်းဝင်တော့တာပဲ" လို့ ပိုင်ရှင်ဖြစ်သူ ရဲဘော်သက်နောင်က ဆိုပါတယ်။
ရဲဘော်သက်နောင်ဟာ ခွေးချစ်တတ်သူတစ်ဦးဖြစ်တာကြောင့်အသိအမတစ်ယောက်ဆီကနေအသေး
မျိုး အထီးလေးဖြစ်တဲ့ အာပေတူးကို လက်ခံမွေး
မြူခဲ့တာပါ။ အမြဲတမ်းဆော့ကစားပြီး ပေတူးနေတတ်တာကြောင့် နာမည်ကို "အာပေတူး" လို့ ပေးထားခဲ့တာဖြစ်ပါတယ်။ စစ်ဘေးကာလအတွင်းမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ သစ္စာရှိရှိ အတူတူရှိနေပေးတဲ့ အဖော်မွန်လေးလည်း ဖြစ်ပါတယ်။
အရာတော်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်
ခိုက်မှုတွေ ဘယ်လောက်အထိ များပြားနေသလဲဆိုရင် လူတွေသာမက တိရစ္ဆာန်လေးတွေပါ ဘေးကင်းရာကိုဘယ်လိုရှောင်တိမ်းရမလဲဆိုတာ ကောင်းကောင်းကြီး သိနေကြပြီ ဖြစ်ပါတယ်။ "လူမပြောနဲ့ တိရစ္ဆာန်တောင် သိနေပြီ" ဆိုတဲ့ စကားရပ်ဟာ အာပေတူးတို့လို ခွေးလေးတွေရဲ့ ရှင်သန်မှုပုံစံကို ကြည့်ရင်အထင်အရှားတွေ့မြင်နိုင်ပါတယ်။
လက်ရှိမှာတော့ အာပေတူးဟာ ပိုင်ရှင်ဖြစ်သူနဲ့အတူ စစ်ဘေးအန္တရာယ်ကြားကနေ ရင်ဆိုင်ကျော်ဖြတ်ရင်း အရာတော်နယ်ရဲ့ မှတ်တမ်းတင်စရာ သစ္စာရှိခွေးလေးတစ်ကောင် ဖြစ်နေပါတော့တယ်။

❤43👍8😢4🥰3🔥2
တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ရေးဖြစ်လာတာက ဒီနွေဦးတော်လှန်ရေးမှာပါ။ ၅နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကျွန်တော်တို့တွေဆိုရင် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ရှိနေပြီ။ ခံနိုင်ရည်က ရှိပြီးသား။ ရှိပြီးသားဆိုတဲ့နေရာမှာ ပြည်သူ့အားကြောင့် ကျွန်တော်တို့ဒီလိုလုပ်နိုင်ခဲ့တာ။ ပြည်သူလည်း ခံနိုင်ရည်ရှိပြီးသား။အဲဒါကြောင့် အခု မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။ ဆက်ပြီးတော့ ပြည်သူ့အားနဲ့ ကျွန်တော်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ရောက်ရှိဖို့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့
အတူတူ တိုက်ပွဲဝင်ရအောင်လို့ပဲပြည်သူကိုမေတ္တာရပ်ခံချင်တယ်။
https://www.ludunwayoo.com/interviews-mm/2026/04/22/154854/

LuduNwayOo
"မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။" | LuduNwayOo
ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထ…
❤29👍14🔥2🥰2
တနင်္သာရီကလမ်းပိုင်းအချို့မှာ စစ်တပ်ဖြန့်ထားလို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ဟု PDFသတိပေး
■သတ်မှတ်လမ်းပိုင်းတွေ အသုံးမပြုဖို့ ဘေးကင်းရာရွှေ့ပြောင်းဖို့ ထုတ်ပြန်
ဧပြီ-၂၂၊၂၀၂၆။ရွက်ဝါ/People’s Spring
တနင်္သာရီတိုင်း တနင်္သာရီမြိုနယ်က လမ်းပိုင်းအချို့မှာ စစ်ကောင်စီတပ်ဖြန့်ထားလို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သလို လေကြောင်း တိုက်ခိုက် မှုတွေလည်း ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ သတ်
မှတ်လမ်းပိုင်းတွေ အသုံးမပြုဖို့ ၊ ဘေးကင်းရာပြောင်းရွှေ့ဖို့ အသိပေးကြောင်းပြည်သူ့ကာကွယ်
ရေးတပ်မတော်(PDF) မြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီမြို့ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ ၅ မိုင်၊ ၆ မိုင် ၊ ထုံတော်ကျေးရွာတလျှောက်မှာစစ်တပ်တွေကအင်အားသုံးတပ်ဖြန့်
ထားတာလို့ ဆိုပါတယ်။
ဒါကြောင့်အဲဒီလမ်းပိုင်းတွေမှာတိုက်ပွဲများ ၊ရန်သူတပ်များရဲ့ ဒရုန်း၊ လေယာဉ်အန္တရယ်များ အချိန်မရွေးဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။
လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ပြည်သူတွေရဲ့အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုအတွက် စာထုတ်ပြန်တဲ့ ဒီကနေ့ ဧပြီ ၂၂ရက်မှစပြီး လမ်းပိုင်းတွေ အသုံးမပြုဖို့နဲ့ တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်သောကြောင့် ဘေးကင်းရာသို ပြောင်းရွှေ့ကြဖို့ အသိပေးထားပြီး ထုတ်ပြန်ချက်အားလေးစားလိုက်နာကြဖို့၊ လိုက်နာခြင်းမရှိပါက အန္တရာယ် ကျရောက်ခဲ့ရင် PDF တပ်တွေနဲ့ လုံး၀ မသက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။
အခုထုတ်ပြန်ချက်မှာ ပါဝင်တဲ့ နေရာအချို့ဟာ အရင်ကလည်းPDFနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့ပါတယ်။
"တိုက်ပွဲဖြစ်နေကျပဲ။(စစ်ကောင်စီတပ်)ထိုးစ်လို့ ပြောလို့ရပါတယ်”လို့ မြိတ်ခရိုင် တပ်ရင်း(၂) တာဝန်ရှိသူက ဒေသတွင်း စစ်ကောင်စီရဲ့ လှုပ်ရှားလာမှုကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေကို ပြောပါတယ်။
မတ်လ ၃ရက်ကလည်း တနင်္သာရီမြို့နယ် ၆မိုင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မြိတ်ခရိုင်တပ်ရင်း(၂)က တိုက်
ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိသလို စစ်ကောင်စီထံက လက်နက်အချို့ သိမ်းရခဲ့ဟု အသိပေးထားပါတယ်။
ဧပြီ ၁၁ ရက်ကလည်း ၆မိုင်နဲ့ ၅မိုင်အနီးတိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်မှု အချို့ ရှိခဲ့ပါတယ်။

🥰21👍14❤5🔥2😁1
မြိုင်တောင်ပိုင်းက သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
ဧပြီ-၂၂၊၂၀၂၆။မိုမို/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဧပြီ ၂၀ ရက် ညနေ ၄နာရီဝန်းကျင်က သရက်ကန်ရွာနဲ့ မီတာ ၃၀၀ အကွာက ကင်းပတ်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့က အင်အား ဘယ်လောက်နဲ့ ထွက်လာလဲ ကျွန်တော်တို့ မသိရဘူး။အဲတာကြောင့် လက် နက်ငယ်နဲ့တိုက်ခိုက်ဖို့ ထပ်မိုင်းဆွဲတိုက်ခိုက်ဖို့ပဲရွေးချယ်ပြီး မိုင်းဆွဲခဲ့တာ မိုင်းဆွဲလိုက်တော့ တစ်ကောင် လဲကျသွားတာကိုမြင်လိုက်ရတယ်။ ပြန်ပစ်တာမရှိတာနဲ့ မိုင်းကွဲတဲ့နေရာကိုတက်ပြီး ရှင်းလင်းတော့ အလောင်းတစ်လောင်း ကိုတွေ့ရတယ်"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း G3တစ်လက် ၊ကျည် ဘောက်နှစ်ခု နဲ့ ကျည်တွေ သိမ်းဆည်းရရှိခဲ့ပေမယ့် မိုင်းပြင်းအားကြောင့် သေနတ်နဲ့ ကျည် ဘောက်တွေ ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။
"သေသွားတာက ကိုင်းတောမရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲပါ။ကျန်တဲ့သူတွေကတော့ ကြောက် အားလန့်အားနဲ့ တစ်ချက်မှတောင်ပြန်မပစ်နိုင်ပဲ ခွေးပြေးဝက်ပြေး ပြန်ဝင်ပြေးသွားတယ်"လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
TYK ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ ဒေါင်းမာန် တပ်ဖွဲ့ တို့ပူးပေါင်းပြီး စစ်အုပ်စုရဲ့ ပျူစောထီးကျေးရွာတွေကို ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ကိုင်းတောမရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ်ကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ (၂)မိုင်ဝန်းကျင်အကွာမှာရှိတဲ့ သရက်ကန်ကျေးရွာကို ပြောင်းရွှေ့တပ်စွဲထားတာ ဖြစ်ပါတယ်။
"သရက်ကန်မှာက စစ်တပ်ဘက်က အင်အား ၇၀ အနည်းဆုံးရှိနိုင်တယ်"လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဒီဇင်ဘာကစပြီး မြိုင်မြို့နယ်တောင်ပိုင်းက စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ရွာ ဒေသအခေါ် ပျူစောထီးရွာတွေကို တပ်မ(၉၉) လက်အောက်ခံတပ်တွေက အင်အားဖြည့် တာရှိခဲ့ပါတယ်။

❤27👍17🥰4👏2🔥1😁1
(မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TYK ပြောက်ကျားတပ်ဖွဲ့)
👍37👏8🥰4🔥1😁1
မုံရွာမှာ အမှိုက်ကားနဲ့ သစ်ခိုးသယ်တဲ့ စည်ပင်ဝန်ထမ်းတချို့ ဖမ်းဆီးခံရ
ဧပြီ ၂၂၊ ၂၀၂၆။ဇေအောင်/People's Spring
မုံရွာမြို့မှာ အမှိုက်ကားနဲ့ သစ်ခိုးသယ်တဲ့ စည်ပင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဧပြီ ၂၀ရက်က မုံရွာစည်ပင်ပိုင် အမှိုက်ကားပေါ်မှာ အမှိုက်တွေအစား သစ်တွေအပြည့်တင်ပြီး မောင်းလာတာကို အလုံ-မင်းဒေါင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ကားမောင်းသူက စည်ပင်ဝန်ထမ်း ဦးရဲကျော် ဖြစ်ပြီး အဲဒီသစ်တွေကို အလုံဘက်ကနေ သယ်လာတာဖြစ်ကြောင်း၊ အခြား စည်ပင်ဝန်ထမ်းဖြစ်တဲ့ ဦးဇော်ဝင်းအောင် ပိုင်တဲ့ "ရှင်းသန့်" ပရိဘောဂဆိုင် ပို့ဆောင်ဖို့လို့ သိရကြောင်း အထက်ပါအဖွဲ့က ပြောပါတယ်။
"စကစက အချင်းချင်းမကျေနပ် အဝေမတည့်လို့ တိုင်ကြားခံရတာ ဖြစ်ပါလိမ့်မယ်။ စခတွေနဲ့ စည်ပင် ဆိုတာ မသိစရာမှ မရှိတာ"လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါပရိဘောဂဆိုင်ကလည်း တိုင်းစည်ပင်ဌာန ညွှန်ကြားရေးမှူးနဲ့ပါ ဆက်စပ်မှုရှိနေတယ်လို့ ဒေသခံအချို့က ပြောဆိုနေကြပါတယ်။
ဖမ်းဆီးခံရတဲ့ ဝန်ထမ်းအရေအတွက်နဲ့ ဘယ်လိုဆက်လက်စစ်ဆေးနေတယ်ဆိုတာတော့ မသိရသေးပါဘူး။

😁33👍8❤3🔥1
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံးလွတ်မြောက်ရေး အမေရိကန်နဲ့ အီးယူ တောင်းဆို
■မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဖြစ်
စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့
အမေရီကန်ဆို
ဧပြီ-၂၂၊ ၂၀၂၆။ People’s Spring
အမေရိကန်ပြည်ထောင်စုကနိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးအတွက်ဆက်လက်တိုက်တွန်းသွားမှာဖြစ်သလို ဥရောပသမဂ္ဂ(အီးယူ)ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးခြွင်းချက်မရှိ လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုလိုက်ပါတယ်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နဲ့ မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်း
သားများ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းများကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ လက်ထောက်ဝန်ကြီး ရီလေးဘားနက်စ်က ပြောပါတယ်။ အမေရိကန်ပြည်
ထောင်စုဟာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဧပြီ ၁၇ ရက်မြန်မာနှစ်
ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်အုပ်စုက အကျဥ်းသား ၄,၃၃၅ ဦး လွတ်ငြိမ်းပေးမယ်လို့ ကြေညာပေမယ့် အမှန်တကယ်ပြန်လွှတ်ပေးတဲ့အရေအတွက်ဟာ ၁,၆၈၆ ဦးသာ ရှိခဲ့ပြီး အဲဒီထဲက နိုင်ငံရေးအကျဥ်းသားအရေအတွက်မှာ ၂၉၂ ဦးသာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့စာရင်းပြုစုမှုအရ သိရပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒ ပြောရေးဆိုခွင့်ရှိသူ အန်နစ်တာဟစ်ပါကလည်း ဦးဝင်းမြင့်နဲ့ အခြားသောနိုင်ငံရေးအကျဥ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ ကြေညာချက်နဲ့ သေဒဏ်ချမှတ် ခံထားရသူအများအပြားကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းအပေါ် ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဥရောပသမဂ္ဂက ဆက်
လက်တောင်းဆိုနေတယ်လို့ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဥရောပသမဂ္ဂတို့ရဲ့ အကြီးတန်းအရာရှိတွေ X လူမှုကွန်ရက်မှာ ထုတ်ပြန်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်
ရာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေက ပြန်လည်ဖော်ပြခဲ့ကြတဲ့အပေါ် မြန်မာပြည်သူတွေက ဦးဝင်းမြင့်က မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ နိုင်ငံတော်သမ္မတဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ရွေးကောက်ခံ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တယ်လို့ ထောက်ပြထားကြပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂ အကြီးတန်းအရာရှိတွေရဲ့ ရေးသားမှုမှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သာ နာမည်ရေးသားဖော်ပြပြီး ပြည်
သူလူထုရွေးကောက်ခံရာထူးတွေဖြစ်တဲ့ နိုင်ငံ
တော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်းဆိုမှုတွေ မပါလာခဲ့တဲ့အပေါ် ပြည်သူတွေက ဝေဖန်ထောက်ပြကြတာပါ။
မြန်မာပြည်သူ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးက ကုလ
သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့ကြေ
ညာချက်ကို အသိအမှတ်ပြုသင့်ကြောင်း၊ ကုလ
သမဂ္ဂက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ သမ္မတအဖြစ် ဦးဝင်းမြင့်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ကြေညာထားကြောင်း ထောက်ပြထားပါတယ်။
ဒါပေမယ့် အမေရီကန်သံရုံးထုတ်ပြန်ချက်မှာ တော့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်
မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်တယ်လို့သာဖော်ပြပြီး ဒေါ်အောင်ဆန်းစုကြည်အမည်ကိုဖော်ပြထားတာမတွေ့ရပါဘူး။

👍50❤12🥰2🤮1
ဖားကန့်မှာ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်ဖမ်းဆီး
ဧပြီ-၂၂၊၂၀၂၆။မိထက်/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ Maiပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၅)မှာ ဖွင့်ထားတဲ့ Maiပုဂ္ဂလိကဆေးရုံကို မနေ့က ဧပြီ ၂၁ရက်ညနေမှာ စစ်ကောင်စီတပ်က ဝင်စီးပြီး ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
" ရဲစခန်းထဲထည့်ထားတယ်။ ကျမတို့ရဲ့ ဆရာဝန်တွေ၊ဆရာမတွေအတွက် စိုးရိမ်စရာအခြေအနေဟုတ်တယ်"လို့ ဒေသခံတစ်ဦးက ဒီနေ့ ဧပြီ ၂၂ရက်မနက်ပိုင်းမှာ ပြောပါတယ်။
Maiဆေးခန်းဟာ ဒေသခံတွေအားကိုးရတဲ့ ဆေးခန်းဖြစ်ပြီး စစ်ကောင်စီက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Maiပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ အပြစ်မရှိလို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။ ၎င်းတို့ဟာ မြေပြင်မှာ စစ်ကြောင်းထိုးပြီး လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ အမိန့်နဲ့ စစ်ကောင်စီတပ်က လွှတ်လိုက်တာမို့ အရပ်သားတွေ ဖမ်းဆီးတာ၊ လုယက်သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" အရပ်သားတွေရော၊ လူမှုရေးလုပ်တဲ့သူတွေရော ဖမ်းထားတယ်။ သူတို့လက်ထဲမှာဘယ်နှစ်ယောက်ရှိလဲဆိုတာမသိတော့ဘူး။ ဒေသခံတွေလည်း ပတ်ရှောင်နေကြရတယ်"လို့ ဖားကန့်မြို့ခံတစ်ဦးကပြောပါတယ်။
ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီးတိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။
လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မေတာ်(KIA)နဲ့ KPDF က သတိပေးထားပါတယ်။ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက ထုတ်ပြန်ထားပါတယ်။

🤬36🤔6👍4❤2👎1🔥1
ရွှေဘိုအနောက်ခြမ်း လေကြောင်းတိုက်ခံရမှု အမျိုးသမီးတစ်ဦး သေဆုံး
ဧပြီ-၂၂၊ ၂၀၂၆။ ရှိန်း/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် အနောက်ခြမ်းက ဆောင်နန်းအုပ်စု ဇင်ကြီးကုန်းတဲစုကို ဧပြီ ၂၁ရက် မနေ့ညပိုင်း ၁၁နာရီကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေးကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လေကြောင်းတိုက်ခံရမှုကြောင့် ဇင်ကြီးကုန်းတဲစုမှာနေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ ဆိတ် ၇ ကောင်နဲ့ နွားတွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကြဲတာက ၄လုံးကြဲတာ။ ၁လုံးက ဘယ်သူမှ မရှိတဲ့ သဲကျင်းထဲကျတာ။ ၃လုံးက အဲဒီတဲစုလေးကို ကျတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူမိသားစုဟာ ဆိတ်ကျောင်း၊ နွားကျောင်းတဲ့ မိသားစုဖြစ်ပြီး ဒေသခံပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဧပြီလအတွင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း သံဃာတော် ၃ပါး၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အခုအမျိုးသမီး အပါအဝင် စုစုပေါင်း၅ဦး သေဆုံးကာ သံဃာ ၇ပါးအပါအဝင် ပြည်သူဒါဇင်နဲ့ချီဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

🤬35👎5🥰2😁1🤮1