People's Spring
60.6K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍206🔥2
တောင်သာမြို့နယ်ကိုစစ်တပ်က ၄ရက်ဆက် ဗုံးကြဲ

ဧပြီ-၂၁၊၂၀၂၆။ရှိန်း/People's Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄
ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ ရက်က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို ည ၇နာရီခွဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာအသက်(၅၀) ဝန်း
ကျင်အမျိုးသား တစ်ဦး၊အသက်(၄၀) ဝန်းကျင်အမျိုးသမီးနဲ့ (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး မိသားစုဝင် ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၉ ရက်မှာ ဆယ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲခဲ့သလို ဧပြီ၂၀ ရက် မနက်ပိုင်းမှာလည်း တမံကြီးရွာ၊ရုံးစဉ်ကြီးနဲ့သံဘိုရွာကြားတို့ကို Paramoter (စက်တပ် လေထီး)နဲ့ ဗုံးကြဲခဲ့သလို ဒီနေ့လည်း ဇဂျမ်းရွာကို စစ်တပ်က Paramoter နဲ့ထပ်မံဗုံးကြဲကာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

"ဆိုင်ကယ်‌ မောင်းနေတဲ့ လမ်းပေါ်က လူတွေကိုပါ စက်သေနတ်နဲ့ လိုက်ပစ်တယ် ပြောတယ်။လူတွေ တော့မထိဘူးလို့ သိရတယ်။ဒီလေကြောင်းလုပ်ခံ
ရတဲ့ရွာတချို့မှာ စစ်တပ် ဂိတ်ထိုင်ထားတာ တွေလည်းရှိတော့ အတိကျ တော့မသိရဘူး"လို့ ဒေ
သခံတစ်ဦးက ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာတွေ ဆက်
တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဧပြီ၄ရက်ကတည်းက စစ်တပ်က တောင်သာမြို့နယ်ကို စစ်ကြောင်းထိုး စီးနင်းကာ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီး ခဲ့ပြီး ယခုလအတွင်း ပြည်သူ ၁၂ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ကျေးရွာ၄ရွာ မီးလောင်ပျက်ဆီးခဲ့ပါတယ်။
🤬26🔥21👎1
တောင်သာမြို့နယ်၊ဇရပ်ကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေ မီးလောင်​တွေမီး​လောင်နေစဉ်။ ဓာတ်ပုံ - CJ
🤬28👎3🔥3
ထီးချိုင့်ကစစ်ကြောင်းကသာမြို့ရောက်၊
အင်းတော်မြို့ကိုစစ်​ကြောင်းထပ်ထိုးနိုင်

ဧပြီ၂၁၊၂၀၂၆။ရှိန်း/People's Spring

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ကနေသွားတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်းဟာ ကသာမြို့ကို စစ်ကား၂၂စီးနဲ့ ရောက်သွားပြီး အင်းတော်မြို့ကို စစ်​ကြောင်းဦးတည်ထားတယ်လို့ ဒေသခံတော်
လှန်ရေးအင်အားစုတွေကပြောပါတယ်။

သင်္ကြန်အပြီးမှာ ထီးချိုင့်မြို့က နေစစ်ကြောင်းတကြောင်း ကသာမြို့ကို ထွက်ခဲ့ပြီး မြစ်အရှေ့ခြမ်း၊မြတောင်ရွာကနေလည်း ကမ်းနီရွာကို စစ်ကြောင်းတကြောင်း ထွက်ခဲ့တယ်လို့သိရပါတယ်။

ထီးချိုင့်မြို့ကထွက်တဲ့ စစ်ကြောင်းဟာကသာမြို့ကို ရောက်ရှိသွားပြီး ကသာမြို့က အမှတ်(၃၀၉)
​ခြေမြန်တပ်ရင်း (ခမရ-၃၀၉)တပ်နဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။

"ထီးချိုင့်ကနေခြေလျင်စစ်ကြောင်းနဲ့ထွက်သွားတာ။ကသာကထွက်ကြိုတာဖြစ်မယ်။စစ်ကား
၂၂စီးနဲ့ ဝင်လာတယ်လို့သိရတယ်။မြတောင်ကထွက်တဲ့ စစ်ကြောင်းက ကမ်းနီရွာမှာပဲရှိတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင်ဒီရက်ပိုင်းမှာပဲ စစ်တပ်က အင်းတော် မြို့ကို စစ်ကြောင်းထိုးလာနိုင်တယ်လို့လည်း​တော်လှန်​ရေးတပ်​တွေကခန့်မှန်းပါတယ်။

အင်းတော်တော်လှန်ရေး (Indaw Revolution
-IR)ကလည်း "အင်းတော်မြို့ကို စစ်ကြောင်းတွေ ထိုးဖို့အတွက် သေချာသ လောက် တော့ ရှိနေပါပြီ။ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမယ်လို့သတင်း‌ တွေထွက် နေပါတယ်။စစ်ကြောင်းထိုးတဲ့ အချိန် တော်လှန်ရေးတပ် တွေနဲ့ ထိတွေ့တိုက်ပွဲ တွေဖြစ် ပေါ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်းအပြင်းအထန်ပြုလုပ်လာနိုင်ပါတယ်။ဒါ့ကြောင့်မိဘပြည်သူများအရေးပေါ်ဆေးဝါး၊ရိ
က္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းများ ထုတ်ပိုးပြင်ဆင်ထားသင့်ပါတယ်"လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၂ ရက်ညပိုင်းအထိ ရတဲ့သတင်းအရတော့ စစ်တပ်က အင်အားဖွဲ့စည်းမှုတချို့လုပ် နေတာရှိပြီး စစ်ကြောင်း တွေကတော့ ကသာမြို့ထဲမှာပဲရှိနေ သေးတယ်လို့ စုံစမ်းသိရပါတယ်။

အင်းတော် မြို့ကို တော်လှန်ရေး ပူး ပေါင်းတပ် တွေက ၂၀၂၅ခုနှစ် ဧပြီလမှာသိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ​ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ တပ်မ ၇၇ ကို ​ချေမှူန်းပြီးတပ်မ ၇၇ တပ်မမှူးကိုပါ ​တော်လှန်​ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်း​တော်မြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁)စစ်​ဒေသလက်​အောက်ထံ PDF တပ်ရင်း​တွေ ၊ ABSDF ၊ KIA နဲ့မဟာပူး​ပေါင်းတပ်​တွေက ခုနှစ်လကြာထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။
👍25🤬122🔥2🥰2
အင်း​တော်မြို့သိမ်းတိုက်ပွဲမှာ ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ထံမှာ​ဟောင်ဝစ်ဇာအပါအဝင်လက်နက်ကြီးများသိမ်းပိုက်ခဲ့စဥ်။
ဓါတ်ပုံ-Awngdang's Post
👍367👏3🥰2🔥1
ဖားကန့်တိုက်ပွဲဆက်ပြင်းထန်

■စစ်တပ် တပ်စွဲထားတဲ့နေရာတည့်တည့်ကို KIA နဲ့KPDFဒရုန်းဗုံးကြဲ

ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျ‌အောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

လုံးခင်းကျေးရွာအနီးအောင်ရာရွာအပါအဝင် သုံးနေရာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

"စစ်ကောင်စီစစ်ကြောင်းတွေက ဟိုတစ်စု ဒီတစ်စုရှိနေတာ။အရပ်သားတွေကိုလည်းဆက်တိုက်ဖမ်းနေတယ်။လူမှုကူညီ ရေးရုံးတွေမှာလည်းတပ်စွဲထားတယ်။ ဒီနေ့က တိုက်ပွဲတွေကြိုကြားဖြစ်နေတာ။အောင်ရာရွာနားမှာ ဒရုန်းနဲ့ချတာတော့ စစ်
တပ်ဘက်က အသေရှိတယ်" လို့ အထက်ပါသ
တင်းရင်းမြစ်ကပြောပါတယ်။

ဧပြီ ၂၂ ညပိုင်းမှာလည်း ပေါက်ကွဲသံတွေထွက်ပေါ်နေပြီး လုံးခင်းကျေးရွာအုပ်စုထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်တပ်စစ်ကြောင်းတွေကလုံးခင်းရွာထဲနဲ့ကျောက်ဝိုင်း၊မှော်စီစာဘုရားကုန်း၊ငြိခွန်ဆာကုန်းနဲ့မလန်းရွာထဲကို အရပ်ဝတ်တွေနဲ့ပါရောက်နေပါတယ်။

စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားသူတွေကို လမ်းဘေးမှာချုပ်နှောင်ထားပြီးရိုက်နှက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖားကန့်မှာစစ်တပ်စစ်ကြောင်းနဲ့အတူဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။

လူမှုကူညီရေးအသင်းရုံးတွေမှာပါတပ်စွဲထားလို့ အရက်ဖက်ကူညီ ရေးအဖွဲ့တွေဟာ ရုံးခန်းနေရာရွှေ့ပြောင်းထားရတယ်လို့သိရပါတယ်။

ဖားကန့်မှာဧပြီလ၂ရက်နေ့ကစပြီးတိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။လူနေရပ်ကွက်တွေကို စစ်တပ်က အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAနဲ့ KPDF သတင်းရင်းမြစ်တွေကပြောထားပါတယ်။
👍306🥰2🔥1
ဧပြီ လဆန်းကတိုက်ပွဲမှာ စစ်တပ်ကာကင်းစခန်း​တွေကို KIA နဲ့ KPDF ကသိမ်းပိုက်စဥ်
👍316🥰2👏2🔥1
Proof Of Life ကမ်ပိန်းမှာ ပြည်သူအားလုံးပါဝင်ပေးဖို့တောင်းဆိုတဲ့ ကင်မ်အဲရစ်

ဧပြီ-၂၁၊၂၀၂၆။သတိုး/People's Spring

မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခြင်းကပြည်သူအားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်
တာကြောင့် မိခင်ဖြစ်သူအသက်ရှင်ကြောင်းသက်
သေပြရန်တောင်းဆိုမှုတွင်ပါဝင်ပေးရန် သားဖြစ်သူကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကမေတ္တာရပ်ခံသည်။

"မေမေ သက်ရှိထင်ရှားနဲ့ကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုသိရဖို့တောင်းဆိုခဲ့တာ တော်
တော်ကြာပါပြီ။ ဒီတစ်ခါတော့ အားလုံးနဲ့ အတူတူပါဝင်တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့အရိုးရှင်းဆုံးဆန္ဒပါ။ ပြည်သူတွေ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်ပါတယ်။ "လို့ဒီနေ့ (ဧပြီ၂၁)ညမှာကင်မ်က ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်
သေပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ဒီနေ့စတင်လိုက်တယ်လို့ All In One Piece Movement က ကြေညာထားပါတယ်။

ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်းတောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်
ဆိုင်ရာအစိုးရဌာနတွေကနေဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement ကတိုက်တွန်းထားပါတယ်။

တော်လှန်ရေးမှာလူသိများသူတွေအပါအဝင် ပြည်သူတွေက Proof Of Life ကမ်ပိန်းမှာပါဝင်တဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆု
တောင်းစကားတွေကို ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။

"အန်တီဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးသလားဆိုတာ…အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်နော်။ အဲ့ဒီမေးခွန်းလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ မေးကြည့်ကြရအောင်။ တဆင့်စကား တဆင့်နား နဲ့ ကောလဟလတွေ မဟုတ်ပဲ၊ သူမ ရှိနေသေးတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်
အထားတစ်ခုကို သူမရဲ့သား ကိုထိန်လင်းတစ်ယောက်တည်းပဲ သိရမယ်ဆိုရင်တောင် လုံလောက်ပါတယ်။ မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာလို့ပါ"လို့ တော်လှန်အနုပညာရှင်ဖြူဖြူကျော်သိန်းက ရေးသားထားပါတယ်။

ဒါရိုက်တာကိုပေါက်ကလည်း "ငါတို့ခေါင်းဆောင်ကို ငါတို့မျှော်ကြသည်။ငါတို့ခေါင်းဆောင်ကိုသာ
ပြန်ပေးပါ။ငါတို့ခေါင်းဆောင်ကျန်းမာပါစေ"လို့ ရေးသားထားပါတယ်။
40👍11🥰3😁3
ဒေါ်​အောင်ဆန်းစုကြည် နဲ့သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်တို့ကို ၂၀၁၀ ခုနှစ်နှစ်ကုန်ပိုင်းကရန်ကုန်​လေဆိပ်မှာအတူ​တွေ့ရစဥ်။
ဓါတ်ပုံ-Reuters
49👍13😁2🔥1🥰1
စစ်တပ်​လေ​ကြောင်းအန္တရာယ်ကို
သိ​နေပြီဖြစ်တဲ့ အာ​ပေတူးလေး

ဧပြီ-၂၂၊၂၀၂၆။ဟာနာဆန်/People's Spring

စစ်ရေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ လူတွေသာမက တိရစ္ဆာန်လေးတွေပါ ဘေးအန္တရာယ်ကို ကိုယ်တိုင်သိမြင်ပြီး ရုန်းကန်နေကြရပါတယ်။

အဲဒီထဲမှာအရာတော်နယ်ကတော်လှန်ရေး ရဲဘော်သက်နောင် မွေးမြူထားတဲ့ "အာပေတူး" လို့ အ
မည်ပေးထားတဲ့ ခွေးလေးကတော့ ဒေသတွင်း လေကြောင်းရန် ဘယ်လောက်စိုးရိမ်ရသလဲဆိုတာကို သက်သေပြနေပါတယ်။

​အသက် ၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အထီးလေး အာပေတူးဟာ အရင်ကတော့ လေယာဉ်သံကြားရင် ဗုံးခိုကျင်းအဝမှာပဲ စောင့်နေတတ်ပေမယ့် နောက်
ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ စိပ်လာတဲ့အခါမှာတော့ အလိုအလျောက် ဗုံးခိုကျင်းထဲကို ပြေးဝင်တတ်နေပြီ ဖြစ်ပါတယ်။ "လေယာဉ်သံကြားတာနဲ့ တန်းဝင်တော့တာပဲ" လို့ ပိုင်ရှင်ဖြစ်သူ ရဲဘော်သက်နောင်က ဆိုပါတယ်။

​ရဲဘော်သက်နောင်ဟာ ခွေးချစ်တတ်သူတစ်ဦးဖြစ်တာကြောင့်အသိအမတစ်ယောက်ဆီကနေအသေး
မျိုး အထီးလေးဖြစ်တဲ့ အာပေတူးကို လက်ခံမွေး
မြူခဲ့တာပါ။ အမြဲတမ်းဆော့ကစားပြီး ပေတူးနေတတ်တာကြောင့် နာမည်ကို "အာပေတူး" လို့ ပေးထားခဲ့တာဖြစ်ပါတယ်။ စစ်ဘေးကာလအတွင်းမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ သစ္စာရှိရှိ အတူတူရှိနေပေးတဲ့ အဖော်မွန်လေးလည်း ဖြစ်ပါတယ်။

​အရာတော်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်
ခိုက်မှုတွေ ဘယ်လောက်အထိ များပြားနေသလဲဆိုရင် လူတွေသာမက တိရစ္ဆာန်လေးတွေပါ ဘေးကင်းရာကိုဘယ်လိုရှောင်တိမ်းရမလဲဆိုတာ ကောင်းကောင်းကြီး သိနေကြပြီ ဖြစ်ပါတယ်။ "လူမပြောနဲ့ တိရစ္ဆာန်တောင် သိနေပြီ" ဆိုတဲ့ စကားရပ်ဟာ အာပေတူးတို့လို ခွေးလေးတွေရဲ့ ရှင်သန်မှုပုံစံကို ကြည့်ရင်အထင်အရှားတွေ့မြင်နိုင်ပါတယ်။

​လက်ရှိမှာတော့ အာပေတူးဟာ ပိုင်ရှင်ဖြစ်သူနဲ့အတူ စစ်ဘေးအန္တရာယ်ကြားကနေ ရင်ဆိုင်ကျော်ဖြတ်ရင်း အရာတော်နယ်ရဲ့ မှတ်တမ်းတင်စရာ သစ္စာရှိခွေးလေးတစ်ကောင် ဖြစ်နေပါတော့တယ်။
43👍8😢4🥰3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-Thet Naung
63👍17🥰3😁3😢3😍1🤣1
တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ရေးဖြစ်လာတာက ဒီနွေဦးတော်လှန်ရေးမှာပါ။ ၅နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကျွန်​တော်တို့တွေဆိုရင် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ရှိနေပြီ။ ခံနိုင်ရည်က ရှိပြီးသား။ ရှိပြီးသားဆိုတဲ့နေရာမှာ ပြည်သူ့အားကြောင့် ကျွန်တော်တို့ဒီလိုလုပ်နိုင်ခဲ့တာ။ ပြည်သူလည်း ခံနိုင်ရည်ရှိပြီးသား။အဲဒါကြောင့် အခု မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။ ဆက်ပြီးတော့ ပြည်သူ့အားနဲ့ ကျွန်​တော်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ရောက်ရှိဖို့ရှေ့ဆက်ပြီးတော့ကျွန်​တော်တို့
အတူတူ တိုက်ပွဲဝင်ရအောင်လို့ပဲပြည်သူကိုမေတ္တာရပ်ခံချင်တယ်။


https://www.ludunwayoo.com/interviews-mm/2026/04/22/154854/
29👍14🔥2🥰2
တနင်္သာရီကလမ်းပိုင်းအချို့မှာ စစ်တပ်ဖြန့်ထားလို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ဟု PDFသတိပေး

■သတ်မှတ်လမ်းပိုင်းတွေ အသုံးမပြုဖို့ ဘေးကင်းရာရွှေ့ပြောင်းဖို့ ထုတ်ပြန်

ဧပြီ-၂၂၊၂၀၂၆။ရွက်ဝါ/People’s Spring

တနင်္သာရီတိုင်း တနင်္သာရီမြိုနယ်က လမ်းပိုင်းအချို့မှာ စစ်ကောင်စီတပ်ဖြန့်ထားလို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သလို လေကြောင်း တိုက်ခိုက် မှုတွေလည်း ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ သတ်
မှတ်လမ်းပိုင်းတွေ အသုံးမပြုဖို့ ၊ ဘေးကင်းရာပြောင်းရွှေ့ဖို့ အသိပေးကြောင်းပြည်သူ့ကာကွယ်
ရေးတပ်မတော်(PDF) မြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ ၅ မိုင်၊ ၆ မိုင် ၊ ထုံတော်ကျေးရွာတလျှောက်မှာစစ်တပ်တွေကအင်အားသုံးတပ်ဖြန့်
ထားတာလို့ ဆိုပါတယ်။

ဒါကြောင့်အဲဒီလမ်းပိုင်းတွေမှာတိုက်ပွဲများ ၊ရန်သူတပ်များရဲ့ ဒရုန်း၊ လေယာဉ်အန္တရယ်များ အချိန်မရွေးဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ပြည်သူတွေရဲ့အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုအတွက် စာထုတ်ပြန်တဲ့ ဒီကနေ့ ဧပြီ ၂၂ရက်မှစပြီး လမ်းပိုင်းတွေ အသုံးမပြုဖို့နဲ့ တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်သောကြောင့် ဘေးကင်းရာသို ပြောင်းရွှေ့ကြဖို့ အသိပေးထားပြီး ထုတ်ပြန်ချက်အားလေးစားလိုက်နာကြဖို့၊ လိုက်နာခြင်းမရှိပါက အန္တရာယ် ကျရောက်ခဲ့ရင် PDF တပ်တွေနဲ့ လုံး၀ မသက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။

အခုထုတ်ပြန်ချက်မှာ ပါဝင်တဲ့ နေရာအချို့ဟာ အရင်ကလည်းPDFနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့ပါတယ်။

"တိုက်ပွဲဖြစ်နေကျပဲ။(စစ်ကောင်စီတပ်)ထိုးစ်လို့ ပြောလို့ရပါတယ်”လို့ မြိတ်ခရိုင် တပ်ရင်း(၂) တာဝန်ရှိသူက ဒေသတွင်း စစ်ကောင်စီရဲ့ လှုပ်ရှားလာမှုကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေကို ပြောပါတယ်။

မတ်လ ၃ရက်ကလည်း တနင်္သာရီမြို့နယ် ၆မိုင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မြိတ်ခရိုင်တပ်ရင်း(၂)က တိုက်
ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိသလို စစ်ကောင်စီထံက လက်နက်အချို့ သိမ်းရခဲ့ဟု အသိပေးထားပါတယ်။

ဧပြီ ၁၁ ရက်ကလည်း ၆မိုင်နဲ့ ၅မိုင်အနီးတိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်မှု အချို့ ရှိခဲ့ပါတယ်။
🥰21👍145🔥2😁1
မြိတ်ခရိုင်တပ်ရင်း(၂)က ရဲဘော်တွေ့ကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF -P2
30👍8🥰7👏2🔥1💩1🫡1
မြိုင်တောင်ပိုင်းက သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ဧပြီ-၂၂၊၂၀၂၆။မိုမို/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဧပြီ ၂၀ ရက် ညနေ ၄နာရီဝန်းကျင်က သရက်ကန်ရွာနဲ့ မီတာ ၃၀၀ အကွာက ကင်းပတ်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့က အင်အား ဘယ်လောက်နဲ့ ထွက်လာလဲ ကျွန်တော်တို့ မသိရဘူး။အဲတာကြောင့် လက် နက်ငယ်နဲ့တိုက်ခိုက်ဖို့ ထပ်မိုင်းဆွဲတိုက်ခိုက်ဖို့ပဲရွေးချယ်ပြီး မိုင်းဆွဲခဲ့တာ မိုင်းဆွဲလိုက်တော့ တစ်ကောင် လဲကျသွားတာကိုမြင်လိုက်ရတယ်။ ပြန်ပစ်တာမရှိတာနဲ့ မိုင်းကွဲတဲ့နေရာကိုတက်ပြီး ရှင်းလင်းတော့ အလောင်းတစ်လောင်း ကိုတွေ့ရတယ်"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း G3တစ်လက် ၊ကျည် ဘောက်နှစ်ခု နဲ့ ကျည်တွေ သိမ်းဆည်းရရှိခဲ့ပေမယ့် မိုင်းပြင်းအားကြောင့် သေနတ်နဲ့ ကျည် ဘောက်တွေ ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။

"သေသွားတာက ကိုင်းတောမရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲပါ။ကျန်တဲ့သူတွေကတော့ ကြောက် အားလန့်အားနဲ့ တစ်ချက်မှတောင်ပြန်မပစ်နိုင်ပဲ ခွေးပြေးဝက်ပြေး ပြန်ဝင်ပြေးသွားတယ်"လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

TYK ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ ဒေါင်းမာန် တပ်ဖွဲ့ တို့ပူးပေါင်းပြီး စစ်အုပ်စုရဲ့ ပျူစောထီးကျေးရွာတွေကို ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုင်းတောမရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ်ကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ (၂)မိုင်ဝန်းကျင်အကွာမှာရှိတဲ့ သရက်ကန်ကျေးရွာကို ပြောင်းရွှေ့တပ်စွဲထားတာ ဖြစ်ပါတယ်။

"သရက်ကန်မှာက စစ်တပ်ဘက်က အင်အား ၇၀ အနည်းဆုံးရှိနိုင်တယ်"လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဒီဇင်ဘာကစပြီး မြိုင်မြို့နယ်တောင်ပိုင်းက စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ရွာ ဒေသအခေါ် ပျူစောထီးရွာတွေကို တပ်မ(၉၉) လက်အောက်ခံတပ်တွေက အင်အားဖြည့် တာရှိခဲ့ပါတယ်။
27👍17🥰4👏2🔥1😁1
(မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TYK ပြောက်ကျားတပ်ဖွဲ့)
👍37👏8🥰4🔥1😁1
မုံရွာမှာ အမှိုက်ကားနဲ့ သစ်ခိုးသယ်တဲ့ စည်ပင်ဝန်ထမ်းတချို့ ဖမ်းဆီးခံရ

ဧပြီ ၂၂၊ ၂၀၂၆။ဇေအောင်/People's Spring

မုံရွာမြို့မှာ အမှိုက်ကားနဲ့ သစ်ခိုးသယ်တဲ့ စည်ပင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဧပြီ ၂၀ရက်က မုံရွာစည်ပင်ပိုင် အမှိုက်ကားပေါ်မှာ အမှိုက်တွေအစား သစ်တွေအပြည့်တင်ပြီး မောင်းလာတာကို အလုံ-မင်းဒေါင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ကားမောင်းသူက စည်ပင်ဝန်ထမ်း ဦးရဲကျော် ဖြစ်ပြီး အဲဒီသစ်တွေကို အလုံဘက်ကနေ သယ်လာတာဖြစ်ကြောင်း၊ အခြား စည်ပင်ဝန်ထမ်းဖြစ်တဲ့ ဦးဇော်ဝင်းအောင် ပိုင်တဲ့ "ရှင်းသန့်" ပရိဘောဂဆိုင် ပို့ဆောင်ဖို့လို့ သိရကြောင်း အထက်ပါအဖွဲ့က ပြောပါတယ်။

"စကစက အချင်းချင်းမကျေနပ် အဝေမတည့်လို့ တိုင်ကြားခံရတာ ဖြစ်ပါလိမ့်မယ်။ စခတွေနဲ့ စည်ပင် ဆိုတာ မသိစရာမှ မရှိတာ"လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါပရိဘောဂဆိုင်ကလည်း တိုင်းစည်ပင်ဌာန ညွှန်ကြားရေးမှူးနဲ့ပါ ဆက်စပ်မှုရှိနေတယ်လို့ ​ဒေသခံအချို့က ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခံရတဲ့ ဝန်ထမ်းအရေအတွက်နဲ့ ဘယ်လိုဆက်လက်စစ်ဆေးနေတယ်ဆိုတာတော့ မသိရသေးပါဘူး။
😁33👍83🔥1