တောင်သာမြို့နယ်ကိုစစ်တပ်က ၄ရက်ဆက် ဗုံးကြဲ
ဧပြီ-၂၁၊၂၀၂၆။ရှိန်း/People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄
ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၈ ရက်က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို ည ၇နာရီခွဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုမှာအသက်(၅၀) ဝန်း
ကျင်အမျိုးသား တစ်ဦး၊အသက်(၄၀) ဝန်းကျင်အမျိုးသမီးနဲ့ (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး မိသားစုဝင် ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်မှာ ဆယ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲခဲ့သလို ဧပြီ၂၀ ရက် မနက်ပိုင်းမှာလည်း တမံကြီးရွာ၊ရုံးစဉ်ကြီးနဲ့သံဘိုရွာကြားတို့ကို Paramoter (စက်တပ် လေထီး)နဲ့ ဗုံးကြဲခဲ့သလို ဒီနေ့လည်း ဇဂျမ်းရွာကို စစ်တပ်က Paramoter နဲ့ထပ်မံဗုံးကြဲကာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
"ဆိုင်ကယ် မောင်းနေတဲ့ လမ်းပေါ်က လူတွေကိုပါ စက်သေနတ်နဲ့ လိုက်ပစ်တယ် ပြောတယ်။လူတွေ တော့မထိဘူးလို့ သိရတယ်။ဒီလေကြောင်းလုပ်ခံ
ရတဲ့ရွာတချို့မှာ စစ်တပ် ဂိတ်ထိုင်ထားတာ တွေလည်းရှိတော့ အတိကျ တော့မသိရဘူး"လို့ ဒေ
သခံတစ်ဦးက ပြောပါတယ်။
တောင်သာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာတွေ ဆက်
တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဧပြီ၄ရက်ကတည်းက စစ်တပ်က တောင်သာမြို့နယ်ကို စစ်ကြောင်းထိုး စီးနင်းကာ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီး ခဲ့ပြီး ယခုလအတွင်း ပြည်သူ ၁၂ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ကျေးရွာ၄ရွာ မီးလောင်ပျက်ဆီးခဲ့ပါတယ်။

🤬26🔥2❤1👎1
ထီးချိုင့်ကစစ်ကြောင်းကသာမြို့ရောက်၊
အင်းတော်မြို့ကိုစစ်ကြောင်းထပ်ထိုးနိုင်
ဧပြီ၂၁၊၂၀၂၆။ရှိန်း/People's Spring
စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ကနေသွားတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်းဟာ ကသာမြို့ကို စစ်ကား၂၂စီးနဲ့ ရောက်သွားပြီး အင်းတော်မြို့ကို စစ်ကြောင်းဦးတည်ထားတယ်လို့ ဒေသခံတော်
လှန်ရေးအင်အားစုတွေကပြောပါတယ်။
သင်္ကြန်အပြီးမှာ ထီးချိုင့်မြို့က နေစစ်ကြောင်းတကြောင်း ကသာမြို့ကို ထွက်ခဲ့ပြီး မြစ်အရှေ့ခြမ်း၊မြတောင်ရွာကနေလည်း ကမ်းနီရွာကို စစ်ကြောင်းတကြောင်း ထွက်ခဲ့တယ်လို့သိရပါတယ်။
ထီးချိုင့်မြို့ကထွက်တဲ့ စစ်ကြောင်းဟာကသာမြို့ကို ရောက်ရှိသွားပြီး ကသာမြို့က အမှတ်(၃၀၉)
ခြေမြန်တပ်ရင်း (ခမရ-၃၀၉)တပ်နဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။
"ထီးချိုင့်ကနေခြေလျင်စစ်ကြောင်းနဲ့ထွက်သွားတာ။ကသာကထွက်ကြိုတာဖြစ်မယ်။စစ်ကား
၂၂စီးနဲ့ ဝင်လာတယ်လို့သိရတယ်။မြတောင်ကထွက်တဲ့ စစ်ကြောင်းက ကမ်းနီရွာမှာပဲရှိတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင်ဒီရက်ပိုင်းမှာပဲ စစ်တပ်က အင်းတော် မြို့ကို စစ်ကြောင်းထိုးလာနိုင်တယ်လို့လည်းတော်လှန်ရေးတပ်တွေကခန့်မှန်းပါတယ်။
အင်းတော်တော်လှန်ရေး (Indaw Revolution
-IR)ကလည်း "အင်းတော်မြို့ကို စစ်ကြောင်းတွေ ထိုးဖို့အတွက် သေချာသ လောက် တော့ ရှိနေပါပြီ။ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမယ်လို့သတင်း တွေထွက် နေပါတယ်။စစ်ကြောင်းထိုးတဲ့ အချိန် တော်လှန်ရေးတပ် တွေနဲ့ ထိတွေ့တိုက်ပွဲ တွေဖြစ် ပေါ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်းအပြင်းအထန်ပြုလုပ်လာနိုင်ပါတယ်။ဒါ့ကြောင့်မိဘပြည်သူများအရေးပေါ်ဆေးဝါး၊ရိ
က္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းများ ထုတ်ပိုးပြင်ဆင်ထားသင့်ပါတယ်"လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၂ ရက်ညပိုင်းအထိ ရတဲ့သတင်းအရတော့ စစ်တပ်က အင်အားဖွဲ့စည်းမှုတချို့လုပ် နေတာရှိပြီး စစ်ကြောင်း တွေကတော့ ကသာမြို့ထဲမှာပဲရှိနေ သေးတယ်လို့ စုံစမ်းသိရပါတယ်။
အင်းတော် မြို့ကို တော်လှန်ရေး ပူး ပေါင်းတပ် တွေက ၂၀၂၅ခုနှစ် ဧပြီလမှာသိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ တပ်မ ၇၇ ကို ချေမှူန်းပြီးတပ်မ ၇၇ တပ်မမှူးကိုပါ တော်လှန်ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁)စစ်ဒေသလက်အောက်ထံ PDF တပ်ရင်းတွေ ၊ ABSDF ၊ KIA နဲ့မဟာပူးပေါင်းတပ်တွေက ခုနှစ်လကြာထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

👍25🤬12❤2🔥2🥰2
ဖားကန့်တိုက်ပွဲဆက်ပြင်းထန်
■စစ်တပ် တပ်စွဲထားတဲ့နေရာတည့်တည့်ကို KIA နဲ့KPDFဒရုန်းဗုံးကြဲ
ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျအောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
လုံးခင်းကျေးရွာအနီးအောင်ရာရွာအပါအဝင် သုံးနေရာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
"စစ်ကောင်စီစစ်ကြောင်းတွေက ဟိုတစ်စု ဒီတစ်စုရှိနေတာ။အရပ်သားတွေကိုလည်းဆက်တိုက်ဖမ်းနေတယ်။လူမှုကူညီ ရေးရုံးတွေမှာလည်းတပ်စွဲထားတယ်။ ဒီနေ့က တိုက်ပွဲတွေကြိုကြားဖြစ်နေတာ။အောင်ရာရွာနားမှာ ဒရုန်းနဲ့ချတာတော့ စစ်
တပ်ဘက်က အသေရှိတယ်" လို့ အထက်ပါသ
တင်းရင်းမြစ်ကပြောပါတယ်။
ဧပြီ ၂၂ ညပိုင်းမှာလည်း ပေါက်ကွဲသံတွေထွက်ပေါ်နေပြီး လုံးခင်းကျေးရွာအုပ်စုထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်တပ်စစ်ကြောင်းတွေကလုံးခင်းရွာထဲနဲ့ကျောက်ဝိုင်း၊မှော်စီစာဘုရားကုန်း၊ငြိခွန်ဆာကုန်းနဲ့မလန်းရွာထဲကို အရပ်ဝတ်တွေနဲ့ပါရောက်နေပါတယ်။
စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားသူတွေကို လမ်းဘေးမှာချုပ်နှောင်ထားပြီးရိုက်နှက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖားကန့်မှာစစ်တပ်စစ်ကြောင်းနဲ့အတူဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။
လူမှုကူညီရေးအသင်းရုံးတွေမှာပါတပ်စွဲထားလို့ အရက်ဖက်ကူညီ ရေးအဖွဲ့တွေဟာ ရုံးခန်းနေရာရွှေ့ပြောင်းထားရတယ်လို့သိရပါတယ်။
ဖားကန့်မှာဧပြီလ၂ရက်နေ့ကစပြီးတိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။လူနေရပ်ကွက်တွေကို စစ်တပ်က အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAနဲ့ KPDF သတင်းရင်းမြစ်တွေကပြောထားပါတယ်။

👍30❤6🥰2🔥1
Proof Of Life ကမ်ပိန်းမှာ ပြည်သူအားလုံးပါဝင်ပေးဖို့တောင်းဆိုတဲ့ ကင်မ်အဲရစ်
ဧပြီ-၂၁၊၂၀၂၆။သတိုး/People's Spring
မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခြင်းကပြည်သူအားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်
တာကြောင့် မိခင်ဖြစ်သူအသက်ရှင်ကြောင်းသက်
သေပြရန်တောင်းဆိုမှုတွင်ပါဝင်ပေးရန် သားဖြစ်သူကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကမေတ္တာရပ်ခံသည်။
"မေမေ သက်ရှိထင်ရှားနဲ့ကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုသိရဖို့တောင်းဆိုခဲ့တာ တော်
တော်ကြာပါပြီ။ ဒီတစ်ခါတော့ အားလုံးနဲ့ အတူတူပါဝင်တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့အရိုးရှင်းဆုံးဆန္ဒပါ။ ပြည်သူတွေ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်ပါတယ်။ "လို့ဒီနေ့ (ဧပြီ၂၁)ညမှာကင်မ်က ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်
သေပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ဒီနေ့စတင်လိုက်တယ်လို့ All In One Piece Movement က ကြေညာထားပါတယ်။
ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်းတောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်
ဆိုင်ရာအစိုးရဌာနတွေကနေဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement ကတိုက်တွန်းထားပါတယ်။
တော်လှန်ရေးမှာလူသိများသူတွေအပါအဝင် ပြည်သူတွေက Proof Of Life ကမ်ပိန်းမှာပါဝင်တဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆု
တောင်းစကားတွေကို ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။
"အန်တီဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးသလားဆိုတာ…အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်နော်။ အဲ့ဒီမေးခွန်းလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ မေးကြည့်ကြရအောင်။ တဆင့်စကား တဆင့်နား နဲ့ ကောလဟလတွေ မဟုတ်ပဲ၊ သူမ ရှိနေသေးတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်
အထားတစ်ခုကို သူမရဲ့သား ကိုထိန်လင်းတစ်ယောက်တည်းပဲ သိရမယ်ဆိုရင်တောင် လုံလောက်ပါတယ်။ မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာလို့ပါ"လို့ တော်လှန်အနုပညာရှင်ဖြူဖြူကျော်သိန်းက ရေးသားထားပါတယ်။
ဒါရိုက်တာကိုပေါက်ကလည်း "ငါတို့ခေါင်းဆောင်ကို ငါတို့မျှော်ကြသည်။ငါတို့ခေါင်းဆောင်ကိုသာ
ပြန်ပေးပါ။ငါတို့ခေါင်းဆောင်ကျန်းမာပါစေ"လို့ ရေးသားထားပါတယ်။

❤40👍11🥰3😁3