People's Spring
60.6K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ပြည်သူတွေပေးပို့ခဲ့တဲ့ ရှေ့တန်းရောက် စားသောက်စရာတွေနဲ့ စာလွှာတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပကဖ)
58👍10👏3🤣3🥰2
■​မေးမြန်းခန်း

"မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။"

︎SCEF အတွင်း​ရေးမှူးအဖွဲ့ဝင် နဲ့ CNF ပြောရေး
ဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဧပြီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။ အဲဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ
(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့
ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

ထားမြတ်/People's Spring

မေး- အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်မယ်လို့ ပြောလာတဲ့အပေါ်ဘယ်လိုတုန့်ပြန်လိုပါသလဲ။

ဖြေ- ဒီကိစ္စကတော့ အခုစစ်ကောင်စီကနေအစောကတည်းက သူတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ထည့်ထားပြီးသား။အားလုံးသိပြီးသားဖြစ်ပါတယ်။တိုင်းရင်း
သားလက်နက်ကိုင်တွေကို နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်မယ်ဆိုတာကတော့ သူ့လုပ်ငန်းစဉ်မှာ ပါပြီးသားဖြစ်ပါတယ်။ ဒါကတော့ ကျွန်​တော်အနေနဲ့ အထူးအဆန်းရယ်လို့သိပ်ပြီးတော့ မစဉ်းစားဘူးပေါ့။ ဒါပေမဲ့ ကျွန်​တော်တို့ရဲ့ ရပ်တည်ချက်ကို ဟိုတဖက်ကသိတယ်။ သူတို့ရဲ့ ရပ်တည်ချက်ကို ကျွန်​တော်တို့ကလည်းသိတယ်။ ဆိုတော့ဘာတွေဆွေးနွေးမလဲဆိုတာရှိလာတာပေါ့။ သူပြောတဲ့အထဲမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုနဲ့ ဆိုတဲ့ဟာတွေပြန်ပါလာပြန်တယ်။ ဆိုတော့ဒီကိစ္စကအားလုံးသိပြီးသားဖြစ်တဲ့အတွက် သိပ်ပြီးတော့ မှတ်ချက်ပေးစရာလည်းမရှိဘူး။ အစကတည်းက NCA(တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာ
ချုပ်)ကို သူတို့က ချိုးဖောက်ထားတယ်။ အဲဒီအပေါ်မှာ ကျွန်​တော်တို့က အခုသွားနေတာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူကတော့ ပြောတော့ ပြောလာမှာပေါ့။ ဒါပေမဲ့ ကျွန်​တော်တို့အနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်
လာဖို့ ဆိုတဲ့ဟာ ပြင်ဆင်ထားတာဘာမှမရှိဘူး။ ကျွန်​တော်တို့ရပ်တည်ချက်ကတော့၂၀၀၈ ဖွဲ့စည်း
ပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှ NCAက အစ ဒါကတော့ အယုံအကြည်တော့မရှိဘူးပေါ့။ကျွန်​တော်တို့ ဆွေးနွေးရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ နောက်တခုက ဒီ နွေဦးတော်လှန်ရေးအခင်းအကျင်းကြီးက အရင် အာဏာသိမ်းမှု မတိုင်ခင် အခင်းအကျင်းနဲ့ လုံး၀ မတူတော့ဘူး။ တဖွဲ့ချင်းနဲ့ လုပ်တာမျိုးဆိုတာအဓိပ္ပါယ်မရှိတော့ဘူး။ တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ဟာအခုကပြည်
တွင်းထဲမှာ ပြည်သူအားလုံးက လက်နက်စွဲကိုင်လာကြတယ်။ ၂၀၂၀ အနိုင်ရ အခု NUG ပဲ ခေါ်ခေါ် CRPH ပဲ ခေါ်ခေါ် ဆိုတော့ အဲဒါတွေလည်း ကျွန်​တော်တို့ထဲ ပြောလို့ရတဲ့ ကိစ္စမဟုတ်တော့ဘူးလို့ မြင်တယ်။

မေး-စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးတို့ နိုင်ငံရေးဆွေး
နွေးဖို့ ဆိုတဲ့ ဖိတ်ခေါ်ချက်ကရော ယုံကြည်စရာရှိပါသလား

ဖြေ-ကျွန်​တော်တို့က ခုနပြောထားသလိုပေါ့မယုံ
ကြည်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်​တော်တို့လည်း ဆွေးနွေးပြီးသားဖြစ်တယ်။ အခုပြောနေတာတွေက ဟိုးယခင်ကာလတွေတုန်းက ပြောနေတဲ့အတိုင်းပဲ။ မူဟောင်းကြီးကို သယ်လာတာဆိုတော့ ဒုံရင်းဒုံရင်းပဲ ပြန်ဖြစ်မှာပဲ။

မေး-အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်ယူနီဖောင်းကနေ အရပ်သားအသွင်ပြောင်း၊ သူ့ဘာသာသမ္မတဆိုပြီးခန့်ထားတာဆိုတော့ ဒီလို ပြောဆိုတာတွေဟာ သူ့ရဲ့ တရားဝင်မှု ရယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခုလို ဖိတ်ခေါ်ဖို့လုပ်လာတယ်လို့ မြင်ပါသလား။

ဖြေ- ဟုတ်ကဲ့ အဲဒါလည်း သူပြောထားပြီးသား ကျွန်​တော်တို့ကို အဖွဲ့အစည်းတခုတည်း ကောင်း
စားရေးအတွက် ဆိုတဲ့ စကားလုံးပါလာတယ်။
ကျွန်​တော်တို့က ပြန်ပြောရင်တော့ သူလည်းပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ရေရှည်ရပ်တည်ရေးနဲ့ တရားဝင်ဖြစ်ဖို့ ဆိုတဲ့ဟာ သူလည်း တွန်းနေတာပဲလေ။ အဲဒါပဲ ဒါကတော့ ရှင်းပြီးသား။ အာဏာ
သိမ်းပြီးကတည်းကိုက ရွေးကောက်ပွဲ လုပ်တာကအစ ဒါကတော့ အတုအယောင်ပါပဲ။ ပြည်သူလူထု ဆန္ဒ လုံး၀မပါဘူးလို့ ကျွန်​တော်တို့ပြောနေတဲ့ ကိစ္စ
ဖြစ်တာပေါ့နော်။

မေး-တဖက်မှာ SCEF(ဖက်ဒရယ်ဒီမိုကရေစီပေါ်
ထွန်းရေးဦးဆောင်ကောင်စီ) စုဖွဲ့မှု ရှိတယ် ဒီလို စစ်တပ်ဘက်ကလည်းဖိတ်ခေါ်ဖို့ရှိတယ်။SCEF
မှာလည်း မူဝါဒ သဘောထားတွေရှိတယ်။ဒီအပေါ် ဘာပြောလိုပါသလဲ။ ဆက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး။

ဖြေ- အဲဒါကြောင့် ခုနက ပြောတာ တစုတဖွဲ့တည်း နဲ့ဖိတ်ခေါ်တာတော့ဒီနွေဦးတော်လှန်ရေးဖြစ်တည်လာတဲ့ နိုင်ငံရေးအခင်းအကျင်းကအရင်လိုမဟုတ်
👍237🔥2🖕1
တော့ဘူး။ကျွန်​တော်တို့မှာလည်းနောက်ဆုံး SCEF စသဖြင့်ရှိလာတယ်။ ကျွန်​တော်တို့မှာ နိုင်ငံရေးရပ်တည်ချက်တွေအခိုင်အမာချထားတယ်။ ဒါက အဖွဲ့အစည်းတခုတည်းနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်
ဖြစ် CNF အနေနဲ့ပဲ ဖြစ်ဖြစ် အခြား မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သော်လည်း
ကောင်းတဖွဲ့ချင်းအဲဒီလိုပြောလို့ ရတာမျိုးမဟုတ်
တော့ဘူးလို့ ကျနော်အဲဒီလိုပဲ ပြန်ပြောချင်တယ်။

မေး-SCEF စုဖွဲ့မှုက ရှေ့ဆက်ပြီးလုပ်မယ့် စစ်ရေးနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး လူထုတွေကို ဘာ​ပြောလိုပါသလဲ။

ဖြေ-ကျွန်​တော်တို့ကဒီ ၅နှစ်တာတော်လှန်ရေး အဲဒီ
ထဲက အတွေ့အကြုံကို ယူပြီးမှ ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အားကောင်းတဲ့ လက်တွေ့ မြေပြင်မှာ အလုပ်လုပ်နိုင်ဖို့ဆိုပြီး SCEF ဖွဲ့စည်းထားတာ။ အဲဒီလုပ်ငန်းစဉ်လည်းသွားနေတာဖြစ်တော့ SCEF
ကတော့ လက်တွေ့မြေပြင်မှာစစ်ရေးအရ၊နိုင်ငံရေး
အရ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီရပ်တည်ချက်အတိုင်း ဆက်လက်ပြီးတော့ သွားမှာ ဖြစ်တယ်။

မေး-မင်းအောင်လှိုင် နဲ့ စစ်အုပ်စုကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှု​တွေ​ကြောင့် ဆွေးနွေးဖက်အဖြစ် သတ်မှတ်သင့်ပါသလား။

ဖြေ-အဲဒီမှာလည်း ကျွန်​တော်တို့ ရပ်တည်ချက်မှာ ပဋိပက္ခကာလအတွင်း မတရားမှုကိစ္စတွေ ကျွန်​တော်တို့မှာပြဌာန်းထားတာရှိပါတယ်။အဲဒီအတိုင်း
ပဲ ကျွန်​တော်တို့က သွားမှာ ဆိုတော့ အခုက မင်းအောင်လှိုင် အနေနဲ့ အစိုးရ ဖွဲ့တာကျွန်​တော်နော်တို့က အသိအမှတ်မပြုနိုင်ဘူး။အသိအမှတ်မပြုနိုင်ဘူးဆိုကတည်းကိုကကျွန်​​တော်တို့အနေနဲ့သူတို့ ကမ်းလှမ်းပြီး ဆွေးနွေးတာတွေက တကယ့် ထိရောက်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှု ဖြစ်မလာနိုင်ဘူးလို့ ကျွန်​​တော်တို့ကထင်တာပေါ့။

မေး-စစ်အုပ်စုရဲ့ ဖိတ်ခေါ်ချက်တွေလက်မခံဘူးဆိုတဲ့ သဘောထားမျိုးလား

ဖြေ-ဟုတ်ကဲ့ ဟုတ်ကဲ့။ အခုအနေအထားကတော့ အစက ပြောထားသလိုပဲ NCAကို သူ(စစ်အုပ်စု)
က စပြီးတော့ချိုးဖောက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲလည်း လုပ်ခဲ့ဖူးတယ်။ သူတို့ပဲ လုပ်ခဲ့တာဖြစ်တယ်။ အခုလည်း အဲဒီပုံစံအတိုင်းပဲသူက ပုံတူကူးပြီးတော့ ပြန်လာတယ်ဆိုတော့ ဒီကိစ္စကတော့ လုပ်ရင်လည်း အချိန်ကုန်လူပမ်းရုံပဲ ဖြစ်မှာပဲလို့ မြင်တယ်။

မေး- NUG ယာယီသမ္မတ ရဲ့ မိန့်ခွန်းမှာ ပါတာရှိတယ်။ အဓိကတော့ စစ်တပ်ထဲမှာ ရှိတဲ့ ကျန်နေသေးတဲ့စစ်သား စစ်ဗိုလ်တွေအနေနဲ့ အခုလို အ
ကြမ်းဖက်စစ်တပ် အမည်ခံနေရတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ တိုက်တွန်းထားတာပေါ့။ ဆရာတို့အနေနဲ့ရော ဒီအပေါ် ဘာပြောလိုလဲ။ ဆိုလိုချင်တာက စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတာတွေ ပြန်အဖက်ဆယ်နိုင်ဖို့ ဆိုရင် တပ်မှူးတပ်ဗိုလ်တွေကို ဘာပြောလိုပါသလဲ။

ဖြေ-ကျွန်​​တော်တို့မှာအရှိတရား၊အဖြစ်တရား အ
မှန်တရား အဓိကကတော့ ပြည်သူပေါ့ ပြည်သူရဲ့ သဘောထား ကို လုံး၀အလေးထားဖို့ လိုပါတယ်။ ဒီနေ့ဒီအချိန်မှာ စကမ တပ်မှူးစစ်ဗိုလ်တွေကအစ သူတို့လည်းပညာတက်တွေပဲ။ကျွန်​တော်တို့နိုင်ငံ ဘယ်လိုဖြစ်သွားသလဲဘယ်သူ့ကြောင့်ဖြစ်သွားသလဲကွက်ကွက်ကွင်းကွင်းနားလည်ဖို့လိုပါတယ်။ ကျွန်​တော်တို့ကတော့ ရပ်တည်ချက်က ရှိပြီးသားဖြစ်တယ်။သမိုင်းနဲ့ ချီပြီး လုပ်လာခဲ့တာဖြစ်တယ်။ အဲဒါတွေကို မြင်တက်ပြီးတော့ခုဏ ယာယီသမ္မတကြီး ပြောသလိုပဲ ကျွန်​တော်ထပ်လောင်းပြီးတော့ ပြန်ပြောချင်တယ်။

မေး-SCEF စုဖွဲ့မှုမှာ စစ်ရေးအရ ပူးပေါင်းချိတ်
ဆက်ဆောင်ရွက်ဖို့ဆိုတာလည်းပါတာပေါ့။ လက်ရှိမှာရော အဲဒီလို ချိတ်ဆက်ဆောင်ရွက်နေတဲ့ အနေအထားတွေ ဘယ်လိုရှိပါသလဲ။ အရင်ထက် တိုးမြှင့်သွားဖို့ အနေအထားရှိပါသလား။

ဖြေ-အခုထိ ငါးနှစ်တာ အတွေ့အကြုံအရ ဖြစ်တည်လာတဲ့ SCEF ဟာအဲဒီထဲမှာ စစ်ရေးရော နိုင်ငံရေးရော တွန်းနေတဲ့ဟာဖြစ်တယ်။ အဲဒါတွေက အခု ရက်ပေါင်း ၆၀အတွင်းလုပ်မှာဖြစ်တယ်။ အဲဒီလုပ်ငန်းစဉ်ကဆုတ်ယုတ်မသွားဘူး ရှေ့ဆက်
ပြီးတော့ သွားနေပါတယ်လို့ ပြောချင်ပါတယ်။

မေး-SCEF ပိုအားကောင်းဖို့ နောက်ထပ်ပါသင့်တဲ့အဖွဲ့တွေပါဖို့ဆိုတဲ့ဆောင်ရွက်မှုကရောတိုးတက်
မှု အလားအလာတွေ့ရပါသလား။

ဖြေ-ကျွန်​တော်တို့က SCEF ဖြစ်လာဖို့ အဆင့်(၁)နဲ့ အဆင့်(၂) ခွဲထားပါတယ်။အဆင့်(၁)က လက်ရှိ ရှိနေတဲ့ အစုအဖွဲကတွေနဲ့ စတင်ပြီးလုပ်တယ်။ အဲဒါက ကျွန်​တော်တို့ လုပ်ပြီးသွားပြီ။ ဒုတိယ အဆင့်မှာက ခုနက ပြောသလို အားလုံးပါဝင်နိုင်ရေး ဘုံနိုင်ငံရေးရည်မှန်းချက် တူညီတဲ့ အဖွဲ့အစည်းအား
လုံး ပါဝင်နိုင်ရေးကိုတော့ ချိတ်ဆက်ဆောင်ရွက်မှု လုပ်နေပါတယ်။ SCEF မဖွဲ့စည်းခင်ကတည်းကိုက အဖွဲ့အစည်းအချို့တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆွေးနွေးမှုတွေ ကျွန်​တော်တို့လုပ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်​တော်တို့ သွားမှာ ဖြစ်ပါတယ်။
မကြာခင်မှာလည်း တခြားအစုအဖွဲ့တွေလည်း ပါလာလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး-နွေဦးတော်လှန်ရေးဟာ ၅နှစ်ကျော်လာပြီ။ တိုင်းရင်းသားတွေ တော်လှန်နေတာကတော့ နှစ်ပေါင်းများစွာ ကတည်းကပေါ့ အခက်အခဲတွေရှိခဲ့တယ် ဒီလိုအခက်အခဲတွေ ကျော်လွှားဖို့း ပန်းတိုင်ကိုရောက်အောင်သွားနိုင်ဖို့ လူထုတွေကို ဘာတိုက်တွန်းလိုပါသလဲ။
👍249🔥2
ဖြေ-တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ရေးဖြစ်
လာတာက ဒီနွေဦးတော်လှန်ရေးမှာပါ။ ၅နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကျွန်​တော်တို့တွေဆိုရင် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ရှိနေပြီ။ ခံနိုင်ရည်က ရှိပြီးသား။ ရှိပြီးသားဆိုတဲ့နေရာမှာ ပြည်သူ့အားကြောင့် ကျွတ်​တော်တို့ဒီလိုလုပ်နိုင်ခဲ့တာ။ ပြည်သူလည်း ခံနိုင်ရည်ရှိပြီးသား။အဲဒါကြောင့် အခု မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။ ဆက်ပြီးတော့ ပြည်သူ့အားနဲ့ ကျွန်​တော်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ရောက်ရှိဖို့ ရှေ့ဆက်ပြီးတော့
ကျွန်​တော်တို့အတူတူ တိုက်ပွဲဝင်ရအောင်လို့ပဲ ပြည်သူကိုမေတ္တာရပ်ခံချင်တယ်။

မေး-လူထုတွေကိုသတ်ဖြတ်နေတဲ့ဒီစစ်အုပ်စုကို ပံ့ပိုးမှုတွေ အသိအမှတ်ပြုမှုတွေလုပ်နေတဲ့ တရုတ်အပါအဝင် နိုင်ငံအချို့ကို ဘာသတင်းစကားပါးလိုပါသလဲ။

ဖြေ-အခုစစ်အုပ်စုကို ပံ့ပိုးနေတဲ့နိုင်ငံအဖွဲ့အစည်းတွေရှိပါတယ်။သူ့တို့မှာလည်းပြည်သူရှိတယ်။
ကျွန်​တော်တို့မှာလည်းပြည်သူရှိတယ်။အားလုံးကလူသားချင်းပါပဲ။ဆိုတော့လုပ်တဲ့နေရာဘယ်သူတရားသလဲ မတရားသလဲဆိုတဲ့ဟာချင့်တွက်ဖို့ လိုပါလိမ့်မယ်။သူ့ရဲ့နိုင်ငံအကျိုးစီးပွားထက် လူ
သားရဲ့အကျိုးစီးပွားကို ငဲ့ကွက်ဖို့အခုမင်းအောင်
လှိုင်ကိုပံ့ပိုးတဲ့နိုင်ငံတွေကိုပြောချင်ပါတယ်။

မေး-အခြားဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ- ခုနကပြောသလိုပေါ့ပြည်သူတွေကိုအထူးမှာချင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို နားမယောင်ကြဖို့တွေဝေမနေကြဖို့ပေါ့။ကျွန်​တော်တို့မြန်မာနိုင်ငံဟာဆင်းရဲနိုင်ငံဖြစ်တယ် အကြမ်းခံပြီးသားဖြစ်တယ်။ကျွန်​တော်တို့ရဲ့ ဒီနေ့ ဒီအချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ခိုင်မာဖို့အနာဂတ်ကျနော်တို့ရဲ့ သားသမီးတွေမြေးတွေရေရှည်အကျိုးကို မျှော်
ကိုးပြီးတော့မှ အခုနွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပိုပြီးတော့တတပ်တအားပါဝင်ပေးကြဖို့ပဲ ထပ်
လောင်းပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ ။

​​ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ်။
👍375🔥2🖕1
👍31🥰2🖕2🔥1
စစ်တပ်ထံ အညံ့ခံတဲ့ရဲဘော်တွေ ပခုက္ကူထောင်မှာ ဖမ်းဆီးအကျဥ်းချခံရ
ဧပြီ ၂၁၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကောင်စီရဲ့ အလင်းဝင်ဖို့ဖိတ်ခေါ်မှုကိုယုံကြည်ပြီးသွားတဲ့ တော်လှန်ရေးရဲဘော်တွေ လှည့်ဖြားဖမ်းဆီးခံနေရပြီး လက်တလောမှာ ပခုက္ကူအကျဉ်းထောင်အတွင်းမှာ အကျဥ်းချခံထားရတယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ အညံ့ခံသွားကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)အဖွဲ့ဝင်တွေနဲ့ လူငယ်အများအပြားဟာ လှည့်ဖြားဖမ်းဆီးခြင်းခံရပြီးနောက် ပခုက္ကူအကျဉ်းထောင်အတွင်း ပို့ဆောင်ခံထားရကြောင်း ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်ကိုကိုးကားပြီး Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
စစ်ကောင်စီဟာ အညံ့ခံလာသူတွေကို တောင်ကြီးနဲ့ မန္တလေးမြို့ကြီးတွေမှာ ကြိုဆိုဧည့်ခံပွဲတွေ ပြုလုပ်ပေးကာ နေအိမ်မှာ ခေတ္တပြန်နေခွင့်ပြုခဲ့ပေမဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီနောက် အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးကာ ထောင်ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
"တဒင်္ဂမှာ ငရဲပန်းကို ရွှေပန်းထင်နေသော ဆေးကြောင် PDFများ သိစေဖို့ ပခုက္ကူအကျဉ်းထောင်မှာ မင်းတို့လို PDF ကြောင်များ ထောင်တွင်း အကျဉ်းချခံနေရပါကြောင်း နိုးဆော်အပ်ပါသည်။"လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူခရိုင်က PDFတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေလည်း ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
"ရန်သူဟာ ရန်သူပါပဲ။ စစ်အာဏာရှင်ကို သွားယုံကြည်ကြတာဟာ ကလေးတွေ မီးနဲ့သွားကစားမိကြသလိုပါပဲ။ အန္တရာယ်သိပ်ကြီးပါတယ်။ PDFနဲ့ ပကဖ ရဲဘော်တွေအနေနဲ့ တပ်မှာဘယ်လိုမှ အဆင်မပြေတော့ရင် ခွေးတပ်ဘက်ကိုအမှောင်ဝင်မယ့်အစား အထက်အဆင့်ဆင့်ကို တင်ပြပြီး နားခွင့်ရအောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။"လို့ မုံရွာခရိုင်အခြေစိုက် ပကဖရဲဘော်တစ်ဦးက အကြံပြုပါတယ်။
လက်ရှိ ပခုက္ကူအကျဉ်းထောင်အတွင်း အသက်(၁၇)နှစ်မှ (၇၀)ကျော်အထိ အကျဉ်းသားပေါင်း ၇၀၀ ခန့် ရှိနေပြီး အများစုမှာ မတရားစွပ်စွဲခံထားရတဲ့ ပြည်သူတွေဖြစ်​ကြောင်း၊ ၎င်းတို့အနက် မိသားစုလိုက် ဖမ်းဆီးခံရသူတွေ၊ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်မှ ၅၀ နှစ်အထိ ချမှတ်ခံထားရသူတွေ ရှိနေကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ထောင်ဒဏ် နှစ် ၄၀ ကျော် ချမှတ်ခံရပြီး ထောင်တွင်းမှာပဲ ကလေးမွေးဖွားထားရကြောင်း Southern YSO PDF အဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် CDM ဝန်ထမ်းတွေ ခရီးသွားစဉ် မှတ်ပုံတင်စစ်ဆေးခံရရာမှ ၅ နှစ်အထက် ထောင်ဒဏ်တွေ ချမှတ်ခံထားရတာတွေလည်း ရှိနေကြောင်း သိရပါတယ်။ တော်လှန်ရေးလူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လှည့်ဖြားမှုအောက်ကို သတိပြုဖို့ Southern YSO PDF အဖွဲ့က အသိပေးထားပါတယ်။
👏31👍9🤬32🔥2🖕1
(ပြီးခဲ့တဲ့နှစ်က PDF တွေ အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ခဲ့စဉ်။ ဓာတ်ပုံ-စကစ)
💩21🤣14🤬2👎1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာတဲ့အ​ထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းစတင်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာတဲ့အ​ထောက်အထားပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို စတင်လိုက်ပြီလို့ All in One Piece Movement က ကြေညာလိုက်ပါတယ်။မိခင်အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်တဲ့ မိခင်ကျန်းကျန်းမာမာရှိနေသေးသည်ကို သက်သေပြပေးဖို့အတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုလေးဖြစ်တဲ့ Proof of life လှုပ်ရှားမှုလေးစတင်ပြီလို့ အသိပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်နဲ့အတူတူ ပါဝင်လှုပ်ရှားပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်တယ်လို့ ဒီနေ့ ဧပြီ ၂၁ရက် မနက်မှာ ကြေညာထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။ Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်က ထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement က ‌ထုတ်ပြန်ထားပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးဖို့ အဖွဲ့ပေါင်း ၆၀နီးပါး တောင်းဆို

​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ဒီနေ့ ဧပြီ ၂၁ရက်မှာ စုပေါင်းတောင်းဆို လိုက်ပါတယ်။ အဖွဲ့အစည်း ၅၈ဖွဲ့က ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုလိုက်တာပါ။ နိုင်ငံတကာအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထားပြီး ကြိုးစားဆောင်ရွက်ပေးဖို့၊ စစ်အုပ်စုက နိုင်ငံတကာကို လှည့်စားဖို့ ဖော်ဆောင်လာတဲ့ တရားမဝင် အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့နဲ့ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲနေမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီရောင်းချနေမှုတွေကို ရပ်တန့်ဖို့ အချက်တွေကို အဖွဲ့အစည်း ၅၈ ဖွဲ့က တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မတရားအာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေရေး ကြိုးပမ်းပေးဖို့၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ထိရောက်မြန်ဆန်တဲ့ ဖိအားပေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

◾️တန့်ဆည်မြို့နယ်ထဲက ဈေးတန်းကို စစ်တပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာနယ်မြေရဲစခန်းအနီးက ဈေးတန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ဆီဘောက်ဆာကားအချို့ မီးလောင်ခဲ့ပါတယ်။ ဒီ‌နေ့ ဧပြီ ၂၁ရက် နေ့လယ် ၁၂နာရီ ၂၀မိနစ်ကနေ ၁၂နာရီ ၄၀မိနစ်အတွင်း အာဏာသိမ်းစစ်တပ်က ဗုံး ၅လုံး ကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ဆီဘောက်ဆားအချို့မီးလောင်နေပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်ငါးဦး၊ အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ရဲဘော်တစ်ဦးလည်း ခြေထောက်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မွန်းလွဲ ၂နာရီ ၅၁မိနစ်မှာ စစ်တပ်က နောက်ထပ်တစ်ကြိမ် လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ​ဒေသခံတချို့က​ ပြောပါတယ်။ လေကြောင်းအန္တရာယ်ဆက်လက်သတိပြုကြဖို့ ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

◾️ရှမ်းတောင်နဲ့ ကရင်နီပြည်အစပ်မှာ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်း
👍13🔥3
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ်(၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။ အမိန့်စီးဆင်းမှုတစ်ခုတည်းကနေ မဟာဗျူဟာ၊ နည်းဗျူဟာကျ စစ်ရေးစီမံမှုနဲ့ တန်ပြန်တိုက်ပွဲတွေ ဖော်ဆောင်ပြီး လူထုယုံကြည်ကိုးစားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်ဖို့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိတော်လှန်ရေးခရီးကို တပ်ပေါင်းစုအသွင်ကနေ တော်လှန်ရေးအတွက် အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် မှတ်ယူပြီး ပုဂ္ဂိုလ်စွဲ၊ ဝာပ်ဖွဲ့စွဲ၊ အမည်နာမစွဲမရှိဘဲ စစ်ရေး၊ နိုင်ငံရေးခံယူချက်အပါအဝင် တူညီတဲ့ တပ်အလံ၊ ဘတ်တံဆိပ် ဝတ်ဆင်မယ်လို့ အသိပေးပါတယ်။ အမှတ် (၁) အယ်လ်ဖာစစ်ဒေသမှာ နဂိုကတည်းက အထိုင်တပ်တွေဖြစ်တဲ့ KNDF တပ်ရင်းတွေနဲ့ MOD လက်အောက်ခံ မိုးဗြဲ PDF ၊ အလယ်ပိုင်းတိုင်းတပ်ရင်းတွေပါတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ မိုးဗြဲ၊ဖယ်ခုံ၊ပင်လောင်း၊ ပေါင်းလောင်းနဲ့ နေပြည်တော်ဒေသအစပ်တွေက အမှတ်(၁) အယ်လ်ဖာစစ်ဒေသနယ်မြေမှာ ပါဝင်မှာဖြစ်ပါတယ်။

◾️သင်္ကြန်အတက်နေ့ မုံရွာနယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၁ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာကျေးရွာမှာ သင်္ကြန်အတက်နေ့က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက် သင်္က်ြန်အတက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာ၊ ထန်းဇလုပ်ချောင်းအနီးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က တက်လာတဲ့ ဂျွိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်သူတွေ ထပ်တိုး သေဆုံးခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ၂၁ ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ဦး ပါဝင်တယ်လို့ သိရပါတယ်။ မုံရွာမြို့နယ်အတွင်းက တော်လှန်ရေးဆေးရုံဟာ သင်္ကြန်ကာလမတိုင်မီက လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့စဥ် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

◾️မန္တလေးက ကျူး​ကျော်ဆိုပြီး ဖျက်ဆီးခဲ့တဲ့ မြေတွေကို စစ်ဗိုလ်ချုပ်ဟောင်းတွေ ပြန်ရောင်းစား​နေ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်တပ် အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ၊ ပျူ​စောထီးနဲ့ စည်ပင်တို့ ပူးပေါင်းပြီး ကျူးကျော်လို့ အ​ကြောင်ပြဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကို ဂရမ်ချကာ ပြန်လည်ရောင်းချနေတယ်လို့ မြို့ခံတွေက​ ပြောပါတယ်။ ‌ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်နဲ့ သင်ပန်းကုန်းရပ်ကွက်က နေအိမ်တွေကို စစ်ဗိုလ်ချုပ်အငြိမ်းစားတွေ၊ ပျူ၊ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတို့ ပေါင်းကာ ဖျက်ဆီးခဲ့ပြီး အဲဒီလူတွေကပဲ ဂရံချကာ ပြန်လည် ရောင်းချနေတာလို့ စုံစမ်းသိရပါတယ်။ သင်ပန်းကုန်းရပ်ကွက်မှာဆိုရင် ပေ၃၀×​ပေ၄၀ ​မြေတစ်ကွက်ကို ကျပ်သိန်း၆,၀၀၀ကျော်ကနေ ကျပ်သိန်း ၁၀,၀၀၀အထိ ဈေးပေါက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အကုန်လုံးရဲ့မျက်ရည်တွေ စုထားတဲ့မြေကွက်တွေကို လုပ်ရက်လိုက်ကြတာလို့ ၂၀၂၃ခုနှစ်က နေအိမ်ဖျက်ဆီးခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီနေရာတွေကို စစ်တပ်က လယ်ယာမြေကို ကျူးကျော်ထားတာဆိုပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ခုနှစ် ကနေ ၂၀၂၅ခုနှစ်အထိ ဆက်တိုက် နေအိမ်တွေကို လူမိုက်တွေပါငှားရမ်းပြီး ဘူဒိုဇာတွေနဲ့ ဖျက်ဆီးခဲ့တာလို့ ​ဒေသခံ​တွေက​ ပြောပါတယ်။ အဲဒီနေရာကို သိမ်းထားပြီး စစ်တပ်က ရှေ့တန်းမှာ သေခဲ့တဲ့ စစ်သားဇနီးတွေအတွက် အိမ်ယာဆိုပြီး တိုက်ခန်းတွေလည်း ဆောက်ပေးထားတာရှိသလို ရပ်ကွက်ကြီးတွေအလိုက် စစ်ဗိုလ်ချုပ်တွေက မြေကွက်တွေကို ပြန်ရောင်းနေတာလို့ သိရပါတယ်။

◾️အင်းတော်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ပြင်ဆင်နေပြီး မြို့နယ်တွင်းနဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ ဒေသခံတွေကို အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ပါတယ်။ ဒီနေ့ ဧပြီ၂၁ရက် ညနေပိုင်းသတိပေးချက်မှာ ဒေသတွင်းမှာ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒေသတွင်း စစ်ရေးနဲ့လုံခြုံရေးသတင်းတွေကို ဖော်ပြပေးနေတဲ့ Indaw Revolution-IR ကလည်း မြေပြင်တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်ကို ကြိုတင်သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

◾️အာဏာသိမ်းခေါင်းဆောင်က PDFတွေကို အလင်းဝင်ဖို့ဖိတ်ခေါ်မယ်လို့ပြောတဲ့နေ့မှာ စစ်သား ၁၁ ဦး အလင်းဝင်
👍15🔥2
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရရဲ့ ရက် ၁၀၀ဆောင်ရွက်မှုအတွင်း EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေ အလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောတဲ့နေ့မှာပဲ စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားသစ် ၇ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံမှာ လက်နက်ချ အလင်းဝင်လာပါတယ်။ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် တုံးတံတားမှာ တာဝန် ကျနေတဲ့ စစ်တပ်ရဲ့ခမရ(၃၅၁)တပ်ရင်းက တပ်သား ၇ဦးဟာ ဧပြီ ၂၀ရက်မှာ KNLAတပ်ရင်း(၉)ဆီမှာ လက်နက်ချအလင်းဝင်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဓာတ်ပုံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အာဏာသိမ်းပြီး ၅နှစ်အကြာမှာ သမ္မတအဖြစ် ပြောင်းလဲလိုက်တဲ့ စစ်ခေါင်းဆောင်ဟာ ဧပြီ ၂၀ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ သူ့ရဲ့ ရက် ၁၀၀ ဆောင်ရွက်မှုတွေ လုပ်မှာကို ပြောတာ ဖြစ်ပါတယ်။ အဲဒီထဲက EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေကို တရားဥပဒေအတွင်း ဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် အစည်းအဝေးလုပ်ပြောတဲ့နေ့မှာဘဲ စစ်တပ်က တပ်သားသစ် ၇ဦးဟာ KNLAထံ အလင်းဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧပြီ ၂၀ရက်မှာပဲ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၄ဦးဟာ ‌‌‌‌‌‌‌‌PDF ​တွေဆီ အလင်းဝင်ရောက်လာတယ်လို့ ‌‌‌စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

◾️စက်သုံးဆီစျေးအမြင့်ဆုံး နိုင်ငံတွေမှာ မြန်မာက ထိပ်ဆုံးဖြစ်နေ

အီရန်စစ်ပွဲကြောင့် စက်သုံးဆီစျေးအမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးဖြစ်နေပါတယ်။ ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာရဲ့ စက်သုံးဆီစျေးနှုန်းဟာ နှစ်ဆကျော်အထိ သိသိသာသာ မြင့်တက်သွားတယ်လို့ ကမ္ဘာတစ်ဝန်းက စက်သုံးဆီဈေးနှုန်းတွေ၊လျှပ်စစ်ခဈေးနှုန်းနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေကို စုစည်းနေတဲ့ Global Petro Prices အဖွဲ့က ဆိုပါတယ်။ ရေနံထွက်ရှိရာနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသကနေ ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတစ်ပုံရှိတဲ့ ဟောမုဇ်ရေလက်ကြား ပိတ်ခံထားရတာတွေကြောင့် ကမ္ဘာ့နိုင်ငံ အများစုမှာ စက်သုံးဆီစျေးတက်တာနဲ့ အကြပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့လည်း အသိပေးပါတယ်။ နိုင်ငံပေါင်း ၁၀၀ကျော်မှာ စက်သုံးဆီစျေး မြင့်တက်မှုတွေရှိနေဆဲ ဖြစ်ပြီး မြန်မာက ဓာတ်ဆီစျေးနှုန်းက ၁၀၁ ရာခိုင်နှုန်း(နှစ်ဆကျော်)နဲ့ ဒီဇယ်ဆီစျေးနှုန်း ၁၆၁ ဒသမ ၄ ရာခိုင်နှုန်း(နှစ်ဆခွဲ ကျော်)မြင့်တက်နေတာလို့ ဧပြီ ၂၀ ရက်က ဖော်ပြပါတယ်။ ဒီနေ့ ဧပြီ ၂၁ရက် စက်သုံးဆီရည်ညွှန်းစျေး ရန်ကုန်လက်ကားစျေးကွက်အရ ဓာတ်ဆီအမျိုးအစား 92 တစ်လီတာ ၄,၇၃၅ ကျပ်၊ 95 တစ်လီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၆, ၄၈၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၇,၇၅၅ကျပ် ဖြစ်ပါတယ်။ အီရန်စစ်ပွဲမဖြစ်ခင် ဖေဖော်ဝါရီ ၂၇ ရက်က စျေးနှုန်းနဲ့ယှဉ်ရင် ပြည်တွင်းစက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂,၅၀၀ ကနေ ကျပ်၅,၀၀၀ နီးပါးအထိ ဈေးတွေမြင့်တက်လာခဲ့တာပါ။

◾️စစ်တပ်ထံ ပူးပေါင်းသွားတဲ့ ရဲဘော် ၄ဦးက ကျန်ရဲဘော်တွေကို လက်နက်ချဖို့စည်းရုံးနေကြောင်း မိုးကုတ်ပကဖ သတိပေး

မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကနေ စစ်တပ်ဆီ ပူးပေါင်းသွားတဲ့ ရဲဘော် ၄ဦးက ကျန်ရဲဘော်တွေကို လက်နက်ချဖို့ စည်းရုံးနေလို့ သတိထားကြဖို့ မိုးကုတ် ပကဖက ဧပြီ ၂၀ ရက် မှာ သတိပေးပါတယ်။ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုးလန်ကျေးရွာက နှင်းနှင်းဦး (ခ) ရိုးမ၊ ဝဏ္ဏဖြိုး (ခ) စိုင်းလျန်း၊ ကန်တော်ရပ်က မဒါယန (ခ) မိုးပြည့် (Facebook အမည် - Dyn Ena)၊ ကိုးလန်ကျေးရွာနေ စစ်တပ်ခန့် ဥက္ကဋ္ဌရဲ့တူ အောင်ဇင်ဖြိုး (ခ) ကင်းကောင်တို့ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဆီ လက်နက်ချ အညံ့ခံဖို့ စည်းရုံးသိမ်းသွင်းနေကြောင်း မိုးကုတ်ပကဖရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီလို စည်းရုံးရာမှာ လက်နက်တစ်လက်ပါလာရင် ကျပ် သိန်းဆယ်ချီ ဆုကြေးပေးမှာဖြစ်ပြီး လက်နက်မပါရင်လည်း ဆုကြေးငွေ ချီးမြှင့်မယ်လို့ စည်းရုံးနေတယ်လို့ မိုးကုတ်ပကဖရဲ့တာဝန်ရှိသူက ပြောပါတယ်။

◾️စစ်တပ်ဆီ အညံ့ခံတဲ့ရဲဘော်တွေ ပခုက္ကူထောင်မှာ ဖမ်းဆီးအကျဥ်းချခံရ
👍163🔥2
စစ်ကောင်စီရဲ့ အလင်းဝင်ဖို့ဖိတ်ခေါ်မှုကို ယုံကြည်ပြီးသွားတဲ့ တော်လှန်ရေးရဲဘော်တွေ လှည့်ဖြားဖမ်းဆီးခံနေရပြီး လတ်တလောမှာ ပခုက္ကူအကျဉ်းထောင်အတွင်းမှာ အကျဥ်းချခံထားရတယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ အညံ့ခံသွားကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)အဖွဲ့ဝင်တွေနဲ့ လူငယ်အများအပြားဟာ လှည့်ဖြားဖမ်းဆီးခြင်းခံရပြီးနောက် ပခုက္ကူအကျဉ်းထောင်အတွင်း ပို့ဆောင်ခံထားရကြောင်း ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။ စစ်ကောင်စီဟာ အညံ့ခံလာသူတွေကို တောင်ကြီးနဲ့ မန္တလေးမြို့ကြီးတွေမှာ ကြိုဆိုဧည့်ခံပွဲတွေ ပြုလုပ်ပေးကာ နေအိမ်မှာ ခေတ္တပြန်နေခွင့်ပြုခဲ့ပေမယ့် စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီနောက် အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးကာ ထောင်ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ကိုအောင်မောင်းက ပြောပါတယ်။

◾️ရှေ့တန်းရောက်ရဲဘော်တွေဆီ အစားအသောက်နဲ့ ခွန်အားပေးစာလွှာတွေ ပြည်သူတွေ ပေးပို့

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာ ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေအပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။ အရာတော်မြို့နယ်မှာ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေ စိတ်ဓာတ်ခွန်အား ရရှိစေဖို့အတွက် ပြည်သူတွေက မိမိတို့တတ်နိုင်တဲ့ အားဖြည့်အချိုရည်၊ အန်နာဗွန်စီ အားဆေး၊ ကိတ်မုန့်၊ ဝေဖာနဲ့ တခြားစားစရာတွေနဲ့အတူ ပြည်သူတွေ ကိုယ်တိုင်ရေးသားထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားတက်စေမယ့် အားပေးစကားတွေ၊ ဆုတောင်းမေတ္တာစာလွှာတွေကိုပါ ဗလာစာရွက်အပိုင်းလေးတွေနဲ့ ထည့်သွင်းရေးသား ပေးပို့ခဲ့တာပါ။ အခုလ်ို ပြည်သူတွေရဲ့ မေတ္တာနဲ့ ထောက်ပံ့မှုတွေအပေါ် အရာတော်မြို့နယ် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူ့မေတ္တာဟာ ရဲဘော်တွေအတွက် ဘာနဲ့မှလဲလို့မရနိုင်တဲ့ အားဆေးတခွက်ပါပဲလို့ ရေးသားထားပါတယ်။

◾️ဟုမ္မလင်းဆိပ်ကမ်းမီးလောင်မှု ၁၆နာရီကျော် လောင်ကျွမ်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ ချင်းတွင်းမြစ် ဆိပ်ကမ်းမှာ ဧပြီ၂၀ရက် မနေ့ ညနေက စတဲ့ စက်သုံးဆီတင် သင်္ဘောနဲ့ စက်လှေတွေ မီးလောင်မှုဟာ ဒီနေ့ မနက်အထိ မီးမထိန်းန်ိုင်ဘဲ ဆက်လောင်ကျွမ်းနေဆဲဖြစ်ပါတယ်။ အပူဟပ်တော့ မီးသတ်ကားလည်း မနိုင်ဘဲ ဒီတိုင်းကြည့်နေရပြီး တမြို့လုံး မီးခိုးမွှန်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မြစ်ထဲမှာ အစုလိုက်၊ အစုလိုက်လောင်နေပြီး ညကလည်း တစ်ညလုံး စောင့်ကြည့်ရတာလို့ မြို့ခံက ဆက်ပြောပါတယ်။ ဟုမ္မလင်းမြို့၊မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းမှာ ရပ်ထားတဲ့ ဆီတင်သင်္ဘောဟာ ဧပြီ ၂၀ရက် ညနေ ၆နာရီလောက်ကစပြီး မီးလောင်ခဲ့တာပါ။ ဆိပ်ကမ်းက စက်လှေတွေနဲ့ သင်္ဘောတချို့အပြင် ကုန်ကားတချို့လည်း မီးကူးစက်ပြီး ဆုံးရှုံးမှု အလွန်ကြီးမားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်လှေတွေ၊ သင်္ဘောတွေရော၊ ကားတွေရောပါ မီးလောင်တာကြောင့် ကျပ်သိန်း သိန်းနဲ့ချီ ဆုံးရှုံးမှာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သတင်းအတိအကျမသိရသေးပေမယ့် အလုပ်သမားသေဆုံးမှုလည်း ရှိတယ်လို့ ဒေသခံက ပြောပါတယ်။ မီးလောင်ကျွမ်းနေချိန်ဟာ ၁၆နာရီကျော်ကြာလာပြီဖြစ်ပြီး မီးခိုးတွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအတွက် ဂရုစိုက်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
19👍8🔥2
👍133🔥3