ရှမ်းတောင်နဲ့ ကရင်နီပြည်အစပ်ဒေသက တော်လှန်ရေးတပ်တွေစုစည်းပြီး အမှတ်(၁)အယ်လ်ဖာစစ်ဒေသ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်း
ဧပြီ-၂၁၊၂၀၂၆။ဇော်ဝင်း/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။
အမိန့်စီးဆင်းမှုတစ်ခုတည်းကနေ မဟာဗျူဟာ၊နည်းဗျူဟာကျ စစ်ရေးစီမံမှုနဲ့ တန်ပြန်တိုက်ပွဲတွေ ဖော်ဆောင်ပြီး လူထုယုံကြည်ကိုးစားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်ဖို့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိတော်လှန်ရေးခရီးကို တပ်ပေါင်းစုအသွင်ကနေ တော်လှန်ရေးအတွက် အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် မှတ်ယူပြီး ပုဂ္ဂိုလ်စွဲ၊ဝာပ်ဖွဲ့စွဲ၊အမည်နာမစွဲမရှိဘဲ စစ်ရေး၊နိုင်ငံရေးခံယူချက်အပါအဝင် တူညီတဲ့တပ်အလံ၊ဘတ်တံဆိပ် ဝတ်ဆင်မယ်လို့ အသိပေးပါတယ်။
"အမှတ် (၁) အယ်လ်ဖာစစ်ဒေသမှာ နဂိုကတည်းက အထိုင်တပ်တွေဖြစ်တဲ့ KNDF တပ်ရင်းတွေပါမယ်။MOD လက်အောက်ခံ မိုးဗြဲ PDF နဲ့ အလယ်ပိုင်းတိုင်းတပ်ရင်းတွေပါတယ်"လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
မိုးဗြဲ၊ဖယ်ခုံ၊ပင်လောင်း၊ ပေါင်းလောင်းနဲ့ နေပြည်တော်ဒေသအစပ်တွေက အမှတ်(၁) အယ်လ်ဖာစစ်ဒေသနယ်မြေမှာ ပါဝင်မှာဖြစ်ပါတယ်။
"လောလောဆယ်က ဖွဲ့စည်းမှု့အစဆိုတော့ ကျနော်တို့ မိုးဗြဲ၊ ဖယ်ခုံ တို့လောက်ပဲအရင်ဆုံး ထိန်းနိိုင်ဦးမယ်"လို့ အယ်လ်ဖာစစ်ဒေသ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အယ်လ်ဖာ စစ်ဒေသအနေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(DOD)၊ကရင်နီပူးတွဲ စစ်ဦးစီးကော်မတီနဲ့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ရဲ့ နိုင်ငံရေး ၊စစ်ရေးနှင့် အုပ်ချုပ်မှုထောက်ပံ့မှုအောက်မှာ တည်ရှိမှာ ဖြစ်ပါတယ်။
"လောလောဆယ်က ကရင်နီပြည် တပ်တိုင်းမပေါင်းစည်းနိင်သေးတော့ မိုးဗြဲ၊ဖယ်ခုံ လောက်ပဲဖွဲ့နိင်သေးတဲ့ အစအခြေနေမို့ အယ်လ်ဖာဆိုတဲ့ နာမည်ပေးထားခြင်းမျိုးပါပဲ။ကရင်နီ တစ်ခုလုံးပေါင်းစည်းတဲ့အခါမှ အမည်တစ်ခုပြန်လည်ပြောင်းလဲဖို့ရှိပါတယ်"လို့ အယ်လ်ဖာ စစ်ဒေသ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် ဒေသအဆင့်တပ်စုစည်းမှုကတဆင့် ကရင်နီပြည် တပြည်နယ်လုံးအတိုင်းအတာ တော် လှန်ရေးတပ်တွေစုစည်းကြမယ့်လမ်းကြောင်း ဦးတည်မယ်လို့လည်း အသိပေးပါတယ်။
"မကြာခင် ကရင်နီတစ်ခုလုံးစည်းလုံးတဲ့ဖွဲ့စည်းမှု့ပုံစံလည်းလာဦးမှာပါ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ဒေသခံတွေက အခုနှစ်စပိုင်းကတည်းက တိုက်တွန်းမှုတွေရှိထားပါတယ်။

👍39❤11👏5🤮3🥰1
(အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်)
👍43🫡10👏6❤5🤮3🥰2
ရှေ့တန်းရောက်လာတဲ့ ပြည်သူတွေပေးပို့တဲ့ အစားအသောက်တွေနဲ့ ခွန်အားပေးစာလွှာတွေ
ဧပြီ ၂၁၊ ၂၀၂၆၊ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။
အရာတော်မြို့နယ်မှာ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေ စိတ်ဓာတ်ခွန်အား ရရှိစေဖို့အတွက် ပြည်သူတွေက မိမိတို့တတ်နိုင်တဲ့ အားဖြည့်အချိုရည်၊ အန်နာဗွန်စီ အားဆေး၊ ကိတ်မုန့်၊ ဝေဖာနဲ့ တခြားစားစရာတွေနဲ့အတူ ပြည်သူတွေ ကိုယ်တိုင်ရေးသားထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားတက်စေမယ့် အားပေးစကားတွေ၊ ဆုတောင်းမေတ္တာစာလွှာတွေကိုပါ ဗလာစာရွက်အပိုင်းလေးတွေနဲ့ ထည့်သွင်းရေးသား ပေးပို့ခဲ့တာပါ။
အဆိုပါ စာရွက်ပိုင်းလေးတွေမှာ "လုပ်ရပ်တွေ မှန်ကန်နေတာမို့ အားပျက်မသွားပါနဲ့နော်။ အစစအရာရာ သတိနဲ့ လုပ်ကိုင်ပါ။ ဂရုစိုက်ပါ။"
"တို့ရဲ့ ရဲဘော်တို့၊ ခင်ဗျားတို့က ကျုပ်တို့သိခဲ့တဲ့ လူတွေထဲမှာ အသန်မာဆုံးပါပဲ။ ဒီတော်လှန်ရေးကြီးရဲ့ အောင်မြင်မှုရလဒ်တွေကို ခင်ဗျားတို့ ယူလာပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်။ အသန်မာဆုံးတို့ရဲ့ရဲဘော်များ ဖိုက်တင်း။"
"ရဲဘော်များသို့။ ပင်ပန်းတဲ့အခါ ခဏနားပါ။ ဒါပေမယ့် ဘယ်တော့မှ လက်မလျှော့ပါနဲ့နော်။ ပန်းတိုင်က တစ်လှမ်းချင်းစီ နီးကပ်လာနေပါပြီ။"
"မတူညီတဲ့ နေ့ရက်တွေကို မတူညီတဲ့ ဆင်းရဲဒုက္ခတွေ သယ်ပိုးရင်း ရှေ့ဆက်နေရတာ မလွယ်ဘူးမလား။ လျှောက်လှမ်းနေရတဲ့လမ်းတွေ မတူညီပေမယ့် တိုက်နေတဲ့ရန်သူ၊ လိုချင်တဲ့ဖက်ဒရယ်တူညီတာမို့ နောက်ကနေ တက်နိုင်တဲ့ဘက်က အမြဲအသင့်ရှိနေပါမယ်နော်"
"ပင်ပန်းနေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ငါတို့တတွေ ဒီအချိန်ထိ တိုက်ပွဲဝင်ခဲ့ပြီးပြီ။ ဒီအခြေအနေအထိရောက်အောင် လမ်းကြမ်းတွေ ကျော်လာခဲ့ပြီးပြီ။ ပန်းတိုင်မှာ အောင်ပွဲခံဖို့ပဲ ကျန်တော့တယ်။ ဒါ့ကြောင့် ရည်ရွယ်ရေးဖြစ်တဲ့ လွတ်လပ်တဲ့ပြည်ထောင်စုကိုရောက်ဖို့ လမ်းခုလတ်မှာ အားမလျှော့ကြဖို့ လိုတယ်။ တူတူ ဒုက္ခတွေဖြေရှင်းပြီး တူတူအောင်ပွဲခံရအောင်"
စတဲ့စာသားတွေ ရေးသားထားတာ တွေ့ရပါတယ်။
အခုလ်ို ပြည်သူတွေရဲ့ မေတ္တာနဲ့ ထောက်ပံ့မှုတွေအပေါ် အရာတော်မြို့နယ် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က "ရှေ့တန်းကို အအေးနဲ့ မုန့်လာပို့တယ်ဆိုတော့ ဝမ်းသာသွားတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ မေတ္တာတွေကိုပါ စာလေးတွေရေးပြီး ပေါင်းထည့်ပေးလိုက်ကြပါတယ်။ ကျေးဇူးပါဗျာ။ ပြည်သူ့မေတ္တာဟာ ကျွန်တော်တို့အတွက် ဘာနဲ့မှလဲလို့မရနိုင်တဲ့ အားဆေးတခွက်ပါပဲ။"လို့ ရေးသားထားပါတယ်။
ပြည်သူတွေအနေနဲ့ ယခုလို စစ်ရေးအခြေအနေ တင်းမာနေချိန်မှာ အစစအရာရာ အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း အရာတော်ပကဖက သတိပေးထားပါတယ်။

❤43👍13🤣3🥰1
(ပြည်သူတွေပေးပို့ခဲ့တဲ့ ရှေ့တန်းရောက် စားသောက်စရာတွေနဲ့ စာလွှာတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပကဖ)
❤58👍10👏3🤣3🥰2
■မေးမြန်းခန်း
"မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။"
▪︎SCEF အတွင်းရေးမှူးအဖွဲ့ဝင် နဲ့ CNF ပြောရေး
ဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဧပြီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။ အဲဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ
(SCEF) ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့
ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။
ထားမြတ်/People's Spring
မေး- အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်မယ်လို့ ပြောလာတဲ့အပေါ်ဘယ်လိုတုန့်ပြန်လိုပါသလဲ။
ဖြေ- ဒီကိစ္စကတော့ အခုစစ်ကောင်စီကနေအစောကတည်းက သူတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ထည့်ထားပြီးသား။အားလုံးသိပြီးသားဖြစ်ပါတယ်။တိုင်းရင်း
သားလက်နက်ကိုင်တွေကို နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်မယ်ဆိုတာကတော့ သူ့လုပ်ငန်းစဉ်မှာ ပါပြီးသားဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်အနေနဲ့ အထူးအဆန်းရယ်လို့သိပ်ပြီးတော့ မစဉ်းစားဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ဟိုတဖက်ကသိတယ်။ သူတို့ရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ကလည်းသိတယ်။ ဆိုတော့ဘာတွေဆွေးနွေးမလဲဆိုတာရှိလာတာပေါ့။ သူပြောတဲ့အထဲမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုနဲ့ ဆိုတဲ့ဟာတွေပြန်ပါလာပြန်တယ်။ ဆိုတော့ဒီကိစ္စကအားလုံးသိပြီးသားဖြစ်တဲ့အတွက် သိပ်ပြီးတော့ မှတ်ချက်ပေးစရာလည်းမရှိဘူး။ အစကတည်းက NCA(တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာ
ချုပ်)ကို သူတို့က ချိုးဖောက်ထားတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အခုသွားနေတာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူကတော့ ပြောတော့ ပြောလာမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်
လာဖို့ ဆိုတဲ့ဟာ ပြင်ဆင်ထားတာဘာမှမရှိဘူး။ ကျွန်တော်တို့ရပ်တည်ချက်ကတော့၂၀၀၈ ဖွဲ့စည်း
ပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှ NCAက အစ ဒါကတော့ အယုံအကြည်တော့မရှိဘူးပေါ့။ကျွန်တော်တို့ ဆွေးနွေးရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ နောက်တခုက ဒီ နွေဦးတော်လှန်ရေးအခင်းအကျင်းကြီးက အရင် အာဏာသိမ်းမှု မတိုင်ခင် အခင်းအကျင်းနဲ့ လုံး၀ မတူတော့ဘူး။ တဖွဲ့ချင်းနဲ့ လုပ်တာမျိုးဆိုတာအဓိပ္ပါယ်မရှိတော့ဘူး။ တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ဟာအခုကပြည်
တွင်းထဲမှာ ပြည်သူအားလုံးက လက်နက်စွဲကိုင်လာကြတယ်။ ၂၀၂၀ အနိုင်ရ အခု NUG ပဲ ခေါ်ခေါ် CRPH ပဲ ခေါ်ခေါ် ဆိုတော့ အဲဒါတွေလည်း ကျွန်တော်တို့ထဲ ပြောလို့ရတဲ့ ကိစ္စမဟုတ်တော့ဘူးလို့ မြင်တယ်။
မေး-စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးတို့ နိုင်ငံရေးဆွေး
နွေးဖို့ ဆိုတဲ့ ဖိတ်ခေါ်ချက်ကရော ယုံကြည်စရာရှိပါသလား
ဖြေ-ကျွန်တော်တို့က ခုနပြောထားသလိုပေါ့မယုံ
ကြည်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့လည်း ဆွေးနွေးပြီးသားဖြစ်တယ်။ အခုပြောနေတာတွေက ဟိုးယခင်ကာလတွေတုန်းက ပြောနေတဲ့အတိုင်းပဲ။ မူဟောင်းကြီးကို သယ်လာတာဆိုတော့ ဒုံရင်းဒုံရင်းပဲ ပြန်ဖြစ်မှာပဲ။
မေး-အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်ယူနီဖောင်းကနေ အရပ်သားအသွင်ပြောင်း၊ သူ့ဘာသာသမ္မတဆိုပြီးခန့်ထားတာဆိုတော့ ဒီလို ပြောဆိုတာတွေဟာ သူ့ရဲ့ တရားဝင်မှု ရယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခုလို ဖိတ်ခေါ်ဖို့လုပ်လာတယ်လို့ မြင်ပါသလား။
ဖြေ- ဟုတ်ကဲ့ အဲဒါလည်း သူပြောထားပြီးသား ကျွန်တော်တို့ကို အဖွဲ့အစည်းတခုတည်း ကောင်း
စားရေးအတွက် ဆိုတဲ့ စကားလုံးပါလာတယ်။
ကျွန်တော်တို့က ပြန်ပြောရင်တော့ သူလည်းပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ရေရှည်ရပ်တည်ရေးနဲ့ တရားဝင်ဖြစ်ဖို့ ဆိုတဲ့ဟာ သူလည်း တွန်းနေတာပဲလေ။ အဲဒါပဲ ဒါကတော့ ရှင်းပြီးသား။ အာဏာ
သိမ်းပြီးကတည်းကိုက ရွေးကောက်ပွဲ လုပ်တာကအစ ဒါကတော့ အတုအယောင်ပါပဲ။ ပြည်သူလူထု ဆန္ဒ လုံး၀မပါဘူးလို့ ကျွန်တော်တို့ပြောနေတဲ့ ကိစ္စ
ဖြစ်တာပေါ့နော်။
မေး-တဖက်မှာ SCEF(ဖက်ဒရယ်ဒီမိုကရေစီပေါ်
ထွန်းရေးဦးဆောင်ကောင်စီ) စုဖွဲ့မှု ရှိတယ် ဒီလို စစ်တပ်ဘက်ကလည်းဖိတ်ခေါ်ဖို့ရှိတယ်။SCEF
မှာလည်း မူဝါဒ သဘောထားတွေရှိတယ်။ဒီအပေါ် ဘာပြောလိုပါသလဲ။ ဆက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး။
ဖြေ- အဲဒါကြောင့် ခုနက ပြောတာ တစုတဖွဲ့တည်း နဲ့ဖိတ်ခေါ်တာတော့ဒီနွေဦးတော်လှန်ရေးဖြစ်တည်လာတဲ့ နိုင်ငံရေးအခင်းအကျင်းကအရင်လိုမဟုတ်

👍23❤7🔥2🖕1
တော့ဘူး။ကျွန်တော်တို့မှာလည်းနောက်ဆုံး SCEF စသဖြင့်ရှိလာတယ်။ ကျွန်တော်တို့မှာ နိုင်ငံရေးရပ်တည်ချက်တွေအခိုင်အမာချထားတယ်။ ဒါက အဖွဲ့အစည်းတခုတည်းနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်
ဖြစ် CNF အနေနဲ့ပဲ ဖြစ်ဖြစ် အခြား မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သော်လည်း
ကောင်းတဖွဲ့ချင်းအဲဒီလိုပြောလို့ ရတာမျိုးမဟုတ်
တော့ဘူးလို့ ကျနော်အဲဒီလိုပဲ ပြန်ပြောချင်တယ်။
မေး-SCEF စုဖွဲ့မှုက ရှေ့ဆက်ပြီးလုပ်မယ့် စစ်ရေးနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး လူထုတွေကို ဘာပြောလိုပါသလဲ။
ဖြေ-ကျွန်တော်တို့ကဒီ ၅နှစ်တာတော်လှန်ရေး အဲဒီ
ထဲက အတွေ့အကြုံကို ယူပြီးမှ ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အားကောင်းတဲ့ လက်တွေ့ မြေပြင်မှာ အလုပ်လုပ်နိုင်ဖို့ဆိုပြီး SCEF ဖွဲ့စည်းထားတာ။ အဲဒီလုပ်ငန်းစဉ်လည်းသွားနေတာဖြစ်တော့ SCEF
ကတော့ လက်တွေ့မြေပြင်မှာစစ်ရေးအရ၊နိုင်ငံရေး
အရ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီရပ်တည်ချက်အတိုင်း ဆက်လက်ပြီးတော့ သွားမှာ ဖြစ်တယ်။
မေး-မင်းအောင်လှိုင် နဲ့ စစ်အုပ်စုကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကြောင့် ဆွေးနွေးဖက်အဖြစ် သတ်မှတ်သင့်ပါသလား။
ဖြေ-အဲဒီမှာလည်း ကျွန်တော်တို့ ရပ်တည်ချက်မှာ ပဋိပက္ခကာလအတွင်း မတရားမှုကိစ္စတွေ ကျွန်တော်တို့မှာပြဌာန်းထားတာရှိပါတယ်။အဲဒီအတိုင်း
ပဲ ကျွန်တော်တို့က သွားမှာ ဆိုတော့ အခုက မင်းအောင်လှိုင် အနေနဲ့ အစိုးရ ဖွဲ့တာကျွန်တော်နော်တို့က အသိအမှတ်မပြုနိုင်ဘူး။အသိအမှတ်မပြုနိုင်ဘူးဆိုကတည်းကိုကကျွန်တော်တို့အနေနဲ့သူတို့ ကမ်းလှမ်းပြီး ဆွေးနွေးတာတွေက တကယ့် ထိရောက်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှု ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော်တို့ကထင်တာပေါ့။
မေး-စစ်အုပ်စုရဲ့ ဖိတ်ခေါ်ချက်တွေလက်မခံဘူးဆိုတဲ့ သဘောထားမျိုးလား
ဖြေ-ဟုတ်ကဲ့ ဟုတ်ကဲ့။ အခုအနေအထားကတော့ အစက ပြောထားသလိုပဲ NCAကို သူ(စစ်အုပ်စု)
က စပြီးတော့ချိုးဖောက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲလည်း လုပ်ခဲ့ဖူးတယ်။ သူတို့ပဲ လုပ်ခဲ့တာဖြစ်တယ်။ အခုလည်း အဲဒီပုံစံအတိုင်းပဲသူက ပုံတူကူးပြီးတော့ ပြန်လာတယ်ဆိုတော့ ဒီကိစ္စကတော့ လုပ်ရင်လည်း အချိန်ကုန်လူပမ်းရုံပဲ ဖြစ်မှာပဲလို့ မြင်တယ်။
မေး- NUG ယာယီသမ္မတ ရဲ့ မိန့်ခွန်းမှာ ပါတာရှိတယ်။ အဓိကတော့ စစ်တပ်ထဲမှာ ရှိတဲ့ ကျန်နေသေးတဲ့စစ်သား စစ်ဗိုလ်တွေအနေနဲ့ အခုလို အ
ကြမ်းဖက်စစ်တပ် အမည်ခံနေရတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ တိုက်တွန်းထားတာပေါ့။ ဆရာတို့အနေနဲ့ရော ဒီအပေါ် ဘာပြောလိုလဲ။ ဆိုလိုချင်တာက စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတာတွေ ပြန်အဖက်ဆယ်နိုင်ဖို့ ဆိုရင် တပ်မှူးတပ်ဗိုလ်တွေကို ဘာပြောလိုပါသလဲ။
ဖြေ-ကျွန်တော်တို့မှာအရှိတရား၊အဖြစ်တရား အ
မှန်တရား အဓိကကတော့ ပြည်သူပေါ့ ပြည်သူရဲ့ သဘောထား ကို လုံး၀အလေးထားဖို့ လိုပါတယ်။ ဒီနေ့ဒီအချိန်မှာ စကမ တပ်မှူးစစ်ဗိုလ်တွေကအစ သူတို့လည်းပညာတက်တွေပဲ။ကျွန်တော်တို့နိုင်ငံ ဘယ်လိုဖြစ်သွားသလဲဘယ်သူ့ကြောင့်ဖြစ်သွားသလဲကွက်ကွက်ကွင်းကွင်းနားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့ကတော့ ရပ်တည်ချက်က ရှိပြီးသားဖြစ်တယ်။သမိုင်းနဲ့ ချီပြီး လုပ်လာခဲ့တာဖြစ်တယ်။ အဲဒါတွေကို မြင်တက်ပြီးတော့ခုဏ ယာယီသမ္မတကြီး ပြောသလိုပဲ ကျွန်တော်ထပ်လောင်းပြီးတော့ ပြန်ပြောချင်တယ်။
မေး-SCEF စုဖွဲ့မှုမှာ စစ်ရေးအရ ပူးပေါင်းချိတ်
ဆက်ဆောင်ရွက်ဖို့ဆိုတာလည်းပါတာပေါ့။ လက်ရှိမှာရော အဲဒီလို ချိတ်ဆက်ဆောင်ရွက်နေတဲ့ အနေအထားတွေ ဘယ်လိုရှိပါသလဲ။ အရင်ထက် တိုးမြှင့်သွားဖို့ အနေအထားရှိပါသလား။
ဖြေ-အခုထိ ငါးနှစ်တာ အတွေ့အကြုံအရ ဖြစ်တည်လာတဲ့ SCEF ဟာအဲဒီထဲမှာ စစ်ရေးရော နိုင်ငံရေးရော တွန်းနေတဲ့ဟာဖြစ်တယ်။ အဲဒါတွေက အခု ရက်ပေါင်း ၆၀အတွင်းလုပ်မှာဖြစ်တယ်။ အဲဒီလုပ်ငန်းစဉ်ကဆုတ်ယုတ်မသွားဘူး ရှေ့ဆက်
ပြီးတော့ သွားနေပါတယ်လို့ ပြောချင်ပါတယ်။
မေး-SCEF ပိုအားကောင်းဖို့ နောက်ထပ်ပါသင့်တဲ့အဖွဲ့တွေပါဖို့ဆိုတဲ့ဆောင်ရွက်မှုကရောတိုးတက်
မှု အလားအလာတွေ့ရပါသလား။
ဖြေ-ကျွန်တော်တို့က SCEF ဖြစ်လာဖို့ အဆင့်(၁)နဲ့ အဆင့်(၂) ခွဲထားပါတယ်။အဆင့်(၁)က လက်ရှိ ရှိနေတဲ့ အစုအဖွဲကတွေနဲ့ စတင်ပြီးလုပ်တယ်။ အဲဒါက ကျွန်တော်တို့ လုပ်ပြီးသွားပြီ။ ဒုတိယ အဆင့်မှာက ခုနက ပြောသလို အားလုံးပါဝင်နိုင်ရေး ဘုံနိုင်ငံရေးရည်မှန်းချက် တူညီတဲ့ အဖွဲ့အစည်းအား
လုံး ပါဝင်နိုင်ရေးကိုတော့ ချိတ်ဆက်ဆောင်ရွက်မှု လုပ်နေပါတယ်။ SCEF မဖွဲ့စည်းခင်ကတည်းကိုက အဖွဲ့အစည်းအချို့တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆွေးနွေးမှုတွေ ကျွန်တော်တို့လုပ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ သွားမှာ ဖြစ်ပါတယ်။
မကြာခင်မှာလည်း တခြားအစုအဖွဲ့တွေလည်း ပါလာလိမ့်မယ်လို့ ပြောချင်ပါတယ်။
မေး-နွေဦးတော်လှန်ရေးဟာ ၅နှစ်ကျော်လာပြီ။ တိုင်းရင်းသားတွေ တော်လှန်နေတာကတော့ နှစ်ပေါင်းများစွာ ကတည်းကပေါ့ အခက်အခဲတွေရှိခဲ့တယ် ဒီလိုအခက်အခဲတွေ ကျော်လွှားဖို့း ပန်းတိုင်ကိုရောက်အောင်သွားနိုင်ဖို့ လူထုတွေကို ဘာတိုက်တွန်းလိုပါသလဲ။

👍24❤9🔥2
ဖြေ-တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ရေးဖြစ်
လာတာက ဒီနွေဦးတော်လှန်ရေးမှာပါ။ ၅နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကျွန်တော်တို့တွေဆိုရင် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ရှိနေပြီ။ ခံနိုင်ရည်က ရှိပြီးသား။ ရှိပြီးသားဆိုတဲ့နေရာမှာ ပြည်သူ့အားကြောင့် ကျွတ်တော်တို့ဒီလိုလုပ်နိုင်ခဲ့တာ။ ပြည်သူလည်း ခံနိုင်ရည်ရှိပြီးသား။အဲဒါကြောင့် အခု မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။ ဆက်ပြီးတော့ ပြည်သူ့အားနဲ့ ကျွန်တော်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ရောက်ရှိဖို့ ရှေ့ဆက်ပြီးတော့
ကျွန်တော်တို့အတူတူ တိုက်ပွဲဝင်ရအောင်လို့ပဲ ပြည်သူကိုမေတ္တာရပ်ခံချင်တယ်။
မေး-လူထုတွေကိုသတ်ဖြတ်နေတဲ့ဒီစစ်အုပ်စုကို ပံ့ပိုးမှုတွေ အသိအမှတ်ပြုမှုတွေလုပ်နေတဲ့ တရုတ်အပါအဝင် နိုင်ငံအချို့ကို ဘာသတင်းစကားပါးလိုပါသလဲ။
ဖြေ-အခုစစ်အုပ်စုကို ပံ့ပိုးနေတဲ့နိုင်ငံအဖွဲ့အစည်းတွေရှိပါတယ်။သူ့တို့မှာလည်းပြည်သူရှိတယ်။
ကျွန်တော်တို့မှာလည်းပြည်သူရှိတယ်။အားလုံးကလူသားချင်းပါပဲ။ဆိုတော့လုပ်တဲ့နေရာဘယ်သူတရားသလဲ မတရားသလဲဆိုတဲ့ဟာချင့်တွက်ဖို့ လိုပါလိမ့်မယ်။သူ့ရဲ့နိုင်ငံအကျိုးစီးပွားထက် လူ
သားရဲ့အကျိုးစီးပွားကို ငဲ့ကွက်ဖို့အခုမင်းအောင်
လှိုင်ကိုပံ့ပိုးတဲ့နိုင်ငံတွေကိုပြောချင်ပါတယ်။
မေး-အခြားဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
ဖြေ- ခုနကပြောသလိုပေါ့ပြည်သူတွေကိုအထူးမှာချင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို နားမယောင်ကြဖို့တွေဝေမနေကြဖို့ပေါ့။ကျွန်တော်တို့မြန်မာနိုင်ငံဟာဆင်းရဲနိုင်ငံဖြစ်တယ် အကြမ်းခံပြီးသားဖြစ်တယ်။ကျွန်တော်တို့ရဲ့ ဒီနေ့ ဒီအချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ခိုင်မာဖို့အနာဂတ်ကျနော်တို့ရဲ့ သားသမီးတွေမြေးတွေရေရှည်အကျိုးကို မျှော်
ကိုးပြီးတော့မှ အခုနွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပိုပြီးတော့တတပ်တအားပါဝင်ပေးကြဖို့ပဲ ထပ်
လောင်းပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ ။
ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

👍37❤5🔥2🖕1
စစ်တပ်ထံ အညံ့ခံတဲ့ရဲဘော်တွေ ပခုက္ကူထောင်မှာ ဖမ်းဆီးအကျဥ်းချခံရ
ဧပြီ ၂၁၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကောင်စီရဲ့ အလင်းဝင်ဖို့ဖိတ်ခေါ်မှုကိုယုံကြည်ပြီးသွားတဲ့ တော်လှန်ရေးရဲဘော်တွေ လှည့်ဖြားဖမ်းဆီးခံနေရပြီး လက်တလောမှာ ပခုက္ကူအကျဉ်းထောင်အတွင်းမှာ အကျဥ်းချခံထားရတယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ အညံ့ခံသွားကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)အဖွဲ့ဝင်တွေနဲ့ လူငယ်အများအပြားဟာ လှည့်ဖြားဖမ်းဆီးခြင်းခံရပြီးနောက် ပခုက္ကူအကျဉ်းထောင်အတွင်း ပို့ဆောင်ခံထားရကြောင်း ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်ကိုကိုးကားပြီး Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
စစ်ကောင်စီဟာ အညံ့ခံလာသူတွေကို တောင်ကြီးနဲ့ မန္တလေးမြို့ကြီးတွေမှာ ကြိုဆိုဧည့်ခံပွဲတွေ ပြုလုပ်ပေးကာ နေအိမ်မှာ ခေတ္တပြန်နေခွင့်ပြုခဲ့ပေမဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီနောက် အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးကာ ထောင်ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
"တဒင်္ဂမှာ ငရဲပန်းကို ရွှေပန်းထင်နေသော ဆေးကြောင် PDFများ သိစေဖို့ ပခုက္ကူအကျဉ်းထောင်မှာ မင်းတို့လို PDF ကြောင်များ ထောင်တွင်း အကျဉ်းချခံနေရပါကြောင်း နိုးဆော်အပ်ပါသည်။"လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူခရိုင်က PDFတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေလည်း ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
"ရန်သူဟာ ရန်သူပါပဲ။ စစ်အာဏာရှင်ကို သွားယုံကြည်ကြတာဟာ ကလေးတွေ မီးနဲ့သွားကစားမိကြသလိုပါပဲ။ အန္တရာယ်သိပ်ကြီးပါတယ်။ PDFနဲ့ ပကဖ ရဲဘော်တွေအနေနဲ့ တပ်မှာဘယ်လိုမှ အဆင်မပြေတော့ရင် ခွေးတပ်ဘက်ကိုအမှောင်ဝင်မယ့်အစား အထက်အဆင့်ဆင့်ကို တင်ပြပြီး နားခွင့်ရအောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။"လို့ မုံရွာခရိုင်အခြေစိုက် ပကဖရဲဘော်တစ်ဦးက အကြံပြုပါတယ်။
လက်ရှိ ပခုက္ကူအကျဉ်းထောင်အတွင်း အသက်(၁၇)နှစ်မှ (၇၀)ကျော်အထိ အကျဉ်းသားပေါင်း ၇၀၀ ခန့် ရှိနေပြီး အများစုမှာ မတရားစွပ်စွဲခံထားရတဲ့ ပြည်သူတွေဖြစ်ကြောင်း၊ ၎င်းတို့အနက် မိသားစုလိုက် ဖမ်းဆီးခံရသူတွေ၊ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်မှ ၅၀ နှစ်အထိ ချမှတ်ခံထားရသူတွေ ရှိနေကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ထောင်ဒဏ် နှစ် ၄၀ ကျော် ချမှတ်ခံရပြီး ထောင်တွင်းမှာပဲ ကလေးမွေးဖွားထားရကြောင်း Southern YSO PDF အဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် CDM ဝန်ထမ်းတွေ ခရီးသွားစဉ် မှတ်ပုံတင်စစ်ဆေးခံရရာမှ ၅ နှစ်အထက် ထောင်ဒဏ်တွေ ချမှတ်ခံထားရတာတွေလည်း ရှိနေကြောင်း သိရပါတယ်။ တော်လှန်ရေးလူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လှည့်ဖြားမှုအောက်ကို သတိပြုဖို့ Southern YSO PDF အဖွဲ့က အသိပေးထားပါတယ်။

👏31👍9🤬3❤2🔥2🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဧပြီ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာတဲ့အထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းစတင်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာတဲ့အထောက်အထားပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို စတင်လိုက်ပြီလို့ All in One Piece Movement က ကြေညာလိုက်ပါတယ်။မိခင်အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်တဲ့ မိခင်ကျန်းကျန်းမာမာရှိနေသေးသည်ကို သက်သေပြပေးဖို့အတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုလေးဖြစ်တဲ့ Proof of life လှုပ်ရှားမှုလေးစတင်ပြီလို့ အသိပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်နဲ့အတူတူ ပါဝင်လှုပ်ရှားပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်တယ်လို့ ဒီနေ့ ဧပြီ ၂၁ရက် မနက်မှာ ကြေညာထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။ Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်က ထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement က ထုတ်ပြန်ထားပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးဖို့ အဖွဲ့ပေါင်း ၆၀နီးပါး တောင်းဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ဒီနေ့ ဧပြီ ၂၁ရက်မှာ စုပေါင်းတောင်းဆို လိုက်ပါတယ်။ အဖွဲ့အစည်း ၅၈ဖွဲ့က ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုလိုက်တာပါ။ နိုင်ငံတကာအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထားပြီး ကြိုးစားဆောင်ရွက်ပေးဖို့၊ စစ်အုပ်စုက နိုင်ငံတကာကို လှည့်စားဖို့ ဖော်ဆောင်လာတဲ့ တရားမဝင် အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့နဲ့ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲနေမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီရောင်းချနေမှုတွေကို ရပ်တန့်ဖို့ အချက်တွေကို အဖွဲ့အစည်း ၅၈ ဖွဲ့က တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မတရားအာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေရေး ကြိုးပမ်းပေးဖို့၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ထိရောက်မြန်ဆန်တဲ့ ဖိအားပေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
◾️တန့်ဆည်မြို့နယ်ထဲက ဈေးတန်းကို စစ်တပ် ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာနယ်မြေရဲစခန်းအနီးက ဈေးတန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ဆီဘောက်ဆာကားအချို့ မီးလောင်ခဲ့ပါတယ်။ ဒီနေ့ ဧပြီ ၂၁ရက် နေ့လယ် ၁၂နာရီ ၂၀မိနစ်ကနေ ၁၂နာရီ ၄၀မိနစ်အတွင်း အာဏာသိမ်းစစ်တပ်က ဗုံး ၅လုံး ကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ဆီဘောက်ဆားအချို့မီးလောင်နေပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်ငါးဦး၊ အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ရဲဘော်တစ်ဦးလည်း ခြေထောက်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မွန်းလွဲ ၂နာရီ ၅၁မိနစ်မှာ စစ်တပ်က နောက်ထပ်တစ်ကြိမ် လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လေကြောင်းအန္တရာယ်ဆက်လက်သတိပြုကြဖို့ ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
◾️ရှမ်းတောင်နဲ့ ကရင်နီပြည်အစပ်မှာ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်း

👍13🔥3