People's Spring
60.6K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြန်မာဖက်ကတိုက်ပွဲတွေကြောင့် ထိုင်းမြောက်ပိုင်းက ပြည်နယ်၄ ခုမှာနယ်စပ်လုံခြုံရေးတင်း
ကျပ်

ဧပြီ-၂၁၊၂၀၂၆။People's Spring

နိုင်ငံမြောက်ပိုင်း နယ်စပ်ပြည်နယ် ၄ ခုမှာ လုံခြုံ
ရေး တင်းကျပ်ဖို့၊ အိမ်နီးချင်း မြန်မာနိုင်ငံဖက်က စစ်ပွဲတွေကြောင့် ထိခိုက် ခံစားရသူတွေကို အကူ
အညီပေးဖို့ ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ပြည်နယ် ကွပ်ကဲရေးဌာနခွဲက မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တက်ခ်ပြည်နယ်တွေမှာ နယ်စပ် အခြေအနေကို အလေးအနက် စောင့်ကြည့်ပြီး လုံခြုံရေး အစီအမံတွေကိုမြှင့်တင်သွားမယ်လို့ပြောပါတယ်။အ
ကြောင်းကတော့ မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ထိုင်းပိုင်နက်ထဲ ပျံ့နှံ့ရောက်ရှိမလာအောင် တားဆီးဖို့ ဖြစ်ပါတယ်။

အဲဒီလို အစီအမံတွေ တင်းကျပ်ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ရွာသူကြီးတွေ၊ ဒေသခံ စေတနာ့ဝန်ထမ်း ကာကွယ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး လိုအပ်သလို အရေးပေါ် တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့လည်း ညွှန်ကြားချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အဓိက လုပ်ဆောင်မှုတွေအဖြစ် တရားဝင်နဲ့ တရားမဝင်နယ်စပ် အဝင်အထွက် နေရာတွေမှာ ကင်းလှည့်မှု၊ စောင့်ကြည့်မှုတွေ ပိုမို တင်းကျပ်ဖို့၊ ကျေးရွာတွေဆီ လူစိမ်းတွေ ရောက်ရှိလာရင် စစ်
ဆေး စောင့်ကြည့်ဖို့၊ ထူးခြားဖြစ်စဉ်တိုင်းကို သက်
ဆိုင်ရာဆီ အမြန်ဆုံး သတင်းပို့ပြီး လိုအပ်သလို ကိုင်တွယ်ဖို့ ဆိုတာတွေကို ထည့်သွင်း လမ်းညွှန်ထားခဲ့ပါတယ်။

မြန်မာဖက်ကတိုက်ပွဲတွေကြောင့် နယ်စပ် ဒေသခံ ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ထိခိုက်လာတဲ့အခါ အမြန်ဆုံးသင့်တော်သလို တုံ့
ပြန်ဖို့လည်း သက်ဆိုင်ရာဌာနတွေကိုအမိန့်ပေးထားပါတယ်။

အဲဒီထိခိုက်မှုတွေနဲ့ ပတ်သက်ရင်ချက်ချင်းစုံစမ်းစစ်ဆေးဖို့၊ အစိုးရ စည်းမျဉ်း စံနှုန်းတွေနဲ့အညီ ကနဦး အကူအညီတွေ ပေးဖို့၊ သက်ဆိုင်ရာ အေ
ဂျင်စီတွေနဲ့ ညှိနှိုင်းပြီး ရေရှည်မှာ ပြန်လည်ထူ
ထောင်ရေး အထောက်အပံ့တွေ ပံ့ပိုးပေးဖို့ ဆိုတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ကိုးကား- The Nation
👍306🔥2
ထိုင်း-မြန်မာ နယ်စပ်တစ်​နေရာမှ လုံခြုံ​ရေးတ္ဝနယူ​နေတဲ့ထိုင်းစစ်သား​တွေ။ဓါတ်ပုံ-The Nation
👍25🔥3
■အ​တွေးအမြင်

"ခြိုးခြံချွေတာ တော်လှန်ပါ"

-လင်းဆက်ငြိမ်းချမ်း​ရေးသားသည်။

မက်ဆင်ဂျာရဲ့ ခရာသံကြောင့် ဖုန်းကို ကောက်ဖွင့်ကြည့်လိုက်တော့ ရုပ်သံဖိုင်တစ်ခုကို တွေ့ရတယ်။
ရုပ်သံဖိုင်ရဲ့ အောက်မှာတော့ “မကြည့်မဖြစ် ကြည့်ကို ကြည့်ရမယ့် ရုပ်သံ”လို့ ညွှန်းဆိုထားတဲ့ စာအတိုလေး။ ကျနော့်ဘကြီးက ပေးပို့ခြင်းဖြစ်တယ်။

ဘကြီးကညွှန်းဆို ပေးပို့ချက်ဖြစ်ပေမဲ့ အလွန်ဆုံးတစ်ရက် လောက်ကြာရင် ရုပ်သံကြည့်ပြီးပြီလားလို့ ဖိအားပေး စာမေးပွဲစစ်လေ့ရှိတာကြောင့် ညွှန်
ကြားချက်လို့ဆိုရ မယ့်ပေးပို့ချက်။ဘကြီးက သူ့နိုင်ငံရေးခံတွင်းနဲ့ လိုက်ဖက်တဲ့အရသာတွေကို အခုလိုမျိုး ပေးပို့နေကျ။ကျနော်မှမဟုတ် ၊ကျနော်တို့ဆွေမျိုးစုထဲက စစ်အာဏာရှင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရသလိုဆန့်ကျင်နေသူတွေဆီ ပေးပို့ လေ့ရှိသလိုအသက်၈၀ကျော်ပြီဖြစ်တဲ့ ဘကြီးက အသက်ကြီးခြင်းရဲ့သင်္ကေတ၊ သူပေးပို့တာ မှန်သမျှ ကြည့်မှ ဖတ်မှ ကျေနပ်လေ့ရှိတဲ့အစား။

ဒါနဲ့၊နေ့မကူးခင် ဘကြီးပေးပို့တဲ့ ရုပ်သံဖိုင်ကို ဖွင့်ကြည့်လိုက်တော့ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက် တာဇော်ဝေစိုး ပြောကြားထားတဲ့ ရုပ်သံဖိုင်တစ်ပိုင်းတစ်စ။၂၀၂၆ ဖေဖေါ်ဝါရီ၂၁ ရက်သ
တင်းစာရှင်းလင်းပွဲအ ပြီး ပွက်လောရိုက်သွားခဲ့တဲ့ အင်္ကျီတစ်ထည်ကိစ္စနောက်ဆက်တွဲ ရှင်းလင်း
ချက်။

မကြည်ပြာပြဿနာ သတင်းစာရှင်းပွဲမှာ ဒေါက်
တာဇော်ဝေစိုးပြောကြားခဲ့တဲ့ နွေဦးတော်လှန်ရေး ကာလ အင်္ကျီတစ်ထည်ဝယ်ဖို့တောင် စဉ်းစားရတယ်ဆိုတဲ့စကားက ကျနော့်သိမှုမှာ တစ်စုံတစ်ရာ အမှားမပါ ပေမဲ့ လူမှုကွန်ရက်ပေါ်မှာ တော်တော် ဗွက်ထခဲ့တယ်။တချို့က ပိုနိုင်ရန်ကောလို့ ထင်မှတ်လို့လား မပြောတတ်။ ဆရာကြီး မဝယ်နိုင်ရင် လက်ဆောင်ပို့ ပေးပါ့မယ်တဲ့။ ရိတိတိ ရွဲ့တဲ့တဲ့။

နွေဦးကို အကြောင်းပြုလို့ အ မေရိကန်သို့ ရောက်ရှိခိုလှုံနေသူတစ်ဦးကလည်း ဒေါက်တာဇော်ဝေစိုးရဲ့ အင်္ကျီတစ်ထည်ကို မိုက်ခရိုစကုပ်ပေါ် တင် ပုံကြီးချဲ့ ဟန်ရေးပြနေတာ တွေ့ရတယ်။မဲဆောက်မြို့က လက်ညှိုးထိုး အပြစ်ရှာကီးဘုတ်ဖိုက်တာတစ် ဦးကလည်း အချက်အလက်မရှိလက်ညှိုးကို ငေါက်ငေါက်ထိုးလို့။ NUGအပေါ် အစာမကျေတာကြောင့်လည်းဖြစ်နိုင်တယ်။NUGအစိုးရရဲ့မကြည်
ပြာပြဿနာကိုင်တွယ်မှုအပေါ် ဘဝင်မကျရာကနေထိရာမိရာ ပြောမိ ပြောရာတွေလားလို့လည်း ဖော့တွေးမိ။တော်လှန်ရေးခရီးက နည်းနည်းကြာလာတော့ အညောင်းမိကြတာ လည်း ပါမှာပေါ့။

ဒေါက်တာဇော်ဝေစိုးက အခုရုပ်သံဖိုင်မှာ ရှင်းထားတယ်။ အင်္ကျီတစ်ထည် မဝယ်ဘူးဆိုတာ မဝယ်နိုင် တာမဟုတ်၊တမင် ဝယ်မဝတ်တာလို့ ဆိုတယ်။ပြီးတော့ “ကျနော် ချို့တဲ့နေတာ မဟုတ်ပါဘူး။ကျနော်ခြိုးခြံ ချွေတာနေတာ ဖြစ်ပါတယ်။ဘာ့ကြောင့် ခြိုးခြံချွေတာနေတာလဲဆိုတော့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအ
တွက် ဖြစ်ပါတယ်”လို့လည်းဒေါက်တာဇော်ဝေစိုးက ဆက်ရှင်းပြတယ်။

ဒေါက်တာဇော်ဝေစိုးရဲ့ ရှင်းလင်းချက်ကို ချုပ်ရရင် ဝယ်နိုင်တယ်၊မဝယ်။ ဒီကာလမှာ ခြိုးခြံချွေ
တာရ မယ်ဆိုတဲ့ အလင်းပြချက်။ဒေါက်တာဇော်ဝေစိုးရဲ့လာရာ ပထမစာမျက်နှာကို သိပ်မသိဘူးဆိုတဲ့လူတွေတောင် အထူးကုဆရာ ဝန်ကြီးဆိုတာလောက်တော့ သိကြတယ်။တိတိကျကျပြောရရင် အရိုးအကြောခွဲစိတ် အထူးကုဆရာဝန်ကြီး။ ပြီးတော့ ရန်ကုန်မြို့ဆေးတက္ကသိုလ်တွေမှာ ပါမောက္ခချုပ် လုပ်ခဲ့သူ။NLDအစိုးရလက်ထက် ကိုဗစ်တိုက်ပွဲမှာ ဦးဆောင်မှုပေးနိုင်ခဲ့သူတစ်ဦး။

ရန်ကုန်မြို့ပေါ်က နာမည်ကြီးဆရာဝန်ကြီးတွေရဲ့ တစ်လဝင်ငွေဟာ မြို့ပြ လူ လတ်တန်းစားတွေတောင်ပါးစပ်အဟောင်းသားဖြစ်ရတဲ့အထိ များ
ပြားတယ်ဆိုတာအားလုံးကသိပြီးသား။ဒေါက်တာ
ဇော်ဝေစိုးရဲ့ ပိုင်ဆိုင်မှုဟာအင်္ကျီတစ်ထည်ဝယ်ဖို့မပြောနဲ့၊ မြို့ပြမှာ ဘာအလုပ်မှမလုပ်ဘဲ နှစ်အတန်
ကြာ ဇိမ်ကျကျ ထိုင်စားနိုင်တာအသေအချာ။

ဒေါက်တာဇော်ဝေစိုးဟာဒီနွေဦးမှာရွှေဘုံနန်းထက်ကဇိမ်ခံစရာတွေ ပြည့်နေတဲ့ပညာရှင်တစ် ယောက်
ရဲ့ ဘဝကို စွန့်ကာ တော်လှန်ရေးခရောင်းလမ်းပေါ် ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့တယ်။ NUGအစိုးရဝန်ကြီး ဖြစ်လာတယ်။NUGဝန်ကြီးဘဝနဲ့ အနောက်ကမ္ဘာသို့ ခြေဆန့်ခဲ့တယ်။ဒေါက်တာဇော်ဝေစိုးဟာ နိုင်ငံကြီးတစ် နိုင်ငံမှာ သူ့ဆေးပညာကျွမ်းကျင်မှုနဲ့ အခြေချရပ်တည်ဖို့ရာ မခက်ပေမဲ့ ပြည်တွင်းကို ရောက်အောင်ပြန်လာ ကာ တော်လှန်ရေးလမ်းပေါ်မှာပဲ မာဂုဏ်မြင့်။ နွေဦးတော်လှန်ရေးက ပညာရှင်တစ်ယောက်ကို တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးထုတ်ပေးခဲ့တယ်။

လွတ်မြောက်နယ်မြေဆိုတာ ဘယ်သူ့အတွက်မဆို ဇိမ်ခံစရာ ပါးရှားတဲ့နေရာ။ ဒေါက်တာဇော်ဝေစိုး က ညီးညူခြင်းလည်းမရှိ၊ စွန့်လွှတ်အနစ်နာခံနေသူကြီးပမာ မသိမသာ ကိုယ့်ကိုယ်ကိုယ်ပရိုမိုးရှင်း လုပ်နေ ခြင်းလည်း မရှိ။ပြီးတော့ ရသလောက်အခွင့်အရေး သိမ်းကျုံးယူကာ အခွင့်ထူးခံလုပ်နေတယ်လို့လည်း မကြား မိ။ သူ့အလုပ်နဲ့သူ၊ သူ့လမ်းနဲ့သူ။ဒါပေမဲ့၊ပညာရှင်ဘဝတုန်းကကြုံရခဲတဲ့လက်
ညှိုးတွေကိုတော့ ကြံ့ကြံ့ခံရမယ့်ပုံ။ထားတော့။

နောက်တစ်ရက်၊ ဘကြီးဆီက ဖုန်းဝင်လာပြီး စာမေးပွဲစစ်တော့ ရုပ်သံဖိုင်ကြည့်ပြီးကြောင်းနဲ့ ဘကြီး ပို့လိုက်တဲ့ ဖိုင်ဟာ မီဒီယာတစ်ခုနဲ့ ဒေါက်
တာဇော်ဝေစိုး တွေ့ဆုံမေးမြန်းခန်းထဲက အင်္ကျီကိစ္စ ပြောကြားချက် ကို ဖြတ်ယူထားခြင်းဖြစ်
ကြောင်း ရှင်းပြလိုက်တော့ ကျေနပ်သွားတယ်။
24👍4🔥2
“လူဆိုတာ ကိုယ်မလုပ်နိုင်တဲ့အရာ လုပ်နိုင်နေတဲ့သူတွေကို တန်ဖိုးထားလေးစားတတ်ဖို့လိုတယ်။ ပြီး တော့ ပညာရှင် သူဌေးတစ်ယောက်ဖြစ်တဲ့ ဆရာကြီးဒေါက်တာဇော်ဝေစိုးရဲ့ခြိုးခြံချွေတာ
ရေးလမ်းညွှန်ချက် ကို လက်တွေ့ ကျင့်ကြံကြဖို့လိုတယ်”လို့ ဘကြီးက ပြောတယ်။

ဘကြီးက လယ်သမားကြီးဘဝကနေ တောသူဌေးဖြစ်လာခဲ့တဲ့သူ။ပေးကမ်းစရာသားသမီးမြေးမြစ် မရှိ၊မိန်းမကလည်း ကွယ်လွန်။ ဒီနေ့အချိန်ထိ ဘကြီးရဲ့ လစဉ်ဝင်ငွေက အသက် ၈၀ ကျော်အ
ရွယ်တစ်ယောက် တောအထွာနဲ့ စိတ်ကြိုက်ဇိမ်ခံရင်တောင် ပိုလျှံနေသေး။ ဒါပေမဲ့၊ဟောဒီနွေဦးမှာ အဲကွန်းဖြတ်၊ ပိုက်ဆံကုန် ပေါက် သွားသွားလာလာ ခရီးစဉ်တွေကို ဖြတ်၊ ဘာသာသာသနာအလှူ
အတန်းတွေ ဖြတ်၊လက်ဖက်ရည်ဆိုင် မှာ ရက်ရက်ရောရော ငွေရှင်းတတ်တဲ့အလေ့ကိုလည်းဖြတ်။အရင်တုန်းက အုပ်ကြီးတို့ဘာတို့ ကိုင်လေ့ရှိတဲ့ ဝေါ်ကီတော်ကီစတိုင် ခလုတ်ဖုန်းအဟောင်းကြီးကိုသာ စွဲစွဲမြဲမြဲကိုင်လို့ ဒီနွေဦးရဲ့ ထောက်ပို့တပ်သားကြီး တစ် ဦးအဖြစ် တိုးတိုးတိတ်တိတ် တက်တက်ကြွကြွ လက်သီးကို ကျစ်ကျစ်ပါဆုပ်လို့။

မသေခင် တာဝန်သိနိုင်ငံသားတစ်ယောက်အဖြစ်နဲ့ တာဝန်ကျေသွားချင်တယ်။မသေခင်မှာမင်းအောင်
လှိုင်ပြုတ်တာ မြင်သွားချင်တယ်တဲ့။ နဂိုကတည်း
ကကျန်းမာရေး လိုက်စားကာ စနစ်နဲ့ နေထိုင်တတ် သူ။ အခုလည်း မနက်ခင်း လမ်းလျှောက်လေ့ကျင့်
ခန်းမပျက် ဒီနေ့ထိ ဒေါင်ဒေါင်မြည်။

“ဘကြီးကိုယ်တိုင်လည်း အာဏာသိမ်းပြီးက
တည်းကဘာအဝတ်အစားမှ မဝယ်ခဲ့ဘူး။ အရင်က တစ်လတစ်ခါ ဆံပင်ညှပ်ရမှ နေသာထိုင်သာရှိတာ။ဒီဘက်နောက်ပိုင်း ၂လကျော်၊၃လ နေလို့အဆင်မပြေ တော့မှ ညှပ်တော့တယ်”လို့ဘကြီးက ဂုဏ်ယူစွာပြောကာ ဖုန်းချသွားတယ်။အတတ်နိုင်ဆုံး ခြိုးခြံရမယ်၊ ကိုယ်တတ်နိုင်တဲ့ငွေ တော်လှန်
ရေးအတွက် ထည့်ဝင်ရမယ်။ နိုင်ငံရေးတွေဘာတွေ သိပ်နားမလည်ပေမဲ့ ဘကြီးရဲ့ နိုင်ငံရေးအသိက ခိုင်ခိုင်မာမာ။

ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင်ကပဲ ဘကြီးနဲ့အတူနေ ကျနော့်ညီဝမ်းကွဲက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် စက်ဘီးစီးနေတဲ့ ဘကြီးရဲ့ဓာတ်ပုံကို တင်လိုက်တာနဲ့ မနေနိုင်လို့ ဖုန်းဆက်မေးကြည့်မိ။
“ဆီဈေးကြီးလာလို့ ကားနဲ့ ဆိုင်ကယ်မစီးဘူးဆိုပြီးဘကြီးပစ်ထားတဲ့ စက်ဘီးအဟောင်းကို ပြန်ရှိုင်း ပြီး စီးနေတာ”လို့ ညီဝမ်းကွဲက ပြောပြတယ်။
အီရန်စစ်ပွဲကြောင့် စက်သုံးဆီတွေ ငယ်သံပါနေတာကြောင့် ကျနော်တို့မြို့လေးမှာ ဓာတ်ဆီတစ်လီ တာ ပြင်ပပေါက်ဈေး ကျပ်နှစ်သောင်းထိတောင် အပေါ်လေမိနေတဲ့အချိန်။ဆီဆိုင်မှာ တန်းစီဝယ်မယ်ဆိုရင် ဆီလေး နှစ်လီတာလောက် ရဖို့အရေး တစ်ရက်ကြိုတန်းစီ၊ အအိပ်ပျက် အစားပျက် နေပူကြီးထဲ ကျန်းမာရေး ထိခိုက်။

ဒါ့ကြောင့်ဘကြီးကတန်းလည်းမစီ၊ပြင်ပဈေး
ကွက်ကလည်း မဝယ်။ဆီဈေးပုံမှန်အခြေမရောက်
မ ချင်း ကားနဲ့ဆိုင်ကယ် မစီး။ ဘကြီးအမှတ်တရ သိမ်းထားတဲ့ သူ့အန်းဒိတ် အင်္ဂလန်မိတ် ရလေးစက်ဘီးကို ပြန် လည်မွမ်းမံကာ လူငယ်လေးတစ်ယောက်လို ဟိုနားဒီနား ချီတက်။ဘကြီးရဲ့ ခြိုးခြံမှုက အဲဒီလို လက်တွေ့ကျ ကျ။

သင်္ကြန်တွင်းမှာ ဘကြီးဆီက ဖုန်းဝင်လာတယ်။ “ဘကြီးလည်း ငါ့တူကြီးလိုပဲ စက်ဘီးစီးနေပြီ”လို့ ဂုဏ်ယူစွာနဲ့ ဆိုတယ်။ဆိုင်ကယ်ဝယ်စီးရင် လစဉ် ဆိုင်ကယ်စီးခ လိုင်းကြေးဘတ်၁၀၀၀ ထိုင်းရဲတွေကို ပေးရတာဆိုတော့ ရဲပေးရမယ့်ဘတ်၁၀၀၀ တော်လှန်ရေးအတွက်ပဲ လှူမယ်ဆိုတဲ့စိတ်နဲ့ မဲဆောက်မှာကျနော်ဟာ ဂျောက်ဂျက်စက်ဘီးတစ်စီးနဲ့ လွင့်နေတာ ဘကြီးသိတယ်။

ကျနော်တို့ တူဝရီး ဒေါက်တာဇော်ဝေစိုးရဲ့ ခြိုးခြံခြင်းတရားကို ကြိုက်တယ်။ကျနော်တို့ အသက်ပေး မတိုက်နိုင်တော့နိုင်ရာဝန်ထမ်းပြီးတိုက်တယ်။ စက်ဘီးစီးတယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခြိုးခြံနည်း လို့လည်း ဘကြီးက ကိုယ့်ငါးချဉ်ကိုယ်ချဉ်လိုက်သေးတယ်။ ။
40👍3🔥2
သရုပ်​ဖော်ပုံ- AI
👍332🔥2
မုံရွာသင်္ကြန်အတက်နေ့ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၁ဦးအထိရှိလာ

ဧပြီ-၂၁၊ ၂၀၂၆ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာမှာ သင်္ကြန်အတက်နေ့က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်(သင်္က်ြန်အတက်နေ့) နေ့လယ် ၂နာရီခွဲခန့်က မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာ၊ ထန်းဇလုပ်ချောင်းအနီးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က တက်လာတဲ့ ဂျွိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေထဲက ဒဏ်ရာပြင်းထန်သူတွေ ထပ်တိုး သေဆုံးခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ၂၁ ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ဦး ပါဝင်တယ်လို့ သိရပါတယ်။

" အရာတော်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ အဲ့ဘက် သွားတယ်ပဲ ထင်လိုက်တာ။ ဗုံးသီးချသံကြားမှ ထန်းဇလုပ်မှာ ချသွားတာလို့ သိရတာပဲ အဲ့မှာ ဘာမှ မရှိဘူး ဟိုအရင်က ဘုရားဖူးတွေ လာကြတော့ အဲ့နားက ဈေးဆိုင်လေးတွေနဲ့ အခြေချ နေထိုင်သူ တချို့ပဲ ရှိတာ "လို့ ဒေသခံတစ်ဦးရဲ့စကားကို ကိုးကားပြီး မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။

မုံရွာမြို့နယ်အတွင်းက တော်လှန်ရေးဆေးရုံဟာ သင်္ကြန်ကာလမတိုင်မီက လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ မုံရွာပြည်သူ့ဆေးရုံကြီးကို ဆေးကုသမှုခံယူခဲ့စဥ် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ ဆိုင်ကယ်ဝပ်ရှော့ဆိုင်အပါအဝင် နေအိမ် ၄လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က ပါရာမိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၄၀)ခန့်ရှိ ထန်းတက်လုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အလားတူ သင်္ကြန်အကျနေ့မှာပဲ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူထိခိုက်မှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။

စစ်တပ်က သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စည်ကားအောင်ပြုလုပ်နေပေမဲ့ တော်လှန်ဒေသအသီးသီးက ကျေးရွာတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
🤬444🔥1👏1😡1
(ထန်းဇလုပ်ချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ - CJ)
🤬40🔥3👎1👏1😡1
ကံထူးမရဲစခန်းအနီး ဈေးတန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးကြဲ

ဧပြီ-၂၁၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမကျေးရွာနယ်မြေရဲစခန်းအနီး ဈေးတန်းကို စစ်တပ်က
ဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ဆီဘောက်ဆာကားအချို့ မီးလောင်နေပါတယ်။

ဒီ‌နေ့ ဧပြီ ၂၁ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်ကနေ ၁၂နာရီ၄၀မိနစ်အတွင်း ဗုံး၅လုံး ကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆီဘောက်ဆားအချို့မီးလောင်နေပြီး ၁နာရီ၄၅မိနစ်အထိ ရရှိထားတဲ့သတင်းအရ လူ ၃ဦး ဒဏ်ရာရထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကံထူးမရဲစခန်းအပါအဝင် တန့်ဆည်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ဖေဖော်ဝါရီမှာ တိုက်ခိုက်ပြီး နယ်မြေကိုထိန်းချုပ်ခဲ့တာပါ။

ရေဦး-ကလေးဝလမ်းပိုင်းမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးအချက်အချာကျတဲ့
ကံထူးမရွာကို စစ်တပ်က ပစ်မှတ်ထားပြီး မကြာခဏ ဗုံးကြဲနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ၂၆ရက်ကလည်း ကံထူးမရွာကို စစ်တပ်က ဗုံးကြဲလို့ ဆီဘောက်ဆာကားတွေ မီးလောင်ပြီး အရပ်သား ၈ဦးသေဆုံး၊ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။
🤬37😡54😢2👎1👏1
(တန့်ဆည်မြို့နယ်က ကံထူးမကျေးရွာနယ်မြေရဲစခန်းအနီး ဈေးတန်းကို စစ်တပ်က
ဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်အပြီး မီးလောင်နေစဉ်။ ဓာတ်ပုံ - CJ)
🤬51😡64😢3👎1👏1
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံတကာက ထိရောက်စွာဖိအားပေးဖို့ အဖွဲ့ပေါင်း ၆၀နီးပါးတောင်းဆို

​ဧပြီ-၂၁၊ ၂၀၂၆ ဟာနာဆန်/People's Spring

​နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ဒီကနေ့မှာ စုပေါင်းတောင်းဆို လိုက်ပါတယ်။

PPNM၊ GSCB၊ NOTM အပါအဝင် အဖွဲ့အစည်း ၅၈ဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဒီကနေ့ ဧပြီ ၂၁ရက်မှာ စာထုတ်ပြီး တောင်းဆိုလိုက်တာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာနဲ့ စစ်အာဏာရှင်စနှစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ
ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံရေး သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သပိတ်အဖွဲ့ဝင်တွေ၊ သတင်းသမားတွေ၊ သမဂ္ဂအသီးသီးရဲ့ အဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေ၊ CDM တွေ (အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ ပြည်သူလူထုတွေကို တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ကာ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး၊ LGBTQI+ နဲ့ ကလေးသူငယ်တွေအပေါ် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ဖိနှိပ်မှုတွေ၊ အကျဉ်းသားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လျက်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)ရဲ့ ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်အရ လက်ရှိ အကျဉ်းထောင်အသီးသီးမှာနိုင်ငံရေးအကျဉ်းသား အမျိုးသား: ၇,၂၁၆ ဦး၊နိုင်ငံရေးအကျဉ်းသား အမျိုးသမီး: ၆,၃၉၄ ဦး၊ ကလေးသူငယ် ၆၃၇ ဦးတို့ ဖမ်းဆီးအကျဥ်းချထားကြောင်း သိရပါတယ်။

နိုင်ငံတကာအနေနဲ့ နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထားပြီး ကြိုးစားဆောင်ရွက်ပေးဖို့၊ စစ်အုပ်စုမှ တဆင့် နိုင်ငံတကာအား လှည့်စားဖို့ ဖော်ဆောင်လာတဲ့ တရားမဝင် အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့နဲ့ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲနေမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီရောင်းချနေမှုတွေကို ရပ်တန့်ဖို့၊ မြန်မာပြည်သူတွေ
အပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မတရားအာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေရေး ကြိုးပမ်းပေးဖို့၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေ
တဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ထိရောက်မြန်ဆန်တဲ့ ဖိအားပေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

ယခုလှုပ်ရှားမှုဟာ နိုင်ငံတကာနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ထိရောက်တဲ့ ဖိအားတွေပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဒီအချက်တွေကိုလည်း နိုင်ငံတကာဆီ တိုက်ရိုက်ပေးပို့သွားမှာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"လက်ရှိမှာ စစ်တပ်က သမ္မတကြီးဦးဝင်းမြင့်နဲ့ အကျဥ်းသားအချို့ကို လွှတ်ပေးခဲ့ပေမဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် အကျဥ်းသားတွေက စစ်မှန်တဲ့ လွတ်လပ်စွာနေထိုင်ခွင့်၊ သွားလာခွင့်ကို မရရှိသေးပါဘူး။ ဒါကြောင့် စစ်တပ်လက်အောက်မှာတော့ စစ်မှန်တဲ့လွတ်လပ်ရေးမရနိုင်ဘူး။ တိုင်းပြည်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ဖို့အတွက် မြန်မာပြည်သူလူထုလွတ်မြောက်ရေးတစ်ရပ်လုံးအထိ နိုင်ငံတကာအနေနဲ့ ရပ်တည်ပေးဖို့ သတင်းစကားပါးချင်ပါတယ်။"လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ဧပြီ ၂၁ ရက်ဟာ အကျဉ်းထောင်မှ လွတ်မြောက်လာချိန်မှစပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အပြာရောင်ဝတ်စုံကို အမြဲတမ်းဝတ်ဆင်ကာ တိုက်ပွဲဝင်ခဲ့တဲ့ NLDနာယက၊ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်မြောက်တဲ့ နေ့ရက်လည်း ဖြစ်ကြောင်း၊ ၎င်းကို ဂုဏ်ပြုတဲ့အနေနဲ့ "Blue Shirt Campaign" လူထုလှုပ်ရှားမှုကို ဧပြီလ ၁၀ ရက်နေ့မှ ဒီနေ့အထိ ၁၂ ရက်တိုင်တိုင် ဖော်ဆောင်ခဲ့ကြောင်း သိရပါတယ်။
🥰30👍189👏1🤮1🖕1
​အဆိုပါ Blue Shirt Campaign လှုပ်ရှားမှုဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့နဲ့ ဖိနှိပ်ခံနေရတဲ့ အကျဉ်းသားတွေအတွက် တရားမျှတမှု ရရှိဖ်ု့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ မှတ်တမ်းများအရ အာဏာသိမ်းချိန်မှ ယခု ၂၀၂၆ ဧပြီလအထိ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ချိန် အရေးပေါ်ဆေးဝါးကုသခွင့်မရရှိတာတွေကြောင့် အမျိုးသား ၂၃၇ ဦး၊ အမျိုးသမီး ၄၁ ဦးနဲ့ LGBT တစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
🥰3410👍8🖕2👏1😁1🤮1
(စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - AFP)
🥰3811👍9😁2👏1
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က PDFတွေကို အလင်းဝင်ဖို့ဖိတ်ခေါ်မယ်လို့ပြောတဲ့နေ့မှာ စစ်သားသစ် ၇ဦး KNLAထံ အလင်းဝင်
ဧပြီ-၂၁၊၂၀၂၆။တေဇ/People's Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရရဲ့ ရက် ၁၀၀ဆောင်ရွက်မှုအတွင်း EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေ အလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောတဲ့နေ့မှာဘဲ စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့တပ်သားသစ် ၇ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံမှာ လက်နက်ချ အလင်းဝင်လာပါတယ်။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် တုံးတံတားမှာ တာဝန် ကျနေတဲ့ စစ်တပ်ရဲ့ခမရ(၃၅၁)တပ်ရင်းကတပ်သား ၇ဦးဟာ ဧပြီ ၂၀ရက်မှာ KNLAတပ်ရင်း(၉)ဆီမှာ လက်နက်ချအလင်းဝင်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဓာတ်ပုံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်အာဏာသိမ်းပြီး ၅နှစ်အကြာမှာ သမ္မတအဖြစ် ပြောင်းလဲလိုက်တဲ့ စစ်ခေါင်းဆောင်ဟာ ဧပြီ ၂၀ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ သူ့ရဲ့ ရက် ၁၀၀ ဆောင်ရွက်မှုတွေလုပ်မှာကို ပြောတာ ဖြစ်ပါတယ်။ အဲဒီထဲက EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေကို တရားဥပဒေအတွင်း ဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် အစည်းအဝေးလုပ်ပြောတဲ့နေ့မှာဘဲ စစ်တပ်က တပ်သားသစ် ၇ဦးဟာ KNLAထံ အလင်းဝင်လာတာ ဖြစ်ပါတယ်။
" အလင်းဝင်ဘက်ပြောင်းခိုလှုံလာသော ပြည်သူ့စစ်မှုထမ်း တပ်သားများသည် မိမိတို့၏ ဆန္ဒမပါပဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရကာ ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်ခံရသော တပ်သားများဖြစ် သည်။"လို့ KNUကဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက အသက်(၂၇) နှစ်ကနေ (၄၂)နှစ်အထိပါဝင်တာကို တွေ့ရပါတယ်။
ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရတော့ လက်နက်တွေ ပါဝင်တာ မတွေ့ရပါဘူး။
ကိုယ့်ရဲ့စိတ်ဆန္ဒမပါပဲ စစ်တပ်ရဲ့အဓမ္မစစ်မှုထမ်းစေခိုင်းခံတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အလင်းဝင်ကြဖို့ KNUက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဧပြီ ၂၀ရက်မှာဘဲ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၄ဦးဟာ ‌‌‌‌‌‌‌‌တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာတယ်လို့ ‌‌‌စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
ဧပြီ ၂၀ ရက် မနေ့ကနေ့လည်ပိုင်းမှာ စစ်တပ်စစ်ကြောင်းက တပ်သား ၄ဦးဟာ လက်နက်မဲ့အလင်းဝင် ရောက်လာတာလို့ သိရပါတယ်။
👍3410👏7😁2🔥1🤣1
(အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၇ဦး ။ဓာတ်ပုံ - KNU)
👍41👏101🔥1😁1🤣1
ဝက်လက်အရှေ့ခြမ်းရောက် စစ်တပ်စစ်ကြောင်းက စစ်သား ၄ဦး တော်လှန်ရေးတပ်ထံ အလင်းဝင်

ဧပြီ-၂၁၊၂၀၂၆၊ရှိန်း/ People's Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၄ဦးဟာ ‌‌‌‌‌‌‌‌တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာတယ်လို့ ‌‌‌စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဧပြီ၂၀ ရက် မနေ့က နေ့လည်ပိုင်းမှာ စစ်တပ်စစ် ကြောင်းက ရဲဘော်လေးဦး လက်နက်မဲ့အလင်းဝင် ရောက်လာတာလို့ သိရပါတယ်။

"စစ်မှုထမ်း တွေဖြစ်ဖို့များတယ်။အလင်းဝင်လာတဲ့လူအများစုက စစ်မှုထမ်းတွေများတယ်"လို့ စစ်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

သစ်ဆိမ့်ကျေးရွာကို စစ်တပ်က ဖေဖော်ဝါရီ၁၁ ရက်က ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီးတဲ့နောက် မတ်လအတွင်းမှာ နယ်မြေစိုးမိုးဖို့ကြိုးစားလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကလည်း စစ်တပ်စစ်ကြောင်းက အလင်းဝင်ဖို့ ကြိုးစားတာတွေရှိပြီး စစ်သားအချင်းချင်းပစ်ခတ်မှု တွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ထပ် သတင်းအရင်းမြစ်တစ်ဦးက "စစ်မှုထမ်းနဲ့ရှေ့တန်းပါလာတဲ့ သူတွေက ထွက်ပြေးဖို့ကြိုးစားတယ်။အရင်တခါကလည်း ဒီစစ်ကြောင်းကနေ လူစာရင်းနဲ့ ထွက်လာချင်တဲ့အကြောင်းဆက်သွယ်လာသေးတယ်။ထွက်ပြေးလို့မရဖြစ် နေကြတာ"လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အမြဲတပ်ချိန်းတာမျိုးမကြာခဏပြုလုပ်လေ့ရှိပြီး လက်ရှိမှာ အင်အား ၃၀၀လောက်နဲ့ သစ်ဆိမ့်ရွာ၊ရေဂမိုးရွာ ၊အမှတ်(၃)ခရိုင်ချင်းဆက်လမ်းအ ရှေ့ဘက်၊အနောက်ဘက်တို့မှာအင်အားဖြန့် တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတွေ ‌ရှေ့တိုးမလာရေး တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပြီး မကြာခဏ ထိတွေ့ဖြစ်နေတာ ၂လကျော်ကြာပြီလို့ သိရပါတယ်။

ဒီစစ်ကြောင်းကြောင့် စစ်‌‌ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် အမှတ်(၃)လမ်းမ အသုံးမပြုကြဖို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရရဲ့ ရက် ၁၀၀ဆောင်ရွက်မှုအတွင်း EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေ အလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောတဲ့နေ့မှာဘဲ စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့တပ်သားသစ် ၇ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံမှာ လက်နက်ချ အလင်းဝင်လာပါတယ်။

ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် တုံးတံတားမှာ တာဝန် ကျနေတဲ့ စစ်တပ်ရဲ့ခမရ(၃၅၁)တပ်ရင်းကတပ်သား ၇ဦးဟာ ဧပြီ ၂၀ရက်မှာ KNLAတပ်ရင်း(၉)ဆီမှာ လက်နက်ချအလင်းဝင်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဓာတ်ပုံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
👏29👍124🔥1🥰1😁1🖕1
👍18🔥31😁1
အင်းတော်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေ သတိပေး

ဧပြီ-၂၁၊၂၀၂၆။ဇော်ရမ်း/People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်စစ်ကြောင်းတွ ပြင်ဆင်နေပြီး မြို့နယ်တွင်းနဲ့အနီးပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ ဒေသခံတွေကို အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးချက် ထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ၂၁ရက် ညနေပိုင်းသတိပေးချက်မှာ ဒေသတွင်းမှာ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒေသတွင်း စစ်ရေးနဲ့လုံခြုံရေးသတင်းတွေကို ဖော်ပြပေးနေတဲ့ Indaw Revolution -IR ကလည်း မြေပြင်တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်ကို ကြိုတင်သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

" အင်းတော်မြို့နယ်ကို စစ်ကြောင်းထိုးဖို့အတွက် သေချာသလောက်တော့ရှိနေပါပြီ။ ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်ပြုလုပ်နိုင်ပါတယ်။ ‌ဒါကြောင့် မိဘပြည်သူများ အရေးပေါ်၊ ဆေးဝါး၊ ရိက္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းများ ထုတ်ပိုးပြင်ဆင်ထားသင့်ပါတယ"လို့ သတိပေးထားပါတယ်။

အင်းတော်မြို့ကို PDFတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့ပြီး တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများပြားကိုလည်း ဖမ်းမိခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲကာလမှာ မြို့ခံတွေကိုဓားဆာခံအဖြစ် စစ်တပ်က ဖမ်းဆီးထားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ တကောင်းမြို့နယ် ထီးချိုင့်မြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း အင်းတော်မြို့ကိုပြန်လည်တိုက်ခိုက်ဖို့အတွက် စစ်ရေးပြင်ဆင်လာတာဖြစ်ပါတယ်။

မန္တလေးတိုင်းက တကောင်းမြို့နဲ့ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့၊ အင်း‌တော်မြို့တွေဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းပေါ်မှာ တည်ရှိနေပါတယ်။
👍426🔥3🥰2
(အင်းတော်မြို့သိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့ ပခုက္ကူခရိုင်တပ်ရင်းရဲဘော်များ။ ဓာတ်ပုံ- ပခုက္ကူ ခရိုင် အမှတ် ၁၇ တပ်ရင်း)
46🫡7👍6🔥3🖕2🤬1
စစ်တပ်ထံ ပူးပေါင်းသွားတဲ့ ရဲဘော် ၄ဦးက ကျန်ရဲဘော်တွေကို လက်နက်ချဖို့စည်းရုံးနေကြောင်း မိုးကုတ်ပကဖ သတိပေး

ဧပြီ-၂၁၊ ၂၀၂၆ ဟာနာဆန်/People's Spring

မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကနေ စစ်တပ်ထံ ပူးပေါင်းသွားတဲ့ ရဲဘော် ၄ဦးက ကျန်ရဲဘော်တွေကို လက်နက်ချဖို့ စည်းရုံးနေလို့ သတိထားကြဖို့ မိုးကုတ် ပကဖက ဧပြီ ၂၀ ရက် မှာ သတိပေးပါတယ်။

မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုးလန်ကျေးရွာက နှင်းနှင်းဦး (ခ) ရိုးမ၊ ဝဏ္ဏဖြိုး (ခ) စိုင်းလျန်း၊ ကန်တော်ရပ်က မဒါယန (ခ) မိုးပြည့် (Facebook အမည် - Dyn Ena)၊ ကိုးလန်ကျေးရွာနေ စစ်တပ်ခန့် ဥက္ကဌရဲ့တူ အောင်ဇင်ဖြိုး (ခ) ကင်းကောင်တို့ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်တပ်ထံ လက်နက်ချ အညံ့ခံဖို့ စည်းရုံးသိမ်းသွင်းနေကြောင်း မိုးကုတ်ပကဖရဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

အဲဒီလို စည်းရုံးရာမှာ လက်နက်တစ်လက်ပါလာရင် ကျပ် သိန်းဆယ်ချီ ဆုကြေးပေးမှာဖြစ်ပြီး
လက်နက်မပါရင်လည်း ဆုကြေးငွေ ချီးမြှင့်မယ်လို့ စည်းရုံးနေတယ်လို့ မိုးကုတ်ပကဖရဲ့တာဝန်ရှိသူက ပြောပါတယ်။

"အဓိကကတော့ တပ်ကနေ အခက်အခဲမျိုးစုံနဲ့ ပြေးတာကို အပြစ်မပြောပေမယ့် တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် ပျက်လိုပျက်စီး
ဖြစ်အောင် ကြံစည်နေတာမျိုးတွေ လုပ်ဆောင်နေတာမျိုးတွေကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်သလို၊ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှုတွေ မဖြစ်မနေကို လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ရဲ့ page မှာ ကာယကံရှင်တွေအနေနဲ့ လာရောက်ခြိမ်းခြောက်ပြီးတော့ ပြောဆိုနေတာတွေရှိပေမယ့် ကျနော်တို့က တော်လှန်ရေးအတွက်ဆို ဘယ်သူ့မျက်နှာကိုမှမထောက် လမ်းအဆုံးထိလျှောက်မှာ ဖြစ်တဲ့အကြောင်းလေးတော့ အသိပေး ပြောကြားချင်ပါတယ်။"လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

ဒါ့အပြင် ၎င်းတို့ ၄ဦးဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း စစ်တပ်နဲ့အတူ ပူးတွဲပျော်ပါးနေတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရရှိထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

​မိုးကုတ်မြို့နယ် ပကဖအနေနဲ့ အဆိုပါရဲဘော်ဟောင်းတွေကို ပကဖ လမ်းညွှန်ချက်၊ မူဝါဒတွေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ အသိပေးပါတယ်။

ရဲဘော်တွေဟာ ရဲဘော်နှင်းနှင်းဦးကနေတဆင့် စစ်တပ်ထံ ပူးပေါင်းသွားကြတာဖြစ်ပြီး နှင်းနှင်းဦးက မိုးကုတ်ပကဖက ရဲဘော် ၃ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (N.S.S.A.A)က ရဲဘော် ၃ဦးကို စည်းရုံးခေါ်ဆောင်သွားတာဖြစ်ကြောင်း မိုးကုတ်ပကဖရဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအတွင်းရှ ရဲဘော်၊ ရဲမေတွေကို အွန်လိုင်းမှတဆင့် ဆက်သွယ်ကာ ခြိမ်းခြောက်စည်းရုံးတာတွေ ပြုလုပ်နေသူတွေကိုလည်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း မိုးကုတ်ပကဖက သတိပေးထားပါတယ်။
👍25😡116🤬5🔥2👎1🥴1