■အတွေးအမြင်
သမ္မတ ပုလ္လင်ပေါ် အရူးတက်ချိန်
ဒီပ/People's Spring
မင်းအောင်လှိုင် သမ္မတရူးတာနဲ့ တစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာဒီနေ့မှာတော့ စစ်တပ်ကိုထောက်ခံသူတွေကိုပါ အမြင်ရှင်းစေခဲ့ပါပြီ။
ရွေးကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်ညာစွပ်စွဲပြီး လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာရဲ့အဓိကအကြောင်းရင်းခံဟာ မင်းအောင်
လှိုင်သမ္မတလုပ်ချင်တာကြောင့်ဖြစ်တယ်ဆိုတာကု ငါးနှစ်အကြာမှာဘယ်လိုမှဖုံးကွယ်မရတော့ပါဘူး။
မလုပ်ရဲတာမရှိဘူးလို့ လူမိုက်စကားပြောခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေက မကောင်းတာမှန်သမျှ မလုပ်ရဲတာမရှိဘူးလို့ ကြွေးကြော်ခဲ့တာသာဖြစ်နေပါတယ် ။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေး ကဏ္ဍမျိုးစုံတည်ငြိမ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးဖို့လမ်းကြောင်းမှန်ပေါ်ရှိနေတဲ့ အလားအလာကောင်းလှတဲ့နိုင်ငံဟာ၅ နှစ်အတွင်း
မကောင်းတဲ့အရာမှန်သမျှထိပ်ဆုံးရောက်ပြီး ကျရှုံးနိုင်ငံဖြစ်ခဲ့ရပါတယ် ။ ဒါဟာအာဏာရူးသူတစ်ယောက် သမ္မတ ပုလ္လင်ပေါ် တက်လိုတာကြောင့်ဖြစ်နေပါတယ် ။
ဒီငါးနှစ်အတွင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံကိုဘယ်လိုဖျက်ဆီးပစ်ခဲ့လဲ ပြန်
ကြည့်ရအောင်ပါ။
ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်ပြ စီမံကိန်း (ACLED)ပြုစုထားတဲ့အချက်အလက်တွေအရစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေ ၊ပဋိပက္ခတွေ ၊အကြမ်းဖက်မှုတွေကြောင့်သေဆုံးခဲ့ရသူပေါင်း ၉၃၀၀၀ ခန့်ရှိပါတယ် ။ဒါဟာအာဏာလုထားတဲ့စစ်တပ်ဘက်ကရော ၊ တော်လှန်ရေးဘက်ကရော ၊ပြည်သူတွေရော အားလုံးပါဝင်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့လက်နက်ကိုင်တွေက အရပ်သား ပြည်သူပေါင်း ရှစ်ထောင်ခန့်( ၇၉၆၂) ဦး ကိုသတ်ဖြတ်ခဲ့ပါတယ်။မြေပြင်မှာအဲဒီအရေ
အတွက်ထက်တောင်အများကြီးပိုများနိုင်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းငွေတန်ဖိုးတွေဖောင်းပွ ကုန်ဈေးနှုန်းတွေတဟုန်ထိုးတက်လာပါတယ်။ ဝမ်းနည်းစရာအမှန်တရားက တန်ဖိုးနည်းလာတာဟာ မြန်မာပြည်က လူ့အသက်တွေဖြစ်နေပါတယ် ။ နေ့စဥ်လူသေဆုံးမှုသတင်းတွေ၊စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေများလှတာကြောင့် မြန်မာပြည်သူတွေရဲ့ နှလုံးသားတွေထုံကြင် သွားစေပြီး ဖြစ်ရိုးဖြစ်စဥ်လိုတောင်ဖြစ်
လာပါတော့တယ် ။ဘယ်သူမဆို နိုင်ငံအတွင်းမှာ အချိန်မရွေးလွယ်လွယ်ကူကူအသတ်ခံရနိုင်သလို
အာဏာလုစစ်အုပ်စုအပါအဝင် ဘယ်သူမှကျောမလုံတော့တဲ့အခြေအနေဖြစ်ပါတယ်။
ဒါအပြင်စစ်တပ်ကဖမ်းဆီးခဲ့တဲ့နိုင်ငံရေးအကျဥ်းသားပေါင်းအနည်းဆုံး၃၀၇၅၅ ဦးရှိပါတယ်။အဲဒီအထဲက ၂၂၂၄၉ ဦးဟာ စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံထားရဆဲပါ။
ပြည်သူတွေကိုစောင့်ရှောက်တယ်လို တွင်တွင်ပြောနေတဲ့စစ်တပ်က ငါးနှစ်ကျော်အတွင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ အချက်
အလက်တွေအရ သိပါတယ်။ဒေသမရွေး၊လူမျိုးမရွေး၊ဘာသာမရွေး၊အချိန်ကာလမရွေး ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ မင်းအောင်လှိုင် နောက်လိုက်စစ်တပ်ပါ ။လက်တွေ့မီးရှို့ဖျက်ဆီးခံရတာဟာ ဒီစာရင်းထက် ပိုများမှာသေချာပါတယ်။
အလားတူ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA Myanmar)ရဲ့အချက်အလက်တွေအရ နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ပြည်သူပေါင်း ၂၀၂၅ ဒီဇင်ဘာလအထိ လေးသန်းကျော်ရှိနေပါတယ်။
ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းကျော်ဟာ ဝမ်းရေးမဖူလုံမှုကို ခံစားနေရပြီး ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှု (ဝါ) ငတ်မွတ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့စားနပ်
ရိက္ခာအစီအစဥ် WFP ၂၀၂၅ နှစ်ကုန်ပိုင်းမှာထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းအထိအငတ်ဘေးကိုရင်ဆိုင်လာရတာပါ။
ကမ္ဘာပေါ်မှာဘိန်းစိုက်ပျိုးမှုအများဆုံး ၊လာဘ်စားမှုမှုအများဆုံး ၊ပြည်သူတွေမလုံခြုံဆုံး၊ကမ္ဘာ
ပေါ်မှာသတင်းထောက်တွေထောင်ချခံရတာဒုတိယအများဆုံး၊အင်တာနက်ကန့်သတ်ပိတ်ဆို့မှုအဆိုးဆုံးစာရင်းဝင် စသဖြင့် မကောင်းတဲ့အရာအားလုံးနီးပါးထိပ်ဆုံးရောက်ကုန်ပါတယ်။
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတ
ရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေအများကြီးဝင်လာပြီး အွန်လိုင်ငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်

👍21❤2🔥2💩2💯2😁1🤯1
မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်တွေကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ နိုင်ငံရဲ့ပုံရိပ်ကိုဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေကို နိုင်ငံအချို့က စာနာ နားလည်ပေးခဲ့ကြပေမယ့် ကျားဖြန့်တွေကြောင့် မြန်မာဆိုရင်ကျားဖြန့်သမားတွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အခြေအနေဆိုက်ကုန်ပါတယ် ။
ဒီထက်ဆိုးတာတွေရှိပါသေးတယ်။မင်းအောင်လှိုင်က သူပြုတ်မကျရေးကျားခံပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကိုကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်တောင့်မဖောက်ရပဲ လက်အောက်ခံနိုင်ငံဖြစ်လာတဲ့အခြေအနေပါ ။မင်းအောင်လှိုင်က သူနဲ့သူ့မိသားစု ဘေးကင်းရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်းပေးမယ် ၊ကျောက်ဖြူရေနက်ဆိပ်ကမ်းလည်းဈေးပေါပေါနဲ့ပေးမယ် ၊ နယ်စပ်ကမြေတွေခိုးယူခံနေရတာလည်းမသိချင်ယောင်ဆောင်ရင်း စစ်ဖိနပ်အောက်ကနိုင်ငံဟာ တရုတ်ကြွေးနွံမှာပါ နစ်နေပါပြီ ။
အလားတူရုရှားကိုဆိုရင်လည်းထားဝယ်ရေနက်ဆိပ်ကမ်းပေးမယ် ၊ စက်မှုဇုန် စီးပွားရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အခြေချခွင့်ပါပေးရမယ့်အခြေအနေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုနေ့စဥ်ရွတ်နေပေမယ့် အာဏာသိမ်းစစ်တပ်လက်အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသတွေရော၊မျိုးချစ်တွေရော မြင်လျက်နဲ့ မသိချင်ယောင်ဆောင်နေကြပါတယ်။
ဒါတွေက အာဏာရူးမင်းအောင်လှိုင်နဲ့ လူမိုက်တွေရဲ့ငါးနှစ်တာစွမ်းဆောင်ရည်ပဲရှိပါသေးတယ်။ဒါကြောင့် မင်းအောင်လှိုင်ကိုသမ္မတဖြစ် ခွင့်ပြုတာကနိုင်ငံကိုထပ်ဖျက်ဆီးဖို့ ခိုင်းလိုက်တာလည်းဖြစ်ပါတယ် ။
ဒါကြောင့် မင်းအောင်လှိုင်အုပ်စု နိုင်ငံဖျက်ဆီးနေတာကို တာဝန်သိသူ ၊ရဲရင့်သူတွေဖြစ်တဲ့တော်လှန်ရေးသမားတွေ၊ပြည်သူတွေက ရအောင် တားဆီးရပါမယ် ။ အခုအခြေအနေမှာ တရုတ် ၊ရုရှားအကူအညီနဲ့ စစ်မှုထမ်းစစ်သားတွေကြောင့် စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်လာနိုင်ပြီးစစ်ရေး
ပြန်ဦးမော့လာတာ ၊စစ်တပ်ရဲ့ နိုင်ငံရေးမျက်လှည်ပြပွဲတွေကြောင့် စစ်တပ်နဲ့စစ်တပ်ထောက်ခံသူတွေ ပွဲပြီးပြီသူတို့နိုင်ပြီ တော်လှန်ရေးပြီးသွားပြီလို့ဝါဒဖြန့်တာတွေအရှိန်မြှင့်လာပါတယ်။
ဒါပေမယ့် စစ်တပ်နဲ့စစ်တပ်မိသားစုတွေမသိတာက အခုအခြေအနေဟာ ၁၉၉၀ အလွန် အခြေအနေတွေနဲ့မတူသလို ၂၀၁၁ ကစစ်တပ်ရဲ့အယောင်ဆောင်ပြုပြင်ပြောင်းလဲရေးကိုအဟုတ်ထင်ခဲ့တဲ့အခြေအနေလည်းမဟုတ်ပါဘူး။ ပြည်သူတွေဘက်မှာ ဘယ်ခေတ်ကနဲ့မှမတူပဲ တစ်နိုင်ငံလုံးနီးပါးဖြန့်ကျက်ထားနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ပကဖတွေ ၊ ဒေသကာကွယ်ရေးတပ်တွေ၊ ပိုစုစည်းလာတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ၊ရှစ်လေးလုံးအရေးတော်ပုံကတည်းကလူထုနဲ့အတူရပ်တဲ့တပ်ဖွဲ့တွေအပြင် နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာပြီးစုစည်းထားတဲ့ SRA တပ်ပေါင်းစု ၊ အခုနောက်ဆုံးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) စသဖြင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပြင် သပိတ်အဖွဲ့တွေ၊CDMတွေကထုနဲ့ထည်နဲ့ရှိနေတာပါ ။ဒီလိုအင်အားမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးပါဘူး ။
ဒါကြောင့် ပွဲမပြီးသေးပါဘူး။တော်လှန်ရေးအင်
အားစုတွေရဲ့ပြင်းပြတဲ့ဆန္ဒ နဲ့ ရည်ရွယ်ချက်က မင်းအောင်လှိုင် နဲ့နောက်လိုက်စစ်ရာဇ
ဝတ်သားတွေကို တရားစီရင်နိုင်ဖို့ ၊အိမ်ပြန်နိုင်ဖို့ ၊စစ်ဖိနပ်အောက်ကလွတ်မြောက်ပြီး အကြောက်တရားကင်းကင်းနဲ့နေနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူးထောင်ရေးကအဓိကဖြစ်ပါတယ်။
ဒီရှေ့မှာ သမ္မတရူးမင်းအောင်လှိုင်က သမ္မတ
ပုလ္လင်ပေါ်တက်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရမလားဆိုပြီး အယောင်ဆောင်ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြပါလိမ့်မယ် ။စစ်အုပ်စုရဲ့ မျက်
လှည်ပြပွဲတွေကို တရုတ်၊ရုရှား အပါအဝင်နိုင်ငံတချို့က အဟုတ်ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့်မင်းအောင်လှိုင်နဲ့ နောက်လိုက်တွေရဲ့နေရာမှန်ဖြစ်တဲ့ စစ်ရာဇဝတ်ခုံရုံးမှာ တရားစီရင်နိုင်ဖို့က ဓမ္မဘက်တော်သားတွေ ၊နိုင်ငံနဲ့ နောင်မျိုးဆက်သစ်တွေရဲ့အနာဂါတ်ကိုချစ်မြတ်နိုးသူတွေရဲ့တာဝန်ပဲဖြစ်ပါတယ် ။ဒီအတွက်တော်လှန်ရေးအင်အားစုတွေကြား စုစည်းညီညွတ်မှု ၊အမျှော်အမြင်ကြီးမှု ၊တီထွင်ဖန်တီးနိုင်စွမ်း၊ဘယ်အခြေအနေမှာမဆိုတစိုက်မက်မက်ကြိုးစားမှု စတာတွေအရေးကြီးပါတယ်။ အလားတူပြည်သူတွေရဲ့ အားပေးကူညီမှုကလည်းအရေးကြီးလှပါတယ် ။ ဒီ ၅ နှစ်မှာ တော်လှန်ပြည်သူတွေပင်ပန်းလှပြီဖြစ်ပေမယ့် ရည်မှန်းချက်တွေမပြည့်သေးတာမို့ ခေတ္တအမောဖြေပြီး ထပ်ပါဝင်ပေးကြဖို့လိုအပ်ပါတယ်။

👍31❤8🔥3🤯3💯1
တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်ရင် မင်းအောင်လှိုင်ကိုသမ္မတ ပုလ္လင်ပေါ်က ဂုတ်ဆွဲချပြီး ပြည်သူ့တရားခွင် ရုံးမှာ ရုံးတင်နိုင်ဖို့ဆိုတာဟာ စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။ ဖြစ်အောင်လုပ်ကိုလုပ်ရမယ့် ပန်းတိုင်ပဲဖြစ်ပါတယ် ။ ။
❤34👍15👎4🤪1
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေအများကြီးဝင်လာပြီး အွန်လိုင်ငွေလိမ်လုပ်ငန်း(ကျားဖြန့်)
လုပ်ကိုင်မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်တွေကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ နိုင်ငံရဲ့ပုံရိပ်ကိုဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေကို နိုင်ငံအချို့က စာနာ နားလည်ပေးခဲ့ကြပေမယ့် ကျားဖြန့်တွေကြောင့် မြန်မာဆိုရင်ကျားဖြန့်သမားတွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အခြေအနေဆိုက်ကုန်ပါတယ် ။
ဒီထက်ဆိုးတာတွေရှိပါသေးတယ်။မင်းအောင်လှိုင်က သူပြုတ်မကျရေးကျားခံပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကိုကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်တောင့်မဖောက်ရပဲ လက်အောက်ခံနိုင်ငံဖြစ်လာတဲ့အခြေအနေပါ ။မင်းအောင်လှိုင်က သူနဲ့သူ့မိသားစု ဘေးကင်းရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်းပေးမယ် ၊ကျောက်ဖြူရေနက်ဆိပ်ကမ်းလည်းဈေးပေါပေါနဲ့ပေးမယ် ၊ နယ်စပ်ကမြေတွေခိုးယူခံနေရတာလည်းမသိချင်ယောင်ဆောင်ရင်း စစ်ဖိနပ်အောက်ကနိုင်ငံဟာ တရုတ်ကြွေးနွံမှာပါ နစ်နေပါပြီ ။
အလားတူရုရှားကိုဆိုရင်လည်းထားဝယ်ရေနက်ဆိပ်ကမ်းပေးမယ် ၊ စက်မှုဇုန် စီးပွားရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အခြေချခွင့်ပါပေးရမယ့်အခြေအနေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုနေ့စဥ်ရွတ်နေပေမယ့် အာဏာသိမ်းစစ်တပ်လက်အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသတွေရော၊မျိုးချစ်တွေရော မြင်လျက်နဲ့ မသိချင်ယောင်ဆောင်နေကြပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/04/04/153142/

LuduNwayOo
သမ္မတ ပုလ္လင်ပေါ် အရူးတက်ချိန် | LuduNwayOo
မင်းအောင်လှိုင် သမ္မတရူးတာနဲ့ တစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာဒီနေ့မှာတော့ စစ်တပ်ကိုထောက်ခံသူတွေကိုပါ အမြင်ရှင်းစေခဲ့ပါပြီ။
👎21❤8🖕6🔥2😁1💩1😭1
စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်တွေယူလာပြီး ရေးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်
ဧပြီ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။
အလင်းဝင်လာသူနှစ်ဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ် ဖော်ပြမထားပေမယ့် အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ၂ဦးဟာ အပတ်စဉ်(၁၆)က တပ်သား သစ်တွေဖြစ်ပြီး MA1 နှစ်လက် ယူလာတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သား ၂ဦး အလင်းဝင်ရောက်လာမှုနဲ့ပတ်သက်ပြီး ဗိုလ်ကျန်ရစ်နဲ့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းထားဆဲပါ။
ရေးပြောက်ကျားတပ်ဖွဲ့ထံကို အရင်ကလည်း စစ်ကောင်စီတပ်သားတွေအလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁၅ရက်က စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်ရောက်ခဲ့တာ အပါအဝင် စစ်ကောင်စီ တပ်သား ၁၈ဦး ရေးပြောက်ကျားတပ်ထံ အလင်းဝင်ခဲ့ကြောင်း အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်စောခေတ်သစ်က ဇန်နဝါရီလအတွင်းက ပြောပြခဲ့ပါတယ်။ ဒါကြောင့် ရေးပြောက်ကျားတပ်ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းရှိခဲ့ပြီဖြစ်ပါတယ်။
အလင်းဝင်လာသူတွေအနက် ထက်ဝက်နီးပါးလောက်က လက်နက်တွေ ယူလာခဲ့တယ်လို့လည်း ပြောပြပါတယ်။
အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုဂုဏ်ယူကြောင်း ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခံမယ့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေးအမြန်ပြီးဆုံးအောင် ဝိုင်းဝန်းတွန်းလှန်ကြဖိုလည်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖိုအတွက် ကျရာနေရာကနေ ဝိုင်းဝန်းတွန်းလှန်ကြဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပါတယ်။

❤23👍16
ရာထူးကနေ ဆင်းပေးလိုက်ရတာနဲ့ သူရဲ့ impunity (ပြစ်မှုတွေအတွက် အရေးယူဒဏ်ခတ်မခံရဘဲ ကင်းလွတ်ခွင့်ရနေမှု)ကို ဆုံးရှုံးသွားမှာကို သူ ကြောက်ရွံ့နေသလို၊ အဲဒီလို ဆုံးရှုံးသွားတာနဲ့အမျှ တာဝန်ခံရမှုတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း သူ ထိတ်လန့်နေပါတယ်။ ဒါ့အပြင် စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ အဆုံးအဖြတ်ပေးရမယ့် အချိန်တခုရောက်လာရင် သူ့ကို ဝန်ထုပ်ဝန်ပိုးတခုလို့ သဘောထားပြီး သူတို့ရဲ့အာဏာနဲ့အင်ပျူနတီကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူ့ကို ဖယ်ရှားပစ်မှာကိုလည်း စိုးရိမ်နေပါတယ်။ ဒါကြောင့်မို့လို့ သူက အဓိကကျတဲ့ ရာထူးနေရာ ခွဲဝေမှုတွေကို သူစိတ်တိုင်းကျ ပုံဖော်ထိန်းချုပ်ပြီး၊ အာဏာရဲ့အမြင့်ဆုံးနေရာတွေမှာ သူ့သစ္စာခံတွေကိုချည်း နေရာချထားဖို့ ကြိုးစားနေတာပါ။
မင်းအောင်လှိုင်၊ စစ်တပ်အင်စတီကျူးရှင်းနဲ့ သူတို့ကိုဝန်းရံထားတဲ့ စစ်အရင်းရှင်အုပ်စုတွေအားလုံးဟာ သူတို့ရဲ့ အမိန့်ပေးကွပ်ကဲမှု၊ နယ်မြေ၊ တရားဝင်မှု၊ အရင်းအမြစ်နှိုက်ထုတ်ယူမှု၊ အခွင့်ထူးခံမှု၊ ဓနဥစ္စာစည်းစိမ်နဲ့ အင်ပျူနတီတွေ အစစအရာရာ တိုက်စားခံရပြီး ပြိုကျပျက်စီးသွားမယ့် အန္တရာယ်ကို ထိတ်လန့်နေကြပါတယ်။ သူတို့ ရှာဖွေနေတာဟာစစ်အာဏာရှင်အုပ်စိုးမှုကနေလွတ်မြောက်ရေး ထွက်ပေါက်ရှာနေတာ မဟုတ်ဘဲ၊ အာဏာကို လက်မလွှတ်ရဘဲ သူတို့ရဲ့ကျဆင်းလာနေမှုကို အရှိန်လျှော့ပစ်နိုင်မယ့် လမ်းကြောင်းတခုကိုသာ ရှာဖွေနေကြတာပါ။
https://www.ludunwayoo.com/opinion-mm/2026/04/04/153145/

ဘာကြောင့် မြန်မာစစ်အာဏာရှင် သမ္မတရာထူးကို ဖက်တွယ်တာလဲ | LuduNwayOo
မင်းအောင်လှိုင်ဟာ စစ်အုပ်စိုးမှုကို စွန့်လွှတ်ချင်လွန်းလို့ သမ္မတရာထူးကို လိုချင်နေတာ မဟုတ်ပါဘူး။ စစ်အရင်းရှင်အုပ်စုအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အကျပ်အတည်းကြီးထဲကနေ သူတို့ရဲ့ ကြီးစိုးခြယ်လှယ်ရေးစနစ်ကို ကယ်ဆယ်ဖို့ ကြိုးစားနေလို့သာ လိုချင်နေတာပါ။ အဓိကပြောရရင်တော့…
🤮24👍7❤5🤬2💩2😱1
■မေးမြန်းခန်း
“တိုက်ရာပါပစ္စည်းနဲ့ရွှေဆိုင်ဖွင့်တာကို ရောင်းဝယ် ကံစမ်းမဲနှိက်ချင်သူများ”
■ဦးမင်းကိုနိုင်နဲ့ မေးမြန်းခန်း
စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်တပ်လွှတ်တော်က ဒီနေ့မှာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်တယ်လို့ကြေညာပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်းအောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။ ပြည်သူအများစုကတော့ မင်းအောင်
လှိုင်သမ္မတလုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာကို အစောကြီးကတည်းကသိခဲ့ကြတာမို့ အမှန်တရားအတွက်ရပ်တည် တော်လှန်ရင်း မြန်မာ့သမိုင်းတစ်လျှောက်အကြီးမားဆုံး လူထုတော်လှန်ရေးဖြစ်တဲ့နွေဦးတော်လှန်ရေးပေါ်ပေါ်လာတာလည်းဖြစ်ပါတယ် ။
စစ်အုပ်စုကကသူတို့ကြိုတင်စီစဥ်ထားတဲ့အတိုင်း မင်းအောင်လှိုင်ကို သမ္မတအဖြစ်ကြေညာတဲ့နေ့မှာ
ရှစ်လေးလုံးလူထုအရေးတော်ပုံကထွက်ပေါ်လာတဲ့ခေါင်းဆောင်တစ်ဦးဖြစ်သလို ၊ လူထုတော်လှန်ရေးတိုင်းမှာ ဦးဆောင်ပါဝင်ခဲ့၊ ပါဝင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ် ။
နေ့သစ်/People's Spring
မေး-မင်းအောင်လှိုင်သမ္မတလုပ်ချင်တာနဲ့ ပြည်သူသောင်းချီသတ်ဖြတ်၊ နေအိမ်သိန်းချီမီးရှို့၊ပြည်သူသန်းပေါင်းများစွာထွက်ပြေးအောင်လုပ်တယ်။
တစ်နိုင်ငံလုံးကိုဖျက်ဆီးပြီးတော့ အခုလို စစ်တပ်ရဲ့ဟန်ပြလွှတ်တော်က သမ္မတဖြစ်ပြီလို့ကြေညာလာတဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။ လူတစ်ယောက် သမ္မတရူးတာနဲ့ တိုင်းပြည်ကို အခုလိုဖျက်ဆီးခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ-ဒါ ၂၀၂၀ စစ်မှန်တဲ့ရွေးကောက်ပွဲပြီးကတည်းက အားလုံးမှတ်မိကြဦးမှာပေါ့နော်။ အနိုင်ရပါတီကိုလာပြီး ခြိမ်းခြောက်တောင်းဆိုတာ ။ သူသမ္မတဖြစ်ဖို့ကိစ္စ ။ အဲဒါကို အဲဒီ့တုန်းကပိတ်ပြီးငြင်းတဲ့လူတွေကရှိတယ်။ မဲစာရင်းအကြောင်းပြပြီး တော့ ။ဘယ်လိုမှတောင်းဆိုလို့မရတဲ့အခါမှာ အာဏာကိုလုလိုက်တာ။ သိမ်းလိုက်တာ။ တက်ပြီးတော့လုတာ။ အဲဒီ့ဟာက အခုပေါ်ပြီပေါ့။ သူဒါကိုမရလို့ အာဏာလုခဲ့တယ်ဆိုတာ ပေါ်သွားပြီပေါ့။ တကယ်တော့ ဒီပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အနိုင်ရပါတီကလည်း ပြည်သူကိုသစ္စာဖောက်ပြီးတော့ အဲဒီလိုအနိုင်ကျင့်တိုင်း ပေးလို့မရဘူး။ အခုတော့ပေါ်ပြီပေါ့ဗျာ။ ဒါပါပဲ။
မေး-စစ်အာဏာရှင်တွေလက်အောက်မှာ စစ်အုပ်စုကစစ်ရာဇဝတ်မှုတွေ အများကြီးကျူးလွန်ခဲ့တယ်။ဒါပေမယ့်အစဥ်အဆက် အရေးယူမခံခဲ့ရပဲ ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ရခဲ့တယ်။ အခုတကြိမ်မှာရော စစ်တပ်က ပြစ်မှုတွေကနေအရေးယူမခံရပဲ ကင်းလွတ်ခွင့်ရမယ်လို့ထင်လား။ဘာကြောင့်လဲ ။
ဖြေ-ကျွန်တော်တို့ တစိုက်မတ်မတ် တောင်းဆိုနေဝာာ ပြောနေတာလည်း ဒါပဲလေ။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို အရေးမယူဘူးဆိုရင် သူတို့ ထပ်ခါ ထပ်ခါ ကျူးလွန်နေမှာပေါ့။ ကျူးလွန်တိုင်းအရေးမခံရဘူးကွာ ။ ဒါဆိုလို့ရှိရင်တော့ အချိန်မရွေးထပ်ပြီးကျူးလွန်နေမှာပေါ့။ ဒါကအဓိကပါ။ နောက်တစ်ခုက ဒါကိုထင်မြင်ချက်တွေ အနေနဲ့ မပြောချင်ဘူး။ မဖြစ်ဖြစ်အောင်ကိုလုပ်ရမယ်။ အလုပ် လုပ်ကို လုပ်ရမှာပေါ့။
မေး-တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ၊CRPH တို့ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ-SCEF က နွေဦးတော်လှန်ရေးအတွက်ဘယ်လောက်အရေးကြီးတယ်လို့သုံးသပ်လဲ။ဘာကြောင့်ပါလဲ။
ဖြေ- SCEF ကနွေဦးတော်လှန်ရေးအတွက်ဘယ်
လောက်အရေးကြီးလဲဆိုရင် အပြည့်အရေးကြီးတယ်။ ဒါသည် ကျွန်တော်တို့ တော်လှန်ပြည်သူတစ်ရပ်လုံးက တစိုက်မတ်မတ် ဒါကိုလည်းတောင်းဆိုလာတာ။ ဒီအတွက်လည်း အားစိုက်ခဲ့ရတာတွေ အများကြီး။ လပေါင်းများစွာညှိခဲ့ရတယ်။ သည့်မတိုင်ခင်ကလည်း နှစ်နဲ့ချီပြီးတော့ အကြိုညှိခဲ့ရတယ်။ အများကြီးလုပ်ခဲ့ရတာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်အရေးပါတဲ့ မဟာမိတ်ခေါင်းဆောင်တွေပါရမယ်။ ကိုယ်တိုင်ဦးဆောင်နိုင်ရမယ်။ ကိုယ်တိုင်ထဲထဲဝင်ဝင် ကိုယ်ဖိရင်ဖိ ဒီတော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နေပြီဆိုတာပြရမယ်။ စစ်ရေးအရရော နိုင်ငံရေးအရရော ကမ္ဘာကြီးကိုပြရမယ်။ ဒီမှာ ပင်မရေစီး။ ဒါသည် ဒီအတိုင်းသာလျှင် ဒီလမ်းစဉ်အတိုင်းသာလိုက်ရမယ်ဆိုတာကိုကိုယ့်ရဲ့ အင်အားနဲ့လည်းပြရမယ်။အဲဒီတော့ ဒီလောက်နဲ့လည်းမပြီးသေးဘူး။တကယ်ကကျတော့ ဒီ့ထက်ပိုပြီး တော့ ကျယ်ပြန့်ခိုင်မာပြီးတော့ ပိုအားကောင်းတဲ့ စုဖွဲ့မှုအတွက် လမ်းလည်းဖွင့်ထားပါတယ်။ အဲဒီ့အတွက်ကြောင့် နောက်ထပ်တိုးချဲ့ပြီး မဟာမိတ်တွေ အင်အားကောင်းလာအောင်လည်း လုပ်ကြရဦးမှာပါ။ဒါက နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အဆုံးအဖြတ်လည်းဖြစ်တယ်။ အားလုံးကမျှော်လင့်ထားတယ်။ အခုရတာနဲ့ ပွဲဦးတာထွက်ပြီ။ နောက်ထပ်ပေါင်းဖို့ ၊ ပေါင်းနိုင်တဲ့ အားတွေနဲ့အတူ စစ်ရေးရော နိုင်ငံရေးရော တိုက်ပွဲဝင်ပြီးတော့ အရယူနိုင်ဖို့ကိုတော့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီ့ထက်ပိုပြီးတော့ အားပေးထောက်ခံကြဖို့လိုပါတယ်ဗျ။

👍26❤8
မေး-နွေဦးတော်လှန်ရေး ရည်မှန်ချက်တွေအောင်
မြင်ဖို့ ဘာတွေထက်ကြိုးစားကြရဦးမယ်လို့သုံး
သပ်ပါလဲ။ တော်လှန်ရေးအဖွဲ့တွေကိုရော ၊ ပြည်သူတွေကို ဘယ်လိုတိုက်တွန်းချင်ပါလဲ ။
ဖြေ-ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဟာ တော်လှန်ရေးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အစိုးရတွေ လွှတ်တော်တွေ Institution အသီးသီးကို ထိုးဖောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ခေါင်းဆောင်တွေ ကိုယ်တိုင် ဆွေးနွေးနိုင်ရမယ်။ ရှင်းပြနိုင်ရမယ်။ အသိပေးနိုင်ရမယ်။ ကမ္ဘာကြီးရဲ့ ဆက်ဆံမှု ဒီ့ထက်ပိုပြီးအားကောင်းလာအောင် အဲဒီ့စုဖွဲ့မှု အားကောင်းကောင်းနဲ့ ရှင်းပြနိုင်ရမယ်။တစ်ဖက်ကလည်း စစ်ရေးမှာ မဟာမိတ်တွေစုဖွဲ့ပြီးတော့ ပိုပြီးတော့ တိုက်နိုင်ရမယ်။ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းရဲ့အောက်မှာ တိုက်နိုင်ရမယ်။ ပြီးတော့ အောင်ပွဲတွေယူနိုင်ရမယ်။ အဲဒီလိုသွားနေရမှာ။ ဟိုဘက်မှာ ဖက်ဆစ်ကလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အရေခြုံထားတဲ့ အရပ်သားအရေခြုံ အစိုးရပုံစံနဲ့ သူတို့လုပ်မှာက တိုက်ရာပါပစ္စည်းတွေကို ရတနာဆိုင်ဖွင့်ပြီး အရောင်းအဝယ်လုပ်မှာဖြစ်တယ်။ အဲဒီ့မှာ သွားပြီး ရောင်းဝယ်ဖောက်ကားချင်ကြတဲ့ ကံစမ်းမဲနှိုက်ချင်ကြတဲ့ သူတွေကို အဲဒါကို ပြတ်ပြတ်ရှင်းရှင်းပြောပြနိုင်ရမယ်။ ဒီဘက်က တကယ်စစ်မှန်တဲ့တော်လှန်ရေးနဲ့ တကယ့်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ သူတွေ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ စုဖွဲ့ပြီးတော့ အစစ်အမှန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တကယ်တည်ဆောက်မယ့်လမ်းစဉ်နဲ့သွားနေတယ်ဆိုတာကိုပြမယ်။ ဟိုဘက်က ဓားပြတိုက်ရာပါအုပ်စုကိုတော့ ငြင်းဆန်ကြဖို့ ကိုတော့ ကြိုးစားကြရမှာ။ တစ်ခါတည်း စစ်ရေးရော နိုင်ငံရေးရော နှစ်ခုစလုံးပေါင်းပြီးတော့ အားစိုက်ကြရမှာပါ။
●အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

❤33👍15
ဖက်ပင်အိုင်ရွာ စစ်တပ်စီးနင်းမှု ပြည်သူ ၇ဦး သေဆုံး၊ ပိတ်မိနေတဲ့ ဒဏ်ရာရပြည်သူတွေကို ကယ်ထုတ်ရင်း PDFရဲဘော်၂ဦး ကျဆုံး
ဧပြီ−၄၊၂၀၂၆၊ရှိန်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။
ဧပြီ၂ရက်မနက် ၇နာရီမှာ နဘူးအိုင်ကျေးရွာကို မီးရှို့ နေတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဖက်ပင်အိုင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပစ်သတ်ခဲ့တယ်လို့ မြို့နယ်ပကဖ သတင်း ထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဝင်လာချိန် ထွက်ပြေးတဲ့ အသက်(၆၀)အရွယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒရုန်းနဲ့ပါ ဗုံးတွေချခဲ့တာမို့ (၇၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ (၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊(၆၃)နှစ်အရွယ်ဗုံးထိတဲ့မိခင်ကို သွားသယ်စဉ် ဒရုန်းနဲ့ချခံရတဲ့ (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၄ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာအတွင်း ပြည်သူတွေပိတ်မိနေပြီး ဗုံးထိထားတဲ့ ဒဏ်ရာရပြည်သူတွေ ဆေးကုသခွင့်မရတာကြောင့် မနက်၁၁နာရီ လောက်မှာ မြင်းခြံခရိုင်တပ်ရင်းတွေအပါအဝင်နယ်မြေခံ တော်လှန်ရေးတပ်တွေက ပြည်သူတွေကို ကယ်ထုတ်ဖို့ ဝင်ရောက်ချိန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"နေပူချိန်ကြီး လောက်မှာ တချို့ပစ်ဝင်တဲ့ရဲဘော်တွေက ပစ်ဝင်၊ကယ်ထုတ်တဲ့ရဲဘော်တွေက ကယ်ထုတ် ပေါ့။တိုက်ပွဲဖြစ်တယ်။ဒဏ်ရာရပြည်သူ တွေကို ရော ကသလောက် ကယ်ထုတ်ပြီးတဲ့အချိန် နောက်ပြန်ဆုတ်တဲ့အချိန်မှာ စကစက ဒရုန်းနဲ့ ဗုံးလိုက်ချတာ"လို့ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးချခံရမှုမှာ ရဲဘော် ၃ဦး ထိမှန်ပြီး ၂ဦးကျဆုံးကာ တစ်ဦးကို ဆေးကုသနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီကနေ့ ဧပြီ ၄ရက် မနက်မှာ ဆုံရွာပျူစောထီးရွာကို ဝင်ပြီး နဘူးအိုင်ကျေးရွာဘက်ကို ပြန်သွားနေတယ်လို့ သိရပါတယ်။
"အခုက စစ်ကြောင်းလာပြီး ပြန်ထွက်ရင် ရွာ တွေမှာ နောက်ချန်အင်အားထားခဲ့တက်တယ်။ဖက်ပင်အိုင်မှာလည်း ရှိ နေနိူင်သေးတယ်။ဒါပေမယ့် စစ်ကြောင်းက တော့နဘူးအိုင်ဘက်ကိုပြန်သွားနေပြီ"လို့ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဖက်ပင်အိုင်ကျေးရွာမှာ ရွာထဲကျန်ခဲ့တဲ့ပြည်သူ တချို့လည်းရှိသေးတယ်လို့ သိရပါတယ်။ကျေးရွာက နေအိမ် ၃၀၀ကျော်လည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
စစ်တပ်က မြင်းခြံ- မြို့သာလမ်းပိုင်းက နဘူအိုင်ကျေးရွာကို ဖေဖော်ဝါရီ၂၂ရက်ကထိန်းချုပ်ပြီးတဲ့ နောက် စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကျေးရွာတွေက နေအိမ်တွေက ပစ္စည်းတွေသယ်ပြီး နေအိမ်တွေကို မီးရှို့နေတာလို့ သိရပါတယ်။
တစ်လကျော်အတွင်း မြင်းခြံမြို့နယ်မှာ ကျေးရွာ၁၀ရွာထပ်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

😢37❤5🤬3👎2😁2👍1👏1😭1