People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍204
■အ​တွေးအမြင်

သမ္မတ ပုလ္လင်​​ပေါ် အရူးတက်ချိန်

ဒီပ/People's Spring

မင်း​အောင်လှိုင် သမ္မတရူးတာနဲ့ တစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာဒီ​​နေ့မှာ​တော့ စစ်တပ်ကို​ထောက်ခံသူ​တွေကိုပါ အမြင်ရှင်းစေခဲ့ပါပြီ။

​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်ညာစွပ်စွဲပြီး လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာရဲ့အဓိကအ​ကြောင်းရင်းခံဟာ မင်း​အောင်
လှိုင်သမ္မတလုပ်ချင်တာ​ကြောင့်ဖြစ်တယ်ဆိုတာကု ငါးနှစ်အကြာမှာဘယ်လိုမှဖုံးကွယ်မရ​တော့ပါဘူး။

မလုပ်ရဲတာမရှိဘူးလို့ လူမိုက်စကား​ပြောခဲ့တဲ့ မင်း​အောင်လှိုင်ရဲ့ လုပ်ရပ်​တွေက မ​ကောင်းတာမှန်သမျှ မလုပ်ရဲတာမရှိဘူးလို့ ​ကြွေး​ကြော်ခဲ့တာသာဖြစ်​နေပါတယ် ။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် နိုင်ငံ​ရေး၊စီးပွား​ရေး ၊လူမှု​​ရေး ကဏ္ဍမျိုးစုံတည်ငြိမ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးဖို့လမ်း​ကြောင်းမှန်​ပေါ်ရှိ​နေတဲ့ အလားအလာကောင်းလှတဲ့နိုင်ငံဟာ၅ နှစ်အတွင်း
မ​ကောင်းတဲ့အရာမှန်သမျှထိပ်ဆုံး​ရောက်ပြီး ကျရှုံးနိုင်ငံဖြစ်ခဲ့ရပါတယ် ။ ဒါဟာအာဏာရူးသူတစ်​ယောက် သမ္မတ ပုလ္လင်​ပေါ် တက်လိုတာ​ကြောင့်ဖြစ်​နေပါတယ် ။

ဒီငါးနှစ်အတွင်း မင်း​အောင်လှိုင်ဦး​ဆောင်တဲ့ စစ်အုပ်စုက နိုင်ငံကိုဘယ်လိုဖျက်ဆီးပစ်ခဲ့လဲ ပြန်
ကြည့်ရ​အောင်ပါ။

ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်ပြ စီမံကိန်း (ACLED)ပြုစုထားတဲ့အချက်အလက်​တွေအရစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတိုက်ပွဲ​တွေ ၊ပဋိပက္ခ​တွေ ​၊အကြမ်းဖက်မှု​တွေ​ကြောင့်​သေဆုံးခဲ့ရသူ​ပေါင်း ၉၃၀၀၀ ခန့်ရှိပါတယ် ။ဒါဟာအာဏာလုထားတဲ့စစ်တပ်ဘက်က​ရော ၊ ​တော်လှန်​ရေးဘက်က​​ရော ၊ပြည်သူ​တွေ​​​ရော အားလုံးပါဝင်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့လက်နက်ကိုင်​တွေက အရပ်သား ပြည်သူပေါင်း ရှစ်​ထောင်ခန့်( ၇၉၆၂) ဦး ကိုသတ်ဖြတ်ခဲ့ပါတယ်။မြေပြင်မှာအဲဒီအရေ
အတွက်ထက်​တောင်အများကြီးပိုများနိုင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​ငွေတန်ဖိုး​တွေ​ဖောင်းပွ ကုန်​ဈေးနှုန်း​တွေတဟုန်ထိုးတက်လာပါတယ်။ ဝမ်းနည်းစရာအမှန်တရားက တန်ဖိုးနည်းလာတာဟာ မြန်မာပြည်က လူ့အသက်​တွေဖြစ်​နေပါတယ် ။ နေ့စဥ်လူ​သေဆုံးမှုသတင်း​တွေ၊စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေများလှတာ​ကြောင့် မြန်မာပြည်သူ​တွေရဲ့ နှလုံးသား​တွေထုံကြင် သွား​စေပြီး ဖြစ်ရိုးဖြစ်စဥ်လို​တောင်ဖြစ်
လာပါ​တော့တယ် ။ဘယ်သူမဆို နိုင်ငံအတွင်းမှာ အချိန်မ​ရွေးလွယ်လွယ်ကူကူ​အသတ်ခံရနိုင်သလို
အာဏာလုစစ်အုပ်စုအပါအဝင် ဘယ်သူမှ​ကျောမလုံ​တော့တဲ့အ​ခြေအ​နေဖြစ်ပါတယ်။

ဒါအပြင်စစ်တပ်ကဖမ်းဆီးခဲ့တဲ့နိုင်ငံ​ရေးအကျဥ်းသား​ပေါင်းအနည်းဆုံး၃၀၇၅၅ ဦးရှိပါတယ်။အဲဒီအထဲက ၂၂၂၄၉ ဦးဟာ စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံထားရဆဲပါ။

ပြည်သူ​တွေကို​စောင့်​ရှောက်တယ်လို တွင်တွင်​ပြော​နေတဲ့စစ်တပ်က ငါးနှစ်​ကျော်အတွင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ အချက်
အလက်​​တွေအရ သိပါတယ်။​ဒေသမ​ရွေး၊လူမျိုးမ​ရွေး၊ဘာသာ​မ​ရွေး၊အချိန်ကာလမ​ရွေး ​ဘာသာ​ရေးအ​ဆောက်အအုံ​တွေအပါအဝင် ​​​နေအိမ်​တွေကို မီးရှို့ဖျက်ဆီးတဲ့ မင်း​အောင်လှိုင်​ နောက်လိုက်စစ်တပ်ပါ ။​လက်​တွေ့မီးရှို့ဖျက်ဆီးခံရတာဟာ ဒီစာရင်းထက် ပိုများမှာ​သေချာပါတယ်။

အလားတူ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA Myanmar)ရဲ့အချက်အလက်​တွေအရ နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ပြည်သူပေါင်း ၂၀၂၅ ဒီဇင်ဘာလအထိ လေးသန်းကျော်ရှိနေပါတယ်။

​ဒါတင်မက​သေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းကျော်ဟာ ဝမ်းရေးမဖူလုံမှုကို ခံစားနေရပြီး ကမ္ဘာ​ပေါ်မှာ ဆာလောင်မွတ်သိပ်မှု (ဝါ) ငတ်မွတ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့စားနပ်
ရိက္ခာအစီအစဥ် WFP ၂၀၂၅ နှစ်ကုန်ပိုင်းမှာထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းအထိအငတ်​ဘေးကိုရင်ဆိုင်လာရတာပါ။

ကမ္ဘာ​ပေါ်မှာဘိန်းစိုက်ပျိုးမှုအများဆုံး ၊လာဘ်စားမှုမှုအများဆုံး ၊ပြည်သူ​တွေမလုံခြုံဆုံး၊ကမ္ဘာ​
ပေါ်မှာသတင်း​ထောက်​တွေ​ထောင်ချခံရတာဒုတိယအများဆုံး၊အင်တာနက်ကန့်သတ်ပိတ်ဆို့မှုအဆိုးဆုံးစာရင်းဝင် စသဖြင့် မ​ကောင်းတဲ့အရာအားလုံးနီးပါးထိပ်ဆုံး​​​ရောက်ကုန်ပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတ
ရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်း​တွေအများကြီးဝင်လာပြီး အွန်လိုင်​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်
👍212🔥2💩2💯2😁1🤯1
မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်​တွေ​ကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်း​တွေ​ဟာ နိုင်ငံရဲ့ပုံရိပ်ကို​ဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံ​တော်လှန်​နေတဲ့မြန်မာပြည်သူ​​တွေကို နိုင်ငံအချို့က စာနာ နားလည်​ပေးခဲ့ကြ​ပေမယ့် ကျားဖြန့်​တွေ​ကြောင့် မြန်မာဆိုရင်ကျားဖြန့်သမား​တွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်​အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အ​ခြေအ​နေဆိုက်ကုန်ပါတယ် ။

ဒီထက်ဆိုးတာ​တွေရှိပါ​သေးတယ်။မင်း​အောင်လှိုင်က သူပြုတ်မကျ​ရေးကျားခံ​ပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကို​ကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်​​တောင့်မ​ဖောက်ရပဲ လက်​​အောက်ခံနိုင်ငံဖြစ်လာတဲ့အ​ခြေအ​နေပါ ။မင်း​အောင်လှိုင်က သူနဲ့သူ့မိသားစု ​ဘေးကင်း​ရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်း​ပေးမယ် ၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းလည်း​ဈေး​ပေါ​ပေါနဲ့​ပေးမယ် ၊ နယ်စပ်က​မြေ​တွေခိုးယူခံ​နေရတာလည်းမသိချင်​ယောင်​ဆောင်ရင်း စစ်ဖိနပ်​အောက်ကနိုင်ငံဟာ တရုတ်​ကြွေးနွံမှာပါ နစ်​နေပါပြီ ။

အလားတူရုရှားကိုဆိုရင်လည်းထားဝယ်​ရေနက်ဆိပ်ကမ်း​ပေးမယ် ၊ စက်မှုဇုန်​ စီးပွား​​ရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အ​ခြေချခွင့်ပါ​ပေးရမယ့်အ​ခြေအ​နေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အ​ရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ​ရေးကို​နေ့စဥ်ရွတ်​နေ​ပေမယ့် အာဏာသိမ်းစစ်တပ်လက်​အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသ​တွေ​ရော၊မျိုးချစ်​တွေ​ရော မြင်လျက်နဲ့ မသိချင်​ယောင်​ဆောင်​နေကြပါတယ်။

ဒါ​တွေက အာဏာရူးမင်း​အောင်လှိုင်နဲ့ လူမိုက်​တွေရဲ့ငါးနှစ်တာစွမ်း​ဆောင်ရည်ပဲရှိပါ​သေးတယ်။ဒါ​ကြောင့် မင်း​အောင်လှိုင်ကိုသမ္မတဖြစ် ခွင့်ပြုတာကနိုင်ငံကိုထပ်ဖျက်ဆီးဖို့ ခိုင်းလိုက်တာလည်းဖြစ်ပါတယ် ။

ဒါ​ကြောင့် မင်း​အောင်လှိုင်အုပ်စု နိုင်ငံဖျက်ဆီး​နေတာကို တာဝန်သိသူ​ ၊ရဲရင့်သူ​တွေဖြစ်တဲ့​တော်လှန်​ရေးသမား​တွေ၊ပြည်သူ​တွေက ရ​အောင် တားဆီးရပါမယ် ။ အခုအ​ခြေအ​နေမှာ တရုတ် ၊ရုရှားအကူအညီ​နဲ့ စစ်မှုထမ်းစစ်သား​တွေကြောင့် စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်လာနိုင်ပြီးစစ်​ရေး
ပြန်ဦး​မော့လာတာ ၊စစ်တပ်ရဲ့ နိုင်ငံ​ရေးမျက်လှည်ပြပွဲ​တွေ​ကြောင့် စစ်တပ်နဲ့စစ်တပ်​ထောက်ခံသူ​တွေ ပွဲပြီးပြီသူတို့နိုင်ပြီ ​တော်လှန်​ရေးပြီးသွားပြီလို့ဝါဒဖြန့်တာ​တွေအရှိန်မြှင့်လာပါတယ်။

ဒါ​ပေမယ့် စစ်တပ်နဲ့စစ်တပ်မိသားစု​တွေမသိတာက အခုအ​ခြေအ​နေဟာ ၁၉၉၀ အလွန် အ​ခြေအ​နေ​တွေနဲ့မတူသလို ၂၀၁၁ ကစစ်တပ်ရဲ့အ​ယောင်​ဆောင်ပြုပြင်​ပြောင်းလဲ​ရေးကိုအဟုတ်ထင်ခဲ့တဲ့အ​ခြေအ​နေလည်းမဟုတ်ပါဘူး။ ပြည်သူ​တွေဘက်မှာ​ ဘယ်​ခေတ်ကနဲ့မှမတူပဲ တစ်နိုင်ငံလုံးနီးပါးဖြန့်ကျက်ထားနိုင်တဲ့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) နဲ့ပကဖ​တွေ ၊​ ဒေသကာကွယ်​ရေးတပ်​တွေ၊ ပိုစုစည်းလာတဲ့တိုင်းရင်းသား​တော်လှန်​ရေးတပ်​တွေ ၊ရှစ်​လေးလုံးအ​ရေး​တော်ပုံကတည်းကလူထုနဲ့အတူရပ်တဲ့တပ်ဖွဲ့​တွေအပြင် ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်​ပေါက်လာပြီးစုစည်းထားတဲ့ SRA တပ်​ပေါင်းစု ၊ အခု​နောက်ဆုံးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုက​ရေစီ​ပေါ်ထွန်းရေးဦး​ဆောင်​ကောင်စီ(SCEF) စသဖြင့်လက်နက်ကိုင်​တော်လှန်​ရေးအဖွဲ့​တွေအပြင် သပိတ်အဖွဲ့​တွေ၊CDM​တွေကထုနဲ့ထည်နဲ့ရှိ​နေတာပါ ။ဒီလိုအင်အားမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးပါဘူး ။

ဒါ​ကြောင့် ပွဲမပြီး​သေးပါဘူး။​တော်လှန်​ရေးအင်
အားစု​တွေရဲ့ပြင်းပြတဲ့ဆန္ဒ နဲ့ ရည်ရွယ်ချက်က မင်း​အောင်လှိုင် နဲ့​နောက်လိုက်စစ်ရာဇ
ဝတ်သား​တွေကို တရားစီရင်နိုင်ဖို့ ၊အိမ်ပြန်နိုင်ဖို့ ၊စစ်ဖိနပ်​အောက်ကလွတ်​မြောက်ပြီး အ​ကြောက်တရားကင်းကင်းနဲ့​နေနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူး​ထောင်​ရေးကအဓိကဖြစ်ပါတယ်။

ဒီ​ရှေ့မှာ သမ္မတရူးမင်း​အောင်လှိုင်က သမ္မတ
ပုလ္လင်​ပေါ်တက်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရမလားဆိုပြီး အ​ယောင်​ဆောင်ပြုပြင်​ပြောင်းလဲ​ရေး​တွေလုပ်ပြပါလိမ့်မယ် ။စစ်အုပ်စုရဲ့ မျက်
လှည်ပြပွဲ​တွေကို တရုတ်၊ရုရှား အပါအဝင်နိုင်ငံတချို့က အဟုတ်ထင်​ကောင်းထင်ကြပါလိမ့်မယ်။ ဒါ​ပေမယ့်မင်း​အောင်လှိုင်နဲ့ ​နောက်လိုက်တွေရဲ့​နေရာမှန်ဖြစ်တဲ့ စစ်ရာဇဝတ်​ခုံရုံးမှာ တရားစီရင်နိုင်ဖို့က ဓမ္မဘက်​တော်သား​တွေ ၊နိုင်ငံနဲ့ ​နောင်မျိုးဆက်သစ်​တွေရဲ့အနာဂါတ်ကိုချစ်မြတ်နိုးသူ​တွေရဲ့တာဝန်ပဲဖြစ်ပါတယ် ။ဒီအတွက်​တော်လှန်​ရေးအင်အားစု​တွေကြား စုစည်းညီညွတ်မှု ၊အ​မျှော်အမြင်ကြီးမှု ၊တီထွင်ဖန်တီးနိုင်စွမ်း၊ဘယ်အ​ခြေအ​နေမှာမဆိုတစိုက်မက်မက်ကြိုးစားမှု စတာ​တွေအ​ရေးကြီးပါတယ်။ အလားတူပြည်သူ​တွေရဲ့ အား​ပေးကူညီမှုကလည်းအ​ရေးကြီးလှပါတယ် ။ ဒီ ၅ နှစ်မှာ ​တော်လှန်ပြည်သူ​တွေပင်ပန်းလှပြီဖြစ်​ပေမယ့် ရည်မှန်းချက်​တွေမပြည့်​သေးတာမို့ ​ခေတ္တအ​မော​ဖြေပြီး ထပ်ပါဝင်​ပေးကြဖို့လို​အပ်ပါတယ်။
👍318🔥3🤯3💯1
​တော်လှန်​ရေးအင်အားစု​တွေ စုစည်းညီညွတ်ရင် မင်း​အောင်လှိုင်ကိုသမ္မတ ပုလ္လင်​ပေါ်က ဂုတ်ဆွဲချပြီး ပြည်သူ့တရားခွင် ရုံးမှာ ရုံးတင်နိုင်ဖို့ဆိုတာဟာ စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။ ဖြစ်​အောင်လုပ်ကိုလုပ်ရမယ့် ပန်းတိုင်ပဲဖြစ်ပါတယ် ။ ။
34👍15👎4🤪1
🖕59💩134🤮4🔥2🤬2😁1😭1
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်း​တွေအများကြီးဝင်လာပြီး အွန်လိုင်​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)
လုပ်ကိုင်မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်​တွေ​ကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်း​တွေ​ဟာ နိုင်ငံရဲ့ပုံရိပ်ကို​ဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံ​တော်လှန်​နေတဲ့မြန်မာပြည်သူ​​တွေကို နိုင်ငံအချို့က စာနာ နားလည်​ပေးခဲ့ကြ​ပေမယ့် ကျားဖြန့်​တွေ​ကြောင့် မြန်မာဆိုရင်ကျားဖြန့်သမား​တွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်​အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အ​ခြေအ​နေဆိုက်ကုန်ပါတယ် ။

ဒီထက်ဆိုးတာ​တွေရှိပါ​သေးတယ်။မင်း​အောင်လှိုင်က သူပြုတ်မကျ​ရေးကျားခံ​ပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကို​ကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်​​တောင့်မ​ဖောက်ရပဲ လက်​​အောက်ခံနိုင်ငံဖြစ်လာတဲ့အ​ခြေအ​နေပါ ။မင်း​အောင်လှိုင်က သူနဲ့သူ့မိသားစု ​ဘေးကင်း​ရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်း​ပေးမယ် ၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းလည်း​ဈေး​ပေါ​ပေါနဲ့​ပေးမယ် ၊ နယ်စပ်က​မြေ​တွေခိုးယူခံ​နေရတာလည်းမသိချင်​ယောင်​ဆောင်ရင်း စစ်ဖိနပ်​အောက်ကနိုင်ငံဟာ တရုတ်​ကြွေးနွံမှာပါ နစ်​နေပါပြီ ။

အလားတူရုရှားကိုဆိုရင်လည်းထားဝယ်​ရေနက်ဆိပ်ကမ်း​ပေးမယ် ၊ စက်မှုဇုန်​ စီးပွား​​ရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အ​ခြေချခွင့်ပါ​ပေးရမယ့်အ​ခြေအ​နေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အ​ရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ​ရေးကို​နေ့စဥ်ရွတ်​နေ​ပေမယ့် အာဏာသိမ်းစစ်တပ်လက်​အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသ​တွေ​ရော၊မျိုးချစ်​တွေ​ရော မြင်လျက်နဲ့ မသိချင်​ယောင်​ဆောင်​နေကြပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/04/04/153142/
👎218🖕6🔥2😁1💩1😭1
စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်တွေယူလာပြီး ရေးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

ဧပြီ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။

အလင်းဝင်လာသူနှစ်ဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ် ဖော်ပြမထားပေမယ့် အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ၂ဦးဟာ အပတ်စဉ်(၁၆)က တပ်သား သစ်တွေဖြစ်ပြီး MA1 နှစ်လက် ယူလာတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သား ၂ဦး အလင်းဝင်ရောက်လာမှုနဲ့ပတ်သက်ပြီး ဗိုလ်ကျန်ရစ်နဲ့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းထားဆဲပါ။

ရေးပြောက်ကျားတပ်ဖွဲ့ထံကို အရင်ကလည်း စစ်ကောင်စီတပ်သားတွေအလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁၅ရက်က စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်ရောက်ခဲ့တာ အပါအဝင် စစ်ကောင်စီ တပ်သား ၁၈ဦး ရေးပြောက်ကျားတပ်ထံ အလင်းဝင်ခဲ့ကြောင်း အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်စောခေတ်သစ်က ဇန်နဝါရီလအတွင်းက ပြောပြခဲ့ပါတယ်။ ဒါကြောင့် ရေးပြောက်ကျားတပ်ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းရှိခဲ့ပြီဖြစ်ပါတယ်။

အလင်းဝင်လာသူတွေအနက် ထက်ဝက်နီးပါးလောက်က လက်နက်တွေ ယူလာခဲ့တယ်လို့လည်း ပြောပြပါတယ်။

အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုဂုဏ်ယူကြောင်း ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခံမယ့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေးအမြန်ပြီးဆုံးအောင် ဝိုင်းဝန်းတွန်းလှန်ကြဖိုလည်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖိုအတွက် ကျရာနေရာကနေ ဝိုင်းဝန်းတွန်းလှန်ကြဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပါတယ်။
23👍16
(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ဦး၊ ဓာတ်ပုံ − ဗိုလ်ကျန်ရစ်)
26👍20🥰1
ရာထူးကနေ ဆင်းပေးလိုက်ရတာနဲ့ သူရဲ့ impunity (ပြစ်မှုတွေအတွက် အရေးယူဒဏ်ခတ်မခံရဘဲ ကင်းလွတ်ခွင့်ရနေမှု)ကို ဆုံးရှုံးသွားမှာကို သူ ကြောက်ရွံ့နေသလို၊ အဲဒီလို ဆုံးရှုံးသွားတာနဲ့အမျှ တာဝန်ခံရမှုတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း သူ ထိတ်လန့်နေပါတယ်။ ဒါ့အပြင် စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ အဆုံးအဖြတ်ပေးရမယ့် အချိန်တခုရောက်လာရင် သူ့ကို ဝန်ထုပ်ဝန်ပိုးတခုလို့ သဘောထားပြီး သူတို့ရဲ့အာဏာနဲ့အင်ပျူနတီကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူ့ကို ဖယ်ရှားပစ်မှာကိုလည်း စိုးရိမ်နေပါတယ်။ ဒါကြောင့်မို့လို့ သူက အဓိကကျတဲ့ ရာထူးနေရာ ခွဲဝေမှုတွေကို သူစိတ်တိုင်းကျ ပုံဖော်ထိန်းချုပ်ပြီး၊ အာဏာရဲ့အမြင့်ဆုံးနေရာတွေမှာ သူ့သစ္စာခံတွေကိုချည်း နေရာချထားဖို့ ကြိုးစားနေတာပါ။

မင်းအောင်လှိုင်၊ စစ်တပ်အင်စတီကျူးရှင်းနဲ့ သူတို့ကိုဝန်းရံထားတဲ့ စစ်အရင်းရှင်အုပ်စုတွေအားလုံးဟာ သူတို့ရဲ့ အမိန့်ပေးကွပ်ကဲမှု၊ နယ်မြေ၊ တရားဝင်မှု၊ အရင်းအမြစ်နှိုက်ထုတ်ယူမှု၊ အခွင့်ထူးခံမှု၊ ဓနဥစ္စာစည်းစိမ်နဲ့ အင်ပျူနတီတွေ အစစအရာရာ တိုက်စားခံရပြီး ပြိုကျပျက်စီးသွားမယ့် အန္တရာယ်ကို ထိတ်လန့်နေကြပါတယ်။ သူတို့ ရှာဖွေနေတာဟာစစ်အာဏာရှင်အုပ်စိုးမှုကနေလွတ်မြောက်ရေး ထွက်ပေါက်ရှာနေတာ မဟုတ်ဘဲ၊ အာဏာကို လက်မလွှတ်ရဘဲ သူတို့ရဲ့ကျဆင်းလာနေမှုကို အရှိန်လျှော့ပစ်နိုင်မယ့် လမ်းကြောင်းတခုကိုသာ ရှာဖွေနေကြတာပါ။


https://www.ludunwayoo.com/opinion-mm/2026/04/04/153145/
🤮24👍75🤬2💩2😱1
■​မေးမြန်းခန်း

“တိုက်ရာပါပစ္စည်းနဲ့ရွှေဆိုင်ဖွင့်တာကို ရောင်းဝယ် ကံစမ်းမဲနှိက်ချင်သူများ”

■ဦးမင်းကိုနိုင်နဲ့ ​မေးမြန်းခန်း

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။ ပြည်သူအများစုက​တော့ မင်း​အောင်
လှိုင်သမ္မတလုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာကို အ​စောကြီးကတည်းကသိခဲ့ကြတာမို့ အမှန်တရားအတွက်ရပ်တည် ​တော်လှန်ရင်း မြန်မာ့သမိုင်းတစ်​လျှောက်အကြီးမားဆုံး လူထု​တော်လှန်​ရေးဖြစ်တဲ့​နွေဦး​တော်လှန်​​ရေး​ပေါ်​ပေါ်လာတာလည်းဖြစ်ပါတယ် ။

စစ်အုပ်စုကကသူတို့ကြိုတင်စီစဥ်ထားတဲ့အတိုင်း မင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ကြေညာတဲ့​နေ့မှာ
ရှစ်​လေးလုံးလူထုအ​ရေး​တော်ပုံကထွက်​ပေါ်လာတဲ့​ခေါင်း​​ဆောင်တစ်ဦးဖြစ်သလို ၊ လူထု​​တော်လှန်​ရေးတိုင်းမှာ ဦး​ဆောင်ပါဝင်​ခဲ့၊ ပါဝင်​နေတဲ့ ၈၈ မျိုးဆက်​ကျောင်းသား​ခေါင်း​ဆောင် ဦးမင်းကိုနိုင်ကို People's Spring က ဆက်သွယ်​မေးမြန်းထားပါတယ် ​။

​နေ့သစ်/People's Spring

​မေး-မင်း​အောင်လှိုင်သမ္မတလုပ်ချင်တာနဲ့ ပြည်သူ​သောင်းချီသတ်ဖြတ်၊ ​​နေအိမ်သိန်းချီမီးရှို့၊ပြည်သူသန်း​ပေါင်းများစွာထွက်​ပြေး​အောင်လုပ်တယ်။
တစ်နိုင်ငံလုံးကိုဖျက်ဆီးပြီး​​တော့ အခုလို စစ်တပ်ရဲ့ဟန်ပြလွှတ်​တော်က သမ္မတဖြစ်ပြီလို့​ကြေညာလာတဲ့အ​ပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။ လူတစ်​ယောက် သမ္မတရူးတာနဲ့ တိုင်းပြည်ကို အခုလိုဖျက်ဆီးခဲ့တဲ့အ​​ပေါ် ဘယ်လိုမြင်ပါလဲ။

​ဖြေ-ဒါ ၂၀၂၀ ‌စစ်မှန်တဲ့ရွေးကောက်ပွဲပြီးကတည်းက အားလုံးမှတ်မိကြဦးမှာပေါ့နော်။ အနိုင်ရပါတီကိုလာပြီး ခြိမ်းခြောက်တောင်းဆိုတာ ။ သူသမ္မတဖြစ်ဖို့ကိစ္စ ။ အဲဒါကို အဲဒီ့တုန်းကပိတ်ပြီးငြင်းတဲ့လူတွေကရှိတယ်။ မဲစာရင်းအကြောင်းပြပြီး တော့ ။ဘယ်လိုမှတောင်းဆိုလို့မရတဲ့အခါမှာ အာဏာကိုလုလိုက်တာ။ သိမ်းလိုက်တာ။ တက်ပြီးတော့လုတာ။ အဲဒီ့ဟာက အခုပေါ်ပြီပေါ့။ သူဒါကိုမရလို့ အာဏာလုခဲ့တယ်ဆိုတာ ပေါ်သွားပြီပေါ့။ တကယ်တော့ ဒီပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အနိုင်ရပါတီကလည်း ပြည်သူကိုသစ္စာဖောက်ပြီးတော့ အဲဒီလိုအနိုင်ကျင့်တိုင်း ပေးလို့မရဘူး။ အခုတော့ပေါ်ပြီပေါ့ဗျာ။ ဒါပါပဲ။

​​မေး-​စစ်အာဏာရှင်​တွေလက်​အောက်မှာ စစ်အုပ်စုကစစ်ရာဇဝတ်မှု​တွေ အများကြီးကျူးလွန်ခဲ့တယ်။ဒါ​ပေမယ့်အစဥ်အဆက် အ​ရေးယူမခံခဲ့ရပဲ ပြစ်မှု​တွေက​နေ ကင်းလွတ်ခွင့်ရခဲ့တယ်။ အခုတကြိမ်မှာ​ရော စစ်တပ်က ပြစ်မှု​တွေက​နေအ​ရေးယူမခံရပဲ ကင်းလွတ်ခွင့်ရမယ်လို့ထင်လား။ဘာ​ကြောင့်လဲ ။

​ဖြေ-ကျွန်‌တော်တို့ တစိုက်မတ်မတ် တောင်းဆိုနေဝာာ ပြောနေတာလည်း ဒါပဲလေ။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို အရေးမယူဘူးဆိုရင် သူတို့ ထပ်ခါ ထပ်ခါ ကျူးလွန်နေမှာပေါ့။ ကျူးလွန်တိုင်းအရေးမခံရဘူးကွာ ။ ဒါဆိုလို့ရှိရင်တော့ အချိန်မရွေးထပ်ပြီးကျူးလွန်နေမှာပေါ့။ ဒါကအဓိကပါ။ နောက်တစ်ခုက ဒါကိုထင်မြင်ချက်တွေ အနေနဲ့ မပြောချင်ဘူး။ မဖြစ်ဖြစ်အောင်ကိုလုပ်ရမယ်။ အလုပ် လုပ်ကို လုပ်ရမှာပေါ့။

​မေး-တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့​တွေနဲ့ NUG ၊CRPH တို့ပူး​ပေါင်းဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုက​ရေစီ ပြည်​ထောင်စု​ပေါ်ထွန်း​ရေးဦး​ဆောင်​ကော်မတီ-SCEF က ​​​နွေဦး​တော်လှန်​ရေးအတွက်ဘယ်​လောက်အ​ရေးကြီးတယ်လို့သုံးသပ်လဲ။ဘာ​ကြောင့်ပါလဲ။

​ဖြေ- SCEF ကနွေဦးတော်လှန်ရေးအတွက်ဘယ်
လောက်အရေးကြီးလဲဆိုရင် အပြည့်အရေးကြီးတယ်။ ဒါသည် ကျွန်တော်တို့ တော်လှန်ပြည်သူတစ်ရပ်လုံးက တစိုက်မတ်မတ် ဒါကိုလည်းတောင်းဆိုလာတာ။ ဒီအတွက်လည်း အားစိုက်ခဲ့ရတာတွေ အများကြီး။ လပေါင်းများစွာညှိခဲ့ရတယ်။ သည့်မတိုင်ခင်ကလည်း နှစ်နဲ့ချီပြီးတော့ အကြိုညှိခဲ့ရတယ်။ အများကြီးလုပ်ခဲ့ရတာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်အရေးပါတဲ့ မဟာမိတ်ခေါင်းဆောင်တွေပါရမယ်။ ကိုယ်တိုင်ဦးဆောင်နိုင်ရမယ်။ ကိုယ်တိုင်ထဲထဲဝင်ဝင် ကိုယ်ဖိရင်ဖိ ဒီတော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နေပြီဆိုတာပြရမယ်။ စစ်ရေးအရရော နိုင်ငံရေးအရရော ကမ္ဘာကြီးကိုပြရမယ်။ ဒီမှာ ပင်မရေစီး။ ဒါသည် ဒီအတိုင်းသာလျှင် ဒီလမ်းစဉ်အတိုင်းသာလိုက်ရမယ်ဆိုတာကိုကိုယ့်ရဲ့ အင်အားနဲ့လည်းပြရမယ်။အဲဒီတော့ ဒီလောက်နဲ့လည်းမပြီးသေးဘူး။တကယ်ကကျတော့ ဒီ့ထက်ပိုပြီး တော့ ကျယ်ပြန့်ခိုင်မာပြီးတော့ ပိုအားကောင်းတဲ့ စုဖွဲ့မှုအတွက် လမ်းလည်းဖွင့်ထားပါတယ်။ အဲဒီ့အတွက်ကြောင့် နောက်ထပ်တိုးချဲ့ပြီး မဟာမိတ်တွေ အင်အားကောင်းလာအောင်လည်း လုပ်ကြရဦးမှာပါ။ဒါက နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အဆုံးအဖြတ်လည်းဖြစ်တယ်။ အားလုံးကမျှော်လင့်ထားတယ်။ အခုရတာနဲ့ ပွဲဦးတာထွက်ပြီ။ နောက်ထပ်ပေါင်းဖို့ ၊ ပေါင်းနိုင်တဲ့ အားတွေနဲ့အတူ စစ်ရေးရော နိုင်ငံရေးရော တိုက်ပွဲဝင်ပြီးတော့ အရယူနိုင်ဖို့ကိုတော့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီ့ထက်ပိုပြီးတော့ အားပေးထောက်ခံကြဖို့လိုပါတယ်ဗျ။
👍268
​မေး-​​နွေဦး​တော်လှန်​ရေး ရည်မှန်ချက်​တွေ​အောင်
မြင်ဖို့ ဘာ​တွေထက်ကြိုးစားကြရဦးမယ်လို့သုံး
သပ်ပါလဲ။ တော်လှန်​ရေးအဖွဲ့​တွေကို​​​​ရော ၊ ပြည်သူ​တွေကို ဘယ်လိုတိုက်တွန်းချင်ပါလဲ ။

​ဖြေ-ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဟာ တော်လှန်ရေးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အစိုးရတွေ လွှတ်တော်တွေ Institution အသီးသီးကို ထိုးဖောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ခေါင်းဆောင်တွေ ကိုယ်တိုင် ဆွေးနွေးနိုင်ရမယ်။ ရှင်းပြနိုင်ရမယ်။ အသိပေးနိုင်ရမယ်။ ကမ္ဘာကြီးရဲ့ ဆက်ဆံမှု ဒီ့ထက်ပိုပြီးအားကောင်းလာအောင် အဲဒီ့စုဖွဲ့မှု အားကောင်းကောင်းနဲ့ ရှင်းပြနိုင်ရမယ်။တစ်ဖက်ကလည်း စစ်ရေးမှာ မဟာမိတ်တွေစုဖွဲ့ပြီးတော့ ပိုပြီးတော့ တိုက်နိုင်ရမယ်။ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းရဲ့အောက်မှာ တိုက်နိုင်ရမယ်။ ပြီးတော့ အောင်ပွဲတွေယူနိုင်ရမယ်။ အဲဒီလိုသွားနေရမှာ။ ဟိုဘက်မှာ ဖက်ဆစ်ကလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အရေခြုံထားတဲ့ အရပ်သားအရေခြုံ အစိုးရပုံစံနဲ့ သူတို့လုပ်မှာက တိုက်ရာပါပစ္စည်းတွေကို ရတနာဆိုင်ဖွင့်ပြီး အရောင်းအဝယ်လုပ်မှာဖြစ်တယ်။ အဲဒီ့မှာ သွားပြီး ရောင်းဝယ်ဖောက်ကားချင်ကြတဲ့ ကံစမ်းမဲနှိုက်ချင်ကြတဲ့ သူတွေကို အဲဒါကို ပြတ်ပြတ်ရှင်းရှင်းပြောပြနိုင်ရမယ်။ ဒီဘက်က တကယ်စစ်မှန်တဲ့တော်လှန်ရေးနဲ့ တကယ့်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ သူတွေ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ စုဖွဲ့ပြီးတော့ အစစ်အမှန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တကယ်တည်ဆောက်မယ့်လမ်းစဉ်နဲ့သွားနေတယ်ဆိုတာကိုပြမယ်။ ဟိုဘက်က ဓားပြတိုက်ရာပါအုပ်စုကိုတော့ ငြင်းဆန်ကြဖို့ ကိုတော့ ကြိုးစားကြရမှာ။ တစ်ခါတည်း စစ်ရေးရော နိုင်ငံရေးရော နှစ်ခုစလုံးပေါင်းပြီးတော့ အားစိုက်ကြရမှာပါ။

●အခုလို​ဖြေကြား​ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
33👍15
44👍7😁2🤮2🥰1👏1