People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် ကုလ ဆက်လက် အသိအမှတ်ပြု

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။ မနေ့က ဧပြီ ၂ရက် နေ့စွဲနဲ့ အများပြည်သူသိရှိအောင် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာနိုင်ငံရဲ့နိုင်ငံ့ခေါင်းဆောင်၊ အကြီးအကဲတွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။ လက်ရှိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အသိအမှတ်ပြုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ ‘OUR PRESIDENT’(ငါတို့ရဲ့သမ္မတကြီး)လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က ‘ပြည်သူကို မတရားဗုံးကြဲ၊ သတ်ဖြတ်သူကို သမ္မတအဖြစ် ရွေးကောက်၍ မရ၊ တရားခွင်သို့သာ ပို့ရမည်’လို့ နေပြည်တော်မှာ မင်းအောင်လှိုင် သမ္မတဖြစ်အပြီး ထုတ်ပြန်ပါတယ်။

◾️အာဏာသိမ်း​ခေါင်း​ဆောင်ကို စစ်တပ်လွှတ်​တော်က သမ္မတအဖြစ် ခန့်အပ်

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဒီနေ့ ဧပြီ ၃ရက်မှာ နိုင်ငံတော်သမ္မတအဖြစ် စစ်တပ်ကြီးစိုးတဲ့ ပြည်ထောင်စုလွှတ်တော်က ခန့်အပ်လိုက်ပါတယ်။ မြန်မာ့သမိုင်းမှာတော့ တကယ့်ကို အရှက်ရစရာ အခိုက်အတန့်အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မင်းအောင်လှိုင်သမ္မတဖြစ်တဲ့အပေါ် မှတ်ချက်ပြုပါတယ်။ စစ်ရာဇဝတ်ကောင်တွေက ပြည်သူ့ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချပြီး အိမ်ဦးခန်းတက်ထိုင်ကြတာကို ပြည်သူက လုံးဝလက်မခံသလို NUG နဲ့တကွ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဒါကိုအဆုံးသတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ မြန်မာပြည်သူအများစု ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ကတော့ အာဏာသိမ်းအပြီး ၅နှစ်ကျော်အကြာမှာ သူစိတ်ကြိုက်ဖန်တီးထားတဲ့ လွှတ်တော်ကနေ နိုင်ငံတော်သမ္မတကို ရယူခဲ့ပါတယ်။ ဒီနေ့မှာ စစ်တပ်ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က မင်းအောင်လှိုင်ကို ထောက်ခံမဲ ၄၂၉ မဲနဲ့ သမ္မတ၊ စစ်ခေါင်းဆောင်ရဲ့အနီးကပ်အကြံပေးလူယုံ ညိုစောကို ၁၂၆ မဲနဲ့ ဒုတိယသမ္မတ(၁)၊ ပြည်ခိုင်ဖြိုးအမတ် နန်းနီနီအေးကို ၂၉ မဲနဲ့ ဒုတိယသမ္မတ(၂)အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရရှိတဲ့ မဲအရေအတွက်ဟာ ၂၀၁၁ စစ်တပိုင်းအစိုးရ သမ္မတဦးသိန်းစိန်ထက်ရော၊ အရပ်သားအစိုးရ သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက်လည်း ထောက်ခံမဲ ပိုမိုရရှိတာ တွေ့ရပါတယ်။ အဲဒီရလဒ်ကပဲ လွှတ်တော်ကို စစ်ခေါင်းဆောင်က ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်ထားသလဲဆိုတာ မြင်သာစေပါတယ်။ မဲစာရင်းမှားလို့၊ ဒီမိုကရေစီ မသွေဖီအောင်လို့ အာဏာထိန်းခဲ့ရတာပါ ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ အရှက်သိက္ခာ ကင်းမဲ့နေတဲ့ အခင်းအကျင်းပါလို့ CDM တပ်မတော်သားအရာရှိ ကိုနောင်ရိုးက ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်ခဲ့တဲ့ CDM တပ်မတော်သားအရာရှိ ကိုညီသုတကလည်း အာဏာသိမ်းစကတည်းက သမ္မတတက်လုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာ ပိုထင်ရှားသွားတယ်လို့ မှတ်ချက်ပြုပါတယ်။ လက်ရှိမှာလည်း စစ်တပ်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင် သူ့လူယုံတွေကိုပဲ နေရာပေးထားတာကြောင့် သူ့ကိုအာဏာရှင်သမ္မတလို့ပဲ သတ်မှတ်ရမှာလို့ ကိုညီသုတက ပြောပါတယ်။

◾️ဖားကန့် စစ်တပ်စခန်း ၆ခုကို KIA၊KPDF သိမ်းပိုက်
👍222
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ ဖားကန့်ဒေသက စစ်ကောင်စီတပ်ရဲ့စခန်းတွေကို ဧပြီ ၂ ရက် မနက် ၅နာရီကစပြီး KIA၊KPDFက တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ဟာ တိုက်ပွဲ ၂ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်း ၆ခုကို သိမ်းယူပြီးပြီလို့ KIA၊KPDFနဲ့ နီးစပ်သူက ပြောပါတယ်။ စစ်ဆင်ရေးကို KIAက ဦးဆောင်ပြီး KPDF‌တွေ အနီးကပ် တက်သိမ်းတာလို့ သူက ပြောပါတယ်။ မနေ့က ဧပြီ ၂ရက်တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ ၆ကြိမ်ဗုံးကြဲခဲ့ပြီး ဒီနေ့လည်း နေ့လယ် ၁၂နာရီကျော်နဲ့ ၁နာရီကျော်မှာ လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲသွားတယ်လို့ သတင်းရရှိပါတယ်။ ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

◾️မင်းအောင်လှိုင် သမ္မတဖြစ်အပြီး နာရီပိုင်းအတွင်း မြောင်နယ်ဗုံးကြဲခံရလို့ပြည်သူ ၄ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်အပြီး နာရီပိုင်းအကြာ ​ဒီနေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီခန့်မှာ မကွေးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာ (Jet Fighter) ၂စီးဟာ မြောင်မြို့နယ်၊ နဘက်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြောင်မြို့နယ် T.G.R. သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီး ၂ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

◾️မြိုင်နဲ့ ပေါက်နယ်က စီမံခန့်ခွဲမှုဆိုင်ရာပြသနာဖြေရှင်းနိုင်မယ့် သဘောတူညီချက်တွေရဟု NUG ထုတ်ပြန်

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ ဒီနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၂ရက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ဧပြီ ၃ရက်မှာလည်း
ဆက်လက်ဆွေးနွေးရာ ရေနံနဲ့ရေနံထွက် ပစ္စည်းတွေ ကြီးကြပ်ရေးအဖွဲ့ကို ပူးတွဲဖွဲ့စည်းဖို့၊ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေး အဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

◾️သမ္မတရာထူးယူတဲ့ မင်းအောင်လှိုင်ကို ‘၀’တပ် UWSAက ဂုဏ်ပြုတဲ့အပေါ် ပြည်သူတွေ ဝေဖန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ‘၀’လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့တဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ပြည်သူတစ်ဦးက ‘ဝ’တပ်ရဲ့ သဝဏ်လွှာဟာ တရုတ်က ပြောခိုင်းလို့လားလို့ မေးခွန်းထုတ်ထားသလို အခြားပြည်သူတစ်ဦးကလည်း ‘ဝ’တပ်အနေနဲ့ ကိုယ့်လုပ်ရပ်ကို ကိုယ်မမေ့ကြေး၊ ပြည်သူတွေအနေနဲ့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းသွားဦးမှာလို့ ရေးသားထားကြပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူဖို့ ကြိုးပမ်းနေတဲ့ အခုရက်ပိုင်းအတွင်းမှာလည်း ဒေသအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

◾️စစ်ခေါင်းဆောင်ဝတ်စုံလဲရုံနဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကို မပြောင်းလဲနိုင်
👍1910👏1
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်းလဲနိုင်ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းရော၊​ အာဏာသိမ်းမှုမတိုင်ခင်ကရော မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ စစ်တပ် အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူများစွာအတွက် အခုလို မင်းအောင်လှိုင် သမ္မတရာထူးရရှိသွားတာက နာကျင်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လိုရာထူးပဲ ရရှိထားသည်ဖြစ်စေ ဘယ်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိမှာမဟုတ်ဘူးလို့ ဂျိုးဖရီးမန်းက ပြောပါတယ်။ လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှာ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံထားရပြီး ခုံရုံးက ခွင့်ပြုပေးလိုက်ရင် ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင် သူတို့ပိုင်နက်နယ်မြေထဲရောက်ရှိချိန်မှာ ဖမ်းဆီးပေးရမယ့် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)သုတေသီက ဆိုပါတယ်။

◾️ဖားကန့်တပ်မကုန်း KIA ဒရုန်းနဲ့ တိုက်ခိုက်လို့ မီးလောင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဧပြီ ၃ရက် ညနေပိုင်းမှာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဖားကန့်တပ်မကုန်းမီးလောင်မှု အခြေအနေနဲ့ ဒေသစစ်ရေးအခြေအနေတွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

◾️အာဏာသိမ်း ၅နှစ်ကျော်မှာ စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး

​အာဏာသိမ်းပြီးနောက်ပိုင်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် ပြာကျပျက်စီးခဲ့ရကြောင်း Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၁ မေလကနေ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်း ၁၂၅,၃၂၈ လုံး ရှိခဲ့​ပြီး အဲဒီထဲက ၁၂၁,၄၈၅ လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကြောင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmarရဲ့ အစီရင်ခံစာက အသိပေးပါတယ်။ ဒေသအလိုက် ကြည့်မယ်ဆိုပါက စစ်ကိုင်းတိုင်းဟာ နေအိမ် ၇၈,၈၉၆ လုံးအထိ ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံး မီးလောင်ကျွမ်းမှုရဲ့ ၆၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ မကွေးတိုင်းက ၁၈,၅၅၂ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ သိသိသာသာ မြင့်တက်နေတယ်လို့ Data for Myanmar က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၃ လတာ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဖေဖော်ဝါရီအတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုရှိ ကျေးရွာပေါင်း ၈၉ ရွာက နေအိမ် ၄,၇၄၈ လုံး ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar က ဖော်ပြပါတယ်။ အထူးသဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိုင်မကျေးရွာ မှာ နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ၃ လတာအတွင်း ထိခိုက်မှုအများဆုံး ကျေးရွာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Data for Myanmar ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ၂၀၂၅ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်ခဲ့သလို ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာတွေမှာ ‘နယ်မြေရှင်းလင်းရေး’အကြောင်းပြကာ စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

◾️ဗန်းမောက်မြောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်အထိနာဟု တော်လှန်ရေးရဲဘော် ပြော

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂လခန့်က ဗန်းမောက်မြို့ကို စစ်တပ်နဲ့ရှမ်းနီတပ်(SNA)ထိန်းချုပ်ပြီးနောက် မြို့ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ညောင်ခြေထောက် ကျေးရွာကို ဦးတည်ပြီး ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။ ဧပြီ ၁ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က အထိနာကာ လေယာဥ် ပစ်ကူနဲ့ ပြန်ဆုတ်သွားတယ်လို့ ဗန်းမောက် မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက ခဲယမ်း၊ကျည်တွေ သိမ်းဆည်းရရှိခဲ့ပြီး ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ သေဆုံးထိခိုက်သူတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

◾️စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်
13👍11😁1
မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ အဲဒီဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး ၁၅ ဦးခန့် ရှိပြီး စေတုတ္တရာမြို့နဲ့ ငဖဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိတာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်တပ်က သုံးဦးသေပြီး ငါးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ စေတုတ္တရာအပါအဝင် မြေလတ်ဒေသအဖြစ် အသိများတဲ့ မကွေးတိုင်းအတွင်း မြို့နယ်တွေက စစ်တပ်အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ရည်ရွယ်တယ်လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

◾️ရေးမြို့နယ်အတွင်း စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ် နှစ်ရက်ဆက် တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။ ရေးမြို့နယ်အတွင်း ကာလရှည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မတ်လ ၃၀နဲ့ ၃၁ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။ မတ်လ ၃၀ရက် အောင်သပြေကျေးရွာအနီး ဗုံးသီး ၁လုံး ကြဲချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ၁ဦးသေဆုံးကာ မတ်လ ၃၁ရက် ည အောင်သပြေရွာအနီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီး ၆လုံး ကြဲချခဲ့ရာ စစ်ကောင်စီ ၄ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️ချောက်က ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်တပ်ကို PDFထပ်မံ တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ချောက်မြို့နယ် အရှေ့မြောက်ခြမ်းက ရွာတွေကို အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာလို့ မတ်လ ၃၁ရက်မှာ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ဟာ ချောက်မြို့နယ် ဆင်ကကျေးရွာ၊ ကြေးနီရွာ၊ သွေးနက်ရွာနဲ့ မန္တလေးတိုင်း ညောင်းဦးခရိုင် ညောင်းဦးမြို့နယ် ဗိုလ်ကုန်းရွာတွေကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ခဲ့ပြီး ပြည်သူလူထု နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
👍236😁1
👍204
■အ​တွေးအမြင်

သမ္မတ ပုလ္လင်​​ပေါ် အရူးတက်ချိန်

ဒီပ/People's Spring

မင်း​အောင်လှိုင် သမ္မတရူးတာနဲ့ တစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာဒီ​​နေ့မှာ​တော့ စစ်တပ်ကို​ထောက်ခံသူ​တွေကိုပါ အမြင်ရှင်းစေခဲ့ပါပြီ။

​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်ညာစွပ်စွဲပြီး လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာရဲ့အဓိကအ​ကြောင်းရင်းခံဟာ မင်း​အောင်
လှိုင်သမ္မတလုပ်ချင်တာ​ကြောင့်ဖြစ်တယ်ဆိုတာကု ငါးနှစ်အကြာမှာဘယ်လိုမှဖုံးကွယ်မရ​တော့ပါဘူး။

မလုပ်ရဲတာမရှိဘူးလို့ လူမိုက်စကား​ပြောခဲ့တဲ့ မင်း​အောင်လှိုင်ရဲ့ လုပ်ရပ်​တွေက မ​ကောင်းတာမှန်သမျှ မလုပ်ရဲတာမရှိဘူးလို့ ​ကြွေး​ကြော်ခဲ့တာသာဖြစ်​နေပါတယ် ။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် နိုင်ငံ​ရေး၊စီးပွား​ရေး ၊လူမှု​​ရေး ကဏ္ဍမျိုးစုံတည်ငြိမ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးဖို့လမ်း​ကြောင်းမှန်​ပေါ်ရှိ​နေတဲ့ အလားအလာကောင်းလှတဲ့နိုင်ငံဟာ၅ နှစ်အတွင်း
မ​ကောင်းတဲ့အရာမှန်သမျှထိပ်ဆုံး​ရောက်ပြီး ကျရှုံးနိုင်ငံဖြစ်ခဲ့ရပါတယ် ။ ဒါဟာအာဏာရူးသူတစ်​ယောက် သမ္မတ ပုလ္လင်​ပေါ် တက်လိုတာ​ကြောင့်ဖြစ်​နေပါတယ် ။

ဒီငါးနှစ်အတွင်း မင်း​အောင်လှိုင်ဦး​ဆောင်တဲ့ စစ်အုပ်စုက နိုင်ငံကိုဘယ်လိုဖျက်ဆီးပစ်ခဲ့လဲ ပြန်
ကြည့်ရ​အောင်ပါ။

ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်ပြ စီမံကိန်း (ACLED)ပြုစုထားတဲ့အချက်အလက်​တွေအရစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတိုက်ပွဲ​တွေ ၊ပဋိပက္ခ​တွေ ​၊အကြမ်းဖက်မှု​တွေ​ကြောင့်​သေဆုံးခဲ့ရသူ​ပေါင်း ၉၃၀၀၀ ခန့်ရှိပါတယ် ။ဒါဟာအာဏာလုထားတဲ့စစ်တပ်ဘက်က​ရော ၊ ​တော်လှန်​ရေးဘက်က​​ရော ၊ပြည်သူ​တွေ​​​ရော အားလုံးပါဝင်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့လက်နက်ကိုင်​တွေက အရပ်သား ပြည်သူပေါင်း ရှစ်​ထောင်ခန့်( ၇၉၆၂) ဦး ကိုသတ်ဖြတ်ခဲ့ပါတယ်။မြေပြင်မှာအဲဒီအရေ
အတွက်ထက်​တောင်အများကြီးပိုများနိုင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​ငွေတန်ဖိုး​တွေ​ဖောင်းပွ ကုန်​ဈေးနှုန်း​တွေတဟုန်ထိုးတက်လာပါတယ်။ ဝမ်းနည်းစရာအမှန်တရားက တန်ဖိုးနည်းလာတာဟာ မြန်မာပြည်က လူ့အသက်​တွေဖြစ်​နေပါတယ် ။ နေ့စဥ်လူ​သေဆုံးမှုသတင်း​တွေ၊စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေများလှတာ​ကြောင့် မြန်မာပြည်သူ​တွေရဲ့ နှလုံးသား​တွေထုံကြင် သွား​စေပြီး ဖြစ်ရိုးဖြစ်စဥ်လို​တောင်ဖြစ်
လာပါ​တော့တယ် ။ဘယ်သူမဆို နိုင်ငံအတွင်းမှာ အချိန်မ​ရွေးလွယ်လွယ်ကူကူ​အသတ်ခံရနိုင်သလို
အာဏာလုစစ်အုပ်စုအပါအဝင် ဘယ်သူမှ​ကျောမလုံ​တော့တဲ့အ​ခြေအ​နေဖြစ်ပါတယ်။

ဒါအပြင်စစ်တပ်ကဖမ်းဆီးခဲ့တဲ့နိုင်ငံ​ရေးအကျဥ်းသား​ပေါင်းအနည်းဆုံး၃၀၇၅၅ ဦးရှိပါတယ်။အဲဒီအထဲက ၂၂၂၄၉ ဦးဟာ စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံထားရဆဲပါ။

ပြည်သူ​တွေကို​စောင့်​ရှောက်တယ်လို တွင်တွင်​ပြော​နေတဲ့စစ်တပ်က ငါးနှစ်​ကျော်အတွင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ အချက်
အလက်​​တွေအရ သိပါတယ်။​ဒေသမ​ရွေး၊လူမျိုးမ​ရွေး၊ဘာသာ​မ​ရွေး၊အချိန်ကာလမ​ရွေး ​ဘာသာ​ရေးအ​ဆောက်အအုံ​တွေအပါအဝင် ​​​နေအိမ်​တွေကို မီးရှို့ဖျက်ဆီးတဲ့ မင်း​အောင်လှိုင်​ နောက်လိုက်စစ်တပ်ပါ ။​လက်​တွေ့မီးရှို့ဖျက်ဆီးခံရတာဟာ ဒီစာရင်းထက် ပိုများမှာ​သေချာပါတယ်။

အလားတူ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA Myanmar)ရဲ့အချက်အလက်​တွေအရ နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ပြည်သူပေါင်း ၂၀၂၅ ဒီဇင်ဘာလအထိ လေးသန်းကျော်ရှိနေပါတယ်။

​ဒါတင်မက​သေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းကျော်ဟာ ဝမ်းရေးမဖူလုံမှုကို ခံစားနေရပြီး ကမ္ဘာ​ပေါ်မှာ ဆာလောင်မွတ်သိပ်မှု (ဝါ) ငတ်မွတ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့စားနပ်
ရိက္ခာအစီအစဥ် WFP ၂၀၂၅ နှစ်ကုန်ပိုင်းမှာထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းအထိအငတ်​ဘေးကိုရင်ဆိုင်လာရတာပါ။

ကမ္ဘာ​ပေါ်မှာဘိန်းစိုက်ပျိုးမှုအများဆုံး ၊လာဘ်စားမှုမှုအများဆုံး ၊ပြည်သူ​တွေမလုံခြုံဆုံး၊ကမ္ဘာ​
ပေါ်မှာသတင်း​ထောက်​တွေ​ထောင်ချခံရတာဒုတိယအများဆုံး၊အင်တာနက်ကန့်သတ်ပိတ်ဆို့မှုအဆိုးဆုံးစာရင်းဝင် စသဖြင့် မ​ကောင်းတဲ့အရာအားလုံးနီးပါးထိပ်ဆုံး​​​ရောက်ကုန်ပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတ
ရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်း​တွေအများကြီးဝင်လာပြီး အွန်လိုင်​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်
👍212🔥2💩2💯2😁1🤯1
မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်​တွေ​ကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်း​တွေ​ဟာ နိုင်ငံရဲ့ပုံရိပ်ကို​ဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံ​တော်လှန်​နေတဲ့မြန်မာပြည်သူ​​တွေကို နိုင်ငံအချို့က စာနာ နားလည်​ပေးခဲ့ကြ​ပေမယ့် ကျားဖြန့်​တွေ​ကြောင့် မြန်မာဆိုရင်ကျားဖြန့်သမား​တွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်​အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အ​ခြေအ​နေဆိုက်ကုန်ပါတယ် ။

ဒီထက်ဆိုးတာ​တွေရှိပါ​သေးတယ်။မင်း​အောင်လှိုင်က သူပြုတ်မကျ​ရေးကျားခံ​ပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကို​ကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်​​တောင့်မ​ဖောက်ရပဲ လက်​​အောက်ခံနိုင်ငံဖြစ်လာတဲ့အ​ခြေအ​နေပါ ။မင်း​အောင်လှိုင်က သူနဲ့သူ့မိသားစု ​ဘေးကင်း​ရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်း​ပေးမယ် ၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းလည်း​ဈေး​ပေါ​ပေါနဲ့​ပေးမယ် ၊ နယ်စပ်က​မြေ​တွေခိုးယူခံ​နေရတာလည်းမသိချင်​ယောင်​ဆောင်ရင်း စစ်ဖိနပ်​အောက်ကနိုင်ငံဟာ တရုတ်​ကြွေးနွံမှာပါ နစ်​နေပါပြီ ။

အလားတူရုရှားကိုဆိုရင်လည်းထားဝယ်​ရေနက်ဆိပ်ကမ်း​ပေးမယ် ၊ စက်မှုဇုန်​ စီးပွား​​ရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အ​ခြေချခွင့်ပါ​ပေးရမယ့်အ​ခြေအ​နေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အ​ရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ​ရေးကို​နေ့စဥ်ရွတ်​နေ​ပေမယ့် အာဏာသိမ်းစစ်တပ်လက်​အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသ​တွေ​ရော၊မျိုးချစ်​တွေ​ရော မြင်လျက်နဲ့ မသိချင်​ယောင်​ဆောင်​နေကြပါတယ်။

ဒါ​တွေက အာဏာရူးမင်း​အောင်လှိုင်နဲ့ လူမိုက်​တွေရဲ့ငါးနှစ်တာစွမ်း​ဆောင်ရည်ပဲရှိပါ​သေးတယ်။ဒါ​ကြောင့် မင်း​အောင်လှိုင်ကိုသမ္မတဖြစ် ခွင့်ပြုတာကနိုင်ငံကိုထပ်ဖျက်ဆီးဖို့ ခိုင်းလိုက်တာလည်းဖြစ်ပါတယ် ။

ဒါ​ကြောင့် မင်း​အောင်လှိုင်အုပ်စု နိုင်ငံဖျက်ဆီး​နေတာကို တာဝန်သိသူ​ ၊ရဲရင့်သူ​တွေဖြစ်တဲ့​တော်လှန်​ရေးသမား​တွေ၊ပြည်သူ​တွေက ရ​အောင် တားဆီးရပါမယ် ။ အခုအ​ခြေအ​နေမှာ တရုတ် ၊ရုရှားအကူအညီ​နဲ့ စစ်မှုထမ်းစစ်သား​တွေကြောင့် စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်လာနိုင်ပြီးစစ်​ရေး
ပြန်ဦး​မော့လာတာ ၊စစ်တပ်ရဲ့ နိုင်ငံ​ရေးမျက်လှည်ပြပွဲ​တွေ​ကြောင့် စစ်တပ်နဲ့စစ်တပ်​ထောက်ခံသူ​တွေ ပွဲပြီးပြီသူတို့နိုင်ပြီ ​တော်လှန်​ရေးပြီးသွားပြီလို့ဝါဒဖြန့်တာ​တွေအရှိန်မြှင့်လာပါတယ်။

ဒါ​ပေမယ့် စစ်တပ်နဲ့စစ်တပ်မိသားစု​တွေမသိတာက အခုအ​ခြေအ​နေဟာ ၁၉၉၀ အလွန် အ​ခြေအ​နေ​တွေနဲ့မတူသလို ၂၀၁၁ ကစစ်တပ်ရဲ့အ​ယောင်​ဆောင်ပြုပြင်​ပြောင်းလဲ​ရေးကိုအဟုတ်ထင်ခဲ့တဲ့အ​ခြေအ​နေလည်းမဟုတ်ပါဘူး။ ပြည်သူ​တွေဘက်မှာ​ ဘယ်​ခေတ်ကနဲ့မှမတူပဲ တစ်နိုင်ငံလုံးနီးပါးဖြန့်ကျက်ထားနိုင်တဲ့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) နဲ့ပကဖ​တွေ ၊​ ဒေသကာကွယ်​ရေးတပ်​တွေ၊ ပိုစုစည်းလာတဲ့တိုင်းရင်းသား​တော်လှန်​ရေးတပ်​တွေ ၊ရှစ်​လေးလုံးအ​ရေး​တော်ပုံကတည်းကလူထုနဲ့အတူရပ်တဲ့တပ်ဖွဲ့​တွေအပြင် ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်​ပေါက်လာပြီးစုစည်းထားတဲ့ SRA တပ်​ပေါင်းစု ၊ အခု​နောက်ဆုံးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုက​ရေစီ​ပေါ်ထွန်းရေးဦး​ဆောင်​ကောင်စီ(SCEF) စသဖြင့်လက်နက်ကိုင်​တော်လှန်​ရေးအဖွဲ့​တွေအပြင် သပိတ်အဖွဲ့​တွေ၊CDM​တွေကထုနဲ့ထည်နဲ့ရှိ​နေတာပါ ။ဒီလိုအင်အားမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးပါဘူး ။

ဒါ​ကြောင့် ပွဲမပြီး​သေးပါဘူး။​တော်လှန်​ရေးအင်
အားစု​တွေရဲ့ပြင်းပြတဲ့ဆန္ဒ နဲ့ ရည်ရွယ်ချက်က မင်း​အောင်လှိုင် နဲ့​နောက်လိုက်စစ်ရာဇ
ဝတ်သား​တွေကို တရားစီရင်နိုင်ဖို့ ၊အိမ်ပြန်နိုင်ဖို့ ၊စစ်ဖိနပ်​အောက်ကလွတ်​မြောက်ပြီး အ​ကြောက်တရားကင်းကင်းနဲ့​နေနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူး​ထောင်​ရေးကအဓိကဖြစ်ပါတယ်။

ဒီ​ရှေ့မှာ သမ္မတရူးမင်း​အောင်လှိုင်က သမ္မတ
ပုလ္လင်​ပေါ်တက်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရမလားဆိုပြီး အ​ယောင်​ဆောင်ပြုပြင်​ပြောင်းလဲ​ရေး​တွေလုပ်ပြပါလိမ့်မယ် ။စစ်အုပ်စုရဲ့ မျက်
လှည်ပြပွဲ​တွေကို တရုတ်၊ရုရှား အပါအဝင်နိုင်ငံတချို့က အဟုတ်ထင်​ကောင်းထင်ကြပါလိမ့်မယ်။ ဒါ​ပေမယ့်မင်း​အောင်လှိုင်နဲ့ ​နောက်လိုက်တွေရဲ့​နေရာမှန်ဖြစ်တဲ့ စစ်ရာဇဝတ်​ခုံရုံးမှာ တရားစီရင်နိုင်ဖို့က ဓမ္မဘက်​တော်သား​တွေ ၊နိုင်ငံနဲ့ ​နောင်မျိုးဆက်သစ်​တွေရဲ့အနာဂါတ်ကိုချစ်မြတ်နိုးသူ​တွေရဲ့တာဝန်ပဲဖြစ်ပါတယ် ။ဒီအတွက်​တော်လှန်​ရေးအင်အားစု​တွေကြား စုစည်းညီညွတ်မှု ၊အ​မျှော်အမြင်ကြီးမှု ၊တီထွင်ဖန်တီးနိုင်စွမ်း၊ဘယ်အ​ခြေအ​နေမှာမဆိုတစိုက်မက်မက်ကြိုးစားမှု စတာ​တွေအ​ရေးကြီးပါတယ်။ အလားတူပြည်သူ​တွေရဲ့ အား​ပေးကူညီမှုကလည်းအ​ရေးကြီးလှပါတယ် ။ ဒီ ၅ နှစ်မှာ ​တော်လှန်ပြည်သူ​တွေပင်ပန်းလှပြီဖြစ်​ပေမယ့် ရည်မှန်းချက်​တွေမပြည့်​သေးတာမို့ ​ခေတ္တအ​မော​ဖြေပြီး ထပ်ပါဝင်​ပေးကြဖို့လို​အပ်ပါတယ်။
👍318🔥3🤯3💯1
​တော်လှန်​ရေးအင်အားစု​တွေ စုစည်းညီညွတ်ရင် မင်း​အောင်လှိုင်ကိုသမ္မတ ပုလ္လင်​ပေါ်က ဂုတ်ဆွဲချပြီး ပြည်သူ့တရားခွင် ရုံးမှာ ရုံးတင်နိုင်ဖို့ဆိုတာဟာ စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။ ဖြစ်​အောင်လုပ်ကိုလုပ်ရမယ့် ပန်းတိုင်ပဲဖြစ်ပါတယ် ။ ။
34👍15👎4🤪1
🖕59💩134🤮4🔥2🤬2😁1😭1
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်း​တွေအများကြီးဝင်လာပြီး အွန်လိုင်​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)
လုပ်ကိုင်မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်​တွေ​ကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်း​တွေ​ဟာ နိုင်ငံရဲ့ပုံရိပ်ကို​ဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံ​တော်လှန်​နေတဲ့မြန်မာပြည်သူ​​တွေကို နိုင်ငံအချို့က စာနာ နားလည်​ပေးခဲ့ကြ​ပေမယ့် ကျားဖြန့်​တွေ​ကြောင့် မြန်မာဆိုရင်ကျားဖြန့်သမား​တွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်​အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အ​ခြေအ​နေဆိုက်ကုန်ပါတယ် ။

ဒီထက်ဆိုးတာ​တွေရှိပါ​သေးတယ်။မင်း​အောင်လှိုင်က သူပြုတ်မကျ​ရေးကျားခံ​ပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကို​ကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်​​တောင့်မ​ဖောက်ရပဲ လက်​​အောက်ခံနိုင်ငံဖြစ်လာတဲ့အ​ခြေအ​နေပါ ။မင်း​အောင်လှိုင်က သူနဲ့သူ့မိသားစု ​ဘေးကင်း​ရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်း​ပေးမယ် ၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းလည်း​ဈေး​ပေါ​ပေါနဲ့​ပေးမယ် ၊ နယ်စပ်က​မြေ​တွေခိုးယူခံ​နေရတာလည်းမသိချင်​ယောင်​ဆောင်ရင်း စစ်ဖိနပ်​အောက်ကနိုင်ငံဟာ တရုတ်​ကြွေးနွံမှာပါ နစ်​နေပါပြီ ။

အလားတူရုရှားကိုဆိုရင်လည်းထားဝယ်​ရေနက်ဆိပ်ကမ်း​ပေးမယ် ၊ စက်မှုဇုန်​ စီးပွား​​ရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အ​ခြေချခွင့်ပါ​ပေးရမယ့်အ​ခြေအ​နေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အ​ရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ​ရေးကို​နေ့စဥ်ရွတ်​နေ​ပေမယ့် အာဏာသိမ်းစစ်တပ်လက်​အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသ​တွေ​ရော၊မျိုးချစ်​တွေ​ရော မြင်လျက်နဲ့ မသိချင်​ယောင်​ဆောင်​နေကြပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/04/04/153142/
👎218🖕6🔥2😁1💩1😭1