People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)
24👍14🔥1🥰1
ဖားကန့်တပ်မကုန်း KIA ဒရုန်းနဲ့ တိုက်ခိုက်လို့ မီးလောင်နေ

ဧပြီ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၃ရက် ညနေပိုင်းမှာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ဒီညနေ ဖားကန့်မြို့ စခတပ်မကုန်းကို KIA အသေခံဒရုန်းနဲ့တိုက်ခိုက်တာ ညမိုးချုပ်အထိ မီးလောင်နေတယ်။ အခုည ၈နာရီခွဲ မီးက ပိုပြီး ပြင်းထန်လာနေတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဖားကန့်တပ်မကုန်းမီးလောင်မှု အခြေအနေနဲ့ ဒေသစစ်ရေးအခြေအနေတွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

KIAနဲ့ KPDF ပူးပေါင်းတပ်ဟာ ဧပြီ ၂ရက်ကလည်း ဖားကန့်မြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တပ်စခန်း ၃ခုကို သိမ်းပိုက်ထားနိုင်ခဲ့ဟု KIA ဘက်က အတည်ပြုထားသလို သတင်းရင်းမြစ်အချို့ကလည်း စစ်ကောင်စီရဲ့ တပ်စခန်းနေရာ ၆ခုထိ သိမ်းပိုက်နိုင်ပြီလို့ ပြောပြထားပါတယ်။

သိမ်းပိုက်ထားတဲ့ နေရာတွေဟာ အရင်က KIA ရဲ့ နေရာတွေဖြစ်ပြီး အခုပြန်လည်သိမ်းပိုက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်နဲ့ စစ်တပ်ဟာ ဖားကန့်မြို့နယ်အပြင် ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပွားမှု ရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီဘက်မှာတော့ တိုက်ပွဲကြီးတွေ မဟုတ်ဘဲ စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်နေတာလို့ အသိပေးပါတယ်။
👍3711👏5😁2🥰1🖕1
(ဖားကန့်ဒေသရှိ စစ်တပ်ရဲ့ တပ်မခန်းတိုက်ခိုက်ခံရအပြီး မီးလောင်နေစဉ်။ ဓာတ်ပုံ − Myu Tsaw Kasa)
👍408👏3🔥1🥰1
မင်းအောင်လှိုင်သမ္မတဖြစ်ပြီးနာရီပိုင်းအကြာ မြောင်မြို့နယ် နဘက်ရွာကို ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၄ဦး ထိခိုက်

​ဧပြီ−၃၊ ၂၀၂၆ ဇေအောင်/People's Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်အပြီး နာရီပိုင်းအကြာ ​ဒီကနေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီခန့်မှာ မကွေးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာ (Jet Fighter) ၂စီးဟာ မြောင်မြို့နယ်၊ နဘက်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြောင်မြို့နယ် T.G.R. သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ပြည်သူ ၄ ယောက်ထိပါတယ်။ ကျား ၂ ယောက် မ ၂ ယောက် ပါ။ မ ၂ ယောက်က စိုးရိမ်ရပါတယ်"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၂လုံးနဲ့စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​လက်ရှိမှာ ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မြောင်မြို့နယ်က နဘတ်ကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ရက်သားကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း အရာတော်၊ ဘုတလင်နဲ့ မုံရွာမြို့နယ်က ဆေးခန်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
🤬386👎1👏1
(မတ်လ ၂၀ ရက်က နဘတ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ − မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေး
🤬26😢8👎1🔥1
စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်

ဧပြီ−၃၊ ၂၀၂၆။မိုမို/People's Spring

မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ အဲဒီဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး ၁၅ ဦးခန့် ရှိပြီး စေတုတ္တရာမြို့နဲ့ ငဖဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ် မှာ တည်ရှိတာလို့ ဆိုပါတယ်။

"ဒီဂိတ်က နေ ပေါ်တာဆွဲတာ ငွေညှစ်တာတွေ အများဆုံး လုပ်တယ်လို့ ပြည်သူတွေက ပြောပါတယ် ။ပြည်သူတွေရဲ့ သတင်းပေးချက်အရ ကျနော်တို့ မြေလတ်လွတ်မြောက်ရေးတပ်တော်မှ ဝင်ရောက်ပစ်ခတ်တိုက်ခဲ့ ခြင်းဖြစ်ပါတယ်"လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်တပ်က သုံးဦးသေပြီး ငါးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။

"အဲ့အဖွဲ့ ဖွဲ့စည်းတာ ရှစ်လလောက်တော့ ရှိပြီ။သင်တန်းနဲ့ နည်းပညာကိုက CB Chin Brother အဖွဲ့က ရယူရတာ"လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စေတုတ္တရာအပါအဝင် မြေလတ်ဒေသအဖြစ် အသိများတဲ့ မကွေးတိုင်းအတွင်း မြို့နယ်တွေက စစ်တပ်အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ရည်ရွယ်တယ်လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေထုတ်တဲ့(ကပစ−၂၀)စက်ရုံအခြေစိုက်ထားပါတယ်။ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီး အင်အား ၄၀၀ ဝန်းကျင်ရှိပါတယ်။
👍349🔥1🥰1👏1🖕1
(မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − CLLA)
26👍15🔥1🥰1
■​မေးမြန်းခန်း

"ဒါ(ဖက်ဒရယ် ဒီမိုက​ရေစီပြည်​ထောင်စု​ပေါ်ထွန်း​​ရေးဦး​ဆောင်​ကောင်စီ-SCEF)က​နွေဦး​တော်လှန်​ရေး​အောင်မြင်ဖို့ အတွက်အဆုံးအဖြတ်လည်းဖြစ်တယ်"

■ဦးမင်းကိုနိုင်နဲ့ ​မေးမြန်းခန်း


စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။ ပြည်သူအများစုက​တော့ မင်း​အောင်
လှိုင်သမ္မတလုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာကို အ​စောကြီးကတည်းကသိခဲ့ကြတာမို့ အမှန်တရားအတွက်ရပ်တည် ​တော်လှန်ရင်း မြန်မာ့သမိုင်းတစ်​လျှောက်အကြီးမားဆုံး လူထု​တော်လှန်​ရေးဖြစ်တဲ့​နွေဦး​တော်လှန်​​ရေး​ပေါ်​ပေါ်လာတာလည်းဖြစ်ပါတယ် ။

စစ်အုပ်စုကကသူတို့ကြိုတင်စီစဥ်ထားတဲ့အတိုင်း မင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ကြေညာတဲ့​နေ့မှာ
ရှစ်​လေးလုံးလူထုအ​ရေး​တော်ပုံကထွက်​ပေါ်လာတဲ့​ခေါင်း​​ဆောင်တစ်ဦးဖြစ်သလို ၊ လူထု​​တော်လှန်​ရေးတိုင်းမှာ ဦး​ဆောင်ပါဝင်​ခဲ့၊ ပါဝင်​နေတဲ့ ၈၈ မျိုးဆက်​ကျောင်းသား​ခေါင်း​ဆောင် ဦးမင်းကိုနိုင်ကို People's Spring က ဆက်သွယ်​မေးမြန်းထားပါတယ် ​။

​နေ့သစ်/People's Spring

​မေး-မင်း​အောင်လှိုင်သမ္မတလုပ်ချင်တာနဲ့ ပြည်သူ​သောင်းချီသတ်ဖြတ်၊ ​​နေအိမ်သိန်းချီမီးရှို့၊ပြည်သူသန်း​ပေါင်းများစွာထွက်​ပြေး​အောင်လုပ်တယ်။
တစ်နိုင်ငံလုံးကိုဖျက်ဆီးပြီး​​တော့ အခုလို စစ်တပ်ရဲ့ဟန်ပြလွှတ်​တော်က သမ္မတဖြစ်ပြီလို့​ကြေညာလာတဲ့အ​ပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။ လူတစ်​ယောက် သမ္မတရူးတာနဲ့ တိုင်းပြည်ကို အခုလိုဖျက်ဆီးခဲ့တဲ့အ​​ပေါ် ဘယ်လိုမြင်ပါလဲ။


​ဖြေ-ဒါ ၂၀၂၀ ‌စစ်မှန်တဲ့ရွေးကောက်ပွဲပြီးကတည်းက အားလုံးမှတ်မိကြဦးမှာပေါ့နော်။ အနိုင်ရပါတီကိုလာပြီး ခြိမ်းခြောက်တောင်းဆိုတာ ။ သူသမ္မတဖြစ်ဖို့ကိစ္စ ။ အဲဒါကို အဲဒီ့တုန်းကပိတ်ပြီးငြင်းတဲ့လူတွေကရှိတယ်။ မဲစာရင်းအကြောင်းပြပြီး တော့ ။ဘယ်လိုမှတောင်းဆိုလို့မရတဲ့အခါမှာ အာဏာကိုလုလိုက်တာ။ သိမ်းလိုက်တာ။ တက်ပြီးတော့လုတာ။ အဲဒီ့ဟာက အခုပေါ်ပြီပေါ့။ သူဒါကိုမရလို့ အာဏာလုခဲ့တယ်ဆိုတာ ပေါ်သွားပြီပေါ့။ တကယ်တော့ ဒီပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အနိုင်ရပါတီကလည်း ပြည်သူကိုသစ္စာဖောက်ပြီးတော့ အဲဒီလိုအနိုင်ကျင့်တိုင်း ပေးလို့မရဘူး။ အခုတော့ပေါ်ပြီပေါ့ဗျာ။ ဒါပါပဲ။




​​မေး-​စစ်အာဏာရှင်​တွေလက်​အောက်မှာ စစ်အုပ်စုကစစ်ရာဇဝတ်မှု​တွေ အများကြီးကျူးလွန်ခဲ့တယ်။ဒါ​ပေမယ့်အစဥ်အဆက် အ​ရေးယူမခံခဲ့ရပဲ ပြစ်မှု​တွေက​နေ ကင်းလွတ်ခွင့်ရခဲ့တယ်။ အခုတကြိမ်မှာ​ရော စစ်တပ်က ပြစ်မှု​တွေက​နေအ​ရေးယူမခံရပဲ ကင်းလွတ်ခွင့်ရမယ်လို့ထင်လား။ဘာ​ကြောင့်လဲ ။

​ဖြေ-ကျွန်‌တော်တို့ တစိုက်မတ်မတ် တောင်းဆိုနေဝာာ ပြောနေတာလည်း ဒါပဲလေ။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို အရေးမယူဘူးဆိုရင် သူတို့ ထပ်ခါ ထပ်ခါ ကျူးလွန်နေမှာပေါ့။ ကျူးလွန်တိုင်းအရေးမခံရဘူးကွာ ။ ဒါဆိုလို့ရှိရင်တော့ အချိန်မရွေးထပ်ပြီးကျူးလွန်နေမှာပေါ့။ ဒါကအဓိကပါ။ နောက်တစ်ခုက ဒါကိုထင်မြင်ချက်တွေ အနေနဲ့ မပြောချင်ဘူး။ မဖြစ်ဖြစ်အောင်ကိုလုပ်ရမယ်။ အလုပ် လုပ်ကို လုပ်ရမှာပေါ့။


​မေး-တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့​တွေနဲ့ NUG ၊CRPH တို့ပူး​ပေါင်းဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုက​ရေစီ ပြည်​ထောင်စု​ပေါ်ထွန်း​ရေးဦး​ဆောင်​ကော်မတီ-SCEF က ​​​နွေဦး​တော်လှန်​ရေးအတွက်ဘယ်​လောက်အ​ရေးကြီးတယ်လို့သုံးသပ်လဲ။ဘာ​ကြောင့်ပါလဲ။

​ဖြေ- SCEF ကနွေဦးတော်လှန်ရေးအတွက်ဘယ်
လောက်အရေးကြီးလဲဆိုရင် အပြည့်အရေးကြီးတယ်။ ဒါသည် ကျွန်တော်တို့ တော်လှန်ပြည်သူတစ်ရပ်လုံးက တစိုက်မတ်မတ် ဒါကိုလည်းတောင်းဆိုလာတာ။ ဒီအတွက်လည်း အားစိုက်ခဲ့ရတာတွေ အများကြီး။ လပေါင်းများစွာညှိခဲ့ရတယ်။ သည့်မတိုင်ခင်ကလည်း နှစ်နဲ့ချီပြီးတော့ အကြိုညှိခဲ့ရတယ်။ အများကြီးလုပ်ခဲ့ရတာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်အရေးပါတဲ့ မဟာမိတ်ခေါင်းဆောင်တွေပါရမယ်။ ကိုယ်တိုင်ဦးဆောင်နိုင်ရမယ်။ ကိုယ်တိုင်ထဲထဲဝင်ဝင် ကိုယ်ဖိရင်ဖိ ဒီတော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နေပြီဆိုတာပြရမယ်။ စစ်ရေးအရရော နိုင်ငံရေးအရရော ကမ္ဘာကြီးကိုပြရမယ်။ ဒီမှာ ပင်မရေစီး။ ဒါသည် ဒီအတိုင်းသာလျှင် ဒီလမ်းစဉ်အတိုင်းသာလိုက်ရမယ်ဆိုတာကိုကိုယ့်ရဲ့ အင်အားနဲ့လည်းပြရမယ်။အဲဒီတော့ ဒီလောက်နဲ့လည်းမပြီးသေးဘူး။တကယ်ကကျတော့ ဒီ့ထက်ပိုပြီး တော့ ကျယ်ပြန့်ခိုင်မာပြီးတော့ ပိုအားကောင်းတဲ့ စုဖွဲ့မှုအတွက် လမ်းလည်းဖွင့်ထားပါတယ်။ အဲဒီ့အတွက်ကြောင့် နောက်ထပ်တိုးချဲ့ပြီး မဟာမိတ်တွေ အင်အားကောင်းလာအောင်လည်း လုပ်ကြရဦးမှာပါ။ဒါက နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အဆုံးအဖြတ်လည်းဖြစ်တယ်။ အားလုံးကမျှော်လင့်ထားတယ်။ အခုရတာနဲ့ ပွဲဦးတာထွက်ပြီ။ နောက်ထပ်ပေါင်းဖို့ ၊ ပေါင်းနိုင်တဲ့ အားတွေနဲ့အတူ စစ်ရေးရော နိုင်ငံရေးရော တိုက်ပွဲဝင်ပြီးတော့ အရယူနိုင်ဖို့ကိုတော့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီ့ထက်ပိုပြီးတော့
👍2610🤮1
အားပေးထောက်ခံကြဖို့လိုပါတယ်ဗျ။



​မေး-​​နွေဦး​တော်လှန်​ရေး ရည်မှန်ချက်​တွေ​အောင်
မြင်ဖို့ ဘာ​တွေထက်ကြိုးစားကြရဦးမယ်လို့သုံး
သပ်ပါလဲ။ တော်လှန်​ရေးအဖွဲ့​တွေကို​​​​ရော ၊ ပြည်သူ​တွေကို ဘယ်လိုတိုက်တွန်းချင်ပါလဲ ။

​ဖြေ-ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဟာ တော်လှန်ရေးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အစိုးရတွေ လွှတ်တော်တွေ Institution အသီးသီးကို ထိုးဖောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ခေါင်းဆောင်တွေ ကိုယ်တိုင် ဆွေးနွေးနိုင်ရမယ်။ ရှင်းပြနိုင်ရမယ်။ အသိပေးနိုင်ရမယ်။ ကမ္ဘာကြီးရဲ့ ဆက်ဆံမှု ဒီ့ထက်ပိုပြီးအားကောင်းလာအောင် အဲဒီ့စုဖွဲ့မှု အားကောင်းကောင်းနဲ့ ရှင်းပြနိုင်ရမယ်။တစ်ဖက်ကလည်း စစ်ရေးမှာ မဟာမိတ်တွေစုဖွဲ့ပြီးတော့ ပိုပြီးတော့ တိုက်နိုင်ရမယ်။ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းရဲ့အောက်မှာ တိုက်နိုင်ရမယ်။ ပြီးတော့ အောင်ပွဲတွေယူနိုင်ရမယ်။ အဲဒီလိုသွားနေရမှာ။ ဟိုဘက်မှာ ဖက်ဆစ်ကလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အရေခြုံထားတဲ့ အရပ်သားအရေခြုံ အစိုးရပုံစံနဲ့ သူတို့လုပ်မှာက တိုက်ရာပါပစ္စည်းတွေကို ရတနာဆိုင်ဖွင့်ပြီး အရောင်းအဝယ်လုပ်မှာဖြစ်တယ်။ အဲဒီ့မှာ သွားပြီး ရောင်းဝယ်ဖောက်ကားချင်ကြတဲ့ ကံစမ်းမဲနှိုက်ချင်ကြတဲ့ သူတွေကို အဲဒါကို ပြတ်ပြတ်ရှင်းရှင်းပြောပြနိုင်ရမယ်။ ဒီဘက်က တကယ်စစ်မှန်တဲ့တော်လှန်ရေးနဲ့ တကယ့်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ သူတွေ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ စုဖွဲ့ပြီးတော့ အစစ်အမှန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တကယ်တည်ဆောက်မယ့်လမ်းစဉ်နဲ့သွားနေတယ်ဆိုတာကိုပြမယ်။ ဟိုဘက်က ဓားပြတိုက်ရာပါအုပ်စုကိုတော့ ငြင်းဆန်ကြဖို့ ကိုတော့ ကြိုးစားကြရမှာ။ တစ်ခါတည်း စစ်ရေးရော နိုင်ငံရေးရော နှစ်ခုစလုံးပေါင်းပြီးတော့ အားစိုက်ကြရမှာပါ။



●အခုလို​ဖြေကြား​ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
26👍14🥰2🤮1
31👍12🥰1👏1🤮1
စစ်ခေါင်းဆောင်ဝတ်စုံလဲရုံနဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကို မပြောင်းလဲနိုင်

ဧပြီ-၃၊ ၂၀၂၆။ သော်မွန်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်းလဲနိုင်ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းရော၊​ အာဏာသိမ်းမှုမတိုင်ခင်ကရော မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ စစ်တပ် အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူများစွာအတွက် အခုလို မင်းအောင်လှိုင် သမ္မတရာထူးရရှိသွားတာက နာကျင်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လိုရာထူးပဲ ရရှိထားသည်ဖြစ်စေ ဘယ်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိမှာမဟုတ်ဘူးလို့ ဂျိုးဖရီးမန်းက ပြောပါတယ်။

“စစ်တပ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတကာဥပဒေကို အမြောက်အမြားချိုးဖောက်ကျူးလွန်ခဲ့မှုတွေအတွက် တရားစွဲဆိုခြင်းကနေ အရပ်သားရာထူး(သမ္မတရာထူး)က သူ့ကို အကာကွယ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင် တွေးထင်နေရင် အဲဒါက နိုင်ငံတကာတရားစီရင်ရေး ဘယ်လို အလုပ်လုပ်သလဲဆိုတာ သူ နားမလည်လို့ ဖြစ်ပါတယ်”လို့ ဂျိုးဖရီးမန်းက ပြောပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှာ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံထားရပြီး ခုံရုံးက ခွင့်ပြုပေးလိုက်ရင် ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင် သူတို့ပိုင်နက်နယ်မြေထဲရောက်ရှိချိန်မှာ ဖမ်းဆီးပေးရမယ့် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)သုတေသီက ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့လည်း မင်းအောင်လှိုင် ပြည်ပကို ထွက်ခွာလာရင် ခိုလှုံခွင့်မပေးဘဲ ချက်ချင်းဖမ်းဆီးဖို့နဲ့ နိုင်ငံရေးအပြောင်းအလဲဆိုတာကို အကြောင်းပြပြီး အပြည်ပြည်ဆိုင်ရာဥပဒေကြောင်းအရ တာဝန်ရှိမှုတွေကို လျစ်လျူမရှုဖို့လည်း အထက်ပါ AI သုတေသီက တိုက်တွန်းပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်ထဲက အပေါင်းအပါတွေအားလုံး သူတို့ကျူးလွန်သမျှသော ရာဇဝတ်မှုတွေအတွက် လွတ်လပ်တဲ့တရားရုံးတွေမှာ မျှတစွာ တရားစွဲဆို မခံရမချင်း မြန်မာနိုင်ငံရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာက ဆက်လက်တည်ရှိနေလိမ့်မယ်လို့ ဂျိုးဖရီးမန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ကာကွယ်မြှင့်တင်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ကလည်း အလှမ်းဝေးကွားစေလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအရာရှိတွေကို ICC ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အညီ ဖမ်းဝရမ်းထုတ်ပေးဖို့နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအခြေအနေတစ်ခုလုံးကို ICC ကို လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။
👍2613👏5🖕1
(စစ်ရေးပြပွဲတစ်ခုမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ - AFP)
🖕30💩7👎52😱2🔥1
ရွှေဘိုနဲ့ဝက်လက်ဒေသမှ သပိတ်အင်အားစုတွေက စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့

ဧပြီ−၃၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

ဝက်လက်ဒေသမှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ လှေပို့ဆိပ်ကျေးရွာနဲ့ ရေဂမိုးကျေးရွာက ပြည်သူတွေကို ဆန်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရသော အချိန်ကြာမြင့်လာတာကြောင့် နေထိုင်စရာအခက်အခဲ၊ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝက်လက်သပိတ်အင်အားစုက ဆိုပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း စားဝတ်နေရေး ခက်ခဲနေတဲ့ စစ်ရှောင်ပြည်သူ ကလေးမိခင်တွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျပ်တစ်သိန်းစီ ကူညီထောက်ပံ့ခဲ့ပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အရေးပေါ်လိုအပ်နေသော ယင်လုံအိမ်သာတွေကို အလှူရှင်ကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သွားရောက်ကူညီလှူဒါန်းခဲ့ပါတယ်။
👍275🥰3👏1😁1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ ဝက်လက်သပိတ်
👍2712🥰6😁2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် ကုလ ဆက်လက် အသိအမှတ်ပြု

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။ မနေ့က ဧပြီ ၂ရက် နေ့စွဲနဲ့ အများပြည်သူသိရှိအောင် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာနိုင်ငံရဲ့နိုင်ငံ့ခေါင်းဆောင်၊ အကြီးအကဲတွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။ လက်ရှိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အသိအမှတ်ပြုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ ‘OUR PRESIDENT’(ငါတို့ရဲ့သမ္မတကြီး)လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က ‘ပြည်သူကို မတရားဗုံးကြဲ၊ သတ်ဖြတ်သူကို သမ္မတအဖြစ် ရွေးကောက်၍ မရ၊ တရားခွင်သို့သာ ပို့ရမည်’လို့ နေပြည်တော်မှာ မင်းအောင်လှိုင် သမ္မတဖြစ်အပြီး ထုတ်ပြန်ပါတယ်။

◾️အာဏာသိမ်း​ခေါင်း​ဆောင်ကို စစ်တပ်လွှတ်​တော်က သမ္မတအဖြစ် ခန့်အပ်

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဒီနေ့ ဧပြီ ၃ရက်မှာ နိုင်ငံတော်သမ္မတအဖြစ် စစ်တပ်ကြီးစိုးတဲ့ ပြည်ထောင်စုလွှတ်တော်က ခန့်အပ်လိုက်ပါတယ်။ မြန်မာ့သမိုင်းမှာတော့ တကယ့်ကို အရှက်ရစရာ အခိုက်အတန့်အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မင်းအောင်လှိုင်သမ္မတဖြစ်တဲ့အပေါ် မှတ်ချက်ပြုပါတယ်။ စစ်ရာဇဝတ်ကောင်တွေက ပြည်သူ့ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချပြီး အိမ်ဦးခန်းတက်ထိုင်ကြတာကို ပြည်သူက လုံးဝလက်မခံသလို NUG နဲ့တကွ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဒါကိုအဆုံးသတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ မြန်မာပြည်သူအများစု ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ကတော့ အာဏာသိမ်းအပြီး ၅နှစ်ကျော်အကြာမှာ သူစိတ်ကြိုက်ဖန်တီးထားတဲ့ လွှတ်တော်ကနေ နိုင်ငံတော်သမ္မတကို ရယူခဲ့ပါတယ်။ ဒီနေ့မှာ စစ်တပ်ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က မင်းအောင်လှိုင်ကို ထောက်ခံမဲ ၄၂၉ မဲနဲ့ သမ္မတ၊ စစ်ခေါင်းဆောင်ရဲ့အနီးကပ်အကြံပေးလူယုံ ညိုစောကို ၁၂၆ မဲနဲ့ ဒုတိယသမ္မတ(၁)၊ ပြည်ခိုင်ဖြိုးအမတ် နန်းနီနီအေးကို ၂၉ မဲနဲ့ ဒုတိယသမ္မတ(၂)အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရရှိတဲ့ မဲအရေအတွက်ဟာ ၂၀၁၁ စစ်တပိုင်းအစိုးရ သမ္မတဦးသိန်းစိန်ထက်ရော၊ အရပ်သားအစိုးရ သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက်လည်း ထောက်ခံမဲ ပိုမိုရရှိတာ တွေ့ရပါတယ်။ အဲဒီရလဒ်ကပဲ လွှတ်တော်ကို စစ်ခေါင်းဆောင်က ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်ထားသလဲဆိုတာ မြင်သာစေပါတယ်။ မဲစာရင်းမှားလို့၊ ဒီမိုကရေစီ မသွေဖီအောင်လို့ အာဏာထိန်းခဲ့ရတာပါ ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ အရှက်သိက္ခာ ကင်းမဲ့နေတဲ့ အခင်းအကျင်းပါလို့ CDM တပ်မတော်သားအရာရှိ ကိုနောင်ရိုးက ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်ခဲ့တဲ့ CDM တပ်မတော်သားအရာရှိ ကိုညီသုတကလည်း အာဏာသိမ်းစကတည်းက သမ္မတတက်လုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာ ပိုထင်ရှားသွားတယ်လို့ မှတ်ချက်ပြုပါတယ်။ လက်ရှိမှာလည်း စစ်တပ်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင် သူ့လူယုံတွေကိုပဲ နေရာပေးထားတာကြောင့် သူ့ကိုအာဏာရှင်သမ္မတလို့ပဲ သတ်မှတ်ရမှာလို့ ကိုညီသုတက ပြောပါတယ်။

◾️ဖားကန့် စစ်တပ်စခန်း ၆ခုကို KIA၊KPDF သိမ်းပိုက်
👍222
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ ဖားကန့်ဒေသက စစ်ကောင်စီတပ်ရဲ့စခန်းတွေကို ဧပြီ ၂ ရက် မနက် ၅နာရီကစပြီး KIA၊KPDFက တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ဟာ တိုက်ပွဲ ၂ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်း ၆ခုကို သိမ်းယူပြီးပြီလို့ KIA၊KPDFနဲ့ နီးစပ်သူက ပြောပါတယ်။ စစ်ဆင်ရေးကို KIAက ဦးဆောင်ပြီး KPDF‌တွေ အနီးကပ် တက်သိမ်းတာလို့ သူက ပြောပါတယ်။ မနေ့က ဧပြီ ၂ရက်တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ ၆ကြိမ်ဗုံးကြဲခဲ့ပြီး ဒီနေ့လည်း နေ့လယ် ၁၂နာရီကျော်နဲ့ ၁နာရီကျော်မှာ လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲသွားတယ်လို့ သတင်းရရှိပါတယ်။ ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

◾️မင်းအောင်လှိုင် သမ္မတဖြစ်အပြီး နာရီပိုင်းအတွင်း မြောင်နယ်ဗုံးကြဲခံရလို့ပြည်သူ ၄ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်အပြီး နာရီပိုင်းအကြာ ​ဒီနေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီခန့်မှာ မကွေးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာ (Jet Fighter) ၂စီးဟာ မြောင်မြို့နယ်၊ နဘက်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြောင်မြို့နယ် T.G.R. သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီး ၂ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

◾️မြိုင်နဲ့ ပေါက်နယ်က စီမံခန့်ခွဲမှုဆိုင်ရာပြသနာဖြေရှင်းနိုင်မယ့် သဘောတူညီချက်တွေရဟု NUG ထုတ်ပြန်

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ ဒီနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၂ရက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ဧပြီ ၃ရက်မှာလည်း
ဆက်လက်ဆွေးနွေးရာ ရေနံနဲ့ရေနံထွက် ပစ္စည်းတွေ ကြီးကြပ်ရေးအဖွဲ့ကို ပူးတွဲဖွဲ့စည်းဖို့၊ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေး အဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

◾️သမ္မတရာထူးယူတဲ့ မင်းအောင်လှိုင်ကို ‘၀’တပ် UWSAက ဂုဏ်ပြုတဲ့အပေါ် ပြည်သူတွေ ဝေဖန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ‘၀’လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့တဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ပြည်သူတစ်ဦးက ‘ဝ’တပ်ရဲ့ သဝဏ်လွှာဟာ တရုတ်က ပြောခိုင်းလို့လားလို့ မေးခွန်းထုတ်ထားသလို အခြားပြည်သူတစ်ဦးကလည်း ‘ဝ’တပ်အနေနဲ့ ကိုယ့်လုပ်ရပ်ကို ကိုယ်မမေ့ကြေး၊ ပြည်သူတွေအနေနဲ့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းသွားဦးမှာလို့ ရေးသားထားကြပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူဖို့ ကြိုးပမ်းနေတဲ့ အခုရက်ပိုင်းအတွင်းမှာလည်း ဒေသအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

◾️စစ်ခေါင်းဆောင်ဝတ်စုံလဲရုံနဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကို မပြောင်းလဲနိုင်
👍1910👏1