သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် ကုလ ဆက်လက် အသိအမှတ်ပြု
ဧပြီ-၃၊ ၂၀၂၆။ သော်မွန်/People’s Spring
ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။
မနေ့က ဧပြီ ၂ရက် နေ့စွဲနဲ့ အများပြည်သူသိရှိအောင် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာနိုင်ငံရဲ့နိုင်ငံ့ခေါင်းဆောင်၊ အကြီးအကဲတွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။
လက်ရှိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အသိအမှတ်ပြုထားပါတယ်။
ဒီနေ့(ဧပြီ ၃ရက်) နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ လွှတ်တော်ကနေ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့ပါတယ်။ လက်ရှိထိလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားဆဲပါ။
စစ်တပ်အာဏာသိမ်းမှုကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ကန့်ကွက်ရှုတ်ချပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းမှုမှာပါဝင်ပတ်သက်သူတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေက ပိတ်ဆို့အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ ‘OUR PRESIDENT’(ငါတို့ရဲ့သမ္မတကြီး)လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကလည်း နေပြည်တော်မှာ စစ်ခေါင်းဆောင်သမ္မတလုပ်တာကို စိတ်မဝင်စားကြောင်းနဲ့ သူ့ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူတွေက မသတ်မှတ်ကြောင်း မှတ်ချက်ပြုပါတယ်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က ‘ပြည်သူကို မတရားဗုံးကြဲ၊ သတ်ဖြတ်သူကို သမ္မတအဖြစ် ရွေးကောက်၍ မရ၊ တရားခွင်သို့သာ ပို့ရမည်’လို့ နေပြည်တော်မှာ မင်းအောင်လှိုင် သမ္မတဖြစ်အပြီး ထုတ်ပြန်ပါတယ်။

❤54👍25🥰4🤣3🖕1
ဖားကန့်မှာ စစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFသိမ်းပိုက်
တိုက်ပွဲဆက်ပြင်းထန်ပြီး စစ်ကောင်စီက ၂ရက်ဆက် ဗုံးကြဲ
ဧပြီ−၃၊၂၀၂၆။ဇော်ရမ်း/People's Spring
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီနေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
ဖားကန့်ဒေသက စစ်ကောင်စီတပ်ရဲ့စခန်းတွေကို ဧပြီ ၂ ရက်မနက် ၅နာရီကစပြီး KIA၊KPDFက တိုက်ခိုက်ခဲ့တာပါ။
ဒီကနေ့ဟာ တိုက်ပွဲ ၂ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို သိမ်းယူပြီးပြီလို့ KIA၊KPDFနဲ့ နီးစပ်သူက ပြောပါတယ်။
"စစ်ဆင်ရေးကို KIAက ဦးဆောင်ပြီး KPDFတွေအနီးကပ် တက်သိမ်းတာ" လို့ ၎င်းက ပြောပါတယ်။
မနေ့က ဧပြီ ၂ရက်တိုက်ပွဲမှာ လေကြောင်းကနေ ၆ကြိမ်ဗုံးကြဲခဲ့ပြီး ဒီနေ့လည်း နေ့လယ် ၁၂နာရီကျော်နဲ့ ၁နာရီ ကျော်မှာ လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲသွားတယ်လို့ သတင်းရရှိပါတယ်။
ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ခုကို ဧပြီ ၂ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
ဖားကန့်ဒေသနဲ့ ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နေ့လည်ပိုင်းမှာ အခုလို ပြောတာဖြစ်ပါတယ်။
“မနေ့က ဧပြီ ၂ရက်နေ့မှာ မနက် ၅နာရီကတည်းက တိုက်ပွဲဖြစ်တယ်။ ယူမာတို့ နောက် သင်္ချိုင်းကုန်းတွေပေါ့ အဲဒီဘက်မှာကာကင်းထိုင်နေတဲ့ စစ်ကော်မရှင်ရဲ့ ကာကင်းတွေ ၃ခု သိမ်းရတယ်တဲ့။ အဲဒီ ကာကင်းတွေကတော့ အရင်က KIAနဲ့ PDF တွေထိုင်နေတဲ့ ကာကင်းတွေဖြစ်ပါတယ်တဲ့။ စစ်ကော်မရှင်ဘက်က သိမ်းပိုက်ထားတဲ့ ကာကင်းတွေကို မနေ့က တော့ KIAနဲ့ ပူးပေါင်းတပ်တွေ သူတို့ ပြန်သိမ်းတာပေါ့။ “ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီနေ့ ဧပြီ ၃ရက်မှာ တိုက်ပွဲဆက်မရှိပေမယ့် မနေ့က ညနေပိုင်းမှာတော့ ဖားကန့်ဒေသကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မနေ့ကတိုက်ပွဲဖြစ်နေချိန်မှာ လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့ နေရာတွေကနေ စစ်ကောင်စီက ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး KIA၊KPDF ပူးပေါင်းတပ်က ရဲဘော်တစ်ဦး ကျဆုံးထားပါတယ်။ တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။
ဖားကန့်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာမှာ ဟုမ္မလင်းလေဆိပ်ကို အများဆုံးအသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီနဲ့ လက်ရှိမတ်လအတွင်းမှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်က ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ အင်းတော်ကြီးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူး၊ဗန်းမောက်၊ အင်းတော်၊ ဖောင်းပြင်၊ကောလင်း၊ ဝန်းသို၊ တန့်ဆည်၊ ကျွန်းလှ၊ ထီးချိုင့်မြို့နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်တက် ဂျက်ဖိုက်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေအများဆုံးအသုံးပြုခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

❤37👏12👍6🥰4😁1🖕1
(ဖားကန့်ဒေသတိုက်ပွဲအတွင်း တွေ့ရတဲ့ စစ်တပ်က ကျန်ခဲ့တဲ့ ပစ္စည်းတွေ။ ဓာတ်ပုံ − Moe Zaw/FB)
👍52🥰6😁4❤2
မြိုင်နဲ့ ပေါက်နယ်က စီမံခန့်ခွဲမှုဆိုင်ရာပြသနာဖြေရှင်းနိုင်မယ့် သဘောတူညီချက်တွေရဟု NUG ထုတ်ပြန်
■ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ကြီးကြပ်ရေး အဖွဲ့ ကို ပူးတွဲဖွဲ့စည်းဖို့၊မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိကာကွယ်ရေးအဖွဲ့အစည်းတွေကွပ်ကဲမှု စနစ်တ
ကျဖြစ်စေရေးပူးပေါင်းဆောင်ရွက်ဖို့ဆုံးဖြတ်
ဧပြီ-၃ရက်၊၂၀၂၆။ထားမြတ်/People’s Spring
မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်
မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။
မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၂ရက်မှာ ဆွေး
နွေးမှုတွေ ပြုလုပ်ခဲ့သလိုဧပြီ ၃ရက်မှာလည်း
ဆက်လက်ဆွေးနွေးရာ ရေနံနဲ့ရေနံထွက် ပစ္စည်းတွေကြီးကြပ်ရေး အဖွဲ့ ကို ပူးတွဲဖွဲ့စည်းဖို့၊ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေး အဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံ
ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်
ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊လျှစ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်
စုဝန်ကြီး ဦးစိုးသူရထွန်း ဦးဆောင်တဲ့ တာဝန်ရှိသူများမကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ်၊ဒုဝန်ကြီးချုပ်နဲ့မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကိုယ်စားလှယ်တဦး တို့ ဦးဆောင်တဲ့ တာဝန်ရှိသူများ ပူးတွဲ၍ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့အသိပေးပါတယ်။
“အဆိုပါ အဖွဲ့မှနေ၍ ရေနံမြေ၊ ရေနံလုပ်ငန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်သွားကြရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ရဲ့မနေ့ကထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ မြိုင်နဲ့ ပေါက်က စီမံခန့်ခွဲရေးဆိုင်ရာ ပြဿနာကိုလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်
ရွက်နိုင်ရေး အလေးထားဆွေးနွေးခဲ့ကြောင်း အ
သိပေးပြီးအဆင်ပြေမှုရရှိတဲ့အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိင်းဆွေးနွေးသွားကြဖို့ သဘောတူဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။
"ဒီနေ့မှာဆိုရင် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဆိုတာကို အဖွဲ့ကိုဖွဲ့ပြီးတော့ ၊အဲဒီ့အဖွဲ့ထဲမှာဆိုရင်လည်း ဖက်ဒရယ်ယူနစ်အစိုးရဘက်ကလည်းပါမယ်။ ဒီဘက်အမျိုးသားညီညွှတ်ရေးအစိုးရဘက်ကလည်းပါမယ်။ အဲဒီလိုမျိုးပူးပေါင်းပြီး ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပြီး တော့ စီမံခန့်ခွဲ ရေးဆောင်ရွက်သွားမယ်ဆိုတဲ့ဟာမျိုးတွေ အတည်ပြုဆုံးဖြတ်ခဲ့တာရှိပါတယ်။ အဲဒိလိုပဲ မကွေး ဖက်ဒရယ်ယူနစ်အတွင်းမှာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရှိတယ်။ ပကဖတွေရှိတယ်ပေါ့နော်။ ဒီကာကွယ်ရေးအဖွဲ့အစည်းတွေ ကွပ်ကဲမှုတွေ စနစ်တကျဖြစ်စေဖို့ ကိစ္စတွေရှိတယ်"လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
ဆက်လက်ပြီးတော့လည်းဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက"အဲဒီလိုပဲ အရင်ကာလတွေတုန်းကဖြစ်ခဲ့တဲ့ ကိစ္စတွေပေါ့ ။ ဒါတွေဆိုလည်းပဲ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေတာတွေရှ်ိတယ်။ ပြီးတော့ မကွေးဖက်ဒရယ်ယူနစ်မှာ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေးပေါ့ ဒါတွေလည်းပဲ ဆောင်ရွက်ဖို့ရှိတယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အရင်တုန်းကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ကိုင်ဆောင်ရွက်တာတွေရှိတယ်။ အခုကျတော့ ဖက်ဒရယ်ယူနစ်အစိုးရလည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ကြောင့်မိုလို့ ကျွန်တော်တို့ ဒီ မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံဆိုင်ရာဥပဒေဆိုတာကိုလည်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကအတည်ပြုထားပြီဖြစ်တယ်။အဲဒီ့ဥပဒေထဲက ရေးဆွဲထားတဲ့ ဥပဒေပုဒ်မတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့တာတော့ရှိပါတယ်"လို့ပြောပါတယ်။

❤31👍18🔥1🥰1🖕1
ရေးမြို့နယ်အတွင်း စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ် နှစ်ရက်ဆက် တိုက်ခိုက်
ဧပြီ-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။
ရေးမြို့နယ်အတွင်း ကာလရှည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မတ်လ ၃၀နဲ့ ၃၁ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။
မတ်လ ၃၀ရက် အောင်သပြေကျေးရွာအနီး ဗုံးသီး ၁လုံး ကြဲချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ၁ဦးသေဆုံးကာ မတ်လ ၃၁ရက် ည အောင်သပြေရွာအနီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီး ၆လုံး ကြဲချခဲ့ရာ စစ်ကောင်စီ ၄ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ညီနောင်ဒရုန်းတပ်ပေါင်းစုကို MSRF နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့က ဒရုန်းတပ်ဖွဲ့တွေနဲ့ စုစည်းထားတာဖြစ်ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှာ MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)နဲ့ ရေးပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူးပေါင်းပါဝင်ခဲ့တယ်လိုပ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ရေးမြို့နယ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့သလို စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်တာ၊ စစ်ကောင်စီ တပ်စွဲရာနေရာတွေကို တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်ရှိခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးထိခိုက်ရှိခဲ့ပါတယ်။

❤20👍17🔥2🥰1👏1